Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

သင်္ဃန်းကျွန်းမြို့နယ်၊ ရွှေနွားလှည်း ဖိနပ်လုပ်ငန်းအား ချေးငွေပေးနိုင်ရေး ကွင်းဆင်းစစ်ဆေးခြင်း

  ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် သင်္ဃန်းကျွန်းခရိုင်အတွင်းရှိ မြို့နယ် များတွင် ချေးငွေရယူရန် လျောက်ထားသည့် MSME  လုပ်ငန်းများအား ချေးငွေထုတ်ချေးပေး နိုင်ရေး (၃.၉.၂၀၂၄) ရက်နေ့တွင် ခရိုင်စိစစ်ရေးကော်မတီအဖွဲ့များက သင်္ဃန်းကျွန်းမြို့နယ်၊ အမှတ် (၇၁၆) ၊ ငမိုးရိပ် (၂) လမ်းရှိ ရွှေနွားလှည်းဖိနပ်လုပ်ငန်းအား ပြည်တွင်းအခွန်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ စက်မှုကြီးကြပ်နှင့်စစ်ဆေးရေးဦးစီးဌာန၊  မြန်မာ့စီးပွားရေးဘဏ်၊ စားသုံးသူရေးရာဦးစီးဌာန စသည့်အဖွဲ့ဝင်များမှကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်းသိရှိရပါသည်။

  ကွင်းဆင်းဆောင်ရွက်ရာတွင် ချေးငွေရယူရန် ‌လျှောက်ထားသည့်လုပ်ငန်းများအတွက် သက်ဆိုင်ရာဌာနများ၏ သတ်မှတ်ထားသည့် အချက်အလက်များနှင့်ကိုက်ညီမှုရှိ/ မရှိနှင့် လက်ရှိ ဆောင်ရွက်နေသည့် လုပ်ငန်းအခြေအနေတို့ကို စိစစ်မေးမြန်းခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးဦးလှစိုးက စားသုံးသူကာကွယ်ရေးဥပဒေနှင့်စီးပွားရေး လုပ်ငန်းရှင်၏တာဝန်များ၊ ပြစ်မှုပြစ်ဒဏ်များကို အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။  

DOCA(ရန်ကုန်)

နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် သုဝဏ္ဏဘူမိအမှတ်တံဆိပ် အမွှေးတိုင်လုပ်ငန်းအား ချေးငွေပေးနိုင်ရေး ကွင်းဆင်းစစ်ဆေးခြင်း

    ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် သင်္ဃန်းကျွန်းခရိုင်အတွင်းရှိ မြို့နယ်များတွင် ချေးငွေရယူရန် လျောက်ထားသည့် MSME  လုပ်ငန်းများအား ချေးငွေထုတ်ချေးပေးနိုင်ရေး (၂.၉.၂၀၂၄) ရက်နေ့၌ ခရိုင်စိစစ်ရေးကော်မတီအဖွဲ့များက တောင်ဥက္ကလာပမြို့နယ်၊ မိဂသီ(၁၈) လမ်း၊ အိမ်အမှတ် ၂၅၁ (က) ရှိ သုဝဏ္ဏဘူမိ အမှတ်တံဆိပ် အမွှေးတိုင်လုပ်ငန်းအား ပြည်တွင်းအခွန်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ စက်မှုကြီးကြပ်နှင့်စစ်ဆေးရေးဦးစီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်၊ စားသုံးသူရေးရာဦးစီးဌာနစသည့် အဖွဲ့ဝင်များမှကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

   ကွင်းဆင်းဆောင်ရွက်ရာတွင် ချေးငွေရယူရန်လျှောက်ထားသည့်  လုပ်ငန်းများအတွက် သက်ဆိုင်ရာဌာနများ၏ သတ်မှတ်ထားသည့် အချက်အလက်များနှင့်ကိုက်ညီမှုရှိ/ မရှိနှင့် လက်ရှိ ဆောင်ရွက်နေသည့် လုပ်ငန်းအခြေအနေတို့ကို စိစစ်မေးမြန်းခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးဦးလှစိုးက စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေး လုပ်ငန်းရှင်၏တာဝန်များနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ ပြဌန်းချက်များကို အသိပညာပေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရန်ကုန်)

