Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကျောင်းမုန့်ဈေးတန်းအား ဈေးကွက်စောင့်ကြည်စစ်ဆေးခြင်း

      ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊  ဟင်္သာတမြို့၊ တရုတ်ကျောင်းလမ်း (၂၃.၁၀.၂၀၂၂) ရက် နေ့ နံနက်(၀၉:၃၀) နာရီအချိန်တွင် အ-လ-က(၃) ကျောင်းမုန့်ဈေးတန်းအား  စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့် အဖွဲ့သည် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

      ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် ကျောင်းမုန့်ဈေးတန်းအတွင်းရောင်းချနေသော မြန်မာလက်လုပ် မုန့်များသန့်ရှင်းလတ်ဆတ်မှုရှိစေရေးနှင့် လေဖောင်းမုန့်များ၊ ဖျော်ရည်ဗူးများစသည့် အသင့်စားမုန့်များ၌ ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှုရှိ/မရှိစစ်ဆေးခဲ့ပြီး၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁)၊ ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြ ရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့)တစ်ခုထက်ပို၍ တွဲလျှက် ဖြစ်စေ ရေးသားဖော်ပြရမည့် ကုန်ပစ္စည်းကိုသာ စားသုံးသူများလက်ဝယ်အရောက် ဘေးကင်းလုံခြုံမှုရှိစေ ရေးအတွက် ဖြန့်ဖြူးရောင်းချရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါ ဥပဒေများအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များအကြောင်းနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဆောင်ရွက်နေ့သည့် လုပ်ငန်းများ အကြောင်းတို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မင်းပြားမြို့ တည်းခိုခန်းလုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေးခြင်း

      ရခိုင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာနမှ မင်းပြားမြို့နယ်တာဝန်ခံ ဦးမောင်သန်းဝင်း    (ဒု-ဦးစီးမှူး)သည်   (၂၅-၁၀-၂၀၂၂)ရက်နေ့  နံနက်(၁၀:၀၀)နာရီအချိန်တွင် မင်းပြားမြို့နယ် အုပ်ချုပ်ရေး မှူးရုံးတွင် တည်းခိုခန်းလုပ်ငန်းလုပ်ကိုင်နေသော လုပ်ငန်းရှင်(၈)ဦးတို့အား ဝန်ဆောင်မှုလုပ်ငန်းနှင့် ပတ်သက်၍ စားသုံးသူပြည်သူများ နစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် တွေ့ဆုံဆွေးနွေး ခဲ့ပါသည်။

        ထိုသို့ဆွေးနွေးရာတွင် မင်းပြားမြို့နယ်တာဝန်ခံ ဦးမောင်သန်းဝင်း(ဒု-ဦးစီးမှူး)က တည်းခိုခန်း လုပ်ငန်းလုပ်ကိုင်နေသော လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ကြော်ငြာထားသည့် ဝန်ဆောင်မှုများကို စားသုံးသူများထံ အပြည့်အဝပေးကြရမည်ဖြစ်ကြောင်း၊ ကြော်ငြာထားသည့်အတိုင်း ဝန်ဆောင်မှုများကို စားသုံးသူများထံ မပေးဆောင်နိုင်ပါက ၂၀၁၉ ခုနှစ် စားသုံးသူကာကွယ်ရေးဉပဒေအရ စားသုံးသူများက တိုင်ကြားလာလျှင် တည်ခိုးခန်းလုပ်ငန်းရှင်များ အနေဖြင့် တာဝန်ယူဖြေရှင်းပေးရမည်ဖြစ်ကြောင်း၊ စားသုံးသူကာကွယ်ရေးဉပဒေ အခန်း(၁၃)၊ ပုဒ်မ(၂၆)ပါ စီးပွားရေးလုပ်ငန်းရှင်သည် စားသုံးသူအပေါ် ဝန်ဆောင်မှုပေးခြင်းနှင့် စပ်လျဉ်း၍ ဖော်ပြရမည့် အချက်(၅)ချက်တို့အား အသေးစိတ်ရှင်းလင်းဆွေးနွေး ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)

