Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန် ဈေးကွင်းဆင်းစစ်ဆေးခြင်းနှင့် အသိပညာပေးဟောပြောဆွေးနွေးခြင်း

       ၂၆.၂.၂၀၂၀ရက်နေ့တွင် ကရင်ပြည်နယ်၊ စားသုံးသူရေးရာဉီးစီးဌာန၊ မြဝတီခရိုင် ဉီးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဌာန၏မျှော်မှန်းချက်ဖြစ်သော “စားသုံးသူများလုံခြုံစိတ်ချရမှုရှိစေရန်” အတွက် မြဝတီမြို့ရှိ ‘ ထူးသစ္စာ ’သောက်ရေသန့် လုပ်ငန်းသို့ သွားရောက်၍ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များ ပြည့်စုံစွာဆောင် ရွက်ထားမှု ရှိ/မရှိ ၊ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီထုတ်လုပ်ဖြန့်ချီနေခြင်း ရှိ/မရှိ အား အသိပညာပေး၍ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ထို့နောက် လုပ်ငန်းရှင်များအနေဖြင့် ၂၀၂၀ ပြည့်နှစ် မတ်လ ၁၅ ရက်နေ့တွင် အာဏာသက်ဝင်မည့် စားသုံးသူကာကွယ်ရေး (၂၀၁၉) အခန်း ( ၁၈ ) ပါ ထုတ်ကုန်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ ကုန်အညွှန်းအမှတ်အသား ဖော်ပြနိုင်ရေး၊ ထိုသို့ဖော်ပြရာတွင်လည်း မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတွဲလျက်ဖြစ်စေ၊ ဖော်ပြန်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားနိုင်ရေးတို့အား အသိပညာပေးဆွေးနွေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း များဆောင်ရွက်ခဲ့ပါသည်။

ကရင်ပြည်နယ်

စားသုံးသူရေးရာဦးစီးဌာန

လွိုင်ကော်မြို့၊ ဧက(၅၀၀) ရပ်ကွက်သို့ စားသုံးသူအသိပညာပေးဟောပြော

      ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ(၂၆)ရက်နေ့တွင် ကယားပြည်နယ်၊ လွိုင်ကော်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည် လွိုင်ကော်မြို့နယ် ၊ ဧက (၅၀၀) ရပ်ကွက်၌ ကျေးရွာသူ/သား စုစုပေါင်း ( ၃၀ ) ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော ဆွေးနွေးခဲ့ပါသည်။

    ဆွေးနွေးပွဲတွင် ခရိုင်ဦးစီးမှူး ဒေါ်မြို့ရီက စားသုံးသူပြည်သူများအနေဖြင့် မိမိတို့၏ အခွင့်အရေးကို အပြည့်အဝနားလည်ပြီး တောင်းဆိုရယူတတ်စေရန်အတွက် စားသုံးသူအခွင့်အရေးများနှင့်တာဝန်များ၊ ကုန်ပစ္စည်းများ ဝယ်ယူသုံးစွဲခြင်း မပြုမီသတိပြုရမည့်အချက်များ၊ မိမိတို့ နေ့စဉ်ဝယ်ယူသုံးစွဲသည့် ကုန်ပစ္စည်းများအပေါ် ပေးထားသောဝန်ဆောင်မှုများ အပြည့်အဝရရှိရေးများကို လည်းကောင်း၊ ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားတွင် မြန်မာဘာသာ(သို့) မြန်မာဘာသာနှင့် အခြားဘာသာတွဲ၍ ဖော်ပြရမည့်အချက်များကိုလည်းကောင်း၊ ကုန်ပစ္စည်းများ(သို့) ဝန်ဆောင်မှုများ ဝယ်ယူရာတွင် နစ်နာဆုံးရှုံးမှုများရှိပါက စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးဌာနသို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသော ကျေးရွာသူ/သားများ၏ သိရှိလိုသည့် မေးမြန်းမှုများကို ရှင်းလင်းဖြေကြားခဲ့ပါသည်။ ထို့နောက် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုအတွက် တိုင်ကြားနိုင်သော ကုန်စည် (သို့) ဝန်ဆောင်မှုများဖော်ပြထားသည့် ဗွီနိုင်းများအား သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးထံ သို့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

