Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဒိန်းမတ်နိုင်ငံမှ လှူဒါန်းသော Mask များကို အခမဲ့ ဖြန့်ဝေပေး

၂၀၂၀ ပြည့်နှစ် ဩဂုတ်လ ၃၁ ရက်နေ့တွင် မွန်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာနမှ  တာဝန်ရှိသူများ၊ မွန်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (MONCCI) တို့  ပူးပေါင်း၍ ဒိန်းမတ်နိုင်ငံမှ လှူဒါန်းသော Covid-19 ကာကွယ်ရေးပစ္စည်းဖြစ်သည့် Mask များကို မော်လမြိုင်မြို့ရှိ အမှတ်(၁) ဈေးကြီး၊ ဈေးသစ်ဈေး(ရေပေါ်ဈေး)နှင့်အပေါ်ဈေးရှိ ကုန်စိမ်းဈေးများအတွင်း ဈေးရောင်း၊ ဈေးဝယ်သူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရပါသည်။    အဆိုပါ ဖြန့်ဝေပေးမှုတွင် မွန်ပြည်နယ် ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း (MONCCI) မှ အလုပ်အမှုဆောင်များဖြစ်ကြသည့် ဦးဝင်းထိန်၊ ဦးအောင်မျိုးဉီး၊ ဒေါက်တာ ခင်မောင်ဝင်း၊ ဦးတင်ထွန်း နှင့် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ အရာထမ်းနှင့်ဝန်ထမ်း များ၊ ဈေးတာဝန်ခံများနှင့် စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများက Mask အခုရေ (၂၂၀၀) ခု အား ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။  

မွန်ပြည်နယ်

စားသုံးသူရေးရာဦးစီးဌာန

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၌ တရားမဝင်တင်သွင်းလာသော အေးခဲအသား (ကြက်သား၊ ကြက်ကလီစာ) များ သိမ်းဆည်းဖျက်ဆီး

မော်လမြိုင်မြို့နယ် တရားမဝင် တိရိစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်းများ တရားမဝင် တင်သွင်း/ တင်ပို့ခြင်း တားဆီးကာကွယ်ရေးလုပ်ငန်းကော်မတီမှ ကော်မတီဝင်များဖြစ်သည့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ စည်ပင်သာယာ်ရေးအဖွဲ့တို့မှ ခရိုင်/မြို့နယ်အဆင့် တာဝန်ရှိသူများ၊ မွန်ပြည်နယ်မွေးမြူရေးလုပ်ငန်းအဖွဲ့မှ အတွင်းရေးမှူးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ၁-၉-၂၀၂၀ ရက်နေ့တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ရတနာထွန်းငါးဈေးရုံ၌ ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ရာ တရားမဝင် တင်သွင်းရောင်းချလျက်ရှိသော တန်ဖိုးကျပ် (၂၇) သိန်း ဝန်းကျင်ခန့်ရှိသည့် အေးခဲအသား (ကြက်သား၊ ကြက်ကလီစာ) များကို ဖမ်းဆီးသိမ်းဆည်းခဲ့ပါသည်။ ဆက်လက်၍ ပူးပေါင်းအဖွဲ့သည် ဖမ်းဆီးရမိသော တရားမဝင် အေးခဲအသား (ကြက်သား၊ ကြက်ကလီစာ) များအား မော်လမြိုင်မြို့၊ မုရောင်းရပ်ရှိ စည်ပင်သာယာအမှိုက်စွန့်ပစ်ရာနေရာ၌ မြေမြှုပ်မီးရှို့ဖျက်ဆီးခဲ့ပြီး တရားမဝင်အေးခဲအသား (ကြက်သား၊ ကြက်ကလီစာ) များ တင်သွင်းရောင်းချသူများအား သက်ဆိုင်ရာဥပဒေများနှင့် အရေးယူသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

မွန်ပြည်နယ်

စားသုံးသူရေးရာဦးစီးဌာန

မန္တလေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံး (၅၀၊×၃၅၊×၂၄၊) RC (၂)ထပ် (အတွင်း ရေ၊မီး၊မိလ္လာ)ဆောက်လုပ်ခြင်းလုပ်ငန်း

