Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

လေးမျက်နှာမြို့နယ်ရှိ နင်းကြမ်းကျေးရွာတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်

  စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ်ဦးစီးမှူးနှင့်အဖွဲ့သည် လေးမျက်နှာမြို့နယ်၊ နင်းကြမ်းကျေးရွာအုပ်စု၊ (အ.ထ.က) ကျောင်း၌ ဆရာ/ဆရာမ(၇)ဦးနှင့် ကျောင်းသား/သူ(၈၀)ဦးအား (၂၁-၉-၂၀၂၃)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခဲ့ပါသည်။

    ဟောပြောပွဲတွင် မြို့နယ်ဦးစီးမှူး ဦးအောင်သန်းဌေးက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူများသည် ကုန်စည်ကိုရွေးချယ်ဝယ်ယူ တတ်စေရန်အလို့ငှာ ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်း၍ ဖော်ပြပါရှိသည့်အချက်အလက်များကို သေချာစွာစိစစ်ဝယ်ယူနိုင်ရန်၊ အစားအသောက်နှင့်ကုန်စည်များတွင် ဖော်ပြရမည့်ကုန်အညွှန်းအမှတ်အသားများအကြောင်းသိရှိစေရန်၊ ဝယ်ယူအသုံးပြုခဲ့သောကုန်စည်နှင့်ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက ပြောဆိုတင်ပြတိုင်ကြားခွင့်နှင့် ပြန်လည်ကုစားနိုင်ခွင့်များအကြောင်း၊  ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်းသိရှိစေရန်နှင့် စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (Consumer Information and Complaint Center) CICC ဖွင့်လှစ်ထားရှိမှုအခြေအနေကိုလည်ကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအကြောင်းကိုသိရှိလိုပါက www.doca.gov.mm Website တွင် ဝင်ရောက်လေ့လာနိုင်ကြောင်းနှင့် Consumer Call Center No. (1535) သို့လည်းဆက်သွယ်မေးမြန်းနိုင်ကြောင်းကိုလည်းကောင်း စသည်တို့အသိပညာပေး ဟောပြောဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

စားအုန်းဆီသတ်မှတ်ဈေးနှုန်းထက် ပိုမိုရောင်းချမှုမရှိစေရေးနှင့် ရပ်ကွက်များ၌ စားအုန်းဆီရောင်းချပေးနေမှုအား ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် မကွေးတိုင်းဒေသကြီး မြို့နယ်အသီးသီးရှိ ဈေးဆိုင်များတွင် စားအုန်းဆီများ သတ်မှတ်ဈေးနှုန်းထက်ပိုမိုရောင်းမှု မရှိစေရေးအတွက် ခရိုင်/မြို့နယ် စိစစ်ဖော်ထုတ်ကြပ်မတ်ရေးအဖွဲ့ ဖွဲ့စည်းတာဝန်ပေးအပ်လာခြင်းကြောင့် (၂၂.၉.၂၀၂၃) ရက်နေ့ နံနက်(၀၉:၀၀)နာရီအချိန်တွင် မင်းဘူးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး၊ စားသုံးသူရေးရာဦးစီးဌာန မင်းဘူးခရိုင်ဦးစီးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့ အမှုဆောင်အရာရှိတို့ပါဝင်သော ပူးပေါင်းအဖွဲ့များဖြင့် မင်းဘူးမြို့ရှိ စားသုံးဆီ လက်လီ/ လက်ကား ဖြန့်ဖြူးရောင်းချနေသော ငွေစံပယ်ဆီစက်အရောင်းဆိုင်၌ လက်လီရောင်းချသည့် ဈေနှုန်း၊ လက်ကားဖြန့်ဖြူးသည့်ဈေးနှုန်းများသည် သတ်မှတ်ဈေးနှုန်းထက် ပိုမိုရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