“ ခရမ်းမြို့နယ်အတွင်းရှိ ဆန်စက်နှင့်ဆန်ဆိုင်များအား ဆန်ဖြန့်ဖြူးရောင်းချနေမှုအခြေအနေနှင့် ဆန်ကြိတ်ခွဲထုတ်လုပ်မှု အခြေအနေအား ကွင်းဆင်းစစ်ဆေးခြင်း ”

    ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်အတွင်းရှိ ဆန်စက်များနှင့်ဆန်ဆိုင်များအား ဆန်စပါးကြိတ်ခွဲထုတ်လုပ်နေမှုအခြေအနေနှင့် ဆန်ဖြန့်ဖြူးရောင်းချနေမှုအခြေအနေတို့အား စက်တင်ဘာလ (၁) ရက်နေ့၊ နေ့လယ် (၁၃:၀၀) အချိန်တွင် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့မှ သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

   ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ခရမ်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး နှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေးတာဝန်ခံနှင့်ဝန်ထမ်းများ၊ စားသုံးသူရေးရာဦးစီးဌာနမှမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများ ပူးပေါင်းအဖွဲ့သည် ခရမ်းမြို့နယ် (၂)ရပ်ကွက်၊ ကမ်းနားလမ်းရှိ ဒေါ်သောင်းသောင်းဆန်ဆိုင်၊ စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်ရှိ ငြိမ်းဆန်ဆိုင်၊ ပြည့်ဝဆန်ဆိုင်၊ အောင်နိုင်ဆန်ဆိုင်များနှင့် ခရမ်းမြို့နယ် ကမ်းနားလမ်းရှိ မြင့်ဆန်စက်၊ ငြိမ်းချမ်းရေးဆန်စက်တို့တွင် ဒေသထွက်စပါးများဖြစ်သော ဧည့်မထအုပ်စု ဆင်းသုခ၊ ရွှေမန်း၊ မနောသုခ စပါးများကြိတ်ခွဲထုတ်လုပ်ဖြန့်ဖြူးရောင်းချနေမှုအခြေအနေ ဆန်ဆိုင်များအနေဖြင့် ဘုရင့်နောင်ပွဲရုံ၊ ပုဇွန်တောင်ဈေးပွဲရုံများမှ ဝယ်ယူဖြန့်ဖြူးရောင်းချလျှက်ရှိသော ဈေးနှုန်းအခြေအနေတို့အား မေးမြန်းစုံစမ်းစာရင်းကောက်ယူခြင်းများ ကွင်းဆင်းစစ်ဆေးခဲ့ကြပြီး စားသုံးသူရေးရာဦးစီးဌာနမှမြို့နယ်တာဝန်ခံ ဒေါ်ကျော့ကေခိုင်က ဆန်စက်နှင့် ဆန်ဆိုင်ပိုင်ရှင် စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံး၏ ညွှန်ကြားချက်များဖြစ်သော ဆန်အပါအဝင် အခြေခံစားသောက်ကုန်ပစ္စည်းများ၊ ဈေးကွက်အတွင်း ပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းကြီးမြင့်မှုမရှိစေရေးနှင့် ဈေးနှုန်းများတည်ငြိမ်မှုရှိစေရေးတို့အတွက် မိမိဌာနအနေဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများအား စဉ်ဆက်မပြတ်ဆောင်ရွက် လျှက်ရှိကြောင်း အသိပညာပေးပြောကြားခဲ့ပြီး ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ ခရမ်းမြို့နယ်၌ စာအုပ်စနစ်ဖြင့် စားအုန်းဆီဖြန့်ဖြူးရောင်းချနေမှုအခြေအနေ ကွင်းဆင်းစစ်ဆေးခြင်း ”

    ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင် ခရမ်းမြို့နယ်အတွင်းရှိ စားအုန်းဆီရောင်းချနေသော ဆိုင်များတွင် သတ်မှတ်ဈေးနှုန်းဖြင့် စားသုံးသူပြည်သူများအဆင်ပြေစွာဖြင့် အလွယ်တကူဝယ်ယူနိုင်ရေးအတွက် စာအုပ်စနစ်ဖြင့် စားအုန်းဆီများဖြန့်ဖြူးရောင်းချနေမှုအခြေအနေအား စက်တင်ဘာလ(၂)ရက်နေ့၊ နံနက်(၀၉း၀၀)နာရီအချိန်တွင် တာဝန်ရှိသူများ ပူးပေါင်းအဖွဲ့နှင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

  ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ခရမ်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှတာဝန်ရှိသူများ ခရမ်းမြို့နယ် စားအုန်းဆီကိုယ်စားလှယ်ဦးရဲဝင်းကျော်နှင့် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာဝန်ခံ ဒေါ်ကျော့ကေခိုင်တို့ ပူးပေါင်းအဖွဲ့သည် ခရမ်းမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်ရှိ ရုံ(ဘီ)ဆိုင်အမှတ်(၇)ဦးအောင်မင်းဆီဆိုင်၊ ရုံ(အီ)ဆိုင်အမှတ်(၁/၂၊ ၉/၁၀)  ဒေါ်မြသန်းဆီဆိုင်၊ ရုံ(အီ)ဆိုင်အမှတ် (၁၆/၁၇၊၂၃/၂၄) ဦးစိုးသိန်းဆီဆိုင်များတွင် အိမ်ထောင်စုတစ်ခုလျှင် စားအုန်းဆီ(၅၀)ကျပ်သားနှုန်းကို စာအုပ်စနစ်ဖြင့် စတင်ရောင်းချနေမှုအခြေအနေနှင့် စားအုန်းဆီဖြန့်ဖြူးရောင်းချပေးလျှက်ရှိသော စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားအုန်းဆီခွဲတမ်းများအား လုံလောက်စွာခွဲဝေချထားပြီးဖြစ်သဖြင့် ရရှိသည့်ဆီခွဲတမ်းအလိုက် ခရမ်းမြို့နယ် အတွင်းရှိ စားသုံးသူပြည်သူများအခက်အခဲမရှိ စာအုပ်စနစ်ဖြင့် စနစ်တကျဝယ်ယူစားသုံးနိုင်ရေးအတွက် သတ်မှတ်ဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးကြရန် အသိပညာပေးပြောကြားခဲ့ပြီး စာအုပ်စနစ်ဖြင့် စားအုန်းဆီစတင်ဖြန့်ဖြူးရောင်းချနေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ဘားအံမြို့ရှိ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

    စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဘားအံခရိုင်ဦးစီးမှူး ဦးမျိုးဝင်းနိုင်နှင့် ဝန်ထမ်းများသည် ၅-၉-၂၀၂၄ ရက်၊ ကြာသပတေး နံနက် ၁၀:၃၀ နာရီအချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံကျောင်းရှိ ဆရာ၊ဆရာမများ (ကျောင်းသား၊ကျောင်းသူ)များအား စားသုံးသူကာကွယ်‌ရေးဆိုင်ရာ  သိကောင်းစရာအကြောင်းကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရသည်။

   အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဘားအံခရိုင် ဦးစီးမှူး ဦးမျိုးဝင်းနိုင်က ကမ္ဘာစားသုံးသူအခွင့်အရေးများနေ့ဖြစ်ပေါ်လာပုံ သမိုင်းအကြောင်းနှင့် စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များအကြောင်း၊ စားသုံးသူကာကွယ်ရေးအကြောင်း သိကောင်းစရာများနှင့် ထုတ်ကုန်လုံခြုံစိတ်ချမှုရှိသော အစားအသောက်နှင့်ကုန်စည်များကို စနစ်တကျ‌ရွေးချယ်ဝယ်ယူ စားသောက်သုံးစွဲတတ်စေရန်အတွက် ကုန်အညွှန်းအမှတ်အသားအကြောင်းကို  Power Point ဖြင့် ကျောင်းသား၊ ကျောင်းသူများကို လွယ်ကူစွာ သိရှိနိုင်ရန်  ရှင်းလင်းပြောကြားခဲ့ကာ ဆရာ၊ ဆရာမ (၁၂) ဦး၊  ကျောင်းသား၊ ကျောင်းသူများ (၁၁၄)ဦး၊ စုစုပေါင်း ဦးရေ(၁၂၆) တက်ရောက်ပြီး  လက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(ကရင်)

 

သတင်းအချက်အလက်နည်းပညာဌာနခွဲတာဝန်ခံသည် ဆန်စက်လုပ်ငန်းရှင်နှင့်တွေ့ဆုံ

       ၄-၉-၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး၊ သတင်းအချက်အလက်နည်းပညာဌာနခွဲတာဝန်ခံသည် ပြည်နယ်ဦးစီးမှူးရုံး၌ မုဒုံမြို့နယ်မှ “ချမ်းမွန်” ဆန်စက်လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။

        ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် သတင်းအချက်အလက်နည်းပညာဌာနခွဲတာဝန်ခံက ဆန်စက်လုပ်ငန်းရှင်အား ဆန်စက်များရှိ ဆန်စပါးသိုလှောင်ရုံများမှာ စပါးတင်း (၅၀၀၀) နှင့်အထက်၊ ဆန်တန်ချိန် (၅၀)နှင့်အထက်ဖြစ်ပါက သိုလှောင်ရုံမှတ်ပုံတင်ခြင်းကို မဖြစ်မနေဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သိုလှောင်ရုံမှတ်ပုံတင်ခြင်းကို www. myro. com. mm Website တွင် ဝင်ရောက်လျှောက်ထားနိုင်ကြောင်းကိုဆွေးနွေးခဲ့ပြီး သိုလှောင်ရုံမှတ်ပုံတင်လျှောက်ထားရန်အတွက် လိုအပ်သော စာရွက်စာတမ်းများ၊ ထောက်ခံချက်များ၊ ဓာတ်ပုံများကိုပြင်ဆင်ထားရှိရန်နှင့် သိုလှောင်ရုံမှတ်ပုံတင်ရရှိပြီးလျှင် ကုန်ဝင်၊ ကုန်ထွက်၊ လက်ကျန်စာရင်းများကို သိုလှောင်ရုံလုပ်ငန်းစဉ်တွင် လစဉ်လဆန်း (၁) ရက်နေ့မှ (၅) ရက်နေ့အတွင်း ပုံမှန်ဖြည့်သွင်းသွားရန် ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မွန်)

 

“ ကော့မှူးမြို့နယ်အတွင်းရှိ ဆန်ဆိုင်များနှင့်ဆန်စက်များ ဆန်စပါးကြိတ်ခွဲထုတ်လုပ်နေမှု အခြေအနေနှင့် ဝယ်ယူဖြန့်ဖြူးရောင်းချနေမှု အခြေအနေကွင်းဆင်းစစ်ဆေးခြင်း ”

 ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်အတွင်းရှိ ဆန်ဆိုင်များနှင့်ဆန်စက်များအား စက်တင်ဘာလ(၂)ရက်နေ့၊ နေ့လယ်(၁၁၃၀)အချိန်တွင် ဆန်စပါးကြိတ်ခွဲထုတ်လုပ်နေမှု အခြေအနေနှင့် ဝယ်ယူဖြန့်ဖြူးရောင်းချနေမှု အခြေအနေတို့အား သက်ဆိုင်ရာဌာနများ ပူးပေါင်းအဖွဲ့ နှင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

   ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ကော့မှူးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်စခန်းမှူးနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ မြို့မဈေးတာဝန်ခံနှင့်ဝန်ထမ်းများ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ပူးပေါင်းအဖွဲ့သည် တောင်ပိုင်းရပ်ကွက်ရှိ ရွှေနဂါးဆန်စက်နှင့် စည်ပင်သာယာမြို့မဈေး အတွင်း/ အပြင်တွင် ဖြန့်ဖြူးရောင်းချလျှက်ရှိသော ဒေါ်မူဆန်ဆိုင်၊ ချမ်းသာကြီးဆန်ဆိုင်၊ မြင့်ထူးဆန်ဆိုင်များမှ ဆန်စက်ပိုင်ရှင်၊ ဆန်ဆိုင်ပိုင်ရှင် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဆန်ဈေးနှုန်းများ မတည်မငြိမ်ဖြစ်စေရန် ရည်ရွယ်ချက်ရှိရှိဖြင့် သိုလှောင်ထားခြင်းများမပြုလုပ်ကြရန်နှင့် ပူးပေါင်းအဖွဲ့အနေဖြင့် ယခုလိုကွင်းဆင်းစစ်ဆေးရခြင်းမှာ ကုန်ဈေးနှုန်းများတည်ငြိမ် စေရေးအတွက် ကြပ်မတ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ဈေးကွက်အတွင်း ဆန်စပါးအပါအဝင် အခြေခံစားကုန်ပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းကြီးမြင့်မှုမရှိစေရေး၊ ဈေးနှုန်းမြှင့် တင်ရောင်းချရန်ရည်ရွယ်ပြီး သိုလှောင်ထားခြင်းများမရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေးရခြင်းဖြစ်ကြောင်း တွေ့ဆုံဆွေးနွေးပြောကြား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ရုံးချုပ်မှ ကျင်းပပြုလုပ်သည့် ဆန်/စပါး စျေးနှုန်း အစည်းအဝေးသို့ Online Virtual စနစ်ဖြင့် တက်ရောက်

    ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ၊ ၅ ရက်နေ့၊ နံနက်(၁၀း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရုံးချုပ်၊ နေပြည်တော်မှ ကျင်းပပြုလုပ်သည့် ဆန်/စပါးစျေးနှုန်း အစည်းအဝေးသို့ စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးမှ Online Virtual စနစ်ဖြင့် တက်ရောက်ခဲ့ပါသည်။

   အစည်းအဝေးတွင် စားသုံးသူ‌ရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်မှ ရွှေဘိုပေါ်ဆန်းဆန်များ၏ စီးဝင်/စီးထွက်၊ စားသုံး ပို/လျှံ၊ ဝယ်/သယ်/သို/ကြိတ် ရည်ညွှန်းစျေးကိစ္စများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

    ဆက်လက်၍ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ လက်လီရောင်းချသူများ အသင်း၊ ဝါးတန်းကုန်စည်ဒိုင်၊ ဘုရင့်နောင်ကုန်စည်ဒိုင်၊ ရွှေဘိုပေါ်ဆန်းစပါး စိုက်ပျိုးထုတ်လုပ်သူများအသင်း၊ ဧရာဝတီ၊ မြောင်းမြ၊ ဖျာပုံ ဆန်စက်ပိုင်ရှင်အသင်းများမှ အသီးသီး ဆွေးနွေးခဲ့ကြပြီး စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးများမှ မြေပြင်အခြေအနေများအား ဖြည့်စွက်ဆွေးနွေးခဲ့ကြပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်မှ လိုအပ်သည်များအား ဖြည့်စွက်မှာကြားခဲ့ကာ အစည်းအဝေးအား နေ့လယ်(၁၂း၄၅) နာရီအချိန်တွင် ပြီးမြောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

စားသုံးဆီတင်သွင်းဖြန့်ဖြူးခြင်းဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

