Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးဒေါ်နှောင်းနှောင်းဝင်းသည် ၁၄.၂.၂၀၂၃ရက်နေ့တွင် ဗန်းမော်မြို့၊ ပေါက်ကုန်းရပ်ကွက်ရှိ လက်လီလက်ကားရောင်းချ နေသော ကုန်စုံဆိုင်များ၌ COOK&LOBSTER အမှတ်တံဆိပ်(ငံပြာ) စားသုံးသူကာကွယ်ရေး ဥပဒေပါကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ကိုက်ညီမှုရှိ/မရှိ  ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အစားအသောက်ကုန်စည်အုပ်စု ဟင်းလျာများတွင် အရောင်အနံ့အရသာအတွက် အသုံးပြုသောပစ္စည်းအမျိုးမျိုးတွင်ပါဝင်သည့် COOK&LOBSTER အမှတ်တံဆိပ်(ငံပြာ)၌ ကုန်စည်အမျိုးအစားအလိုက်သတ်မှတ်ချက်နှင့်အညီ မြန်မာဘာသာဖြင့် သိသာထင်ရှားစွာဖော်ပြရမည့် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ကြောင်းဖော်ပြ ချက်ကြိုတင် သတိပေး ချက်များပြည့်စုံစွာ ပါရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်ပိုင်ရှင်များအား ကုန်အညွှန်းအမှတ် အသားပြည့်စုံမှန်ကန် မှုရှိသော ကုန်စည်များကိုသာ ဈေးကွက်အတွင်းရောင်းချကြရန်ရှင်း လင်းဆွေးနွေးခဲ့ပြီး ကုန်အညွှန်း အမှတ်အသားဆိုင်ရာ လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်းသိရှိရပါသည်။

DOCA(ကချင်)

 

ခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း၏ အတွင်းရေးမှူးနှင့်တွေ့ဆုံ

     စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးနှင့်မြို့နယ်တာဝန်ခံ ဝန်ထမ်း()ဦးတို့သည် (၁၃--၂၀၂၃) ရက်နေ့၊ နံနက်(၁၁)နာရီအချိန်တွင် မုံရွာမြို့၊ ဆူးလေကုန်းရပ်ကွက်ရှိ ခရိုင်ဆီကုန် သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး၊တင်ဝင်းပွဲရုံပိုင်ရှင် ဦးတင်ဝင်းနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။

       ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် အတွင်းရေးမှူးက ခရိုင်ဆီကုန်သည်အသင်းကို (၃၀-၃-၂၀၁၇) ခုနှစ်တွင် အသင်းဝင်(၁၃)ဦးဖြင့် စတင်တည်ထောင်ခဲ့ကြောင်း၊ အသင်းဝင်ဆီကုန်သည်များအနေဖြင့် မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း၏ လမ်းညွှန်ချက်များနှင့်အညီ လုပ်ငန်းများကို ပုံမှန်ဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်အလိုက် ရရှိသော စားအုန်းဆီခွဲတမ်းများကိုလည်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ကော်မတီက တစ်ပတ်တခါထုတ်ပြန်လျက်ရှိသော အခြေခံလက်ကားရည်ညွှန်းဈေးများအတိုင်း စားသုံးသူပြည်သူများအတွက် သင့်လျော်သောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရေးအတွက် (၂၉--၂၀၂၂) ရက်နေ့မှစ၍ ယနေ့အထိ ဈေးကားများဖြင့် ရပ်ကွက်များအလိုက် လှည့်လည်ရောင်းချပေးလျက်ရှိပါကြောင်း၊ ခရိုင်ဆီအသင်းတွင်အသင်းဝင်ဦးရေ (၁၄)ဦးရှိပြီး ()ဦးမှာ လျှောက်ထားဆဲဖြစ်ကြောင်းနှင့် မိမိတို့ဒေသတွင်းစားအုန်းဆီပြတ်လပ်မှုမရှိစေရေး၊ ဖူလုံစေရေးနှင့် ဈေးနှုန်းကြီးမြင့်မှုမရှိစေရေး မြန်မာနိုင်ငံဆီအသင်း၏လမ်းညွှန်ချက်များနှင့်အညီ ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းတို့ကို မေးမြန်းဆွေးနွေးခဲ့ပါသည်။