 မကွေးတိုင်းဒေသကြီး၊ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ကူညီပံ့ပိုးမှုဖြင့် ပြည်သူ များအား စားအုန်းဆီ (၁)ပိဿာလျှင် ကျပ်(၅၀၀၀)ဖြင့် မင်းဘူးမြို့ အမှတ်(၁)၊ အမှတ်(၂)၊ အမှတ် (၃)၊ အမှတ်(၄)ရပ်ကွက်နှင့် မင်းဘူးမြို့နယ်အနီး ကျေးရွာများမှ စားသုံးသူပြည်သူ အိမ်ထောင်စု (၁၁၀၀)စုအတွက် ဆီ(၅၅၀)ပိဿာ ရောင်းချပေးနေမှုအား အလေးချိန် ပြည့်ဝမှန်ကန်မှု ရှိစေရေး၊ ရောင်းချရာတွင် စနစ်တကျရှိစေရေးတို့ကို ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

လေးမျက်နှာမြို့နယ်၊ ခမောက်စုကျေးရွာရှိ ကုန်စုံဆိုင်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော

     စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ်ဦးစီးမှူးနှင့်အဖွဲ့သည် ခမောက်စုကျေးရွာအုပ်စု၊ ဈေးဟောင်းပိုင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးအိမ်၌ ကုန်မျိုးဆိုင်လုပ်ငန်းရှင်များအား (၂၃-၉-၂၀၂၃) ရက်နေ့၊ နံနက်(၁၀:၃၀) နာရီအချိန်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခဲ့ပါသည်။

 ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးအောင်သန်းဌေးက စားသုံးသူမိဘပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်း ရောင်းချနေသောကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှန်ကန်စွာဖော်ပြခြင်းရှိ/မရှိတို့ကိုစစ်ဆေးခဲ့ပြီး မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ကြေညာထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) နှင့်အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာဖော်ပြထားသော ကုန်စည်များ ကိုသာရောင်းချရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသောညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊  ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများစိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေးနှင့်ပြည့်မီသောကုန်စည်များကိုသာရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ တားမြစ်ချက်များနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ စားသုံးသူမိဘပြည်သူများအနေဖြင့်လည်း စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအကြောင်းကိုသိရှိလိုပါက www.doca.gov.mm Website တွင် ဝင်ရောက်လေ့လာနိုင်ကြောင်း စသည်တို့ကို အသိပညာပေးဟောပြောခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များလည်းဖြန့်ဝေခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

 

အင်္ဂပူမြို့နယ်ရှိ ကွင်းကောက်ကျေးရွာတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲပြုလုပ်

  စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးနှင့်အဖွဲ့သည် အင်္ဂပူမြို့နယ်၊ ကွင်းကောက်ကျေးရွာအုပ်စု၊ (အ.ထ.က) ကျောင်း၌ ဆရာ/ဆရာမ(၁၈)ဦးနှင့် ကျောင်းသား/သူ(၃၁၇)ဦးအား (၁၈-၉-၂၀၂၃)ရက်နေ့၊ နေ့လယ်(၁၃:၃၀)နာရီအချိန်တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာများပေးခဲ့ကြပါသည်။

    ဟောပြောပွဲတွင် မြို့နယ်ဦးစီးမှူး ဦးဘိုဘိုက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူများသည် ကုန်စည်ကိုရွေးချယ်ဝယ်ယူတတ်စေရန် ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်း၍ ဖော်ပြပါရှိသည့်အချက်အလက်များကို သေချာစွာစိစစ်ဝယ်ယူနိုင်ရန်၊ အစားအသောက်နှင့်ကုန်စည်များတွင် ဖော်ပြရမည့်ကုန်အညွှန်းအမှတ်အသားများအကြောင်းသိရှိနိုင်ရန် ဝယ်ယူအသုံးပြုခဲ့သော ကုန်စည်နှင့်ဝန်ဆောင်မှုများကြောင့် နစ်နာ ဆုံးရှုံးမှုများဖြစ်ပေါ်လာပါက ပြောဆိုတင်ပြတိုင်ကြားခွင့်နှင့် ပြန်လည်ကုစားနိုင်ခွင့်များအကြောင်း၊  ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်းသိရှိနိုင်ရန်နှင့် စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (Consumer Information and Complaint Center) CICC ဖွင့်လှစ်ထားရှိမှု အခြေအနေကိုလည်ကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအကြောင်းသိရှိလိုပါက www.doca.gov.mm Website တွင် ဝင်ရောက်လေ့လာနိုင်ကြောင်းနှင့် Consumer Call Center No. (1535) သို့လည်းဆက်သွယ်မေးမြန်းနိုင်ကြောင်းကိုလည်းကောင်း အသိပညာပေး ဟောပြောဆွေးနွေးခဲ့မှုကိုသိရှိရပါသည်။

