Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

တောင်တွင်းကြီးမြို့ပေါ်ရှိ စားအုန်းဆီ လက်လီ/လက်ကားအရောင်းဆိုင်များအားအဖွဲ့စုံဖြင့် ရှောင်တခင်ကွင်းဆင်းစစ်ဆေး

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် တာဝန်ခံသည် (၇.၉.၂၀၂၅)ရက်နေ့မှ (၁၁.၉.၂၀၂၅)ရက်နေ့အထိ နံနက်(၀၉:၀၀)မှ (၁၂:၀၀)အချိန်အထိ တောင်တွင်းကြီးမြို့ရှိ လက်ကား/လက်လီဆီကုန်သည်များ၏ စားအုန်းဆီဖြန့်ဖြူးရောင်းချမှုအား မြို့နယ်စီမံခန့်ခွဲ ရေးနှင့်အုပ်ချုပ်ရေးကော်မတီ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထူးစုံစမ်း စစ်ဆေးရေးအဖွဲ့တို့နှင့် ပူးပေါင်းပြီး ရှောင်တခင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် လက်လီ/လက်ကား ဆီကုန်သည်များမှ ခွဲတမ်းရရှိသော စားအုန်းဆီများအား စားသုံးသူများလက်ဝယ်သို့ ပြန့်ပြန့်နှံနှံရောက်အောင်  အပတ်စဉ်ထုတ်ပြန်ပေး လျက်ရှိသော သတ်မှတ်ရည်ညွှန်းစျေးနှုန်းများအပေါ်တွင် သယ်ယူစရိတ်နှင့် အမြတ်(၂%)ပေါင်း၍ စားအုန်းဆီ(၁) ပိဿာလျှင် (၇.၉.၂၀၂၅)ရက်နေ့တွင် ကျပ်(၇၁၉၀)၊ (၁၁.၉.၂၀၂၅)ရက်နေ့တွင် ကျပ်(၇၃၇၀)ဖြင့် မြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာများရှိ အိမ်ထောင်စုတစ်စုလျှင် (၁)ပိဿာ နှုန်းဖြင့် ရောင်းချနေကြောင်း၊ ကိုယ်စားလှယ်အမည်နှင့် စျေးနှုန်းတို့အား ဗီနိုင်းများဖြင့် အများမြင်သာအောင် ကြော်ငြာရောင်းချနေကြောင်း၊ ဆီတိုင်ကီများတွင် မြေပဲဆီ၊ နှမ်းဆီဟုသိသာပေါ်လွင်အောင် ရေးသား ရောင်းချနေကြောင်းနှင့် ရောနှောဆီရောင်းချမှုမရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

ချောက်မြို့ပေါ်ရှိ ဆက်သွယ်ရေးဝန်ဆောင်မှု (အင်တာနက်ဝန်ဆောင်မှု) ဆောင်ရွက်နေသည့် လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

    မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် အရည်အသွေးပြည့်မီသော အင်တာ နက်ဝန်ဆောင်မှုများ ရရှိစေခြင်းဖြင့် နေ့စဉ်လူမှုဘဝ ကိစ္စရပ်များ အဆင်ပြေချောမွေ့ စေရန် ရည်ရွယ်၍ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးသည် (၁၂.၉.၂၀၂၅)ရက်နေ့၊ နံနက် (၀၉:၀၀)အချိန်တွင် ချောက်မြို့ပေါ်ရှိ ဆက်သွယ်ရေးဝန်ဆောင်မှု (အင်တာနက် ဝန်ဆောင်မှု) ဆောင် ရွက်ပေးနေသည့် လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ချောက်မြို့နယ်အတွင်းဖွင့်လှစ်ထားသည့် ဆက်သွယ်ရေး ဝန်ဆောင်မှု (အင်တာနက်ဝန်ဆောင်မှု) ဆောင်ရွက်နေသည့် MYTEL Fiber Internet sevice လုပ်ငန်း လုပ်ကိုင်နေသည့် ဆိုင်များအား ဆက်သွယ်ရေးဝန်ဆောင်မှု(Package/ Plan)များနှင့် ဝန်ဆောင်ခ နှုန်းထားများအား အများပြည်သူလွယ်ကူစွာ သိရှိနိုင်စေရေး ဖော်ပြထားမှုရှိ/မရှိ စစ်ဆေးခဲ့ပြီး ဝန်ဆောင်ခနှုန်းထားများ ပြောင်းလဲမှုရှိပါက သုံးစွဲသူများကို ကြိုတင်အသိပေးရန်၊ ဝန်ဆောင်ခ နှုန်းထားများ မှားယွင်းစွာ ငွေကြေးဖြတ်တောက်မှုဖြစ်ပေါ်ခဲ့ပါက သုံးစွဲသူများအား သက်ဆိုင်ရာ အော်ပရေတာများက ငွေပြန်အမ်းသည့် Refund Policy များ ချမှတ်ဆောင်ရွက်ရေး၊ အင်တာနက် လိုင်းများ ပြတ်တောက်ပါက သက်ဆိုင်ရာကုမ္ပဏီများအနေဖြင့် ပြည်သူများစိတ်ကျေနပ်မှုရရှိအောင် ဆောင်ရွက်ပေးရေးများကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။ ချောက်မြို့ပေါ်တွင် ဆက်သွယ်ရေး ဝန်ဆောင်မှု (အင်တာနက် ဝန်ဆောင်မှု)ဆောင်ရွက်နေသည့် လုပ်ငန်း(၄)ခုရှိကြောင်း သိရသည်။

DOCA(မကွေး)

 

ချောက်မြို့ပေါ်ရှိ စားသောက်ကုန်ထုတ်လုပ်သည့် လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်း ဆောင်ရွက်

      စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးသည်(၁၀.၉.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် ချောက်မြို့ပေါ်ရှိ စားသောက် ကုန်ထုတ်လုပ်သည့် ပဲကြော်၊ အာလူးကြော် လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး လုပ်ငန်းရှင် များအား အသိပညာပေးဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

       ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ပဲကြော်လုပ်ငန်းများနှင့် အာလူးကြော်လုပ်ငန်းများ ဆောင် ရွက်လျက်ရှိသည့် လုပ်ငန်းရှင်များအတွက် ခွင့်ပြုပေးထားသည့် လုပ်ငန်းသုံးဆီများ အမှန်တကယ် သုံးစွဲခြင်းရှိ/မရှိ စစ်ဆေးခဲ့ရာ အမှန်တကယ်သုံး စွဲမှုရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး စီးပွားရေးလုပ်ငန်းရှင် များအနေဖြင့် ကုန်စည် များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြ စေရေး၊ သတ်မှတ်အရည်အသွေးပြည့်မီသော ကုန်စည်များကို သာရောင်းချရေး၊ ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရေး၊ စားသုံးသူများ စိတ်ကျေနပ် မှုရှိစေရေးနှင့် စားသုံးသူ ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှု ပြစ်ဒဏ်များ စသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ချောက်မြို့၌ စားသုံးသူကာကွယ်ပေးရေး အသိပညာပေးခြင်းနှင့် လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

    မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် မိတ်ဖက်ဌာနဆိုင်ရာများတို့ ပူးပေါင်းပြီး (၁၀.၉.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် စားသုံးသူ ကာကွယ်ပေးရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်စာအုပ်ပြပွဲကို ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center)ခန်းမ၌  ကျောင်းသား/ သူများ လောင်းကစားမှု၊ လိမ်လည်မှုနှင့် အင်တာနက်အွန်လိုင်းအသုံးပြု၍ ဆိုက်ဘာလုံခြုံရေးဆိုင်ရာများ သတိပြု ဆင်ခြင်နိုင်စေရန် ရည်ရွယ်၍ မဲခေါင်တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်း‌ဆောင်ရွက်မှု ဗဟိုဌာန ပေးပို့လာသည့် ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ဗွီဒီယိုများကို ပရိုဂျက်တာဖြင့် ပြသပေးခဲ့ကြောင်း သိရသည်။

