Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနတွင် စစ်ဆေးရေးအရာရှိများ၏ လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ သင်တန်းဖွင့်လှစ်ပို့ချ

မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးတွင် စစ်ဆေးရေးအရာရှိ များ၏ လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာသင်တန်းကို ၁၂.၈.၂၀၂၀ ရက်နေ့နှင့် ၁၃.၈.၂၀၂၀ ရက်နေ့ တို့တွင် ဖွင့်လှစ်ပို့ချခဲ့ရာ ပြည်နယ်ဦးစီးမှူးရုံး၊ မော်လမြိုင်ခရိုင်၊ သထုံခရိုင်တို့မှ စစ်ဆေးရေး အရာရှိတာဝန်ပေးအပ်ထားသော အရာထမ်း၊ အမှုထမ်းများနှင့် ဌာနခွဲတာဝန်ခံများ၊ စုစုပေါင်း သင်တန်းသား/သင်တန်းသူ (၂၁) ဦး တက်ရောက်ခဲ့ကြသည်။

အဆိုပါသင်တန်းတွင်မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ပြည်နယ်ဦးစီးမှူးကသင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ပြည်နယ်စားသုံးသူရေးရာကော်မတီဖြင့် ဆောင်ရွက်မည့် အစီအစဉ်များအား ဦးဆောင်ဆွေးနွေးပြီး မိတ်ဖက်ဌာနများဖြစ်သော မွန်ပြည်နယ် အစား အသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါက်တာစိုးနိုင်က ၎င်းတို့၏ လုပ်ထုံးလုပ်နည်းများနှင့် လုပ်ငန်းဆောင်ရွက်ချက်များအားလည်းကောင်း၊ မွန်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြမော် က ဓါတ်မြေဩဇာနှင့် ပတ်သက်၍လည်းကောင်း၊ မွန်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သန်းသန်းလွင် က ပိုးသတ်ဆေးနှင့်ပတ်သက်၍ လည်းကောင်း၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ကျော်ဇင် က အိမ်သုံးလျှပ်စစ်ပစ္စည်း များနှင့်ပတ်သက်၍ လုပ်ထုံးလုပ်နည်းနှင့် အမိန့်ညွှန်ကြားချက်များနှင့် ပတ်သက်၍ လည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

ထို့ပြင်မွန်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများက စားသုံးသူကာကွယ် ရေးဥပဒေနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးကိစ္စရပ်များ၊ စစ်ဆေးရေးအရာရှိ၏ လုပ်ငန်း တာဝန်များ၊ Market Serveillance (Recall and Ban) ဆိုင်ရာဆောင်ရွက်မှုများတို့ကို ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

မွန်ပြည်နယ်

စားသုံးသူရေးရာဦးစီးဌာန

ASEAN Regional Integration Support-Myanmar Trade Related Technical Assistance (ARISE Plus Myanmar) စီမံကိန်းအရ အစားအစာ ထုတ်လုပ်သည့်ကဏ္ဍတွင် Covid-19 ရောဂါကာကွယ်တားဆီးနိုင်ရန် Covid-19 ကာလအတွင်း အစားအစာ ထုတ်လုပ် သည့်လုပ်ငန်းများ ဆောင်ရန်/ရှောင်ရန်များ

စားသုံးသူအခွင့်အရေးနှင့်လုံခြုံစိတ်ချရသော အစားအသောက်များရရှိစေရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများခေါင်းစဉ်ဖြင့်အသိပညာဆွေးနွေးခြင်း

ရခိုင်ပြည်နယ် စားသုံးသူရေးရာ ဦးစီးဌာန ပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ (၁၄-၈-၂၀၂၀)နေ့ နေ့လည်(၁၃:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန စစ်တွေခရိုင် ဦးစီးမှူး၊ CICC တာဝန်ခံ၊ ပြည်နယ်ဦးစီးမှူးရုံးမှ စားသုံးသူရေးရာဌာခွဲတာဝန်ခံ၊ ထုတ်ကုန် လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံတို့မှ “စားသုံးသူများမိမိတို့ရရှိနိုင်သည့်အခွင့်အရေးများကို သိရှိပြီး တောင်းဆိုလာတတ်စေရန်နှင့် လုံခြုံစိတ်ချရသော အစားအသောက်များရရှိစေရေး၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းများကိုသိရှိပြီး မိမိတို့ ရပ်ကွက်၊ ကျေးရွာ၊ ပတ်ဝန်းကျင်တို့၌ အသိပညာများ တဆင့်ပြန်လည်ဖြန့်ဝေပေးနိုင်ရန်” ရည်ရွယ်ချက်ဖြင့် စစ်တွေအခြေစိုက် Scholar Institute မှ စီမံကိန်းအရာရှိဦးဆောင်သောအဖွဲ့နှင့် အသိပညာပေးဆွေးနွေးပွဲ ကျင်းပခဲ့ပါသည်။

