Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်ရှိ ဈေးများတွင် ကွင်းဆင်းစစ်ဆေးခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း

        ၁၆.၃.၂၀၂၀ ရက်နေ့တွင် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် စားသုံးသူရေးရာ ဦးစီးဌာနမှ တာဝန်ရှိသူများသည် ဗန်းမော်ခရိုင် အစားအသောက်နှင့်ဆေးဝါး ကွတ်ကဲရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ပူးပေါင်းပြီး မံစီမြို့နယ် မံစီစည်ပင်သာယာဈေးသို့ သွားရောက်၍ ရွေ့လျားဓာတ်ခွဲယာဉ်ဖြင့် အစားအသောက်များ တွင် အန္တရာယ်ဖြစ်စေသော ဓာတုပစ္စည်း (၇)မျိုး ပါဝင်ခြင်းရှိ/မရှိ ကွင်းဆင်း စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

        ထို့နောက် ၁၇.၃.၂၀၂၀ ရက်နေ့တွင် ကချင်ပြည်နယ် ဗန်းမော်ခရိုင် မိုးမောက်မြို့နယ် မိုးမောက်စည်ပင်သာယာဈေးတွင် မိုးမောက်မြို့နယ် ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ကုန်စုံဆိုင်များတွင် စစ်ဆေးခြင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

   အလားတူ ၁၈.၃.၂၀၂၀ ရက်နေ့တွင် အမှတ်(၁) ကက္ကိုတောဈေးတွင် ရွေ့လျားဓာတ်ခွဲယာဉ်ဖြင့် အစားအသောက်နမူနာများ ဓာတ်ခွဲစစ်ဆေးခြင်း၊ စားသုံးသူကာကွယ်ရေးဉပဒေတွင်ဖော်ပြထားသည့် စီးပွားရေးလုပ်ငန်းရှင်များ ၏တာဝန်များနှင့်ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အသိပညာပေးလက်ကမ်း စာစောင်များဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

ကချင်ပြည်နယ်

စားသုံးသူရေးရာဦးစီးဌာန

မြဝတီမြို့နယ်၊ စပ္ပါလိုက်ကျေးရွာနှင့် ထီးချားရားကျေးရွာရှိ ကျေးလက်နေပြည်သူများတွင် စားသုံးသူအသိပညာပေးဟောပြောခြင်း

      ကရင်ပြည်နယ် မြဝတီမြို့၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးမှ ဦးသိန်းဇော်( ခရိုင်ဦးစီးမှူး)နှင့်တာဝန်ရှိသူများသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးတို့နှင့်ပူးပေါင်း၍ မြဝတီမြို့နယ်၊ စပ္ပါလိုက်ကျေးရွာနှင့် ထီးချားရားကျေးရွာရှိ ကျေးလက်နေပြည်သူများအား စားသုံးသူကာကွယ်ရေးအကြောင်း၊ ကုန်စည်နှင့်ဝန်ဆောင်မှုများအကြောင်း၊ စားသုံးသူတိုင်း ရရှိနိုင်သည့် စားသုံးသူအခွင့်အရေးများ နှင့်လိုက်နာရမည့်တာဝန်များလည်းရှိကြောင်း၊ စားသုံးသူကာကွယ်ရေးဉပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းမှာ ၂၀၂၀ ခုနှစ် မတ်လ ၁၅ ရက်နေ့ နောက်ပိုင်းတွင် စတင် အသက်ဝင်တော့မည်ဖြစ်ပါကြောင်း၊ ကုန်စည်နှင့်ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍ စားသုံးသူအပေါ်ထိခိုက်နစ်နာပြီး စိတ်ကျေနပ်မှုမရှိပါက စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ(CICC)ရုံးများ ဖွင့်လှစ်ထားရှိပြီး စားသုံးသူများ၏ တိုင်ကြားမှုများကို လက်ခံဖြေရှင်းဆောင်ရွက်ပေးကြောင်း ဟောပြောဆွေးနွေးခဲ့ပါသည်။

ကရင်ပြည်နယ်

စားသုံးသူရေးရာဦးစီးဌာန

စီးပွားရေးလုပ်ငန်းရှင်များကို ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲနှင့် စစ်ဆေးရေးအရာရှိများကို စားသုံးသူကာကွယ်ရေးနည်းဉပဒေ(မူကြမ်း)ကို ရှင်းလင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်

       ၂၀၂၀ပြည့်နှစ်၊ မတ်လ (၃) ရက်နေ့တွင် ကရင်ပြည်နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များကို စားသုံးသူကာကွယ်ရေးဉပဒေနှင့်အညီ ကုန်စည်အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ  ရှင်းလင်းဆွေးနွေးပွဲကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးတွင် ကျင်းပပြုလုပ်ရာ ကရင်ပြည်နယ် အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင် (၃၆)ဦး တက်ရောက်ခဲ့ကြပါသည်။

     ဆွေးနွေးပွဲတွင် ညွှန်ကြားရေးမှူး ဦးရဲထွဋ်နိုင်က စားသုံးသူကာကွယ်ရေးဉပဒေနှင့်အညီ ကုန်စည်အမျိုးအစားအလိုက် ကုန်အညွန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ စီးပွားရေး လုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် အကြောင်းအရာများအား အသေးစိတ် ဆွေးနွေးရှင်းလင်းခဲ့ပြီး တက်ရောက်လာသူလုပ်ငန်းရှင်များက သိလိုသည်များကို မေးမြန်းခဲ့ရာ ညွှန်ကြားရေးမှူး ဦးရဲထွဋ်နိုင်က ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက် လုပ်ငန်းရှင်များအနေဖြင့် အခက်အခဲများရှိပါက စားသုံးသူရေးရာဦးစီးဌာနသို့ တင်ပြကြရန်နှင့် ဉပဒေနှင့်အညီ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

