Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ရွှေဖြူးမြေမှ သီးမွှေးငှက်ပျောဈေးကွက်

                   တောင်ငူခရိုင် ဖြူးမြို့နယ်တွင် သီးမွှေးငှက်ပျော၊ ဖီးကြမ်းငှက်ပျောနှင့် ရခိုင်ငှက်ပျောများကို စိုက်ပျိုးကြရာတွင် ဈေးကွက်အတွင်း သီးမွှေးငှက်ပျောမှာ ဈေးကောင်းရလျှက်ရှိပါသည်။ ငှက်ပျောသီးကို စားသုံးမှုအတွက်သာမကဘဲ မြန်မာ့ယဉ်ကျေးမှုအရ ဘုရားပွဲ၊ နတ်ပွဲများတွင်လည်း အသုံးပြုကြ သဖြင့် ဈေးကွက်ခိုင်မာသော သစ်သီးဝလံတစ်မျိုးဖြစ်ပါသည်။

              ဖြူးမြို့နယ် အနောက်ပိုင်းရှိ ပဲခူးရိုးမတောင်ယာတွင်စိုက်ပျိုးသော သီးမွှေးငှက်ပျောသီးမှာ ဒေသတွင်းသာမက အခြားမြို့ရွာများအထိ နာမည်ရသော သစ်သီးဝလံတစ်မျိုးဖြစ်ပါသည်။ ဒေသခံများအနေဖြင့် အခြားဒေသမှမိတ်ဆွေ သင်္ဂဟများအား လက်ဆောင်ပေးရာတွင် သီးမွှေး ငှက်ပျောသီးမှာ မျက်နှာပန်းလှသော သီးနှံတစ်မျိုးဖြစ်ပါသည်။

              ဖြူးမြို့ပေါ်ရှိ ငှက်ပျောဆိုင်များတွင် ရောင်းချနေသော သီးမွှေးငှက်ပျောသီးဈေးနှုန်းမှာ အသေးတစ်ဖီးလျှင် ၁၅၀၀ ကျပ်၊ အလတ်တစ်ဖီးလျှင် ၂၀၀၀ ကျပ်နှင့် အကြီးတစ်ဖီးလျှင် ၂၅၀၀ ကျပ် အသီးသီးရှိကြောင်း ငှက်ပျောဆိုင်ပိုင်ရှင် ဒေါ်လှလှဝင်း၏ပြောပြချက်အရ သိရှိရပါသည်။

DOCA(ပဲခူး)

ညောင်လေးပင်နှင့် ဒိုက်ဦးမြို့နယ်၏ စပါး၊ ဆန်ဈေးနှုန်း ဈေးကွက်အခြေအနေ

            ညောင်လေးပင်မြို့နယ်၏ စပါးဈေးနှုန်းများအနေဖြင့် ဇူလိုင်လတတိယပတ်တွင် မိုးစပါးပေါင် (၄၆) တင်း ၁၀၀ လျှင် ၈၅၀၀၀၀ကျပ် ဖြစ်ပြီး၊ နွေစပါးပေါင် (၄၆) တင်း ၁၀၀လျှင် ၇၇၀၀၀၀ကျပ်၊ ဆန် တစ်အိတ် ထိပ်စလျှင် ၃၃၅၀၀ ကျပ်၊  ဆန်အလတ်စ  ၃၂၀၀၀ကျပ်၊ ဆန်ကွဲကြီး တစ်အိတ်လျှင် ၃၁၀၀၀ကျပ်၊ ဆန်ကွဲအသေး တစ်အိတ်လျှင် ၃၀၅၀၀ကျပ် ၊ ဖွဲနု တစ်အိတ်လျှင် ၁၇၅၀၀ကျပ် ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။

          ထို့အတူ ဒိုက်ဦးမြို့နယ်အနေဖြင့် ဇူလိုင်လတတိယပတ်တွင်  နွေစပါး (ဆင်းသုခ) ပေါင် (၅၀) စပါး တင်း ၁၀၀ လျှင် ၈၃၀၀၀၀ ကျပ်၊ ဆန်တစ်အိတ်လျှင် ၃၂၀၀၀ ကျပ်၊ ဆန်ကွဲကြီး ၁ အိတ်လျှင် ၂၉၀၀၀ ကျပ်၊ ဆန်ကွဲသေး ၁ အိတ်လျှင် ၂၈၀၀၀ ကျပ်၊ ဖွဲနု ၁ အိတ်လျှင် ၁၆၀၀၀ ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

“မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ်ရှိ ဆန်စက်များမှာ မိုးစပါးအဟောင်းများသာ ကြိတ်ခွဲနေ”

               မိတ္ထီလာခရိုင်အတွင်း ရာသီဥတုအခြေအနေကြောင့် နွေးစပါးစိုက်ပျိုးမှုမရှိဘဲ မိုးစပါးကိုသာ စိုက်ပျိုးသော်လည်း ဆန်စက်များအနေဖြင့် တစ်နှစ်ပတ်လုံး ကြိတ်ခွဲနိုင်ကြောင်းသိရသည်။ မိတ္ထီလာခရိုင်အတွင်း နှစ်စဉ်မိုးစပါး ဧက (၅) သောင်းကျော် စိုက်ပျိုးသော ဝမ်းတွင်းမြို့နယ်ရှိ ဆန်စက်များမှာ နဝလီ (အငှား) ကြိတ်ခွဲသည့် ဆန်စက်နည်းကြောင်း သိရသည်။ ဝမ်းတွင်းမြို့နယ်ရှိ ဆန်စက်အများစုမှာ ၎င်းတို့ ကြိတ်ခွဲရန်လိုအပ်သောစပါးကို ဝယ်ယူစုဆောင်းထားလေ့ရှိရာ ယခုအခါစပါးပေါက်စျေးအနေဖြင့် မိုးစပါးအဟောင်းတွင် မနောသုခမှာ တင် း(၁၀၀) လျှင် (၁၀) သိန်းကျပ်၊ ပဒေသာမှာ (၁၃) သိန်းကျပ်ရှိကြောင်းနှင့် ဆန်းစျေးမှာ မိုးဆန်အဟောင်းာ မနောသုခ တစ်အိတ်လျှင် (၃၆၀၀၀ )နှင့် ပဒေသာတစ်အိတ်လျှင် (၄၅၀၀၀မှ ၄၆၀၀၀) ရရှိကြောင်း သိရသည်။

DOCA(မန္တလေး)

“မိတ္ထီလာခရိုင်အတွင်း စိုက်ပျိုးရေးသုံးဓါတ်မြေသြဇာနှင့် ပိုးသတ်ဆေးစျေးနှုန်း”

           မိတ္ထီလာခရိုင်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများတွင် အသုံးပြုနေသောသွင်းအားစုများဖြစ်သည့် ဓါတ်မြေသြဇာနှင့် ပိုးသတ်ဆေးစျေးနှုန်းများမှာ သြဘာပုလဲမြေသြဇာ N:46% (၈၉၀၀၀) ကျပ်၊ (ရွှေတောင်အိန္ဒိယ) ပန်းဖြူ N:46% မှာ (၉၉၀၀၀) ကျပ်နှင့် အမို N:P:K-15:15:15 မှာ (၁၀၇၀၀၀) ကျပ်၊ သြဘာ N:P:K-16:16:16 မှာ (၁၀၇၀၀၀) ကျပ်၊ အာမို N:P:K-10:10:5 မှာ (၇၀၀၀၀) ကျပ်ဖြစ်ကြောင်း သိရှိရပါသည်။ မှိုဆေးနှင့် ပိုးသတ်ဆေးများမှာ မန်ကိုဇက် (၁ kg) (၁၄၀၀၀) ကျပ်၊ ယူနတီ (၁၀၀ CC) (၉၇၀၀၀) ကျပ်၊ အင်မီဒါကလိုပစ် (၁၀၀ g) (၅၇၀၀) ကျပ်၊  ဒိုဇာ (၁၀၀ g) (၅၇၀၀) ကျပ် ဖြစ်ကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)

 

မကွေးကုန်စည်ဒိုင်၌ တောင်သူနှင့်ကုန်သည်များ၏ ဒေသထွက်ကောက်ပဲသီးနှံများ ရောင်းဝယ်ဖောက်ကားမှုအခြေအနေ

