Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

“ဟိန်း” အမှတ်တံဆိပ် ပဲဆီ/စားဆီလုပ်ငန်းခွင်သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

   ကျောက်မဲမြို့၊ (၁)ရပ်ကွက်၊ ပြိန်းနင်ရပ်ရှိ “ဟိန်း” အမှတ်တံဆိပ်ဖြင့် ထုတ်လုပ်သော ပဲဆီ/ စားဆီ လုပ်ငန်းခွင်သို့ (၁၂.၆.၂၀၂၃)ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများ သွားရောက် ၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

  ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် သက်ဆိုင်ရာဌာနများမှ ထောက်ခံချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ အချက်အလက်များ၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များအပြင် ဆီနှင့်ပတ်သက်၍ ထုတ်ပြန်ထားသည့်အချက်များနှင့် စပ်လျဉ်းပြီး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

   ထို့အပြင် လက်ရှိထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသည့် ပဲဆီ/စားဆီ များ၏ ဈေးနှုန်းဈေးကွက်အခြေအနေများ၊ ဆီကြိတ်ခွဲထုတ်လုပ်နိုင်မှု အခြေအနေများကိုလည်း မေးမြန်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

မကွေးမြို့၊ ကုန်စည်ဒိုင်ခန်းမ၌ ဆန်စပါးဥပဒေ (မူကြမ်း) နှင့်စပ်လျဉ်း၍ ချပြရှင်းလင်း

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်ဝင်းသည် (၁၀-၆-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၃း၀၀) နာရီအချိန်တွင် မကွေးမြို့၊  ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (ကုန်စည်ဒိုင်) ခန်းမ၌ ဆန်စက်ပိုင်ရှင်များနှင့်ဆန်ကုန်သည်များအား ဆန်စပါးဥပဒေ (မူကြမ်း) နှင့် ဆန်စပါးသိုလှောင်မှုလုပ်ငန်းမှတ်ပုံတင်ခြင်းဆိုင်ရာ အစိုးရပုဂ္ဂလိကလုပ်ငန်းအဖွဲ့ ဖွဲ့စည်းထားရှိမှုနှင့် ဆောင်ရွက်သွားမည့်အစီအမံများအား ချပြရှင်းလင်းခြင်းနှင့်စပ်လျဉ်း၍ အသိပညာပေးချပြဆွေးနွေးခဲ့ပါသည်။