DOCA(စစ်ကိုင်း)

သမဝါယမဦးစီးဌာနတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ရမည့်စီမံချက်များချမှတ်၍ ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီလ(၁၃)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် ရွှေဘိုမြို့နယ် သမဝါယမဦးစီးဌာန၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့ပါသည်။

     အဆိုပါဟောပြောပွဲတွင် ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ရွှေဘိုမြို့နယ်တာဝန်ခံ ဦးသန့်ဇော်လင်းက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ဆောင်ပုဒ်နှင့် Vision၊ Mission များကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ ခုနှစ်၊ မတ်လ(၁၅)ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ရာ အခန်းပေါင်း(၂၅)ခန်းနှင့် ပုဒ်မပေါင်း (၈၄)ခုပါဝင်ပါကြောင်း၊ ဥပဒေ၌ စားသုံးသူနှင့်စီးပွားရေးလုပ်ငန်းရှင်၏အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ ဥပဒေ၏ရည်ရွယ်ချက်များ၊ စားသုံးသူအခွင့်အရေးနှင့်လိုက်နာရမည့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြရန်အကြောင်းများအား သတ်မှတ်ပြဋ္ဌာန်းထားပါကြောင်း၊ စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားနစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြားနိုင်ပါကြောင်းနှင့် တိုင်ကြားနိုင်သည့်နေရာများ၊ ဌာနနှင့်သက်ဆိုင်သောအကြောင်းအရာများကို  Consumer Call Center (1535) သို့ မေးမြန်းစုံစမ်းနိုင်ပါကြောင်း၊ တိုင်ကြားစာများကို စိစစ်ညှိနှိုင်းဖြေရှင်းပေးနိုင်မည်ဖြစ်ပါကြောင်း၊ ရှင်းလင်းဆွေးနွေးပေးခဲ့သည့် အဆိုပါဟောပြောပွဲသို့  မြို့နယ်မဝါယမဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် အရာထမ်း၊ အမှုထမ်း စုစုပေါင်းဝန်ထမ်း (၁၂)ဦးတက်ရောက်ခဲ့၍ စားသုံးသူကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင် (၁၂)စောင်ကို ဖြန့်ဝေပေးခဲ့ပါသည်။

      ဌာနဆိုင်ရာရုံးများတွင် စားသုံးသူကာကွယ်ရေး အသိပညာပေဟောပြောပွဲဆောင်ရွက်ခြင်းဖြင့် ဝန်ထမ်းများအနေဖြင့် ဝန်ကြီးဌာန၏ဆောင်ပုဒ်၊ Vision၊ Mission များအပေါ် ဌာနက အကောင်အထည်ဖော်ဆောင်ရွက်နေသည့်လုပ်ငန်းများ၊ စားသုံးသူကာကွယ်ရေးဥပဒေ၏ ရည်ရွယ်ချက်များ၊ စားသုံးသူအခွင့်အရေးများကို သိရှိပြီးတောင်းဆိုတတ်လာခြင်း၊ ကုန်စည်များကို ဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားများကိုသိရှိ၍ ရွေးချယ်ဝယ်ယူတတ်လာခြင်းစသည့် အကျိုးကျေးဇူးများကို ရရှိလာနိုင်မည်ဖြစ်ပါသည်။

DOCA(စစ်ကိုင်း)

 

 

ကုန်စည်များလုံခြုံစိတ်ချရမှုရှိစေရေး စီးပွားရေးလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို စီမံချက်များနှင့်ပြည့်မီအောင်ဆောင်ရွက်လျက်ရှိရာ ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးနှင့် စားသုံးသူရေးရာဌာနခွဲတာဝန်ခံတို့သည် (၁၄-၂-၂၀၂၃)ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် ရွှေဘိုမြို့၊ အမှတ်(၉)ရပ်ကွက်ရှိ ဆပ်ပြာဆီရောင်းဝယ်ရေးလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

          ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ဒု-ခရိုင်ဦးစီးမှူး ဒေါ်နှင်းနှင်းခိုင်က ကုန်စည်ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့ထုတ်လုပ်သည့်ကုန်စည်များအပေါ် တာဝန်ယူမှုများရှိရမည်ဖြစ်ကြောင်း၊ ၂၀၁၉ ခုနှစ်၊ မတ်လ(၁၅)ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ်(၉)ဖြင့် အတည်ပြုပြဋ္ဌာန်းခဲ့သည့်  စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါအတိုင်း ကုန်စည်ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာထည့်သွင်းဖော်ပြ၍ ထုတ်လုပ်ဖြန့်ဖြူးရောင်းချကြရန်လိုအပ်သည့်အပြင် ဌာန၏အတည်ပြုချက် ရယူကြရန်လိုအပ်ပါကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)တွင် ကုန်စည်အုပ်စု(၈)ခုပါဝင်ပြီး ဆပ်ပြာရည်အမျိုးမျိုး၊ ဆပ်ပြာခဲအမျိုးမျိုးနှင့် ဆပ်ပြာမှုန့်အမျိုးမျိုးသည် လူသုံးကုန်ပစ္စည်းအုပ်စုတွင် ပါဝင်ကြောင်း၊ အဆိုပါကုန်စည်များတွင် ထည့်သွင်းဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက် အမှတ်(၂/၂၀၁၉)ပါအကြောင်းအရာများပါဝင်သည့် စားသုံးသူကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါသည်။

DOCA(စစ်ကိုင်း)

 

ဖောင်းပြင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးမှူးရုံးတွင် Talk Show ပြုလုပ်

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဉီးစီးဌာနမှ ပြည်သူများအား မိမိတို့စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များကို သိမြင်နားလည်မှုများတိုးတက်လာစေရန်ရည်ရွယ်၍ Talk Show အစီအစဉ်များ ကျင်းပပြုလုပ်လျက်ရှိပါသည်။

          ဖောင်းပြင်မြို့နယ် မြို့နယ်တာဝန်ခံ ဉီးကျော်သန်းစိန်(ဒု-ဉီးစီးမှူး)က စားသုံးသူကာကွယ်ရေး ဆိုင်ရာခေါင်းစဉ်ဖြင့် Talk Show ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ဒေါ်စံပယ်ဉီးနှင့်  ( ၁၄-၂-၂၀၂၃ ) ရက်နေ့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။ အဆိုပါ Talk Show တွင်  စားသုံးသူရေးရာဉီးစီးဌာန၊ မြို့နယ်တာဝန်ခံ ဉီးကျော်သန်းစိန်က “ မိမိတို့၏ကုန်ပစ္စည်းများကို ထုတ်လုပ်ဖြန့်ဖြူးရောင်းချရာတွင် ထုတ်ကုန်များလုံခြုံစိတ်ချရမှုများရှိစေရေး သိကောင်းစရာများ ”  ခေါင်းစဉ်ဖြင့်  ဆွေးနွေးခဲ့ပါသည်။

DOCA(စစ်ကိုင်း)

                            

ကလေးဝမြို့နယ် “ဖူးဖူးဝေ” သောက်ရေသန့်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကလေးဝမြို့ မြို့နယ်တာဝန်ခံ ဦးကျော်ကျော်မိုးသည် ဖေဖော်ဝါရီလ ( ၁၃ ) ရက်နေ့ နံနက်(၁၁:၀၀) နာရီအချိန်၌ “ဖူးဖူးဝေ” သောက်ရေသန့်လုပ်ငန်းရှင် ဦးမင်းမင်းထွန်းနှင့် သွားရောက်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

