Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

တောင်ငူခရိုင်အတွင်း စည်သွပ်အစားအစာများအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

          စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူ (စစ်ဆေးရေးမှူး)နှင့် ဒုတိယဦးစီးမှူး ဦးနေစိုးထက်တို့သည် နိုဝင်ဘာလ ၁၈ ရက်နေ့ နံနက်ပိုင်းက တောင်ငူမြို့ မြို့မဈေးအတွင်း ကုန်စုံဆိုင်များ၌ရောင်းချလျက်ရှိသော စည်သွတ်အစားအစာများ၌ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် ၂/၂၀၁၉ နှင့်အညီ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိကို စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

           ထို့အတူ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တာဝန်ခံ ဒေါ်အေးအေးခိုင်သည် နိုဝင်ဘာလ ၁၆ ရက်နေ့တွင် အုတ်တွင်းမြို့ စည်ပင်သာယာဈေး၌လည်းကောင်း၊ ဖြူးမြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးသည် နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ဖြူးမြို့နယ်၊ ဇေယျဝတီမြို့ စည်ပင်သာယာဈေး၌လည်းကောင်း၊ ရေတာရှည်မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေးသည် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ရေတာရှည်မြို့နယ် ဆွာမြို့  စည်ပင်သာယာဈေး၌လည်းကောင်း စည်သွတ်အစားအစာများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

            ယင်းသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် တွေ့ရှိရသော ငါးသေတ္တာဘူးများ၊ အမဲသားစည်သွတ်ဘူးများ၊ ကြက်သားစည်သွတ်ဘူးများ၊ ဆိတ်သားစည်သွတ်ဘူးများအားလုံး၌ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် ၂/၂၀၁၉ နှင့်အညီ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားသည်ကို တွေ့ရှိရကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

အုတ်တွင်း အထကတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

      စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင် အုတ်တွင်းမြို့နယ်တာဝန်ခံ ဒေါ်အေးအေးခိုင်သည် နိုဝင်ဘာလ ၁၈ ရက်နေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့်အတူ အုတ်တွင်းမြို့ အခြေခံပညာ အထက်တန်းကျောင်း၌ပြုလုပ်သည့် အသိပညာပေးဟောပြောပွဲတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာများကို အသိပညာပေး ဟောပြောခဲ့ပါသည်။

           စားသုံးသူရေးရာဦးစီးဌာန ၊ အုတ်တွင်းမြို့နယ်တာဝန်ခံ ဒေါ်အေးအေးခိုင်သည် စားသုံးသူကာကွယ်ရေးဥပဒေပါ စာသုံးသူအခွင့်အရေးများရရှိစေရန်နှင့် စားသုံးသူနစ်နာဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးအတွက် စားသုံးသူရေးရာဦးစီးဌာနက ဆောင်ရွက်လျက်ရှိသည့်အကြောင်းများကို လည်းကောင်း၊ စားသုံးသူများအနေဖြင့် ကုန်စည်များဝယ်ယူစားသုံးသုံးစွဲရာတွင် ကုန်စည်တွင်ဖော်ပြထားသည့် ကုန်အညွှန်းအမှတ်အသားများကို ဦးစားပေးဖတ်ရှုသင့်သည့်အကြောင်းများနှင့် ကုန်အညွှန်းအမှတ်အသားများ ဖော်ပြထားခြင်းမရှိသောကုန်စည်များကို ဝယ်ယူစားသုံးကြရန် မသင့် ကြောင်း ဟောပြောခဲ့ပါသည်။

             ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မူမူဝင်းက ၁၀၂ နှစ်မြောက် အမျိုးသားနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကိုလည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်အားကစားမှူး ဒေါ်သပြေက အားကစားသိပ္ပံအကြောင်း သိကောင်းစရာများကိုလည်းကောင်း ဟောပြောခဲ့ကြပါသည်။

