Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

သာယာဝတီ မြို့နယ် စိုက်သိပ္ပံ သင်တန်းဆင်းပွဲသို့ အသိပညာပေးဆွေးနွေးခြင်း

            သာယာဝတီခရိုင် သာယာဝတီမြို့နယ်ရှိ စိုက်ပျိုးရေးသင်တန်းကျောင်းသို့  ၁၅.၁၁.၂၀၂၂ ရက်နေ့ ၊ နေ့လယ် ၁: ၀၀ နာရီ အချိန်တွင် သာယာဝတီမြို့နယ် စိုက်ပျိုးရေးသိပ္ပံ လုပ်ငန်းခွင်အကြိုလယ်ယာသုံး စက်ကိရိယာများ မောင်းနှင်ထိန်းသိမ်းနည်း သင်တန်းဆင်းပွဲအခမ်းအနားသို့  စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်အေးသန္တာထွန်း၊ စက်မှုလယ်ယာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများတက်ရောက်ခဲ့ကြပါသည်။

         သင်တန်းဆင်းပွဲတွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်အေးသန္တာထွန်းမှ စားသုံးသူရေးရာဦးစီးဌာနအကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ၊ ကုန်အညွှန်းအမှတ်အသားနှင့် ပတ်သက်၍ သိကောင်းစရာအချက်များကို အသိပညာပေးဆွေးနွေးခဲ့ရာ အခမ်းအနားသို့ စက်မှု လယ်ယာဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ သင်တန်းဆင်းကျောင်းသား/ ကျောင်းသူများ၊ တက်ရောက်လာသူစုစုပေါင်း  ၁၅၀ ဦးအား ဟောပြောခဲ့ပြီး   လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပန်းတနော်မြို့ သင်ဖျာလုပ်ငန်းအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်း

       ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်ဦးစီးမှူးရုံးမှ ဦးခိုင်လွမ်းမိုးနှင့် ဝန်ထမ်းများသည် (၁၂.၁၁.၂၀၂၂) ရက်နေ့ (၁၀:၀၀)နာရီအချိန်တွင် ပန်းတနော် ရန်ကုန်-ပုသိမ်ကားလမ်းမဘေး မြို့ကွက်သစ်ရပ်ကွက် ယူကေစိန် သင်ဖြူး/သင်ဖျာရောင်းဝယ်ရေး လုပ်ငန်းအား ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေးကွင်းဆင်း ဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ပန်းတနော်မြို့နယ်ဦးစီးမှူးရုံးမှ ဦးခိုင်လွမ်းမိုးက စားသုံးသူရေးရာဦးစီးဌာန၏ (၂၀၁၉) စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူတို့၏ အခွင့်အရေးများအကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်တို့၏ လိုက်နာရမည့်တာဝန်များ အကြောင်းကို ရှင်းလင်းဆွေးနွေးပြီး သင်ဖြူး၊ သင်ဖျာရောင်းဝယ်ရေးအရောင်းဆိုင်မှ ရောင်းချနေသော အဆင့်မြင့်ကြိမ်ထည်၊ ဗေဒါ၊ ပရိဘောဂနှင့် မြန်မာ့ရိုးရာလက်မှုပစ္စည်းများ ရောင်းဝယ်ဖြန့်ဖြူးမှုအခြေအနေများကို မေးမြန်းခဲ့ပြီး ကုန်စည်(သို့) ဝန်ဆောင်မှုအပေါ် စားသုံးသူမှ အသုံးပြုမှုကြောင့် နစ်နာဆုံးရှုံးမှု ဖြစ်ပေါ်လာပါက တာဝန်ရှိမှုအချက်အလက်များအကြောင်း၊ ကုန်စည်/ဝန်ဆောင်မှုကို ဝယ်ယူအသုံးပြုခြင်းကြောင့် အာမခံ ပေးထားသည့် ကာလအတွင်း အာမခံချက်နှင့်အညီ ဆောင်ရွက်မှုအပေါ် စားသုံးသူ ကာကွယ်ရေးဥပဒေ ပုဒ်မ၃၇၊ ၃၈နှင့် ၃၉တို့အရ နစ်နာဆုံးရှုံးမှုအတွက် စီးပွားရေးလုပ်ငန်းရှင် နှစ်ဦး သို့မဟုတ် နှစ်ဦးထက်ပိုသော ပုဂ္ဂလိုလ်များတွင် တာဝန်ရှိပါက ပူးတွဲ၍ဖြစ်စေ၊ တစ်ဦးချင်း ဖြစ်စေ တာဝန်ဆောင်ရွက်ပေး ရမည်ဖြစ်ကြေင်းကို အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