            မကွေးတိုင်း‌ဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်ဦးစီးမှူး ဒေါ်တင်တင်လှနှင့် ဦးလင်းကိုကိုဖြိုး(ရုံးအကူ)တို့သည် (၂၁.၇.၂၀၂၂)ရက်နေ့ နံနက်(၁၀:၃၀)အချိန်တွင် မကွေးကုန်စည်ဒိုင်၌ တောင်သူနှင့်ကုန်သည်များ၏ ဒေသထွက်ကောက်ပဲသီးနှံများ ရောင်းဝယ်ဖောက်ကားမှု အခြေအနေများအား ကွင်းဆင်းလေ့လာမေးမြန်းခဲ့ပါသည်။

ကွင်းဆင်းလေ့လာမေးမြန်းမှုအရ တောင်သူနှင့်ကုန်သည်များ၏ ဒေသထွက် ကောက်ပဲသီးနှံများကို  ဇူလိုင်လ(၂၁)ရက်နေ့မှ စတင်၍ ရောင်းဝယ်ဖောက်ကားဝယ်ယူနိုင်ကြောင်း၊ ယခင်က တောင်သူတစ်ဦး ကုန်ပစ္စည်းရောင်းမည်ဆိုလျှင် ပွဲရုံသို့သွား၍ စျေးစုံစမ်းပြီးမှ ရောင်းချရကြောင်း၊ အချိန်ကုန်၊ လူပင်ပန်းပြီး ယခုအခါ ကုန်စည်ဒိုင်တွင် စုဝေးရောင်းချနိုင်ပြီဖြစ်သဖြင့် စျေးနှုန်း၊ အလေးချိန် စိတ်ချလာရပြီဖြစ်ကြောင်း၊ ကုန်စည်ဒိုင်တွင် စျေးကွက်ပေါက်စျေးများအား လေ့လာနိုင်ကြောင်း၊ စံကတ္တားများဖြင့် မှန်ကန်သောစနစ်နှင့် ရေရှည်တည်တံ့အောင် ထိန်းကျောင်းပေးလျက်ရှိကြောင်း မကွေးတိုင်းကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးဖိုးနီ၏ ပြောကြားချက်အရ သိရှိရပါသည်။

          ကုန်စည်ဒိုင်၌ ကုန်သည်များသည် ကောက်ပဲသီးနှံပစ္စည်းများကို စျေးနှုန်းအိတ်၊ ပစ္စည်းပမာဏ အရေအတွက်များကို နမူနာများဖြင့် ခင်းကျင်းပြသထားပါသည်။ ယနေ့အရောင်း အဝယ်ဖြစ်သော သီးနှံမှာ နှမ်းဖြစ်ပြီး အရောင်းအဝယ်ဖြစ်သော နှမ်းမျိုးများမှာ ပွင့်ဖြူ၊ စလင်း၊ ဆင်ဖြူကျွန်းဒေသတို့မှ ထွက်ရှိသည့် ရေသွင်းနှမ်းမျိုးများဖြစ်ပါသည်။

          မကွေးကုန်စည်ဒိုင်၌ နှမ်းစျေးနှုန်းများမှာ နှမ်းဖြူ(၁)တင်းလျှင် (၇၀၀၅ဝိ/-)၊ နှမ်းနက်(ရိုးရိုး) (၁)တင်းလျှင် (၅၈၃၅ဝိ/-)၊ နှမ်းနက်(စမုံ)(၁)တင်းလျှင်(၇၃၃၅ဝိ/-)၊ နှမ်းညိုကြား(၁)တင်းလျှင် (၆၁၆၅ဝိ/-) နှမ်းနီ(၁)တင်းလျှင် (၆၁၆၅ဝိ/-)စျေးနှုန်းများရှိကြောင်း သိရပါသည်။ နှမ်းများကို ဝယ်ယူရာတွင် အက်စစ်ဓာတ်တိုင်းတာခြင်းနှင့် အစိုဓာတ်များရှိ/ မရှိ ကြည့်ရှု၍ဝယ်ယူကြောင်း သိရပါသည်။ ယနေ့ အရောင်းအဝယ်ပွဲကို ပွဲစားကုန်သည် လူဦးရေ(၁၅၀)ခန့် တက်ရောက်ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