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ ငွေလုံးငွေရင်း (မူလ)ခွင့်ပြုရန်ပုံငွေဖြင့် မန္တလေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံး (၅၀×၃၅×၂၄) RC (၂)ထပ် (အတွင်း ရေ၊မီး၊မိလ္လာ)(Apron & Drain အပါ) အဆောက်အဦဆောက်လုပ်ခြင်းလုပ်ငန်းအား လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ခဲ့ရာ   ၃၁.၈.၂၀၂၀ ရက်နေ့တွင် အဆိုပါဆောက်လုပ်ခြင်းလုပ်ငန်းမှာ ၁၀၀% ပြီးစီးပြီးဖြစ်ကြောင်းသတင်းရရှိပါသည်။

မန္တလေးတိုင်းဒေသကြီး

စားသုံးသူရေးရာဦးစီးဌာန

သနပ်ခါးအမည်ခံ အလှကုန်ပစ္စည်းများအား စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားများ ကိုက်ညီမှုရှိ/မရှိ စောင့်ကြည့်စစ်ဆေးခြင်း

၂၅.၈.၂၀၂၀ ရက်နေ့မှ ၂၈.၈.၂၀၂၀ ရက်နေ့ထိ ကချင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည် မိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ မိုးညှင်းမြို့နှင့် ဗန်းမော်မြို့ပေါ်ရှိ စတိုးဆိုင်များနှင့် လက်လီ/လက်ကားဆိုင်များတွင် သနပ်ခါးအမည်ခံအလှကုန်ပစ္စည်းများအား စားသုံးသူကာကွယ်ရေးဉပဒေအရ ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ် (၂၅/၂၀၁၉)တွင် ဖော်ပြထားသည့် ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့် အချက်များနှင့် ကိုက်ညီမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ကချင်ပြည်နယ်

 

စားသုံးသူပြည်သူများသို့ အစီရင်ခံ တင်ပြချက်

          စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူပြည်သူများ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူအသုံးပြုရာတွင် စားသုံးသူအခွင့်အရေးများ နစ်နာဆုံးရှုံးမှုများနှင့်ပတ်သက်၍ တိုင်ကြားမှုများကို လက်ခံဆောင်ရွက် ဖြေရှင်းပေးလျှက် ရှိပါသည်။စားသုံးသူရေးရာဦးစီးဌာန အနေဖြင့် ၂၀၁၉ ခုနှစ်  အောက်တိုဘာ  လ မှ ၂၀၂၀ ခုနှစ်  ဇူလိုင် လ ထိ ငွေကြေးဝန်ဆောင်မှုများနှင့်ပါတ်သက်သည့် နစ်နာဆုံးရှုံးမှုများအပေါ် တိုင်ကြားမှု ( ၁၀၀ ) မှုကို လက်ခံဖြေရှင်း ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။

        ထို့ပြင် နစ်နာဆုံးရှုံးမှုဖြစ်ပွားရသည့် အကြောင်းအရင်းများကို စုစည်းသုံးသပ်၍ ငွေကြေး ဝန်ဆောင်မှုဆိုင်ရာ နစ်နာဆုံးရှုံးမှုများ မဖြစ်ပွားစေရေး ငွေကြေးဝန်ဆောင်မှုများ ဆောင် ရွက်လျှက်ရှိသည့် လုပ်ငန်းများအပေါ် စစ်ဆေးကြီးကြပ်နိုင်ရေး သက်ဆိုင်ရာဌာန အဖွဲ့ အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်လျှက် ရှိပါသည်။

ထိုသို့ ညှိနှိုင်းဆောင်ရွက်မှုအရ Digital Online စနစ်ဖြင့် ငွေကြေးဝန်ဆောင်မှု ဆောင်ရွက်နေသည့် လုပ်ငန်းများအား အောက်ပါအတိုင်း လိုက်နာ ဆောင်ရွက်သွားရန် နှင့် အဆိုပါ လုပ်ငန်းစဉ်များကို လိုက်နာဆောင်ရွက်မှု မရှိကြောင်း တွေ့ရှိပါက စားသုံးသူ ပြည်သူများအနေဖြင့် စားသုံးသူရေးရာ ဦးစီးဌာနသို့ သတင်းပေး တိုင်ကြားမှု များ ဆောင်ရွက်နိုင်ပါကြောင်း သိရှိနိုင်ပါရန် လေးစားစွာ အစီရင်ခံ တင်ပြအပ်ပါသည်-