“ကွမ်းခြံကုန်းမြို့နယ်၌ စားသုံးသူကာကွယ်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး (TALK SHOW) ကျင်းပခြင်း”

         ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကွမ်းခြံကုန်းမြို့နယ်တာဝန်ခံသည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်  ပူးပေါင်း၍ စားသုံးသူပြည်သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးလုပ်ငန်းနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လုပ်ငန်းများကို စဉ်ဆက်မပြတ်တိုးတက်ရေးအတွက် နိုဝင်ဘာလ (၈)ရက် နံနက် (၀၉:၀၀) နာရီ အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် Commanity Center ခန်းမ၌ အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ပါသည်။

          ဟောပြောပွဲတွင် ကွမ်းခြံကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးမှ စားသုံးသူများ ဘေးအန္တရယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိ စေရေးတို့အတွက် စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန် စည်တွင် ဖော်ပြထားရှိရမည့် ကုန်ညွှန်းအမှတ်အသားဖော်ပြရာတွင် မဖြစ်မနေ မြန်မာဘာသာဖြင့် ဖော်ပြပါရှိမည့် အချက်များ၊ စားသုံးသူများအမှန်တကယ် နစ်နာဆုံးရှုံးမှုများရှိလာပါက တိုင်ကြားနိုင် သည့်နည်းလမ်းများ၊ ဈေးကွက်အတွင်းတရားမဝင်ကုန်စည်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး ခြင်း လုပ်ငန်းများကို မိမိတို့၏ဌာနအနေဖြင့် စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း အသိပညာ ပေးဟောပြောဆွေးနွေးခဲ့ပြီး ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦး စီးအရာရှိ ဒေါ်နန်းဆွေနွယ်ဦးမှ ပြည်သူများအနေဖြင့် အသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ ပြည်သူ့စာကြည့်တိုက် Online Page မှတဆင့် စာအုပ်မိတ်ဆက်၊ ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ခြင်းအ ပြင် စာအုပ်ဌားရမ်းပေးခြင်း၊ စာအုပ်ပြပွဲများ၊ ပြိုင်ပွဲများကျင်းပပြုလုပ်ခြင်းနှင့် စာပေများကိုလေ့လာဖတ်ရှုကြရန်နှင့် စာအုပ်စာစောင်များလေ့လာဖတ်ရှုခြင်းကြောင့်  ကိုယ်တိုင် စဉ်းစားတွေးခေါ်တတ်‌သော အတွေးအခေါ်အမြော်အမြင်များရရှိလာပြီး ဘေးကင်းလုံခြုံ စိတ်ချ ရသော အစားအသောက်များကို ရွေးချယ်ဝယ်ယူစားသောက်နိုင်မည်ဖြစ်ပါသောကြောင့် မိမိတို့ဌာနအနေဖြင့် စာဖတ်အရှိန်မြှင့် တင်ရေးအသိပညာပေးခြင်းနှင့်  TALK SHOW အစီအစဉ်များကိုလည်း စားသုံးသူရေးရာဦးစီးဌာနနှင့် ပူးပေါင်း၍ စဉ်ဆက်မပြတ်ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။

DOCA(ရန်ကုန်)

 

         

ဈေးကွက်အတွင်းရှိ စားအုန်းဆီအရောင်းဆိုင်များသို့ ကွင်းဆင်းစီစစ်ကြပ်မတ်ခြင်း

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားအုန်းဆီတင်သွင်းသိုလှောင်ဖြန့်ဖြူး ခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီသည် ပြည်ပမှတင်သွင်းသည့် စားသုံးဆီများ သတ်မှတ် အရည်အသွေး စံချိန်စံညွှန်းများနှင့် ပြည့်မီစေရေး၊ စားသုံးသူ ပြည်သူများ ကျန်းမာရေးနှင့် ညီညွတ် သော စားသုံးဆီများကို သုံးစွဲနိုင်ရေး၊ ဈေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ကြီးကြပ်ဆောင်ရွက်လျက်ရှိရာ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန် အ‌ရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးဦး‌ဆောင်၍ ၁၀.၁၁.၂၀၂၂ ရက်နေ့တွင် အရှေ့ပိုင်းခရိုင် အတွင်းရှိ စားအုန်းဆီလက်လီ/ လက်ကားဖြန့်ဖြူးရောင်းချသောဆီဆိုင်များသို့ ဈေးကွက်ကွင်းဆင်း စိစစ်ကြပ်မတ်ဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 