အဆိုပါအခမ်းအနားတွင် တိုင်းဒေသကြီးဦးစီးမှူးက ဥပဒေ (မူကြမ်း) ရေးဆွဲခြင်းနှင့်စပ်လျဉ်း၍ ဆန်စပါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ဆောင်ရွက်သင့်သည့်လုပ်ငန်းစဉ်များ၊ ကြုံတွေ့ရသည့်အခက်အခဲများနှင့် ဆန်စပါးကဏ္ဍ၏ အနာဂတ်ဦးတည်ရာများကို လေ့လာသုံးသပ်ဆွေးနွေးဖော်ထုတ်ရန်ရည်ရွယ်၍ မြန်မာ့ဆန်စပါးညီလာခံ (၂၀၂၂) ကို နေပြည်တော်၌ (၆-၁၀-၂၀၂၂) ရက်နေ့မှ (၇-၁၀-၂၀၂၂) ရက်နေ့အထိကျင်းပပြုလုပ်ခဲ့ကြောင်း၊ ဆန်စပါးညီလာခံက စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ (၁၅) ချက်၊ ထုတ်လုပ်မှုကဏ္ဍ (၁၀) ချက်၊ ပို့ကုန်မြှင့်တင်ရေးနှင့်ထုတ်လုပ်မှုကဏ္ဍ (၁၈) ချက်ဖော်ထုတ်နိုင်ခဲ့ကြောင်း၊ ကြိတ်ခွဲထုတ်လုပ်မှုကဏ္ဍ၊ ပို့ကုန်မြှင့်တင်ရေးနှင့် ကုန်သွယ်မှုကဏ္ဍဆိုင်ရာဖော်ထုတ်ချက်များကို အကောင်ထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေ းဝန်ကြီးဌာန၏ တာဝန်ပေးချက်အရ ဆန်စပါးဥပဒေ (မူကြမ်း) ကို စားသုံးသူရေးရာဦးစီးဌာနက ရေးဆွဲခဲ့ခြင်းဖြစ်ပါကြောင်း၊ မကွေးတိုင်းဒေသကြီးသည် ၂၀၂၂ခုနှစ်တွင် စပါးနှင့်ပတ်သက်ပြီး မိုးစပါးဧက (၆) သိန်းကျော်နှင့် နွေစပါးဧက (၃) သိန်းကျော်စိုက်ပျိုးခဲ့ကြောင်း၊ ၂၀၂၂ခုနှစ်တွင် စပါးတင်း (၄၆၀) သိန်းထွက်ရှိပြီး တစ်နှစ်လျှင် စပါးတင်း (၆၅၀) သိန်း၊ ဆန်တန်ချိန် (၆) သန်းသုံးစွဲရန်လိုအပ်လျက်ရှိကြောင်း၊ ၂၀၂၁ခုနှစ်တွင် (၆၄) ရာခိုင်နှုန်း၊ ၂၀၂၂ခုနှစ်တွင် (၇၀) ရာခိုင်နှုန်းအထိဆန်ဖူလုံမှုရှိခဲ့ကြောင်း၊ ၂၀၂၂ခုနှစ်တွင် ဆန်ဖူလုံမှုမရှိသည့်အတွက် (၁) လလျှင် ဆန်တန်ချိန် (၁၅၀၀၀) ခန့်၊ (၁) နှစ်လျှင် ဆန်တန်ချိန် (၁၈၀၀၀၀) ခန့်၊ ဧရာဝတီ၊ ပဲခူး၊ မန္တလေးတို့မှ ဝယ်ယူနေရပါကြောင်း၊ ဆန်စက်ပိုင်ရှင်နှင့်ဆန်ကုန်သည်များသည် ဥပဒေနှင့်ပတ်သက်ပြီး မဖြစ်မနေသိရမည်ဖြစ်သည့်အတွက် ချပြဆွေးနွေးခြင်းဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက်တက်ရောက်လာသည့်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များက  ဆန်စပါးဥပဒေပြဋ္ဌာန်းချက် (မူကြမ်း) နှင့် ဆန်စပါးသိုလှောင်မှုလုပ်ငန်းမှတ်ပုံတင်ခြင်းဆိုင်ရာ အစိုးရပုဂ္ဂလိကလုပ်ငန်းအဖွဲ့ ဖွဲ့စည်းထားရှိမှုနှင့် ဆောင်ရွက်သွားမည့်အစီအမံများအပေါ်  သိရှိလိုသည့်အကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး ညနေ (၁၅း၃၀) နာရီအချိန်တွင် အခမ်းအနားရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

     အဆိုပါအခမ်းအနားသို့ ဆန်ကုန်သည် (၁၈) ဦး၊ ဆန်စက်ပိုင်ရှင် (၂၁) ဦး၊ စုစုပေါင်း (၃၉) ဦးတို့တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(မကွေး)

လက်လီအရောင်းဆိုင်လုပ်ငန်းရှင်အား ရှင်းလင်းဆွေးနွေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ရုံးမှ ဦးဘောမ်ဇုန်း(ရုံးအုပ်)သည် ၁၃.၆.၂၀၂၃ ရက်နေ့၊ (၁၁:၀၀) နာရီမှ (၁၁:၃၀) နာရီထိ မြစ်ကြီးနားမြို့၊ ပလန(၁)နယ်မြေအတွင်းရှိ လက်လီ/လက်ကား အရောင်းဆိုင်လုပ်ငန်းရှင်အား တွေ့ဆုံပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရန် အချက်အလက်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