(က)   မှတ်ပုံတင်ထားသည့် ဖုန်း Sim Card ဖြင့်သာ Digital Online Pay Account ဖွင့်လှစ် ခွင့်ပြုရန်၊

(ခ)     Account ဖွင့်ရာတွင် နိုင်ငံသားစိစစ်ရေးကတ် သို့မဟုတ် အခြားသက်သေခံ အ ထောက်အထားများအား မဖြစ်မနေ တောင်းခံရန်နှင့် လိုင်စင်ဓါတ်ပုံ တောင်းခံရန်၊

(ဂ)    နိုင်ငံသားစိစစ်ရေးကတ်ပါ အမည်ရင်းဖြင့်သာ Account ဖွင့်လှစ်ခွင့်ပြုရန်၊

(ဃ)   ငွေလွှဲသူနှင့် ငွေလွှဲလက်ခံမည့်သူတို့ထံမှ မှတ်ပုံတင်ရယူ၍ အချက်အလက်များ တိုက်ဆိုင်စစ်ဆေးရန်နှင့် ငွေလက်ခံရရှိမည့်သူသည် ငွေထုတ်ပေးမည့် Agent ထံ နိုင်ငံသားစိစစ်ရေးကတ် မူရင်း၊ လျှို့ဝှက်ကုဒ်နံပါတ်နှင့် Transaction ID နံပါတ် တို့ကို ပြသစေရန်၊

(င)     ငွေလွှဲသူကိုယ်တိုင် လျှို့ဝှက်ဂဏန်း (၆) လုံး (Password 6 digits) အား ရိုက်နှိပ်စေရန်၊

(စ)    လိုက်နာရမည့်စည်းကမ်းသတ်မှတ်ချက်များ၊ အသုံးပြုရမည့်နည်းလမ်းများအား Facebook Page တွင်သာမက အများပြည်သူ အလွယ်တကူ သိရှိနိုင်မည့် Channel များဖြစ်သည့် ရေဒီယို၊ ရုပ်မြင်သံကြားများတွင် ထည့်သွင်းကြော်ငြာ ခြင်း၊ Agent ဆိုင်များတွင် ဗီနိုင်းများ ချိတ်ဆွဲခြင်းနှင့် Agent ကိုယ်တိုင်မှ အများ ပြည်သူသို့ မကြာခဏ အသိပေးခြင်းများ ဆောင်ရွက်ရန်၊

(ဆ)   ကိုယ်စားလှယ်များ၏ အားနည်းချို့ယွင်းမှုကြောင့် ဖြစ်ပေါ်လာသည့်  ကိစ္စရပ်များ နှင့်ပတ်သက်၍ အရေးယူဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ငွေလွှဲခြင်း၊ လက်ခံခြင်း နှင့် ထုတ်ပေးခြင်း လုပ်ငန်းများ ဆောင်ရွက်နေသည့် လုပ်ငန်းရှင် ကိုယ်စားလှယ် အားလုံး တရားဝင် သိရှိရေး ဆောင်ရွက်ရန် နှင့် လိုက်နာ ဆောင်ရွက်ခြင်းမရှိသည့် ကိုယ်စားလှယ် လုပ်ငန်းရှင်များကိုလည်း အမှန်တကယ် အရေးယူဆောင်ရွက်ရန်။

(ဇ)    စားသုံးသူတိုင်ကြားမှုများအား ထိရောက်စွာ ဖြေရှင်းဆောင်ရွက်ပေးနိုင်ရေး လုံလောက်သော ဝန်ထမ်းများ ခန့်ထားရန် နှင့် သင့်လျော်သည့် သင်တန်းများ ပေးရန်။

(ဈ)    System Auto Generated Password/ One Time Password (OTP) တစ်ခါသုံး လျှို့ဝှက်နံပါတ် စနစ် အသုံးပြုနိုင်ရေး ဆောင်ရွက်ရန်၊

