Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

Online Shop လိမ်ညာမှုများမဖြစ်စေရေး Talk Show အစီအစဉ်ဖြင့် အသိပညာဆွေးနွေးပေး

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တာဝန်ခံ ဒု-ဦးစီးမှူး ဒေါ်ဌေးဌေးဝင်းသည် (၂၁-၄-၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပွင့်ဖြူမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ စားသုံးသူပြည်သူများ Online Shop ရောင်းဝယ်မှုပြုလုပ်ရာတွင် လိမ်ညာမှုများမဖြစ်စေရေး Talk Show အသိပညာပေးဆွေးနွေးပွဲဆောင်ရွက်ခဲ့ပါသည်။

     Talk Show အစီအစဉ်တွင် မြို့နယ်တာဝန်ခံက စားသုံးသူပြည်သူများအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများကို Online မှတစ်ဆင့်ဝယ်ယူသည့်အခါ နစ်နာ ဆုံးရှုံးမှုများမဖြစ်စေရန်နှင့် အမျိုးမျိုးသောလိမ်လည်မှုများမဖြစ်ပေါ်စေရေးအတွက် Online Shop မဝယ်ယူမီ သတိပြုရမည့်အချက်များဖြစ်သော မိမိဝယ်ယူမည့်ပစ္စည်းနှင့်ပတ်သက်သည့် ပြည့်စုံမှန်ကန်သောသတင်းများကို ကြိုတင်သိရှိရန်လိုအပ်ပါကြောင်း၊ Online Website များတွင် နာမည်ဂုဏ်သတင်းကောင်းမွန်သော Official Website ကို ရွေးချယ်ဝယ်ယူသင့်ကြောင်း၊ Online Shopping Page တွင်ဖော်ပြထားသော ဆက်သွယ်ရန်လိပ်စာနှင့် ဖုန်းနံပါတ်များအား မြေပြင်တွင် လက်တွေ့အသုံးချမှုရှိ/မရှိကို ကြိုတင်သိရှိရန်လိုအပ်ပါကြောင်း၊ မိမိဝယ်ယူမည့် Online Shop သည် စားသုံးသူအများစုယုံကြည်လက်ခံထားသော Online Shop ဟုတ်/မဟုတ်ကိုလည်း စိစစ်ရန်လိုအပ်ပါကြောင်း၊ သက်ဆိုင်ရာဌာနများ၊ အဖွဲ့အစည်းများ၏ တရားဝင်ခွင့်ပြုထားသော Online Shop ဟုတ်/မဟုတ်လည်း စိစစ်ရန်လိုအပ်ပါကြောင်း၊ လုံခြုံစိတ်ချရသောငွေပေးချေမှုစနစ်ဖြင့် ဆောင်ရွက်နေသည့်လုပ်ငန်းဟုတ်/မဟုတ်စိစစ်ရန်လိုအပ်ပါကြောင်း၊ ယုံကြည်စိတ်ချရသော Online ရောင်းဝယ်သူများမှ Group ဖွဲ့ထား သော Online Shop Platform များနှင့်ချိတ်ဆက်ထားခြင်းရှိ/မရှိ၊ Facebook Page တွင် Blue Mark အမှတ်အသားရရှိထားခြင်းရှိ/မရှိနှင့် သုံးစွဲထားသောစားသုံးသူများ၏မှန်ကန်သော သုံးသပ်ချက် Review ကောင်းများရရှိထားခြင်းရှိ/မရှိ စသည့်အချက်များကို ကြည့်ရှုဝယ်ယူရန်လိုအပ်ပါကြောင်း၊  ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် Online Shop လုပ်ငန်းရှင်များဘက်ကလည်း မိမိတို့ရောင်းချခဲ့သည့် ကုန်စည်နှင့်ဝန်ဆောင်မှုများနှင့်ပတ်သက်ပြီး မှန်ကန်ပြည့်စုံသောသတင်းအချက်အလက်များပေးဝေရန်လိုအပ်ပြီး မိမိတို့လုပ်ငန်း၏ဂုဏ်သတင်းကောင်းမွန်ပြီး ရေရှည်တည်တံ့စေရန်အတွက် စီးပွားရေးလုပ်ငန်းရှင်၏ကျင့်ဝတ်များကိုလိုက်နာပြီး မှန်ကန်သောဝန်ဆောင်မှုပေးရန်လိုအပ်ပါကြောင်းနှင့် စားသုံးသူများ၏နစ်နာဆုံးရှုံးမှုအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစွာဖြင့် ဖြေရှင်းဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်းကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