လပွတ္တာခရိုင်၊  လပွတ္တာမြို့နယ် အမှတ်(၁)ရပ်ကွက်၊ ကုန်သည်လမ်းရှိ  ကုန်မျိုးစုံဆိုင်များ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/မရှိကွင်းဆင်းစစ်ဆေး

         ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊  လပွတ္တာမြို့နယ် တာဝန်ခံဦးမြင့်ဌေးနှင့်ဝန်ထမ်းများသည် (၁၄.၁၁.၂၀၂၂) ရက်နေ့နံနက်(၁၀:၀၀)နာရီကလပွတ္တာမြို့၊ အမှတ်(၁)ရပ်ကွက်၊ ကုန်သည်လမ်းရှိ ကုန်မျိုးစုံဆိုင်များသို့ ဈေးကွက်စောင့်ကြည့် စစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင််းဆင်းဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံ ဦးမြင့်ဌေးမှ လပွတ္တာမြို့၊ အမှတ်(၁) ရပ်ကွက်၊ ကုန်သည်လမ်းရှိ ကုန်မျိုးစုံရောင်းချနေသော ဆိုင်ပိုင်ရှင်များအား စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များမှ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ ဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်း နှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁)ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်း အမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြား ဘာသာတစ်ခု(သို့) တစ်ခုထက်ပို၍တွဲလျှက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်း ရှင်များအနေဖြင့် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်ကြရန် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ် အသား ပြည့်စုံစွာဖော်ပြထားမှုရှိ/မရှိအား ဌာနမှဈေးကွက်စောင့်ကြည့်စစ်ဆေးမှုအား စဉ်ဆက်မပြတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးစစ်ဆေးခဲ့ပါသည်။

DOCA(ဧရာဝတီ)

 

 

 

   လပွတ္တာခရိုင်၊  လပွတ္တာမြို့နယ် အမှတ်(၉)ရပ်ကွက်၊ အလက(ခွဲ)ကျောင်း  စားသုံးသူအသိပညာပေးဟောပြောပွဲပြုလုပ်

           ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊  လပွတ္တာမြို့နယ် တာဝန်ခံဦးမြင့်ဌေးနှင့် ဝန်ထမ်းများ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ (၁၃.၁၁.၂၀၂၂) ရက်နေ့ နေ့လယ်(၁၃:၁၅)နာရီက လပွတ္တာမြို့၊ အမှတ်(၉)ရပ်ကွက်၊ အလက(ခွဲ) ကျောင်း၌ ကျောင်းသား/ကျောင်းသူများအား စားသုံးသူအသိပညာပေး ဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဟောပြောဆွေးနွေးရာတွင် မြို့နယ်တာဝန်ခံဦးမြင့်ဌေးမှ  စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ မိမိတို့ဌာနအနေဖြင့် လက်ရှိဆောင်ရွက်လျှက်ရှိသော လုပ်ငန်း တာဝန်များ၊ ရှေ့ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များအား ဦးစွာရှင်းလင်းပြောကြားခဲ့ ပြီး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေး ဥပဒေ၂၀၁၉ ပါပြဌာန်းချက်များမှ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ ဥပဒေအခန်း(၁၈)ပါ ပုဒ်မ(၄၁)ပုဒ်မခွဲ(ခ)နှင့် (ဂ)တို့ပါ ကုန်စည်၏အမျိုးအမည် အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ ထားသိုသိမ်း ဆည်းမှုအညွှန်းသုံးစွဲပုံနည်းလမ်း၊ ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ် လုပ်မှုအမှတ်စဉ်၊ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး(သို့)ဓါတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်များအား အသေးစိတ်ရှင်းလင်းဟောပြောခဲ့ပြီး ကျောင်းတွင်ရောင်းချနေသော မုန့်ဆိုင်များသို့ ကျောင်းမုန့်ဈေးတန်းအဖွဲ့ဖြင့်သွားရောက်စစ်ဆေးပြီး ဆိုင်ပိုင်ရှင်များအား ဌာနမှ ထုတ်ပြန်ထားသော ဥပဒေညွှန်ကြားချက်များအား သိရှိလိုက်နာဆောင်ရွက်ကြရန် သက်တမ်းလွန် မုန့်များ၊ ဆိုးဆေးများအလွန်အကျုးပါဝင်သော အစားအသောက်များအား ရောင်းချခြင်းမှရှောင် ကျဉ်ကြရန် မုန့်ဆိုင်ပိုင်ရှင်များအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်၊  ဟောပြောပွဲသို့ ဆရာ/ဆရာမ၊ ကျောင်းသား/သူ(၆၅)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

