Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဘိုကလေးမြို့တွင်ထုတ်ကုန်လုံခြုံစိတ်ချရမှု ဖွံ့ဖြိုးရေးကွင်းဆင်းစစ်ဆေး

       ဘိုကလေးမြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည် Top One  သုံးထောင့်မုန့်လုပ်ငန်းမှထုတ်လုပ်သောကုန်ပစ္စည်းများ ဈေးကွက်ရောက်ပြီးထုတ်ကုန်လုံခြုံစိတ်ချရမှုရှိ  စေရေးအတွက် ၂၀၂၃ခုနှစ်၊ ဇွန်လ(၆)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီတွင် ဈေးကွက်ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။

          အဆိုပါ ကွင်းဆင်းစိစစ်မှုတွင် Top One  မုန့်လုပ်ငန်းမှ ထုတ်လုပ်သောသုံးထောင့်မုန့်၊ အငန်မုန့်များမှာထုတ်လုပ်မှုအနေဖြင့်တစ်ရက်လျှင် ဘူး (၃၅၀) မှ (၄၀၀)ထိထုတ်လုပ်နိုင်ကြောင်း ၊မုန့်တစ်ဘူးလျှင်(၂၁၀၀)ကျပ်နှုန်းဖြင့်ရောင်းချပေး လျက်ရှိပြီး၊လုပ်သားတစ်ဦးလျှင် (၁)သိန်းမှ (၁)ခွဲထိလုပ်အားခပေးရပါသည်။လုပ်သားဦးရေ(၉)ဦးရှိပြီးဈေးကွက်အနေဖြင့် ဒေသတွင်းသာမကဘဲ အခြားနေရာဒေသများသို့လည်း ရောင်းချပေးလျက်ရှိကြောင်းသိရပါသည်။

          မြို့နယ်တာဝန်ခံမှလည်း စားသုံးသူပြည်သူများ လုံခြုံစိတ်ချမှုရှိစေရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေးတို့အတွက် စားသုံးသူရေးရာဦးစီးဌာနမှ ထုတ်ပြန်သတ်မှတ်ထားသော အခန်း(၁၈)ပါကုန်အညွှန်း  အမှတ်အသားဖော်ပြချက်များကို ဈေးကွက်ရောက်ကုန်စည်များတွင် ထည့်သွင်းရန်နှင့်အရည်အသွေးမီ သောစားသောက်ကုန်များကိုထုတ်လုပ်ကြရန် ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

အင်္ဂပူမြို့ ကုန်မျိုးစုံဆိုင်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့ မြို့နယ်တာဝန်ခံ သည်(၈.၆.၂၀၂၃)ရက်နေ့နံနက်(၁၀:၀၀)နာရီအချိန်တွင် အမှတ်(၁)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံး၌ ကုန်မျိုးစုံဆိုင် လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ပါသည်။

          ဟောပြောပွဲတွင် စားသုံးသူ‌‌‌ရေးရာဦးစီးဌာနမြို့နယ်တာဝန်ခံက  စားသုံးသူကာကွယ်ရေး ဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့်တာဝန်များအကြောင်း၊ ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုကို ဝယ်ယူအသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသည့် နစ်နာဆုံးရှုံးမှုများနှင့်စပ်လျဉ်း၍ ကုစားခွင့်ရရှိခြင်း များအကြောင်း၊ တားမြစ်ချက်များအကြောင်း၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်း၊ စားသုံးသူမိဘပြည်သူများ အနေဖြင့်လည်း စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက် များအကြောင်း သိရှိလိုပါက www.doca.gov.mm Website တွင် ဝင်ရောက်လေ့လာနိုင်ကြောင်း၊ စားသုံးသူသတင်းပြန်ကြားရေး နှင့် တိုင်ကြားမှုလက်ခံ ဆောင်ရွက်ရေးစင်တာ (CICC) ရုံးခန်းများ ဖွင့်လှစ်ထားရှိမှု အခြေအနေတို့ကိုလည်းကောင်း အသိပညာပေးဟောပြောခဲ့ပါကြောင်းနှင့်တက်ရောက်လာသူ များမှလည်း သိလိုသည်များကို မေးမြန်း၍ စားသုံးသူကာကွယ်ရေး ဥပဒေစာအုပ်နှင့် လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