      တွေ့ဆုံဆွေးနွေးရာတွင် ကလေးဝမြို့နယ်တာဝန်ခံက ရေသန့်လုပ်ငန်းရှင် ဦးမင်းမင်းထွန်းအား သောက်ရေသန့်များထုတ်လုပ်ဖြန့်ဖြူးရောင်းချရာတွင် အရည်အသွေးပြည့်မီ၍ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစွာသုံးစွဲနိုင်ရေး၊ ရေသန့်ဘူးများကို သန့်ရှင်းသပ်ရပ်စွာထည့်သွင်းအသုံးပြုရန်နှင့် ရေသန့်ဘူးများပေါ်တွင် ကုန်အညွန်းအမှတ်တံဆိပ်များကို ပြည့်စုံစွာဖော်ပြပေးရန်၊ ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ တိကျမှန်ကန်စွာထည့်သွင်းဖော်ပြရမည့်အချက်များ၊ စီးပွားရေးလုပ်ငန်းရှင်များက လိုက်နာရမည့်အချက်များအကြောင်းကိုး အသိပညာပေးဆွေးနွေးခဲ့ပါသည်။

DOCA(စစ်ကိုင်း)

ချောက်မြို့နယ် စာသင်ကျောင်းများ၌ စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်းဆောင်ရွက်

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေး/ချောက်ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ချောက်မြို့နယ် တာဝန်ခံ ဒေါ်မြတ်မြတ်မိုး (ဌာနခွဲစာရေး)နှင့် ဒေါ်ချိုဝေလွင် (ဒု-ဦးစီးမှူး) တို့သည်ချောက်မြို့နယ်ရှိ အခြေခံပညာမူလတန်းကျောင်း(၂)ကျောင်း၊ အခြေခံပညာ မူလတန်းလွန်(၁)နှင့်အခြေခံပညာ အထက်တန်းကျောင်း(၂)ကျောင်း၊ စုစုပေါင်းကျောင်း(၅)ကျောင်းအား (၂.၂.၂၀၂၃)ရက်နေ့မှ (၈.၂.၂၀၂၃) ရက်နေ့ထိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်းပြီး စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်ခဲ့ပါသည်။

          ဟောပြောပွဲဆွေးနွေးရာတွင်ချောက်မြို့နယ်တာဝန်ခံဒေါ်မြတ်မြတ်မိုးကစားသုံးသူကာကွယ်ရေးဥပဒေ-၂၀၁၉ပါ စားသုံးသူ၊ စီးပွားရေးလုပ်ငန်းရှင်၊ စားသုံးသူကာကွယ်ရေး၏ အဓိပ္ပါယ်များ စားသုံးသူများ ရရှိနိုင်မည့် အခွင့်အရေး (၈)ချက်၊ စားသုံးသူများ လိုက်နာရမည့် တာဝန်(၄)ချက်နှင့် ကုန်စည်များဝယ်ယူသုံးစွဲရာတွင် သတိပြု ရမည့် ကုန်အညွှန်းအမှတ်အသားများအကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ဒေါ်ချိုဝေလွင် (ဒု-ဦးစီးမှူး)ကစီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်နှင့် တားမြစ်ချက်များ ပြစ်မှု၊ ပြစ်ဒဏ်များ၊ ကုန်စည်နှင့် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူများက တောင်းဆိုနိုင်သည့် အခွင့်အရေးများအား အသေးစိတ်ရှင်းလင်းဆွေးနွေးပြီး စားသုံးသူများ၌ နစ်နစ်ဆုံးရှုံးမှုများ ဖြစ်ပေါ် လာပါက မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၌ ဖွင့်လှစ်ထားသော Consumer Information Complaint Center (CICC)သို့လည်းကောင်း၊ Consumer Call Center No. 1535 သို့ ဆက်သွယ်မေးမြန်းခြင်းသို့လည်းကောင်းဌာန၏ Website www.doca.gov.mm သို့မဟုတ်၊ Face-book page များမှလည်းကောင်း Myanmar DOCA သို့ ဝင်ရောက်တိုင်ကြားနိုင်ပုံများအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

