Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခြင်း

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်ခရိုင်မှ ဒုခရိုင်ဦးစီးမှူးသည် မြန်အောင်မြို့၊ အမှတ်(၄ ) ရပ်ကွက်ရှိ စတိုးဆိုင်နှင့် ကုန်မျိုးစုံဆိုင်များအား (၂၅.၁၀.၂၀၂၂)ရက်နေ့ နံနက် (၀၉:၀၀)နာရီ အချိန်တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ကွင်းဆင်းဆောင်ရွက် ခဲ့ပါသည်။

       ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များအား ဝယ်ယူစားသုံးသူမိဘပြည်သူများ အန္တရာယ်မဖြစ်စေရန်နှင့် ကုန်စည်ပေါ်တွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှုရှိ/မရှိ၊ တားမြစ်ထားသော တရားမဝင် ကုန်စည်များ ရောင်းချခြင်းရှိ/မရှိတို့ကို စစ်ဆေးခဲ့ပြီး၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁)၊ ပုဒ်မခွဲ(ခ) နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍ တွဲလျှက်ဖြစ်စေ ရေးသားဖော်ပြရမည့် ကုန်ပစ္စည်းကိုသာ စားသုံးသူများလက်ဝယ်အရောက် ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် ဖြန့်ဖြူးရောင်းချရမည်ဖြစ်ကြောင်း၊ ဆိုင်ပိုင်ရှင်များ လိုက်နာရမည့်အချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်းနှင့် တရားဝင်တင်သွင်းလာသည့် ကုန်ပစ္စည်းများကိုသာရောင်းချရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး၊ ကုန်မျိုးစုံဆိုင်(၄)ဆိုင်အား စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခြင်း

        ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ အလှကုန်ပစ္စည်း အရောင်းဆိုင်နှင့် ကုန်မျိုးစုံဆိုင်များအား (၂၄.၁၀.၂၀၂၂)ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံမှ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါ သည်။

      ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များသည် ဝယ်ယူစားသုံးသူမိဘပြည်သူများအား ဘေးအန္တရာယ်မဖြစ်စေရန်နှင့် ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ် အသားပြည့်စုံမှု ရှိ/မရှိ တို့ကိုစစ်ဆေးခဲ့ပြီး၊ ကုန်အညွှန်းအမှတ်အသားများဖော်ပြခြင်းနှင့် ပတ်သက်၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ ၄၁၊ ပုဒ်မခွဲ(ခ)နှင့်(ဆ) တို့ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင်  မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ၊ ရေးသားဖော်ပြရမည်ဖြစ်ပြီး၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက် အမှတ်(၂/၂၀၁၉)ပါ ဥပဒေများအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်းအသိပညာပေးဆွေးနွေးခဲ့ပြီး၊ ကုန်မျိုးစုံဆိုင် (၅)ဆိုင် အား စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

စားသုံးသူအကာကွယ်ပေးရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show)အစီအစဉ် ပြုလုပ်

       ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊မြို့နယ်ဦးစီးမှူးများသည် ဟင်္သာတခရိုင်နှင့် မြန်အောင်ခရိုင်တို့တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ဟင်္သာတမြို့၊ ဇလွန်မြို့၊ လေးမျက်နှာမြို့၊ မြန်အောင်မြို့၊ ကြံခင်းမြို့နှင့် အင်္ဂပူမြို့နယ်တို့တွင် စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show အစီအစဉ်များကို ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

        အောက်တိုဘာလ ၃ ရက်နေ့ဟင်္သာတမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်အေးအေးမာနှင့် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမိုးကျော်မှ လည်းကောင်း၊ (၇.၁၀.၂၀၂၂)ရက်နေ့ ဇလွန်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစီးမှူးဒေါ်အေးမြင့်သိန်းနှင့် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးသန့်ဇင်ဦးမှလည်းကောင်း၊ (၂၁.၁၀.၂၀၂၂)ရက်နေ့ လေးမျက်နှာမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန Community Centre တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးတင်ရွှေနှင့် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးအောင်သန်းဌေးမှ လည်းကောင်း၊ (၂၁.၁၀.၂၀၂၂)ရက်နေ့ မြန်အောင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဦးဇော်မင်းထွန်းနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဒုခရိုင်ဦးစီးမှူး ဦးမြင့်အောင်မှ လည်းကောင်း၊ (၁၂.၁၀.၂၀၂၂)ရက်နေ့ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre တွင် ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်လှိုင်ပို့ပို့ဇင်နှင့် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာ ဝန်ခံ ဦးကျော်နိုင်ဝင်းမှ လည်းကောင်း၊ (၅.၁၀.၂၀၂၂)ရက်နေ့ အင်္ဂပူမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်သီသီရှိန်နှင့် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးဘိုဘိုမှလည်းကောင်း စားသုံးသူကာကွယ်ရေးအသိပညာပေး အမေးအဖြေများ မေးမြန်းခြင်း၊ ဖြေကြားခြင်းတို့ကို ပြုလုပ်ခဲ့ပါသည်။

