Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဘားအံမြို့ရှိ အ.ထ.က ခွဲ (၂) ကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

  စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ရုံးအုပ် ဒေါ်သီတာဌေးနှင့် ဝန်ထမ်း များသည် ၁၀-၉-၂၀၂၅ ရက်၊ ဗုဒ္ဓဟူးနေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ အ.ထ.ကခွဲ(၂)၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ရှိ (ကျောင်းသား၊ ကျောင်းသူ) များအား စားသုံးသူကာကွယ်‌ရေးဆိုင်ရာ သိကောင်းစရာအကြောင်းကို အသိပညာပေးဟောပြောခဲ့ ကြောင်း သိရှိရသည်။

   အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ရုံးအုပ် ဒေါ်သီတာဌေး က  စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများအကြောင်း ဟောပြောခဲ့ပြီး ဆက်လက်၍ ဒု-ဦးစီးမှူး ဦးအောင်ထွန်းမြက ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသော အစားအသောက် နှင့်ကုန်စည်များကို စနစ်တကျရွှေးချယ်ဝယ်ယူ စားသောက်သုံးစွဲတတ်စေရန်အတွက် ကုန်ညွှန်း အမှတ်အသားအကြောင်းကို ကျောင်းသား၊ ကျောင်းသူများကို ရှင်းလင်းပြောကြားခဲ့ကာ ဆရာ၊ ဆရာမ (၂၀) ဦး၊  ကျောင်းသား၊ ကျောင်းသူများ (၁၄၀) ဦး စုစုပေါင်း ဦးရေ(၁၆၀) တက်ရောက်ပြီး  လက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(ကရင်)

ဘားအံမြို့ရှိ အ.ထ.က ခွဲ (၂) ကျောင်းတွင် ကျောင်းမုန့်ဈေးတန်းများသို့ အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေး

   စားသုံးသူရေးရာဦးစီးဌာန ၊  ကျန်းမာရေးဦးစီးဌာန၊ ကျောင်းကျန်းမာရေးအဖွဲ့ တို့နှင့်ပူးပေါင်း၍ (၁၀-၉-၂၀၂၅) ရက် ၊ နံနက် (၀၈:၃၀) နာရီအချိန် တွင် ဘားအံမြို့ရှိ  အ.မ.က  (၁၈)၊ အခြေခံပညာ မူလတန်းကျောင်း၌ ကျောင်းမုန့်ဈေးတန်း (၂)ဆိုင်တွင် ရောင်းချနေသော စားသောက်ကုန်များကို ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင် ညွှန်ကြားချက်အမှတ်၊ ၂/၂၀၁၉ နှင့်အညီ ကိုက်ညီမှု ရှိ / မရှိ ‌ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

   ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကရင်ပြည်နယ်စားသုံးသူရေးရာကော်မတီ က  သတ်မှတ်ထားသော ဦးစားပေးဆောင်ရွက်မည့်  ကုန်စည် (၁၀) မျိုးထဲမှ အသင့်စား မုန့်အမျိုးမျိုးတို့ကို ကုန်အညွှန်းအမှတ်အသား ပြည်စုံစွာဖော်ပြထားမှု ရှိ/ မရှိ စစ်ဆေး ဆောင်ရွက်ခဲ့သည့်အပြင်  စစ်ဆေးရေးအရာရှိ ဒေါ်သီတာဌေးက ကျောင်းမုန့်ဈေးတန်းတွင် စားသောက်ကုန်များရောင်းချ ရာ၌ FDA မှ ထောက်ခံချက်ရရှိသော စားသောက်ကုန်များနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဥပဒေနှင့် အညီ ပြဌာန်းသတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားသည့် စားသောက် ကုန်များကိုသာ ရောင်းချကြရန်နှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းမရှိသော စားသောက်ကုန်များကို မရောင်းချရန် စစ်ဆေးပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

DOCA(ကရင်)

မှော်ဘီမြို့နယ်ရှိ စက်သုံးဆီဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းနှင့် အသိပညာပေးဆွေးနွေးခြင်း

       စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်းခရိုင်ဉီးစီးမှူးရုံး၊ မှော်ဘီမြို့နယ်ရုံးမှ ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးသည် (၅.၉.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် သန္ဓေပင်ကျေးရွာအုပ်စု၊ သံတံတားကျေးရွာ၊ မှော်ဘီမြို့နယ်ရှိ PT Power စက်သုံးဆီဆိုင်နှင့် Star High (1) စက်သုံးဆီဆိုင်များသို့ သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ တွေ့ဆုံရာတွင် ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးက စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ဌာနမှထုတ်ပြန်ထားသည့်အမိန့်နှင့်ညွှန်ကြားချက်များအကြောင်း ဆွေးနွေးပြောကြားခဲ့ရာ စက်သုံးဆီဆိုင်တာဝန်ခံက မိမိတို့ဆိုင်တွင် အပတ်စဉ်သောကြာနေ့တိုင်း ထုတ်ပြန်သော ရည်ညွှန်းဈေးအတိုင်း ရောင်းချပါကြောင်း၊ ချိန်တွယ်ရာတွင်လည်း လီတာများကို ပြည့်ဝစွာချိန်တွယ်ပေးသောကြောင့် စားသုံးသူများ စိတ်ကျေနပ်မှုရရှိပါကြောင်း၊ ဈေးနှုန်းများကိုလည်း အများပြည်သူမြင်သာအောင် LED ဘုတ်များဖြင့် ဖော်ပြထားပါကြောင်းနှင့် မိမိတို့ဌာနမှလည်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ သိုလှောင်ထားခြင်းများ မပြုလုပ်ရန် ဆွေးနွေးပြောကြားခဲ့ကြောင်း၊ စက်သုံးဆီရောင်းချမှုအခြေအနေများ၊ စက်သုံးဆီဈေးနှုန်း၊ စက်သုံးဆီအရည်အသွေး၊ အခြင်အတွယ် မှန်ကန်မှုရှိ/ မရှိ၊ ဆီကားရောက်ရှိမှုအခြေအနေများနှင့် ဆီလက်ကျန်အခြေအနေများအား စစ်ဆေးမေးမြန်းခြင်း ဆောင်ရွက်ခဲ့ပြီး မြို့နယ်အတွင်း စက်သုံးဆီပြတ်လပ်မှုမရှိစေရေးနှင့် စက်သုံးဆီဈေးနှုန်း အဆမတန်မြှင့်တင် ရောင်းချမှုများမရှိစေရေး အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

                                                                                                        

ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲဒါဘာ(၉/၂၀၂၅)ပြုလုပ်ဆောင်ရွက်

  ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ()ရက်နေ့ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကယား ပြည်နယ်ဦးစီးမှူးရုံးအစည်းအဝေးခန်းမ၌ ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲ (ဒါဘာ) (/၂၀၂၅)ကို ဝန်ထမ်း(၁၃)ဦးဖြင့် ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

   အဆိုပါ ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲ(ဒါဘာ) (/၂၀၂၅) တွင် ခေတ္တပြည်နယ်ဦးစီးမှူးက အဖွင့်အမှာစကားပြောကြားပြီး စီမံရေးရာဌာနခွဲတာဝန်ခံမှ ယခင်လဆောင်ရွက်ပြီးစီးမှုနှင့်ဆောင် ရွက်ရန်ကျန် အခြေအနေများအား ဆွေးနွေးတင်ပြခဲ့ပါသည်။

  ဆက်လက်၍ သက်ဆိုင်ရာ ဝန်ထမ်းတစ်ဦးချင်းက မိမိတို့၏အခက်အခဲများကို တင်ပြကြပြီး ၉/၂၀၂၅ ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲကို ဆုံးဖြတ်ချက်(၅)ချက် ချမှတ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရ ပါသည်။

DOCA(ကယား)

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

  စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ဦးဇေယျာအောင်(ခရိုင်ဦးစီးမှူး) သည် ၁၁.၉.၂၀၂၅ ရက်နေ့၊ ၁၀:၃၀ နာရီအချိန်တွင် မြစ်ကြီးနားမြို့၊ စက်မှုဇုန်ရပ်ကွက်ရှိ Star Light သောက်ရေသန့်စက်ရုံသို့ သွားရောက်၍ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံ စိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များဈေးကွက်အတွင်းမှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ကိုက်ညီမှု ရှိ / မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေး ခဲ့ပါသည်။

          ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် Star Light အမှတ်တံဆိပ်ပါ သောက်ရေသန့် တွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှထုတ်ပြန်ထားသော ညွှန်ကြားချက် အမှတ် (၂/၂၀၁၉) အရ ကုန်စည်ပေါ်တွင် မြန်မာဘာသာဖြင့် ဖော်ပြရမည့် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း တို့ပြည့်စုံစွာဖော်ပြပါရှိကြောင်း စစ်‌ဆေးတွေ့ရှိရပြီး သောက်ရေသန့်လုပ်ငန်းရှင် ဦးအားဖူအား  ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု မရှိသည့်ကုန်စည်များ ဈေးကွက်အတွင်းရောင်းချခြင်းမပြုရန် အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

ဒေါ်ဆန်းမြင့် (ကုန်စုံဆိုင်)သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

  စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကျော်မိုးလွင် သည် ၁၁.၉.၂၀၂၅ ရက်နေ့ ၉:၃၀ နာရီအချိန်တွင် မိုးညှင်းမြို့၊ စည်ပင်သာယာဈေး (၁) ရှိ ဒေါ်ဆန်းမြင့် (ကုန်စုံဆိုင်)သို့ ကုန် အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များနှင့် ကိုက်ညီခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

   ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ UK MILK အမှတ်တံဆိပ်ပါ နို့ဆီ သည် နို့နှင့်နို့ထွက်ပစ္စည်း အမျိုးမျိုး တို့တွင် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ မြန်မာဘာသာဖြင့် ပြည့်စုံစွာ ဖော်ပြရ မည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ကြောင်းဖာ်ပြချက် နှင့် ကြိုတင်သတိပေးချက်တို့ကို ကုန်အညွှန်း အမှတ်အသား ဖော်ပြထားရှိခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်ပိုင်ရှင်အား ကုန်စည်များ ဖြန့်ဖြူးရောင်း ချရာတွင်လည်း ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာ ဖော်ပြထားမှုမရှိသော ကုန်စည်များကို ဝယ် ယူဖြန့်ဖြူးရောင်းချခြင်း မပြုရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင် ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

 

နန့်ပုတ်ကွက်သစ်ရပ်ကွက်အတွင်းရှိ သောက်ရေသန့်လုပ်ငန်းရှင်(၂)ဦးနှင့် တွေ့ဆုံဆွေးနွေးခြင်း

   မိုးညှင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကျော်မိုးလွင်သည် ၁၁.၉.၂၀၂၅ ရက်နေ့ ၁၁:၀၀ အချိန်တွင် မိုးညှင်းမြို့၊ နန့်ပုတ်ကွက်သစ်ရပ်ကွက်ရှိ သောက်ရေသန့် လုပ်ငန်းရှင် (၂)ဦး (အသက် ၃၀ အထက် ကျား-၁ဦး၊ မ- ၁ဦး)နှင့် ခရိုင်ဦးစီးမှူးရုံး၌ တွေ့ဆုံ၍ စားသုံးသူ ကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ကုန်စည်/ဝန်ဆောင်မှု စပ်လျဉ်း၍ ဘေး အန္တရာယ်ကင်းရှင်းရေး အာမခံရမည်ဖြစ်ကြောင်း အခန်း (၁၈) ပုဒ်မ (၄၁)ပါ ကုန်အညွှန်းအမှတ်အသား များ ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ သိသာ ထင်ရှားစွာ ဖော်ပြရမည့်အချက်များ၊ FDA တွင်မှတ်ပုံတင်ထားသည့် သောက်ရေသန့်များကိုသာ ထုတ်လုပ်ဖြန့်ဖြူးရောင်းချရန်နှင့် ဝန်ဆောင်မှုလုပ်ငန်းများ၏ အာမခံချက်နှင့်စပ်လျဉ်း၍ စားသုံးသူ က တောင်းဆိုနိုင်သည့်အခွင့်အရေး၊ ကုန်စည်နှင့်စပ်လျဉ်း၍အာမခံချက်ပေးခြင်း၊ ကုန်စည်နှင့်စပ်လျဉ်း ၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့်အခွင့်အရေးများ ဥပဒေပါတားမြစ်ချက်များ နှင့် ပြစ်မှု၊ ပြစ်ဒဏ် များအား အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

