Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနတွင် လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ၂၀၂၃ခုနှစ်၊ ဩဂုတ်လ (၇) ရက်နေ့တွင် ဒု-တိုင်းဦးစီးမှူး ဦးထွန်းထွန်း၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဦးကျော်စိုးရီ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ ဒေါ်ဖြူဖြူလတ်တို့သည် ဖျာပုံမြို့နယ်နှင့် ဘိုကလေးမြို့နယ်များရှိ ကုန်မျိုးစုံရောင်းချလျက်ရှိသော လုပ်ငန်းရှင်များနှင့်တွေ့ဆုံခဲ့ကြပါသည်။

  ဖျာပုံမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စစ်ဆေးရေးအရာရှိနှင့် ပူးပေါင်းအဖွဲ့များ သွားရောက်စစ်ဆေးစဉ် သက်ဆိုင်ရာဌာန၏ FDA ထောက်ခံချက်မပါသည့် စားသုံးဆီမျိုးစုံရောင်းချနေသော ဆိုင် (၉) ဆိုင်၊ ဘိုကလေးမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စစ်ဆေးရေးအရာရှိနှင့် ပူးပေါင်းအဖွဲ့များသွားရောက်စစ်ဆေးစဉ် သက်ဆိုင်ရာဌာန၏ FDA ထောက်ခံချက်မပါသည့် စားသုံးဆီမျိုးစုံရောင်းချနေသော ဆိုင် (၄) ဆိုင်မှ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်းမရှိသည့် လုပ်ငန်းရှင်များက လာရောက်တွေ့ဆုံခဲ့ကြပါသည်။

 ထိုသို့တွေ့ဆုံခဲ့ကြရာတွင် ဒု-တိုင်းဦးစီးမှူးက ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြ ထားခြင်းမရှိသည့်ကုန်စည်များကိုရောင်းချခြင်းမပြုရန် စားသုံးသူအကာအကွယ်ပေးရေးဥပဒေများအကြောင်းရှင်းလင်း၍ စားသုံးသူရေးရာဦးစီးဌာနခွဲတာဝန်ခံ ဦးကျော်စိုးရီက လုပ်ငန်းရှင်၏တာဝန်များကိုရှင်းလင်းခဲ့ပြီးနောက် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ ဒေါ်ဖြူဖြူလတ်ကလည်း ကုန်ညွှန်းအမှတ်အသားဥပဒေပါ အကြောင်းအရာများကိုရှင်းလင်း၍ နောင်တွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြထားသည့် ကုန်စည်များသာရောင်းချရန် ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

 

 

တောင်ငူမြို့၊ ပွတ်စုမူ/လွန်ကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြော

 စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူပြည်သူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းများကိုဆောင်ရွက်လျက်ရှိရာ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ဌာနခွဲတာဝန်ခံ ဦးစောသန်းထိုက်ကျော်နှင့် တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူတို့သည် ၂၀၂၃ခုနှစ်၊ ဩဂုတ်လ ၄ရက်နေ့၊ မွန်းလွဲပိုင်းအချိန်တွင် တောင်ငူမြို့၊ ပွတ်စုအခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျောင်းသား/ ကျောင်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာများကို အသိပညာပေးဟောပြောခဲ့ပါသည်။

  ဟောပြောပွဲတွင် ခရိုင်ဦးစီးမှူးရုံးမှ ဌာနခွဲတာဝန်ခံ ဦးစောသန်းထိုက်ကျော်က စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုမဖြစ်စေရေးအတွက် ဦးစီးဌာနဝန်ထမ်းများ၏ ဆောင်ရွက်နေမှုများကိုလည်းကောင်း၊ မြို့နယ်တာဝန်ခံ ဦးမြင့်သူက ကုန်စည်များဝယ်ယူသုံးစွဲရာတွင် ကုန်စည်တွင်ဖော်ပြထားသည့် ကုန်အညွှန်းအမှတ်အသားများကို ဦးစားပေး၍ဖတ်ရှုသင့်ခြင်းများ၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားသည့် ကုန်စည်များကိုသာဝယ်ယူသုံးစွဲသင့်ကြောင်း ကိုလည်းကောင်း အသိပညာပေးဟောပြောခဲ့ပါသည်။