          အဆိုပါ အသိပညာပေးဟောပြောပွဲများ၌ အခြေခံပညာမူလတန်းကျောင်း(အေးရပ်)တွင် ဆရာ/ဆရာမ(၈)ဦး၊ ကျောင်းသား/ကျောင်းသူ (၄၇)ဦး၊ အခြေခံပညာမူလတန်းကျောင်း(ပုဂံ) ကျောင်း၌ ဆရာ/ဆရာမ (၁၀)ဦး၊ ကျောင်းသား/ကျောင်းသူ (၄၅)ဦး၊ အခြေခံပညာမူလတန်းလွန်ကျောင်း (ကင်ပွန်းခြုံ)တွင် ဆရာ/ဆရာမ (၇)ဦး၊ ကျောင်းသား/ကျောင်းသူ(၅၂)ဦး၊ အခြေခံပညာအထက်တန်းကျောင်း(၃)ကျောင်းတွင် ဆရာ/ဆရာမ (၂၈)ဦး၊ ကျောင်းသား/ကျောင်းသူ (၁၅၂)ဦးနှင့် အခြေခံပညာ အထက်တန်းကျောင်း(၄)ကျောင်းတွင် ဆရာ/ဆရာမ (၄၁)ဦး၊ ကျောင်းသား/ကျောင်းသူ (၁၄၅)ဦး စုစုပေါင်း ဆရာ/ဆရာမ(၉၄)ဦး၊ ကျောင်းသား/ကျောင်းသူ (၄၄၁)ဦး တို့တက်ရောက်ခဲ့ပြီး ဌာနမှ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ကလေးဝမြို့နယ် (အ-ထ-က)ကျောင်းတွင် စားသုံးသူအသိပညာပေး ဆွေးနွေးဟောပြော

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကလေးဝမြို့  မြို့နယ်တာဝန်ခံ ဦးကျော်ကျော်မိုးဦးဆောင်၍ မိတ်ဖက်ဌာနများနှင့်အတူ ဖေဖော်ဝါရီလ ( ၉ ) ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်၌ ကလေးဝမြို့ (အ-ထ-က)အထက်တန်းကျောင်းသို့သွားရောက်၍ အသိပညာပေးဟောပြောပွဲလုပ်ငန်းဆောင်ရွက်ခဲ့ပါသည်။

       အဆိုပါဟောပြောပွဲ၌ ကလေးဝမြို့နယ် (အ-ထ-က) အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးသဉ္ဇာထွန်းက အဖွင့်အမှာစကားပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန၊ ကလေးဝမြို့နယ်တာဝန်ခံ  ဦးကျော်ကျော်မိုးက ကုန်စည်၊ ဝန်‌ဆောင်မှုနှင့်ပတ်သက်၍ စားသုံးသူများရရှိနိုင်သည့်အခွင့်အရေးနှင့် လိုက်နာရမည့်တာဝန်များ၊ စားသုံးသူများနစ်နာဆုံးရှုံးမှုရှိပါက တိုင်ကြားနိုင်သည့်နည်းလမ်းများအကြောင်းကိုဆွေးနွေးခဲ့ပြီး အားကစားဝန်ကြီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်ပြုံးရီက “ကျောင်းသားလူငယ်များ အားကစားလုပ်ခြင်းဖြင့် အကျိုးကျေးဇူးများရရှိပုံများ” ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးခဲ့ပြီး အဆိုပါဟောပြောပွဲသို့ ကျောင်းဆရာ/ဆရာမ ( ၁၀ ) ဦးနှင့် ကျောင်းသား/ကျောင်းသူ ( ၁၄၀ ) ဦး၊ စုစုပေါင်း ( ၁၅၀ ) ဦးတက်ရောက်ခဲ့ကြပါသည်။

DOCA(စစ်ကိုင်း)

ကသာမြို့ရှိ ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

       စားသုံးသူရေးရာဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကြည်နိုင်ဦး(ဦးစီးမှူး)နှင့်အတူ ကသာမြို့နယ်တာဝန်ခံနှင့် ဌာနမှဝန်ထမ်းများသည် ဌာန၏ရည်မှန်းချက်တစ်ခုဖြစ်သည့် စားသုံးသူများသည် လုံခြုံစိတ်ချရသောကုန်စည်များကို ဝယ်ယူသုံးစွဲနိုင်ရန်အတွက် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ (၁၃)ရက်နေ့တွင် ကသာမြို့၊ အမှတ်(၉)ရပ်ကွက်ရှိ BOB (mini mart) ကုန်စုံဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းဆောင်ရွက်ခဲ့သည်။

