Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကလေးဝမြို့၊ အမှတ်- ၂ ကျောင်းတွင် စားသုံးသူအသိပညာပေး ဟောပြောပွဲကျင်းပ

          စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဉီးစီးဌာန၊ ကလေးဝမြို့နယ်တာဝန်ခံသည် အောက်တိုဘာလ ( ၃ ) ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်၌ ကလေးဝမြို့ ( အမှတ်-၂  )  ကျောင်းတွင် အားကစားနှင့်လူငယ်ရေးရာဆိုင်ရာ ဦးစီးဌာနနှင့် ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

           အဆိုပါဟောပြောပွဲသို့ ဆရာ/ဆရာမ ( ၉ ) ဉီး၊ ကျောင်းသား/ ကျောင်းသူ ( ၂၄၇ ) ဦး၊ စုစုပေါင်း( ၂၅၆ )ဦး တက်ရောက်ခဲ့ပါသည်။ ဦးစွာပထမ ကျောင်းအုပ်ဆရာကြီး ဦးစိန်မြင့်မှ  အဖွင့်အမှာစကားပြောကြားခဲ့ပြီး  အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနှ ဦးစီးအရာရှိ ဒေါ်ခင်ပြုံးရီမှ အားကစားပြုလုပ်ခြင်းဖြင့် ခန္ခာကိုယ်ဖွံ့ဖြိုးတိုးတက်ရေး၊ ကျန်းမာရေးကောင်းမွန်စေရေးအတွက် အားကစားပညာရပ်များ၊ ကိုယ်လက်လေ့ကျင့်ခန်းများကို ပုံမှန်နေ့စဉ်လေ့ကျင့်သင့်သည့်အကြောင်း အရာများ ဆွေးနွေးပြောကြားခဲ့ပြီး၊ ကလေးဝမြို့နယ် စားသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးကျော်ကျော်မိုးမှ စားသုံးသူအခွင့်အရေးသိကောင်းစရာများ၊ အစားအစာများ၊ ဆေးဝါးများကို ဝယ်ယူအသုံးပြုရာတွင် သတိပြုဝယ်ယူရမည့် အချက်အလက်များကို  အသိပညာပေးဟောပြောခဲ့ပြီး ဟောပြောပွဲအခမ်းအနားကို နံနက်(၁၁:၀၀)နာရီ အချိန်တွင် ပြီးမြောက်ခဲ့ပါကြောင်း သတင်းရရှိရပါ သည်။

DOCA(စစ်ကိုင်း)

 

 

 

ဖောင်းပြင်မြို့နယ်၏ တောင်းဖျာရက်လုပ်ငန်းရှင်နှင့် တွေ့ဆုံ

       ဖောင်းပြင်မြို့နယ်၊ ပင်သာကျေးရွာအုပ်စုတွင် တောင်းဖျာရက်လုပ်ငန်းများ လုပ်ကိုင် ဆောင်ရွက်လျက်ရှိသည့် တောင်းဖျာရက်လုပ်ငန်းအစုအဖွဲ့မှ အဖွဲ့ဝင် ဒေါ်တင်တင်နုထံသို့ သွားရောက်ဆက်သွယ်၍ လုပ်ငန်းများ ဆောင်ရွက်နေမှုကို လေ့လာခဲ့ပါသည်။

      တောင်းဖျာရက်လုပ်ငန်းလုပ်ကိုင်သူများ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ တောင်းဖျာရက် လုပ်ငန်းအစုအဖွဲ့များကို စားသုံးသူရေးရာဦးစီးဌာန ဖွဲ့စည်းပေးထားပါကြောင်းနှင့် မိမိတို့အနေဖြင့် တောင်းဖျာရက်လုပ်ငန်းကို မိသားစုတစ်ပိုင်တစ်နိုင်သာ လုပ်ကိုင်ဆောင်ရွက်လျက်ရှိပြီး ယခုအခါတွင် ဖျာကြမ်း၊ နှီးကြောဖျာများကို ရက်လုပ်လျက် ရှိပါသည်။ ဖျာကြမ်းတစ်ချပ်လျှင် ( ၅၀၀၀ ) ကျပ်၊ နှီးကြောဖျာတစ်ချပ်လျှင် ( ၁၀၀၀၀ ) ကျပ်၊ ယပ်တောင်တစ်ချောင်းလျှင် ( ၅၀၀ ) ကျပ် စသည့်ဈေးနှုန်းများဖြင့် ရက်လုပ်ရောင်းချလျက်ရှိပါကြောင်း လေ့လာသိရှိခဲ့ရပါသည်။