          အဆိုပါ အသိပညာပေးဟောပြောပွဲတွင် အမှတ်(၁)၊ အခြေခံပညာမူလတန်းကျောင်း (ပုဂံ ကျောင်း) ကျောင်းအုပ်ဆရာကြီး ဦးအေးလွင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးက “စားသုံးရန်မသင့်သောအစားအစာများ” အကြောင်း ကိုလည်းကောင်း၊ မြို့နယ်ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သိမ့်ဝါက “လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး” အကြောင်းအရာကိုလည်းကောင်း၊ မြို့နယ်ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးနေလင်းဦးက “ငလျင်ဘေးအန္တရာယ်ဆိုင်ရာ သိကောင်းစရာ”အကြောင်းကိုလည်းကောင်း အသီးသီးအသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါ သည်။

DOCA(မကွေး)

 

ချောက်မြို့၌ စားသုံးသူကာကွယ်ပေးရေး အသိပညာပေးခြင်းနှင့် လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

    မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် မိတ်ဖက်ဌာနဆိုင်ရာများတို့ ပူးပေါင်းပြီး (၁၀.၉.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် စားသုံးသူ ကာကွယ်ပေးရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်စာအုပ်ပြပွဲကို ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center)ခန်းမ၌  ကျောင်းသား/ သူများ လောင်းကစားမှု၊ လိမ်လည်မှုနှင့် အင်တာနက်အွန်လိုင်းအသုံးပြု၍ ဆိုက်ဘာလုံခြုံရေးဆိုင်ရာများ သတိပြု ဆင်ခြင်နိုင်စေရန် ရည်ရွယ်၍ မဲခေါင်တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်း‌ဆောင်ရွက်မှု ဗဟိုဌာန ပေးပို့လာသည့် ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ဗွီဒီယိုများကို ပရိုဂျက်တာဖြင့် ပြသပေးခဲ့ကြောင်း သိရသည်။

        အဆိုပါ အသိပညာပေးဟောပြောပွဲတွင် အမှတ်(၁)၊ အခြေခံပညာမူလတန်းကျောင်း (ပုဂံ ကျောင်း) ကျောင်းအုပ်ဆရာကြီး ဦးအေးလွင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးက “စားသုံးရန်မသင့်သောအစားအစာများ” အကြောင်း ကိုလည်းကောင်း၊ မြို့နယ်ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သိမ့်ဝါက “လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး” အကြောင်းအရာကိုလည်းကောင်း၊ မြို့နယ်ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးနေလင်းဦးက “ငလျင်ဘေးအန္တရာယ်ဆိုင်ရာ သိကောင်းစရာ”အကြောင်းကိုလည်းကောင်း အသီးသီးအသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါ သည်။

DOCA(မကွေး)

 တောင်တွင်းကြီးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ အသိပညာပေးဟောပြောပွဲ ကျင်းပ

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် တာဝန်ခံသည် (၁၂.၉.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့်ပူးပေါင်း၍ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ပေလေးပင်ခန်းမ၌ ဆရာ/ဆရာမ (၂၀)ဦး၊ ကျောင်း သား/ ကျောင်းသူ(၄၀၀)ဦးတို့အား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

        အဆိုပါ ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဒေါ်ဌေးဌေးက စားသုံးသူအခွင့်အရေး(၈)ချက်နှင့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ သိကောင်းစရာများအကြောင်းကိုလည်းကောင်း၊ မြို့နယ်အားကစား မှူး ဦးအောင်ဖြိုးဝေက လူငယ်နှင့်ခေါင်းဆောင်၊ ဘောလုံး၊ ‌ဘောလီဘော၊ ကြက်တောင် အားကစား နည်းများနှင့် ပတ်သက်သည့် စည်းမျဉ်းစည်းကမ်းများအကြောင်းကိုလည်းကောင်း အသိပညာပေးဟော ပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ အောင်ချမ်းသာရပ်ကွက်အ.ထ.က(၅)ကျောင်းတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်  

     စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ အောင်ချမ်းသာရပ်ကွက် အ.ထ.က(၅)ကျောင်းတွင် သန့်ရှင်း သာယာလှပစေရေးအတွက် ဌာနဆိုင်ရာဝန်ထမ်းများအပတ်စဥ် စနေနေ့တိုင်းစုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို စက်တင်ဘာလ ၁၃ ရက်‌ နေ့နံနက် (၈း၀၀)နာရီတွင်  ကျင်းပခဲ့ကြောင်း သိရသည်။

  ထိုသို့ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် နှင့် ဝန်ကြီးများ၊ ဌာနဆိုင်ရာညွှန်ကြားရေးမှူးများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ စားသုံးသူရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့ ခရိုင်/မြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဆရာ/ဆရာမများကမုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက် အ.ထ.က(၅)ကျောင်းဝင်း အတွင်း သစ်ကိုင်းသစ်ခက်များ ခုတ်ထွင်ရှင်းလင်းခြင်း အမှိုက်များရှင်းလင်း ခြင်းတို့ကို စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြပြီး  သန့်ရှင်းရေးပြုလုပ်သည့် ဝန်ထမ်းများအား သက်သာသော ဈေးနှုန်းဖြင့် ဆန်/ဆီနှင့် ဟင်းသီးဟင်းရွက်စုံများ ရောင်းချပေးခဲ့ကြောင်း  သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

လေးမျက်နှာမြို့ Online Sale ဖြင့်ရောင်းချသော အလှကုန်ပစ္စည်းအရောင်းဆိုင်အား ကွင်းဆင်းစစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ်တာဝန်ခံသည် (၁၇.၉.၂၀၂၅)ရက်နေ့  နေ့လည် (၁၃:၀၀)နာရီအချိန်တွင် လေးမျက်နှာမြို့နယ်၊ သိမ်ကုန်းကျေးရွာအုပ်စု၊ ကြပ်ကုန်းကျေးရွာရှိ Online စနစ်ဖြင့် ရောင်းချလျက်ရှိသော Thet Thet Aung Beauty အရောင်းဆိုင်သို့ အွန်လိုင်းမှတ်ပုံ တင်ထားမှု ရှိ/မရှိ၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင် ရွက်ခဲ့ပါသည်။

  ထိုသို့ကွင်းဆင်းခဲ့ရာတွင် မြို့နယ်တာဝန်ခံ ဦးအောင်သန်းဌေးမှ Online စနစ်ဖြင့်ရောင်းချနေ သော အ‌ရောင်းဆိုင်များသို့ မှတ်ပုံတင်လက်မှတ်လျှောက်ထားမှုနှင့်စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းဆောင် ရွက်ရာတွင် လုပ်ငန်းရှင်များ လျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာအတိုင်း လုပ်ငန်း အမှန် တစ်ကယ် တည်ရှိခြင်း ရှိ/မရှိ ၊ မှတ်ပုံတင်လက်မှတ်လျှောက်ထားစဉ်က ရောင်းချရန် တင်ပြ ထားသော ကုန်စည်(သို့)ဝန်ဆောင်မှု အမျိုးအစားစာရင်းအတိုင်း မြေပြင်တွင် အမှန်တစ်ကယ် ရောင်းချနေသော စာရင်းကိုက်ညီမှု ရှိ/မရှိ တို့ကို စစ်ဆေးခဲ့ပြီး၊ မှတ်ပုံတင်လက်မှတ်ရရှိသူ၏ တာဝန်ဖောက်ဖျက် မှု ရှိ/မရှိ ၊စားသုံးသူကာကွယ်ရေးဥပ‌ဒေပါ ကုန်စည်ပေါ်တွင်ဖော်ပြပါရှိရမည့် ကုန်အညွှန်းအမှတ်အသားဖော်ပြမှု တို့ကို စိစစ်ခဲ့ပြီး၊ လုပ်ငန်းရှင် ဒေါ်သက်သက်အောင်နှင့် တွေ့ဆုံ၍ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ အကြောင်းအသိပညာပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