၎င်းဆွေးနွေးပွဲတွင် စစ်တွေခရိုင်ဦးစီးမှူးမှ စားသုံးသူရေးရာဦးစီးဌာန၏ ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်နေမှုများ နှင့် ကုန်စည်နှင့်ဝန်ဆောင်မှုဝယ်ယူသုံးစွဲရာတွင်  ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာ ဖော်ပြထားသော ကုန်ပစ္စည်းကိုများကိုသာ ဝယ်ယူသုံးစွဲကြရန် အသိပညာပေး ဆွေးနွေးခြင်း၊ CICC တာဝန်ခံမှ ကုန်စည်နှင့်ဝန်ဆောင်မှုဝယ်ယူသုံးစွဲခြင်းကြောင့် စားသုံးသူ နစ်နာဆုံးရှုံးမှု များရှိပါက တိုင်ကြားနိုင်သည့် “စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင် ရွက်ရေးစင်တာ” (CICC)ဖွင့်လှစ်ထားရှိမှုနှင့် ရခိုင်ပြည်နယ် CICC အနေဖြင့် တိုင်ကြားမှု များအား ဖြေရှင်းဆောင်ရွက်ပေးမှုများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း၊ ပြည်နယ် ဦးစီးမှူးရုံး စားသုံးသူရေးရာဌာနခွဲတာဝန်ခံမှ ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေ အရ ခန့်အပ်ထားသော စစ်ဆေးရေးအရာရှိများ၏လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ၊ ထုတ်ကုန် လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံမှ အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ ကမ္ဘာ့ကပ် ရောဂါ Covid 19 ကာလအတွင်း အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုများအား ဈေးနှုန်း မြှင့်တင်ရောင်းချမှုများရှိပါက ဥပဒေအရအရေးယူဆောင်ရွက်နိုင်ကြောင်း သိရှိစေရန် ပြောကြားခြင်း၊ Scholar Institute အဖွဲ့မှ တက်ရောက်လာသူများမှ သိရှိလိုသည်များကို မေးမြန်းခြင်းများ အပေါ် သက်ဆိုင်ရာ တာဝန်ခံများမှ ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြပြီး အခမ်းအနားကို နေ့လည်(၁၅:၀၀) အချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

ရခိုင်ပြည်နယ်

စားသုံးသူရေးရာဦးစီးဌာန

စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

ကယားပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနက စားသုံးသူပြည်သူများကုန်စည်များသုံး စွဲရာတွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် လုံခြုံစိတ်ချရမှုရရှိနိုင်ရေးအတွက်( ၁၃-၈-၂၀၂၀ )ရက်နေ့၊ နံနက်(၀၈၀၀) နာရီအချိန်တွင် လွိုင်ကော်မြို့ သီရိမင်္ဂလာစေျး၌ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနဦး ဆောင်သောကော်မတီအဖွဲ့ဖြင့်ပူးပေါင်း၍ သီရိမင်္ဂလာစျေးအတွင်း၌ ရောင်းချနေသောဆိုင်များမှ မုန့်လက် ဆောင်းဖက်၊ မုန့်ညှင်းချဉ်၊ တို့ဖူး၊ မုန့်ဖက်၊ ပဲတီချဉ်၊ ပုဇွန်ချဉ်၊ ငါးချဉ်၊ ဝက်အူချောင်း၊ မျှစ်၊ လဖက်၊ ငပိထောင်း၊ ဇီးထန်းလျက်၊ ငပိ၊ ကြက်အူချောင်း၊ နှမ်းဖက်ချဉ်များတွင် တာရှည်ခံဆေးနှင့် ခွင့်မပြုဆိုးဆေး များ သုံးစွဲထားခြင်းရှိ/မရှိ နမူနာကောက်ယူ၍ Mobile Lab Vanဖြင့် စစ်ဆေးခဲ့ရာ ၎င်းစားသောက်ကုန် ပစ္စည်းများ၌တာရှည်ခံဆေးနှင့် ခွင့်မပြုဆိုးဆေးများ သုံးစွဲထားခြင်း မရှိကြောင်းတွေ့ရှိရပြီး ရောင်းချ သော ကုန်စည်များအား စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား သတ်မှတ်ချက်များ နှင့်အညီ ထုတ်လုပ်ထားသောကုန်စည်များသာရောင်းချကြရန် အသိပေးရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

