Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကုန်အညွှန်းအမှတ်အသားလျှောက်ထားခြင်းများအတွက် ကူညီဆောင်ရွက်

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းသော ကုန်စည်များသုံးစွဲနိုင်ရန်နှင့် လုပ်ငန်းရှင်များထုတ်လုပ်ရောင်းချသော စားသောက်ကုန်များတွင် စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)ပါ ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များ၊ မြန်မာဘာသာဖြင့် မဖြစ်မနေဖော်ပြရမည့်အချက်များ ပြည့်စုံစွာပါဝင်ရေးအတွက် ကုန်အညွှန်းအမှတ်အသားလျှောက်ထားခြင်းတို့စိစစ်ပြီး ဥပဒေညွှန်ကြားချက်များနှင့်ကိုက်ညီမှုရှိ/မရှိ တင်ပြဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ (၁၈) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးသို့ ကသာမြို့မှ ကိတ်နှင့်မုန့်မျိုးစုံထုတ်လုပ်ရောင်းချသော လုပ်ငန်းရှင် (၄)ဦးက ၎င်းတို့လုပ်ငန်းများမှ အသစ်ထပ်မံထုတ်လုပ်ရောင်းချသည့်မုန့်များအတွက် ကုန်အညွှန်းအမှတ်အသားလာရောက်လျှောက်ထားခဲ့ကြပါသည်။

    ဆက်လက်၍ ဒု-ခရိုင်ဦးစီးမှူး ဦးကြည်နိုင်ဦးက လျှောက်ထားလာသော မုန့်လုပ်ငန်းရှင်များ၏ မုန့်တံဆိပ်များတွင် လိုအပ်သည်များစစ်ဆေးပေးခဲ့ပြီးနောက် စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)ပါ ကုန်စည်များတွင် ထည့်သွင်းဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များ၊ ကုန်စည်အမျိုးအစားအလိုက် ထည့်သွင်းဖော်ပြရမည့်အချက်များနှင့် လုပ်ငန်းရှင်များလိုက်နာရမည့်တာဝန်တို့ကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ကသာမြို့ပေါ်ရှိ ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းသော ကုန်စည်များသုံးစွဲနိုင်ရန်နှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသော ကုန်စည်များလျော့နည်းပပျောက်စေရန်ရည်ရွယ်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ(၂၀)ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကြည်နိုင်ဦးနှင့်ဝန်ထမ်းများသည် ကသာမြို့ပေါ်ရှိ ကုန်စုံဆိုင်(၂)ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

    ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စစ်ဆေးသည့်ဆိုင်များ၌ တွေ့ရှိရသည့် ကလေးအာဟာရဖြည့်စွက်စာများ၊ စားသုံးဆီဘူးများနှင့် အသင့်သောက်အချိုရည်အမျိုးမျိုးတို့တွင် စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)ပါ ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များ၊ စားသုံးဆီများတွင် ထည့်သွင်းဖော်ပြရမည့် ညွှန်ကြားချက်အမှတ် (၁/၂၀၂၁)ပါ သတ်မှတ်ချက်များနှင့်ကိုက်ညီမှုရှိ/ မရှိ စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြပါသည်။ ဆက်လက်၍ ရောင်းချသူဆိုင်ရှင်များအား ကုန်ပစ္စည်းများရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါရှိသော ကုန်ပစ္စည်းများကိုသာအဓိကထားရောင်းချကြရန်နှင့် သက်တမ်းလွန်ကုန်စည်များ၊ မြန်မာနိုင်ငံအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှထုတ်ပြန်ထားသည့် တားမြစ်ကုန်စည်များ စသည်တို့ကိုလည်း ရောင်းချခြင်းမပြုရန် မှာကြားခဲ့ပြီး လုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ အချက်များသိရှိစေရန်အတွက် စားသုံးဆီများတွင် ထည့်သွင်းဖော်ပြရမည့် ညွှန်ကြားချက်အမှတ် (၁/၂၀၂၁) နှင့် စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)ပါ  ကုန်အညွှန်းအမှတ်အသားဆိုင်ရာအချက်တို့ကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ကသာမြို့ပေါ်ရှိ ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းသောကုန်စည်များသုံးစွဲနိုင်ရန်နှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသောကုန်စည်များ လျော့နည်းပပျောက်စေရန်ရည်ရွယ်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ(၂၀)ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကြည်နိုင်ဦးနှင့်ဝန်ထမ်းများသည် ကသာမြို့ပေါ်ရှိ ကုန်စုံဆိုင်(၂)ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

    ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ရာတွင် စစ်ဆေးသည့်ဆိုင်များ၌ တွေ့ရှိရသည့် ကလေးအာဟာရဖြည့်စွက်စာများ၊ စားသုံးဆီဘူးများနှင့် အသင့်သောက်အချိုရည်အမျိုးမျိုးတို့၌ စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)ပါ ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များ၊ စားသုံးဆီများတွင် ထည့်သွင်းဖော်ပြရမည့် ညွှန်ကြားချက်အမှတ် (၁/၂၀၂၁)ပါ သတ်မှတ်ချက်များနှင့်ကိုက်ညီမှုရှိ/ မရှိ စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။ ဆက်လက်၍ ရောင်းချသူဆိုင်ရှင်များအား ကုန်ပစ္စည်းများရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါရှိသော ကုန်ပစ္စည်းများကိုသာအဓိကထား၍ ရောင်းချကြရန်နှင့် သက်တမ်းလွန်ကုန်စည်များ၊ မြန်မာနိုင်ငံအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှထုတ်ပြန်ထားသည့် တားမြစ်ကုန်စည်များ စသည်တို့ကိုလည်း ရောင်းချခြင်းမပြုရန် မှာကြားခြင်းများဆောင်ရွက်ခဲ့ပြီး လုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာအချက်များသိရှိစေရန်အတွက် စားသုံးဆီများတွင် ထည့်သွင်းဖော်ပြရမည့် ညွှန်ကြားချက်အမှတ် (၁/၂၀၂၁) နှင့် စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)ပါ  ကုန်အညွှန်းအမှတ်အသားဆိုင်ရာအချက်တို့ကို ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာ၌ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ပူးပေါင်းကူညီ

  စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည်  ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ၁၆ရက်နေ့၊ နံနက်(၀၇း၀၀)နာရီအချိန်တွင် စစ်ကိုင်းမြို့၊ ရတနာစေတီဆင်များရှင်ဘုရားဝန်းအတွင်း၌ သစ်ကိုင်းများ၊ ခြုံနွယ်ပိတ်ပေါင်းများခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်လှဲခြင်း၊ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းတို့တွင် ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။

     အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာသို့ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်၊ တိုင်းအစိုးရအဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များက လာရောက်အားပေးကြည့်ရှုခဲ့ကြပြီး တိုင်းဝန်ကြီးချုပ်က စစ်ကိုင်းမြို့နှင့် အနီးပတ်ဝန်းကျင်ကျေးရွာတို့မှ ပြည်သူများ ရတနာစေတီဆင်များရှင်ဘုရားကြီးသို့ လာရောက်ဖူးမျှော်နိုင်ရေးနှင့် ဘုရားကြီးပတ်ဝန်းကျင်သန့်ရှင်းသပ်ရပ်စေရေး၊ သန့်ရှင်းပြီး စိမ်းလန်းစိုပြေစေရေး ဝိုင်းဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

တန်ဖိုးမြှင့်စားသောက်ကုန်(Bakery အမျိုးမျိုး)ထုတ်လုပ်မှုသင်တန်း၌ စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း သိကောင်းစရာများဟောပြော

  စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဦးစီးကျင်းပသော စစ်ကိုင်းခရိုင်စိုက်ပျိုးရေးဦးစီးဌာန၌ တန်ဖိုးမြှင့်စားသောက်ကုန် Bakery အမျိုးမျိုး ထုတ်လုပ်မှုနည်းပညာသင်တန်းကို ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ (၁၃-၉-၂၀၂၃)ရက်နေ့မှ (၁၉-၉-၂၀၂၃)ရက်နေ့အထိဖွင့်လှစ်ခဲ့ရာ သင်တန်းသူ/ သား (၂၅)ဦးတက်ရောက်ခဲ့ကြပြီး အဆိုပါသင်တန်း၌ စားသုံးသူ‌ရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း သိကောင်းစရာများကို ဟောပြောဆွေးနွေးခဲ့ပါသည်။