         

မအူပင်မြို့ နယ် အောင်ဟိတ်ကျေးရွာရှိ ၂၀၂၂/၂၀၂၃ မိုးစပါး ရိတ်သိမ်းနေမှုအား ကွင်းဆင်းဆွေးနွေးဆောင်ရွက်

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် အောင်ဟိတ် ကျေးရွာအုပ်စုရှိ တောင်သူဦးစိန်ကုလား၏ ၂၀၂၂/၂၀၂၃ မိုးစပါး ရိတ်သိမ်း ချွေလှေ့နေမှုကို (၁၃.၁၁.၂၀၂၂)နေ့ နံနက် (၀၉:၃၀) နာရီအချိန်တွင် မအူပင်ခရိုင် စားသုံးသူရေးရာ ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်း၊ ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦး နှင့် ဝန်ထမ်းများသည် ကွင်းဆင်းဆွေးနွေးဆောင်ရွက်ခဲ့ပါသည်။

      အဆိုပါကွင်းဆင်းဆွေးနွေးမှုတွင် တောင်သူဦးစိန်ကုလားမှ မိမိလယ် (၂)ဧကတွင် GW-11  စပါးစိုက်ပျိုးခဲ့ပြီး ယခုရိတ်သိမ်းချိန်တွင် တစ်ဧက တင်း(၁၀၀) ကျော် ထွက်ရှိနိုင်ကြောင်းနှင့် တစ်ဧက ကုန်ကျစရိတ်နှင့် စပါးထွက်ရှိမှုမှာ ဈေးကွက်တွက်ခြေကိုက်မှုရှိသော်လည်း သွင်းအားစု ဈေးနှုန်းများ ကြီးမြင့်မှုရှိကြောင်း တင်ပြဆွေးနွေးခဲ့ပါသည်။

      မအူပင်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့် ဒု-ခရိုင်ဦးဦးစီးမှူး ဦးအောင်ဇော်ဦးတို့မှ ဓါတ်မြေဩဇာလျှော့သုံး၍ သဘာဝမြေဩဇာဖြစ်သော မြေဆွေးနှင့် နွားချေး မြေဩဇာများ အစားထိုးအသုံးပြုနိုင်ရေးနှင့် စပါးအရည်အသွေးမြင့်မားရေးနှင့် ဈေးကွက်ရရှိနိုင်ရေး နည်းလမ်းကောင်းများကို အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

လပွတ္တာခရိုင် မော်လမြိုင်ကျွန်းမြို့နယ်၊ အမှတ်(၅)ရပ်ကွက်(၁၃)လမ်းရှိ မုန့်မျိုးစုံဆိုင်များအား ကုန်အညွှန်းအမှတ်အသားဖော်ပြချက်ရှိ/မရှိ နယ်မြေဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

      ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင် မော်ကျွန်းမြို့နယ် တာဝန်ခံ ဦးမင်းဇော်လတ်သည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (၁၃.၁၁.၂၀၂၂) ရက်နေ့နံနက်(၁၀:၀၀)နာရီက အမှတ်()ရပ်ကွက် (၁၃)လမ်းရှိ မုန့်မျိုးစုံဆိုင်များအား ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက် ကိုက်ညီမှုရှိ/မရှိ နယ်မြေဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

      ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင်မြို့နယ်တာဝန်ခံဦးမင်းဇော်လတ်မှ အမှတ်()ရပ်ကွက်(၁၃) လမ်းရှိ မုန့်မျိုးစုံဆိုင်များတွင် ရောင်းချနေသော DISKO နို့ဆီ၊ နို့စိမ်းဘူးများတွင် ကုန်အညွှန်း ဖော်ပြချက်ပြည်စုံမှုရှိ/မရှိ စစ်ဆေးရာတွင်ပြည့်စုံမှုရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်၊ မြို့နယ် တာဝန်ခံမှ မုန့်မျိုးစုံဆိုင်ပိုင်ရှင်များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များမှဥပဒေ အခန်း(၁၈) ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ-၄၁ ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့် ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု (သို့)တစ်ခုထက်ပို၍ တွဲလျှက်ဖြစ်စေ၊ ရေးသားဖော်ပြရမည်ဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့ထုတ်လုပ်ရောင်းချနေသော ကုန်ပစ္စည်းများတွင် ဌာနမှထုတ်ပြန်ထားသောဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ကြရန်၊ ဌာနမှလည်းဈေးကွက်အတွင်း စဉ်ဆက်မပြတ် စောင့်ကြည့်စစ်ဆေးသွားမည်ဖြစ်ကြောင်း ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်မှုမရှိပါက ထုတ်ပြန်ထားသောဥပဒေများအတိုင်း အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