                  ဟောပြောပွဲသို့ အုတ်တွင်းမြို့ အခြေခံပညာအထက်တန်းကျောင်းမှ အလယ်တန်းနှင့်အထက်တန်းအဆင့် ကျောင်းသားကျောင်းသူ ၁၅၆ ဦးတက်ရောက်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါဝင်ရေး အသိပညာဆောင်ရွက်ပေး

         မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်း/ခရိုင်ဦးစီးမှူးတို့၏ လမ်းညွှန်ချက်ဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဆိပ်ဖြူမြို့နယ်တာဝန်ခံ ဦးဇော်နေလင်းသည် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးကျင့်ဝတ်နှင့်အညီ လုပ်ကိုင်ဆောင်ရွက်ပြီး တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော စီးပွားရေးလုပ်ငန်းရှင်များ ဖြစ်လာစေရန် ရည်ရွယ်၍ နိုဝင်ဘာလ(၁၄)ရက်နေ့ ၊ နံနက်(၁၀:၀၀) အချိန်တွင် ဆိပ်ဖြူမြို့ အလယ်ပိုင်းရပ်ကွက်ရှိ ဦးနှင်းလွင် ပဲကြော်လုပ်ငန်းနှင့် ပဲလွှာဝင့်ပဲကြော်လုပ်ငန်း ဖြန့်ဖြူးရောင်းချသော လုပ်ငန်းရှင်များဆီသို့ မိမိတို့ထုတ်လုပ် ရောင်းချသော ကုန်စည်ပေါ်တွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါဝင်စေရေးအတွက် သွားရောက်၍ အသိပညာပေးဆွေးနွေးခဲ့ပါသည်။

          ဆိပ်ဖြူမြို့နယ်တာဝန်ခံ ဦးဇော်နေလင်းမှ ဆွေးနွေးခဲ့ရာတွင် စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် စားသုံးသူကာကွယ်ရေးဉပဒေ(၂၀၁၉)၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဖြင့် ဈေးကွက်အတွင်းရှိ မိမိတို့ထုတ်ကုန်များမှာ စားသုံးသူများအား ဘေးအန္တရာယ် ကင်းရှင်း စေခြင်း၊ အာမခံချက်ပေးခြင်း၊ သတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာ ထည့်သွင်းခြင်းတို့ကြောင့် စားသုံးသူများအနေဖြင့် စီးပွားရေးလုပ်ငန်းရှင်များအပေါ် ယုံကြည်မှုများ ရရှိလာပြီး အကျိုးစီးပွားများ ပိုမိုရရှိလာမည်ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်၏ ညွှန်ကြားချက် (၂/၂၀၁၉)ပါ ကုန်စည်အုပ်စု(က) အစားအသောက်တွင် မြန်မာဘာသာဖြင့် ထည့်သွင်းရမည့်အချက်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်သည့် ဥပဒေပြဌာန်းချက်များ၊ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်း တားမြစ်ချက်များ၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်း သိရှိလိုက်နာစေရန် ဆွေးနွေးခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်များသည် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ပြည့်စုံမှန်ကန်မှု ရှိ/မရှိကို မိမိတို့ဌာနသို့ တင်ပြစိစစ်လျှောက်ထားနိုင်ပါကြောင်း၊ ကုန်အမှတ်တံဆိပ် စိစစ်ခွင့်ပြုချက် များအား ပြုလုပ်ဆောင်ရွက်ထားစေလိုကြောင်း၊ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှုမရှိသည့် ကုန်စည်များတွေ့ရှိလာပါက  ဥပဒေအရအရေးယူဆောင်ရွက်သွားမည်ဖြစ်သဖြင့် လုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်စေလိုကြောင်း အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

ဆိပ်ဖြူမြို့နယ်တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး Talk Show ကျင်းပပြုလုပ်

     မကွေးတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်တာဝန်ခံသည် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟို(Community Center) ခန်းမ၌ (၁၁.၁၁.၂၀၂၂)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေး (Talk Show) ကျင်းပပြုလုပ်ခဲ့ပါသည်။