ကယားပြည်နယ်

စားသုံးသူရေးရာဦးစီးဌာန

စျေးကွက်စောင့်ကြည့်စစ်ဆေးရေးဆင့်ပွားသင်တန်းဆောင်ရွက်

ကယားပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာမှ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ(၁၀) ရက်နေ့၊ နံနက် (၀၉၃၀)နာရီအချိန်တွင် ပြည်နယ်ဦးစီးမှူးရုံးအစည်းအဝေးခန်းမ၌ စေျးကွက်စောင့်ကြည့်စစ်ဆေးရေး ဆင့်ပွားသင်တန်းကို ပြုလုပ်ဆောင်ရွက်ခဲ့ကြပြီး အဆိုပါသင်တန်းတွင် ပြည်နယ်ဦးစီးမှူး ဦးကျော်ဝင်း ကအဖွင့် အမှာစကားပြောကြားခဲ့ပြီးနောက် ဦးစီးအရာရှိ ဒေါ်ချိုယုလွင်မှ (၂-၉-၂၀၁၉) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော စစ်ဆေးရေးအရာရှိများ လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲမှ ပို့ချခဲ့ သည့် စားသုံးသူကာကွယ်ရေးဥပဒေ၊ အဂတိလိုက်စားတားဆီးကာကွယ်ရေးနှင့်စပ်လျဉ်း၍ ရှင်းလင်း ပို့ချခဲ့ပြီး ဦးစီးအရာရှိ ဒေါ်မြို့ရီက စားသုံးသူကာကွယ်ရေးဥပဒေပါ စစ်ဆေးရေးအရာရှိ၏ လုပ်ငန်း တာဝန်များ၊ စေျးကွက်စောင့်ကြည့်စစ်ဆေးခြင်း လက်တွေ့ဆောင်ရွက်နေမှုများနှင့် စေျးကွက်စောင့် ကြည့်စစ်ဆေး ရေးနှင့်ပတ်သက်သော စားသုံးသူရေးရာဦးစီးဌာန(ရုံးချုပ်)၏ ညွှန်ကြားချက်များကို ရှင်းလင်းပို့ချခဲ့ ကြောင်းသိရှိရပါသည်။

ကယားပြည်နယ်

စားသုံးသူရေးရာဦးစီးဌာန

ဗန်းမော်ခရိုင်သောက်ရေသန့်လုပ်ငန်းရှင်များအား ကုန်ညွှန်းအမှတ်အသားဖော်ပြရေးနှင့် သက်ဆိုင်သည်များရှင်းလင်းဆွေးနွေး

၆.၈.၂၀၂၀ရက်နေ့ နေ့လည်(၃:၀၀)နာရီတွင် ဗန်းမော်ခရိုင်စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီး မှူး ဦးအောင်ကျော်ဦးသည် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးဟောပြောခန်းမတွင် ဗန်းမော်၊မံစီ၊မိုးမောက်မြို့နယ်များရှိ သောက်ရေသန့်ထုတ်လုပ်ရောင်းချသည့်လုပ်ငန်း(၁၂)ခုမှ လုပ်ငန်း ရှင်များနှင့်တက်ရောက်သူ ဌာနဆိုင်ရာ/လေ့လာသူများ စုစုပေါင်း(၃၀)ဦးအား စားသုံးသူကာကွယ်ပေး ရေး ၂၀၁၉ ဥပဒေ၊ အခန်း(၁၈)ပါ ကုန်ညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သည့် ပုဒ်မ(၄၂)အား အဓိက ထားရှင်းလင်းခဲ့ပြီး အခန်း(၂၀) ပုဒ်မ(၅၂)စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်းအထိ ပရိုဂျက်တာ ပါဝါပွိုင့်ဖြင့်ရှင်းလင်းဆွေးနွေးခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာဆောင်ရွက်ရန်ကောက်နုတ်ချက် များ၊ ကုန်ညွှန်းအမှတ်အသားဆိုင်ရာအသိပညာပေးလက်ကမ်းစာစောင်များဝေငှခြင်းတို့အား Covid-19 နှင့်ပတ်သက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတို့မှ ထုတ်ပြန်ထားသောစည်းကမ်းချက်များနှင့် အညီဒုတိယအကြိမ်ဆောင်ရွက်ခဲ့ခြင်း၊ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှဒေါက်တာ အောက်မော်ခန့်မှလည်း ကောင်းမွန်သောထုတ်လုပ်မှုကျင့်စဉ်နှင့်အညီသောက်ရေသန့်များ ထုတ်လုပ် နိုင်ရန် ရေသန့်စက်ရုံ၏ အနည်းဆုံးလိုအပ်ချက်များအား ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