၂၀၂၂-ခုနှစ်၊ ဇူလိုင်လ(၂၁) ရက်နေ့နှင့် (၂၂)ရက်နေ့ မကွေးမြို့၏ စက်သုံးဆီစျေးနှုန်း နှိုင်းယှဉ်ခြင်း

            စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စက်သုံးဆီ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ရည်ညွှန်းလက်ကားစျေးနှုန်းများအား နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိပါ သည်။ ထို့အပြင် စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် မကွေးမြို့ပေါ်ရှိ စက်သုံးဆီ ဆိုင်များအား စက်သုံးဆီ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်‌ရေးကော်မတီမှ ထုတ်ပြန် ထားသော စက်သုံးဆီစျေးနှုန်းများအတိုင်း ရောင်းချမှုရှိ/မရှိအား နေ့စဉ်ကွင်းဆင်းစိစစ်ကြီးကြပ် လျက်ရှိပါသည်။

            နေ့စဉ် ကွင်းဆင်းစိစစ်မှုများအရ မကွေးမြို့ပေါ်ရှိ စက်သုံးဆီဆိုင်များသည် ပုံမှန်ဆိုင်ဖွင့်ရောင်းချလျက်ရှိကြောင်းတွေ့ရှိရပါသည်။ (၂၁.၇.၂၀၂၂)ရက် နေ့တွင် ဒီဇယ်ရိုးရိုး(၁)လီတာ လျှင်(၂၁၂၅)ကျပ်၊ ဒီဇယ်(ပရီမီယမ်) (၁)လီတာ လျှင်(၂၁၈၅)ကျပ်၊ ဓာတ်ဆီ(92) (၁)လီတာလျှင် (၁၈၃၀)ကျပ် နှင့် ဓာတ်ဆီ(95) (၁)လီတာလျှင် (၁၈၈၅)ကျပ်တို့ အသီးသီးရှိခဲ့ပြီး (၂၂.၇.၂၀၂၂)ရက်နေ့တွင် ဒီဇယ်ရိုးရိုး(၁)လီတာလျှင်(၂၀၉၅)ကျပ်၊ ဒီဇယ်(ပရီမီယမ်) (၁) လီတာလျှင်(၂၁၅၅)ကျပ်၊ ဓာတ်ဆီ(92) (၁)လီတာလျှင် (၁၇၄၅)ကျပ်နှင့် ဓာတ်ဆီ(95) (၁)လီတာလျှင် (၁၈၀၀)ကျပ်တို့ ဖြစ်သဖြင့် (၂၁.၇.၂၀၂၂)ရက်နေ့နှင့် (၂၂.၇.၂၀၂၂)ရက်နေ့တို့ နှိုင်းယှဉ်ကြည့်ပါက ဒီဇယ် ရိုးရိုး(၁)လီတာလျှင်(၃၀)ကျပ်၊ ဒီဇယ်(ပရီမီယမ်) (၁)လီတာလျှင်(၃၀)ကျပ်၊ ဓာတ်ဆီ(92)(၁)လီတာ လျှင်(၈၅)ကျပ် နှင့် ဓာတ်ဆီ(95)(၁)လီတာ လျှင်(၈၅)ကျပ်တို့ အသီးသီးစျေးနှုန်းလျော့နည်းလာကြောင်း တွေ့ရှိရပါသည်။

DOCA(မကွေး)

အောင်လံကုန်စည်ဒိုင်၏ သီးနှံရောင်းဝယ်ဖြစ်မှုအခြေအနေ

            အောင်လံကုန်စည်ဒိုင်တွင် နှမ်းဈေးကွက်အနေဖြင့် ယခင်အပတ်(၁၄.၇.၂၀၂၂)ရက်နေ့နှင့် ယခုအပတ်(၂၀.၇.၂၀၂၂)ရက်နေ့အတွင်း နှမ်းဖြူနှင့်နှမ်းနီမှာ (၄၅)ပိဿာ(၁)အိတ်လျှင် ယခင်အပတ် (၁၈၀၀၀ဝိ/-)  ယခုအပတ် (၁၈၀၀၀ဝိ/-)ဖြစ်၍ ဈေးနှုန်းပြောင်းလဲမှုမရှိကြောင်း သိရှိရပါသည်။