    စစ်ကိုင်းခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းတင်က စားသုံးသူရေးရာဦးစီးဌာနပေါ်ပေါက်လာပုံအဆင့်ဆင့်ကိုပြောကြားပြီးနောက်  စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ခုနှစ်၊ မတ်လ(၁၅)ရက်နေ့တွင်ပြဋ္ဌာန်းခဲ့ပြီး အခန်း(၂၅)ခန်းနှင့် ပုဒ်မ၈၄ခုပါဝင်ကြောင်း၊ စားသုံးသူကာကွယ်ရေးနည်းဥပဒေကို ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ(၁၈)ရက်နေ့တွင်ပြဋ္ဌာန်းခဲ့ပြီးဖြစ်ပါကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၉)၊ ပုဒ်မ(၁၉)နှင့် ပုဒ်မ(၂၀)တို့တွင် ပြဋ္ဌာန်းထားသည့် စားသုံးသူအခွင့်အရေး (၈)ချက်နှင့် စားသုံးသူ၏တာဝန်များကိုရှင်းလင်းပြောကြားခြင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)၊ ပုဒ်မ(၄၁)အရ စီးပွားရေးလုပ်ငန်းရှင်သည် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ သိသာထင်ရှားစွာဖော်ပြမည့် အချက်(၈) ကို အသေးစိတ်ရှင်းလင်းပြောကြားခြင်း၊ ပုဒ်မ ၄၁၊ ပုဒ်မခွဲ(ခ)နှင့် ပုဒ်မခွဲ(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း၊ ပုဒ်မ(၄၃)ပါ ပြဋ္ဌာန်းချက်နှင့်ကိုက်ညီမှုမရှိသည့် ကုန်စည်ကိုထုတ်လုပ်ခြင်း၊ ကုန်သွယ်ခြင်း (သို့မဟုတ်) ရောင်းချခြင်းမပြုရန် ပုဒ်မ(၆၈)၌ ပြဋ္ဌာန်းထားပြီး ပုဒ်မ(၆၈)ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း၊ ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို နှစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း၂၀၀ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ပါကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေသည် စားသုံးသူများကိုကာကွယ်ပေးခြင်းနှင့် လုပ်ငန်းရှင်များကို ထိန်းကြောင်းပေးသည့်ဥပဒေတစ်ခုဖြစ်ပါကြောင်း၊ ပြည်သူတိုင်းသည် စားသုံးသူများဖြစ်ပြီး စားသုံးသူတိုင်းတွင် စားသုံးသူအခွင့်အရေးများရှိကြောင်း၊ စားသုံးသူအခွင့်ရေးနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ပါက  မိမိတို့ဌာနသို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ၊ Website၊ Gmail တို့ဖြင့်ဖြစ်စေ တိုင်ကြားနိုင်ပါကြောင်း ရှင်းလင်းပြောကြားပြီး တိုင်ကြားရန်လိပ်စာများပါသည့် လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

နတ်တလင်းမြို့နယ် ကြက်ခက်ဝါးရုံကျေးရွာ (အ.လ.က)ကျောင်းတွင် စားသုံးသူအသိပညာပေးဟောပြော

    နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ် ကြက်ခက်ဝါးရုံအုပ်စု ကြက်ခက်ဝါးရုံကျေးရွာ  အခြေခံပညာ(အ.လ.က)ကျောင်းတွင် စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေး ဦးစီးဌာနတို့   ပူးပေါင်း၍  (၁၅.၉.၂၀၂၃) ရက်နေ့တွင် စားသုံးသူကာကွယ်ပေးရေး အသိပညာပေး ဟောပြောဆွေးနွေးပွဲ ကျင်းပခဲ့ရာ ဆရာ/ဆရာမ၊ ကျောင်းသား၊ကျောင်းသူ စုစုပေါင်း (၂၀၅ ) ဦး တက်ရောက်ခဲ့ပါသည်။

    အဆိုပါ ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်အေးအေးဆွေမှ စားသုံးသူကာကွယ်ပေးရေးဥပဒေ (၂၀၁၉)ပါ စားသုံးသူအခွင့်အရေး(၈)ချက်နှင့် အခန်း (၁၈)ပါ   ကုန်ညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်)  တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရန်နှင့် စားသုံးသူများ နစ်နာမှုရှိပါက စားသုံးသူများမှ တိုင်ကြားနိုင်သည့်နည်းလမ်းများ အနာဂတ်တွင် ကျန်းမာပျော်ရွင်စွာ နေထိုင်သွားနိုင်ရေးအတွက် ဓာတုဆိုးဆေးအန္တရာယ်များအကြောင်း အသိပညာပေးဟောပြော ဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်လဲ့ဝါမြင့်မှ စာဖတ်နည်း (၃)မျိုးအကြောင်း အကျယ်တဝင့် ရှင်းလင်း ဟောပြောခဲ့ပါသည်။

