Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

City Mart များရှိ ဆန်ဈေးနှုန်းများ ကြီးကြပ်ဆောင်ရွက်ခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဈေးကွက်အတွင်း သတ်မှတ်ရည်ညွှန်းဈေးနှုန်းများအတိုင်း ‌ရောင်းချခြင်းရှိ/ မရှိကို ကွင်းဆင်းစိစစ်ကြပ်မတ်သွားရန်  ညွှန်ကြားချက်အရ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက  ဈေးကွက်အတွင်း (၅.၉.၂၀၂၄) ရက်နေ့တွင် ကွင်းဆင်းစိစစ်ကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

     ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မင်္ဂလာတောင်ညွန့်မြို့နယ် Makro အတွင်း ရောင်းချနေသော Myat အမှတ်တံဆိပ်(ရွှေဘိုပေါ်ဆန်း)၊ Win အမှတ်တံဆိပ် (ပေါ်ဆန်းမွှေး/ တောင်ပြန်ပေါ်ဆန်း)၊ Sa Taw Kae Gyi(ပေါ်ဆန်းမွှေး)  တို့၏ (KG) ဆန်ဈေးနှုန်းများ ကိုစိစစ်ခဲ့ကြပြီး ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုလုပ်ကြရန် အသိပညာပေးပြောကြားခဲ့ကြောင်း  သိရှိရပါသည်။

DOCA(ရန်ကုန်)

South Dagon Oil Mail ဆီစက်အားသွားရောက် ကွင်းဆင်းစစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်ရာတွင် ပြည်တွင်း၌ စားသုံးဆီဖူလုံမှုရှိစေရေးအတွက် ဆီထွက်သီးနှံများကို အားပေးမြှင့်တင်၍ ပန်းတိုင်ရည်မှန်ချက်အတိုင်း စိုက်ပျိုးထုတ်လုပ်နိုင်ရေး ပြည်တွင်း၌ စားသုံးဆီဖူလုံမှုမှသည် ပြည်ပသို့တင်ပို့နိုင်သည့်အထိ ကြိုးပမ်းနိုင်ရေးကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ  ပြည်တွင်း၌ ကြိတ်ခွဲလျက်ရှိသည့် ဆီထွက်သီးနှံတို့၏ အခြေအနေကိုသိရှိနိုင်ရန် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

   ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် အရှေ့ပိုင်းခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများက South Dagon Oil Mail  ဆီစက်လုပ်ငန်းအား (၄.၉.၂၀၂၄) ရက်နေ့တွင် ဆီကြိတ်ခွဲထုတ်လုပ်မှု အခြေအနေတို့ကို သွားရောက်မေးမြန်း  ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

စက်သုံးဆီ အ‌ရောင်းဆိုင်များ ဆီပြတ်လပ်မှုအခြေအနေများအား သွားရောက် ကွင်းဆင်းစစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးရုံးနှင့် ဝန်ထမ်းများ သည် (၅.၉.၂၀၂၄) ရက်နေ့ နေ့လယ် ၁၃:၀၀ နာရီအချိန်တွင် ခရိုင်အတွင်း မြို့နယ်များရှိ စက်သုံးဆီအ ရောင်းဆိုင်များကို စက်သုံးဆီပြတ်လပ်မှုအခြေအနေများကို သိရှိနိုင်ရန် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

    ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် စက်သုံးဆီများကို သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချပေးခြင်းရှိ/ မရှိ၊ စက်သုံးဆီပြတ်လပ်ချိန်နှင့် ဆီ Boxer ရောက်ရှိချိန်၊ အရည်အသွေးပြည့်ဝသောစက်သုံးဆီများ၊ အလေးချိန်တွယ်မှန်ကန်စွာ ရောင်းချခြင်းရှိ/ မရှိ တို့ကို မြောက်ဥက္ကလာပမြို့နယ်ရှိ Moon Sun စက်သုံးဆီဆိုင် ၊ Denko စက်သုံးဆီဆိုင်၊ YP စက်သုံးဆီဆိုင် စသည့် ဆီဆိုင် (၃) ဆိုင်တို့မှ တာဝန်ခံများနှင့် တွေ့ဆုံမေး မြန်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ကန့်ဘလူမြို့နယ်တွင် ဆီစက်လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင်အနေဖြင့် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် ဒေသတွင်းရှိ MSME လုပ်ငန်းများ၏ လိုအပ်ချက်တို့ကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရန် လစဉ် စီးပွားရေးလုပ်ငန်းရှင်များနှင့်ကွင်းဆင်းတွေ့ဆုံဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

       ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ ၆ရက်နေ့၊ နံနက် ၀၉:၃၀ နာရီအချိန်တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန်ကျော် (အငယ်တန်စာရေး) တို့သည် ကန့်ဘလူမြို့ ၊ အမှတ်(၃) ရပ်ကွက်ရှိ “အောင်မြင့်” ဆီစက်လုပ်ငန်းရှင်နှင့်ကွင်းဆင်းတွေ့ဆုံခဲ့ကြောင်း၊ ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ဆီစက်လုပ်ငန်းရှင်က မိမိတို့အနေဖြင့် နဝလီကြိတ်ခွဲခြင်းဖြစ်ကြောင်း၊  မိုးမြေပဲပေါ်ချိန်ဖြစ်၍ ယခုလမှ စတင်လည်ပတ်ရကြောင်းသိရှိရပြီး တာဝန်ခံက လုပ်ငန်းရှင်များအနေဖြင့် မြေပဲဆီ၊ နှမ်းဆီနှင့် နေကြာဆီများကြိတ်ခွဲ၍ မိမိတို့တံဆိပ်ဖြင့် ထုတ်လုပ်ဖြန့်ဖြူးလိုပါက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များကို သိရှိထားရန်လိုအပ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြပြီး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့နယ်၌ ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေး

       စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးအနေဖြင့် ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ ၅ရက်နေ့၊ နံနက် ၀၉:၀၀ နာရီအချိန်တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန်ကျော် (အငယ်တန်းစာရေး) တို့သည် ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ ကန့်ဘလူမြို့၊ မြို့မဈေးရှိ ဆန် လက်လီ/ လက်ကားရောင်းချသည့်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

      ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်တာဝန်ခံက ဒေသထွက်စားသုံးဆန်များအား သင့်တင့်မျှတသော ဈေးနှုန်းဖြင့်ရောင်းချရန်၊ ပစ္စည်းမှန်၊ ဈေးနှုန်းမှန်၊ အရည်အသွေးမှန်၊ အလေးချိန်မှန်ဖြင့် ဖြန့်ဖြူးရောင်းချရန်၊ ထို့နောက် တာဝန်ရှိသူများသည် ဆန်သိုလှောင်ထားရှိမှု၊ ဆန်လက်ကျန်အခြေအနေတို့အားစစ်ဆေးခဲ့ကြပြီး စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များကို လိုက်နာဆောင်ရွက်ရန် အသိပညာပေးဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးအကြောင်း အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

တိုင်းရင်းဆေးအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲများ၊  စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံပြီး ဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များအား ရှင်းလင်းဆွေးနွေးခြင်းများဆောင်ရွက်လျက်ရှိသည့်အပြင် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို လစဉ်ဆောင်ရွက်လျက်ရှိရာ ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးဦးဆောင်၍  ရွှေဘိုမြို့နယ်တာဝန်ခံနှင့် စားသုံးသူရေးရာဌာနခွဲတာဝန်ခံတို့သည် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်ပူးပေါင်း၍ (၆-၉-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ရွှေဘိုမြို့၊ အမှတ်(၄)ရပ်ကွက်နှင့်အမှတ်(၈)ရပ်ကွက်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်(၂)ဆိုင်ရှိ တိုင်းရင်းဆေးအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