 

 

 

 

 

ကြံခင်းမြို့စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း

           ၂၀၂၃ ခုနှစ် ဇွန်လ(၇)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တာဝန်ခံသည် ရေလယ်ကျွန်းကျေးရွာအုပ်စုရှိ  နွားသက္ကယ်ကုန်း၌ စားသုံးသူပြည်သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်း ကို ဆောင်ရွက်ခဲ့ပါသည်။

          ဟောပြောပွဲတွင် စားသုံးသူ‌‌‌ရေးရာဦးစီးဌာနမြို့နယ်တာဝန်ခံက  စားသုံးသူကာကွယ်ရေးဥပဒေများအကြောင်း၊  စားသုံးကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ သိကောင်းစရာများအကြောင်း၊ ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုကို ဝယ်ယူအသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသည့် နစ်နာဆုံးရှုံးမှုများနှင့်စပ်လျဉ်း၍ ကုစားခွင့်ရရှိခြင်းများအကြောင်း၊ တားမြစ်ချက်များနှင့် ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်း၊ ဈေးကွက်အတွင်းရောင်းချနေသော ကုန်ပစ္စည်းများကို ရွေးချယ်ဝယ်ယူအသုံးပြုတတ်စေရန် အသိပညာပေးခြင်းများ၊ စားသုံးသူမိဘပြည်သူများအနေဖြင့်လည်း စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း သိရှိလိုပါက www.doca.gov.mm Website တွင် ဝင်ရောက်လေ့လာနိုင်ကြောင်း၊ စသည့်တို့ကိုအသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာသူများကလည်း သိရှိလိုသည်များကို မေးမြန်း၍ စားသုံးသူကာကွယ်ရေး ဥပဒေစာအုပ်နှင့်လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ ကြကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

 

 

မိတ္ထီလာခရိုင်တွင် မိုးသီးနှံများစိုက်ပျိုးဖြစ်ထွန်း

    မိတ္ထီလာခရိုင်အတွင်း မိုးသီးနှံအဖြစ် နှစ်စဉ် နှမ်းမြေပဲ ၊ဝါ၊ ပဲစင်းငုံတို့ကို အဓိကစိုက်ပျိုးပြီး  တချို့ကျေးရွာများတွင် ပဲတီစိမ်းကိုလည်းစိုက်ပျိုးကြပါသည်။ ယခုအခါ စားသုံးဆီဈေးကောင်းရသဖြင့် နေကြာဆီမှာလည်း  ကျန်းမာရေးအရ ကောင်းမွန်ခြင်းကြောင့် စားသုံးမှုများပြားလာရာ စိုက်ပျိုးမှုလည်းများပြားလာပါသည်။ (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ်အတွက် မိတ္ထီလာခရိုင်တွင် မိုးသီးနှံစိုက်ပျိုးရန်လျာထားချက်မှာ မိုးနှမ်း (၉၉၄၀၉) ဧက၊ မိုးနေကြာ (၄၅) ဧက၊ မိုးကြိုဝါ (၂၇၃၂) ဧက၊ မိုးဝါ (၂၅၇၄) ဧက၊ မိုးကြိုပဲတီစိမ်း (၉၆၈၂) ဧက၊ မိုးပဲတီစိမ်း (၃၉၄၅) ဧက၊ ပဲစင်းငုံ  (၂၁၄၇၃) ဧက၊ ပဲနှောက် (၈၃၁) ဧကရှိကြောင်း သက်ဆိုင်ရာစာရင်းများအရ သိရပါသည်။ မိုးသီးနှံများတွင် မိုးနှမ်းကို မလှိုင်မြို့နယ်တွင် ဧက (၆)  ‌သောင်းခန့်နှင့် အများဆုံးစိုက်ပျိုးပါသည်။ ဝမ်းတွင်းမြို့နယ်၌ မိုးသီးနှံဝါကို ဧက (၂၅၀၀) ကျော်၊ ပဲတီစိမ်းဧက (၂၂၀၀) ခန့်နှင့် အများဆုံးစိုက်ပျိုးကြောင်း သိရပါသည်။ ပဲနှောက်မှာ ပဲတီစိမ်းနှင့်ဆင်တူပြီး မလှိုင်မြို့နယ်တွင် ဧက (၆၀၀) ကျော်ဖြင့် အစဉ်အလာမပျက်စိုက်ပျိုးကြောင်း သိရသည်၊၊ မိတ္ထီလာခရိုင်အတွင်း မေလလယ် မုန်တိုင်းမိုးမှစတင်၍ ရွာသွန်းခဲ့ပြီး ဇွန်လဆန်းတွင် မိုးရွာသွန်းခြင်းကြောင့် သီနှံပင်များဖြစ်ထွန်းအားကောင်းနိုင်ကြောင်း တောင်သူများထံမှ သိရပါသည်။