DOCA(ပဲခူး)

စစ်ကိုင်းခရိုင်ဦးစီးမှူးရုံး၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ ဝန်ထမ်းစွမ်း‌ဆောင်ရည်မြှင့်တင်ရေးသင်တန်းဖွင့်လှစ်

 စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံး၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ ဝန်ထမ်းစွမ်း‌ဆောင်ရည်မြှင့်တင်ရေးသင်တန်းကို ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ (၅)ရက်နှင့် (၆)ရက်နေ့တို့တွင် ဖွင့်လှစ်ခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်း(၁၂)ဦးတက်ရောက်ခဲ့ကြပါသည်။

  စစ်ကိုင်းခရိုင်၊ ခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းတင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် စားသုံးသူရေးရာဦးစီးဌာနပေါ်ပေါက်လာပုံသမိုင်းအကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ခုနှစ်၊ မတ်လ (၁၅)ရက်နေ့တွင်ပြဋ္ဌာန်းခဲ့ပြီး အခန်း(၂၅)ခန်းနှင့် ပုဒ်မ ၈၄ခုပါဝင်ကြောင်း၊ စားသုံးသူကာကွယ်ရေးနည်းဥပဒေကို ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ(၁၈)ရက်နေ့တွင်ပြဋ္ဌာန်းခဲ့ပြီးဖြစ်ကြောင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း သိကောင်းစရာများကိုလည်းကောင်း၊ စစ်ကိုင်းခရိုင်၊ ဒု-ခရိုင်ဦးစီးမှူး ဒေါ်ခင်မြတ်မူ (ဦးစီးအရာရှိ)က တိုင်ကြားနိုင်မှုနည်းလမ်းတို့ကို အသိပညာပေးဟောပြောရာတွင် ပါဝင်ရမည့်အချက်များကိုလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းမြို့နယ်တာဝန်ခံ ဒေါ်ကေသီအောင်(ဦးစီးမှူး)က စားသုံးသူအငြင်းပွားမှုဖြေရှင်းရာတွင် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၉)ပါ တိုင်ကြားခြင်းနှင့် စိစစ်ညှိနှိုင်းဖြေရှင်းဆောင်ရွက်ခြင်းအပိုင်းကိုလည်းကောင်း၊ စစ်ကိုင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ မူဝါဒလေ့လာရေးနှင့်စီမံကိန်းစာရင်းအင်းဌာနခွဲတာဝန်ခံ ဒေါ်ခင်စောဝင်း(ဒု-ဦးစီးမှူး)က အသင်းအစု/အဖွဲ့များအကြောင်းကိုလည်းကောင်း၊ စစ်ကိုင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ ဒေါ်ခင်လေးနွယ်(ဒု-ဦးစီးမှူး)က ဈေးကွက်စောင့်ကြည့်ရာတွင် လိုက်နာရမည့်အချက်များနှင့် ဆောင်ရွက်ရမည့်အကြောင်းများကိုလည်းကောင်း ပို့ချခဲ့ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

ပြည်ခရိုင်၊ ပြည်မြို့နယ်၊ အ.မ.က (အင်ကြင်းမြောင်)ကျောင်းတွင် စားသုံးသူအသိပညာပေး ဟောပြောပွဲဆောင်ရွက်