          (Talk Show) ပြုလုပ်ရာတွင် ပခုက္ကူခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဆိပ်ဖြူမြို့နယ် တာဝန်ခံ၊ ဦးဇော်နေလင်းမှ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနဖွဲ့စည်းထားရှိပုံနှင့် ဌာနသမိုင်းကြောင်း၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ စားသုံးသူရေးရာဦးစီးဌာန၏ ဆောင်ပုဒ်နှင့် မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ အကြောင်းအရာများအား အသိပညာပေး ရှင်းလင်းပြောကြားခဲ့ပါသည်။

DOCA(မကွေး)

၂၀၂၃ ခုနှစ်၊ ပဲရာသီတွင် ဥရောပသမဂ္ဂနိုင်ငံများသို့ မြန်မာပဲတီစိမ်းများ တင်ပို့နိုင်ရန်အတွက် မြန်မာ့ပဲများ တင်ပို့နိုင်ရေးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ အစည်းအဝေးကျင်းပ

        ၂၀၂၂-၂၀၂၃ ခုနှစ် ပဲစိုက်ပျိုးရာသီတွင် ဥရောပသမဂ္ဂနိုင်ငံများသို ပဲပင်ပေါက်ဖောက်ရန်အတွက် မြန်မာပဲတီစိမ်းများ တင်ပို့နိုင်ရန် မြန်မာပဲများတင်ပို့နိုင်ရေးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ အစည်းအဝေးအား ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၅)ရက်၊ နေ့လယ် (၁၄:၀၀)နာရီတွင် စားသုံးသူရေးရာ ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ(ဒုတိယထပ်) ၌ ကျင်းပပြုလုပ် ခဲ့ရာ အစည်းအဝေးသို့ မြန်မာပဲများတင်ပို့နိုင်ရေး လုပ်ငန်းကြီးကြပ်ရေးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ စိုက်ပျိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်း ဥက္ကဌ၊ ဘုရင့်နောင်ကုန်စည်ဒိုင်၊ ဥက္ကဌ၊ ပဲတင်ပို့ရန် အဆိုပြုကုမ္ပဏီများနှင့် တာဝန်ရှိသူများ တက်ရောက် ကြကြောင်း သတင်းရရှိသည်။