          ဆက်လက်၍ စားသုံးသူကာကွယ်ရေးနည်းဉပဒေ(မူကြမ်း)နှင့်စပ်လျဉ်းသည့် ရှင်းလင်းဆွေးနွေးပွဲကို ကျင်းပခဲ့ရာ ညွှန်ကြားရေးမှူး ဦးရဲထွဋ်နိုင်နှင့်ဝန်ထမ်းများ၊ စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်အတွင်းရှိ စစ်ဆေးရေးအရာရှိများ၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးနှင့် ခရိုင်ဦးစီးမှူးရုံးရှိ ဝန်ထမ်းများ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ ဖာပွန်၊ လှိုင်းဘွဲ့၊ သံတောင်ကြီး မြို့နယ် တာဝန်ခံများ တက်ရောက်ခဲ့ကြပါသည်။

        ညွှန်ကြားရေးမှူး ဦးရဲထွဋ်နိုင်က ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ ပြဌာန်းချက်များနှင့်စပ်လျဉ်း၍ ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို ဝန်ထမ်းများအား ရှင်းလင်းဆွေးနွေးခဲ့ပြီး  လက်ထောက်ညွှန်ကြားရေးမှူး ဦးထက်ဝင်းအောင်က စားသုံးသူကာကွယ်ရေးနည်းဉပဒေ(မူကြမ်း)နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်း၊  ဦးစီးအရာရှိ ဒေါ်ကေဇင်ယုက စားသုံးသူကာကွယ်ရေးဉပဒေနှင့်အညီ ဈေးကွက်စုံစမ်းစစ်ဆေးခြင်းလုပ်ငန်း များနှင့် စပ်လျဉ်း၍ အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ က သိလိုသည်များ မေးမြန်းဆွေးနွေးခဲ့ခြင်းနှင့် တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

ကရင်ပြည်နယ်

စားသုံးသူရေးရာဦးစီးဌာန

ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်အဖြစ်" ကုန်စည်လုံခြုံစိတ်ရမှုအစ ကုန်အညွှန်းအမှတ်အသားက" မီဒီယာကမ်ပိန်းကျင်းပ

              ၁၅-၃-၂၀၂၀ ရက်နေ့တွင်ကျရောက်သော ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့တွင် “ကုန်စည်လုံခြုံစိတ်ရမှုအစ ကုန်အညွှန်းအမှတ်အသားက" ခေါင်းစဉ်ဖြင့် အသိပညာပေးမီဒီယာကမ်ပိန်းကို စားသုံးသူရေးရာဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးဆောင်၍ ကချင်ပြည်နယ် မြစ်ကြီးနားမြို့၏ အဓိကနေရာများတွင် ကျင်းပဆောင်ရွက်ခဲ့ပါသည်။

         စားသုံးသူကာကွယ်ရေး ဉပဒေအခန်း(၁၈)အရ စီးပွားရေးလုပ်ငန်းရှင်များအားလုံး လိုက်နာ ဆောင်ရွက်ရမည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်များတွင် မြန်မာဘာသာ ဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ဖော်ပြရာ၌ သတ်မှတ်ချက်များနှင့်အညီ သိရှိလိုက်နာဆောင်ရွက်နိုင်ရန် ကမ်ပိန်းကျင်းပခြင်းဖြစ်ပါသည်။ အဆိုပါ အသိပညာပေးဆောင်ရွက်ရာတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ စည်ပင်သာယာစျေး(ရေစင်စျေး)၊ ပြည်သူ့ရင်ပြင်နှင့် ကချင်ပြည်နယ် ဒေသထွက်ကုန်အရောင်းစင်တာနေရာများ၌  စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် အသိပညာပေးဗီနိုင်းများစိုက်ထူခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များအား ကုန်စည်၏ ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြရန်၊ စားသုံးသူများအား ကုန်စည်များကို ဝယ်ယူသုံးစွဲသည့်အခါ အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းပုံအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်၊ ကြိုတင် သတိပေးချက်များကို မြန်မာဘာသာဖြင့်ရေးသားထားပြီး ကုန်အညွှန်းအမှတ်အသား မှန်ကန်ပြည့်စုံစွာ ဖော်ပြထားသော မုန့်နှင့်ရေသန့်ဗူးများကို နမူနာများ ဝေငှ၍ ရွေးချယ်ဝယ်ယူ စားသုံးကြရန် အသိပညာပေး ဆွေးနွေးရှင်းလင်းပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

          ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အသိပညာပေး မီဒီယာကမ်ပိန်းကို ကချင်ပြည်နယ် စားသုံးသူ ရေးရာဦးစီးဌာနရှိ ပြည်နယ်ဦးစီးမှူးရုံးနှင့် မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများအားလုံး အတူတကွ ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး သတင်းမီဒီယာများဖြစ်ကြသော MRTV-4 နှင့် မြစ်ကြီးနား သတင်းဂျာနယ်များကလည်း လိုက်ပါ၍ သတင်းရယူကြောင်း သိရှိရပါသည်။

ကချင်ပြည်နယ်

စားသုံးသူရေးရာဦးစီးဌာန

မြဝတီမြို့တွင် ပြောင်းလုပ်ငန်းရှင်များအသင်း ဖွဲ့စည်းနိုင်ရေးနှင့် ပြောင်းကုန်စည်ဒိုင် ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

           ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ပြောင်းလုပ်ငန်းရှင်များအသင်း ဖွဲ့စည်းနိုင်ရေးနှင့် ပြောင်းကုန်စည်ဒိုင် ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို မြဝတီမြို့၊   ၂၀၂၀ ပြည့်နှစ်၊ မတ်လ(၂)ရက်နေ့ ၊ နေ့လယ် (၁)နာရီအချိန်၌ ကျင်းပခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ ကရင်ပြည်နယ်၊ ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်၊ မြန်မာနိုင်ငံပြောင်း လုပ်ငန်းရှင်များအသင်းမှ ဉက္ကဌ ဦးမင်းခိုင်နှင့် အဖွဲ့ဝင်များ၊ မြဝတီမြို့ နယ်စပ်ကုန် သည်ကြီးများအသင်းမှ ဉက္ကဌ ဒေါ်သင်းသင်းမြတ်၊ မြဝတီမြို့ရှိ ပြောင်းကုန်သည်လုပ်ငန်း ရှင်များ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ စုစုပေါင်း (၅၀)ဦး တက်ရောက်ခဲ့ကြပါသည်။

