ပုံမှန်အရောင်းအဝယ်ဖြစ်နေသော ပြည်အာလူးနှင့် ဈေးလျော့အရောင်းအေးတဲ့ ကြက်သွန်ဖြူ
ပြည်ဈေးကွက်တွင် ရှမ်းအာလူး လက်ကား(ပွဲရုံဈေး) တစ်ပိဿာကို အာလူးအလုံးအကြီး အသေးပေါ်မူတည်၍ ၂၂၀၀-၂၄၀၀-၂၅၀၀-၂၆၀၀ ဈေးရှိပြီး လက်လီဈေးကျပ် ၂၆၀၀-၃၀၀၀ ဈေးရှိပါသည်။ အရောင်းအဝယ်အနေဖြင့် ဒေသတွင်း လက်လီဝယ်ယူသူများ၊ လုပ်ငန်းရှင်များနှင့် အခြားမြို့နယ်များမှ ဝယ်ယူသူများဖြင့် ပုံမှန်အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။ ပြည်ဈေးကွက်သို့ ရှမ်းပြည်နယ်တောင်ကြီးမှ ရှမ်းအာလူးများ နေ့စဉ်အိတ် ၁၅၀ မှ ၂၀၀အတွင်း အဝင်ရှိကြောင်း သိရပါသည်။
ပြည်ဈေးကွက်တွင် ကြက်သွန်ဖြူဈေးမှာ ယခင်တစ်ပတ်က ဈေးမြင့်တက်နေခဲ့ရာမှ ယခု တစ်ပတ်တွင် တစ်ပိဿာလျှင် အနည်းငယ်ဈေးလျော့လာသည်ကို တွေ့ရှိရပါသည်။ ယခုအပတ်တွင် ပုံမှန် အဝင်ရှိနေသည့်အတွက် ဈေးအနည်းငယ်လျော့နည်းခြင်းဖြစ်ကြောင်း သိရပါသည်။ ရှမ်းပြည်နယ် တောင်ကြီးမှ ကြက်သွန်ဖြူများနှင့် မန္တလေးမှတစ်ဆင့် တရုတ်ကြက်သွန်ဖြူများ နေ့စဉ် အိတ် ၅၀မှ ၁၀၀အတွင်း အဝင်ရှိနေသည့်အတွက် ပြည်ဈေးကွက်ရှိ ကြက်သွန်ဖြူ(ကြူကုတ်) လက်ကား (ပွဲရုံဈေး) တစ်ပိဿာလျှင် ၄၂၀၀-၄၅၀၀ကျပ်၊ လက်လီဈေး ကျပ် ၄၅၀၀-၄၈၀၀ဖြင့် လည်းကောင်း၊ ရှမ်းစလက်ကား(ပွဲရုံ)ဈေး တစ်ပိဿာလျှင် ကျပ် ၃၅၀၀-၄၅၀၀၊ လက်လီဈေး ကျပ် ၃၈၀၀-၄၈၀၀ဖြင့် ဒေသတွင်းလုပ်ငန်းရှင်များ လက်လီဝယ်ယူသူများဖြင့် အရောင်းအဝယ် အေးလျှက် ရှိကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)