DOCA(မန္တလေး)

ကုန်မျိုးစုံဆိုင်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း

             စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့  မြို့နယ်တာဝန်ခံသည်(၉.၆.၂၀၂၃)ရက်နေ့နံနက်(၁၁:၀၀)နာရီအချိန်တွင် ကျောက်ရဲကျေးရွာ၊ အိုင်သပြုဆွမ်းလောင်းဓမ္မာရုံ၌ ကုန်မျိုးစုံဆိုင် လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ပါသည်။

          ဟောပြောပွဲတွင် စားသုံးသူ‌‌‌ရေးရာဦးစီးဌာနမြို့နယ်တာဝန်ခံက  စားသုံးကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁) ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခု ထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည့်အကြောင်း၊ ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုကိုဝယ်ယူအသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသည့် နစ်နာဆုံးရှုံးမှုများနှင့်စပ်လျဉ်း၍ ကုစားခွင့်ရရှိခြင်းများအကြောင်း၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်း၊ စားသုံးသူမိဘပြည်သူများအနေဖြင့်လည်း စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း သိရှိလိုပါက www.doca.gov.mm Website တွင် ဝင်ရောက်လေ့လာနိုင်ကြောင်း၊ စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC) ရုံးခန်းများ ဖွင့်လှစ်ထားရှိမှု အခြေအနေတို့ကိုလည်းကောင်း အသိပညာပေးဟောပြောခဲ့ပါကြောင်းနှင့်တက်ရောက်လာသူများကလည်း သိရှိလိုသည်များကို မေးမြန်း၍ စားသုံးသူကာကွယ်ရေးဥပဒေစာအုပ်နှင့်လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

 

 

ပခုက္ကူမြို့အတွင်းရှိ အလှကုန်ဆိုင်များနှင့်ကုန်မျိုးစုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်

  စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးတွင် တာဝန်ထမ်းဆောင်နေသော ဒု-ခရိုင်ဦးစီးမှူး ဦးဇော်ထွန်းဦး၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများအဖွဲ့သည် စားသုံးပြည်သူများ လုံခြုံစိတ်ချရမှုရှိစေရေးအတွက်ရည်ရွယ်၍ (၇-၆-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ပခုက္ကူမြို့ပေါ်ရှိ အလှကုန်ဆိုင်နှင့်ကုန်မျိုးစုံဆိုင်များတွင် ရောင်းချလျက်ရှိသောအလှကုန်ပစ္စည်းများတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနကတားမြစ်ထားသော သုံးစွဲရန်မသင့်ဟု ထုတ်ပြန်ထားသောအလှကုန်ပစ္စည်းများရှိ/မရှိ၊ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ဖော်ပြထားခြင်းရှိ/မရှိနှင့် ဘေးကင်းလုံခြုံစိတ်ချရမှုရှိ/မရှိကိုစောင့်ကြည့်စစ်ဆေးခြင်း၊ ဘေးအန္တရာယ်ရှိသော စားသုံးရန်မသင့်တားမြစ်ထားသည့်ကုန်စည်များ၊ သက်တမ်းလွန်ကုန်စည်များနှင့် သက်ဆိုင်ရာဌာနများက သုံးစွဲရန်မသင့်ဟု ကြော်ငြာထားသောကုန်စည်များ ဈေးကွက်အတွင်း ရောင်းချခြင်းရှိ/မရှိတို့ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။ 

 ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ အလှကုန်ပစ္စည်းမျိုးစုံနှင့် ကုန်မျိုးစုံရောင်းချနေသောဆိုင်ရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ အခန်း(၁၈)နှင့် ပုဒ်မ(၄၁)အရ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားသည့်ကုန်စည်များကိုသာရောင်းချရန်၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်ကထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့်အညီ ပြည့်စုံစွာဖော်ပြရန်နှင့် မြန်မာဘာသာဖြင့်ဖော်ပြရမည့် ကုန်ပစ္စည်းအမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် (သို့မဟုတ်) အသားတင်ပမာဏ၊ ထားသိုသိမ်း ဆည်းမှုအညွှန်း၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်တို့ကို မဖြစ်မနေထည့်သွင်းဖော်ပြရန်လိုအပ်ကြောင်း၊ ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲများကိုလည်း ထည့်သွင်းဖော်ပြရမည်ဖြစ်ကြောင်း၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းမရှိသော ကုန်စည်များရောင်းချသည်ကိုစစ်ဆေးတွေ့ရှိရပါက စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉အရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိစေရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေ၊ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်း သိရှိစေရန်တို့ကို အသိပေးပြောကြားခဲ့ပြီး စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါသည်။

DOCA(မကွေး)

                                     

ဇလွန်မြို့ ပဲပြား၊ မုန့်ဖက်၊ မျှစ်နှင့် ငရုတ်သီးအရောင်တင်မှုန့် အရောင်းဆိုင်များ အားဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် တာဝန်ခံ သည် FDA ဦးဆောင်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနတို့ပါဝင်သောပူးပေါင်းအဖွဲ့သည် (၇.၆.၂၀၂၃) ရက်နေ့၊ နံနက်(၀၇:၃၀)နာရီ အချိန်တွင် ဆန်တန်းရပ်ကွက်၊ ဓမ္မာရုံလမ်းရှိ ပဲပြား၊ မုန့်ဖက်၊ မျှစ်နှင့် ငရုတ်သီးအရောင်တင်မှုန့် အရောင်း ဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းခဲ့ရာတွင် ပူးပေါင်းအဖွဲ့သည် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော စားသောက်ကုန်စည်များဖြစ်သည့် ပဲပြား၊ မုန့်ဖက်၊ မျှစ်နှင့် ငရုတ်သီးအရောင်တင်မှုန့်များအားတားမြစ်ဆေးဝါးများသုံးစွဲခြင်းရှိ/မရှိ နမူနာကောက်ယူစစ်ဆေးခြင်းများပြုလုပ်ခဲ့ပြီးစားသုံးသူရေးရာဦးစီးဌာန၊ဇလွန်မြို့နယ်တာဝန်ခံဦးသန့်ဇင်ဦးမှ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာ ဝန်များအကြောင်းနှင့်တားမြစ်ချက်များအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရန်နှင့် သတ်မှတ်အရည်အသွေးပြည့်မီသောကုန်စည်များကိုသာရောင်းချရန်၊ စသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး၊ ကုန်မျိုးစုံအရောင်းဆိုင်(၅)ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း များဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