        ရှေ့ဦးစွာ ဆွေးနွေးပွဲတွင် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်နှင့် ခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်တို့က နှုတ်ခွန်းဆက် အဖွင့်အမှှာစကား ပြောကြား ခဲ့ပြီး မြန်မာနိင်ငံ ပြောင်းလုပ်ငန်းရှင်များအသင်း ဉက္ကဌ ဦးမင်းခိုင်မှ ကရင်ပြည်နယ် ပြောင်းလုပ်ငန်းအသင်းနှင့် ပြောင်းကုန်စည်ဒိုင် ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို လည်းကောင်း၊ မြဝတီမြို့ နယ်စပ်ကုန်သည်ကြီးများအသင်းမှ ဉက္ကဌ ဒေါ်သင်းသင်းမြတ် က မြန်မာ-ထိုင်း နယ်စပ် မြဝတီမြို့မှ တစ်ဖက်ထိုင်းနိုင်ငံသို့ ပြောင်းဆံတင်ပို့နေမှု အခြေအနေများကိုလည်းကောင်း၊ ကုန်သွယ်ရေးဦးစီးဌာန၊ မြဝတီကုန်သွယ်ရေးဇုံမှ ညွှန်ကြားရေးမှူး ဦးမင်းအောင်အေးက ပြောင်းကုန်စည်နှင့် ပတ်သတ်၍ ကုန်သွယ်ရေး ဆိုင်ရာ ဖြေလျော့ပေးမှု အခြေအနေများကိုလည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြဝတီ ခရိုင်ဦးစီးမှူး ဦးစောလှကြည်က အစေ့ထုတ်ပြောင်းနှင့် ပတ်သက်၍ စိုက်ပျိုးရေးဆိုင်ရာ ဆောင်ရွက်ရမည့် သီးနှံဆိုင်ရာ အသိပညာအကြောင်းအားလည်းကောင်း၊ မြဝတီမြို့နယ် အကောက်ခွန်ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးလှမျိုးအောင်က အစေ့ထုတ်ပြောင်းနှင့် ပတ်သက်၍ အကောက်ခွန်ဆိုင်ရာ ကျသင့်ကောက်ခံမှု အခြေအနေများကို လည်းကောင်း၊ စားသုံးသူရေးရာ ဦးစီးဌာန၊ မြဝတီခရိုင်ရုံးမှ ဦးစီးမှူး ဦးမျိုးဝင်းနိုင်က ကုန်စည်ဒိုင်တွင် လိုက်နာရမည့် မှန်လေးမှန်ဖြစ်သည့် ပစ္စည်းမှန်၊ ဈေးနှုန်းမှန်၊ အလေးချိန်မှန်၊ အရောင်းအဝယ်မှန်ဖြစ်ရမည့် အကြောင်းအရာများ၊ ကုန်စည်ဒိုင်၏ စည်းမျဉ်းစည်းကမ်းများ၊ အသင်းဖွဲ့စည်းရာတွင် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများ အကြောင်း သိကောင်းစရာများ ကိုလည်းကောင်း အသီးသီး ဆွေးနွေးခဲ့ကြပါသည်။

ဆက်လက်၍ မြဝတီမြို့နယ် ပြောင်းလုပ်ငန်းရှင်များအသင်း ဖွဲ့စည်းနိုင်ရေးနှင့် ပြောင်းကုန်စည်ဒိုင် ဖွင့်လှစ်နိုင်ရေးတို့အား မူအားဖြင့် သဘောတူဆုံးဖြတ်ချက်ချမှတ်နိုင် ခဲ့ပြီး မြဝတီပြောင်းကုန်စည်ဒိုင် ဖွင့်လှစ်နိုင်ရေးအတွက် ဦးဆောင်ကော်မတီကို ပုဂ္ဂိုလ် (၅) ဦးဖြင့် ဖွဲ့စည်းပြီး မြဝတီကုန်စည်ဒိုင်ဖြစ်မြောက်ရေးကော်မတီကို ပုဂ္ဂိုလ်(၁၄)ဦးဖြင့် ဖွဲ့စည်းဆောင်ရွက် ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

ကရင်ပြည်နယ်

စားသုံးသူရေးရာဦးစီးဌာန

Fortune Plaza ရှိ Myanmar Expo ခန်းမတွင် ကျင်းပသော မြန်မာအပြည်ပြည်ဆိုင်ရာ လယ်ယာသုံးစက်ကိရိယာပြပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ကရင်ပြည်နယ်ဒေသထွက်ကုန်ပြခန်း ခင်းကျင်းပြသခြင်း