(ည)   စားသုံးသူ တိုင်ကြားမှု များကို အမြန်ဆုံး ဖြေရှင်းဆောင်ရွက်ပေးရန်။

ConsumerAffairs

စားသုံးသူတိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစနစ်(consumer complaint system)အသစ်နှင့်ပတ်သက်၍ ပြည်သူများသို့ အသိပေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၏ www.doca.gov.mm Wesite တွင်ပါဝင်သော စားသုံးသူတိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစနစ် (consumer complaint system) အသစ်အား ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၁ရက်နေ့ မှစတင်၍ အသုံးပြုလျှက် ရှိပါသည်။ အဆိုပါစနစ်တွင် တိုင်ကြားသူများအနေဖြင့် မိမိတို့၏တိုင်ကြားမှုအပေါ် အရေးယူဆောင်ရွက်နေမှုအခြေအနေများအား အွန်လိုင်းအသုံးပြု၍ website မှတဆင့် စောင့်ကြည့်နိုင်မည်ဖြစ်ပါသည်။

ပြည်သူများအနေဖြင့် အဆိုပါစနစ်အသုံးပြုခြင်းနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက အောက်ဖော်ပြပါ pdf ဖိုင်တွင် လေ့လာနိုင်ပါကြောင်း လေးစားစွာ အသိပေးအပ်ပါသည်-

ITQM

ပြည်နယ် စားသုံးသူရေးရာကော်မတီ( ၅/၂၀၂၀ )လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

       ၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ( ၂၈ ) ရက်နေ့တွင် ကယားပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန ပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ပြည်နယ်စားသုံးသူရေးရာကော်မတီ ( ၅/၂၀၂၀ ) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ရာ ပြည်နယ်စားသုံးသူရေးရာ ကော်မတီ ဒု-ဥက္ကဌ ဦးခင်မောင်မြင့်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး စားသုံးသူရေးရာကော်မတီအတွင်းရေးမှူး စားသုံးသူရေးရာဦစီးဌာန ပြည်နယ်ဦးစီးမှူး ဦးကျော်ဝင်းက အစည်းအဝေးတွင် သနပ်ခါးအမည်ခံအလှကုန် ပစ္စည်းများအား ဈေးကွက်စောင့်ကြည့် စစ်ဆေးတွေ့ရှိချက်များကို အမှာစာဖြင့် အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် တက်ရောက်လာသော အဖွဲ့ဝင်များက အသီးသီး ဆွေးနွေးခဲ့ကြကြောင်း သတင်း ရရှိပါသည်။

ကယားပြည်နယ်

စားသုံးသူရေးရာဦးစီးဌာန

စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

         ၂၀၂၀ခုနှစ်၊ သြဂုတ်လ (၂၅)ရက်နေ့တွင် ကယားပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည် လွိုင်ကော်မြို့ပေါ်ရှိ ဆေးဆိုင်များတွင် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ၊ ဆေးဝါးများအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်း ရှိ/မရှိကို မြို့နယ် ကုန်ဈေးနှုန်းထိန်းချုပ်ရေးလုပ်ငန်းကော်မတီနှင့်ပူးပေါင်း၍ ဈေးကွက်ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပါသည်။

         ကွင်းဆင်းစစ်ဆေးရာတွင် Covid ကာလအတွင်း အဖျားပျောက်ဆေး၊ အကိုက်အခဲပျောက်ဆေး၊ အားဆေးများ၊ Covid-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများဖြစ်သည့် Mask ၊ Hand Gel အမျိုးမျိုးကို ဝယ်လိုအား များပြားမှုမရှိသေးသဖြင့် ပုံမှန်သာရောင်းချနေရပြီး ပစ္စည်းပြတ်လပ်မှု အခြေအနေများမရှိသေးကြောင်း၊ Mask နှင့် Hand Gel များမှာ အမျိုးအစားအလိုက် ဈေးနှုန်းအနည်း ငယ်သာကွာဟမှုရှိ၍ ဝယ်ရင်းဈေးနှင့်အနည်းငယ်ကွာ ပြီးရောင်းချလျက်ရှိကြောင်း၊ ဆေးဝါးများကိုလည်း လက်ရှိကာလပုံမှန်ဈေးနှုန်းများဖြင့်သာ ရောင်းချနေကြောင်း၊ ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်း မရှိကြောင်း တွေ့ရှိခဲ့ရပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ  ထုတ်ပြန်ထားသော  ကုန်စည်များအပေါ် တားမြစ်မိန့်ထုတ်ပြန်ခြင်း  အမိန့်ကြော်ငြာ စာအမှတ်( ၂၁/၂၀၂၀ )အား လုပ်ငန်းရှင်များ သိရှိလိုက်နာဆောင်ရွက်ကြရန် အသိပေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ကယားပြည်နယ်