 

 

စစ်ဆေးရေးအရာရှိများက လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲ (၁/၂၀၂၃) ၏ သင်ခန်းစာများအား ဆင့်ပွားရှင်းလင်းဆွေးနွေးပို့ချ

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်ချက်အရ ပခုက္ကူခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံး၏ (CICC) ခန်းမ၌ “စစ်ဆေးရေးအရာရှိများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲ (၁/၂၀၂၃) ၏ သင်ခန်းစာများအား ဆင့်ပွားရှင်းလင်းဆွေးနွေးပို့ချခြင်းကို (၈-၆-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:ဝဝ) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ ပခုက္ကူခရိုင်ဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများတက်ရောက်ခဲ့ကြပါသည်။

 အဆိုပါဆွေးနွေးပွဲတွင် ခရိုင်ဦးစီးမှူး ဦးဝေဠုအောင်က စစ်ဆေးရေးအရာရှိများနှင့် ဝန်ထမ်းများအနေဖြင့် စွမ်းဆောင်ရည်မြှင်တင်နိုင်ရန်နှင့် စစ်ဆေးရေးအရာရှိများ၏ လုပ်ငန်းစွမ်းရည်များပိုမိုမြင့်မားရေးအတွက် အလုပ်ရုံဆွေးနွေးပွဲသင်ခန်းစာများကို ဆင့်ပွားရှင်းလင်းဆွေးနွေးခြင်းအား ဝန်ထမ်းများအားလုံး သေချာစွာလိုက်နာမှတ်သားကြရန်နှင့် ဆွေးနွေးပို့ချမည့် ဦးစီးအရာရှိ ဒေါ်မွန်မွန်စိုးအား ကျေးဇူးတင်ရှိကြောင်း၊ စစ်ဆေးရေးအရာရှိများအနေဖြင့် မြေပြင်ကွင်းဆင်း၍ လုပ်ငန်းများဆောင်ရွက်ရာတွင် များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း၊ ယခုလ Thursday Talk အစီအစဉ်တွင် စစ်ဆေးရေးအရာရှိများသည် အလုပ်ရုံဆွေးနွေးပွဲကို အဓိကထား၍ ရှင်းလင်းဆွေးနွေးမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့်လည်း သင်ခန်းစာများအား ဝိုင်းဝန်းဆွေးနွေးပေးစေလိုကြောင်း ပြောကြားခဲ့ပါသည်။