         ထိုသို့စစ်ဆေးရာတွင် ဒု-ခရိုင်ဦးစီးမှူးက ဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်မရောက်မီကုန်စည်နှင့် ဈေးကွက်ရောက်ပြီးကုန်စည်များကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိကြောင်း၊  စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအကြောင်းများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါ  တိုင်းရင်းဆေးအမျိုးမျိုးတွင် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဘေးထွက်ဆိုးကျိုးနှင့် ကြိုတင်သတိပေးချက်တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ဖော်ပြပါရှိရမည်ဖြစ်ကြောင်းတို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲများ၊  စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံပြီး ဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များအား ရှင်းလင်းဆွေးနွေးခြင်းများဆောင်ရွက်လျက်ရှိသည့်အပြင် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို လစဉ်ဆောင်ရွက်လျက်ရှိရာ ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးဦးဆောင်၍ ရွှေဘိုမြို့နယ်တာဝန်ခံနှင့် စားသုံးသူရေးရာဌာနခွဲတာဝန်ခံတို့သည် (၅-၉-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ရွှေဘိုမြို့၊ အမှတ်(၄)ရပ်ကွက်နှင့် အမှတ်(၅)ရပ်ကွက်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်(၂)ဆိုင်သို့သွားရောက်၍ ဆေးဝါးများပြတ်လပ်မှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

       ထိုသို့စစ်ဆေးရာတွင် ဒု-ခရိုင်ဦးစီးမှူးက ဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိသည့်အပြင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် အမိန့်ကြော်ငြာစာအမှတ် ၂၁/၂၀၂၀ ဖြင့် Covid-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ၊ ဆေးဝါးများ၊ စားသုံးကုန်ပစ္စည်းများအား ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်း သို့မဟုတ် ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းကိုတားမြစ်သည့် အမိန့်ကြော်ငြာစာကို ထုတ်ပြန်ထားပြီးဖြစ်သဖြင့် ဆေးဝါးရောင်းချသည့် လုပ်ငန်းရှင်များအနေဖြင့် လိုက်နာဆောင်ရွက်ကြရန်နှင့် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအကြောင်းများကို အသိပညာပေးရှင်းလင်းဆွေးနွေးခဲ့ပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆေးဝါးရောင်းချခွင့်လိုင်စင်နှင့် သက်တမ်းရှိ/မရှိစစ်ဆေးခြင်း၊ သက်တမ်းလွန်ဆေးဝါးများရောင်းချခြင်းရှိ/မရှိ စစ်ဆေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ဆန်ရောင်းဝယ်ရေးလုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေး

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး၊ ရွှေဘိုမြို့နယ်တာဝန်ခံနှင့် စားသုံးသူရေးရာဌာနခွဲတာဝန်ခံတို့သည်  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်ပူးပေါင်း၍ (၅-၉-၂၀၂၄)ရက်နေ့၊ နံနက်(၁၁:၃၀)နာရီအချိန်တွင် ရွှေဘိုမြို့၊ အမှတ်(၇)ရပ်ကွက်၊ ချမ်းသာကြီးချမ်းသာရတိုက်တန်းရှိ ဆန်ရောင်းဝယ်ရေးဆိုင်(၂)ဆိုင်သို့သွားရောက်ကာ လုပ်ငန်းရှင်များအားတွေ့ဆုံခဲ့ပါသည်။