DOCA(စစ်ကိုင်း)

           

ကော့သောင်းမြို့နယ်တွင် သက်သာသောဈေးနှုန်းဖြင့် စားသုံးဆီများရောင်းချခြင်း

        စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့်  တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင် စားသုံးသူရေးရာဦးစီး ဌာနမှတာဝန်ရှိသူများ၊ စည်ပင်သာယာရေးမှ ဈေးတာဝန်ခံများကြီးကြပ်မှုဖြင့် ကော့သောင်းခရိုင်ဆီကုန် သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့တွင် အေးမြကန်သာရပ်ကွက်ရှိ နွယ်သာဂီလမ်းနှင့်လမ်းသွယ်များ၊ မနော်ဟယ်ရီလမ်း တို့တွင် စားသုံးသူပြည်သူများအား သက်သာ သည့်ဈေးနှုန်းဖြင့် စားသုံးဆီများရောင်းချပေးလျက်ရှိကြောင်းသိရပါသည်။

        မြို့နေပြည်သူများ ချက်ပြုတ်စားသောက်မှုကိစ္စများ တစ်ဖက်တစ်လမ်းမှအဆင်ပြေကြစေရန် မီးဖိုချောင်သုံး စားသုံးဆီများကို သက်သာသည့်ဈေးနှုန်းဖြင့် ရောင်းချပေးခြင်းဖြစ်ရာ လူတစ်ဦးလျှင် တစ်ပိဿာ(၄၇၀၀)ကျပ်နှုန်းဖြင့် မည်သူမဆိုလွတ်လပ်စွာဝယ်ယူနိုင်ရေး ဈေးကားဖြင့် လိုက်လံရောင်း ချပေးလျက်ရှိပြီး ဝယ်ယူသည့်ပြည်သူများအား ကော့သောင်းဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း မှ MASK များအား အခမဲ့ပေးဝေခဲ့ကြောင်း သိရှိရပါသည်။ အလားတူရောင်းချခြင်းကို ကားဖြင့်လှည့် လည်၍ ရပ်ကွက်ပြည်သူများ လက်ဝယ်အရောက်ဆက်လက်ရောင်းချပေးရန် အစီအစဉ်များရှိပါ ကြောင်း မိဘပြည်သူများ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရန်အတွက် ကျန်ရှိနေသော မြို့ပေါ်ရပ်ကွက်/ကျေးရွာများသို့လည်း လှည့်လည်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

မုံရွာခရိုင်အတွင်းရှိ မြို့နယ်များတွင် ဈေးနှုန်းသက်သာစွာဖြင့် စားသုံးဆီများရောင်းချပေးနိုင်ခဲ့

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးသည် ခရိုင်ဆီကုန်သည်၊ ဆီလုပ်ငန်းရှင်များအသင်းနှင့် ပူးပေါင်း၍ ၂၀၂၂ ခုနှစ်အတွက် (၁/၂၀၂၂) ကြိမ်၊ (၂/၂၀၂၂) ကြိမ် နှင့် (၃/၂၀၂၂)ကြိမ်များကို (၁၇.၁.၂၀၂၂)ရက်နေ့မှစ၍ (၂၆.၂.၂၀၂၂) အထိ စားအုန်းဆီပိဿာစုစုပေါင်း (၁၁၀၀၀၀)၊ တန်အားဖြင့် (၁၁၄) တန်ကို မုံရွာခရိုင် အတွင်းရှိ စားသုံးသူပြည်သူများသို့ ဈေးနှုန်းသက်သာစွာဖြင့်ရောင်းချပေးခဲ့ပါသည်။