 

အသိပေးကြေညာခြင်း

အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ ဩစတြေးလျ၊ တရုတ်၊ ကိုရီးယား၊ ဂျပန်နှင့် နယူးဇီလန်နိုင်ငံတို့ ပါဝင်သည့် ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု(Regional Comprehensive Economic Partnership-RCEP) သဘောတူစာချုပ်သည် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၁)ရက်နေ့မှစတင်၍ သက်ဝင်ပြီဖြစ်ပါသည်။
မြန်မာနိုင်ငံသည် ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုသဘောတူစာချုပ်အရ တရုတ်နိုင်ငံသို့ တင်ပို့မည့် မြန်မာ့ပင်ရင်းထုတ်ကုန်များ အကောက်ခွန်သက်သာခွင့်အတွက် CO Form RCEP ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနအောက်ရှိ သက်ဆိုင်ရာပို့ကုန်သွင်းကုန်ရုံးများနှင့် ကုန်သွယ်ရေးစခန်းများတွင် ၁-၁၁-၂၀၂၂ ရက်နေ့မှစတင်၍ စိစစ်ခွင့်ပြုထုတ်ပေးမည်ဖြစ်ပါသဖြင့် ပို့ကုန်လုပ်ငန်းရှင်များသည် CO Form RCEP များကို လုပ်ထုံးလုပ်နည်းနှင့်အညီ လျှောက်ထားနိုင်ပြီဖြစ်ပါသည်။
ထို့အပြင် သဘောတူစာချုပ်အရ အတည်ပြုပို့ကုန်တင်ပို့သူ (Approved Exporter)အဖြစ် လျှောက်ထားလိုသည့် ပို့ကုန်တင်ပို့သူများသည် Online CO Application System https:// onlineco. Myanmartradenet.com/ တွင် ၁-၁၁-၂၀၂၂ ရက်နေ့မှစတင်၍ လျှောက်ထားနိုင်ပြီဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

Source : ကုန်သွယ်ရေးဦးစီးဌာန

စစ်တွေမြို့ မောလိပ်ရပ်ကွက်၊ အ ထ က (ခွဲ) စာသင်ကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်

       ရခိုင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန ၊ စစ်တွေခရိုင်ဦးစီးမှူး ဦးမောင်လှဝင်းနှင့်  မြို့နယ် ဦးစီးမှူး  ဦးသိန်းအောင်တို့သည် (FDA ၊ ကျန်းမာရေး၊ စည်ပင်၊ ထွေ/အုပ် ၊ ပညာရေး) စသော မိတ်ဖက် ဌာနများနှင့် ပူးပေါင်း၍ စစ်တေွမြို့ ၊ မောလိပ်ရပ်ကွက်၊ အ ထ က (ခွဲ) စာသင်ကျောင်း၌ (၂၁-၁၀-၂၀၂၂) ရက်နေ့ နံနက်(၁၀:၀၀)နာရီမှ (၁၂:၃၀) နာရီထိ စားသုံးသူကာကွယ်ရေး၊ အစားအသောက် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ပတ်သက်၍ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

     အဆိုပါ အသိပညာပေးဟောပြောပွဲတွင် အ ထ က (ခွဲ) ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးနိုင် မှ ကျောင်းသူ/ကျောင်းသားများသို့ အဖွင့်အမှာစကားပြောကြားပြီး အစားအသေက်နှင့်ဆေးဝါးကွပ်ကဲ ရေးဦးစီးဌာန(FDA)ဒေါ်အေးအေးမြင့်(ဒု-ကြီးကြပ်ရေးမှူး)မှ ဓါတုဆိုးဆေး(၄)မျိုး နှင့် ဓါတုတာရှည်ခံ ဆေး(၄)မျိုး၏ အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် သတ်မှတ်ပမာဏထက် ပိုမိုသုံးစွဲသော အစားအသောက်များ အား သုံးစွဲမှုမပြုလုပ်ရန်နှင့် ၎င်းဌာနမှထုတ်ပြန်ထားသည့် စားသုံးရန် မသင့်သော အစားအသောက် များအား ဝယ်ယူစားသုံးရန်မပြုရေးအား Power Point ဖြင့်ပြသဟောပြောဆွေးနွေးပါသည်။