DOCA(ဧရာဝတီ)

ပန်းတောင်းမြို့နယ်ရှိ သောက်ရေသန့်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

   ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်ရှိ ကုန်မျိုးစုံဆိုင်များ၊ ဥသျှစ်ပင်မြို့ရှိ  ဈေးဆိုင်များသို့သွားရောက်၍ သောက်ရေသန့်ဘူးများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်သန်းသန်းအေးနှင့်ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးဌာနမှ ဝန်ထမ်းများနှင့်ပူးပေါင်း၍ (၂၁-၉-၂၀၂၃)ရက်နေ့၊ နံနက်ပိုင်းတွင် သွားရောက်၍ စစ်ဆေးခဲ့ပါသည်။

   ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဈေးကွက်အတွင်းရောင်းချနေသော ရေသန့်ဘူးများပေါ်တွင် ရေးသားဖော်ပြပါရှိရမည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ မြန်မာဘာသာဖြင့် ရေးသားဖော်ပြထားရှိခြင်းရှိ/မရှိ စစ်ဆေးခဲ့ပါသည်။ အကယ်၍ လိုက်နာဆောင်ရွက်ခြင်းမရှိပါက ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူဆောင်ရွက်နိုင်ပါကြောင်း သိရှိစေရန် ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် ရေသန့်ဘူးများအား သန့်ရှင်းမှုရှိစေရေး အလေးထားဆောင်ရွက်ရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

ပန်းတောင်းမြို့နယ်တွင် ကလေးအာဟာရဖြည့်စွက်စာများအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

   ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများအဖွဲ့သည် (၂၀-၉-၂၀၂၃)ရက်နေ့၊ နံနက်ပိုင်းတွင် ပန်းတောင်းမြို့နယ်ရှိ ကုန်စုံဆိုင်များနှင့် ဥသျှစ်ပင်မြို့ရှိ ဆေးဆိုင်များသို့သွားရောက်၍ ကွင်းဆင်းလေ့လာကြည့်ရှုစစ်ဆေးခဲ့ကြပါသည်။

  ထိုသို့ ကလေးအာဟာရဖြည့်စွက်စာများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတောင်းမြို့နယ်ရှိ ဝန်ထမ်းများနှင့်အတူ မြို့နယ်စည်ပင်သာယာမှ ဝန်ထမ်းများနှင့်ပူးပေါင်း၍ ပါဝင်ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ ကလေးအာဟာရဖြည့်စွက်စာများအား ကွင်းဆင်းစစ်ဆေးရာတွင် ဘူးများအပေါ်၌ ဖော်ပြထားသည့်ကုန်အညွှန်းအမှတ်အသား၊ အလေးချိန်၊ သုံးစွဲရမည့်ကာလအပိုင်းအခြား စသည်တို့ကို မြန်မာဘာသာနှင့်ရေးသားဖော်ပြထားခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ပြည်စုံမှန်ကန်မှုရှိပါကြောင်းနှင့် ရောင်းချနေသောလုပ်ငန်းရှင်များအား စားသုံးသူအသိပညာပေးဟောပြောဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရပါသည်။

DOCA(ပဲခူး)