    ၎င်းနောက် Online မှတစ်ဆင့် ရောင်းဝယ်မှုပြုလုပ်ရာတွင် စားသုံးသူများအနေဖြင့် လိမ်ညာလှည့်စားမှုများခံစားရပါကလည်း မိမိတို့စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် အသိပညာပေးခြင်းလုပ်ငန်းများအပြင် နစ်နာဆုံးရှုံးမှုများအား ကူညီကုစားပေးလျက်ရှိပါသောကြောင့် မိမိတို့ဌာန၏ Website ဖြစ်သော www.doca.gov.mm သို့ဝင်ရောက်၍သော်လည်းကောင်း၊ (၁၅၃၅) Call Center သို့လည်းကောင်းခေါ်ဆို၍ တိုင်ကြားနိုင်ပါကြောင်းကိုလည်း သတင်းစကားပါး၍ ဆွေးနွေးခဲ့ပါကြောင်း သိရှိခဲ့ရပါသည်။

DOCA(မကွေး)

မြို့သစ်မြို့၊ စည်ပင်သာယာဈေး၌ ကုန်အညွှန်းအမှတ်အသားများအကြောင်း အသိပညာပေးဆွေးနွေး

     မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ စားသောက်ကုန်ပစ္စည်းများဝယ်ယူစားသုံးရာတွင် ဘေးကင်းလုံခြုံမှုရှိစေရေးနှင့်အန္တရာယ်ကင်းသည့်စားသောက်ကုန်များကို ရွေးချယ်ဝယ်ယူစားသုံးနိုင်စေရေးအတွက် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ  ကုန်အညွှန်းအမှတ်အသားများနှင့် စားသုံးရန်မသင့်သည့် တားမြစ်ထားသောစားသောက်ကုန်များအား ဒေသခံပြည်သူများသိရှိနားလည်သဘောပေါက်စေရန်အတွက် (၁၉-၄-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် မြို့သစ်မြို့နယ်ဦးစီးမှူး ဦးဆယ်မောင်က စည်ပင်သာယာစျေးသို့သွားရောက်၍ အသိပညာပေးဆွေးနွေးဟောပြောခဲ့ပါသည်။

  အဆိုပါဆွေးနွေးဟောပြောပွဲတွင် မြို့နယ်ဦးစီးမှူး ဦးဆယ်မောင်က ဈေးသည်များအား မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါ အကြောင်းအရာများ၊ ၎င်းညွှန်ကြားချက်ပါ ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြထားသောကုန်စည်များကိုသာ ဆိုင်တင်ရောင်းချကြရန်နှင့် စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)က စားသုံးရန်မသင့်သည့် တားမြစ်ထားသောစားသောက်ကုန်များအကြောင်း၊ တားမြစ်ထားသောစားသောက်ကုန်ပစ္စည်းများဖြန့်ဖြူးရောင်းချမှုအား စစ်ဆေးတွေ့ရှိရပါက စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉အရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ပြီး စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါသည်။

DOCA(မကွေး)

ဈေးကွက်စောင့်ကြည့်စစ်ဆေး ကုန်အညွှန်းအမှတ်အသား အသိပညာပေး

  “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်” ဆိုသည့် မျှော်မှန်းချက်နှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးမှ မြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့်  ဝန်ထမ်း(၁)ဦးတို့သည် (၂၅.၄.၂၀၂၃)ရက်နေ့ နံနက် (၀၉:၃၀)နာရီ အချိန်တွင် ကန့်ဘလူမြို့ အမှတ်၊ (၃)ရပ်ကွက်ရှိ ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

       ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဈေးကွက်အတွင်းရောင်းချနေသောကုန်စည် များတွင် စားသုံးသူကာကွယ်ရေးဥပဒေအရ ကုန်အညွှန်းအမှတ်အသားများကို ပြည့်စုံစွာ ဖော်ပြပါရှိရမည်ဖြစ်ကြောင်းနှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာထည့်သွင်းဖော်ပြထားခြင်းမရှိသော ကုန်စည်များကို စစ်ဆေးတွေ့ရှိရပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူဆောင် ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် ညွှန်ကြား ချက်အမှတ်(၂/၂၀၁၉)ပါ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက်   ကုန်စည်အုပ်စုအလိုက် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့် အသေးစိတ်စိစစ်ချက် လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

စီးပွားရေးလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူး ရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို စားသုံးသူပြည်သူများသာမက စီးပွားရေး လုပ်ငန်းရှင်များသိရှိနိုင်စေရန် အသိပညာပေးခြင်များ ဆောင်ရွက်လျက်ရှိရာ (၂၅.၄.၂၀၂၃)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဒု-ခရိုင်ဦးစီးမှူးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံတို့သည် ရွှေဘိုမြို့နယ်၊ ဇီးကုန်းလေးကျေးရွာရှိ ရက်ကန်းချည်နှင့် အထည်မျိုးစုံရောင်းဝယ်ရေး လုပ်ငန်းရှင်အား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

      ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ဒု-ခရိုင်ဦးစီးမှူးမှ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူ ကာကွယ်ရေးလုပ်ငန်းများနှင့် ပြည်တွင်းကုန်သွယ်ရေးဖွံ့ဖြိုးမှုလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း၊ စားသုံးသူကာကွယ်ရေဥပဒေပါ စားသုံးသူအခွင့်အရေး(၈)ချက်နှင့် လိုက်နာရမည့်တာဝန်များ အကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ ပြည်သူများအနေဖြင့် ဌာနနှင့်ပတ်သက်သော သတင်းအချက်အလက်များကို အလွယ်တကူမေးမြန်းစုံစမ်းနိုင်ရန်၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှုများကြုံရပါက ဌာနသို့အလွယ်တကူတိုင်ကြားနိုင်ရန်၊ လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ ကုန်စည်နှင့် ဝန်ဆောင်မှုများ ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသား အပါအဝင် လိုက်နာဆောင်ရွက်ရမည့်အချက်များကို စုံစမ်းနိုင်ရန်ရည်ရွယ်၍ ဌာနအနေဖြင့် Consumer Call Center ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးလျက်ရှိရာ Telenor ,Mytel, Ooredooနှင့် MPT Sim Card User များအားလုံး Consumer Call Centerနံပါတ် ၁၅၃၅သို့ခေါ်ဆို၍ သိရှိလိုသည်များကို စုံစမ်းမေးမြန်းနိုင်သည့်အကြောင်းများ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ မုံရွာမြို့ဆီကုန်သည်များအသင်းမှ စားအုန်းဆီများ ရောင်းချပေးနေမှုအား ကွင်းဆင်းကြီးကြပ်ခြင်း

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် စားသုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကို ဖွဲ့စည်းပြီး ပြည်ပမှ တင်သွင်းလာသည့် စားသုံးဆီများ သတ်မှတ်အရည်အသွေး စံချိန်စံညွှန်းများနှင့် ပြည်မီစေရေး၊ စားသုံးသူပြည်သူများ ကျန်းမာရေးနှင့် ညီညွှတ်သော စားသုံးဆီများကို သုံးစွဲနိုင်ရေး စျေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူစားသုံးနိုင်ရေး စားအုန်းဆီ ကမ္ဘာ့စျေးနှုန်းဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် စျေးနှုန်း များ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် (၂၄.၄.၂၀၂၃) ရက်နေ့၊ (၁၀:၀၀) နာရီ အချိန် တွင် မုံရွာမြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှိ ဝန်ထမ်းများအား ကုမ္ပဏီများမှ ဖြန့်ဖြူးရောင်းချသော စားအုန်းဆီများကို စစ်ကိုင်းတိုင်းဒေသကြီး ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စျေး ကားဖြင့် စားအုန်းဆီ(၁)ပိဿာလျှင် (၅၇၀၀)ကျပ်နှုန်းဖြင့် လူတစ်ဦးလျှင် (၁)ပိဿာနှုန်း ရောင်းချပေးနေမှုအား မုံရွာခရိုင်ဦးစီးမှူးရုံးမှ မုံရွာမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့မှ သွားရောက်ပူးပေါင်း ကြီးကြပ်ဆောင်ရွက်ခဲ့ပါသည်။