   ဆက်လက်၍ ဦးစီးအရာရှိ ဒေါ်မွန်မွန်စိုးက ဆွေးနွေးပွဲမှ အသိပညာ၊ အတွေ့အကြုံနှင့် အကြောင်းအရာများအား အကျယ်တဝင့်ဆွေးနွေးခဲ့ရာ  ထိုဆွေးနွေးပွဲတွင် တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးရုံးများမှ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲ၏ လုပ်ငန်းဆောင်ရွက်ချက်များဆွေးနွေးခြင်း၊ ASEAN အာဆီယံလုပ်ငန်းများဆောင်ရွက်နေသော ထုတ်ကုန်လုံခြုံစိတ်ချရမှုလုပ်ငန်းများအကြောင်းကို ရှင်းလင်းဆွေးနွေးပြီး အာဆီယံဆောင်ရွက် နေသောလုပ်ငန်းများတွင် အရှေ့တောင်အာရှနိုင်ငံများ၏ ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာ ကနဦးပူးပေါင်းဆောင်ရွက်မှု၊ အာဆီယံစားသုံးသူကာကွယ်ရေးမဟာဗျူဟာလုပ်ငန်းစီမံချက်များနှင့် စင်္ကာပူနိုင်ငံ၊ ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံနှင့် မြန်မာနိုင်ငံတို့တွင် ဆောင်ရွက်လျက်ရှိသော ထုတ်ကုန်လုံခြုံစိတ်ချရမှုလုပ်ငန်းများအကြောင်းအား အသေးစိတ်ရှင်းလင်းခဲ့ပါသည်။ ထို့ပြင်ကုန်သွယ်ရေးမူဝါဒဆိုင်ရာ ဥပဒေအချက်အလက်များ၊ နယ်စပ်ကုန်သွယ်ရေးတွင် နှစ်နိုင်ငံသုံးငွေကြေးအသုံးပြုခြင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း၊ (Labelling) ပြည့်စုံမှုနှင့် မပြည့်စုံမှုတို့ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့သည့် လုပ်ငန်းဆောင်ရွက်ချက်များနှင့်  FDA ကဆောင်ရွက်နေသည့် Food Safety ၊ Food Security၊  Risk၊ Hazard အစားသောက်နှင် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏လုပ်ငန်းဆောင်ရွက်ချက်များ၊ Group Presentation ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် အခြားသတိပြုရမည့်အချက်များအား အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး ဦးစားပေးကုန်စည်(၃)မျိုးဖြစ်သည့် စားသုံးဆီအမျိုးမျိုး၊ အချိုရည်နှင့်ယိုစုံ၊ ကလေးအာဟာရဖြည့်စွက်စာအမျိုးမျိုးတို့အား ဇူလိုင်လတွင် ဦးစားပေးကုန်စည်(၁)မှာ ဟင်းသီးဟင်းရွက်ဆီ၊ ဩဂုတ်လတွင် ဦးစားပေးကုန်စည်(၂)မှာ အသင့်သောက်အချိုရည်၊ စက်တင်ဘာလတွင် ဦးစားပေးကုန်စည်(၃)မှာ Formula နို့မှုန့်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးမည့်အစီအမံများအား ဆွေးနွေးခြင်း၊ ကုန်စည်နှင့် ဝန်ဆောင်မူများကိုလည်း စီးပွားရေးလုပ်ငန်းရှင်နှင့် သက်ဆိုင်ရာဦးစီးဌာနများက Voluntary Recall နှင့် Mandatory Recall, Process ကို သရုပ်ပြပုံ Power Point များဖြင့် အသေးစိတ်ရှင်းလင်းဆွေးနွေးခြင်း၊ Case Study များနှင့် သတင်းအချက်အလက်နည်းပညာဆိုင်ရာသိကောင်းစရာများကိုလည်း အသေးစိတ်ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသည့်ဝန်ထမ်းများက သိလိုသည်များကို မေးမြန်းမှုအပေါ် ဦးစီးအရာရှိ ဒေါ်မွန်မွန်စိုးက ပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ဇလွန်မြို့ စတိုးဆိုင်များအားဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

           ဇွန်လ (၇) ရက်နေ့ နံနက်(၀၉:၀၀) နာရီအချိန် တွင် ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တာဝန်ခံ သည် လမ်းအတော်(မ)ရပ်ကွက်ရှိ စတိုးဆိုင်များနှင့်မုန့်မျိုးစုံအရောင်းဆိုင်များအား ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ကွင်းဆင်းခဲ့ရာတွင် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှန်ကန်စွာဖော်ပြခြင်းရှိ/မရှိ၊သတ်တမ်းလွန်မုန့်များရောင်းချခြင်းရှိ/မရှိ ခြင်းတို့ကိုစစ်ဆေးခဲ့ပြီး၊ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန် ကြေညာထားသော ညွှန်းကြားချက်အမှတ် (၂/၂၀၁၉) နှင့်အညီမြန်မာဘာသာဖြင့်ပြည်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာရောင်းချကြရန်နှင့်စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသောညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊ကုန်စည်နှင့်စပ်လျဉ်း၍အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရန်၊ သတ်မှတ်အရည်အသွေးပြည့်မီသောကုန်စည်များကိုသာရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ တားမြစ်ချက်များအကြောင်းနှင့်ပြစ်မှုပြစ်ဒဏ်များအကြောင်းစသည်တို့ကို သိရှိစေရန်အသိပညာပေးဆွေးနွေးခဲ့ကာ၊ မုန့်မျိုးစုံအရောင်းဆိုင်(၃)ဆိုင်အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးအထောက်အကူပြု Thursday Talk (၆/၂၀၂၃) ဟောပြောဆွေးနွေးခြင်း

  မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးအထောက်အကူပြု Thursday Talk(၆/၂၀၂၃)အား (၈-၆-၂၀၂၃)ရက်နေ့၊ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် ပခုက္ကူခရိုင်ဦးစီးမှူးရုံး၏ (CICC) ခန်းမ၌ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်ချက်အရ ပခုက္ကူခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုဖြင့် (၂)ပိုင်းခွဲ၍ ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ပြုလုပ်ဆောင်ရွက်ခြင်းသည် ဝန်ထမ်းများအား စွမ်းဆောင်ရည်မြှင့်မားပြီး လုပ်ငန်းဆောင်ရွက်ချက်များကို အောင်မြင်စွာလုပ်ကိုင်ဆောင်ရွက်တတ်စေရန်ရည်ရွယ်၍ ပြုလုပ်ဆောင်ရွက်ခြင်းဖြစ်ပြီး ဒုတိယပိုင်းအနေဖြင့် ဒု-ဦးစီးမှူး ဒေါ်နွယ်နွယ်အေးနှင့် အငယ်တန်းစာရေး ဒေါ်ခိုင်ဇင်ကျော်တို့က ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

  ဒု-ဦးစီးမှူး ဒေါ်နွယ်နွယ်အေးက  စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း(၂၃)၊ တားမြစ်ချက်များနှင့် အခန်း(၂၄)၊ ပြစ်မှုနှင့်ပြစ်ဒဏ်များကို ဟောပြောဆွေးနွေးရာတွင် စီးပွားရေးလုပ်ငန်းရှင်များသည် ကုန်စည်နှင့်ဝန်ဆောင်မှုနှင့်ပတ်သက်သည့် ကြော်ငြာခြင်း၊ အရောင်းမြှင့်တင်ခြင်းများပြုလုပ်ရာတွင် ဥပဒေပါတားမြစ်ချက်များ၊ ကုန်စည်များဝယ်ယူရာတွင် ထင်ယောင်ထင်မှားဖြစ်စေခြင်း၊ လိမ်လည်လှည့်ဖြားခြင်းများမပြုလုပ်ရန်၊  ဥပဒေပါ လိုက်နာရမည့် တားမြစ်ချက်များနှင့် ပြစ်မှုပြစ်ဒဏ်များကို အလွယ်တကူမှတ်သားနိုင်ရန် ကျယ်ကျယ်ပြန့်ပြန့်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

  ဆက်လက်၍ အငယ်တန်းစာရေး ဒေါ်ခိုင်ဇင်ကျော်က စားသုံးသူကာကွယ်ရေးနည်းဥပဒေ အခန်း(၁)မှ အခန်း(၄)ထိ ဟောပြောဆွေးနွေးရာ စားသုံးသူကာကွယ်ရေးနည်းဥပဒေ၏ အဓိပ္ပါယ်ဖော်ပြချက်များ၊ စားသုံးသူကာကွယ်ရေးလုပ်ငန်နှင့်စပ်လျဉ်း၍ သုတေသနပြုခြင်း၊ ကော်မရှင်ဖွဲ့စည်းခြင်းတွင် ပါဝင်သည့်ဌာနဆိုင်ရာများနှင့် လုပ်ငန်းကော်မတီဖွဲ့စည်းခြင်းတွင် ပါဝင်သည့်အဖွဲ့အစည်းများ စသည်တို့ကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

DOCA(မကွေး)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