      Talk Show တွင် ၂၀၁၉ ခုနှစ် မတ်လ(၁၅)ရက်နေ့တွင် ပြဌာန်းထားသော စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်းရှင်းလင်းပြောကြားပြီး  အခန်း(၁၅)တွင် ပါဝင်သော ပုဒ်မ(၂၈)(၂၉) ပါ စားသုံးသူတို့အတွက် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု လုံခြုံစိတ်ချရမှုရှိစေရေး၊ အခန်း(၁၈) ပါ ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ဖော်ပြရမည့် ညွှန်ကြားချက်များ အကြောင်း၊ အခန်း(၁၀)ပါ စီးပွားရေး လုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ ဌာနအတွင်းလက်ရှိ ဆောင်ရွက်နေမှု လုပ်ငန်းများအကြောင်း၊ စစ်ဆေးရေးအရာရှိများ၏ လုပ်ငန်းတာဝန်များအကြောင်း၊ စားသုံးသူတို့အတွက် နစ်နာဆုံးရှုံးမှုနှင့်စပ်လျဉ်းသည့် ကိစ္စရပ်များတွင် ရှင်းလင်းတင်ပြခွင့်နှင့် တိုင်ကြားခွင်ရှိခြင်းနှင့်အတူ ကုစားခွင့်ရှိခြင်းများအကြောင်း၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်း၊ Online Shopping နှင့်ပတ်သက်၍ စားသုံးသူနစ်နာဆုံးရှုံးမှု မရှိစေရေးဆောင်ရန်ရှောင်ရန်များအကြောင်းတို့အား မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

ကြံခင်းမြို့ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

        ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တာဝန်ခံသည် (၂၅.၁၀.၂၀၂၂)ရက်နေ့ နေ့လယ် (၁၄:၀၀) အချိန်တွင် ရွာသစ်တောင်အုပ်စုရှိ အ-ထ-က(၂) ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမ (၁၀၀)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော ဆောင်ရွက်ခဲ့ ပါသည်။

          ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးကျော်နိုင်ဝင်းမှ စားသုံးသူကာ ကွယ်ရေး ဥပဒေကို ၂၀၁၉ခုနှစ် မတ်လ(၁၅)ရက်နေ့တွင် အခန်း(၂၅)ခန်း၊ ပုဒ်မ(၈၄)ခုဖြင့် ပြဌာန်းခဲ့ ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၉)ပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များအကြောင်း၊ အခန်း(၁၃) ပါ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်းများအကြောင်း၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအကြောင်း၊ စားသုံးသူဆိုသည်မှာ ကုန်စည်သို့မဟုတ် ဝန်ဆောင်မှုကို ကုန်သွယ်ရောင်းချခြင်းပြုရန် သို့မဟုတ် အသက်မွေးဝမ်းကျောင်းပြုရန် မဟုတ်ဘဲ ကိုယ်တိုင်သုံးစွဲမှုအတွက်သော်လည်းကောင်း၊ အခြားသူအတွက်သော်လည်းကောင်း ရည်ရွယ်၍ ဝယ်ယူခြင်း၊ အသုံးပြုခြင်း၊ ရယူခြင်း၊ ကုန်စည်ချေးငှားခြင်းပြုလုပ်သူများ သို့မဟုတ် ပေးကမ်းထောက်ပံ့ခြင်းခံရသူများကို ဆိုလိုကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူများအားအသင့်စားမုန့်အမျိုးမျိုးတို့ကို ဝယ်ယူစားသုံးရာတွင် ထုတ်လုပ်သည့် ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲများ အဓိကဖက်ရှု့ရမည်ဖြစ်ကြောင်း စသည်တို့ကို အသိပညာပေးဟောပြောခဲ့ပြီး စားသုံးသူကာကွယ်ရေး ဥပဒေစာအုပ်နှင့် လက်ကမ်းစာစောင်များ ပေးဝေခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

 

စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

       ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်တာဝန်ခံသည် (၂၄.၁၀.၂၀၂၂)ရက်နေ့ ‌နေ့လယ် (၁၃:၃၀) အချိန်တွင် နောက်မီးကျေးရွာအုပ်စုရှိ အ-ထ-က ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းမုန့်ဈေးတန်းရှိ ဈေးဆိုင်ပိုင်ရှင်များ (၃၃၂)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော ဆောင်ရွက်ခဲ့ပါသည်။

        ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးဘိုဘိုမှ စားသုံးသူကာကွယ်ရေး ဥပဒေကို ၂၀၁၉ခုနှစ် မတ်လ(၁၅)ရက်နေ့တွင် အခန်း(၂၅)ခန်း၊ ပုဒ်မ(၈၄)ခုဖြင့် ပြဌာန်းခဲ့ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၉)ပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များအကြောင်း၊ အခန်း(၁၃) ပါ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်းများအကြောင်း၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအကြောင်း၊ စားသုံးသူဆိုသည်မှာ ကုန်စည်သို့မဟုတ် ဝန်ဆောင်မှုကို ကုန်သွယ်ရောင်းချခြင်းပြုရန် သို့မဟုတ် အသက်မွေးဝမ်းကျောင်းပြုရန် မဟုတ်ဘဲ ကိုယ်တိုင်သုံးစွဲမှုအတွက်သော်လည်းကောင်း၊ အခြားသူအတွက်သော်လည်းကောင်း ရည်ရွယ်၍ ဝယ်ယူခြင်း၊ အသုံးပြုခြင်း၊ ရယူခြင်း၊ ကုန်စည်ချေးငှားခြင်းပြုလုပ်သူများ သို့မဟုတ် ပေးကမ်းထောက်ပံ့ခြင်းခံရသူများကို ဆိုလိုကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူများအားအသင့်စားမုန့်အမျိုးမျိုးတို့ကို ဝယ်ယူစားသုံးရာတွင် ထုတ်လုပ်သည့် ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲများ အဓိကဖက်ရှု့ရမည်ဖြစ်ကြောင်း၊ ကျောင်းမုန့်ဈေးတန်း အတွင်းရောင်းချနေသော မုန့်ဆိုင်ပိုင်ရှင်များအနေဖြင့်လည်း မိမိတို့ရောင်းချနေသော အသင့်စားမုန့်များအား စားသုံးသူတို့အတွက်ဘေးအန္တရာယ်မဖြစ်စေရေးကို ဦးစားပေးသင့်ကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း စသည်တို့ကို အသိပညာပေးဟောပြောခဲ့ပြီး စားသုံးသူကာကွယ်ရေး ဥပဒေစာအုပ်နှင့် လက်ကမ်းစာစောင်များ ပေးဝေခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

 

ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးအထောက်အကူပြုဆွေးနွေးပွဲ (Thursday Talk) (၄/၂၀၂၂) ကျင်းပပြုလုပ်

       မွန်ပြည်နယ်၊စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး၌ ၂၇.၁၀.၂၀၂၂ ရက်နေ့ နေ့လယ် (၁၃:၀၀) နာရီတွင် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးအထောက်အကူပြုဆွေးနွေးပွဲ (Thursday Talk) (၄/၂၀၂၂) ကျင်းပပြုလုပ်ခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးနှင့် မော်လမြိုင်ခရိုင်ရုံးမှ ဝန်ထမ်းများ စုစုပေါင်း (၂၇) ဦး တက်ရောက်ခဲ့ပါသည်။

       ပထမဦးစွာ ပြည်နယ်ဦးစီးမှူးက အဖွင့်အမှာစကားပြောကြားရာတွင် ယခုကဲ့သို့ Thursday Talk ပြုလုပ်ခြင်းဖြင့် မိမိတို့ လက်တွေ့ဆောင်ရွက်နေသော လုပ်ငန်းတွင် မြေပြင်ကွင်းဆင်းဆောင်ရွက်ရာ၌ ကြုံတွေ့ရသော အခက်အခဲများအား Thursday Talk တွင် ဆွေးနွေးနိုင်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိ ဘာသာရပ်များကို ကျွမ်းကျင်ရန် လိုအပ်ကြောင်း၊ ကျောင်းများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ပြည်သူလူထု တို့အား အသိပညာပေးဟောပြောရာတွင် အများစိတ်ဝင်စားပြီး မိမိပေးလိုသော သတင်းအချက်အလက်များကို ထိရောက်စွာဟောပြောနိုင်ရန် လိုအပ်ကြောင်း၊ စားသုံးသူ ထိခိုက်နစ်နာမှုကြောင့် တိုင်ကြားမှုများ ဖြစ်လာလျှင် စေ့စပ်ညှိနှိုင်းခြင်းကို ဖြေရှင်းဆောင်ရွက်တတ်ရန်လိုအပ်ကြောင်း ဆွေးနွေးခဲ့ပါသည်။