ကချင်ပြည်နယ်

စားသုံးသူရေးရာဦးစီးဌာန

စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း

ကယားပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနက စားသုံးသူပြည်သူများ ကုန်စည်များ သုံးစွဲရာတွင် ဘေးအန္တရာယ်ကင်းရှင်းရေး နှင့် လုံခြုံစိတ်ချရမှုရရှိနိုင်ရေးအတွက် ( ၆- ၈-၂၀၂၀ ) ရက်နေ့ ညနေ ( ၁၅၀၀ ) နာရီအချိန်တွင် လွိုင်ကော်မြို့ ( ၂ ) ထပ်စေျး၌ အစားအသောက် နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနဦးဆောင်သော ကော်မတီအဖွဲ့ဖြင့် ပူးပေါင်း၍ လွိုင်ကော်မြို့ ( ၂ ) ထပ်စေျးအတွင်း၌ ရောင်းချနေသော ဆိုင်များမှ ယူရိုအမှတ်တံဆိပ် ဆန်ခေါက်ဆွဲ၊ တီလေးခေါက်ဆွဲ၊ AAA ဂျုံခေါက်ဆွဲ၊ မုန့်ညှင်းချဉ်၊ ပဲပြား၊ မျစ်ချဉ်၊  ရွှေတင်ဝက်အူချောင်း၊ အသားတုများတွင် တာရှည်ခံဆေးနှင့် ခွင့်မပြုဆိုးဆေးများ သုံးစွဲထားခြင်းရှိ/မရှိ နမူနာကောက်ယူ၍ Mobile Lab Vanဖြင့် စစ်ဆေးခဲ့ရာ ၎င်းစားသောက်ကုန်ပစ္စည်းများ၌ တာရှည်ခံဆေး နှင့် ခွင့်မပြုဆိုးဆေးများ သုံးစွဲထားခြင်းမရှိကြောင်းတွေ့ရှိရပြီး ရောင်းချသောကုန်စည်များအား စားသုံးသူကာကွယ်ရေး ဥပဒေပါ ကုန်အညွှန်းအမှတ်အသား သတ်မှတ်ချက်များနှင့်အညီ ထုတ်လုပ်ထားသော ကုန်စည်များသာ ရောင်းချကြရန် အသိပေးရှင်းလင်း ပြောကြားခဲ့ကြောင်း သတင်းရှိပါသည်။

ကယားပြည်နယ်

စားသုံးသူရေးရာဦးစီးဌာန

ဒိုက်ဦးမြို့နယ်အတွင်းရှိ သောက်ရေသန့်၊ အချိုရည်နှင့်ယိုမျိုးစုံအရောင်းဆိုင်များအား ကုန်အညွှန်းအမှတ်သားဖော်ပြထားမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေး

ဒိုက်ဦးမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံဦးမျိုးမြင့်နှင့်ဝန်ထမ်းများ ၊ မိတ်ဖက်ဌာနဆိုင်ရာများနှင့်အတူ သြဂုတ်လ(၅)ရက်နေ့ ၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဒိုက်ဦး မြို့မဈေးရှိ သောက်ရေသန့်၊ အချိုရည်နှင့်ယိုမျိုးစုံ အရောင်းဆိုင်များအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။ ထိုသို့ စောင့်ကြည့်စစ်ဆေး ရာတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းမရှိသော ကုန်စည်အချို့အား စစ်ဆေး တွေ့ရှိရ၍ ပြည့်စုံမှန်ကန်မှုရှိသော ကုန်စည်များ ဝယ်ယူရောင်းချရန်နှင့် အရောင်းဆိုင်များသို့ ပို့ဆောင်ပေးသော လုပ်ငန်းရှင်များကိုလည်း ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြပေးရန်နှင့် ကုန်အညွှန်းအမှတ်အသားမရှိသော ကုန်စည်များအား ရောင်းချခြင်းမပြုရန် လက်မှတ်ရေးထိုး စေခဲ့ပြီး အသိပေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ပဲခူးတိုင်း