 ထို့နောက် ကျောင်းသား/ ကျောင်းသူများက သိရှိလိုသည်များကိုမေးမြန်းခဲ့ရာ မြို့နယ်တာဝန်ခံက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်းနှင့် ဟောပြောပွဲသို့ ကျောင်းသား/ ကျောင်းသူ ၁၄၈ဦးတက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

 

တောင်ငူမြို့ရှိ အေးမေတ္တာဆန်စက်အား GACC လက်မှတ်ပေးအပ်နိုင်ရေး ကွင်းဆင်းစစ်ဆေး

     စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် ၂၀၂၃ခုနှစ်၊ ဇူလိုင်လ ၄ရက်နေ့၊ နံနက်ပိုင်းအချိန်တွင် GACC လက်မှတ်ထုတ်ပေးရေးလျှောက်ထားသည့် So Shwe Orient Limited နှင့်စာချုပ်ချုပ်ဆိုထားသည့် တောင်ငူမြို့၊ အမှတ်(၂)ရပ်ကွက်၊ ရွှေဟင်္သာလမ်းရှိ အေးမေတ္တာဆန်စက်အား စားသုံးသူရေးရာဦးစီးဌာန၊ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့်အရည်အသွေးစီမံခန့်ခွဲရေးဌာန (လှည်းကူး) မှ ဌာနမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဦးသန့်စင်နှင့်အဖွဲ့က လာရောက်စစ်ဆေးရာတွင် လိုက်ပါဆောင်ရွက်ခဲ့ပါသည်။

  So Shwe Orient Limited သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ဆန်တင်ပို့နိုင်ရေးအတွက် တောင်ငူမြို့ရှိ အေးမေတ္တာတန်စက်နှင့်စာချုပ်ချုပ်ဆိုထားခဲ့ပြီး The General Administration of Customs of the People’s Republic of China (GACC) မှတ်ပုံတင်လက်မှတ်လျှောက်ထားရာ လိုအပ်သည်များကိုဆောင်ရွက်ပြီးစီးပြီးဖြစ်သဖြင့် စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသန့်စင်နှင့် မြန်မာ့ကုန်ပစ္စည်းစစ်ဆေးရေးနှင့်စမ်းသပ်မှုလုပ်ငန်းလီမီတက် (MITS)မှ လက်ထောက်မန်နေဂျာ ဦးကျော်ဇင်တို့က Sanitary and Phytosanitary Protocol -  SPS Protocol ပါ သတ်မှတ်ချက်များနှင့်ကိုက်ညီမှုရှိ/မရှိတို့ကို လာရောက်စစ်ဆေးခြင်းဖြစ်ပါသည်။

  စစ်ဆေးရေးအဖွဲ့သည် Sanitary and Phytosanitary Protocol - SPS Protocol ပါသတ်မှတ်ချက်များနှင့်ကိုက်ညီမှုရှိ/မရှိကိုစစ်ဆေးရာတွင် ကုန်ကြမ်းနှင့်ကုန်ချောသိုလှောင်ရုံ၊ စက်ရုံအတွင်း ကုန်ကြမ်းနှင့်ကုန်ချောထားရှိမှုများကိုစစ်ဆေးခြင်း၊ လုပ်သားများကျန်းမာရေးနှင့် တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ရာ စက်ရုံပိုင်ရှင် ဦးရဲလင်းက ဆောင်ရွက်နေသည့်အခြေအနေများကိုရှင်းလင်းတင်ပြပါသည်။ စစ်ဆေးတွေ့ရှိချက်အပေါ်အခြေခံ၍  (GACC) မှတ်ပုံတင်လက်မှတ်ထုတ်ပေးနိုင်ရေးကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

FDA ညွှန်ကြားရေးမှူးချုပ်နှင့် တောင်ငူခရိုင်၊ အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီတို့တွေ့ဆုံပွဲကျင်းပ

   စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် ၂၀၂၃ခုနှစ်၊ ဩဂုတ်လ ၄ရက်နေ့၊ နံနက်ပိုင်းအချိန်တွင် တောင်ငူမြို့၊ ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၌ ကျင်းပပြုလုပ်သည့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တောင်ငူခရိုင်၊ အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီအဖွဲ့ဝင်တို့တွေ့ဆုံဆွေးနွေးပွဲတွင် အဖွဲ့ဝင်အဖြစ် ပါဝင်တက်ရောက်ခဲ့ပါသည်။