       (၂၉ .၂.၂၀၂၀)ရက်နေ့မှ (၂.၃.၂၀၂၀)ရက်နေ့အထိ ပြသသော ရန်ကုန်မြို့ သာကေတ မြို့နယ် မင်းနန္ဒာလမ်းရှိ Fortune Plaza ရှိ Myanmar Expo ခန်းမတွင် ကျင်းပသော မြန်မာအပြည်ပြည်ဆိုင်ရာ လယ်ယာသုံးစက်ကိရိယာပြပွဲတွင် ကရင်ပြည်နယ်၊ ဘားအံမြို့၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဦးသန်းဦး (ဒုတိယပြည်နယ်ဦးစီးမှူး)နှင့် တာဝန်ရှိသူများသည် ကရင်ပြည်နယ် ဒေသထွက်ကုန်ပြခန်းကို ခင်းကျင်းပြသခဲ့ပါသည်။ ပြခန်းတွင် ကရင်ပြည်နယ်ဒေသထွက်ကုန်များဖြစ်သော ရာဘာ၊ ကွမ်းသီးနီ၊ ကွမ်းသီးဖြူ၊ ဝဉခြောက်၊ ဝဉအစို၊ ဝါးတူ၊ ချဉ်ပေါင်ဖာလာ၊ ကော်ဖီမှုန့်၊ နနွင်းတက်ခြောက်၊ ကော်ဖီစေ့၊ ဆပ်ပြာရည်၊ ကရင်ရိုးရာ အဝတ်အထည်များကို ပြသခဲ့ပါသည်။ မြန်မာပြည်ပြည်ဆိုင်ရာလယ်ယာသုံးစက်ကိရိယာပြပွဲတွင် ခင်းကျင်းပြသခဲ့သော ကရင်ပြည်နယ် ဒေသထွက်ကုန်ပြခန်းသို့ (၂၉.၂.၂၀၂၀)ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရုံးချုပ်(နေပြည်တော်)မှ ဦးအောင်မောင်း(ဒု-ညွှန်ကြားရေးမှူးချုပ်)မှလည်းကောင်းနှင့် (၁.၃.၂၀၂၀) ရက်နေ့တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများမှလည်းကောင်းလာရောက် ကြည့်ရှုအားပေးခဲ့ပါသည်။

ကရင်ပြည်နယ်

စားသုံးသူရေးရာဦးစီးဌာန

မုဒုံမြို့နယ်၊ မေတ္တာဆန်သောက်ရေသန့်လုပ်ငန်း၌ ဈေးကွက်စောင့်ကြည့်လေ့လာခြင်း

       ၄.၃.၂၀၂၀ ရက်နေ့တွင် မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝါဝါမြိုင်         နှင့် အဖွဲ့သည် ပြည်နယ် FDA နှင့် ပူးပေါင်း၍ မုဒုံမြို့နယ်၊ မေတ္တာဆန်သောက်ရေသန့် လုပ်ငန်းသို့  ဈေးကွက်စောင့်ကြည့်လေ့လာခြင်းများကို ဆောင်ရွက်ခဲ့ပြီး ရေသန့်လုပ်ငန်းရှင်အား FDA ၏ ခွင့်ပြု ထောက်ခံချက်ရရှိမှသာ ထုတ်လုပ်ဖြန့်ဖြူးရောင်းချရန်၊ သက်ဆိုင်ရာဌာနများ၏ ခွင့်ပြုချက်နှင့်အညီ ဆောင်ရွက်ရန်၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း (၁၈) ပြဌာန်းချက်နှင့်အညီ လိုက်နာ ဆောင်ရွက်သွားရန် အသိပညာပေးဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ပါသည်။

မွန်ပြည်နယ်

စားသုံးသူရေးရာဦးစီးဌာန

တောင်ကြီးမြို့တွင် World Consumer Rights Day အထိမ်းအမှတ်လှုပ်ရှားမှုများဆောင်ရွက်

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၁၅.၃.၂ဝ၂ဝ ရက်နေ့တွင်ကျရောက်သည့် World Consumer Rights Day အထိမ်းအမှတ်အဖြစ် လမ်းဖြတ်ဆိုင်းဘုတ်များအား တောင်ကြီးမြို့၊ ရေအေးကွင်းရပ် အရှေ့မြို့ပတ်လမ်းတွင်လည်းကောင်း၊ ကျောင်းကြီးစုရပ် အနောက်မြို့ပတ်လမ်းတွင်လည်းကောင်း၊ မြို့အတက်လမ်းတွင်လည်းကောင်းတပ်ဆင်ခဲ့ပြီး ၂ဝ၁၉ စားသုံးသူကာကွယ်ရေးဥပဒေတွင်ပါဝင် သောစားသုံးသူအခွင့်အရေးများအကြောင်းနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြမှုဆိုင်ရာအချက် အလက်များကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာ တွဲလျက်ဖြစ်စေ ဖော်ပြရမည့်အချက်အလက်များပါဝင်သည့်  နံရံကပ်စတေကာများ၊ လက်ကမ်းစာစောင်များ၊ World Consumer Rights Day အထိမ်းအမှတ်စတေကာများကို မြို့ပေါ်ရှိစတိုးဆိုင်များ၊ ဆေးဆိုင်များနှင့် အများပြည်သူများမြင်တွေ့နိုင်သည့်နေရာများတွင်ဖြန့်ဝေခြင်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

တောင်ကြီးခရိုင်

စားသုံးသူရေးရာဦးစီးဌာန

စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈)အရ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်းနှင့် တိုင်းဒေသကြီးအတွင်းရှိ အရာထမ်း/ အမှုထမ်းများနှင့် စစ်ဆေးရေးအရာရှိများအား ရှေ့ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်နှင့် နည်းဥပဒေ(မူကြမ်း) ရှင်းလင်းဆွေးနွေး

        မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲမှ ညွှန်ကြားရေးမှူး ဦရဲထွဋ်နိုင် ဦးဆောင်သော အဖွဲ့က ၂၀၂၀ ပြည့်နှစ်၊ မတ်လ(၁၁) ရက်နေ့တွင် စားသုံးသူကာကွယ်ရေးဥပဒေအရ ကုန်စည်အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသားဖော်ပြ ခြင်းနှင့် စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်များအား ရှင်းလင်ဆွေးနွေးပွဲနှင့် တိုင်းဒေသကြီးအတွင်းရှိ အရာထမ်း/ အမှုထမ်းများ၊ စစ်ဆေးရေးအရာရှိများကို စားသုံးသူကာကွယ်ရေးနည်းဥပဒေ (မူကြမ်း) အား ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကို မနက်ပိုင်းနှင့် နေ့လည်ပိုင်းခွဲ၍ ကျင်းပပြုလုပ်ခဲ့ရာ ရေသန့်လုပ်ငန်းရှင်များအသင်း၊ လက်လီရောင်းချသူများအသင်း၊ ဒေသတွင်း မုန့်ထုတ်လုပ်သူ လုပ်ငန်းရှင်းများ၊ ကုန်သည်ကြီးများအသင်း၊ ဆီစက်နှင့် လက်လီရောင်းချသူများ၊ တင်သွင်း/ ထုတ်လုပ်/ ဖြန့်ဖြူးရောင်းချသူ လုပ်ငန်းရှင်များ စုစုပေါင်း (၉၀)ဦးခန့်နှင့် သတင်းမီဒီယာများ၊ အရာထမ်း/အမှုထမ်းများ/ စစ်ဆေးရေးအရာရှိများ တက်ရောက်ခဲ့ကြပါသည်။