DOCA(ကချင်)

စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း

  စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ဦး‌ဇေယျာအောင်(ခရိုင်ဦးစီးမှူး) သည် ၁၀.၉.၂၀၂၅ ရက်နေ့ ၁၀:၀၀ နာရီ အချိန်၌ မြစ်ကြီးနားမြို့၊ အောင်နန်းရပ်ကွက်အတွင်းရှိ RD မောင်မောင် (အိမ်ဆောက်ပစ္စည်းမျိုးစုံရောင်းဝယ်ရေး) လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေ ပြဋ္ဌာန်းချက်ပါ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရန် အချက်အလက်များနှင့်ပတ်သက်၍ ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။             

ထိုသို့ဆွေးနွေးရာတွင် ဦး‌ဇေယျာအောင်(ခရိုင်ဦးစီးမှူး) က စားသုံးသူကာကွယ်ရေးပဒေပါ စီးပွားရေးလုပ်ငန်းရှင်ဆိုသည်မှာ ကုန်စည်ကို ထုတ်လုပ်ခြင်း ၊ဖြန့်ဖြူးခြင်း၊သိုလှောင်ခြင်း၊ သယ်ယူပို့ ဆောင်ခြင်း၊ ရောင်းချခြင်း၊ ပြုပြင်ခြင်းကိုဖြစ်စေ၊ ပြည်ပသို့တင်ပို့ခြင်း၊ ပြည်တွင်းသို့တင်သွင်းခြင်း၊ ပြန်လည်‌ရောင်းချခြင်းကိုဖြစ်စေ၊ထောက်ပံပေးခြင်းကိုဖြစ်စေ၊ဝန်ဆောင်မှုပေးခြင်းကိုဖြစ်စေ၊ ကြော်ငြာ လုပ်ငန်းလုပ်ကိုင်ခြင်းကိုဖြစ်စေ တစ်ဦးချင်းသော်လည်းကောင်း၊ အဖွဲ့အစည်းနှင့်သော်လည်းကောင်း ဆောင်ရွက်သူကိုဆိုလိုကြောင်း၊ ဝန်ဆောင်မှု၏ အဓိပ္ပါယ်ဖွင့်ဆိုချက် စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှု ၊ ကုန်စည် / ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ ကုန်စည်(သို့) ဝန်ဆောင်မှု လုပ်ငန်းများ၏ အာမခံချက်နှင့်စပ်လျဉ်း၍ စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးများ၊ အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေနှင့် ပတ်သက် သည့် အမိန့်ညွှန်ကြားချက်များအကြောင်း၊ အွန်လိုင်းစီးပွားရေးလုပ်ငန်းရှင်များ၊ လိုက်နာ ဆောင်ရွက်ရမည့်အချက်များအကြောင်း၊ တားမြစ်ချက်များနှင့် ပြစ်မှုပြစ်ဒဏ်များကို ရှင်းလင်းဆွေးနွေး ခဲ့ပါသည်။

DOCA(ကချင်)

ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအသိပညာပေး

စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူအခွင့်အရေးများ အပြည့်အဝရရှိစေရန်၊ကုန်စည်များဘေးအန္တရာယ်ကင်းရှင်းပြီးထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက်

ဦးဇေယျာအောင်(ခရိုင်ဦးစီးမှူး)သည် ၁၁.၉.၂၀၂၅ ရက်နေ့ (၁၀:၀၀)နာရီအချိန်တွင် မြစ်ကြီးနားမြို့၊ အေးမြသာယာရပ်ကွက်ရှိကိတ်နှင့်မုန့်မျိုးစုံထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့်လုပ်ငန်းရှင်(၂)ဦးနှင့်တွေ့ဆုံ၍  အသိပညာပေးဆောင်ရွက်ခဲ့ပါသည်။

