Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ပန်းတနော် ရွှေမြင်တင်ကျေးရွာ အခြေခံပညာမူလတန်း ကျောင်း တွင် စားသုံးသူကာကွယ်ရေးသိကောင်းစရာ အသိပညာပေးဟောပြောခြင်း

      ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ရွှေမြင်တင်ကျေးရွာ မူလတန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးသိကောင်းစရာများအကြောင်းကို (၆.၂.၂၀၂၃) ရက်နေ့ နံနက် (၁၀:၀၀)အချိန် မှ (၁၂:၀၀)အချိန် ကျောင်းသား/ ကျောင်းသူများနှင့်ဆရာ/ ဆရာမများကို အသိပညာ ပေး ဟောပြော ပွဲပြုလုပ် ကျင်းပခဲ့ကြပါသည်။

      အခမ်းအနားတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဦးခိုင်လွှမ်းမိုးက စားသုံးသူရေးရာဦးစီးဌာန ပေါ်ပေါက်လာပုံသမိုင်းကြောင်းနှင့် စားသုံးသူကာကွယ် ရေးလုပ်ငန်းစဉ် အကြောင်းကိုလည်းကောင်း၊ စားသုံးသူ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ စားသုံးသူ၏အခွင့်အရေး(၈)ချက်ကို အကျယ်တဝင့်ပညာပေးခဲ့ပြီး ၊ မိမိတို့ စားသောက်နေသောမုန့်များတွင် အသင့်စားအစားအသောက် မုန့်များကို ဝယ်ယူအသုံးပြုရာတွင် မြန်မာဘာသာဖြင့် ဖော်ပြထားသော ကုန်အညွှန်အမှတ်အသား ပါရှိသည့် အစားအသောက်များကိုသာ ရွေးချယ်စားသုံးကြရန် နမူနာပြကုန်စည်များအား ပြသပေးပြီး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးကာ ကျောင်းသား/ ကျောင်းသူများမှ စိတ်ဝင် တစား မေးမြန်းခဲ့ကြပြီး အခမ်းအနားသို့ (၇၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

ညောင်တုန်း ကျုံတမာ အ.ထ.က-ခွဲ ကျောင်း တွင် စားသုံးသူကာကွယ်ရေး သိကောင်းစရာ အသိပညာပေးဟောပြောခြင်း

         ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ကျုံတမာကျေးရွာ ထ-ခွဲကျောင်းတွင် လူငယ်အသိပညာပေးခြင်း၊ စားသုံးကာကွယ်ရေးသိကောင်းစရာများအကြောင်းကို (၅.၂.၂၀၂၃) ရက်နေ့ နံနက် (၁၀:၀၀)အချိန် မှ (၁၁:၄၅)အချိန် ကျောင်းသား/ ကျောင်းသူများကို အသိပညာပေး ဟောပြောပွဲပြုလုပ် ကျင်းပခဲ့ကြပါသည်။

       အခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိမှ လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး၊ လူငယ်များ စာပေဗဟုသုတဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ဟောပြောပြီး၊ မြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်လွင်က စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)ပါ အခန်း(၁၈) ကုန်အညွှန်အမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များအကြောင်းကို လည်းကောင်း၊ စားသုံးသူအခွင့်အရေး(၈)ချက်အကြောင်း၊ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါရှိသော ကုန်စည်ကို နမူနာပုံစံပြသကာ ထိုကဲ့သို့သော ကုန်စည်များကိုသာ အဓိကထားအသုံးပြုစားသောက်သင့်ကြောင်းကို  သိရှိနားလည်နိုင်ရန်ဟောပြောခဲ့ပြီး၊  မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနက  လူငယ်အားကစားခေါင်းစဉ်ဖြင့်လည်းကောင်း၊ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပြီး ကျောင်းသား/ ကျောင်းသူများမှ စိတ်ဝင်တစားမေးမြန်းခဲ့ကြပြီး အခမ်းအနားသို့ (၁၉၈) ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