      အစည်းအဝေးတွင် မြန်မာပဲများတင်ပို့နိုင်ရေးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၊ ဥက္ကဌ၊ စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ချိုမှ ဥရောပသမဂ္ဂနိုင်ငံများသို့ ပဲပင်ပေါက်ဖောက်ရန်အတွက် မြန်မာပဲတီစိမ်းများတင်ပို့နိုင်ရေးကို ပုံမှန် ဆောင်ရွက်နိုင်ရန်စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ၂.၁၁.၂၀၂၂ ရက်နေ့တွင် မြန်မာ့ပဲများတင်ပို့နိုင်ရေး လုပ်ငန်းကြီးကြပ်ရေးအဖွဲ့အားအဖွဲ့ဝင် (၁၅)ဦးဖြင့် ဖွဲ့စည်းတာဝန် ပေးအပ်ခဲ့ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် အဆင့်မြင့်ဈေးကွက်သို့ တရားဝင်ထိုးဖောက်နိုင်သည့် ထုတ်ကုန် ဖြစ်ရန်နှင့်ဈေးကွက်ချဲ့ထွင်းနိုင်ရန်အတွက်ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ဥရောပသမဂ္ဂနိုင်ငံများသို့ ပဲပင်ပေါက်ဖောက်ရန်အတွက် မြန်မာ့ပဲများ တင်ပို့နိုင်ရေးကို ၂၀၁၄ ခုနှစ်မှစတင်ပြီး စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါကြောင်း၊ ဥရောပသမဂ္ဂ နိုင်ငံများသို့ အိမ်နီးချင်းနိုင်ငံများမှ ပဲများတင်ပို့ခဲ့သော်လည်း မြန်မာပဲများကိုသာ ကြိုက်နှစ်သက်သည်ကို သိရှိခဲ့ရပါကြောင်း၊ ဥရောပသမဂ္ဂနိုင်ငံများ၏ အစားအစာဘေးကင်း လုံခြုံမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းနှင့်အညီ ဆောင်ရွက်ပေးရန် ကမ်းလှမ်းလာချက်များအတိုင်း မြန်မာနိုင်ငံဘက်မှ စဉ်ဆက်မပြတ်ဆောင်ရွက်ပေးရန် စိုက်ပျိုးသည့် တောင်သူအပိုင်း၊ စုဆောင်းသူ အဝယ်တော်အပိုင်းနှင့် လုပ်ငန်းစဉ်ဆောင်ရွက်သည့် စက်ရုံအပိုင်းများကို ဆောင်ရွက်ပေးခဲ့ရပါကြောင်း၊ စိုက်ပျိုးသည့် တောင်သူအပိုင်းတွင် ကောင်းမွန်သော စိုက်ပျိုးရေးစနစ်များဖြင့် စိုက်ပျိုးနိုင်ရန်အတွက် တောင်သူများအား ကြိုတင်အသိပညာပေး ဆောင်ရွက်ရန်၊ စုဆောင်းသူ အဝယ်တော်ပိုင်းတွင်လည်း သိုလှောင်မှု၊ ပို့ဆောင်မှုအား မှတ်တမ်းထားရှိ ဆောင်ရွက်ရန်၊  လုပ်ငန်းစဉ်ဆောင်ရွက်သည့် စက်ရုံပိုင်းတွင် ကျန်းမာရေးနှင့် ညီညွတ်သည့် အလေ့အကျင့်နှင့် ညီအောင် တာဝန်ရှိသူများက စိစစ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယခုနှစ်တွင် အဆိုပြုထားရှိသည့် ကုမ္ပဏီများအနေနဲ့ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအား အချိန်နှင့်တပြေးညီ ဆောင်ရွက်နိုင်ရန် လိုအပ်ပါကြောင်း၊ တင်ပို့သည့် အရေတွက်နည်းသော်လည်း အာမခံချက်ရှိသော ဈေးကွက်သို့ တင်ပို့နိုင်အောင် ဆောင်ရွက်ရမည်ဖြစ်၍ အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက် ပေးရန်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

    ထို့နောက် ကြီးကြပ်ရေးအဖွဲ့ ဒုတိယဥက္ကဌများဖြစ်ကြသော မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်း၊ ဥက္ကဌ ဦးထွန်းလွင်၊ ဘုရင့်နောင်ကုန်စည်ဒိုင်၊ ဥက္ကဌ ဒေါက်တာမျိုးလွင်နှင့် တက်ရောက်လာကြသူများက မြန်မာပဲတီစိမ်းများ တင်ပို့နိုင်ရေးအတွက် ၂၀၂၂-၂၀၂၃ ခုနှစ် ပဲရာသီတွင် ကုမ္ပဏီများ အဆိုပြုထားမှု၊ အစုအဖွဲ့ ဖွဲ့စည်းထားရှိမှု၊ တောင်သူ၊ စုဆောင်းသူ အဝယ်တော်များ အသိပညာပေး ဆောင်ရွက်မည့် အစီအစဉ်အား ညှိနှိုင်းထားရှိမှု၊ သင်တန်း အထောက်အကူပြုပစ္စည်းများ စီစဉ်ဆောင်ရွက်ထားရှိမှုနှင့် သင်တန်းကြီးကြပ်ရေးအဖွဲ့အား ပြင်ဆင် ဖွဲ့စည်းသွားမည့်အခြေအနေ၊ တောင်သူပညာပေးခြင်းနှင့် စုဆောင်းသူ အဝယ်တော် သင်တန်းပေးခြင်း ပြုလုပ်မည့်ကာလကို သတ်မှတ်ခြင်းနှင့် တောင်သူပညာပေးသင်တန်းကို ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဖွင့်လှစ်ပို့ချနိုင်ရေး ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 