   ၎င်းနောက် စားသုံးသူရေးရာဦးစီးဌာန စစ်တွေခရိုင်ဦးစီးမှူး ဦးမောင်လှဝင်းနှင့် စစ်တွေ မြို့နယ်ဦးစီးမှူး ဦးသိန်းအောင်တို့မှ စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်(Vision) စားသုံးသူ များလုံခြုံစိတ်ချရမှုရှိစေရန် ၊ ရည်မှန်းချက်(Mission)(၄)ရပ်အား ချပြဆွေးနွေးပြီး ရည်မှန်းချက်ပါ (၁) စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားကာကွယ်ရေးဆောင်ရွက်ရန်ဖြစ်သည့် စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉) ၊ အခန်း(၉) စားသုံးသူ၏အခွင့်အရေး(၈)ချက်နှင့် တာဝန်(၄)ချက်အား ဥပမာပေး၍ ချပြဆွေးနွေးခြင်း ၊ (၂) ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး ဆောင်ရွက်ဖြစ်သည့် စားသုံးသူကာကွယ်ရေးဥပဒေ၊ အခန်း(၁၈) ပုဒ်မ(၄၁၊ ၄၂၊ ၄၃) ပြဌာန်းချက်ပါ အချက်များအား ဥပမာပေး၍ ချပြဆွေးနွေးပြီး (၃) ကုန်စည်နှင့်ဝန်ဆောင်မှုများ၏ အရည်အသွေးစီမံခန့်ခွဲမှုနှင့် သုတေသနဖွံ့ဖြိုးမှုလုပ်ငန်းများ ဆောင်ရွက်ရန်နှင့် (၄) ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးမှုနှင့် သုတေသန လုပ်ငန်းများဆောင်ရွက်ရန်ကိစ္စရပ်များအား အကျယ်တဝင့် ချပြဆွေးနွေးပြီး ၊ စားသုံးသူအခွင့်အရေး များအရ စားသုံးသူနစ်နာဆုံးရှုံးမှုနှင့်စပ်လျဉ်း၍ ကိစ္စရပ်များ ပေါ်ပေါက်ပါက တိုင်ကြားနိုင်သည့် အခွင့်အရေးရှိသည့်အတွက် စားသုံးသူသတင်းအချက်အလက်ပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံ ဆောင်ရွက်ရေးစင်တာ (CICC)များဖွင့်လှစ်ထားပါကြောင်းနှင့် ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုနှင့် စပ်လျဉ်းသည့် အသိပညာဗဟုသုတများ အခွင့်အရေးများနှင့် လိုအပ်သော အချက်အလက်များကို သိရှိလေ့လာနိုင်ခွင့်ရှိစေရေးအတွက် Website ဖြစ်သည့်  www.doca.gov.mm နှင့် doca myanmar mobile appilication တွင် ဝင်ရောက်လေ့လာနိုင်ရေးနှင့် တိုင်ကြားနိုင်သည့် နည်းလမ်းများအား ချပြဆွေးနွေး‌ဟောပြောခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ငှက်ပျောစုကျေးရွာ အထက(ခွဲ)တွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်

        ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် ဝါးခယ်မမြို့နယ်တာဝန်ခံ ဦးအောင်မိုးသည်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၂၃.၁၀.၂၀၂၂)ရက်နေ့ နံနက် (၁၀;၀၀)နာရီက ဝါးခယ်မမြို့နယ် ငှက်ပျောစုကျေးရွာ အထက(ခွဲ)တွင် ဆရာ/ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဝါးခယ်မမြို့နယ် တာဝန်ခံမှ မိတ်ဆက်စကားပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ ဌာနမှ လက်ရှိဆောင်ရွက်နေသောလုပ်ငန်းတာဝန်များ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များအား ဦးစွာရှင်းလင်းပြောကြားခဲ့ပါသည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များမှ စားသုံးသူ၏ အခွင့် အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ပုဒ်မ ၄၁ ပုဒ်မခွဲ(ခ)နှင့်(ဂ)တို့ပါ ကုန်စည်၏ အမျိုး အမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်အလေးချိန်၊ သုံးစွဲပုံနည်းလမ်းနှင့် ထုတ်လုပ် သည့်ရက်စွဲ၊  သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်တို့အား အသေးစိတ်ရှင်းလင်း ဟောပြောခဲ့ပြီး၊ မိမိတို့စားသောက်နေသောအစားအသောက်များတွင် ဓါတုဆိုးဆေးများအလွန် အကျုးပါဝင်နေခြင်း၊ သက်တမ်းလွန်အစားအသောက်များအား မိမိ၏အသိဖြင့် ဆင်ခြင်ဝယ်ယူစား သောက်ကြရန် ဟောပြောဆွေးနွေးပြီး၊ ကျောင်းမုန့်ဈေးတန်းစားသုံးသူရေးရာအဖွဲ့ဖြင့် မုန့်ဆိုင်များ သို့ သွားရောက်စစ်ဆေးခဲ့ပြီး ဆိုင်ပိုင်ရှင်များအား မိမိတို့ရောင်းချနေသော အစားအသောက်များတွင် သက်တမ်းလွန်မုန့်များအား ရောင်းချခြင်းမပြုကြရန် အသိပေးပြောကြားခဲ့ပါသည်။ စားသုံးသူ အသိပညာပေးဟောပြောပွဲသို့ ဆရာ/ဆရာမ(၁၆)ဦး၊ ကျောင်းသားကျောင်းသူ (၁၅၀)ဦး၊ စုစုပေါင်း (၁၆၆)ဦးတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

ပုဗ္ဗသီရိမြို့နယ်၊ အခြေခံပညာအလယ်တန်းကျောင်း၊ ရွာတော်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ၂၀၂၂ခုနှစ်၊ အောက်တိုဘာလ စတုတ္တပတ်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော ပွဲကို (၂၆-၁၀-၂၀၂၂) ရက်နေ့တွင် ပုဗ္ဗသီရိမြို့နယ်၊ အခြေခံပညာအလယ်တန်းကျောင်း၊ ရွာတော်၌ နံနက် (၁၀း၃၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ပထမဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်မွန်မွန်သက်မှ အဖွင့်အမှာ စကားပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ခရိုင် ဦးစီးမှူးရုံးမှ  ဦးမြင့်နိုင်၊ ဦးစီးမှူးက စားသုံးသူများနစ်နာဆုံးရှုံးမှုများနှင့် ပတ်သက်၍ စားသုံးသူရေးရာ ဦးစီးဌာနတွင် တိုင်ကြားနိုင်သော ဖုန်းနံပါတ်များ၊ Call Center ဖုန်းနံပါတ်နှင့် Website လိပ်စာတို့ကို အသိပေးပြောကြားခဲ့ပြီး ဦးစိန်ဝင်း၊ ဒု-ကြီးကြပ်ရေးမှူးက စားသုံးသူကာကွယ်‌ရေး ဥပဒေပေါ်ပေါက် လာပုံ၊ ဥပဒေတွင် ပါဝင်သော စားသုံးသူအဓိပ္ပာယ်နှင့် စားသုံးသူအခွင့်အရေး၊ တာဝန်များအကြောင်းတို့ကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက်တက်ရောက်လာကြသော ကျောင်းသား/သူ၊ ဆရာ/ဆရာမ စုစုပေါင်း (၁၉၅)ဦးခန့် တက်ရောက်ခဲ့ပြီး ဟောပြောပွဲကို (၁၂း၀၀)နာရီအချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း  သတင်းရရှိပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် တကောကျေးရွာ အထက(ခွဲ)တွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်

       ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် အိမ်မဲမြို့နယ် တာဝန်ခံ ဦးလေးလွင်သည်အားကစားနှင့်ကာယပညာဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၂၄.၁၀.၂၀၂၂)ရက်နေ့ နံနက် (၁၀;၀၀)နာရီက အိမ်မဲမြို့နယ်၊ တကောကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) တကောစာသင်ကျောင်းမှ ဆရာ/ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများအား စားသုံးသူကာကွယ် ရေးအသိပညာပေးဟောပြောဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ အိမ်မဲမြို့နယ် တာဝန်ခံမှ မိတ်ဆက်စကားပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ ဌာနမှ လက်ရှိဆောင်ရွက်နေသောလုပ်ငန်းတာဝန်များ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များအား ဦးစွာရှင်းလင်းပြောကြားခဲ့ပါသည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များမှ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ပုဒ်မ ၄၁ ပုဒ်မခွဲ(ခ)နှင့်(ဂ)တို့ပါ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်အလေးချိန်၊ သုံးစွဲပုံနည်းလမ်းနှင့် ထုတ်လုပ်သည့်ရက်စွဲ၊  သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်တို့အား အသေးစိတ်ရှင်းလင်း ဟောပြောခဲ့ပြီး၊ မိမိတို့စားသောက်နေသောအစားအသောက်များတွင် ဓါတုဆိုးဆေးများအလွန် အကျုးပါဝင်နေခြင်း၊ သက်တမ်းလွန်အစားအသောက်များအား မိမိ၏အသိဖြင့် ဆင်ခြင်ဝယ်ယူစား သောက်ကြရန် ဟောပြောဆွေးနွေးပြီး၊ ကျောင်းမုန့်ဈေးတန်းစားသုံးသူရေးရာအဖွဲ့ဖြင့် မုန့်ဆိုင်များသို့ သွားရောက်စစ်ဆေးခဲ့ပြီး ဆိုင်ပိုင်ရှင်များအား မိမိတို့ရောင်းချနေသော အစားအသောက်များတွင် သက်တမ်းလွန်မုန့်များအား ရောင်းချခြင်းမပြုကြရန် အသိပေးပြောကြားခဲ့ပါသည်။စားသုံးသူ အသိပညာပေးဟောပြောပွဲသို့ ဆရာ/ဆရာမ(၂၇)ဦး၊ ကျောင်းသားကျောင်းသူ (၅၄၆)ဦး၊ စုစုပေါင်း (၅၇၃)ဦးတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

ပုဗ္ဗသီရိမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း၊ ရွာသစ်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ၂၀၂၂ခုနှစ်၊ အောက်တိုဘာလ စတုတ္တပတ်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြော ပွဲကို (၂၇-၁၀-၂၀၂၂) ရက်နေ့တွင် ပုဗ္ဗသီရိမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း၊ ရွာသစ်၌ နံနက် (၁၀း၃၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ပထမဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးလွင်မှ အဖွင့်အမှာစကားပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ခရိုင် ဦးစီးမှူးရုံးမှ  ဦးစိန်ဝင်း၊ ဒု-ကြီးကြပ်ရေးမှူးက စားသုံးသူများနစ်နာဆုံးရှုံးမှုများနှင့် ပတ်သက်၍ စားသုံးသူရေးရာ ဦးစီးဌာနတွင် တိုင်ကြားနိုင်သော ဖုန်းနံပါတ်များ၊ Call Center ဖုန်းနံပါတ်နှင့် Website လိပ်စာတို့ကို အသိပေးပြောကြားခဲ့ပြီး ဦးမြင့်နိုင်၊ ဦးစီးမှူးက စားသုံးသူကာကွယ်‌ရေး ဥပဒေပေါ်ပေါက်လာပုံ၊ ဥပဒေတွင် ပါဝင်သော စားသုံးသူအဓိပ္ပာယ်နှင့် စားသုံးသူအခွင့်အရေး၊ တာဝန် များအကြောင်းတို့ကို ရှင်းလင်းပြောကြားခဲ့ပါသည်။  ထို့နောက်တက်ရောက်လာကြသော ကျောင်း သား/သူ၊ ဆရာ/ဆရာမ စုစုပေါင်း (၁၇၅)ဦးခန့် တက်ရောက်ခဲ့ပြီး ဟောပြောပွဲကို (၁၂း၀၀)နာရီ အချိန်တွင် ရုတ်သိမ်းကြောင်း သတင်းရရှိပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)