စားသုံးသူရေးရာဦးစီးဌာန

ကုန်စည်ပေါ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံရှင်းလင်း

စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ (၆.၈.၂၀၂၀) ရက်နေ့ ၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် တိုင်းဒေသကြီးအတွင်း ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေ သော သောက်ရေသန့်ထုတ်လုပ်သည့် လုပ်ငန်းရှင်များနှင့် ငါးဖယ်ချဉ်၊ ပုဇွန်ချဉ်များ ထုတ်လုပ်သည့် လုပ်ငန်းရှင်များအား ဖိတ်ကြား၍ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ၎င်းဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်း ဒေသကြီးဦးစီးမှူး ဦးကျော်စွာဝင်းမှ အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီးဦးစီးမှူးရုံးမှ စားသုံးသူရေးရာဌာနခွဲ တာဝနခံ ဦးအောင်သိုက်(လက်ထောက်ညွှန်ကြားရေးမှူး)မှ စားသုံးသူ ကာကွယ်ရေးဥပဒေ(၂၀၁၉)ပါ ပြဌာန်းချက်များအကြောင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေအရ ကုန်စည်များပေါ်တွင် ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ အကျယ်တဝင့် ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။ အဆိုပါရှင်းလင်းဆွေးနွေးပွဲသို့ တက်ရောက်လာသည့် လုပ်ငန်းရှင် များမှ ပြန်လည်မေးမြန်းမှုများကို တိုင်းဒေသကြီးဦးစီးမှူးမှ ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။

ပဲခူးတိုင်း

စားသုံးသူရေးရာဦးစီးဌာန

မွန်ပြည်နယ်ရှိ MSMEs လုပ်ငန်းများအတွက် COVID-19 ဒုတိယအသုတ် ချေးငွေကိစ္စနှင့် စပ်လျဉ်း၍ လုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေးပွဲကျင်းပ

မွန်ပြည်နယ်စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ National Enlightenment Institude (NEI) တို့ ပူးပေါင်းကျင်းပသည့် COVID-19 ကြောင့် ထိခိုက်ပျက်စီးမှုရှိသည့် စီးပွား ရေးလုပ်ငန်းများအား ဘဏ္ဍာရေးဆိုင်ရာ အကူအညီဆက်လက်ပေးအပ်နိုင်ရေးအတွက် ဒုတိယ အသုတ် ချေးငွေကိစ္စနှင့် စပ်လျဉ်း၍ လုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေးပွဲကို ဩဂုတ်လ ၁ ရက်နေ့နှင့် ၂ ရက်နေ့တို့တွင် မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ် ဦးစီးမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့ရာ MSMEs လုပ်ငန်းရှင် (၅၉) ဦးတက်ရောက်ခဲ့သည်။

အဆိုပါ ရှင်းလင်းဆွေးနွေးပွဲတွင် မွန်ပြည်နယ် MSMEs Angency အတွင်းရေးမှူး ဦးတင်ညိုက အဖွင့်အမှာစကားပြောကြားခဲ့ပြီး National Enlightenment Institude (NEI) အုပ်ချုပ်မှုဒါရိုက်တာ ဒေါ်ရည်မွန်ဆု က ချေးငွေလျှောက်ထားရာတွင် အကြံပေးဝန်ဆောင်မှု လုပ်ပေးရသည့် ရည်ရွယ်ချက်၊ လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ SME Finance သင်တန်းနည်းပြ၊ စာရင်းအင်းနှင့် ဘဏ္ဍာရေးဆိုင်ရာအကြံပေး ဒေါ်မေနွယ်မင်းညိုက ချေးငွေလျှောက်ထားရာတွင် သိရှိ လိုက်နာရမည့် Financial Statement များ၊ Loan Payment များအကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့သည်။

 COVID-19 ကြောင့် ထိခိုက်ပျက်စီးမှုရှိသည့် စီးပွားရေးလုပ်ငန်းများအား ဘဏ္ဍာရေးဆိုင်ရာ အကူအညီဆက်လက်ပေးအပ်နိုင်ရေးအတွက် ဒုတိယအကြိမ် COVID-19 Stimulus Package ချေးငွေထုတ်ချေးပေးနိုင်ရန်၊ ထုတ်ချေးပေးမည့် လုပ်ငန်းများအနက်မှ ဦးစားပေးအနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေထွက်ပစ္စည်းထုတ်လုပ်သည့် လုပ်ငန်း များကို ဦးစားပေးထုတ်ချေးပေးသွားမည်ဖြစ်ပြီး အဆိုပါ လုပ်ငန်းများသို့ အတိုးနှုန်း ၁ ရာခိုင်နှုန်း၊ ချေးငွေကာလ တစ်နှစ်သတ်မှတ်၍ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရှိရ ပါသည်။

မွန်ပြည်နယ်

စားသုံးသူရေးရာဦးစီးဌာန

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