      ထို့နောက် စားသုံးသူရေးရာဦးစီးဌာန မုဒုံမြို့နယ်တာဝန်ခံ၊ ချောင်းဆုံမြို့နယ်တာဝန်ခံ၊ ငွေစာရင်းဌာနမှ ဝန်ထမ်းများက မိမိတို့ဘာသာရပ်အလိုက် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ဆွေးနွေး ခဲ့ကြပါသည်။ အဆိုပါ “ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးအထောက်အကူပြုဆွေးနွေးပွဲ(Thursday Talk)” ကို နှစ်ပတ်တစ်ကြိမ် ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မွန်)

 

 

မုဒုံမြို့နယ်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပ

         မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မုဒုံမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၂၆.၁၀.၂၀၂၂ ရက်နေ့တွင် မုဒုံမြို့နယ်၊ အ.လ.က (သင်္ဘောဦး) ကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော ဆွေးနွေးခြင်း ကျင်းပပြုလုပ်ခဲ့ပါသည်။

        အဆိုပါဟောပြောပွဲတွင် အ.လ.က (သင်္ဘောဦး) ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ယဉ်မင်းဆန်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ မုဒုံမြို့နယ် တာဝန်ခံ ဦးစိုးဝင်းက စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်များဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားကို အဓိကထားဖတ်ရှု့သင့်ကြောင်း၊ ကုန်စည်/ဝန်ဆောင်မှုများ ရွေးချယ်ဝယ်ယူရာတွင် သတင်းအချက်အလက်များကို သေချာစွာစုံစမ်းရန်၊ ကုန်စည်/ဝန်ဆောင်မှု များကိုဝယ်ယူသုံးစွဲခြင်းကြောင့် စားသုံးသူထိခိုက်နစ်နာမှုပေါ်လာပါက စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်သည့် အကြောင်းအရာများ၊ Consumer Call Center သို့ဖုန်းခေါ်ဆို၍လည်း တိုင်ကြားနိုင်ကြောင်း ဟောပြောဆွေးနွေးခဲ့ပါသည်။

       အဆိုပါဟောပြောဆွေးနွေးပွဲသို့ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၁၅၂) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

မုဒုံမြို့နယ်၊ အ.ထ.က (ကွေ့ဝမ်း) ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပ

         မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မုဒုံမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၂၆.၁၀.၂၀၂၂ ရက်နေ့တွင် မုဒုံမြို့နယ်၊ အ.ထ.က (ကွေ့ဝမ်း) ကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပကြောင်း သိရပါသည်။

      အဆိုပါဟောပြောပွဲတွင် အ.ထ.က (ကွေ့ဝမ်း) ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ယဉ်လှမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ အကြီးတန်းစာရေး ဦးနိုင်လင်းထက်က စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များနှင့် လုပ်ငန်းဆောင်ရွက်ချက်တို့အား ပြောကြားခြင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ၊ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အကြောင်း၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များကို စားသုံးသူက သေချာစွာဖတ်ရှု့ပြီးမှ ရွေးချယ်ဝယ်ယူစားသောက်သင့်ကြောင်း၊ စားသုံးသူထိခိုက်နစ်နာမှုပေါ်လာပါက စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်သည့် အကြောင်းအရာများ၊ Consumer Call Center သို့ဖုန်းခေါ်ဆို၍လည်း တိုင်ကြားနိုင်ကြောင်း ဟောပြောဆွေးနွေးခဲ့ပါသည်။

      အဆိုပါဟောပြောဆွေးနွေးပွဲသို့ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၁၅၇) ဦးကို စားသုံးသူကာကွယ်ရေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

ဆေးနှင့်ဆေးပစ္စည်းများ ပြတ်လပ်မှုမရှိစေရေးနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