အင်္ဂပူမြို့ အ.ထ.က (ဘုရားငုတ္တို)တွင်စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲပြုလုပ်

   စားသုံးသူရေးရာဦးစီးဌာန၊အင်္ဂပူမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၁၆.၉.၂၀၂၅)နေ့ နေ့လည် (၁၃:၃၀)နာရီအချိန်တွင် အင်္ဂပူမြို့နယ်၊ ဘုးရားငုတ္တိုကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းတွင် ဆရာ၊ဆရာမနှင့် ကျောင်းသား၊ကျောင်းသူ(၃၁၅)ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟော ပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          ဟောပြောပွဲတွင် အကြီးတန်းစာရေး ဒေါ်ဝင်းမာစိုးက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း၊ အစားအသောက်နှင့်ကုန်စည်တွေပေါ်မှာ ဖော်ပြရ မည့် ကုန်အညွှန်း အမှတ်အသားများအကြောင်း၊ အစားအသောက်များတွင် ပါဝင်သော ဓါတုဆိုးဆေး၏ ဆိုးကျိုးများအကြောင်း၊ မြန်မာဘာသာဖြင့် ကုန်အညွှန်းဖော်ပြထားခြင်းမရှိသော အစားအသောက်များ နှင့် လူသုံးကုန်ပစ္စည်းများ ဝယ်ယူအသုံးပြုရာတွင် သတိပြုလိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ဝယ် ယူအသုံးပြုခဲ့သော ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက ပြောဆို တင်ပြတိုင်ကြားခွင့်နှင့်ပြန်လည်ကုစားနိုင်ခွင့်များအကြောင်း စသည်တို့ကို အကျယ်တဝင့် ရှင်းလင်း ဆွေးနွေး ဟောပြောခဲ့ပါသည်။

          ဟောပြောပွဲအပြီးတွင် မြို့နယ်တာဝန်ခံနှင့်အဖွဲ့သည် ကျောင်းမုန့်ဈေးတန်းကော်မတီဝင်များ နှင့်အတူ ကျောင်းမုန့်ဈေးတန်းများရှိ ရောင်းချနေသော မုန့်များတွင် ကုန်အညွှန်းအမှတ်အသား ပြည်စုံ မှုရှိမရှိ ကွင်းဆင်းစိစစ်ခဲ့ပြီး၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံသော မုန့်များကိုသာရောင်းချရန် မုန့် ဈေးတန်းရောင်းချသူများအား မှာကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA (ဧရာဝတီ)

ဆာကူရာယိုမျိုးစုံထုတ်လုပ်ရောင်းချသည့် လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခြင်း

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်‌ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသ ကြီး၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၌ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ( ၁၅ )ရက်နေ့ နံနက်(၁၁း၀၀)နာရီ အချိန်တွင် ဒု-တိုင်းဒေသကြီးဦးစီးမှူးက မုံရွာမြို့၊ မြို့သစ်ရပ်ကွက် ဆာကူရာယိုမျိုးစုံ ထုတ်လုပ်ရောင်းချသည့်  လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

          အဆိုပါတွေ့ဆုံဆွေးနွေးရာတွင် ဒု-တိုင်းဒေသကြီးဦးစီးမှူးက စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ လိုက်နာရမည့်တာဝန်များ၊ ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုများနှင့် စပ်လျဥ်း၍စီးပွားရေးလုပ်ငန်းရှင်က အာမခံချက်ပေးရမည့်အချက်များအကြောင်း အသိပညာပေးဆွေးနွေး ခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြချက်၊ မူပိုင်ခွင့်လျှောက်ထားခြင်းနှင့်  အွန်လိုင်းမှတ်ပုံတင် လျှေက်ထားခြင်းများအား အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်း ရရှိပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