      မုံရွာခရိုင်အတွင်းရှိ မြို့နယ်များအပါအဝင်၊ ယင်းမာပင်ခရိုင်ရှိ လက်လီ/လက္ကားဆိုင်များနှင့် မုံရွာမြို့ပေါ် ရပ်ကွက်၊ ဈေးများရှိ လက်လီ/လက္ကားဆိုင်စုစုပေါင်း (၁၅၂) ဆိုင်သို့ခွဲတမ်းများဖြင့် ဖြန့်ဖြူးရောင်းချပေးခဲ့ပါသည်။ ထိုသို့ရောင်းချပေးရာတွင် ပထမအကြိမ်နှင့် ဒုတိယအကြိမ်တွင် စားအုန်းဆီ ၁ ပိဿာလျင် ၄၅၅၀ ကျပ်ဖြင့်လည်းကောင်း တတိယအကြိမ်တွင် စားအုန်းဆီ ၁ ပိဿာ   လျင် ၄၉၇၀ ကျပ်ဖြင့်လည်းကောင်း စားသုံးသူပြည်သူများအဆင်ပြေစေရန် သက်သာသောဈေးနှုန်း များဖြင့် ရောင်းချပေးခဲ့ပါသည်။

       ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ကြီးကြပ်၍ (၄/၂၀၂၂) နှင့် (၅/၂၀၂၂) အကြိမ်မြောက် စားအုန်းဆီခွဲတမ်းများ ထပ်မံထွက်ရှိသော်လည်း ရန်ကုန်မြို့နေ ပြည်သူများ စားသုံးဆီလောက်ငှမှု ရှိစေရန်ရည်ရွယ်၍  နယ်မြို့များသို့ခွဲဝေပေးမှု ခေတ္တရပ်ဆိုင်း ထားပြီး မတ်လ ၂၀ ရက်နောက်ပိုင်းတွင် နယ်မြို့များသို့စားအုန်းဆီခွဲတမ်းများ ဆက်လက်ပေးသွား မည်ဖြစ်ကြောင်း ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူးထံမှ ဆွေးနွေး မေးမြန်းချက်များအရ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

စားအုန်းဆီဈေးကားများဖြင့် ပြည်သူများအား လိုက်လံရောင်းချပေးလျှက်ရှိ

     စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီသည် စားသုံးဆီများ သတ်မှတ်အရည်အသွေး စံချိန်စံညွှန်းများနှင့်ပြည့်မီစေရေး၊ စားသုံးသူပြည်သူများကျန်းမာရေးနှင့် ညီညွှတ်သော စားသုံးဆီများကို သုံးစွဲနိုင်ရေး၊ ဈေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူစားသုံးနိုင်ရေးတို့အတွက် ကြီးကြပ်ထိန်းကျောင်းဆောင်ရွက်လျက်ရှိပါသည်။

          ထိုသို့ဆောင်ရွက်ရာတွင် ဒေသအလိုက်ဈေးကားများဖြင့် လှည့်လည်ရောင်းချသည့် အစီအစဉ်ကို လည်းထည့်သွင်းဆောင်ရွက်လျက်ရှိရာ မုံရွာခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှဦးစီး၍ အစိုးရရုံးဖွင့်ရက်များအတိုင်း နေ့စဉ်ရောင်းချပေး လျက်ရှိရာ (၂၉..၂၀၂၂)ရက်နေ့မှစ၍ (၃၁.၁၀.၂၀၂၂) ရက်နေ့အထိ တစ်ရက်လျှင်ဈေးကား()စီးဖြင့် တန်ချိန်(၁၀၀)ကျော်ကို မုံရွာမြို့ပေါ်ရှိရပ်ကွက်များဖြစ် သောအောင်မင်္ဂလာရပ်ကွက်၊ဆူးလေကုန်းရပ်ကွက်၊ရတနာပုံရပ်ကွက်၊ ထန်းတောရပ်ကွက်၊ အောင်ချမ်း သာရပ်ကွက်၊ မြဝတီရပ်ကွက်၊ ဘုန်းစိုးရပ်ကွက်စသည့်မြို့‌ပေါ်ရပ်ကွက်များအပြင် ချင်းတွင်းရတနာဈေး၊ မြသလ္လာဈေး၊ မန်ကျည်းပင်ဈေး၊ အလုံ ဈေးများနှင့် တိုင်း/ခရိုင်/မြို့နယ်ဝန်ထမ်းများနေထိုင်ရာ အိုးအိမ်ဝန်ထမ်း အိမ်ရာများသို့လည်း အပတ်စဉ်ထွက်ရှိသော ရည်ညွှန်းဈေးအပေါ် ၂ % အမြတ်ထက် မပိုသော ဈေးနှုန်းများဖြင့် ရပ်ကွက်နေရာအစုံလှည့်လည်ရောင်းချပေးလျက်ရှိပါသည်။