ကယားပြည်နယ်

စားသုံးသူရေးရာဦးစီးဌာန

စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

        ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၅) ရက်နေ့တွင် ကယားပြည်နယ်၊ လွိုင်ကော်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ လွိုင်ကော်မြို့၊ သီရိမင်္ဂလာဈေး၌ စားသောက်ကုန်များ၊ လက်လီ/လက္ကား ထုတ်လုပ်ဖြန့်ဖြူး ရောင်းချနေသောလုပ်ငန်းများ၊ ဆေးဆိုင်များအား  သက်ဆိုင်ရာ မိတ်ဖက်ဌာနအဖွဲ့အစည်းတို့နှင့် ပူးပေါင်း၍ စျေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ ပါသည်။

          ထိုသို့ စျေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်ရာတွင် စားသောက်ကုန်များ၊ လက်လီ/လက္ကား ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသော လုပ်ငန်းရှင်များ၊ ဆေးဆိုင်များအနေဖြင့် ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရသည့် ကုန်ပစ္စည်းများကိုသာ ထုတ်လုပ်ဖြန့်ဖြူးရောင်းချ ကြရန်နှင့် ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားများတွင် မြန်မာဘာသာဖြင့် ဖော်ပြြခင်းနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ၂/၂၀၁၉ ညွှန်ကြားချက်အား သိရှိလိုက်နာနိုင်ရေးအတွက် အသိပညာပေးခြင်းများ၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများနှင့်  သိလိုသည်များ မေးမြန်းလာသည့်အပေါ် ဖြေကြားဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ကယားပြည်နယ်

စားသုံးသူရေးရာဦးစီးဌာန

ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဉီးစီးမှူးရုံးတွင် စားသုံးသူ အသိပညာပေးဟောပြောခြင်းနှင့် ကျုံပျော်မြို့ မြို့မဈေးအတွင်း ကွင်းဆင်းစစ်ဆေးခြင်း

     ၂၅.၂.၂၀၂၀ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး နှင့် ပုသိမ်ခရိုင်ဦးစီးမှူး ဉီးဆောင်သောအဖွဲ့သည်  ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဉီးစီးမှူးရုံးတွင် စားသုံးသူအသိပညာပေးဟောပြောဆွေးနွေးပွဲအား ကျင်းပပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမန်းဂျော်နီ က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဧရာဝတီတိုင်း ဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယတိုင်းဦးစီးမှူး နှင့် ပုသိမ်ခရိုင်ဦးစီးမှူးတို့မှ စားသုံးသူကာကွယ်ရေးလုပ်ငန်းများနှင့် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများ၊ စားသုံးသူများ၏ အခွင့်အရေး(၈)ချက်နှင့် တာဝန်များ၊ ဥပဒေအခန်း  (၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် CICC တိုင်ကြားမှုကိစ္စများ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ တားမြစ်ချက်များ နှင့် ပြစ်မှုပြစ်ဒဏ်များ အကြောင်းများကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

        ဆွေးနွေးပွဲသို့ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ ဈေး/ရပ်ကွက် စားသုံးသူရေးရာ ကော်မတီများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ကုန်စည်ထုတ်လုပ်သူနှင့် ဖြန့်ဖြူးရောင်းချသူများ စုစုပေါင်း (၁၀၂) ဦးခန့် တက်ရောက်ခဲ့ပါသည်။

    ထို့နောက် တိုင်းဒေသကြီး/ခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ဌာနဆိုင်ရာများ၊ ဈေး/ရပ်ကွက် စားသုံးသူရေးရာ ကော်မတီများ ပူးပေါင်း၍ ကျုံပျော်မြို့ မြို့မဈေးအတွင်း စားသုံးသူပြည်သူများ နေ့စဉ် စားသောက်သုံးစွဲလျက်ရှိသော စားသောက်ကုန်များတွင် ကုန်အညွှန်းအမှတ် ဖော်ပြမှုနှင့် အလေးချိန် ပြည့်မီခြင်း ရှိ/မရှိ၊ သက်တမ်းလွန် စားသောက်ကုန်များရှိ/မရှိ  အသိပညာပေးစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