       ထိုသို့တွေ့ဆုံရာ၌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနက လစဉ်ထုတ်ပြန်ပေးလျက်ရှိသည့် ပြည်တွင်းဒေသထွက် စားသုံးဆန်များအား သင့်တင့်မျှတသော ဈေးကွက်ဈေးနှုန်းအမျိုးအစားအလိုက် (ဆန်ရည်ညွှန်းဈေးနှုန်းများ) စည်းကမ်းချက်များနှင့်အညီ ရောင်းချရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ အရည်အသွေးမမှန်မကန်ရောင်းချခြင်းမပြုရန် ဆန်စပါးသိုလှောင်ရုံနှင့် စက်တွဲသိုလှောင်ရုံများ myro တွင် မှတ်ပုံတင်ထားရန်နှင့် မှတ်ပုံတင်ထားသည့် လုပ်ငန်းရှင်များအနေဖြင့် လစဉ် ကုန်ရ/ ကုန်ထုတ်/ ကုန်လက်ကျန်စာရင်းများကို Update ပြုလုပ်ရန် အသိပညာပေးဆွေးနွေးခဲ့ပြီး ဆန်သိုလှောင်ထားရှိမှု၊ လက်ကျန်နှင့် ရောင်းချသည့်ဈေးနှုန်းဈေးကွက်အခြေအနေများကိုဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ဓနုဖြူရပ်ကွက်နေပြည်သူများအား အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့်စပ်လျည်း၍ အသိပညာပေးဆွေးနွေးခြင်း

       ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဌာနဆိုင်ရာများနှင့်အတူ ဓနုဖြူမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ရပ်ကွက်နေပြည်သူများအားဖိတ်ကြား၍ ပြည်သူ(၁၅၀)ဦးအား ၃-၉-၂၀၂၄ ရက်နေ့၊ နံနက် ၁၁:၀၀ နာရီအချိန်တွင် အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း၍ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့သည်။

         စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုးက အသိပညာပေးဟောပြောရာတွင် စားသုံးသူများသည် ၎င်းတို့၏လိုအပ်ချက်အရ ကုန်စည်နှင့် ဝန်ဆောင်မှုများကို ဝယ်ယူအသုံးပြုသည့်အခါ တန်ဖိုးနှင့်အညီ ပေးချေဝယ်ယူကြပြီး "စားသုံးသူအခွင့်အရေး ဦးစားပေး" ဟူသော စားသုံးသူရေးရာဦးစီးဌာန၏ ဆောင်ပုဒ်အတိုင်း အပြည့်အဝနားလည်စေရန် စားသုံးသူအခွင့်အရေး (၈)ချက်ကိုရှင်းလင်းခြင်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေကို ဥပဒေပုဒ်မ ၄၊ ပုဒ်မ (ဂ)အရ အမိန့်ကြော်ငြာစာအမှတ် (၅၁/၂၀၂၃)ဖြင့် ဇူလိုင်လ ၂၁ရက်နေ့တွင် ထုတ်ပြန်ကြော်ငြာခဲ့ကြောင်း၊ ၎င်းအမိန်တွင် အခန်း(၈)ခန်းနှင့် ပုဒ်မ(၃၀)ပါရှိကြောင်း၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းဆိုသည်မှာ ကုန်စည်ကိုဖြစ်စေ၊ ဝန်ဆောင်မှုကိုဖြစ်စေ အွန်လိုင်း (Online) စနစ်မှတစ်ဆင့် ဝန်ဆောင်မှုပေး၍ ရောင်းချသည်လုပ်ငန်းကိုဆိုလိုပါကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ အွန်လိုင်းရောင်းချမှုနှင့်စပ်လျဉ်း၍  လုပ်ငန်းရှင်များကို eComReg Online Sales Registration အကြောင်းနှင့် ယင်းမှတ်ပုံတင်ကိုပြုလုပ်ရမည်ဖြစ်ကြောင်း၊ စားသုံးသူများက ကုန်စည်နှင့် ဝန်ဆောင်မှုများအား အွန်လိုင်းစနစ်ဖြင့် ဝယ်ယူသုံးစွဲရာတွင် စားသုံးသူထိခိုက်နစ်နာမှုမရှိစေရေးအတွက် အွန်လိုင်းစနစ်အသုံးပြု၍ ရောင်းဝယ်မှုလုပ်ငန်းများအားလုံး စနစ်တကျထိန်းကျောင်းနိုင်မည့် အွန်လိုင်းစနစ်တစ်ခုဖြစ်ကြောင်းကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ပြီး မှတ်ပုံတင်ပြီးသော အွန်လိုင်းရောင်းချသည့် လုပ်ငန်းရှင်များထံမှ ဝယ်ယူအသုံးပြုကြရန်၊ အွန်လိုင်းမှတ်ပုံတင်မရှိသော ကုန်စည်နှင့် ဝန်ဆောင်မှုရောင်းချနေသူများကိုစစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို အသိပညာပေးဟောပြောခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူက  ဟော​ပြောဆွေးနွေးခြင်း၊ အခြားမိတ်ဖက်ဌာနဆိုင်ရာများကလည်း အသီးသီးအသိပညာပေးဟောပြောခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