 

ညောင်တုန်း သဇင်ရေကျော် အ.ထ.က ကျောင်းတွင် စားသုံးသူကာကွယ်ရေးသိကောင်းစရာ အသိပညာပေးဟောပြောခြင်း

           ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၌ လူငယ်အသိပညာပေး ဟောပြောပွဲကို သဇင်ရေကျော်ကျေးရွာရှိ အ.ထ.က ကျောင်း၌  (၆.၂.၂၀၂၃) ရက်နေ့ နံနက် (၀၉:၄၅)အချိန် မှ  (၁၁:၄၅)အချိန် ကျောင်းသား/ ကျောင်းသူများကို အသိပညာပေးဟောပြော ပွဲပြုလုပ်ကျင်းပခဲ့ ကြပါသည်။

          အခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိမှ လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး၊ လူငယ်နှင့်ယဉ်ကျေးမှုအကြောင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်လွင်က စားသုံးသူကာကွယ်ရေး အသိပညာပေး၊ စားသုံးသူ အခွင့်အရေး ဦးစားပေးသိရှိရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)ပါ အခန်း(၁၈) ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များ အကြောင်းကိုလည်းကောင်း၊ စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင်တို့ အခွင့်အရေးနှင့် လိုက်နာရမည့် တာဝန်များအကြောင်း၊ စားသုံးသူတို့သည် မိမိတို့အခွင့်အရေးကိုသိရှိ၍ ကုန်စည်ကို ဝယ်ယူအသုံးပြုရာတွင် နစ်နာဆုံးရှုံးမှုရှိလာပါကလည်း စားသုံးသူရေးရာဦးစီးဌာနသို့ အရေးဆိုတိုင်ကြားနိုင်သည့် နည်းလမ်းများအကြောင်းနှင့် တိုင်ကြားခြင်းနှင့် စိစစ်ညှိနှိုင်း ဖြေရှင်းဆောင်ရွက် ခြင်းအကြောင်းတို့ကို သိရှိနားလည်နိုင်ရန် ဟောပြောခဲ့ပြီး၊  မြို့နယ်အားကစားနှင့် ကာယပညာဦးစီး ဌာနက  လူငယ်အားကစားခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနကလည်း လူငယ်စာပေဖတ်ရှုရေး အသိပညာများကို ဟောပြောခဲ့ကြပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပြီး ကျောင်းသား/ကျောင်းသူများမှ စိတ်ဝင်တစား မေးမြန်းခဲ့ကြပြီး အခမ်းအနားသို့ (၁၄၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

ချောင်းဆုံမြို့နယ်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပ

          မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေး၊ စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားကာကွယ်ရန် ရည်ရွယ်၍ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေးပွဲများကို ပြည်နယ်အတွင်းရှိ ခရိုင်များနှင့် မြို့နယ်များတွင် နည်းလမ်းမျိုးစုံဖြင့် နေရာအနှံ့ ဆောင်ရွက်လျက်ရှိပါသည်။

         ၉.၂.၂၀၂၃ ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် ချောင်းဆုံမြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနနှင့်ချောင်းဆုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ချောင်းဆုံမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးပွဲ Talk Show ပြုလုပ်ခဲ့ပါသည်။

     အဆိုပါဆွေးနွေးပွဲတွင် ချောင်းဆုံမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မိသူဇာက Talk Show ပြုလုပ်ရခြင်းရည်ရွယ်ချက်အား ဆွေးနွေးခြင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ ချောင်းဆုံမြို့နယ် တာဝန်ခံ ဒေါ်ထက်ထက်နွေဦးက ဦးစီးဌာန၏ ဆောင်ပုဒ် (Motto)၊ မျှော်မှန်းချက် (Vision)၊ ရည်မှန်းချက် (Mission) များ၊ စစ်ဆေးရေးအရာရှိ၏လုပ်ငန်း တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဆိုင်ရာပြဌာန်းချက်များ၊ ပြစ်မှု၊ ပြစ်ဒဏ်များ၊ စားသုံးသူများနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လျှင် တိုင်ကြားနိုင်သည့်နည်းလမ်းများနှင့် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ကုန်အညွှန်းအမှတ်အသားဆိုင်ရာညွှန်ကြားချက် (၂/၂၀၁၉) တို့အားဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မွန်)