    ထို့သို့ ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ရာတွင် စားသုံးသူပြည်သူများ အဆင်ပြေချောမွေ့စွာ ဝယ်ယူနိုင်ရေး စားအုန်းဆီစျေးနှုန်းများမှန်ကန်ရေး၊ အလေးချိန်ပြည့်ဝမှန်ကန်မှုရှိစေရေး စားအုန်းဆီဝယ်ယူရာတွင် စနစ်တကျရှိစေရေး ကြီးကြပ်ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။

DOCA(စစ်ကိုင်း)

 

ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေး

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်အနေဖြင့် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိရာ (၂၅.၄.၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် ရွှေဘိုမြို့၊ အမှတ်(၄)ရပ်ကွက်၊ အနောက်ဈေးရပ်ရှိ ကုန်မျိုးစုံအရောင်းဆိုင်(၂)ဆိုင်အား ရွှေဘိုမြို့နယ်တာဝန်ခံမှ ဦးဆောင်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ နှင့်စားသုံးသူရေးရာဌာနခွဲ တာဝန်ခံတို့မှ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

  အဆိုပါကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်တွင် ရောင်းချသည့် မုန့်မျိုးစုံများအား ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိနှင့် သက်တမ်းလွန်ခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ ပြီးရောင်းချသည့် စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေး နှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွန်းအမှတ်အသား ဖော်ပြခြင်းတွင် ပါဝင် ရမည့်အချက်များ၊ ကုန်အညွှန်းအမှတ်အသားနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေး ကော်မရှင်၏ ညွှန်ကြားချက် အမှတ်(၂/၂၀၁၉)ပါအကြောင်းများ၊  ရောင်းချသူများအနေဖြင့် ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြ၍ ထုတ်လုပ်ဖြန့်ဖြူးသည့် ကုန်စည်များကိုသာ ရောင်းချကြရန်၊ ကုန်စည်ကိုထုတ်လုပ်သည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေး ဥပဒေပါအချက်များနှင့် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက် အမှတ်(၂/၂၀၁၉) ပါကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြ၍ ဌာန၏အတည်ပြုချက် ရယူနိုင်ရေးဆောင်ရွက် ကြရန်နှင့် ဌာနမှကူညီဆောင်ရွက်ပေးသည့်အကြောင်းများ၊  စားသုံးသူများသာမက စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် ဌာနမှ ဆောင်ရွက်နေသောလုပ်ငန်းများကို သိရှိလိုပါက ရုံးဖွင့်ရက်ရုံးချိန်အတွင်း Consumer Call Center No 1535သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

 

ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေး

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်အနေဖြင့် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိရာ (၂၄.၄.၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် ရွှေဘိုမြို့နယ်၊ ဇီးကုန်းလေးကျေးရွာရှိ ကုန်မျိုးစုံအရောင်းဆိုင်နှင့် (၁၀:၃၀)နာရီအချိန်တွင် ရွှေဘိုမြို့၊ အမှတ်(၄)ရပ်ကွက်၊ အနောက်ဈေးရပ်ရှိ ကုန်မျိုးစုံအရောင်းဆိုင်များအား ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူးမှဦးဆောင်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံနှင့် စားသုံးသူရေးရာဌာနခွဲတာဝန်ခံ တို့မှ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