     ရှေးဦးစွာ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးမှ နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် ယခုလို စီးပွားရေးလုပ်ငန်းရှင်များ စုံညီစွာ တက်ရောက်လာကြတဲ့အတွက် အထူး ကျေးဇူးတင်ကြောင်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးရဲထွဋ်နိုင်နှင့်အဖွဲ့က တိုင်းဒေသကြီးအလိုက် စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈)အရ ကုန်စည်အမျိုးအစားအလိုက် ကုန်အညွှန်း အမှတ် အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်များအား သိရှိအောင် လာရောက်ဆွေးနွေး ပေးနေခြင်းဖြစ်ပါကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေသစ်နှင့် ပတ်သက်၍ အခန်းအားလုံးသည် ဥပဒေထွက်ရှိသည့်နေ့မှစ၍ အကျုံးဝင်သော်လည်း အခန်း (၁၈)၊ ကုန်အညွှန်းအမှတ်အသားဖော်ပြ မှုနှင့် စပ်လျဉ်း၍ ၂၀၂၀ ပြည့်နှစ်၊ မတ်လ (၁၆) ရက်မှစ၍ စတင်အာဏာသက်ရောက်မည်ဖြစ်သဖြင့် စီးပွားရေးလုပ်ငန်းရှင်များအားလုံး သိရှိလိုက်နာနိုင်ရေး လာရောက်ဆွေးနွေးပေးတာဖြစ်ပါကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့်လည်း အလွန်အကျိုးရှိပါကြောင်း၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်း နှင့်ပတ်သက်၍ ရေသန့်လုပ်ငန်းရှင်များ၊ ဆီစက်လုပ်ငန်းရှင်များ၊ မုန့်လုပ်ငန်းရှင်များ၏ ကုန်စည် များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြမှုနှင့် ပတ်သက်၍ တိုင်းမှ စိစစ်ပြီး ရုံးချုပ်သို့ အတည်ပြု ပေးလျက်ရှိပါကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ မတ်လ (၁၅) ရက်နေ့တွင် World Consumer Rights Days အခမ်းအနားကို The Sutainable Consumer (စားသုံးသူအရေး စဉ်ဆက်မပြတ်ဆောင်ရွက်ပေး) ဆောင်ပုဒ်ဖြင့် မိမိတို့ တိုင်း/ခရိုင်/မြို့နယ်အလိုက် အများပြည်သူသွားလာလှုပ်ရှားသည့် လမ်းမများ တွင် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ သီချင်းများဖွင့်ခြင်း၊စားသုံးသူအခွင့်အရေးနှင့်ကာကွယ်ရေး ဆိုင်ရာ ဗီနိုင်း၊ ပိုစတာများစိုက်ထူခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ မီဒီယာကမ်ပိန်းများကို တစ်ပြိုင်နက် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါကြောင်း၊ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြခြင်းဖြင့် စားသုံးသူများဘက်မှလည်း စီးပွားရေးလုပ်ငန်းရှင်များ၏ ကုန်စည်များအပေါ်တွင် စိတ်ချယုံကြည်မှုများတိုးလာစေပြီး လုပ်ငန်းရှင်များဘက်မှလည်း မိမိတို့၏ ထုတ်ကုန်တန်ဖိုးများ မြင့်တက်လာစေမည်ဖြစ်သည့်အတွက် အကျိုးရှိလာစေမည်ဖြစ်ပါကြောင်း ဆွေးနွေးခဲ့ပါသည်။

