Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဈေးကွက်အတွင်းရှိ စားအုန်းဆီအရောင်းဆိုင်များသို့ ကွင်းဆင်းစီစစ်ကြပ်မတ်ခြင်း

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားအုန်းဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီသည် ပြည်ပမှ တင်သွင်းသည့် စားသုံးဆီများ သတ်မှတ်အရည်အသွေး စံချိန်စံညွှန်းများနှင့် ပြည့်မီစေရေး၊ စားသုံးသူပြည်သူများ ကျန်းမာရေးနှင့် ညီညွှတ်သော စားသုံးဆီများကို သုံးစွဲနိုင်ရေး၊ ဈေးနှုန်း တည်ငြိမ်စွာဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ကြီးကြပ်ဆောင်ရွက်လျက်ရှိရာ စားသုံးသူရေးရာ ဦးစီးဌာန၊ ရန်ကုန်အ‌ရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးဦး‌ဆောင်၍ ၁၉.၁၁.၂၀၂၂ ရက်နေ့တွင် အရှေ့ပိုင်းခရိုင်အတွင်းရှိ စားအုန်းဆီ လက်လီ/လက်ကားဖြန့်ဖြူးရောင်းချသော ဆီဆိုင်များသို့ ဈေးကွက်ကွင်းဆင်း စီစစ်ကြပ်မတ် ဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့ကြာင်း သိရှိရပါသည်။ DOCA(ရန်ကုန်)

ကလေးခရိုင်အတွင်းရှိ ဖောင်းပြင်မြို့နှင့် တမူးမြို့တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေး

        စစ်ကိုင်းတိုင်း‌‌ဒသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ကလေးခရိုင်ဦးစီးမှူးရုံးအနေဖြင့် (၂၂.၁၁.၂၀၂၂) ရက်နေ့တွင် ခရိုင်အတွင်းရှိ ဖောင်းပြင်မြို့နှင့် တမူးမြို့များတွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

       ထိုသို့ သွားရောက်စစ်ဆေးရာတွင် ဈေးကွက်အတွင်းရောင်းချနေသည့်ကုန်စည်များတွင် ကုန်ညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိနှင့် စားသုံးရန်မသင့်သည့် အစားအသောက်များရောင်းချခြင်း ရှိ/မရှိကို အဓိကထား၍ စည်ပင်သာယာဈေးနှင့် ရပ်ကွက်များသို့ လစဉ် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုလအတွင်း ဖောင်းပြင်မြို့တွင် ကျွန်းရွှေဝါရပ်ကွက်အတွင်းရှိ မုန့်မျိုးစုံဆိုင်နှင့် တမူးမြို့တွင် စည်ပင်သာယာဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များအား စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

လပွတ္တာခရိုင် လပွတ္တာမြို့နယ်၊ ဆန်စက်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း

        ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် တာဝန်ခံဦးမြင့်ဌေးနှင့် ဝန်ထမ်းများသည် (၂၁.၁၁.၂၀၂၂)ရက်နေ့ နံနက် (၁၀:၀၀) နာရီက  စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးတွင် ဆန်စက်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံမှ စားသုံးသူရေးရာဦးစီးဌာန၏ လက်ရှိဆောင်ရွက်နေသော လုပ်ငန်းတာဝန်များ၊ ရှေ့ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များ၊ ဦးစွာရှင်းလင်းပြောကြားပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များမှ စားသုံးသူ၏အခွင့် အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒါဏ်များအား အသေးစိတ်ရှင်းလင်းဟောပြောခဲ့ပြီး လက်ရှိရောင်းဝယ်နေသော ကုန်စည်များ၏ဈေးနှုန်းများအနေဖြင့် ဖြစ်သင့်ဖြစ်ထိုက်သော ဈေးနှုန်းများဖြင့် ရောင်းဝယ်ကြရန် အလေးတင်းတောင်းမှန်မှန်ကန်ကန်ချိန်တွယ် ဝယ်ယူနိုင်ရေး အလေးထားဆောင်ရွက်ရန်၊ လုပ်ငန်းရှင်များအနေဖြင့် ဌာနမှထုတ်ပြန်ထားသော ဥပဒေညွှန်ကြားချက်များအား သိရှိလိုက်နာဆောင်ရွက်ကြရန် ဟောပြောဆွေးနွေးခဲ့ပါသည်။ဟောပြောပွဲသို့ ဆန်စက်လုပ်ငန်းရှင်(၉)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