ညောင်လေးပင်မြို့နယ်တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

            ( ၁၈.၁၁.၂၀၂၂ )  ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊  ညောင်လေးပင်ခရိုင်၊  ညောင်လေးပင်မြို့နယ် ၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်းကာ လူကုန်ကူးမှု အန္တရာယ်တားဆီးကာကွယ်ရေးနှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

          ရှေးဦးစွာ ကျောင်းအုပ်ဆရာကြီးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး  စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဒု-ဦးစီးမှူး ဒေါ်ယဉ်ယဉ်ထွေးမှ စားသုံးသူကာကွယ်ရေးနှင့်သက်ဆိုင်သော အကြောင်းအရာများအား အသိပညာပေးဆွေးနွေးခြင်း၊ ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချလျက် ရှိသော မုန့်များပေါ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက် ကိုက်ညီမှုရှိ /မရှိ လိုက်လံစစ်ဆေးခြင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နီနီဝင်းက  လူကုန်ကူးမှုအန္တရာယ်နှင့်ပတ်သက်သော အ‌ကြောင်းအရာများအား ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

           အဆိုပါ အသိပညာပေးဆွေးနွေးပွဲသို့ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၄၅၆) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ဝက်လက်မြို့၊ အမှတ်(၂)၊ အခြေခံပညာအလယ်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

      စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့၊ အမှတ်(၂)၊ အခြေခံပညာအလယ်တန်းကျောင်းတွင် ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ (၁၆)ရက်နေ့၌ မြို့နယ်တာဝန်ခံဦးမျိုးအောင်သည် ကျောင်း သား/ကျောင်းသူ (၄၀)ဦးနှင့် ဆရာ/ဆရာမ(၅)ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟော ပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။

        အဆိုပါ ဟောပြောပွဲတွင် ဝက်လက်မြို့နယ် တာဝန်ခံဦးမျိုးအောင်မှ စားသုံးသူရေးရာဦးစီး ဌာနပေါ်ပေါက်လာပုံ၊ စားသုံးသူရေးရာဦးစီးဌာန၏ Vision၊ Missionများ၊ ပြည်သူတိုင်းသည် စားသုံးသူဖြစ်ကြောင်း၊ စားသုံးသူတိုင်းတွင် စားသုံးသူအခွင့်အရေးများရှိကြောင်း၊ စားသုံးသူ၏ အခွင့်အရေးများကို အပြည့်အဝကာကွယ်နိုင်ရန်အတွက် စားသုံးသူကာကွယ်ရေး ဥပဒေကိုပြဌာန်းထားကြောင်း၊ စားသုံးသူ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ စားသုံးသူကာကွယ်ရေးဉပဒေပါ စားသုံးသူ၏ အခွင့်အရေး များ၊ မိမိတို့ မုန့်များဝယ်ယူစားသောက်ရာတွင် ကုန်စည်၏ တံဆိပ် အမှတ်အသား၊ အမျိုးအမည်၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းပုံအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ထုတ်လုပ်သည့် ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲ ၊ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုးနှင့် ဓါတ်မတည့် ကြောင်း ဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်တို့အား သေချာစွာဖတ်ရှု့ရမည့်ဖြစ်ကြောင်း၊ သက်တမ်းလွန်သည့်မုန့်များနှင့် ဆိုးဆေးများပါဝင်သည့်အစားအစာများအား မစားသုံးသင့်ကြောင်း၊  ကျန်းမာရေးကောင်းခြင်း/မကောင်းခြင်းသည် အစားအသောက်နှင့်သက်ဆိုင်ကြောင်း၊ မိမိ၏ အသိဖြင့် ဝယ်ယူစားသောက်ကြရမည်ဖြစ်ကြောင်း ဟောပြောဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင် (၄၅) စောင် ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

  