      ရှမ်းပြည်နယ်(အရှေ့ပိုင်း) ၊ကျိုင်းတုံစားသုံးသူရေးရာ ဦးစီးဌာန၊ တာချီလိတ်ခရိုင် ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၀၂၂ခုနှစ်၊ အောက်တိုဘာလ(၂၆)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ ဝန်ထမ်းများနှင့် ပူးပေါင်း၍ တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာအုပ်စု အတွင်းရှိ ဆေးဝါးပစ္စည်းအရောင်း ဆိုင်(၇)ဆိုင်အား ဆေးနှင့်ဆေးပစ္စည်းများ ပြတ်လပ်မှုမရှိစေရေးနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ရာတွင် တာချီလိတ်မြို့နယ်အတွင်းရှိ ဆေးဆိုင်များတွင် ဆေးနှင့်ဆေးပစ္စည်းများပြတ်လပ်ခြင်းမရှိသည်ကို စစ်ဆေးတွေ့ရှိရပြီး ဈေးနှုန်း အနေနှင့် နိုင်ငံခြားငွေလဲလည်နှုန်းကြောင့် အနည်းငယ်မြှင့်တက်လာသည်ကို စစ်ဆေးတွေ့ရှိရပါ သည်။  စစ်ဆေးရေးမှူးနှင့်တာဝန်ရှိသူများသည် ဆေးဆိုင်ပိုင်ရှင်များအား သက်တမ်းလွန်ဆေးဝါး များနှင့် သက်ဆိုင်ရာဌာနများမှတားမြစ်ထားသော ဆေးပစ္စည်းများကို ဈေးကွက်အတွင်း ရောင်းချ ခြင်းမပြုရန်၊ ထုတ်လုပ်သည့်နိုင်ငံ၊ ထုတ်လုပ်/တင်သွင်းသည့်ကုမ္ပဏီ ဆေးဝါးမှတ်ပုံတင်အမှတ်၊ Import Resg-istration No.(IR) များဖော်ပြထားသော ဆေးနှင့်ဆေးပစ္စည်းများကိုသာ ရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ” ကို သိရှိလိုက်နာ ဆောင်ရွက်စေရန် အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

 DOCA(ရှမ်း)

 

ဝက်လက်မြို့၊ အမှတ်(၁)၊ အခြေခံပညာအလယ်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

        စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင် ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူများအား စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်း၍ အသိပညာပေးဗဟု သုတများရရှိစေရန် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၂ခုနှစ်၊ အောက်တိုဘာလ ၂၆ရက်နေ့ နံနက် (၁၁:၀၀)အချိန်တွင် ဝက်လက်မြို့နယ်၊ အမှတ်(၁)၊ အခြေခံပညာအလယ်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ ခဲ့ပါသည်။

        အဆိုပါ ဟောပြောပွဲတွင် ဝက်လက်မြို့နယ်တာဝန်ခံဦးမျိုးအောင်မှ စားသုံးသူရေးရာဦးစီး ဌာနပေါ်ပေါက်လာပုံ၊ မိမိတို့စားသုံးသူရေးရာဦးစီးဌာန (DOCA) ကို အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန(FDA) ဌာနဟု ထင်သူများ၊ ကွဲကွဲပြားပြား မသိသေးသူများအတွက် ဌာန(၂)ခု၏ ခြားနားချက်များ၊ စားသုံးသူရေးရာဦးစီးဌာန၏ Vision၊ Missionများ၊ ပြည်သူတိုင်းသည် စားသုံး သူဖြစ်ကြောင်း၊ စားသုံးသူတိုင်းတွင် စားသုံးသူအခွင့်အရေးများရှိကြောင်း၊ စားသုံးသူ၏ အခွင့်အရေး များကို အပြည့်အဝကာကွယ်နိုင်ရန်အတွက် စားသုံးသူကာကွယ်ရေး ဥပဒေကိုပြဌာန်းထားကြောင်း၊ စားသုံးသူ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏အခွင့်အရေးများ၊ ဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားအကြောင်းများ၊ မိမိတို့အသုံးပြုမည့် ကုန်ပစ္စည်းများ ရွေးချယ်ဝယ်ယူရာတွင် ဥပဒေအခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသားများနှင့် ပြည့်စုံမှ ဝယ်ယူရမည်ဖြစ်ကြောင်း အသိပညာပေးခဲ့ပြီး ဟောပြောပွဲသို့ ကျောင်းသား/ ကျောင်းသူ (၆၀)ဦး နှင့် ဆရာ/ ဆရာမ(၅)ဦး တက်ရောက်ခဲ့ကြောင်းနှင့် အသိပညာပေး လက်ကမ်းစာစောင် (၆၅)စောင် ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