    ပြည်ခရိုင်၊ ပြည်မြို့နယ်ရှိ အ.မ.က အင်ကြင်းမြောင်ကျောင်း၌ (၁၈.၈.၂၀၂၃)ရက်နေ့၊ နံနက် (၁၁:၀၀)နာရီတွင် ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူ (၄၁) ဦးအား စားသုံးသူအသိပညာပေး ဆွေးနွေးဟောပြောပွဲများ ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ဟောပြောပွဲတွင် ပြည်မြို့နယ်တာဝန်ခံနှင့်အတူ ပြည်ခရိုင်ရုံးမှ ဝန်ထမ်းများက ပူးတွဲ၍ ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ ကျောင်းသား/ကျောင်းသူများအား စားသုံးသူအသိပညာပေး ဟောပြောခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံး၊ မူဝါဒလေ့လာရေးနှင့်စီမံကိန်းစာရင်းအင်းဌာနခွဲမှ အငယ်တန်းစာရေး၊ ဒေါ်အိသပြေခင်က စားသုံးသူရေးရာဦးစီးဌာနမှ ပြဌာန်းထားသည့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်စည်၏အဓိပ္ပါယ်၊ ဝန်ဆောင်မှု၏အဓိပ္ပါယ်၊ စားသုံးသူများသိရှိရမည့် အခွင့်အရေးနှင့် လိုက်နာရမည့် တာဝန်များအကြား၊ ကုန်စည်များ ရွေးချယ်ဝယ်ယူရာတွင် သတိပြုရမည့် ကုန်အညွှန်းအမှတ်အသား ဖေါ်ပြချက်ဆိုင်ရာအချက်များစသည့် အကြောင်းအရာများကို မူလတန်းအရွယ်နှင့်လိုက်၍ ဥပမာများအသေးစိတ်ရှင်းလင်းဆွေးနွေး ဟောပြောခဲ့ပါသည်။ ကျောင်းသား/ကျောင်းသူများထဲမှ သိရှိလိုသည့် အကြောင်းအရာများအား မေးမြန်းခဲ့ရာ တစ်ချက်ချင်း ပြန်လည်ဖြေကြားရှင်းလင်းပေးခဲ့ပါသည်။

   ထို့နောက် ကျောင်းမုန့်ဈေးတန်းသို့ သွားရောက်၍ ဈေးကွက်စောင့်ကြည့်ခြင်းဆောင်ရွက်ခဲ့ရာ မုန့်ဈေးတန်းရောင်းချသူများအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိသောမုန့်များအား ရောင်းချရန် ဘေးအန္တရာယ်ဖြစ်စေတတ်သော မုန့်များကိုရောင်းချခြင်းမပြုရန်နှင့် စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ကြောင်း သိရပါသည်။

DOCA(ပဲခူး)

 

ကရင်ပြည်နယ်ဦးစီးမှူးသည် မွေးမြူရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး

   (၂၀-၉-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံး၌ ပြည်နယ်ဦးစီးမှူး ဦးသန်းဦးသည် ကရင်ပြည်နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ရွှေဂွန်းကျေးရွာရှိ မွေးမြူရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ ဆန်နှင့်ဆန်ထွက်ပစ္စည်းများ ဈေးကွက်ရရှိစေရေးနှင့် မွေးမြူရေးလုပ်ငန်းရှင်များ၏ အခြေခံတိရစ္ဆာန်အစားအစာဝယ်ယူရရှိနိုင်ရေးအတွက် ပေါင်းစပ်ဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ပါသည်။

   အဆိုပါ ဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးသန်းဦးက မွေးမြူရေးလုပ်ငန်းများအတွက် လိုအပ်သောတိရစ္ဆာန်အစာများကို အလွယ်တကူဝယ်ယူရရှိနိုင်ရေး ဆန်စက်လုပ်ငန်းရှင်များအသင်းနှင့်တွေ့ဆုံ၍ ချိတ်ဆက်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ မွေးမြူရေးလုပ်ငန်းများအတွက် လိုအပ်သည့်အခြေခံတိရစ္ဆာန်အစာတို့ကို ဆန်စက်လုပ်ငန်းရှင်များအသင်းနှင့်ချိတ်ဆက်ဝယ်ယူနိုင်ကြောင်း၊ ဆန်စက်လုပ်ငန်းရှင်များအသင်းကလည်း မွေးမြူရေးလုပ်ငန်းများအတွက် လိုအပ်သောအခြေခံတိရစ္ဆာန်အစားအစာဆန်နှင့် ဆန်ထွက်ပစ္စည်းတို့ကို ဈေးနှုန်းသင့်တင့်စွာဝယ်ယူရရှိနိုင်ရေး ကူညီဆောင်ရွက်ပေးစေလိုကြောင်း၊ မွေးမြူရေးလုပ်ငန်းများတိုးချဲ့လုပ်ဆောင်နိုင်ရန်အတွက် ကရင်ပြည်နယ်မွေးမြူရေးလုပ်ငန်းရှင်များအသင်းအဖွဲ့ဖွဲ့စည်း၍ ဆောင်ရွက်စေလိုကြောင်း ဆွေးနွေးခဲ့ပါသည်။