        စစ်ဆေးရာတွင် ကုန်စုံဆိုင်၌ရောင်းချလျက်ရှိသော စားသောက်ကုန်များနှင့် ကုန်ပစ္စည်းများတွင် စားသုံးသူကာကွယ်ရေးဥပဒေ၌ပါဝင်သည့် ကုန်အညွှန်းအမှတ်အသားများအား မြန်မာစာဖြင့် ပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိကိုစစ်ဆေးခြင်း၊ သက်တမ်းလွန်စားသောက်ကုန်များ၊ သက်ဆိုင်ရာဌာနများက သုံးစွဲရန်မသင့်ဟု ထုတ်ပြန်ထားသည့် စားသောက်ကုန်များနှင့် အလှကုန်ပစ္စည်းများ ရောင်းချမှု ရှိ/မရှိကို စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပြီး လုပ်ငန်းရှင်အား မြန်မာစာဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းမရှိသောကုန်စည်များအား ရောင်းချခြင်းမပြုရန်နှင့် ကုန်အညွှန်းအသားဆိုင်ရာ လိုက်နာရမည့်အချက်များအား သိရှိလိုက်နာဆောင်ရွက်သွားရန် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

DOCA(စစ်ကိုင်း)

 

ဆိပ်ဖြူမြို့နယ် မယ်ဇလီကွေ့ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲ၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ  ဆိပ်ဖြူမြို့နယ်တာဝန်ခံ ဦးဇော်နေလင်းသည် မြို့နယ်ကြက်ခြေနီအသင်းအဖွဲ့နှင့်ပူးပေါင်း၍ (၉.၂.၂၀၂၃)ရက်နေ့ နံနက်(၀၉:၀၀)နာရီအချိန်တွင် ဆိပ်ဖြူမြို့နယ်၊ မယ်ဇလီကွေ့ကျေးရွာ အခြေခံပညာအထက်တန်း ကျောင်းခွဲသို့ရောက်ရှိပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

     အဆိုပါအသိပညာပေးဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီးက ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားပြီး ဆိပ်ဖြူမြို့နယ်တာဝန်ခံ ဦးဇော်နေလင်းက ဌာနသမိုင်းကြောင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များ၊ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များနှင့် ကုန်စည်(သို့)ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ဘေးအန္တရာယ် ကင်းရှင်းစေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးတို့ကို ဆောင်ရွက်နေရုံသာမက စာသုံးသူ နစ်နာဆုံးရှုံးမှုများအတွက် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေး စင်တာ ဖွင့်လှစ်ထားရှိမှုအား အသေးစိတ်ရှင်းလင်းခြင်း၊ စားသုံးသူထိခိုက်နစ်နာမှုနှင့်စပ်လျဉ်း၍ တိုင်ကြားခြင်းနှင့် ကုစားခွင့်ရရှိမှုများအကြောင်း၊ တိုင်ကြားနိုင်သည့်နည်းလမ်းများအကြောင်း၊ စားသုံးသူရေးရာကိစ္စများ စုံစမ်းမေးမြန်းရန်အတွက်  Consumer Call Center အား ဖွင့်လှစ်ထားရှိကြောင်း အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

     ဆက်လက်ပြီး ဆိပ်ဖြူမြို့နယ် ကြက်ခြေနီအသင်းအဖွဲ့ဝင် ဦးမောင်မောင်ဝင်းက ကြက်ခြေနီ အသင်းပေါ်ပေါက်လာပုံနှင့် လုပ်ငန်းဆောင်ရွက်ချက် သိကောင်းစရာအကြောင်းအရာများကို အသိပညာပေးဟောပြော ဆွေးနွေးခဲ့သည်။ အသိပညာပေးဟောပြောပွဲသို့ ဆရာ/ဆရာမ(၁၅)ဦး၊ ကျောင်းသား/ကျောင်းသူ(၁၄၆)ဦး တက်ရောက်ခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)         

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