စစ်ကိုင်းတိုင်းဒေသကြီးတွင် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ စဉ်ဆက်မပျက် ဆောင်ရွက်လျက်ရှိ

    စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးအနေဖြင့် စားသုံးသူပြည်သူများ ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရန်၊  စီးပွားရေးလုပ်ငန်းရှင်များ စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်နိုင်စေရန်အတွက် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အလိုက် စားသုံးသူကာကွယ်ရေး အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလအတွင်း တိုင်းဒေသကြီးဦးစီးမှူးရုံး အနေဖြင့် မုံရွာမြို့၊ အစိုးရနည်းပညာအထက်တန်းကျောင်းတွင်လည်းကောင်း၊  ကလေးခရိုင်ဦးစီးမှူးရုံး အနေဖြင့် ကလေးမြို့၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင်လည်းကောင်း၊ ကလေး၀ မြို့နယ်တာဝန်ခံမှ ကလေးဝမြို့၊ “အာရုဏ်ဦး” ကိုယ်ပိုင်အထက်တန်းကျောင်းတွင် လည်းကောင်း၊ ဖောင်းပြင်မြို့နယ်တာဝန်ခံမှ ဖောင်းပြင်မြို့၊ အမှတ်(၈၇) အခြေခံပညာ အထက်တန်းကျောင်းတွင် လည်းကောင်း၊ ဟုမ္မလင်းမြို့နယ်တာဝန်ခံမှ ဟုမ္မလင်းမြို့၊ မြို့နယ်ပြန်/ဆက်ရုံးတွင် “Talk Show” အစီအစဉ်ပြုလုပ်၍လည်းကောင်း၊ ကသာခရိုင်ဦးစီးမှူးရုံးအနေဖြင့် အင်းတော်မြို့၊ အောင်မေတ္တာ ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းတွင်လည်းကောင်း၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးအနေဖြင့် ကန့်ဘလူမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ၊ အခြေခံပညာအလယ်တန်းကျောင်းခွဲတွင်လည်းကောင်း၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးအနေဖြင့် စစ်ကိုင်းမြို့၊ ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတွင် ပြုလုပ်သော စားသောက်ကုန်ထုတ်လုပ်မှုသင်တန်းတွင်လည်းကောင်း၊ မုံရွာခရိုင်ဦးစီးမှူးရုံး အနေဖြင့် မုံရွာမြို့၊ တိုင်းရဲတပ်ဖွဲမှူးရုံးတွင်ဖွင့်လှစ်သော စားသုံးကုန်ထုတ်လုပ်မှုသင်တန်းတွင် လည်းကောင်း၊ မုံရွာခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် “Talk Show” အစီအစဉ် ပြုလုပ်၍လည်းကောင်း၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် ရွှေဘိုမြို့၊ ခရိုင် ပြန်/ဆက်ရုံးတွင် ဖွင့်လှစ်သော လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းကျောင်းတွင်လည်းကောင်း၊ ဝက်လက်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင်လည်းကောင်း စုစုပေါင်း(၁၂)ကြိမ် အသိပညာပေး ဟောပြောဆွေးနွေးခဲ့ရာ ဌာန၏ မျှော်မှန်းချက်များ၊ ရည်မှန်းချက်တာဝန်များ၊ စားသုံးသူ အခွင့်အရေးများ၊ တာဝန်များ၊ ဌာနသို့ ဆက်သွယ်တိုင်ကြားနိုင်သည့် နည်းလမ်းများ၊ ဖြေရှင်း ဆောင်ရွက်ပေးခဲ့သည့် စားသုံးသူ တိုင်ကြားမှု ဖြစ်စဉ်များကို အသိပညာပေးဟောပြောခဲ့ကြပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။

          လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး အသိပညာပေးမှုများကိုလည်း တိုင်းဒေသကြီး ဦးစီးမှူးရုံးအနေဖြင့် (၁)ကြိမ်၊ ကလေးခရိုင်ဦးစီးမှူးရုံး အနေဖြင့် (၃)ကြိမ်၊ ကသာခရိုင်ဦးစီးမှူးရုံး အနေဖြင့် (၃)ကြိမ်၊ ကန့်ဘလူ ခရိုင်ဦးစီးမှူးရုံးအနေဖြင့် (၃)ကြိမ်၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးအနေဖြင့် (၁၁)ကြိမ်၊ မုံရွာခရိုင်ဦးစီးမှူးရုံးအနေဖြင့် (၄)ကြိမ်၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် (၂)ကြိမ်၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် (၄)ကြိမ် စုစုပေါင်း (၃၁)ကြိမ်ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ထို့အပြင် စီးပွားရေးလုပ်ငန်းရှင်များအား သက်ဆိုင်ရာကဏ္ဍအလိုက် ပြဌာန်းထားသော ဥပဒေနှင့် အမိန့် ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ကြစေရန်နှင့် ရှေ့ဆက်ဆောင်ရွက်မည့်အစီအမံများအား ဆွေးနွေးဖော်ထုတ်ရန်ရည်ရွယ်၍ တိုင်းဒေသကြီးဦးစီးမှူးရုံးတွင် စားသုံးသူရေးရာအလုပ်ရုံ ဆွေးနွေး ပွဲ (၁)ကြိမ်ကျင်းပဆောင်ရွက်ခဲ့ပါသည်။ ထိုသို့တွေ့ဆုံဆွေးနွေးဆောင်ရွက်ခြင်းများပြုလုပ်ရာတွင် စီးပွားရေးလုပ်ငန်းရှင်တို့၏ တာဝန်များ၊ လိုက်နာရမည့်အချက်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ ဖော်ပြရမည့် အာမခံချက်များ၊ ရိုးရှင်းမှန်ကန်သော သတင်းအချက်အလက်များပြည့်စုံစွာပေးရန် စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်ရန် အချက်များကို ရှင်းလင်းဆွေးနွေး အသိပညာပေးခြင်း၊ ရည်ညွှန်းဈေး သတ်မှတ်ထား သော ကုန်စည်များအား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချစေရေး ဆွေးနွေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်နှင့် သက်ဆိုင်သော လက်ကမ်းစာစောင်များ၊ စားသုံးသူ ကာကွယ်ရေးဥပဒေစာအုပ်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ပေါင်မြို့နယ်၊ အမက (ဇင်းဘာရပ်)မုတ္တမ ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပ

        စားသုံးသူရေးရာဦးစီးဌာန၊ ပေါင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၈.၂.၂၀၂၃ ရက်နေ့ တွင် ပေါင်မြို့နယ်၊ အမက (ဇင်းဘာရပ်)မုတ္တမ ကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

     အဆိုပါ ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ပေါင်မြို့နယ်တာဝန်ခံက စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့်စပ်လျဉ်း၍ သိထားသင့်သည့်အချက်များ၊ ဝန်ဆောင်မှုများနှင့်ပတ်သက်သော သိကောင်းစရာများ၊ Call Center ဖုန်းနံပါတ်များ၊ Website များအကြောင်း ဟောပြောဆွေးနွေးခဲ့ပြီး FDA မှ ထုတ်ပြန်ထားသော ဘေးအန္တရာယ်ရှိသော အစားအသောက်များ၊ ဆေးဝါးများ၊ သုံးစွဲရန်မသင့်သော အလှကုန်များအကြောင်းဟောပြောဆွေးနွေး ခဲ့ပါသည်။ ဟောပြောဆွေးနွေးပွဲသို့ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၂၆၀)ဦး တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မွန်)