     တွေ့ဆုံဆွေးနွေးရာတွင် ဦးဘောမ်ဇုန်း(ရုံးအုပ်)က     စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များဖြစ်သည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု၏ အာမခံချက်၊ သတ်မှတ်ချက်များနှင့်စပ်လျဉ်း၍ ရိုးရှင်းမှန်ကန်သော သတင်းအချက်အလက်များပေးခြင်း၊ စားသုံးသူကို ခွဲခြားမှုမရှိဘဲ ဖြောင့်မတ်မှန်ကန်စွာဆက်ဆံခြင်း၊ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာဆောင်ရွက်ခြင်း၊ ကုန်အညွန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွန်းတို့ကို မြန်မာဘာသာ ဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ သိသာထင်းရှားစွာ ရေးသားဖော်ပြရမည်ဖြစ်ကြောင်းနှင့် ကုန်အညွန်း အမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကိုက်ညီမှု ရှိ/ မရှိကို စားသုံးသူရေးရာဦးစီးဌာနတွင် လာရောက်လျှောက်ထားဆောင်ရွက်နိုင်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။

DOCA(ကချင်)

 

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးတင်မောင်ထွန်း သည် (၁၂.၆.၂၀၂၃) ရက်နေ့၊  (၁၀း၃၀) နာရီအချိန်တွင် မြစ်ကြီးနားမြို့၊ အင်ဂျန်ဒုံရပ်ကွက်အတွင်းရှိ လက်လီ၊ လက်ကား ဖြန့်ဖြူးရောင်းချသော ကုန်စုံဆိုင်များသို့သွားရောက်၍ စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်ပတ်သက်၍ ကိုက်ညီမှု ရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

    ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် Abevia အမှတ်တံဆိပ် (နို့ဆီ)၊ D-POP အမှတ်တံဆိပ် (လီမွန်းစပါကလင်အချိုရည်)နှင့် မီကို အမှတ်တံဆိပ်(ဒိန်ချဉ်)တို့တွင် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)အရ ကုန်စည်ပေါ်တွင် မြန်မာဘာသာဖြင့်ဖော်ပြရမည့် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓါတ်မတည့်ကြောင်းဖော်ပြချက်များ ပြည့်စုံစွာဖော်ပြပါရှိကြောင်း စစ်‌ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်ပိုင်ရှင်အား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုမရှိသည့် ကုန်စည်များ ဈေးကွက်အတွင်း ရောင်းချမှုမပြုရန် ဆွေးနွေးခဲ့ပြီး ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

တောင်ငူခရိုင်အတွင်း ဓာတ်မြေဩဇာများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးပြီး MSMEs လုပ်ငန်းရှင်များနှင့်တွေ့ဆုံ

     စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်ဦးဆောင်၍ ခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိများပါဝင်သောအဖွဲ့သည် စိုက်ပျိုးရေးဦးစီးဌာန၊ အုတ်တွင်းမြို့နယ်ဦးစီးမှူး ဦးအောင်ဆန်းဦး ဦးဆောင်သော စိုက်ပျိုးရေးဦးစီးဌာနမှ ပူးပေါင်းအဖွဲ့နှင့်အတူ (၆-၆-၂၀၂၃) ရက်နေ့၊ နေ့လယ်ပိုင်းတွင် အုတ်တွင်းမြို့နယ်၊ ကျောင်းရှစ်ဆယ်ကျေးရွာအုပ်စု၊ တောင်ငူ-ထန်းတပင်လမ်းမပေါ်ရှိ ဓာတ်မြေဩဇာအရောင်းဆိုင်များသို့သွားရောက်၍ တရားမဝင်ဓာတ်မြေဩဇာများရောင်းချခြင်းရှိ/မရှိကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

     စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဦးဆောင်သောပူးပေါင်းအဖွဲ့သည် ကျောင်းရှစ်ဆယ်ကျေးရွာရှိ ပတ္တမြားဓာတ်မြေဩဇာနှင့် စိုက်ပျိုးရေးဆေးအရောင်းဆိုင်၊ ထန်းကုန်းကျေးရွာရှိ လင်းဓာတ်မြေဩဇာနှင့် စိုက်ပျိုးရေးဆေးအရောင်းဆိုင်များသို့ရောက်ရှိပြီး ဓာတ်မြေဩဇာနှင့်စိုက်ပျိုးရေးဆေးများ၌ စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများဖော်ပြထားခြင်းရှိ/မရှိကိုစစ်ဆေးကြည့်ရှုပြီး ဆိုင်ပိုင်ရှင်များအား တရားမဝင်ကုန်စည်များနှင့် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများဖော်ပြခြင်းမရှိသောကုန်စည်များကို ရောင်းချခြင်းမပြုရန် အသိပညာပေးခဲ့ပါသည်။

     စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် ညနေပိုင်းတွင် ခရိုင်ဦးစီးမှူးရုံးမှ ဌာနခွဲတာဝန်ခံများ၊ တောင်ငူမြို့နယ်တာဝန်ခံတို့နှင့်အတူ တောင်ငူမြို့နယ်၊ ကေတုမတီမြို့ရှိ အညာသားလေးမုန့်ဖတ်ခြောက်လုပ်ငန်း၊ မိုးမြင့်ကမ္ဘာဝါးတူစက်ရုံနှင့် အင်ဒိုင်းကျေးရွာရှိ “နေလဝန်းကြီး” မုန့်ဟင်းခါးခြောက်လုပ်ငန်းများသို့သွားရောက်ပြီး လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ ပဲခူးမြို့တွင် ဖွင့်လှစ်ရောင်းချမည့် ဒေသထွက်ကုန်ဆိုင်ခန်းများ၌ မိမိတို့၏ထုတ်ကုန်ပစ္စည်းများရောင်းချနိုင်ရေး၊ လုပ်ငန်းများဆောင်ရွက်ရာတွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ စီးပွားရေးလုပ်ငန်းရှင်များနှင့်သက်ဆိုင်သည့် ပြဋ္ဌာန်းချက်များကို လိုက်နာဆောင်ရွက်ရေးတို့အတွက် ဆွေးနွေးခဲ့ကြောင်း သိရပါသည်။

DOCA(ပဲခူး)

ပေါင်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးဆိုင်အသိပညာပေး (Talk Show) ပြုလုပ်ဟောပြော ဆွေးနွေးခြင်း

   မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံသည် (၅.၆.၂၀၂၃)ရက်နေ့တွင် ပေါင်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ပေါင်မြို့နယ်၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုဗဟိုပြုခန်းမတွင် စားသုံးသူ ကာကွယ်ရေးဆိုင်ရာအသိပညာပေး (Talk Show) ပြုလုပ်၍ ဟောပြော ဆွေးနွေးခဲ့ပါသည်။