မြောင်းမြခရိုင်ဦးစီးမှူးမှ အိမ်မဲမြို့နယ်ဦးစီးမှူးရုံး၌ ဆန်စက်လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း

        ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူး ဦးဇော်လင်းအောင် နှင့် ဝန်ထမ်းများသည် (၂၁.၁၁.၂၀၂၂)ရက်နေ့ နံနက်(၁၀:၀၀)နာရီက အိမ်မဲမြို့နယ် ဦးစီးမှူးရုံးတွင် ဆန်စက်လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် မြောင်းမြခရိုင်ဦးစီးမှူးမှ စားသုံးသူရေးရာဦးစီးဌာန၏ လက်ရှိဆောင်ရွက်နေသော လုပ်ငန်းတာဝန်များ၊ ရှေ့ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်များကို ဦးစွာရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသော ဆန်စက်လုပ်ငန်းရှင်များအနေဖြင့် လက်ရှိ Gasifier နှင့် စပါးခွံလောင်စာတောင့်စက်ရုံများ တိုးချဲ့တည်ဆောက်ရေးနှင့် ပတ်သက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လုပ်ငန်းတိုးချဲ့တည်ဆောက်ရေးအတွက် လိုအပ်သည့်ချေးငွေကိစ္စများအား အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး လက်ရှိရောင်းဝယ်ကြိတ်ခွဲ၊ ထုတ်လုပ်နေသော ဆန်  စပါး ဈေးနှုန်းဈေးကွက်အခြေအနေများ အချိန်အတွယ်မှန်ကန်မှုရှိစေရေး အလေးထားဆောင်ရွက်ရန် စားသုံးသူများနစ်နာမှုမရှိစေနိုင်ရေး မလိုလားအပ်သော အငြင်းပွားမှုများမဖြစ်ပေါ်စေရေး ဂရုစိုက်ဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားခဲ့ပါသည်၊ ဆန်စက်လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများမှ သိရှိလိုသည်များ မေးမြန်းဆွေးနွေးခြင်းအား ခရိုင်ဦးစီးမှူးမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်၊ ဆွေးနွေးပွဲသို့ ဆန်စက်လုပ်ငန်းရှင်(၁၂)ဦး တက်ရောက်ခဲ့ပါသည်။

DOCA(ဧရာဝတီ)

 

စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

         ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့ နယ်တာဝန်ခံသည် (၂၁.၁၁.၂၀၂၂)ရက်နေ့ ‌နံနက် (၁၀:၃၀) အချိန်တွင် အုတ်တွင်းကျေးရွာအုပ်စုရှိ အ-ထ-က ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများနှင့် ကျောင်းမုန့်ဈေးတန်းရှိ ဈေးဆိုင်ပိုင်ရှင်များ (၂၉၀) ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော ဆောင်ရွက်ခဲ့ပါသည်။

          ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးကျော်နိုင်ဝင်းမှ စားသုံးသူကာကွယ်ရေး ဥပဒေကို ၂၀၁၉ခုနှစ် မတ်လ(၁၅)ရက်နေ့တွင် အခန်း(၂၅)ခန်း၊ ပုဒ်မ(၈၄)ခုဖြင့် ပြဌာန်းခဲ့ကြောင်း၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များအကြောင်း၊ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံချက် ပေးခြင်းများအကြောင်း၊ အခန်း(၁၈)ပါကုန် အညွှန်းအမှတ် အသားဖော်ပြခြင်းအကြောင်း၊ စားသုံးသူ ဆိုသည်မှာ ကုန်စည်သို့မဟုတ် ဝန်ဆောင်မှုကို ကုန်သွယ်ရောင်း ချခြင်းပြုရန် သို့မဟုတ် အသက်မွေးဝမ်းကျောင်းပြုရန် မဟုတ်ဘဲ ကိုယ်တိုင်သုံးစွဲမှု အတွက်သော်လည်းကောင်း၊ အခြားသူအတွက်သော်လည်းကောင်း ရည်ရွယ်၍ ဝယ်ယူခြင်း၊ အသုံးပြုခြင်း၊ ရယူခြင်း၊ ကုန်စည်ချေးငှားခြင်းပြုလုပ်သူများ သို့မဟုတ် ပေးကမ်းထောက်ပံ့ခြင်းခံရသူများကို ဆိုလိုကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူများအား အသင့်စားမုန့်အမျိုးမျိုးတို့ကို ဝယ်ယူစားသုံးရာတွင် ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့် ရက်စွဲများ အဓိက   ဖတ်ရှု့ရမည်ဖြစ်ကြောင်း၊ ကျောင်းမုန့်ဈေးတန်း အတွင်းရောင်းချနေသော မုန့်ဆိုင် ပိုင်ရှင်များအနေဖြင့်လည်း မိမိတို့ရောင်းချနေသော အသင့်စားမုန့်များအား စားသုံးသူတို့အတွက် ဘေးအန္တရာယ်မဖြစ်စေရေးကို ဦးစားပေးသင့်ကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ အကြောင်း စသည်တို့ကို အသိပညာပေးဟောပြောခဲ့ပြီး စားသုံးသူကာကွယ်ရေး ဥပဒေစာအုပ်နှင့် လက်ကမ်းစာစောင်များ ပေးဝေခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

 

 

ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခြင်း

         ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်မှ ဝန်ထမ်းများသည်(၂၁.၁၁.၂၀၂၂)ရက်နေ့ နံနက် (၁၀:၀၀)နာရီ အချိန်တွင် မြို့မဈေးအတွင်းရှိ စတိုးဆိုင်နှင့် ကုန်မျိုးစုံဆိုင် များအား မြို့နယ် စည် ပင်သာယာဦးစီးဌာနနှင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ပါ သည်။

        ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များအား ဝယ်ယူ စားသုံးသူမိဘပြည်သူများ အန္တရာယ်မဖြစ်စေရန်နှင့် ကုန်စည်ပေါ်တွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှုရှိ/မရှိ၊ တားမြစ်ကုန်စည်များ တင်သွင်းရောင်းချမှုရှိ/မရှိတို့ကို စစ်ဆေးခဲ့ပြီး၊ ဆိုင်ပိုင်ရှင်များ လိုက်နာရမည့်အချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်းနှင့် တရားဝင်တင်သွင်းလာသည့် ကုန်ပစ္စည်းများကိုသာရောင်းချရန် အသိပညာပေးဆွေးနွေးခဲ့ပြီး၊ ကုန်မျိုးစုံဆိုင်(၅)ဆိုင်အား စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

“ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်အသစ်ပြုလုပ်သောကုမ္ပဏီများအားကွင်းဆင်းစစ်ဆေး”