          ဆက်လက်၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးရဲထွဋ်နိုင်မှ စားသုံးသူကာကွယ်ရေးဥပဒေနှင့် အညီ ကုန်စည် အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်း ဆွေးနွေးရာတွင် ၂၀၂၀ ပြည့်နှစ်၊ မတ်လ (၁၅) ရက်နေ့ နောက်ပိုင်း မြန်မာလိုဖော်ပြရမည့်ကိစ္စမှာ လုပ်ငန်းရှင် အခက်အခဲများစွာရှိမည်ကို သိရှိပါကြောင်း၊ မိမိတို့အနေဖြင့် လုပ်ငန်းရှင်များ၏ အခက်အခဲတွေကို ဝိုင်းဝန်းဖြေရှင်းပေးရန်အတွက် လာရောက်ခြင်းဖြစ်ပါကြောင်း၊ မတ်လ(၁၆)ရက် နောက်ပိုင်း ဈေးကွက်တွင် စစ်ဆေးသွားမည့် အခြေအနေတွေကိုလည်း လုပ်ငန်းရှင်များကို အကြမ်းဖျင်းရှင်းလင်းတင်ပြလိုပါကြောင်း၊ ကုန်စည်များတွင် မြန်မာလိုဖော်ပြရန်နှင့် စပ်လျဉ်း၍ ၂၀၁၄ ခုနှစ်၊ စားသုံးသူအကာအကွယ်ပေးရေးဥပဒေတွင် မြန်မာစာသားဖြင့် ဖော်ပြလာရေး စားသုံးသူအကာအကွယ်ပေးရေးဗဟိုကော်မတီမှ အမိန့်ကြော်ငြာစာ ထုတ်ပြန်ရမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများကို မြန်မာစာသားဖြင့် ဖော်ပြရေး စားသုံးသူအကာအကွယ်ပေးရေးဗဟိုကော်မတီမှ ၂၀၁၈ တွင် အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ (၆)လ အချိန်ပေးခဲ့ပါကြောင်း၊ အမိန့်ကြော်ငြာစာမထုတ်ခင် လုပ်ငန်းရှင်များ၏ အခက်အခဲကို သိ၍ (၃)လ ကြိုတင်၍ ကုန်စည်များတွင် မြန်မာစာသားဖြင့် ထည့်သွင်းဖော်ပြရမည်ဖြစ်ကြောင်းကို နိုင်ငံပိုင် သတင်းစာများမှ အသိပေးခဲ့ပါကြောင်း၊ ဗဟိုကော်မတီမှ မြန်မာလိုဖော်ပြရမည့် ရက်ကိုသတ်မှတ် ပေးဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်တို့အား တဖြည်းဖြည်းစောင့်ဆိုင်းပေးနေရာမှ ၂၀၁၆ ခုနှစ်တွင် မန္တလေးတိုင်းဘက်မှာ တရုတ်မှလာသည့် ခွေးကျွေးသည့် ဇူကာဗင်အားဆေးကို ကျောင်းမုန့်ဈေး တန်းတွင် ရောင်းချလျက်ရှိရာ မိမိတို့လို စစ်ဆေးသည့် ဌာနဆိုင်ရာများပင် နိုင်ငံခြားဘာသာဖြင့် ဖော်ပြထားသည့်အတွက် မသိရှိသော်လည်း နားလည်သည့် ကျောင်းသားမိဘတစ်ဦးမှ ခွေးကျွေး သည့် အားဆေးကို ကလေးများ စားသုံးနေရသည်ဟု တိုင်ကြားမှုများရှိလာသည့်အတွက် ဌာနဆိုင်ရာ များဖြင့် သွားရောက်စစ်ဆေးရာ ၎င်းတို့ဘာသာဖြင့် ခွေးများစားသုံးရန်အတွက်ဟု ရေးသားထား သည်ကို တွေ့ရှိခဲ့ရပါကြောင်း၊ ၎င်းဖြစ်စဉ်ဖြစ်ပွားပြီးနောက် ကုန်စည်များတွင် မြန်မာစာသားဖြင့် ထည့်သွင်းဖော်ပြရန် အမိန့်ကြော်ငြာစာ ထုတ်ပြန်ခဲ့ရပါကြောင်း၊ ထိုအတောအတွင်း လွှတ်တော်တွင် ဥပဒေကို ပြင်ဆင်ခဲ့ရာ ၂၀၁၉ ခုနှစ်၊ မတ်လ (၁၅) ရက်နေ့တွင် စားသုံးသူကာကွယ်ရေးဥပဒေကို ထုတ်ပြန်ခဲ့ပါကြောင်း၊ ဥပဒေရေးဆွဲရာတွင် စီးပွားရေးလုပ်ငန်းရှင်များကိုလည်း ဖိတ်ကြား၍ ချပြရှင်းလင်းဆောင်ရွက်ခဲ့ရာ ပြည်တွင်းထုတ်လုပ်သည့် လုပ်ငန်းရှင်များမှ (၆)လအတွင်း မြန်မာ စားသားဖြင့် ထည့်သွင်းနိုင်ရေး ဆောင်ရွက်နိုင်သော်လည်း နိုင်ငံခြားမှ တင်သွင်းသည့် ကုန်စည်များ မှာ အဆင်သင့်မဖြစ်သည့်အတွက် ဥပဒေထုတ်ပြန်ပြီး ထပ်မံ၍ အချိန်(၁)နှစ်ပေးခဲ့ပါကြောင်း၊ သတင်းမီဒီယာများမှတဆင့် အားလုံးသိရှိအောင်ကြော်ငြာခဲ့သော်လည်း အားလုံးကျယ်ကျယ်ပြန့်ပြန့် သိရှိလာနိုင်ရေး ရှေးဦးစွာ ကုန်စည်အုပ်စုအလိုက် ထုတ်ပြန်ပေးခဲ့ပါကြောင်း၊ စားသုံးသူသိရှိအောင် ဆောင်ရွက်တာဖြစ်သည့်အတွက် အရောင်သတ်မှတ်ချက်၊ ဖောင့်ဆိုဒ် သတ်မှတ်ချက်မရှိပါကြောင်း၊ နိုင်ငံခြားမှတင်သွင်းသည့် ကုန်စည်များတွင် မြန်မာစာသားဖြင့် ဖော်ပြလာရေး စတစ်ကာပဲကပ်ကပ်၊ ပန်းဖလက်ပဲပေးပေး၊ လက်ကမ်းစာစောင်နဲ့ပဲဖြစ်ဖြစ် ဆောင်ရွက်ခွင့်ပြုပါကြောင်း၊ ဥပမာ- ရေသန့် ဆိုလျှင် FDA မှ အင်္ဂလိပ်စာသားဖြင့် ဖော်ပြရေးခွင့်ပြုထားသော်လည်း စားသုံးသူကာကွယ်ရေး ဥပဒေအရ မြန်မာလိုလည်း ထပ်မံဖော်ပြရမှာဖြစ်ပါကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေအခန်း (၁၈)၊ ပုဒ်မ ၄၁ (ခ)နှင့် (ဆ)မှာ မြန်မာလို မဖြစ်မနေ ဖော်ပြရမည့် အချက်တွေဖြစ်ပြီး ၎င်းတို့ အနက်မှ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းပုံ အညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာရေးဆိုင်ရာဓါတ်မတည့်ကြောင်းဖော်ပြချက်၊ ကြိုတင် သတိပေး ချက်တို့မှ မဖြစ်မနေထည့်ရမည့် အချက်များကို  ကုန်စည်အုပ်စုအလိုက် စားသုံးသူ ကာကွယ်ရေး ကော်မရှင်မှ ထုတ်ပြန်ကြေညာပေးထားပါကြောင်း၊ စားသုံးသူဘက်မှ တိုင်ကြားမှု ရှိလာရင်တော့ လုပ်ငန်းရှင်ဘက်မှာ ဖြေရှင်းရမည့်တာဝန်ရှိပါကြောင်း၊ ပြစ်မှုပြစ်ဒဏ်အရ အမြင့်ဆုံး ထောင်ဒဏ် (၂)နှစ်၊ ငွေသိန်း (၂၀၀)ထက်မပိုသော ငွေဒဏ်ဟုပါသော်လည်း တရားရုံးမှ ချမှတ်သည့်အတိုင်း လိုက်နာရမှာဖြစ်ကြောင်း၊ ဌာနအနေဖြင့် စီမံခန့်ခွဲမှုနည်းလမ်းအရ အရေးယူဆောင်ရွက်လို့ ရသော် လည်း နောက်တစ်ဆင့်မှာ ရဲအရေးပိုင်ဖြစ်၍ အမှုဖွင့်ပါက တရားရုံးမှ ကိုင်တွယ်သွားမှာဖြစ်ကြောင်း၊ လုပ်ငန်းရှင်များ အခက်အခဲရှိပါက မိမိတို့ဌာန၏ E-mail, Website နှင့် မိုဘိုင်းဖုန်းနံပါတ်များသို့ ဆက်သွယ်မေးမြန်း နိုင်ပါကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ မတ်လ (၁၆) ရက်မှာ အလွန်နီးကပ် လာပြီဖြစ်သည့် အတွက် အခက်အခဲ တွေ့ရှိရင် ဌာနကို တင်ပြဆွေးနွေးလို့ရပါကြောင်း၊ ပထမအဆင့် အနေဖြင့် ကုန်စည်များတွင် ကုန်အညွှန်း အမှတ်အသားများ၌ မြန်မာစာသားများ ထည့်သွင်း လာအောင် လုပ်ဆောင်သွားမှာဖြစ်ကြောင်း၊ ဒုတိယအဆင့်အနေဖြင့် ကုန်အညွှန်းအမှတ်အသားတွင် ဖော်ပြထားသည့်အတိုင်း မှန်ကန်အောင်ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ စတစ်ကာကပ်ဖို့ကိုလည်း အချို့ကုန်စည်တွေကိုကပ်ဖို့ ခွင့်ပြုနိုင်သော်လည်း အချို့ကုန်စည်တွေကို ခွင့်မပြုနိုင်တာတွေလည်း ရှိပါကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ မတ်လ (၁၆) ရက်နောက်ပိုင်းမှာလည်း ကုန်စည်အားလုံးကို ချက်ချင်း အရေးယူသွားတာမျိုးမဟုတ်ဘဲ ကုန်ပစ္စည်း အမယ်တစ်မျိုးချင်းအလိုက် တိုင်းဒေသကြီးအစိုးရအဖွဲ့ မှ သတ်မှတ်ပေးထားသည့် ကုန်ပစ္စည်း အမယ်တစ်မျိုး (သို့) နှစ်မျိုးကို ဈေးကွက်မှ စတင်ဖယ်ရှား သွားမှာဖြစ်ကြောင်း၊ ဥပဒေအသစ်မှာ ဥပဒေပါ အခန်းအားလုံးသည် ဥပဒေစတင်ပြဌာန်းသည့်နေ့မှ အာဏာတည်ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြမှုနှင့် စပ်လျဉ်းသည့် ဥပဒေအခန်း(၁၈)မှာ ဥပဒေ ပြဌာန်းပြီး တစ်နှစ်ပြည့်မြောက်မှသာ အာဏာတည်မည်ဟု သမ္မတမှ လက်မှတ်ရေးထိုး ထုတ်ပြန် ထားသည့်အတွက် မြန်မာစာသားဖြင့် ဖော်ပြလာရေး ထပ်မံ၍ ရက်တိုးပေး၍ရမည်မဟုတ် ပါကြောင်း၊ လုပ်ငန်းရှင်တို့အနေဖြင့်လည်း သိလိုသမျှ ပွင့်လင်းစွာ မေးမြန်းနိုင်ပါကြောင်း ဆွေးနွေး ခဲ့ပါသည်။