           ပဲမျိုးစုံဈေးကွက်တွင် ဘိုကိတ်ပြာ(၂၀)ပိဿာ(၁)အိတ်လျှင် ယခင်အပတ်(၃၂၀၀ဝိ/-) ယခုအပတ် (၃၃၀၀ဝိ/-)ဖြစ်၍ (၁၀၀ဝိ/-)ဈေးမြင့်တက်ခဲ့ကြောင်း၊ ပဲတီစိမ်းမှာ ယခင်အပတ်(၄၆၀၀ဝိ/-) ယခုအပတ် (၄၈၀၀ဝိ/-) ဖြစ်၍ (၂၀၀ဝိ/-)ဈေးမြင့်တက်ခဲ့ကြောင်း၊ ပဲစဉ်းငုံနီ ယခင်အပတ်(၄၅၈၀ဝိ/-) ယခုအပတ်(၄၅၅၀ဝိ/-)ဖြစ်၍ (၃၀ဝိ/-) ဈေးလျော့နည်းခဲ့ကြောင်း၊ မတ်ပဲ ယခင်အပတ်(၅၀၅၀ဝိ/-) ယခုအပတ် (၅၀၀၀ဝိ/-) ဖြစ်၍ (၅၀ဝိ/-)ဈေးလျော့နည်းခဲ့ကြောင်း၊ ကုလားပဲ(H.L) ယခင်အပတ်(၅၀၀၀ဝိ/-) ယခုအပတ်(၅၀၅၀ဝိ/-)ဖြစ်၍(၅၀ဝိ/-)ဈေးမြင့်တက်ခဲ့ကြောင်း၊ ကုလားပဲ(မြကြေး) ယခင်အပတ် (၅၀၅၀ဝိ/-) ယခုအပတ်(၅၁၀၀ဝိ/-)ဖြစ်၍ (၅၀ဝိ/-)ဈေးမြင့်တက်ခဲ့ကြောင်း၊ ပဲကြီးယခင်အပတ်(၇၂၀၀ဝိ/-) ယခုအပတ် (၇၁၀၀ဝိ/-)ဖြစ်၍ (၁၀၀ဝိ/-)ဈေးလျော့နည်းခဲ့ကြောင်း၊ မြေပဲလုံးဆံ(နီ)မှာ (၁)ပိဿာလျှင် ယခင်အပတ်(၄၆၅ဝိ/-) ယခုအပတ်(၄၈၀ဝိ/-)ဖြစ်၍ (၁၅ဝိ/-)ဈေးမြင့်တက်ခဲ့ကြောင်း၊ မြေပဲလုံးဆံဖြူ ယခင်အပတ်(၄၈၀ဝိ/-)ယခုအပတ်(၄၈၀ဝိ/-) ဖြစ်၍ ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ အရောင်းအဝယ်ပမာဏအနေဖြင့် နှမ်းဖြူ(၁၂၀) အိတ်၊ နှမ်းနီ(၁၆၅)အိတ်၊ ပဲစဉ်းငုံ(နီ)(၄၈၀)အိတ်၊ မတ်ပဲ(၁၁၀)အိတ်၊ ကုလားပဲ(HL) (၃၀၀)အိတ်၊ ကုလားပဲ(မြကြေး)(၄၅၀)အိတ်၊ ဘိုကိတ်ပြာ(၂၂၀)အိတ်၊ ပဲကြီး(၄၃၀)အိတ်၊ မြေပဲလုံးဆံနီ (၁၂၀)အိတ်၊ မြေပဲလုံးဆံဖြူ(၁၀၀)အိတ်၊ ပဲတီစိမ်း(၁၂၅၀၀)အိတ်တို့ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

 