ဧရာဝတီတိုင်းဒေသကြီး

စားသုံးသူရေးရာဦးစီးဌာန

ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန် ကွင်းဆင်းစစ်ဆေးခြင်း

     ၂၄.၂.၂၀၂၀ ရက်နေ့တွင် ကရင်ပြည်နယ်၊ စားသုံးသူရေးရာဉီးစီးဌာန၊ မြဝတီခရိုင် ဉီးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ၂၅.၂.၂၀၂၀ ရက်နေ့တွင် မြဝတီမြို့သို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်ပြည်ထောင်စုဝန်ကြီးများ လာရောက်၍ ဒေသခံပြည်သူများနှင့်တွေ့ဆုံပွဲမည့် ခရီးစဉ်အတွင်း စားသောက်မည့် စားသောက်ဖွယ်ရာများ ဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေးအတွက် မိတ်ဖက်ဌာနဖြစ်သော အစားအသောက် နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ City Home သို့သွားရောက်ပြီး ချက်ပြုတ်မည့် စားဖိုဆောင်ဝန်ထမ်းများအား ကျန်းမာရေးစစ်ဆေးခြင်း ၊ အခြေခံအသုံး ပြုမည့် စားဖိုဆောင်သန့်ရှင်းရေးနှင့်လိုက်နာကျင့်သုံးရမည့် အချက်များပြည့်စုံခြင်းရှိ/မရှိ စစ်ဆေးခြင်း ၊ ချက်ပြုတ်မည့် ဟင်းသီးဟင်းရွက်၊ သားငါးများထားသိုသိမ်းဆည်းပုံ ပြည့်စုံမှန်ကန်မှု ရှိ/မရှိ စစ်ဆေးခြင်း  ၊ စားသောက်ကုန်၊ မုန့်မျိုးစုံတွင် ထုတ်လုပ်သည့် ရက်စွဲ၊ ကုန်ဆုံးသည့် ရက်စွဲပါဝင်မှု ရှိ/မရှိ စစ်ဆေးခြင်း၊ ကုန်ပစ္စည်းများ သက်တမ်း လွန်ခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ စားသုံးရန်မသင့်သော ကုန်ပစ္စည်းများ ရောင်းချြခင်းရှိ/မရှိ စစ်ဆေးခြင်း၊တို့အားအဖွဲ့ဖြင့် စစ်ဆေးခဲ့ပြီး လိုအပ်သည်များကိုဖြည့်စွတ်၍ အသိပညာပေး ဆွေးနွေးခဲ့ခြင်းနှင့်  မိတ်ဖတ်ဌာနမှ ဧည့်ခံကျွေးမွေးမည့် အစားအသောက်များအား ဓာတ်ခွဲစမ်းသပ်ရန်အတွက် နမူနာကောက်ယူခဲ့ပါသည်။

ကရင်ပြည်နယ်

စားသုံးသူရေးရာဦးစီးဌာန

ရွှေဘိုခရိုင်ရှိ စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း သိကောင်းစရာများ ရှင်းလင်းဆွေးနွေး

        စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကုန်စည်များ ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချရာတွင် ဥပဒေနှင့်အညီ ဆောင်ရွက်ရန် လုပ်ငန်းရှင်များ သိသင့်သည့် စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း သိကောင်းစရာများ ဆွေးနွေးပွဲကို ၁၉.၂.၂၀၂၀ ရက်နေ့တွင် ရေဦးမြို့နယ်ရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့် တန့်ဆည်မြို့နယ်ရှိ စီးပွားရေးလုပ်ငန်းရှင်များကို လည်းကောင်း၊ ၂၀.၂.၂၀၂၀ ရက်နေ့တွင် ဝက်လက်မြို့နယ်ရှိ စီးပွားရေးလုပ်ငန်းရှင်များကို လည်းကောင်း၊ ၂၁.၂.၂၀၂၀ ရက်နေ့တွင် ခင်ဦးမြို့နယ်ရှိ စီးပွားရေးလုပ်ငန်းရှင်များကိုလည်းကောင်း  သက်ဆိုင်ရာ မြို့နယ်စီမံခန့်ခွဲမှုကော်မတီရုံးများရှိ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။

     ဆွေးနွေးပွဲတွင် စားသုံးသူကာကွယ်ရေးဥပဒေအခန်း (၁၈) ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)တို့အား အသေးစိတ်ရှင်းလင်းဆွေးနွေးပြီး စီးပွားရေးလုပ်ငန်းရှင်များမှ သိရှိလိုသည်များကို မေးမြန်းခြင်းများ ဆောင်ရွက်ခဲ့ပြီး ဥပဒေအခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉) တို့အား ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး

စားသုံးသူရေးရာဦးစီးဌာန

ကုန်စည်တွင်ဖော်ပြထားသောအလေးချိန်တို့နှင့် ပတ်သက်၍ကွင်းဆင်းစစ်ဆေးခြင်း

       ၂၄.၂.၂ဝ၂ဝ ရက်နေ့တွင် ရှမ်းပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တောင်ကြီး မြို့မစျေးမှ တာဝန်ရှိသူတို့နှင့်ပူပေါင်း၍ မြို့မစျေးအတွင်း ရောင်းချလျက်ရှိသော ဟင်းခတ်အချိုမှုန့်များအား အလေးချိန်ဖော်ပြချက်နှင့်စပ်လျဉ်း၍ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