  အစည်းအဝေးတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာခင်ဇော်က ပြည်သူများ အစားအသောက်၊ ဆေးဝါးနှင့် အလှကုန်ပစ္စည်းများကိုဝယ်ယူသုံးစွဲရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ခရိုင်အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီအဖွဲ့ဝင်ဌာနဆိုင်ရာများပူးပေါင်း၍ အရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်းကို အကြိမ်ရေများများဆောင်ရွက်နိုင်ရေးတို့အတွက် ဆွေးနွေးခဲ့ပြီး အဖွဲ့ဝင်ဌာနဆိုင်ရာများ၏ တင်ပြချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

  အခမ်းအနားသို့ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ရုံးချုပ်မှ ဒုတိယညွှန်ကြားရေးမှူးများဖြစ်ကြသော ဒေါက်တာလင်းလဲ့ဖြူနှင့် ဒေါက်တာနိုင်နိုင်လင်း၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူး ဒေါ်မေသန်းနိုင်၊ တောင်ငူခရိုင်ဦးစီးမှူး ဒေါက်တာနွေဦးဆွေတို့နှင့်အတူ ခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးကျော်ဆွေဦး၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူး ဦးနေထွန်းသန်း၊ တောင်ငူမြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးထွန်းဇော်ဦးနှင့် ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါက်တာနီလာခင်တို့လည်းတက်ရောက်ခဲ့ကြကြောင်း သိရပါသည်။

DOCA(ပဲခူး)

 

ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိရေးအတွက် လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး

    ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၈-၈-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင်  စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံး၌ လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ စားသုံးသူများနစ်နာဆုံးရှုံးမှုမရှိစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချမှုရှိစေရန်အတွက် ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှန်ကန်မှုရှိရန် လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

  ထိုသို့ဆောင်ရွက်ရာတွင် အုတ်ဖိုမြို့နယ်၊ အိုးသည်ကုန်းမြို့၊ အမှတ် (၃) လမ်းတွင် ထုတ်လုပ်ရောင်းချနေသော သောက်ရေသန့်လုပ်ငန်းရှင်အားတွေ့ဆုံကာ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိရန်နှင့် စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ပြစ်မှုပြစ်ဒဏ်များကိုရှင်းလင်းဆွေးနွေးပြီးနောက် သက်ဆိုင်ရာဌာနများ၏ ခွင့်ပြုချက်ရှိမှသာရောင်းချကြရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

သာယာဝတီခရိုင်ဆီကုန်သည်များနှင့် လုပ်ငန်းရှင်အသင်းဖွဲ့စည်းခြင်း

    ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌   ခရိုင်ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းဖွဲ့စည်းနိုင်ရေးအစည်းအဝေးပွဲကို (၃-၈-၂၀၂၃) ရက်နေ့၊ နံနက်  (၁၀:၀၀) နာရီအချိန်တွင် သာယာဝတီ၊ လက်ပံတန်း၊ မင်းလှ၊ မိုးညို၊ အုတ်ဖို၊ ကြို့ပင်ကောက် စသည့်မြို့နယ်များမှ ဆီစက်ပိုင်ရှင်များ၊ ဆီကုန်သည်များ၊ ဆီရောင်းချ/ ဖြန့်ဖြူးသူများတက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် ခရိုင်အုပ်ချုပ်ရေးမှူးက ခရိုင်ဆီကုန်သည်အသင်းဖွဲ့စည်းရခြင်းမှာ ဒေသတွင်းစားသုံးဆီဖူလုံရန်နှင့် အခြေခံလူတန်းစားများကို သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသောက်နိုင်ရန်၊ စိုက်ပျိုးသူ တောင်သူများအနေဖြင့် ပန်းတိုင်အထွက်နှုန်းရရှိရန်ရည်ရွယ်၍ ဖွဲ့စည်းရခြင်းဖြစ်ကြောင်းပြောကြားခဲ့ပါသည်။  ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းကို အသင်းဝင်  (၁၅) ဦးဖြင့်ဖွဲ့စည်းခဲ့ကြောင်းသိရှိရပါသည်။