စစ်ကိုင်းတိုင်းဒေသကြီးတွင် ‌ဇန်နဝါရီလအတွင်း ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးအသိပညာပေး

မုံရွာ၊ ဖေဖော်ဝါရီ ၇

        စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်း ရှင်းစေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက် အတွင်းမှ ပပျောက်သွားစေရေးနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပြဌာန်းချက်ပါ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားမှု အခြေအနေတို့နှင့်စပ်လျဉ်း၍   လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး အသိပညာ‌ပေးခြင်းလုပ်ငန်းများအား တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်များတွင် လစဉ်ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။

      ထိုသို့ လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး အသိပညာပေးရာတွင် စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များ၊  ကုန်စည်ပေါ်တွင် ကပ်နှိပ်မည့် ကုန်အညွှန်း အမှတ်အသားဆိုင်ရာပြဌာန်းချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေး အသိပညာ‌ပေးပြောကြားခြင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြထားမှုအပေါ် စားသုံးသူကာကွယ်ရေးဥပဒေနှင့် ကိုက်ညီမှု ရှိ/မရှိ စိစစ်ပြန်ကြားပေးစေလိုပါက သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်၊ တိုင်း စားသုံးသူရေးရာဦးစီးဌာနများ မှတစ်ဆင့် တင်ပြလျှောက်ထားနိုင်ပါကြောင်း၊ ကုန်အညွှန်းအမှတ်အသားတင်ပြလျှောက်ထားမှုနှင့် စပ်လျဥ်း၍ ဌာနမှ မည်သည့်စာရွက် စာတန်းကြေး၊ ဝန်ဆောင်ခ၊ စစ်ဆေးအတည်ပြုခမျှ ကုန်ကျစရိတ် ကောက်ခံခြင်းမရှိဘဲ ဆောင်ရွက်ပေးနေကြောင်းအသိပညာပေး‌ဆွေးနွေးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

       စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရေး၊ ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် ဈေးကွက်မရောက်မီကုန်စည်များအား သွားရောက်စစ်ဆေးခြင်းနှင့် လုပ်ငန်းရှင်များအား အသိပညာပေး ခြင်းများဆောင်ရွက်ရာတွင် ၂၀၂၃ခုနှစ် ဇန်နဝါရီလတွင် ဆီလုပ်ငန်းရှင်၊ လက်ဖက်လုပ်ငန်းရှင်၊ မုန့်လုပ်လုပ်ငန်းရှင်၊ ခေါက်ဆွဲလုပ်ငန်းရှင်၊ ဆန်စက်လုပ်ငန်းရှင်၊ ရေသန့်လုပ်ငန်းရှင်၊ ကျောက်စိမ်း အချောထည်လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးအသိပညာပေးခြင်း(၃၁)ကြိမ်ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရှိရပါသည်။  

DOCA(စစ်ကိုင်း)

စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး၌ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး အထောက်အကူပြု ကွန်ပျူတာသင်တန်းဖွင့်လှစ်ခြင်း

           ဝန်ထမ်းများအား လုပ်ငန်းခွင်၌ စွမ်းဆောင်ရည်မြင့်မားစေရန် ရည်ရွယ်၍ မွန်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် National Enlightenment Institute တို့ပူးပေါင်းကာဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးအထောက်အကူပြု ကွန်ပျူတာသင်တန်းကို ၁.၂.၂၀၂၃ မှ ၇.၂.၂၀၂၃ ရက်နေ့ထိ ဖွင့်လှစ်ခဲ့ရာသင်တန်းသား၊ သင်တန်းသူ ( ၁၇ ) ဦး တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။ သင်တန်း၌ ရုံးလုပ်ငန်း လက်တွေ့အသုံးချကွန်ပျူတာအခြေခံ Word, Excel, Power Point, Email အသုံးပြုနည်းများကို သင်ကြားပေးခဲ့ကြောင်း သိရှိရပါသည်။