ထိုသို့အသိပညာပေးဆောင်ရွက်ခဲ့ရာတွင်ဦးဇေယျာအောင်(ခရိုင်ဦးစီးမှူး)ကလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ အဓိပ္ပာယ်နှင့်တာဝန်များ၊ ကုန်အညွှန်း အမှတ်အသား၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံပေးချက်ပေးရမည့်အချက်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါအစားအသောက်များ ကုန်စည်အုပ်စုတွင်ပါဝင်သည့် အသင့်စားမုန့်အမျိုးမျိုးတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ် အသားဖော်ပြရမည့်အချက်များ၊စီးပွားရေးလုပ်ငန်းရှင်အနေဖြင့်သက်ဆိုင်ရာဌာနများ၏ထောက်ခံချက်များ ပြည့်စုံမှုရှိပြီးကုန်အညွှန်းအမှတ်အသားများဖော်ပြရာတွင်ကိုက်ညီမှုရှိမရှိအားစားသုံးသူရေးရာဦးစီးဌာန တွင်တင်ပြလျှောက်ထားရန်၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ ကိုက်ညီကြောင်းပြန်ကြားစာ ရရှိပြီးမှသာ ဈေးကွက်သို့တင်ပို့ရောင်းချရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေပြဋ္ဌာန်းချက်ပါ  ပြစ်မှု ပြစ်ဒဏ်များအကြောင်း  အသိပညာပေးဆွေးနွေးခဲ့ပါသည်။

DOCA(ကချင်)

မလေးရှား၏ စားအုန်းဆီထုတ်လုပ်မှု ထောက်ခံချက်လက်မှတ်ကို ဥရောပသမဂ္ဂ အသိအမှတ်ပြု

          ဥရောပသမဂ္ဂ (EU) သည် မလေးရှားနိုင်ငံက ထုတ်ပေးလျက်ရှိသည့် ရေရှည်တည်တံ့ ခိုင်မြဲ သော စားအုန်းဆီထုတ်လုပ်ခြင်း (Malaysian Sustainable Palm Oil ̶ MSPO) အသိအမှတ်ပြု လက်မှတ်ကို EU ၏ သစ်တောပြုန်းတီးမှုမရှိစေရေး စည်းမျဉ်းအသစ်နှင့် ကိုက်ညီမှုဖြစ်စေမည့် ယုံကြည်စိတ်ချရသော စံချိန်စံညွှန်းတစ်ခုအဖြစ် အသိအမှတ်ပြုလိုက်သည်ဟု MSPO လက်မှတ် ထုတ်ပေးရေးအဖွဲ့က ပြောကြားခဲ့ကြောင်း ဘရူနိုင်းနိုင်ငံအခြေစိုက် Borneo Bulletin သတင်းဌာန က စက်တင်ဘာလ ၁၂ ရက်နေ့တွင် ဖော်ပြထားသည်။

          ထိုကဲ့သို့ EU ၏ အသိအမှတ်ပြုမှုသည် မလေးရှားနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲသော စားအုန်းဆီ ထုတ်လုပ်ခြင်းအတွက် အမျိုးသားအဆင့် မူဘောင်အဖြစ် MSPO ၏ အခန်းကဏ္ဍကို အားဖြည့်ပေးသည့်အပြင် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုနှင့် တာဝန်ယူမှုရှိသော အရင်းအမြစ်ကဏ္ဍ ကိုလည်း အထောက်အပံ့ဖြစ်စေသည်ကို မီးမောင်းထိုးပြကြောင်း အဆိုပါ အသိအမှတ်ပြုအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါသည်။

          ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် စတင်အသက်ဝင်မည့် EU ၏ စည်းမျဉ်းအသစ်အရ ပဲပုပ်၊ အမဲသား၊ စားအုန်းဆီ၊ သစ်သား၊ ကိုကိုး၊ ကော်ဖီ၊ သားရေ၊ ချောကလက်နှင့် ပရိဘောဂများ ကဲ့သို့သော အချို့သောထုတ်ကုန်များအား ရောင်းချသည့်ကုမ္ပဏီများအနေဖြင့် သစ်တောပြုန်းတီး မှုမဖြစ်စေရေး သေချာစေရန်လိုအပ်မည်ဖြစ်ပြီး အဆိုပါအစီအစဉ်ကို ၂၀၂၀ ပြည့်နှစ်ကတည်းက ဖော်ဆောင်ခဲ့ခြင်းဖြစ်သည်။