  စားအုန်းဆီတင်သွင်းဖြန့်ဖြူးခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ အတွင်းရေးမှူး၊ စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဦးဆောင်၍ ၄-၉-၂၀၂၄ ရက်နေ့ (ဗုဒ္ဓဟူးနေ့)၊ နံနက် ၀၉:၃၀ နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအစည်းအဝေးခန်းမ၊ ရုံးအမှတ်(၅၂)တွင် (Virtual Meeting) စနစ်ဖြင့်ကျင်းပခဲ့ရာ မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ်ဦးစီးမှူးနှင့် ဝန်ထမ်း (၂)ဦးတက်ရောက်ခဲ့ကြောင်းသိရပါသည်။

       အဆိုပါအစည်းအဝေးတွင် စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က တိုင်း/ပြည်နယ်များမှ စားအုန်းဆီနှင့်ပတ်သက်၍ စာရင်းဇယားများအချိန်မှီပေးပို့နိုင်ရေး၊ ရရှိသောဆီခွဲတမ်းများအား အပြည့်အဝရရှိအောင်ထုတ်ယူနိုင်ရေး စသည့်အချက်များကိုရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး ဆီလုပ်ငန်းရှင်များက မိမိတို့၏အခက်အခဲများအား တင်ပြဆွေးနွေးခဲ့ပြီးနောက် တိုင်း/ ပြည်နယ်စားသုံးသူရေးရာဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးများက အပြန်အလှန်ဆွေးနွေးခဲ့ကြကာ အစည်းအဝေးကို နေ့လယ် (၁၂:၃၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်းသိရပါသည်။

DOCA(မွန်)

“ ကော့မှူးမြို့နယ်ရှိ ဆေးဆိုင်များတွင် ဖြန့်ဖြူးရောင်းချနေသည့် ဆေးဝါးများ၏ဈေးနှုန်းအခြေအနေ ကွင်းဆင်းစစ်ဆေးခြင်း ”

     ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်အတွင်းရှိ ဆေးဆိုင်များတွင် ဖြန့်ဖြူးရောင်းချပေးလျှက်ရှိသော ဆေးဝါးများ၏ဈေးနှုန်းအခြေအနေအား စက်တင်ဘာလ(၂)ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် ပူးပေါင်းအဖွဲ့ဖြင့် ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံး၏လမ်းညွှန်ချက်အရ ပြည်တွင်း၌စားနပ်ရိက္ခာဖူလုံစေရေး၊ အခြေခံစားကုန်များဈေးနှုန်း တည်ငြိမ်စေရေးနှင့် ဈေးကွက်အတွင်းပစ္စည်းပြတ်လပ်မှုမရှိစေရေးတို့ကို အလေးထားဆောင်ရွက်လျှက်ရှိရာ ကော့မှူးမြို့နယ် ကျန်းမာရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေးတာဝန်ခံ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံတို့ပူးပေါင်းအဖွဲ့သည် ရပ်ကွက်များနှင့် စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်ရှိဆေးဆိုင်များတွင် စားသုံးသူပြည်သူများအနေဖြင့် အသုံးများသည့်ဆေးဝါးများဖြစ်သော အားဆေး၊ သွေးကျဆေး၊ အကိုက်အခဲ ပျောက်ဆေး၊ အာရုံကြောဆေး၊ သန္ဓေတားဆေး၊ သွေးကျဲဆေး၊ လေဆေး၊ ရင်ကြပ်ပျောက်ဆေး၊ ရှူဆေး၊ ဝမ်းပိတ်ဆေးစသည့် လူသုံးများသောဆေးဝါးများ ဧပြီလမှစ၍ စက်တင်ဘာလအထိ ဈေးနှုန်းအဆမတန် မြင့်တက်ခြင်းရှိ/ မရှိနှင့် ဈေးနှုန်းပြောင်းလဲမှုအခြေအနေအား စာရင်းကောက်ယူ မေးမြန်းဆွေးနွေးအသိပညာပေး ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