 အဆိုပါကုန်မျိုးစုံအရောင်းဆိုင်များ၌ ရောင်းချသည့် မုန့်မျိုးစုံနှင့် စားသောက်ကုန်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိနှင့် သက်တမ်းလွန်ခြင်းရှိ/မရှိ ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ပြီး ရောင်းချသည့်စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွန်းအမှတ်အသား ဖော်ပြခြင်းတွင် ပါဝင်ရမည့်အချက်များ၊ ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါ အကြောင်းများ၊ စားသုံးသူများသာမက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဌာနမှဆောင်ရွက်နေသော လုပ်ငန်းများကိုသိရှိလိုပါက ရုံးဖွင့်ရက် ရုံးချိန်အတွင်း Consumer Call Center No 1535သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း အသိပညာပေး ဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်း ရရှိပါသည်။

DOCA(စစ်ကိုင်း)

 

တမူးမြို့စော်ဘွား-၈ရပ်ကွက်ရှိ မိုက်ခရိုဆော့ဖ်ကွန်ပျူတာသင်တန်းကျောင်းတွင် စားသုံးသူအသိပညာပေး ဟောပြောဆွေးနွေး

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ တမူးမြို့နယ် တာဝန်ခံဦးစွမ်းရည် (ဦးစီးမှူး)သည် ဧပြီလ ( ၂၅ ) ရက်နေ့ နံနက်(၁၀:၃၀)နာရီ အချိန်တွင် စော်ဘွား-၈ရပ်ကွက်ရှိ မိုက်ခရိုဆော့ဖ်ကွန်ပျူတာသင်တန်းကျောင်းသို့  သွားရောက်၍ အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ သင်တန်းသား/သူ (၁၀)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

     အဆိုပါဟောပြောပွဲတွင်  မိုက်ခရိုဆော့ဖ်ကွန်ပျူတာသင်တန်းကျောင်းမှ သင်တန်းဆရာ ဉီးရွှေသိန်းစိုးမှ အဖွင့်အမှာစကားပြောကြားပြီး စားသုံးသူရေးရာဉီးစီးဌာန၊  တမူးမြို့နယ်တာဝန်ခံ၊ ဦးစွမ်းရည် (ဦးစီးမှူး)မှ  စားသုံးသူရေးရာဉီးစီးဌာန၏ ဥပဒေစာအုပ်ပါ အခန်း ( ၁၃ ) တွင်ပါရှိသည့် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်းအကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့ပါ သည်။ ဆွေးနွေးပြောကြားရာတွင် မိုက်ခရိုဆော့ဖ်ကွန်ပျူတာသင်တန်း၏ဝန်ဆောင်မှုနှင့် ပတ်သက်သည့်အချက်အလက်များကို စားသုံးသူများသိရှိစေရန် ကြိုတင်အသိပေးရန်နှင့် မှန်ကန်သော သတင်းအချက်အလက်နှင့် ပြည့်စုံသော ဝန်ဆောင်မှုအဆင့်အတန်းနှင့်အညီ ပြည့်ဝစွာပေးရန်နှင့်  မိမိတို့၏ သင်တန်းမှ အာမခံချက်များပေးထားသည့်အတိုင်း ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး စားသုံးသူများအနေဖြင့် ကုန်စည်၊ ဝန်ဆောင်မှုများနှင့် ပတ်သက်၍ နစ်နာဆုံးရှုံးမှုများနှင့် ကြုံတွေ့ရပါက စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးများတွင် ( CICC ) စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ ဖွင့်လှစ်ထားရှိပြီးဖြစ်၍ နစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြားနိုင်ကြောင်းနှင့် အခြားသူများ နစ်နာဆုံးရှုံးစေရန် ရည်ရွယ်၍ တိုင်ကြာမှုမျိုးမဟုတ်ဘဲ မိမိတို့ဘက်မှ အမှန်တစ်ကယ် နစ်နာဆုံးရှုံးမှုများရှိမှသာ တိုင်ကြားနိုင်ပါ ကြောင်း အသိပညာပေး ဆွေးနွေးပြောကြားခဲ့ပါသည်။