“ ကော့မှူးမြို့နယ်ရှိ စက်သုံးဆီဆိုင်များ စက်သုံးဆီဖြန့်ဖြူးရောင်းချနေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေးခြင်း ”

    ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်အတွင်းရှိ ကော့မှူး-ဒလ၊ ကော့မှူး-လှိုင်သာယာ ကားလမ်းမကြီးဘေးဝဲယာကျေးရွာများတွင် စက်သုံးဆီဖြန့်ဖြူးရောင်းချလျှက်ရှိသော စက်သုံးဆီအရောင်းဆိုင်များသို့ စက်တင်ဘာလ(၃)ရက်နေ့၊ နေ့လယ်(၁၁း၀၀)နာရီအချိန်တွင် စက်သုံးဆီများဖြန့်ဖြူးရောင်းချနေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

   ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ကော့မှူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှမြို့နယ်ဦးစီးမှူး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ၊ မြို့နယ်လျှပ်စစ်ဦးစီး ဌာနမှမြို့နယ်ဦးစီးမှူးနှင့် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံတို့ ပူးပေါင်းအဖွဲ့သည် ကော့မှူးမြို့နယ်အတွင်းရှိ ကော့မှူး-ဒလ၊ ကော့မှူး-လှိုင်သာယာ ကားလမ်းမကြီးဘေးဝဲယာရှိ ဗိုလ်ချုပ်လမ်း၊ မကျီးကန်ကျေးရွာ၊ ရတနာစက်သုံးဆီဆိုင်၊ ဗိုလ်ချုပ်လမ်း၊ တလုပ်ကျေးရွာ၊ Max စက်သုံးဆီဆိုင်နှင့် ဗိုလ်ချုပ်လမ်း၊ အဖျောက်ကျေးရွာမှ ရွှေသရဖူစက်သုံးဆီဆိုင်တို့မှ ဆိုင်တာဝန်ခံတို့နှင့် တွေ့ဆုံ၍ ယာဉ်များစောင့်ဆိုင်းဝယ်ယူနေရမှုအခြေအနေ၊ စက်သုံးဆီအမျိုးအစားအလိုက် ခွဲတမ်းအချိုးကျစနစ်ဖြင့် ရောင်းချနေခြင်းရှိ/ မရှိ၊ အပြည့်အဝဖြန့်ဖြူးရောင်းချပေးနိုင်ခြင်းရှိ/ မရှိ တာဝန်ရှိသူများကမေးမြန်းခဲ့ရာတွင် ဆိုင်တာဝန်ခံများက မိမိတို့ဆိုင်များတွင် သတ်မှတ်ထားသည့် စက်သုံးဆီခွဲတမ်းများကို အပြည့်အဝအချိန်မှီထုတ်ယူရရှိနေပါသဖြင့် ယာဉ်များတန်းစီစောင့်ဆိုင်း ဝယ်ယူနေရခြင်းမရှိပါကြောင်း ဆီအမျိုးအစားအလိုက်အပြည့်အဝဖြန့်ဖြူးရောင်းချပေးလျှက်ရှိ‌ကြောင်း ပြန်လည်ဖြေကြားခဲ့ပြီး ကော့မှူးမြို့နယ်စက်သုံးဆီစိစစ်ရေးအဖွဲ့တာဝန်ရှိသူများက စက်သုံးဆီသိုလှောင်ကန်များ၏ ဆီလက်ကျန်အခြေအနေများ ဆီရောင်းချဖြန့်ဖြူးနေမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