   အဆိုပါ ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိက စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေး (Talk Show) ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ပေါင်မြို့နယ်တာဝန်ခံ ဦးနေဇင်သက် (ဦးစီးအရာရှိ)က စားသုံးသူရေးရာ ဦးစီးဌာနအနေဖြင့် စားသုံးသူအသိပညာပေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိကြောင်း၊ စားသုံးသူများအနေဖြင့် မိမိတို့၏ အခွင့်အရေးများကိုသိရှိထားရန် လိုအပ်ကြောင်းဆွေးနွေးခဲ့ပြီး စားသုံးသူအခွင့်အရေး(၈)ချက်၊ ကုန်စည်၊ ဝန်ဆောင်မှုများနှင့်ပတ်သက်၍ စားသုံးသူက တောင်းဆိုနိုင်သော အခွင့်အရေးများအား သိရှိရမည်ဖြစ်ကြောင်း၊ စားသုံးသူအနေဖြင့် ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုများကို ဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှုမရှိစေရေး သတိပြုရမည်ဖြစ်ကြောင်းနှင့် နစ်နာဆုံးရှုံးမှု ရှိလာပါက ရှင်းလင်းတင်ပြခွင့်၊ တိုင်ကြားခွင့်နှင့် ကုစားခွင့်နည်းလမ်းများဖြင့် ဆောင်ရွက်နိုင်ကြောင်းတို့ကို ပြောကြားပြီးနောက် စားသုံးသူပြည်သူများအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲခြင်းကြောင့် ထိခိုက်နစ်နာမှု ဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့် နည်းလမ်းများ၊ ဌာန၏ Website ဖြစ်သော www.doca.gov.mm ပါ အကြောင်းအရာများ၊ စားသုံးသူရေးရာဦးစီးဌာနနှင့်ပတ်သက်၍ သိရှိလိုသည့် အချက်အလက်များနှင့် စားသုံးသူနစ်နာဆုံးရှုံးမှုများအတွက် Consumer Call Center (1535) ကို ခေါ်ဆိုမေးမြန်းနိုင်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

DOCA(မွန်)

 

စားသုံးရန်မသင့်သော စားသောက်ကုန်များအား မီးရှို့ဖျက်ဆီးခြင်းအခမ်းအနားသို့ ပြည်နယ်ဦးစီးမှူးတက်ရောက်

   ၉.၆.၂၀၂၃ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးသည် မော်လမြိုင်မြို့၊ မဟာမြိုင်ရပ်ကွက်ရှိ အကောက်ခွန်ဝန်ထမ်းအိမ်ရာဝင်းအတွင်း၌ ပြုလုပ်သည့် သက်ဆိုင်ရာထောက်ခံချက်များမပါရှိသော စားသုံးရန်မသင့်သည့် စားသောက်ကုန်များအား မီးရှို့ဖျက်ဆီးခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့သည်။

   အဆိုပါ မီးရှို့ဖျက်ဆီးခြင်းအခမ်းအနားသို့ မိတ်ဖက်ဌာနများဖြစ်သော အကောက်ခွန်ဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့ တက်ရောက်ခဲ့ပြီး တန်ဖိုး (၃၉၂၀၀၀) ကျပ် တန်ဖိုးရှိ စားသုံးရန်မသင့်သော၊ သက်ဆိုင်ရာ ထောက်ခံချက်များမပါရှိသော၊ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းမရှိသော စားသောက်ကုန်များအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

စားသုံးသူကာကွယ်ရေး အသိပညာပေး (Talk Show )ကျင်းပ

    ၂၀၂၃ခုနှစ် ဇွန်လ ၁၀ ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ဒုတိယဦးစီးမှူး ဒေါ်ခင်ကြည်၊ အငယ်တန်းစာရေး ဒေါ်ခင်လေးနွယ်၊  မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး  ဒေါ်မြင့်မြတ်သီတာတို့သည် လူထုအခြေပြုဗဟိုဌာန (Community Center)၌ စားသုံးသူကာကွယ်ရေးအသိပညာပေး    (Talk Show) ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါသည်။