မလှိုင်မြို့နယ် Talk Show ကျင်းပပြုလုပ်ခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် မလှိုင်မြို့နယ်တာဝန်ခံသည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ခံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့၌ မလှိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ခံရေးဦးစီးဌာနရုံး၌ စားသုံးသူကာကွယ်ရေး အသိပညာပေး (Talk Show) ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါသည်။

      အဆိုပါ (Talk Show) တွင် မလှိုင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ခံရေးဦးစီးဌာမှ (Talk Show) ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် စားသုံးသူကာကွယ်ရေး ဦးစီးဌာန၊ ဦးရဲမြင့်ဆန်း၊   ဒု-ကြီးကြပ်ရေးမှူးမှ စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း၊ ဥပဒေတွင် ပါဝင်သော စကားရပ်များ၏အဓိပ္ပါယ်များ၊ ဥပဒေ၏မျှော်မှန်းချက်နှင့် ရည်ရွယ်ချက်များ၊ စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် ကုန်စည်နှင့်စပ်လျဉ်း၍ ဖော်ပြရမည့်အာမခံချက်များ၊ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ ဖော်ပြရမည့် အာမခံချက်များ၊ စားသုံးသူများမှ တောင်းဆိုနိုင်သည့် အခွင့်အရေးများကို သိရှိနားလည်စေရန် ရှင်းလင်းပြောကြားခဲ့ပါသည်။ စားသုံးသူအခွင့်အရေးနစ်နာဆုံးရှုံးမှုများရှိခဲ့လျှင် DOCA Myanmar Application နှင့် စားသုံးသူရေးရာဦးစီးဌာန၏ Websit www.doca.gov.mm တွင် ဝင်ရောက်လေ့လာတိုင်ကြားနိုင်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

DOCA(မန္တလေး)

 

မိတ္ထီလာခရိုင်အတွင်း စားသုံဆီအမျိုးမျိုးအား ကွင်းဆင်းစစ်‌ဆေးခြင်း

 စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် မိတ္ထီလာမြို့နယ်နှင့် သာစည်မြို့နယ်ရှိ မြို့မစျေးအတွင်းသို့ မြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့တွင် စားသုံးဆီအမျိုးမျိုးသည် လူတိုင်းနေ့စဉ်စားသုံးနေသော အစားအစာတစ်မျိုးမျိုးတွင် ပါဝင်နေသဖြင့် ၎င်းအစားအစာများမှတဆင့် လုံခြုံစိတ်ချရမှုမရှိသော ဆီများကြောင့် ကျန်းမာရေးဖြစ်ပေါ်နိုင်မှုများခြင်း၊ ကုန်စည်များ၏ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီ စားသုံးသူများနှင့် စီးပွားရေးလုပ်ငန်းရှင်များကြား သတိပေးချက်တစ်ခု ဖြစ်စေနိုင်ရန်နှင့် စားသုံးသူများအတွက်လည်း ဘေးအန္တရာယ်ကင်းရှင်းသော ကုန်စည်ကိုသာ ဝယ်ယူရရှိစေရန်ရည်ရွယ်၍ကြောင့်  ကွင်းဆင်းစစ်ဆေးရခြင်း ဖြစ်ပါသည်။

          မိတ္ထီလာခရိုင်အတွင်း မိတ္ထီလာမြို့နယ်နှင့် သာစည်မြို့နယ်အတွင်းရှိ စားသုံးဆီအမျိုးမျိုး ရောင်းချနေသောဆိုင်  (၄၈) ဆိုင်အား ကွင်းဆင်းစစ်ဆေးရာတွင် ဘူး (Packing) ဖြင့် ‌‌ရောင်းချသော Goody ၊ Louts ၊ Family ၊ DD၊ Diamond၊ Good Choice၊ Meizan ၊ Sunar၊ Me Too ၊ Duck နှင့် Brinto ကုန်အမှတ်တံဆိပ်ပါ ဆီများကို ရောင်းချနေသည်ကို တွေ့ရှိရပြီး၊ အဆိုပါ စားသုံးဆီများတွင် ကုန်အညွှန်းအမှတ်အသားတွင်ဖော်ပြရာတွင် ဥပ‌ဒေနှင့်အညီ ပြည့်စုံစွာဖော်ပြထားခြင်းရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး၊ စားသုံးဆီရောင်းချနေသော အရောင်းဆိုင်ရှင်များအနေဖြင့် ဌာန၏ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