            ထို့နောက် တက်ရောက်လာသည့် စီးပွားရေးလုပ်ငန်းရှင်များ၊ လက်လီအသင်းအဖွဲ့အစည်း များ၊ သတင်းမီဒီယာများမှ သိလိုသည်များ မေးမြန်းမှုအပေါ် အသေးစိတ် ရှင်းလင်းဆွေးနွေး ခဲ့ပါကြောင်း သိရှိရပါသည်။ နေ့လည်ပိုင်းတွင် အရာထမ်း/ အမှုထမ်းနှင့် စစ်ဆေးရေးအရာရှိများကို စားသုံးသူကာကွယ် ရေးနည်းဥပဒေ (မူကြမ်း)နှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ရာ စားသုံးသူကာကွယ်ရေးဥပဒေ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ ပြဌာန်းချက်များနှင့် စပ်လျဉ်း၍ ဆက်လက်ဆောင် ရွက်မည့် လုပ်ငန်းစဉ်များကို စားသုံးသူရေးရာဦးစီးဌာန (ရုံးချုပ်)မှ ညွှန်ကြားရေးမှူး ဦးရဲထွဋ်နိုင်မှ  လည်းကောင်း၊ ဈေးကွက်စုံစမ်းစစ်ဆေးခြင်းလုပ်ငန်းများနှင့် စပ်လျဉ်း၍ စားသုံးသူရေးရာဦးစီးဌာန (ရုံးချုပ်)မှ ဦးစီးအရာရှိ ဒေါ်ကေဇင်ယုမှလည်းကောင်း၊ စားသုံးသူကာကွယ်ရေးနည်းဥပဒေ (မူကြမ်း)နှင့် စပ်လျဉ်း၍ စားသုံးသူရေးရာဦးစီးဌာန (ရုံးချုပ်)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးထက်ဝင်းအောင်မှလည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

မကွေးတိုင်းဒေသကြီး

စားသုံးသူရေးရာဦးစီးဌာန

စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးဆောက်လုပ်ခြင်း

           လုပ်ငန်းအမည်                  -      ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး

                                                          (၅၀'×၃၅'×၂၄') RC (၂)ထပ်

                                                          (အတွင်း ရေ၊ မီး၊ မိလ္လာ)(Apron & Drain အပါ)

            လုပ်ငန်းတည်နေရာ            -      မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်

                                                          ဂန့်ဂေါမြို့၊ မြောက်ကုန်းရပ်

            ရင်းနှီးမြုပ်နှံမှု                     -      (၉၅.၀၀၀) သန်း(ကျပ်-သန်း)

            တင်ဒါအောင်ဈေးနှုန်း          -      (၉၂.၄၀၀) သန်း(ကျပ်-သန်း)

            ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ ငွေလုံးငွေရင်း (မူလ) ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ခွင့်ရရှိခဲ့သည့် စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (၅၀'×၃၅'×၂၄') RC (၂)ထပ် (အတွင်းရေ၊ မီး၊ မိလ္လာ) (Apron & Drain အပါ)တည်ဆောက်ခြင်းလုပ်ငန်းအား တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ လွှဲပြောင်းလက်ခံခဲ့ခြင်းအပေါ် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ (၁၄.၁၁.၂၀၁၉) ရက်နေ့ ကျင်းပသော အစည်းအဝေးမှတ်တမ်း အမှတ်စဉ် (၄၃/၂၀၁၉) ဆုံးဖြတ်ချက် အပိုဒ်(၁၃)အရ လုပ်ငန်းနှင့် ရန်ပုံငွေလွှဲပြောင်း အပ်နှံရန် သဘောတူညီခဲ့ပါသောကြောင့် နိုင်ငံတော် သမ္မတရုံး၏ (၁/၂၀၁၇) ညွှန်ကြားချက်များနှင့်အညီ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဖွဲ့စည်းပေးသော တင်ဒါကော်မတီအဖွဲ့၊ တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီအဖွဲ့၊ ကြမ်းခင်းဈေးတွက်ချက်ရေး ကော်မတီအဖွဲ့နှင့် အရည်အသွေးစစ်ဆေးရေးနှင့် လက်ခံရေးကော်မတီအဖွဲ့များ ဖွဲ့စည်းတာဝန် ပေးအပ်ခဲ့ပါသည်။

            စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (၅၀'×၃၅'×၂၄') RC (၂)ထပ် (အတွင်းရေ၊ မီး၊ မိလ္လာ) (Apron & Drain အပါ) ဆောက်လုပ်ရန်အတွက် (၇.၁၁.၂၀၁၉) ရက်နေ့မှ (၆.၁၂.၂၀၁၉) ရက်နေ့ နေ့လည် (၁၃:၀၀)နာရီထိ တင်ဒါခေါ်ယူဆောင်ရွက်ရာတွင် (၈.၁၁.၂၀၁၉) ရက်နေ့ ထုတ် နိုင်ငံပိုင်မြန်မာ့အလင်းသတင်းစာ စာမျက်နှာ (၂၂)တွင် အိတ်ဖွင့် တင်ဒါကြော်ငြာထည့်သွင်းခေါ်ယူခဲ့ရာ ကုမ္ပဏီ(၇)ခုတို့မှ တင်ဒါလျှောက်လွှာပုံစံများ ဝယ်ယူခဲ့ပြီး အိတ်ဖွင့်တင်ဒါပြန်လည်တင်သွင်းရာတွင် ကုမ္ပဏီ (၃)ခုမှသာ ပြန်လည်တင်သွင်းခဲ့ပါသည်။

            ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်ရန် အိတ်ဖွင့်တင်ဒါ တင်သွင်း ခဲ့သော ဂရုဏာမိုးကုမ္ပဏီ၊ ယောညီကိုကုမ္ပဏီ၊ မြတ်ဂေဟာကုမ္ပဏီ (၃)ခုအနက်မှ လုပ်ငန်းအဆိုပြု တန်ဘိုးငွေ ကျပ်သန်း (၉၂.၄)သန်းနှင့် Technical Proposal  ရမှတ်(၇၆)ရရှိခဲ့သော ယောညီကို ကုမ္ပဏီအား မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးမှတ်တမ်း အမှတ်စဉ် (၂/၂၀၂၀) ဆုံးဖြတ်ချက်အပိုဒ် (၂၅)အရ အတည်ပြု ရွေးချယ်ခဲ့ပါသည်။

            အဆိုပါတင်ဒါအောင်မြင်ခဲ့သော ယောညီကိုကုမ္ပဏီနှင့် လုပ်ငန်းအပ်နှံခြင်း သဘောတူ စာချုပ်အား (၆.၂.၂၀၂၀) ရက်နေ့တွင် စာချုပ်ချုပ်ဆိုခဲ့ပြီး လုပ်ငန်းလက်ခံသည့် ကုမ္ပဏီမှ စာချုပ် တန်ဖိုး၏ (၅%)နှင့် ညီမျှသော Performance Guarantee ငွေကျပ် (၄၆၂၀၀၀ဝိ/-) ကို Bank Guarantee ပြုလုပ်၍ သတ်မှတ် နည်းလမ်းအတိုင်း ပေးသွင်းဆောင်ရွက်ခဲ့ပါသည်။

            သို့ဖြစ်ပါ၍ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (၅၀'×၃၅'×၂၄') RC (၂)ထပ် (အတွင်းရေ၊ မီး၊ မိလ္လာ) (Apron & Drain အပါ) တည်ဆောက်ရေး လုပ်ငန်းကို (၂၀.၂.၂၀၂၀) ရက်နေ့မှစတင်၍ Drawing Structure Design ပါ အတိုင်းဆောင်ရွက် လျက်ရှိရာ (၁၈.၃.၂၀၂၀)နေ့ အထိ စုစုပေါင်းလုပ်ငန်းပမာဏ၏ (၁၈ %)ပြီးစီးပြီဖြစ်ပါသည်။

စားသုံးသူရေးရာဦးစီးဌာန

မကွေးတိုင်းဒေသကြီး

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