    အဆိုပါ Talk Show ဆွေးနွေးပွဲတွင် မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လက်ထောက်ညွှန်ကြားရေးမှူး  ဒေါ်မြင့်မြတ်သီတာက ပထမဦးစွာ Talk Show ဆောင်ရွက်ခြင်း ရည်ရွယ်ချက်များကို ပြောကြားပါသည်။ ထို့နောက်  မွန်ပြည်နယ် စားသုံးသူရေးရာ ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဒုတိယဦးစီးမှူး ဒေါ်ခင်ကြည်က “အွန်လိုင်းရောင်းဝယ်မှုဆိုင်ရာ စားသုံးသူအသိပညာပေး” ခေါင်းစဉ်ဖြင့် ဆွေးနွေးရာတွင် ယနေ့ခေတ်၏ စားသုံးသူများ ဝယ်ယူသုံး စွဲမှုများပြားသော Online Shopping နှင့်ပတ်သက်၍  စားသုံးသူပြည်သူများအတွက် အသိပညာပေးရာတွင် စားသုံးသူပြည်သူများက ရင်ဆိုင်တွေ့ကြုံနေရသည့် အချက်အလက်(၇)ချက်နှင့် Online Shopping ဝယ်ယူမှုမပြုမီ စားသုံးသူက ကြိုတင်သတိထားရှိ ရမည့်အချက်အလက်(၇)ချက်တို့ကိုသိရှိစေရန်နှင့် စားသုံးသူပြည်သူများ စားသုံးသူအခွင့်အရေးများ မရှုံးဆုံးစေရေးတို့အတွက် စားသုံးသူများနစ်နာမှုမရှိစေရေး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊  ဆက်လက်၍လည်း စားသုံးသူများကို ကာကွယ်ရေးနှင့် အသိပညာပေး အစီအစဉ်များဖြင့် ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ စားသုံးသူများ ထိခိုက်နစ်နာမှုရှိလာပါက စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်ပါကြောင်း၊  တိုင်ကြားမှုဆောင်ရွက်ရန် နည်းလမ်းများနှင့် စားသုံးသူရေးရာဦးစီးဌာန၏ Official Webiste www.doca.gov.mm ကိုလေ့လာသိရှိစေရန် Talk Show အစီအစဉ်မှာ ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

DOCA(မွန်)

 

“ပို့ကုန်ကဏ္ဍတိုးမြှင့်နိုင်ရေးအတွက် ပြင်ဦးလွင်မြို့နယ်ရှိ ကော်ဖီနှင့်ထောပတ်အစုအဖွဲ့များနှင့်တွေ့ဆုံဆွေးနွေး”

     မြန်မာနိုင်ငံကော်ဖီအသင်း (ပြင်ဦးလွင်၊ နောင်ချိုအစုအဖွဲ့)နှင့် မြန်မာနိုင်ငံ ထောပတ်သီး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း (ပြင်ဦးလွင်)နှင့် ပြည်တွင်းကုန်သွယ်မှုမြှင့်တင်ရေး၊ ပြည်ပသို့တိုးမြှင့်တင်ပို့ရောင်းချနိုင်ရေးနှင့် ကုန်အမှတ်တံဆိပ်ဆိုင်ရာကိစ္စရပ်များ ညှိနှိုင်းဆွေးနွေးပွဲ အား (၁၃.၆.၂၀၂၃)ရက်နေ့၊နံနက်(၁၀:၀၀)နာရီအချိန်တွင် ပြင်ဦးလွင်မြို့ရှိ ကော်ဖီဥယျာဉ်အတွင်း Information  Centre ခန်းမ၌ ကျင်းပခဲ့ပါသည်။

   ဆွေးနွေးပွဲအခမ်းအနားတွင် စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ချိုက အဖွင့်အမှာစကားပြောကြားရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးနှင့် အမျိုးသားအကျိုးစီးပွားပံ့ပိုးနိုင်ရေးအတွက် အဓိကရည်ရွယ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် လုပ်ငန်းတာဝန်(၈)ရပ်အပေါ် အဓိကထား​ ဆောင်ရွက်လျက်ရှိမှုအခြေအနေများအား အသေးစိတ်ပြောကြားခဲ့ပြီး တက်ရောက်လာသည့် စီးပွားရေးလုပ်ငန်းရှင်များမှလည်း ကုန်သွယ်မှုနှင့် ပတ်သက်သည့် အခြေအနေများအား တင်ပြပေးစေ လိုကြောင်း၊ အဖွင့်အမှာစကား ပြောကြားခဲ့ပါ သည်။