စားသုံးသူရေးရာဦးစီးဌာန

မအူပင်မြို့ပေါ်ရှိဈေးဆိုင်များတွင် ကုန်အညွှန်းအမှတ်အသားများ ကိုက်ညီမှု ရှိ/မရှိ ကွင်းဆင်းစိစစ်ခြင်း

        ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် ၊ စားသုံးသူရေးရာဦးစီးဌာန မှ စစ်ဆေးရေး အရာရှိနှင့် ဝန်ထမ်းများသည် မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ၂၇.၈.၂၀၂၀ ရက်နေ့တွင် မအူပင်မြို့ပေါ်ရှိ ဈေးဆိုင်များတွင် ရောင်းချလျှက်ရှိသော သနပ်ခါးအမည်ခံ အလှကုန်များတွင် စာသုံးသူကာ ကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား နှင့် ပတ်သက်၍ ပြည့်စုံကိုက်ညီမှု ရှိ/မရှိ ကွင်း ဆင်းစိစစ်ဆောင်ရွက် ခဲ့ပါသည်။

         ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသော (၂/၂၀၁၉) ညွှန်ကြားချက်နှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အရေးကြီးကုန်စည်နှင့်ပတ်သက်၍ ထုတ်ပြန်ထားသော အမိန့်ကြော်ငြာစာအမှတ် ၂၁/၂၀၂၀ အား လိုက်နာမှု ရှိ/မရှိ ကို စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

ဧရာဝတီတိုင်းဒေသကြီး

စားသုံးသူရေးရာဦးစီးဌာန

COVID-19 ရောဂါကာကွယ်ရေးအထောက်အကူပြုပစ္စည်းနှင့် ဆေးဝါးများ ဈေးနှုန်း မြှင့်တင်ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

           ၂၃.၈.၂၀၂၀ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများ သည် မော်လမြိုင်မြို့ရှိ ဆေးဝါးလက်လီလက်ကားအရောင်းဆိုင်များ၌ လည်းကောင်း၊ ၂၄.၈.၂၀၂၀ ရက်နေ့တွင် သထုံခရိုင်မှ တာဝန်ရှိသူများသည် သထုံမြို့ရှိ ဆေးပစ္စည်း အရောင်းဆိုင်များ၌ လည်းကောင်း၊ ၂၆.၈.၂၀၂၀ ရက်နေ့တွင် ကျိုက်မရောမြို့နယ်ရှိ ဆေးပစ္စည်းအရောင်းဆိုင် များ၌လည်းကောင်း COVID-19 ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းနှင့်ဆေးဝါးများအား ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ၃၀.၃.၂၀၂၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော အမိန့်ကြော်ငြာစာအမှတ် ၂၁/၂၀၂၀ ဖြင့် COVID-19 ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများ၊ ဆေးဝါးများနှင့် စားသုံးကုန်ပစ္စည်းများကို အရေးကြီးကုန်စည်များအဖြစ် ကြေငြာထားပြီးဖြစ်ရာ အဆိုပါကုန်ပစ္စည်းများအား ဈေးနှုန်းမြှင့်တင်ရောင်းချဖြန့်ဖြူးခြင်း၊ ဈေးကစားရန် ရည်ရွယ်၍ သိုလှောင်ထားရှိခြင်းများ ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ ဖော်ထုတ် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း လုပ်ငန်းရှင်များက သိရှိလိုက်နာကြစေရေး အသိပညာပေးမှုများဆောင်ရွက်လျက်ရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန

မွန်ပြည်နယ်

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