ပြည်မြို့နယ်အတွင်း ကုန်ဈေးနှုန်းတည်ငြိမ်ရေး ကွင်းဆင်းဆောင်ရွက်

    ပဲခူးတိုင်းဒေသကြီး(အနောက်)၊ ပြည်ခရိုင်၊ ပြည်မြို့နယ်အတွင်း   အခြေခံစားသောက်ကုန်တို့ကို ဈေးကစားရန်ရည်ရွယ်၍သိုလှောင်ခြင်း၊ ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချမှု မရှိစေရေးအတွက် ပြည်မြို့နယ်အခြေခံစားသောက်ကုန်တည်ငြိမ်ရေးအဖွဲ့ဝင်များဖြစ်ကြသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့မှ တာဝန်ရှိသူများသည် (၂၂-၉-၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်မှစတင်၍ ရွာဘဲနယ်မြေ၊ ကိုးသောင်းရပ်ကွက်ရှိခေတ္တရာဆီစက်၊ ရွှေဟင်္သာအရှေ့ပေါက်၊ ဗိုလ်ချုပ်လမ်းရှိ ငါးသုံးလုံးဆီစက်၊ မူယာပင်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ ဒေါ်လာဆီစက်နှင့် စက်မှုလုပ်ငန်းအတွင်းရှိ ရွှေခေတ္တရာဆီစက်များသို့သွားရောက်၍ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေနှင့် ဆီဈေးနှုန်းဈေးကွက်အခြေအနေများအား ကွင်းဆင်းဆောင်ရွက်ခြင်းနှင့် နိုင်ငံတော်၏အခြေခံရည်ညွှန်းဈေးဖြင့် ခွဲတမ်းရရှိထားသော သက်သာသောဈေးနှုန်းဖြင့်  စားအုန်းဆီများဖြန့်ဖြူးရောင်းချနေသည့် ရွှေကူရပ်ကွက်ရှိ ဦးမြင့်ဆွေဆီစက်သို့လည်းကောင်း၊ ဆံတော်ရပ်ကွက်ရှိ ဆီလုပ်ငန်းရှင် ဦးရဲဝင်းအောင်၏အရောင်းဆိုင်သို့လည်းကောင်း၊ ကျောင်းကြီးအိုးတန်းရပ်၊ မြို့မဈေးကြီးအတွင်းရှိ စားသုံးဆီအရောင်းဆိုင်များသို့လည်းကောင်း သွားရောက်၍ သက်သာ သောဈေးနှုန်းဖြင့်‌ ရောင်းချမှုရှိ/မရှိ၊ ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချမှုရှိ/မရှိကို အဖွဲ့ဖြင့် နေ့လယ်(၁၄:၀၀)နာရီအချိန်အထိ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရပါသည်။

DOCA(ပဲခူး)

ကရင်ပြည်နယ်ဦးစီးမှူးရုံးတွင် ဝန်ထမ်းမိတ်ဆုံစားပွဲကျင်းပပြုလုပ်

  (၂၆-၇-၂၀၂၃) ရက်နေ့နှင့် (၂၇-၉-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၂း၀၀) နာရီအချိန်တွင်  စားသုံးသူ‌ရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံး၌ ဝန်ထမ်းမိတ်ဆုံစားပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

   ထို့သို့ မိတ်ဆုံစားပွဲကျင်းပပြုလုပ်ရာတွင် ပြည်နယ်ဦးစီးမှူး ဦးသန်းဦးက နေ့လယ်စာအဖြစ် ခေါက်ဆွဲကြော်၊ ကြာဇံကြော်တို့ဖြင့် ဧည့်ခံကျွေးမွေးခဲ့ပြီး ဝန်ထမ်းများကလည်း မိမိတို့အိမ်မှ ချက်ပြုတ်လာသော ဟင်းလျာများဖြင့် အပြန်အလှန်လဲလှယ်ကြပြီး တပျော်တပါး လက်ရည်တပြင်တည်း ပျော်ရွင်စွာစားသောက်ခဲ့ကြပါသည်။

    စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးအနေဖြင့် ဝန်ထမ်းများစုပေါင်းညီညာစွာ မိတ်ဆုံစားပွဲများပြုလုပ်ခြင်းနှင့် ပြည်နယ်ဦးစီးမှူးက မုန့်ဟင်းခါးချက်ကျွေးခြင်း၊ ကြာဇံဟင်းခါးချက်ကျွေးခြင်း၊ အစုံသုပ်များလုပ်ကျွေးခြင်းတို့ကို အခါအားလျော်စွာ လစဉ်ဆောင်ရွက်လျက်ရှိပြီး ထိုသို့ဆောင်ရွက်ခြင်းကြောင့် ဝန်ထမ်းများသက်သာချောင်ချိရေးနှင့် အထက်အောက် အပြန်အလှန်ချစ်ကြည်ရင်းနှီး၍ လုပ်ငန်းခွင်ပျော်ရွင်စေရေးအတွက် အထောက်အပံ့ဖြစ်စေရန်ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရပါသည်။

DOCA(ကရင်)

 

ကရင်ပြည်နယ်ဦးစီးမှူးရုံး၌ စက်တင်ဘာလအတွင်း သတင်း/ ဆောင်းပါးပါဝင်ရေးသားနိုင်မှုအတွက် စာမူခများဆုချီးမြှင့်

   စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးအနေဖြင့် ဌာန၏လုပ်ဆောင်ချက်များဖြစ်သော စားသုံးသူကာကွယ်ရေးနှင့် ပြည်တွင်းကုန်သွယ်မှုသတင်းများကို ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဌာနခွဲအလိုက် ဝန်ထမ်းများက သတင်းအသီးသီးရေးသားပေးပို့လျက်ရှိရာ ဝန်ထမ်းတိုင်း သတင်းပါဝင်မှုအရည်အသွေးနှင့် အရေအတွက်တိုးတက်စေရေးအတွက် သတင်းရေးသားပါဝင်မှုတိုင်းအတွက် သတင်းတို၁ပုဒ်လျှင် ၅၀၀ကျပ်၊ သတင်းလတ် ၁ပုဒ်လျှင် ၁၀၀၀ကျပ်၊ သတင်းရှည်၁ပုဒ်လျှင် ၂၀၀၀ကျပ်၊ ဆောင်းပါး ၁ပုဒ်လျှင် ၅၀၀၀ကျပ်နှုန်းဖြင့် သတင်းရေးသားပါဝင်သောဝန်ထမ်းများကို (၂၈-၉-၂၀၂၃) ရက်နေ့တွင် ဆုချီးမြှင့်ခဲ့ရာ Website သတင်းပါဝင်မှုအတွက် ပြည်နယ်မှူးက တစ်ပုဒ်လျှင် ၅၀၀ကျပ်ဖြင့် စုစုပေါင်း ၄၄ပုဒ်အတွက်လည်ကောင်း၊  Commerce Journal တွင် သတင်းနှင့်ဆောင်းပါးပါဝင်မှုအတွက် သတင်းနည်းဌာနခွဲတာဝန်ခံ ဦမျိုးဝင်းနိုင် (ဦးစီးအရာရှိ) က တစ်ပုဒ်လျှင် ၁၀၀၀ကျပ်ဖြင့်လည်းကောင်း သတင်းရေးသားသူများသို့ စာမူခများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြပါသည်။

    ၂၀၂၃ခုနှစ်၊ ဩဂုတ်လနှင့်စက်တင်ဘာလအတွင်း သတင်းရေးသားပါဝင်မှုအနေဖြင့် ဦးမျိုးဝင်းနိုင် (ဦးစီးအရာရှိ) က ၁၉ပုဒ်၊ ဒေါ်ဇာခြည်အောင်(ဦးစီးမှူး)က ၁၆ပုဒ်၊ ဒေါ်သီတာဌေး (ဒုကြီးကြပ်ရေးမှူး)က  ၃ပုဒ်၊ ဒေါ်မေသဇင်ဖူး(ဒု-ဦးစီးမှူး)က ၃ပုဒ်၊ ဒေါ်နန်းပွင့်စန်းစန်း(ဒု-ဦးစီးမှူး)က ၇ပုဒ်၊ ဒေါ်စုနွေးသီရိမောင် (အကြီးတန်းစာရေး)က ၃ပုဒ်၊ ဒေါ်ဇူးမီမီဇော်မင်း(အငယ်တန်းစာရေး)က ၂ပုဒ်၊ ဒေါ်အေးအေးထွန်း (အငယ်တန်းစာရေး)က ၂ပုဒ်၊ ဒေါ်နန်းအေးမူ (ရုံးအကူမှူး)က ၁ပုဒ်နှင့် ဒေါ်ရီရီအောင်(ရုံးအကူမှူး)က ၂ပုဒ်၊ စုစုပေါင်း ၆၁ပုဒ်ဖြစ်ပြီး ဆောင်းပါး၃ပုဒ်ပါဝင်ကြောင်းသိရပါသည်။

 စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးရှိ ဝန်ထမ်းများအနေဖြင့် မိမိတို့ဌာန၏ လုပ်ဆောင်ချက်များနှင့်ပတ်သက်၍ ဝန်ထမ်းတိုင်း သတင်းရေးသားတတ်စေရန်အတွက် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးအထောက်အကူပြု သတင်းရေးသားနည်းဆိုင်ရာဌာနတွင်း သင်တန်းများဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး သတင်း/ ဆောင်းပါးရေးသားမှုအရည်အသွေးတိုးတက်စေရေးအတွက် အစဉ်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြကြောင်းသိရပါသည်။

DOCA(ကရင်)

 

ကရင်ပြည်နယ်ဦးစီးမှူးရုံး၌ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးအထောက်အကူပြု Thursdays Talk အမှတ်စဉ်(၇/၂၀၂၃)ကျင်းပပြုလုပ်

   ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ(၁၄)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံး၌ ဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ရေး အထောက်အကူပြု Thursdays Talk အမှတ်စဉ် (၇/၂၀၂၃) ကျင်းပပြုလုပ်ခဲ့ကြောင်းသိရပါသည်။ စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးအနေဖြင့် ဝန်ကြီးဌာနရုံးချုပ်တို့၏ လမ်းညွှန်ချက်များနှင့်အညီ ကြာသပတေးနေ့ စကားဝိုင်း (Thursdays Talk) အား လစဉ် ကျင်းပပြုလုပ်ဆောင်ရွက်ပြီးကြောင်းနှင့် ကြာသပတေးနေ့ စကားဝိုင်း (Thursdays Talk) ကျင်းပပြုလုပ်ခြင်းကြောင့်  ဝန်ထမ်းများအနေဖြင့် အသိပညာဗဟုသုတများ အချင်းချင်းဝေမျှနိုင်မည်ဖြစ်ပြီး လုပ်ငန်းခွင်စွမ်းဆောင်ရည်မြင့်မားစေရေးအတွက် အထောက်အကူဖြစ်နိုင်မည်ဖြစ်ကြောင်းသိရသည်။ အခမ်းအနားသို့ ဝန်ထမ်း(၁၃)ဦးတက်ရောက်ခဲ့ကြ၍ နေ့လယ် (၁၄း၀၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်းသိရသည်။

       အဆိုပါ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးအထောက်အကူပြု Thursdays Talk အသိပညာပေးဟောပြောဆွေးနွေးပွဲကို ပြည်နယ်ဦးစီးမှူး ဦးသန်းဦးက အဖွင့်အမှာစကား ပြောကြားပြီးနောက် ရုံးချုပ်၊ ရုံးအမှတ်(၅၂)၊ နေပြည်တော်တွင် ကျင်းပပြုလုပ်သော (၆)လပတ်ညှိနှိုင်းအစည်းအဝေးဆုံးချက်နှင့် ဝန်ကြီးလမ်းညွှန်ချက်အပေါ် ကရင်ပြည်နယ်ဦးစီးမှူးရုံးရှိ ဝန်ထမ်းများအား  ပြန်လည်၍အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ကြပြီး ဝန်ထမ်းများကလည်း သိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(ကရင်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