        ကွင်းဆင်းစစ်ဆေးရာ၌ စျေးအတွင်းရှိကုန်စုံဆိုင်တို့တွင် ကုန်အမှတ်တံဆိပ်မပါ ဟင်းခတ်အချိုမှုန့်များ၊ Ajinomoto? Crown? Golden? Penda နှင့် ထိုင်းဇွန်း အမှတ်တံဆိပ်များရောင်းချနေသည်ကို စစ်ဆေးတွေ့ရှိရပါသည်။ ကုန်အမှတ်တံဆိပ်မပါသော ဟင်းခတ်အချိုမှုန့်များ ရောင်းချခြင်းနှင့်ပတ်သက်၍ လက်လီ၊ လက္ကားရောင်းချနေသော ဆိုင်ရှင်များအား စားသုံးသူကာကွယ်ပေးရေးဥပဒေ(၂ဝ၁၉)ပါ အခန်း (၁၈) ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ အသိပညာပေးဟောပြောခြင်း၊ ဆိုင်များတွင် ရောင်းချလျက်ရှိသော ကုန်စည်များတွင် ကုန်အညွန်းအမှတ်အသားဖော်ပြရမည့် အချက်များပါဝင်မှု ရှိ/မရှိ စစ်ဆေးခြင်း၊ Crown, Golden, Penda  ကုန်အမှတ်တံဆိပ်ဟင်းခတ် အချိုမှုန့်တို့တွင် ဖော်ပြထားသော အလေးချိန်တို့နှင့် ပတ်သက်၍ကိုက်ညီမှု ရှိ/မရှိ စစ်ဆေး၍ရောင်းချရန် အသိပညာပေး ဟောကြားပြီး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်းသတင်းရရှိပါသည်။

တောင်ကြီးခရိုင်

စားသုံးသူရေးရာဦးစီးဌာန

ကရင်ပြည်နယ်၊ သံတောင်မြို့နယ် ပျားစခန်းကျေးရွာရှိ လက်လီ/ကားရောင်းချနေသော ဆိုင်များတွင် ကွင်းဆင်းစစ်ဆေးခြင်း

    ၂၀.၂.၂၀၂၀ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ဖြင့် ပူးပေါင်း၍ သံတောင်မြို့နယ်၊ ပျားစခန်းကျေးရွာရှိ လက်လီ/ကားရောင်းချနေသော ဆိုင်များတွင် ရောင်းချလျက်ရှိသော စားသောက်ကုန်၊ မုန့်မျိုးစုံ၊ ကုန်မျိုးစုံဆိုင်နှင့် အလှကုန်ဆိုင်များတွင် ထုတ်လုပ်သည့် ရက်စွဲ၊ ကုန်ဆုံးသည့်ရက်စွဲပါဝင်မှုရှိ/မရှိကို စစ်ဆေးခြင်း၊ ကုန်ပစ္စည်းများ သက်တမ်းလွန်ခြင်းရှိ/မရှိ စစ်ဆေးခြင်း၊ စားသုံးရန်မသင့်သော ကုန်ပစ္စည်းများ ရောင်းချြခင်းရှိ/မရှိ စစ်ဆေးခြင်း၊ ကုန်ပစ္စည်းများတွင် ကုန်ညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ ဉပဒေ ပြဌာန်းချက်ပါ မြန်မာဘာသာဖြင့် မဖြစ်မနေ ဖော်ပြရမည့်အချက်များအကြောင်း ရှင်းလင်း၍ လက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ပါသည်။

ကရင်ပြည်နယ်

စားသုံးသူရေးရာဦးစီးဌာန

ကော့ကရိတ်မြို့၊ မြို့မဈေးရှိ လက်လီ/ ကားရောင်းချ နေသော ဈေးဆိုင်များတွင် ကွင်းဆင်းစစ်ဆေးခြင်း