ကျေးရွာများသို့ အသိပညာပေးကွင်းဆင်း ဆောင်ရွက်ခြင်း

          ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်ရီရီရှိန်နှင့်ဝန်ထမ်းများသည် နိုဝင်ဘာလ ၁၅.၁၁.၂၀၂၂ ရက်မှ ၁၆.၁၁.၂၀၂၂ ရက်တို့တွင် ကျေးလက်နေပြည်သူများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ဖုန်းဆိုးကျေးရွာအုပ်စု ဖုန်းဆိုး ကျေးရွာ၊ ကျွန်းကုန်းကျေးရွာအုပ်စု၊ ကျွဲဘိကျေးရွာများတွင် ဌာနဆိုင်ရာပေါင်းစုံဝန်ထမ်းများမှ စုပေါင်း၍ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး သင်တန်းများ ကျင်းပပြုလုပ်ခဲ့ကြပါသည်။

          ကျွန်းကုန်းကျေးရွာအုပ်စု၊ ကျွဲဘိကျေးရွာတွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံမှ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်နေမှုများ၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းများ၊ ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်ပြီး MSME လုပ်ငန်းများဖြစ်သော ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်မျိုး ( ဥပမာ-အစားအသောက်၊ လက်မှုလုပ်ငန်းများ ) အကြောင်းနှင့် ဆီထွက်သီးနှံတစ်မျိုးဖြစ်သော နေကြာသီးနှံကိုလည်း ဈေးကွက်ဝင်သီးနှံဖြစ်အောင် တိုးချဲ့ စိုက်ပျိုးသင့်ကြောင်း တောင်သူ (၇၀ )ဦး အား အသိပညာပေးဆွေးနွေးခဲ့ပါသည်။

          ဖုန်းဆိုးအုပ်စု၊ ဖုန်းဆိုးကျေးရွာဘုန်းကြီးကျောင်းပေါ်တွင် ပညာသင်ကြားနေသော ဆရာ၊ ဆရာမ(၃) ဦး၊   ကျောင်းသား/ကျောင်းသူ ( ၃၂ ) ဦးတို့ကိုလည်း စားသုံးရန်မသင့်သော အစားအစာများအကြောင်း၊ အစားအသောက်ဝယ်ယူသုံးစွဲရာတွင် မြန်မာဘာသာပါရှိပြီး ကုန်အညွှန်းအမှတ် အသားများ ပြည့်စုံစွာပါရှိမှသာ ဝယ်ယူသုံးစွဲကြရန်  အသိပညာပေး ကွင်းဆင်းဟောပြောခဲ့ပါသည်။

DOCA(ပဲခူး)

ဘိုကလေးမြို့နယ်အတွင်းရှိ မုန့်မျိုးစုံဆိုင်၊ ကုန်မျိုးစုံဆိုင်၊ ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးဆိုင်များသို့ တရားမဝင်ကုန်စည်များ ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေး

          ဖျာပုံခရိုင်၊ဘိုကလေးမြို့နယ်၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအဖွဲ့များဖြစ်သော မြို့နယ် ထွေ/အုပ်၊ စားသုံးသူရေးရာ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြည်တွင်းအခွန်၊ စိုက်ပျိုးရေး၊ မြို့နယ်စည်ပင်သာယာ ရေး၊ဌာနတို့ပူး၍ ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ(၁၁)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဘိုကလေးမြို့ပေါ် ရပ်ကွက်နှင့် မြို့မဈေးအပြင်တန်းရှိ ဆေးဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

          ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် ဘိုကလေးမြို့ပေါ်ရပ်ကွက်နှင့် မြို့မဈေးအပြင်တန်းရှိမုန့်မျိုးစုံ၊ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချနေသောကုန်စည်များနှင့် ပတ်သက်ပြီး တရားမဝင်ကုန်စည်များတင် သွင်ဖြန့်ဖြူးရောင်းချခြင်းမရှိစေရေး တို့အတွက် Geno အမှတ်တံဆိပ်ပါ 3 in 1 ကော်ဖီနှင့်သွားတိုက်ဆေး၊ ဖြည့်စွက် အစားအစာများရောင်းချခြင်းရှိ/မရှိစစ်ဆေးခြင်း FDA မှတားမြစ်ထားသော “မိခင်နို့အစား ထိုးအသုံးပြုနိုင်ကြောင်း” ကလေးအဟာရဖြည့်စွပ်စာအမျိုးမျိုးတို့တွင်ရေးသားဖော်ပြထားခြင်းရှိ/မရှိ နှင့် အခြားကုန်စည်များတွင်လည်းကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ ပါဝင်မှုရှိ/မရှိစစ်ဆေးခဲ့ပြီ။ ပိုးသတ်ဆေးနှင့် ဓာတ်မြေသြဇာဆိုင်များသို့စစ်ဆေးရာတွင်လည်း သက်ဆိုင်ရာဌာနမှ တရားဝင်မှတ်ပုံ တင်လိုင်စင်များလည်းရှိပါကြောင်း ကုန်စည်များအားတရားဝင်ကုမ္ပဏီများမှ တစ်ဆင့်ဝယ်ယူဖြန့်ဖြူး ရောင်းချလျက်ရှိကြောင်း၊ အမိုနီယမ်နိုက်ထရိတ်ပါဝင်သော ဓာတ်မြေသြဇာများရောင်းချခြင်းမရှိ ကြောင်းနှင့် ဘေးအန္တရာယ်ရှိသည့် တရားမဝင်ကုန်စည်များရောင်းချခြင်းမရှိကြောင်းအဖွဲ့နှင့် ကွင်းဆင်းစစ်ဆေးမှုအား သတင်းရှိပါသည်။

DOCA(ဧရာဝတီ)

ဓနုဖြူမြို့နယ် သိဒ္ဓိစံ ဆန်စက်အား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်း

       ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေး ရာဦးစီးဌာနမှ ဓနုဖြူမြို့နယ်ဦးစီးမှူး ဦးဝင်မင်းစိုးနှင့်ဝန်ထမ်းများသည်(၁၂.၁၁.၂၀၂၂) ရက်နေ့ နံနက် (၁၀:၀၀)အချိန်တွင် ဓနုဖြူမြို့နယ် နန်းတော်ကုန်း ကျေးရွာရှိ သိဒ္ဓိစံ ဆန်စက်သို့ သွားရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေးကွင်းဆင်း စစ်ဆေးခဲ့ ပါသည်။

          အဆိုပါ ကွင်းဆင်းစစ်ဆေးမှုတွင် သိဒ္ဓိစံဆန်စက်၏ လုပ်ငန်းဆောင်ရွက်မှုများကို ကြည့်ရှုစစ် ဆေးခဲ့ပြီး ဆန်စက်ကြိတ်ခွဲမှုအခြေအနေ၊ ဆန်တင်ပို့ရောင်းချမှုအခြေအနေနှင့် ဆန်စက်လုပ်ငန်း လည်ပတ်မှု အခြေအနေများကိုမေးမြန်းခဲ့ပြီး လုပ်ငန်းရှင်တို့၏ လိုက်နာရမည့် တာဝန်များ၊ မိမိထုတ်လုပ်သော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည်စုံစွာ မဖြစ်အနေပါဝင် ဖော်ပြပါဝင်ရမည့်အချက်များ၊၊ အာမခံချက်နှင့်စပ်လျဉ်းပြီး စီးပွားရေးလုပ်ငန်းရှင်သည် ရောင်းချ သည့်ကုန်စည်တွင် သာမန်အားဖြင့်မမြင်နိုင်သော သဘာဝပြောင်းလဲနိုင်မှုနှင့် စပ်လျဉ်းသည့် အချက်အလက်များကို စားသုံးသူအား ထင်ရှားစွာဖော်ပြ၍ အသိပေးရမည်ဖြစ်ကြောင်းနှင့် အာမခံ ချက် နှင့်စပ်လျဉ်းသည့် အချက်များအကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