        မန္တလေးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန ကျောက်ဆည်ခရိုင်ဦးစီးမှူးဦးဆောင်သော ဝန်ထမ်းများသည် (၂၂-၁၁-၂၀၂၂) ရက်နေ့တွင် ကျောက်ဆည်မြို့နယ်နှင့် စဉ့်ကိုင်မြို့နယ်ရှိ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်အသစ်ပြုလုပ်သောကုမ္ပဏီများဖြစ်သည့်  စဉ့်ကိုင်မြို့နယ်၊ ရွာဟောင်းကုန်းကျေးရွာရှိ  ရေထွက်ကုန်ပစ္စည်းများ တင်ပို့ရောင်းချနေသည့် Hay Zar Lay Co.,Ltd နှင့် ကျောက်ဆည်မြို့နယ်၊ ရှမ်းရွာကြီးကျေးရွာရှိ Lecheng Co.,Ltd ၏ ကျောက်မီးသွေးရောင်းဝယ်ရေးလုပ်ငန်းသို့ သွားရောက်စစ်ဆေးခဲ့ပါသည်။ ထိုသို့စစ်ဆေးရာတွင် ကုမ္ပဏီများမှ ၄င်းတို့လိပ်စာတွင် အမှန်တကယ်ဖွင့်လှစ်ထားခြင်းရှိ/မရှိ ဒါရိုက်တာအဖွဲ့ဝင်များသည်နေရပ်လိပ်စာများတွင် အမှန်တကယ်နေထိုင်ခြင်းရှိ/မရှိ နေထိုင်သည့်အဆောက်အဦအမျိုးအစား၊ ပိုင်ဆိုင်မှုအခြေအနေ၊ ယခင်က ကုမ္ပဏီတည်ထောင်ခဲ့ခြင်း ရှိ/မရှိ၊ ကုမ္ပဏီမှလျှောက်ထားမှုလုပ်ငန်းနှင့် လက်ရှိမြေပြင်တွင် ဆောင်ရွက်နေသည့်လုပ်ငန်းအခြေအနေ ကိုက်ညီမှုရှိ/မရှိနှင့် ဆောင်ရွက်သည့်လုပ်ငန်း၏ ဆောင်ရွက်ပြီးစီးမှုပမာဏအား စစ်ဆေးခဲ့ကြောင်းသတင်းရရှိပါသည်။

DOCA(မန္တလေး)

 

စားသုံးသူနစ်နာမှုများအတွက် စားသုံးသူများ၏ အခွင့်အရေးအကြောင်း အသိပညာပေး Talk Show အစီအစဉ်ဖြင့် ဆွေးနွေး

        တနင်္သာရီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တို့မှ ပူးပေါင်း၍ မြိတ်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ တွင် စားသုံးသူဆိုင်ရာ နစ်နာဆုံးရှုံးမှုနှင့်ပတ်သက်၍ စားသုံးသူများရရှိနိုင်မည့်အခွင့်အရေးအကြောင်း အသိပညာပေး Talk Show ဆွေးနွေးပွဲ ကို ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ (၂၄)ရက်နေ့၊ နေ့လယ် (၁)နာရီအချိန်တွင် ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

          ၎င်း Talk Show အစီအစဉ်ဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်ဝါဝါခိုင်၊ ခရိုင်ဦးစီးမှူးမှ Talk Show ပြုလုပ်ရခြင်းရည်ရွယ်ချက်နှင့် အဖွင့်စကားပြောကြားခြင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မိုးသီသီ (ဦးစီးမှူး)က မိမိတို့ဌာန၏ ဆောင်ပုဒ် မှာ စားသုံးသူအခွင့်အရေးဦးစားပေး ဖြစ်ကြောင်း၊ ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် စားသုံးသူများ၏ တာဝန်များ၊ စားသုံးသူ များ နစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက တိုင်ကြားနိုင်မည့်နည်းလမ်းများ၊ တိုင်ကြားနိုင်သည့်နေရာများ အား အသိပညာပေးဆွေးနွေးခြင်း၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှု များရှိပါက အလွယ်တကူဆက်သွယ်တိုင်ကြားနိုင်ရန်အတွက် စားသုံးသူတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC) သို့ လူကိုယ်တိုင်ဖြစ်စေ၊ စာဖြင့်ဖြစ်‌စေ၊ Website မှ တဆင့်ဖြစ်စေ၊ DOCA Myanmar Application ဖြင့်ဖြစ်စေ တိုင်ကြား၍ရနိုင်ကြောင်းနှင့် Consumer Call Center နံပါတ်ဖြစ်တဲ့ (၁၅၃၅)သို့လည်း မည်သည့် Sim Card User များနှင့်မဆို ခေါ်ဆိုအသုံးပြု ဆက်သွယ်နိုင်သည်ဟု ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ မြို့မဈေးအတွင်းရှိ မုန့်မျိုးစုံဆိုင်များအား ကွင်းဆင်းစစ်ဆေး

       ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် တာဝန်ခံ ဦးအောင်မိုးသည် (၂၁.၁၁.၂၀၂၂)ရက်နေ့၊ နေ့လယ်  (၁၃:၃၀) နာရီက  မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ ဝါးခယ်မမြို့၊ မြို့မဈေးအတွင်းရှိ မုန့်မျိုးစုံဆိုင်များတွင် ရောင်းချနေသောမုန့်များ၌ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်ရှိ/မရှိ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ ပါသည်။

       ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ဝါးခယ်မမြို့နယ်၊ မြို့မဈေးအတွင်းရှိ မုန့်မျိုးစုံ ဆိုင်များတွင်ရောင်းချနေသော မုန့်ဆိုင်ပိုင်ရှင်များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ ပြဌာန်းချက်များမှ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သတ်၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ-၄၁ ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်း အမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍ တွဲလျှက်ဖြစ်စေ၊ ရေးသားဖော်ပြရမည်ဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့်ဥပဒေ၊ ညွှန်ကြားချက်များအား လိုက်နာဆောင် ရွက်ကြရန်၊ ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်ပြည့်စုံမှုရှိ/မရှိအား ဌာနမှ ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုကို စဉ်ဆက်မပြတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ အခြေခံပညာ အ-ထ-က ခွဲ ကျောင်းတွင်  စားသုံးသူကာကွယ်ရေး ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

      ကရင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဒေါ်သီတာဌေးနှင့် ဝန်ထမ်းသည်  ၂၂-၁၁-၂၀၂၂ ရက်နေ့နံနက် ၁၀:၀၀ နာရီအချိန်တွင် ဘားအံမြို့ပေါ် ရှိ အခြေခံပညာ အ-ထ-ကခွဲ(ကော့ထော်)ကျောင်းတွင် ပညာရေးဝန်ကြီးဌာန၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ အသိပညာပေး ဟောပြောပွဲကျင်ပခဲ့ကြောင်း သိရှိရပါသည်။

    အဆိုပါဟောပြောပွဲတွင် သက်ဆိုင်ရာမိတ်ဖက်ဌာနများမှ မိမိတို့သက်ဆိုင်သည့်ဌာနအလိုက် အကြောင်းအရာများကို ဟောပြောခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှာ ဒေါ်သီတာဌေး ဒုကြီးကြပ်ရေးမှူးက စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်နှင့် စားသုံးသူ ပြည်သူများလိုက်နာရမည့် တာဝန်နှင့်အခွင့်အရေးများအကြောင်းကိုလည်းကောင်း၊ အငယ်တန်းစာရေး ဒေါ်မိခင်သူဇာက ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသောကုန်စည်များကို စနစ်တကျ ရွေးချယ်ဝယ်ယူ စာသောက်သုံးစွဲတတ်စေရန်အတွက် ကုန်အညွှန်းအမှတ်အသားအကြောင်းကိုလည်းကောင်း နားလည်သဘောပေါက်လွယ်စေရန် မုန့်မျိုးစုံဖြင့် ဥပမာပေး ပြသ၍ ကျောင်းအုပ်ဆရာကြီး၊ ဆရာ/ဆရာမများ ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသား/ ကျောင်းသူများ စုစုပေါင်း(၁၈၁)ဦးတို့အား ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသူတို့ကို ဥပဒေစာအုပ်နှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကရင်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