DOCA(စစ်ကိုင်း)

ပြည်တွင်း အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း (MSME) ရှင်များအား တွေ့ဆုံမေးမြန်းခြင်း

   နိုင်ငံတော်စီးပွားရေးတစ်ရပ်လုံး၏ အဓိကကျောရိုးဖြစ်သော အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း (MSME) များအတွက် နည်းပညာ၊ အရင်းအနှီးရရှိမှုသည် အဓိကကျသောအခန်းကဏ္ဍတွင်ပါဝင်လျက်ရှိပြီး မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ (MSME) လုပ်ငန်းများနှင့်ပတ်သက်၍ လုပ်ငန်းပိုင်းဆိုင်ရာအခက်အခဲများကို ချိတ်ဆက်ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးမှုများဆောင်ရွက်လျက်ရှိပါသည်။

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်၊ မကွေးမြို့နယ်တာဝန်ခံ ဦးမျိုးဝင်း (ဦးစီးမှူး) သည် မကွေးမြို့နယ်၏ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း (MSME) ဖြစ်သော မကြီးကန်ကျေးရွာရှိ “ဇာဇာနှင့်ညီမများ” မုန့်မျိုးစုံလုပ်ငန်းအား (၂၁-၄-၂၀၂၃) ရက်နေ့တွင်လည်းကောင်း၊ မကွေးမြို့၊ ရန်ကင်းရပ်ရှိ “Pardise Family” မုန့်မျိုးစုံလုပ်ငန်းအား (၂၄-၄-၂၀၂၃) ရက်နေ့တွင်လည်းကောင်း လုပ်ငန်းအခြေအနေလိုအပ်ချက်များနှင့် အခက်အခဲများကို သွားရောက်တွေ့ဆုံမေးမြန်းခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉နှင့်အညီ ကုန်အညွှန်းအမှတ်အသားဖော်ပြမှုနှင့်စပ်လျဉ်း၍ လိုအပ်သည့်ပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးခဲ့ပါသည်။

DOCA(မကွေး)

နတ်မောက်မြို့၊ မြို့မဈေး၌ စားသုံးသူများဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ စားသောက်ကုန်ပစ္စည်းများဝယ်ယူစားသုံးရာတွင်  ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် နတ်မောက်မြို့နယ်တာဝန်ခံသည် (၂၄-၄၀-၂၀၂၃) ရက်နေ့၊ နံနက် (၁၀း၃၀) နာရီချိန်၌ နတ်မောက်မြို့၊ မြို့မစျေးတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) က စားသုံးရန်မသင့်ဟု ထုတ်ပြန်ထားသောစားသောက်ကုန်များအား စျေးကွက်အတွင်းရောင်းချမှုရှိ/မရှိနှင့် ဌာန၏ကုန်အညွှန်းအမှတ်အသားဖော်ပြချက်ပြည့်စုံမှုရှိ/မရှိတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင်  နတ်မောက်မြို့နယ်တာဝန်ခံ ဦးအောင်ဖြိုးဝေ(ဒု-ဦးစီးမှူး)က စျေးဆိုင်များ၌ ကုန်ပစ္စည်းရောင်းချသူများလည်း စားသုံးသူများဖြစ်ကြောင်း၊ ဒေသခံဝယ်ယူအားပေးကြသော ပြည်သူများမှာလည်း စားသုံးသူများဖြစ်ပါကြောင်း၊ ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ ဌာနမှထုတ်ပြန်ထားသော စည်းမျဉ်းစည်းကမ်းများကိုလည်း လိုက်နာဆောင်ရွက်စေလိုပါကြောင်း၊  တားမြစ်ထားသောစားသောက်ကုန်များ၊ လူသုံးကုန်ပစ္စည်းများကိုလည်း ဖြန့်ဖြူးရောင်းချခြင်းမပြုလုပ်ကြရန်နှင့် စစ်ဆေးတွေ့ရှိပါက စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉အရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ပြီး စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါသည်။

DOCA(မကွေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