 

ညောင်တုန်းမြို့နယ် ကုန်စည်ဒိုင် ဥက္ကဌနှင့် တွေ့ဆုံ၍ ကုန်စည်ဒိုင်ဖွံ့ဖြိုးတိုးတက်မှုနှင့် ကုန်စည်ဒိုင် လုပ်ငန်းဆောင်ရွက်နေမှုအား ကွင်းဆင်းတွေ့ဆုံဆွေးနွေး

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး မှ ခရိုင်ဦးစီးမှူး ဦးဇော်မင်း၊ ညောင်တုန်းမြို့နယ်၊ မြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့် ဝန်ထမ်းများသည် (၁၃.၁၁.၂၂) ရက်နေ့ နံနက် (၁၁:၃၀) နာရီအချိန်တွင် ညောင်တုန်းမြို့နယ် ကုန်စည်ဒိုင်အသင်းရုံးသို့ သွားရောက်၍ ကုန်စည်ဒိုင်ဥက္ကဌနှင့် တွေဆုံပြီး ကုန်စည်ဒိုင်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကွင်းဆင်းတွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။

        အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် မအူပင်ခရိုင်ဦးစီးမှူး ဦးဇော်မင်းမှ ညောင်တုန်း ကုန်စည်ဒိုင် ဥက္ကဌ ဦးအောင်ရွှေနှင့် ကုန်စည်ဒိုင်အဖွဲ့ဝင်များအား မဲဇလီကျေးရွာ၊ ဧရာဝတီဆန်စက်ဝန် ကုန်စည်ဒိုင်တွင် သွားရောက်တွေ့ဆုံ၍ ကုန်စည်ဒိုင်၏လုပ်ငန်းဆောင်ရွက်မှု များအကြောင်း၊ ကုန်စည်ဒိုင်၏ ကြိုရောင်းကြိုဝယ်ဈေးကွက်အကြောင်း၊ ကုန်စည်ဒိုင်တစ်ခု ဖြစ်ပေါ်ရန် အဓိကလိုအပ်ချက်များအကြောင်း၊ အောင်မြင်သောကုန်စည်ဒိုင်တစ်ခု၏ လည်ပတ်မှု လုပ်ငန်းစနစ်များအကြောင်း၊ လက်ငင်း ဈေးကွက်ကုန်စည်ဒိုင်စနစ်အကြောင်းတို့ကို မေးမြန်းဆွေးနွေးပြီး ကုန်စည်ဒိုင်၏ ဆန်၊ စပါးရောင်းဝယ်မှု၊ ဆန်ကြိတ်ခွဲတင်ပို့မှုအခြေအနေ၊ ကုန်စည်ဒိုင်အသီးသီး၏ လက်ရှိအရောင်းအဝယ်ဖြစ်နေသော ဈေးနှုန်းများနှင့် ဈေးကွက်အခြေအနေများ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိ ပါသည်။

DOCA(ဧရာဝတီ)

ကရင်ပြည်နယ် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးဆိုင်ရာ MSMEs လုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပမည်ဖြစ်

         ကရင်ပြည်နယ်တွင် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် နှင့် MSME လုပ်ငန်းရှင်များ၏ အခက်အခဲများကို ကူညီဖြေရှင်းပေးနိုင်ရန်ရည်ရွယ်၍ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် နှင့် ပြည်နယ်စီးပွားရေးရာဝန်ကြီးတို့က ကြီးမှူးပြီး ကရင်ပြည်နယ်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ကရင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် အခြားမိတ်ဘက်ဌာနများ ပူးပေါင်း၍ (၁၇-၁၁-၂၀၂၂) ရက်နေ့ နံနက် (၀၉:၀၀) နာရီမှ (၁၆:၀၀)နာရီထိ ကရင်ပြည်နယ်၊ ဘားအံမြို့ ဇွဲကပင်ခန်းမ၌ MSMEs လုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေး နှီးနှောဖလှယ်ပွဲ အခမ်းအနားကို ကျင်းပမည်ဖြစ်ကြောင်းနှင့်  အဆိုပါ အခမ်းအနားတွင် ဌာနဆိုင်ရာမှ အင်အား (၂၀)ဦး ပုဂ္ဂလိက MSME လုပ်ငန်းရှင်များ အင်အား (၁၀၀)ဦး၊ စုစုပေါင်း (၁၂၀)ဦးခန့် တက်ရောက်ကြမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

DOCA(ကရင်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