     မူပိုင်ခွင့်ဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်က စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အောက်တွင် မူပိုင်ခွင့်ဦးစီးဌာနအား (၂၃.၁၂.၂၀၂၀)ရက်တွင် စတင်ဖွဲ့စည်း ခဲ့ကြောင်း၊ (၂၀၁၉)ခုနှစ်တွင် မူပိုင်ခွင့်ဥပဒေ(၄)ခုအား ပြဠာန်းခဲ့ပြီး အကောင်အထည် ဖော်ဆောင် ရွက်လျက်ရှိပါကြောင်း၊ တက်ရောက်လာသည့် လုပ်ငန်းရှင်များ အနေဖြင့်လည်း မိမိတို့၏ ကုန်အမှတ်တံဆိပ်များအား ပြန်လည်မှတ်ပုံတင်ရန်လိုအပ်ကြောင်း ရှင်းလင်းပြောကြား ခဲ့ပါသည်။   

     ထို့နောက် ပြင်ဦးလွင်၊ နောင်ချို ကော်ဖီအစုအဖွဲ့ ဥက္ကဌနှင့် ထောပတ်အစုအဖွဲ့ဥက္ကဌများမှ မိမိတို့အသင်း၏ ဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြကြပါသည်။

    အဆိုပါ တွေ့ဆုံပွဲအခမ်းအနားသို့ ကော်ဖီ၊ ထောပတ်လုပ်ငန်းရှင်(၅၀)ဦးခန့် တက်ရောက်ပြီး တက်ရောက်လာသည့်စီးပွားရေးလုပ်ငန်းများမှ သိရှိလိုသည်များကို မေးမြန်းခဲ့ရာ သက်ဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်များက ပြန်လည်ရှင်းလင်းပေးခဲ့ပြီး ဆွေးနွေးပွဲအခမ်းအနားအား နေ့လယ် (၁၃:၃၀) နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

 

 

သက်သာသောဈေးနှုန်းဖြင့် ညောင်လေးပင်မြို့နယ်တွင် စားအုန်းဆီရောင်းချ

     (၆.၆.၂၀၂၃) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး(အရှေ့) ညောင်လေးပင်ခရိုင်၊  ညောင်လေးပင် မြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များ၌ အခြေခံလူတန်းစားများ စားဝတ်နေရေး အဆင်ပြေစေရန် ရည်ရွယ်၍ မြန်မာနိုင်ငံဆီကုန်သည် ဆီလုပ်ငန်းရှင်များအသင်း၏ အစီအစဉ်ဖြင့် ပဲခူးခရိုင် ဆီကုန်သည်အသင်းမှ အရောင်းဈေးကားဖြင့် ညောင်လေးပင်မြို့နယ်အတွင်း လှည့်လည်၍ ရောင်းချ ပေးကြောင်း သိရပါသည်။

    ထိုသို့အရောင်းဈေးကားဖြင့် လှည့်လည်ရောင်းချရာတွင် ညောင်လေးပင်မြို့နယ်အတွင်းရှိ အခြေခံလူတန်းစားများ နေထိုင်သော ရပ်ကွက်များသို့ အဓိကထား၍ လူတစ်ဦးလျှင် တစ်ပိဿာနှုန်းဖြင့် ရောင်းချပေးပြီး ဈေးနှုန်းအနေဖြင့် တစ်ပိဿာ ၄၆၀၀/- ကျပ်ဖြင့် ရောင်းချပေးကြောင်း ၊  ပဲခူးခရိုင်ဆီကုန်သည်အသင်းမှ ညောင်လေးပင်မြို့အတွင်း လာရောက်ရောင်းချရာတွင် မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှလည်း ကြီးကြပ်ဆောင်ရွက်ပေးခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