          (.၁၁.၂၀၂၂)ရက်နေ့တွင် ဈေးကား(၂)စီးဖြင့်  မုံရွာမြို့စက်မှုဇုန်ရပ်ကွက်နှင့် နတ်လူထိပ်ပန် ရပ်ကွက်များတွင်စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ၏ အောက် တိုဘာလ (၃၁) ရက်မှ နိုဝင်ဘာလ (၇) ရက်နေ့အထိထုတ်ပြန်သော အခြေခံလက်ကား ရည်ညွှန်းဈေး အပေါ် မူတည်၍ စားအုန်းဆီ()ပိဿာလျှင်(၄၆၅၀)ကျပ်နှုန်းဖြင့် အိမ်ထောင်စုတစ်စုလျှင် တစ်ပိဿာ နှုန်း ရောင်းချဖြန့်ဖြူးပေးခဲ့ပြီး လာရောက်ဝယ်ယူကြသော အိမ်ထောင်စုများအား ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ စနစ်တကျ တန်းစီစေခြင်းဖြင့်  ပူးပေါင်းပါဝင်ဆောင်ရွက်ပေးခဲ့ကြပြီး စားသုံးသူပြည်သူများအား ဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူးပေး နိုင်ခဲ့သဖြင့် ဒေသခံပြည်သူများ ဝမ်းမြောက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ကလေးဝမြို့တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေး

        ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ( ၂ ) ရက်နေ့တွင် ကလေးခရိုင်ဦးစီးမှူးရုံး နယ်မြေအတွင်းရှိ ကလေးဝမြို့ရှိ စည်ပင်သာယာဈေးတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်၍ စားသုံးသူရေးရာဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ စည်ပင်သာယာရေးကော်မတီ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့များ ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

            သွားရောက်စစ်ဆေးရာတွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို လစဉ်  ဆောင်ရွက်လျက်ရှိပြီး  ယခုလတွင် လူအများစု အသုံးပြုနေသည့် သွားတိုက်ဆေးကို အဓိကထား၍ စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

           ကွင်းဆင်းဆောင်ရွက်ရာတွင် လူအများစုအသုံးပြုသော စားသောက်ကုန်များ၊ လူသုံးကုန်ပစ္စည်းများကို ဦးစားပေးဆောင်ရွက်လျက်ရှိပြီး ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချ နေသည့် ကုန်စည်များအနေဖြင့်လည်း မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် ညွှန်ကြားချက်အမှတ် ( ၂/၂၀၁၉ )နှင့်အညီ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်ညွှန်းအမှတ် အသားများကို ပြည့်စုံစွာဖော်ပြပါရှိပြီး စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ လိုက်နာ ဆောင်ရွက်မှုများ ရှိလာသည်ကို တွေ့ရှိရပါကြောင်း လေ့လာသိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

စစ်ကိုင်းခရိုင်၌  ဂျုံသီးနှံ ယခုနှစ် ယခင်နှစ်ထက် ပိုမိုစိုက်ပျိုးမည်

       စစ်ကိုင်းခရိုင်အနေဖြင့် ၂၀၂၁-၂၀၂၂ခုနှစ်တွင်ဂျုံစိုက်ဧက(၄၇၅၇၆)စိုက်ပျိုးခဲ့ပြီး၊ တစ်ဧကလျှင် ပျမ်းမျှအထွက်နှုန်း(၁၉)တင်းခန့် ထွက်ရှိကြောင်း၊ ၂၀၂၂-၂၀၂၃ခုနှစ်တွင် စိုက်ပျိုးရန် လျာထားဧက (၄၇၆၀၁)ဖြစ်ပြီး တိုးချဲ့စိုက်ပျိုးရန် ဧက(၁၇၅၀)လျာထား ထားကြောင်း ခရိုင်စိုက်ပျိုး‌ရေးဦးစီးဌာန၏ စာရင်းများအရ သိရှိရပါသည်။