 

စိုက်ပျိုးလုပ်သားစရိတ်များ စျေးပိုလာ

    မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်တွင် ယခု ၂၀၂၃ ခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ လုပ်သားခများ စျေးပိုလာကြောင်း သိရသည်။ နေ့စားလုပ်သားခမှာ ကျား၊မ မရွေးတစ်ဦးလျှင် ယခင်နှစ်က တစ်ရက်လျှင် (၅၀၀၀) ကျပ်၊ ပေးရသော်လည်း ယခုနှစ်တွင် (၅၅၀၀ ကျပ်မှ ၆၀၀၀ ကျပ်ထိ) ရှိကြောင်း သိရသည်။ လုပ်သားများအနေနှင့် ၎င်းတို့ဝယ်ယူစားသုံးရသော စားသောက်စရိတ်များ မြင့်တက်လာခြင်းကြောင့် နေ့စားခကို ပိုမိုတောင်းခံလာရာ မြေ၊ ယာပိုင်ရှင်များမှာလည်း လုပ်သားရှားပါးမှုနှင့် အချိန်မီစိုက်ပျိုးရန် လိုအပ်ခြင်းကြောင့်ဖြစ်သည်။ လုပ်သားခမြင့်တက်လာသကဲ့သို့ ထယ်၊ထွန်ခမှာလည်း ယခင်နှစ်က နွား တစ်ရှဉ်းလျှင် (၁၀၀၀၀) ကျပ် ရှိခဲ့ပြီး၊ ယခုနှစ်မှာတော့ (၁၅၀၀၀) ကျပ်သို့ မြင့်တက်လာပါသည်။ ဒေသတွင်း တောင်သူများအနေနှင့် မြေသြဇာကို ဓါတုမြေသြဇာအနည်းငယ်သာသုံးပြီး သဘာဝမြေသြ ဇာဖြစ်သည့် နွားချေးကို ပိုမိုသုံးစွဲရာ နွားချေားလှည်းတစ်စီးလျှင် (၂၀၀၀၀) ကျပ်၊ Faw ကားတစ်စီးလျှင် (၂၀၀၀၀၀) ကျပ်နှင့် ကြက်ချေးတစ်တင်းခွဲ တစ်အိတ်လျှင် (၅၅၀၀) ကျပ် ရှိကြောင်း သိရသည်။ မိုးသီးနှံအနေနှင့် နှမ်း၊မြေပဲ၊ ဝါ၊ နေကြာ၊ ပဲစဉ်းငုံ၊ နွာစားပြောင်း၊ ခရမ်းချဉ်၊ ငရုတ်တို့ကို စိုက်ပျိုးထားကြောင်း သိရသည်။

DOCA(မန္တလေး)

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ ရုံးချုပ်တွင်ကျင်းပပြုလုပ်သော လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့တက်ရောက်

  ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဦးစီးမှူးရုံးမှ ဒု-တိုင်းဦးစီးမှူး ဦးစိုးဦး၊ စီမံရေးရာဌာနခွဲမှ တာဝန်ခံ ဒေါ်မိုးမိုးခိုင်နှင့်ဝန်ထမ်းများသည် ရုံးချုပ်၊ ရုံးအမှတ် (၅၂)၊ နေပြည်တော်တွင် ၂၀၂၃ခုနှစ်၊ ဩဂုတ်လ ၃ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် Virtural စနစ်ဖြင့် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လှိုင်ဦးဆောင်ကျင်းပပြုလုပ်သော လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ကြပါသည်၊၊

   အစည်းအဝေးတွင် စီမံရေးရာဌာနခွဲက ပင်မစာပေးစာယူ (Main Dispatch) လုပ်ငန်းများကို စနစ်တကျဆောင်ရွက်နိုင်ရန်အတွက် ဝင်စာထွက်စာများအကြောင်း Mail ပို့ခြင်းနှင့် Mail ထုတ်ခြင်းများကို အချိန်နှင့်တပြေးညီဆောင်ရွက်ရန်နှင့် ရုံးဖိုင်များစနစ်တကျထားရှိရန်အကြောင်းတို့ကို လမ်းညွှန်မှာကြားခဲ့ပါသည်၊၊

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