        အဆိုပါသင်တန်းဆင်းပွဲကို ၇. ၂. ၂၀၂၃ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီး မှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဦးစီးမှူးမှ သင်တန်းဆင်းအဖွင့်အမှာစကား ပြောကြားခဲ့ပြီး National Enlightenment Institute မှ သင်တန်း နည်းပြဆရာမ ဒေါ်ရည်မွန်ဆုက သင်တန်းအတွေ့အကြုံများအား ရှင်းလင်းခဲ့ပါသည်။ 

        ဆက်လက်၍ သင်တန်းသား သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်ပေးအပ်ခဲ့ပြီး သင်တန်းသားများကိုယ်စား သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။ထို့နောက်မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြပြီး အခမ်းအနားအားရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

ဘီးလင်းမြို့နယ်၊ အနိုင်းပွန်ကျေးရွာအမက (မူလွန်) ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပ

         စားသုံးသူရေးရာဦးစီးဌာန၊ ဘီးလင်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၆.၂.၂၀၂၃ ရက်နေ့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနတို့နှင့် ပူးပေါင်း၍ ဘီးလင်းမြို့နယ်၊ အနိုင်းပွန်ကျေးရွာအမက (မူလွန်) ကျောင်း၌ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

          အဆိုပါ ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဘီးလင်းမြို့နယ် တာဝန်ခံက ဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ လုပ်ငန်းတာဝန်များဆောင်ရွက်နေမှုအခြေအနေများ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူများဆုံးရှုံးနစ်နာမှုဖြစ်ပေါ်ပါကပြန်လည်ကုစားခွင့်နှင့် တိုင်ကြား နိုင်သည့် နည်းလမ်းများ၊ လုံခြုံစိတ်ချရမှုရှိသောကုန်စည်နှင့်ဝန်ဆောင်မှုများ ရွေးချယ်ဝယ်ယူ အသုံးပြုတတ်စေရန် ဆွေးနွေးဟောပြောခဲ့ပြီးပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိကပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံနှင့် အားလပ်ချိန်များတွင် ကျောင်းစာအပြင် ပြင်ပ ဗဟုသုတစာအုပ်များဖတ်ရှုခြင်းဖြင့် ရရှိမည့်အကျိုးကျေးဇူးများကိုဟောပြောပြီးနောက် မြို့နယ် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ ဦးစီးအရာရှိက အားကစားလုပ်ဆောင်ခြင်းဖြင့် ရရှိမည့်အကျိုးကျေးဇူးများအကြောင်းဟောပြောဆွေးနွေးခဲ့ပါသည်။ ဟောပြောဆွေးနွေးပွဲသို့ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၁၆၅)ဦးတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မွန်)

 

မိုးညှင်းမြို့ပေါ်ရှိ ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကျော်မိုးလွင်သည် ၉-၂-၂၀၂၃ ရက်နေ့၊  ၁၀း၀၀ နာရီအချိန်တွင် မိုးညှင်းမြို့၊ သာစည်ရပ်ကွက်အတွင်းရှိ လက်လီ/လက်ကား ဖြန့်ဖြူးရောင်းချသောကုန်စုံဆိုင်များသို့သွားရောက်၍ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသောကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ကိုက်ညီမှုရှိ /မရှိကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

      ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အသင့်စားမုန့်အမျိုးမျိုးတွင်ပါဝင်သည့် “CARTOON Barkey” အမှတ်တံဆိပ်ပါ နို့စိမ်းကိတ်ခြောက်တွင် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) အရ ကုန်စည်ပေါ်တွင် မြန်မာဘာသာဖြင့်ဖော်ပြရမည့် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓါတ်မတည့်ကြောင်းဖော်ပြချက်များ ပြည့်စုံစွာပါရှိကြောင်း စစ်‌ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်ပိုင်ရှင်အား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသည့်ကုန်စည်များ ဈေးကွက်အတွင်း ရောင်းချမှုမပြုရန်ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဆိုင်ရာ လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