       ဂျုံသီးနှံကို နိုဝင်ဘာ၊ အောက်တိုဘာ၊ ဒီဇင်ဘာလများတွင် စိုက်ပျိုးပြီး၊ ဖေဖော်ဝါရီ၊ မတ်နှင့် ဧပြီလများတွင် ထွက်‌ပေါ်သည်။ စစ်ကိုင်းမြို့နယ်တွင် ဂျုံဖြူသန့်မျိုးကို အများဆုံးစိုက်ပျိုးကြပြီး၊ ယခုနှစ်တွင် တစ်ဧက ကုန်ကျစရိတ် ကျပ်(၄)သိန်းခန့် ကုန်ကျနိုင်ကြောင်း၊ ဂျုံသီးနှံစိုက်ပျိုးရာတွင် ထယ်ထိုးရခြင်း၊ ရေသွင်းရခြင်း၊ မြေဆီသုံးရခြင်း၊ အခြားသီးနှံများထက် ပိုမိုဂရုစိုက်ရပါကြောင်း၊ မျိုးတစ်တင်း (၇၀၀၀ဝိ/-)ဖြင့် တစ်ဧကလျှင် မျိုးတစ်တင်းခွဲ အသုံးပြုကြောင်း၊  တစ်ဧကလျှင် ခန့်မှန်း (၁၉)တင်းထွက်လျှင် လက်ရှိ ဂျုံစေ့တစ်တင်းပေါက်ဈေး (၆၀၀၀ဝိ/-)ဖြင့် တွက်ပါက တစ်ဧက အမြတ် ကျပ်(၇)သိန်းကျော် ရရှိနိုင်ကြောင်း စစ်ကိုင်းမြို့နယ်၊ မကျီးကုန်းကျေးရွာတွင် ယခုနှစ် ဂျုံ(၃)ဧက စိုက်ပျိုးသည့် တောင်သူ ဦးညွန့်ဝင်းထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာကော်မတီ၏ (၄/၂၀၂၂)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

        ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၂၈)ရက်နေ့ နေ့လယ် (၁၄:၀၀)နာရီအချိန်တွင် မကွေးတိုင်း ဒေသကြီး ၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ (၄/ ၂၀၂၂) ကြိမ်မြောက် တိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့ရာ တိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ စုစုပေါင်း (၁၄)ဦး တက်ရောက်ခဲ့ကြပါသည်။

          အဆိုပါအစည်းအဝေးတွင် မကွေးတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီ ဥက္ကဌကအဖွင့် အမှာ စကားပြောကြားပြီး အတွင်းရေးမှူးမှ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လနှင့် စက်တင်ဘာလအတွင်း စားသုံးသူကာကွယ်ရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်ခဲ့မှု အခြေအနေများနှင့် (၃/၂၀၂၂)ကြိမ်မြောက် အစည်း အဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများအား  ရှင်းလင်းတင်ပြခဲ့ပါသည်။ ဆက်လက်၍  ဦးစီးအရာရှိ ဒေါ်အေးမဉ္ဇူခိုင်မှ အမှာစာများအား ဖတ်ကြားခဲ့ပြီး တက်ရောက်လာသော အဖွဲ့ဝင်များမှ ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြကာ ဆွေးနွေးတင်ပြချက်များအပေါ် ဆုံးဖြတ်ချက်များ ရယူခဲ့ကြပါသည်။ ထို့နောက် ကော်မတီဥက္ကဌမှ နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ညနေ (၁၅:၃၀)နာရီ အချိန်တွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(မကွေး)

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့တွင် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်ကျင်းပ

          မကွေးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်များ ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်ဖွင့်ပွဲ အခမ်းအနားကို (၃၁.၁၀.၂၀၂၂)ရက်နေ့ နံနက်(၀၇:၀၀)နာရီအချိန်တွင် မကွေးခရိုင်အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ ဝန်ကြီးချုပ် ဦးတင့်လွင့်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊  ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များနှင့် ပြပွဲသို့ လာရောက်ကြည့်ရှုကြသည့် ဧည့်ပရိတ်သတ်များ တက်ရောက်ခဲ့ကြပါသည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက MSME လုပ်ငန်းများထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်ကို  ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ပြပွဲနှင့် ဈေးရောင်းပွဲတော် ခင်းကျင်းပြသထားမှုအား လှည့်လည်ကြည့်ရှုအားပေးပြီးနောက် နံနက်(၁၀:၀၀)နာရီအချိန်တွင် မကွေးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းရှင် တွေ့ဆုံဆွေးနွေးပွဲနှင့် စက်မှုဇုန်ဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာဆွေနွေးပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ ဆက်လက်၍ MSME လုပ်ငန်းရှင်များ စကားဝိုင်း ဆွေးနွေးပွဲကိုကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးအတွင်း လုပ်ငန်းများအောင်မြင်မှုရရှိနေသည့် MSME လုပ်ငန်းရှင်(၆)ဦးတို့က ၎င်းတို့၏လုပ်ငန်းများ အောင်မြင်မှု ရရှိရေးအတွက် ရင်ဆိုင်ကြုံတွေ့ ဖြတ်သန်းခဲ့ရသော အခက်အခဲများ၊ စိန်ခေါ်မှုများနှင့် အတွေ့အကြုံ များကို မျှဝေဆွေးနွေးခဲ့ကြပြီး ဖော်ထုတ်ချက်များ ရယူဆောင်ရွက်နိုင်ခဲ့ပါသည်။ နေ့လည်(၁၃:၀၀) အချိန်တွင် စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထိန်လင်းက အထူးစီးပွားရေးဇုန်နှင့် စက်မှုဇုန်များတည်ထောင်ရာတွင် ကြိုတင်ပြင်ဆင်ရန် လိုအပ်ချက်များနှင့် ပတ်သတ်၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် စီးပွားရေးလုပ်ငန်းရှင် များက သိရှိလိုသည့်မေးခွန်းများ မေးမြန်းခြင်း၊ တင်ပြချက်များနှင့်ပတ်သတ်၍ သက်ဆိုင်ရာတာဝန် ရှိသူများက ရှင်းလင်းဖြေကြားခဲ့ပြီး မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ နိဂုံးချုပ်အမှာစကား ပြောကြားကာ အခမ်းအနားရုတ်သိမ်းခဲ့ကြောင်းသိရှိရပါသည်။

         မကွေးတိုင်းဒေသကြီးအတွင်းရှိ MSME လုပ်ငန်းများ ဒေသထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်ကို (၃၁.၁၀.၂၀၂၂)ရက်နေ့မှ (၂.၁၁.၂၀၂၂)ရက်နေ့အထိ (၃)ရက်တိုင် နေ့စဉ်နံနက်(၀၇:၀၀)နာရီမှ ည(၀၈:၀၀) နာရီအထိ ဖွင့်လှစ်ပြသရောင်းချသွားမည်ဖြစ်ပြီး မကွေးခရိုင်အားကစားကွင်းအတွင်း စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

         

 

မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်ရှိ ပြည်သူများသို့ “တင်ဝင်း” စားအုန်းဆီ ရောင်းဝယ်ရေးမှ ဈေးကားဖြင့် စားအုန်းဆီများ ရောင်းချပေးနေမှုအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင် ဦးစီးမှူးရုံးမှ ဝန်ထမ်း(၂)ဦးတို့သည် (၁.၁၁.၂၀၂၂) ရက်နေ့ မနက်(၉:၀၀)နာရီအချိန်တွင် မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်ရှိ ပြည်သူများသို့ “တင်ဝင်း” စားအုန်းဆီရောင်းဝယ်ရေးမှ ဈေးကားဖြင့် စားအုန်းဆီ တစ်ပိဿာလျှင် (၅၂၀၀)ကျပ်နှုန်း ဖြင့် ရောင်းချပေးမှုကို ကွင်းဆင်းစိစစ် ကြပ်မတ်ခဲ့ပါသည်။

          ထိုသို့ရောင်းချရာတွင် လူတန်းစေ့ဝယ်ယူရရှိနိုင်ရန် ရည်ရွယ်၍ လာရောက်ဝယ်ယူကြသော အိမ်ထောင်စုများအား တုံကင်နံပါတ်များပေး၍ စောင့်ဆိုင်းစေခြင်း ၊ စနစ်တကျတန်းစီစေခြင်း၊ လူတစ်ဦးလျှင် (၁)ပိဿာနှုန်း တန်းတူညီမျှ ရောင်းချပေးနိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