 

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ အောင်သပြေဈေးရှိ ကုန်စုံဆိုင်များအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိမရှိ ကွင်းဆင်းစစ်ဆေး

        ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် တာဝန်ခံ ဦးအောင်မိုးသည် (၂၃.၁၀.၂၀၂၂)ရက်နေ့၊ နံနက်(၁၁:၃၀)နာရီက  မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့နှင့်ပူးပေါင်း၍ ဝါးခယ်မမြို့၊ အောင်သပြေဈေးရှိ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချနေသော ကု်နပစ္စည်းများ၌ ကုန်အညွှန်းအမှတ် အသား ပြည့်စုံမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ ပါသည်။

          ထိုသို့ကွင်းဆင်းစိစစ်ရာတွင် ဝါးခယ်မမြို့နယ်၊ အောင်သပြေဈေးအတွင်း  ရောင်းချနေသော ကုန်စုံဆိုင်များရှိ အဏ္ဏဝါမင်း အိုင်အိုဒင်းဖြည့်ဆားထုတ်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံ စွာဖော်ပြထားခြင်းရှိ/မရှိ စစ်ဆေးရာပြည့်စုံမှုရှိကြောင်းတွေ့ရှိရပြီး၊ ကုန်မျိုးစုံဆိုင်ရှင်များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးမှထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ၂၀၁၉ ပါ ပြဌာန်းချက်များမှ ဥပဒေ အခန်း(၁၈) ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ-၄၁ ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြစ်စေ၊ အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍ တွဲလျှက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ဥပဒေ ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ကြရန် လိုက်နာဆောင်ရွက်မှုမရှိပါက ထုတ်ပြန်ထားသော ဥပဒေများအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

 

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ ချောင်းဝကြီးရပ်ကွက် မုန့်မျိုးစုံဆိုင်များအား နယ်မြေဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း

          ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် အိမ်မဲမြို့နယ်တာဝန်ခံ ဦးလေးလွင်နှင့်ဝန်ထမ်းများသည် (၂၄.၁၀.၂၀၂၂)ရက်နေ့ နံနက်(၁၀:၃၀)နာရီက  အိမ်မဲမြို့နယ်ချောင်းဝပိုင်းရပ်ကွက်ရှိ မုန့်မျိုးစုံဆိုင်များအား ကုန်အညွှန်းအမှတ်အသားဖော်ပြချက် ပြည့်စုံမှုရှိမရှိ နယ်မြေဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံဦးလေးလွင်မှ မုန့်မျိုးစုံဆိုင်များတွင် ရောင်းချနေသော မုန့်များတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ၂၀၁၉ ပါဥပဒေပြဌာန်းချက်များမှ ဥပဒေအခန်း အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ-၄၁ ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြစ်စေ၊ အခြားဘာသာတစ်ခု (သို့)တစ်ခု ထက်ပို၍ တွဲလျှက်ဖြစ်စေ၊ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဌာနမှထုတ်ပြန်ထားသော    ဥပဒေညွှန်ကြားချက်များအား   လိုက်နာဆောင်ရွက်ကြရန်   ဈေးကွက်အတွင်း ရောင်းချနေသော ကုန်စည်အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြ ထားခြင်းရှိ/မရှိကိုလည်း ဌာနမှ ဈေးကွက်အတွင်း စဉ်ဆက်မပြတ် စောင့်ကြည့်စစ်ဆေးသွားမည်ဖြစ် ကြောင်း ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်မှုမရှိပါက ထုတ်ပြန်ထားသောဥပဒေ များအတိုင်း အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