   ထို့နောက် ပြည်နယ်ဦးစီးမှူး ဦးသန်းဦးက မွေးမြူရေးလုပ်ငန်းများဖြစ်ထွန်းအောင်မြင်အောင်ဆောင်ရွက်ခြင်းဖြင့် ဒေသတွင်းစားနပ်ရိက္ခာဖူလုံစေနိုင်မည်ဖြစ်ကြောင်း၊ အလုပ်အကိုင်အခွင့်အလမ်းနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ကာ ဒေသဖွံ့ဖြိုးတိုးတက်ရေးကိုလည်း အထောက်အကူဖြစ်မည်ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားပြီး မွေးမြူရေးလုပ်ငန်းရှင်များက လက်ရှိဆောင်ရွက်လျက်ရှိသော မွေးမြူရေးလုပ်ငန်းအခြေအနေများနှင့် လုပ်ငန်းလည်ပတ်ပုံ၊ တွက်ခြေကိုက်မှု၊ အရှုံး/အမြတ်နှင့် လုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံရသောအားနည်းချက်/ အားသာချက်များကို ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် ပြည်နယ်ဦးစီးမှူးကလည်း စိုက်ပျိုး/မွေးမြူရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်၍ ကုန်ထုတ်လုပ်ငန်းများတိုးတက်မြင့်မားလာစေရေးအတွက် ဌာန၏ဆောင်ရွက်လျက်ရှိသည့် ပြည်တွင်းကုန်သွယ်ရေးဖွံ့ဖြိုးမှုဆိုင်ရာလုပ်ငန်းများနှင့် လုပ်ငန်းရှင်များအနေဖြင့် လိုအပ်လျက်ရှိသော နည်းပညာ၊ ငွေကြေးအရင်းအနှီးလိုအပ်ချက်များအပေါ်  နိုင်ငံတော်အနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးကဏ္ဍမှ  ကူညီဆောင်ရွက်ပေးနေသည့်အခြေအနေများကို ရှင်းလင်းဆွေးနွေး ခဲ့ကြောင်းသိရပါသည်။

DOCA(ကရင်)

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီး စားသုံးသူရေးရာဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနများလိုက်ပါ၍ စားအုန်းဆီရောင်းချနေမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေး

   ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးတင်အေး စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးစိုးအောင်၊     ဒုတိုင်းဦးစီးမှူးများ၊ တိုင်းစည်ပင်သာယာရေးအဖွဲ့၊ ညွှန်ကြားရေးမှူး၊ ပုသိမ်ခရိုင်၊ စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးလင်းကိုကိုနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝင်များနှင့်အတူ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိုင်းဦးစီးမှူး ဦးထွန်းထွန်းဦးဆောင်၍ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဦးကျော်စိုးရီနှင့် ဦးစီးမှူး ဒေါ်မိုးမိုးခိုင်တို့သည် ငှက်ပျောတန်းလမ်းရှိ ကုန်မျိုးစုံရောင်းချနေသောဆိုင်များနှင့် ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ (၁၈) ရက်နေ့၊ နနက်ပိုင်းတွင် ပုသိမ်မြို့၊ မြို့မဈေးကြီးနှင့် ကုန်မျိုးစုံရောင်းချလျက်ရှိသောဆိုင်များသို့ သွားရောက်၍ ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော စားအုန်းဆီတို့ကို သတ်မှတ်ထားသည့် ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

   စားသုံးသူပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်သော စားအုန်းဆီများဝယ်ယူသုံးစွဲနိုင်ရေးနှင့် ဈေးနှုန်းတည်ငြိမ်စွာဝယ်ယူသုံးစွဲနိုင်ရန်သာမက လက်လီဈေးကွက်အတွင်း ဖြစ်သင့်ဖြစ်ထိုက်သောဈေးနှုန်းများဖြင့် ရောင်းချစေရေး၊ စားအုန်းဆီသာမက တခြားဟင်းသီးဟင်းရွက်ဆီများကို ကုန်ဈေးနှုန်းမှန်ကန်စွာရောင်းချနိုင်ရေးနှင့် ဆီကုန်သည်များအသင်းမှ လက္ကားဆီကုန်သည်များသို့ ဖြန့်ဖြူးရောင်းချပေးသည့်ဆီများကို မြို့ပေါ်၌ လက်လီ‌ရောင်းချနေသောကုန်စုံဆိုင်များအား သတ်မှတ်ရည်ညွှန်းဈေးဖြင့်ရောင်းချစေရေး ညွှန်ကြားထားခဲ့ကြပြီး လက်လီဈေးကွက်အတွင်း ဈေးနှုန်းများ အဆမတန်မြှင့်တင်ရောင်းချခြင်းမပြုရန် ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