     ၂၀.၂.၂၀၂၀ ရက်နေ့တွင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည် ပြည်နယ်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင် တို့နှင့်ပူးပေါင်း၍ ကော့ကရိတ်မြို့မဈေးရှိ လက်လီ/ ကားရောင်းချနေသော စားသောက်ကုန်၊ မုန့်မျိုးစုံ၊ ကုန်မျိုးစုံဆိုင်နှင့် အလှကုန်ဆိုင်များမှ ကုန်ပစ္စည်းများတွင် စားသုံးသူဘေးအန္တရာယ်ဖြစ်စေနိုင်သည့် သက်တမ်းလွန်ကုန်ပစ္စည်းများ၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်မပါသော ကုန်ပစ္စည်းများ ရောင်းချခြင်းရှိ/မရှိ၊ စားသုံးရန် မသင့်သော ကုန်ပစ္စည်းများရှိ/မရှိ စစ်ဆေးခဲ့ပါသည်။ ထို့နောက် ကုန်အညွှန်းအမှတ်အသားဖော်ပြရာ၌ မြန်မာဘာသာဖြင့် မဖြစ်မနေဖော်ပြရမည့် အချက်များနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာဉပဒေပြဌာန်းများသည် ၂၀၂၀ပြည့်နှစ် မတ်လ ၁၅ရက် နောက်ပိုင်းတွင် အာဏာတည်မည်ဖြစ်ကြောင်းကို ဈေးဆိုင်ရောင်းချသူများအား ရှင်းလင်း၍ လက်ကမ်းစာစောင် ဖြန့်ဝေခဲ့ပါသည်။

ကရင်ပြည်နယ်

စားသုံးသူရေးရာဦးစီးဌာန

ကရင်ပြည်နယ်၊ မြဝတီမြို့ သင်္ကန်းညီနောင်ကျေးရွာ၊ မဲ့ပလဲ့ကျေးရွာနှင့် သင်္ကန်းညီနောင်ဈေးတို့တွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေးခြင်း

       ၁၈.၂.၂၀၂၀ ရက်နေ့တွင် ကရင်ပြည်နယ် မြဝတီမြို့၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူး တို့နှင့်ပူးပေါင်း၍ မြဝတီမြို့ သင်္ကန်းညီနောင်ကျေးရွာနှင့် မဲ့ပလဲ့ကျေးရွာရှိ ကျေးလက်နေ ပြည်သူများအား စားသုံးသူကာကွယ်ရေးအကြောင်း၊ ကုန်စည်နှင့်ဝန်ဆောင်မှုများအကြောင်း၊ စားသုံးသူများတွင် စားသုံးသူအခွင့်အရေးများနှင့်လိုက်နာရမည့် တာဝန်များရှိကြောင်း၊ စားသုံးသူကာကွယ်ရေးဉပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းမှာ ၂၀၂၀ ခုနှစ် မတ်လ ၁၅ ရက်နေ့ နောက်ပိုင်းတွင် စတင် အသက်ဝင်တော့မည်ဖြစ်ပါကြောင်း၊ ကုန်စည်နှင့်ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍ စားသုံးသူများအပေါ်ထိခိုက်နစ်နာမှုရှိပါက စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ(CICC) ရုံးများ ဖွင့်လှစ်ထားရှိပြီး စားသုံးသူများ၏ တိုင်ကြားမှုများကို လက်ခံဖြေရှင်းဆောင်ရွက်ပေးကြောင်း ဟောပြောဆွေးနွေးခဲ့ပါသည်။

          ထိုနောက် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကုန်သွယ်မှုနှင့် ဈေးကွက်အခြေအနေများ၊ ဈေးကွက်ယှဉ်ပြိုင်နိုင်ရန်အတွက် သိသင့်သည့်အချက်များ၊ ဈေးကွက်စီးပွားရေးအကြောင်းများအား ဆွေးနွေးတင်ပြခဲ့ပါသည်။

          ဆက်လက်၍ မြဝတီမြို့၊ သင်္ကန်းညီနောင်ဈေးရှိ လက်လီ/ကား ရောင်းချနေသောဆိုင်များနှင့် ဈေးအတွင်း ရောင်းချလျက်ရှိသော စားသောက်ကုန်၊ မုန့်မျိုးစုံ၊ ကုန်မျိုးစုံဆိုင်နှင့် အလှကုန်ဆိုင်များတွင် ရောင်းချလျက်ရှိသော ကုန်ပစ္စည်းများတွင် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ဖြစ်စေနိုင်သည့် သက်တမ်းလွန်ကုန်ပစ္စည်းများ၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်မပါသော ကုန်ပစ္စည်းများ ရောင်းချခြင်းရှိ/မရှိကို ကွင်းဆင်းစစ်ဆေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာဉပဒေ ပြဌာန်းချက်များသည် ၂၀၂၀ပြည့်နှစ် မတ်လ ၁၅ရက်နေ့ နောက်ပိုင်းတွင် အာဏာတည်မည်ဖြစ်ကြောင်း ရှင်းလင်း၍ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။

ကရင်ပြည်နယ်

စားသုံးသူရေးရာဦးစီးဌာန

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