          ကမ္ဘာ့ဒုတိယအများဆုံး စားအုန်းဆီတင်ပို့သည့် မလေးရှားနိုင်ငံ၌ ရေရှည်တည်တံ့ ခိုင်မြဲ သော စားအုန်းဆီထုတ်လုပ်မှု MSPO လက်မှတ်ထုတ်ပေးခြင်းကို မိမိဆန္ဒ အလျောက်ဆောင်ရွက် သည့် အစီအစဉ်တစ်ခုအဖြစ် စတင်ခဲ့သည်။ သို့သော် EU ၏ သစ်တောပြုန်းတီးမှု မဖြစ်စေရေး စည်းမျဉ်းနှင့် ကိုက်ညီမှုရှိပြီး ယုံကြည်စိတ်ချရမှု သေချာစေရန် လွတ်လပ်သော တတိယကြားခံ အသိအမှတ်ပြုလက်မှတ်ထုတ်ပေးရေးအဖွဲ့များ၏ စစ်ဆေးမှုများဖြင့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှ စ၍ စားအုန်းဆီလုပ်ငန်းအတွက် MSPO လက်မှတ်ရယူဆောင်ရွက်ခြင်းကို မဖြစ်မနေလိုက်နာ ဆောင်ရွက်စေခဲ့ပါသည်။

          MSPO လက်မှတ်ရ စားအုန်းဆီသည် တရားဝင်အရင်းအမြစ်ဖြစ်ပြီး သစ်တောပြုန်းတီးမှု ကင်းစင်ကြောင်း၊ ဝယ်ယူသူများနှင့် စည်းမျဉ်းစည်းကမ်းချမှတ်သူများကို ယုံကြည်စိတ်ချရမှုပေး ထားကြောင်း၊ MSPO ၏ဒစ်ဂျစ်တယ်နည်းပညာအသုံးပြု နောက်ကြောင်းပြန် ခြေရာခံစနစ်သည် စားအုန်းဆီထုတ်လုပ်မှု ကွင်းဆက်တစ်လျှောက် အပြည့်အဝတွေ့မြင်နိုင်စေပြီး ကမ္ဘာလုံးဆိုင်ရာ စားအုန်းဆီကဏ္ဍ၌ ပါဝင်လုပ်ကိုင်နေသူများအကြား ယုံကြည်မှုကိုလည်း အားကောင်းစေကြောင်း အဆိုပါ အသိအမှတ်ပြုလက်မှတ် ထုတ်ပေးရေးအဖွဲ့က ပြောကြားခဲ့သည်။

           မလေးရှား စိုက်ခင်းနှင့် ကုန်စည်များရေးရာ ဝန်ကြီး Mr. Johari Abdul Ghani က EU ၏ အသိအမှတ်ပြုမှုသည် ရေရှည်တည်တံ့ခိုင်မြဲသော စားအုန်းဆီထုတ်လုပ်မှုတွင် မလေးရှားနိုင်ငံ၏ ဦးဆောင်မှုကို အတည်ပြုခြင်းဖြစ်ပြီး လုပ်ကွက်ငယ်တောင်သူ ငါးသိန်းကျော်သည် ရေရှည် တည်တံ့ခိုင်မြဲရေး အစီအစဉ်တွင် အပြည့်အ၀ ချိတ်ဆက်ထားသည်ကို အာမခံချက်ပေးကြောင်း ပြောကြားခဲ့သည်။

          EU ၏အသိအမှတ်ပြုမှုသည် MSPO ၏ ယုံကြည်လက်ခံနိုင်မှုကို  ယုံကြည်စိတ်ချရပြီး အနာဂတ်တွင်လည်း စံချိန်စံညွှန်းနှင့် ကိုက်ညီမှုတစ်ခုအဖြစ် အလေးပေးဖော်ညွှန်းသည်ဟု စိုက်ခင်းနှင့် ကုန်စည်များရေးရာ ဝန်ကြီး Mr. Johari က ပြောကြားခဲ့သည်ကို ထုတ်ပြန်ချက်တွင် ဖော်ပြထားကြောင်း သတင်းရရှိပါသည်။

Source: Borneo Bulletin, 12 Sept 2025

ရေးသားပေးပို့သူ - D Thi, ITQM, DOCA

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