မကွေးမြို့ရှိအိမ်သုံးဆေးဝါးများစျေးနှုန်း တည်ငြိမ်လျက်ရှိ

         ယခုမိုးရာသီကာလတွင် ရာသီတုပ်ကွေးများနှင့် ကလေးငယ်များတွင် သွေးလွန်တုပ်ကွေးရောဂါများ ဖြစ်ပွားလျှက်ရှိရာ မကွေးမြို့ရှိ ဆေးဆိုင်များတွင် ဖျားနာမှုအတွက် အဓိကဝယ်ယူလျက်ရှိကြသော အိမ်သုံး ဆေးဝါးများမှာ ဇူလိုင်လ ပထမပတ်နှင့် ဒုတိယပတ်တို့တွင် စျေးနှုန်းများပြောင်းလဲခြင်းမရှိဘဲ စျေးနှုန်းများ တည်ငြိမ်လျှက်ရှိကြောင်းသိရှိရပါသည်။

         မကွေးခရိုင်အတွင်းရှိ စျေးကွက်အတွင်း ဖြစ်ပေါ်လျှက်ရှိသော အိမ်သုံး ဆေးဝါးများ၏ စျေးနှုန်းများမှာ Decogin (၁၀) လုံးပါ တစ်ကဒ်လျှင် (၉၆၀) ကျပ်၊ Civit အလုံး (၁၀၀)ပါ တစ်ဘူးလျှင် (၁၄၀၀) ကျပ်၊  Paracetamol (၁၀) လုံးပါ တစ်ကဒ်လျှင် (၁၇၀) ကျပ်၊ Biogesic (၁၀) လုံးပါ တစ်ကဒ်လျှင် (၆၀၀) ကျပ်၊  Amoxacillin အလုံး (၁၀၀) ပါ တစ်ဘူးလျှင် (၂၆၀၀) ကျပ်၊ Bermeton အလုံး (၁၀၀) ပါ တစ်ဘူးလျှင်(၁၀၀၀) ကျပ်၊ Cetrine (၁၀) လုံးပါ တစ်ကဒ်လျှင်(၁၅၀) ကျပ်၊ဓါတ်ဆား MPF တစ်ထုတ်လျှင်(၂၅၀) ကျပ်၊ Sara (၁၀) လုံးပါ တစ်ကဒ်လျှင် (၄၀၀) ကျပ်၊Flemex (၁၀) လုံးပါ တစ်ကဒ်လျှင် (၁၄၀၀) ကျပ်၊ Solumx (၄) လုံးပါ တစ်ကဒ်လျှင် (၉၀၀) ကျပ်၊  Alexal(၁၀) လုံးပါ တစ်ကဒ်လျှင်(၁၄၀၀) ကျပ်၊ Mexagrip (၄) လုံးပါ တစ်ကဒ်လျှင်(၄၁၀) ကျပ် စျေးနှုန်းများဖြင့်အသီးသီး ရောင်းချလျှက်ရှိကြောင်း ဆေးဆိုင်များမှ သိရှိရပါသည်။

DOCA(မကွေး)

သရက်မြို့နယ် ပဲတီစိမ်းနှင့် ပဲကြီးဈေးနှုန်းဈေးကွက် အခြေအနေ

            သရက်မြို့နယ် ပတ်ဝန်းကျင်ကျေးရွာများမှ ထွက်ရှိသည့် ပဲမျိုးစုံအနက် ပဲတီစိမ်း သီးနှံသည် နေ့စဉ်ဈေးကွက်အတွင်းသို့ ဝင်ရောက်လျက်ရှိပါသည်။ ဇူလိုင်လ ဒုတိယပတ်တွင် ပဲတီစိမ်း တစ်တင်းလျှင်(၄၆၀၀ဝိ/-) ရှိခဲ့ရာမှ ယခုတတိယပတ်တွင် ပဲတီစိမ်းများ ဆက်လက်ထွက်ပေါ် လျက်ရှိရာ တစ်တင်းလျှင် (၄၇၅၀ဝိ/-)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

            ပဲကြီးဈေးနှုန်းမှာလည်း ဇူလိုင်လ ဒုတိယပတ်တွင် တစ်တင်းလျှင် (၆၇၀၀ဝိ/-) ဖြစ်ပြီး တတိယပတ်တွင် တစ်တင်းလျှင် (၆၈၀၀ဝိ/-)ဖြစ်၍ (၁၀၀ဝိ/-)ကျပ် ဈေးမြင့်ကာ အောင်လံမြို့ရှိ ဝယ်လက်သမားများမှ ဝယ်ယူလျက်ရှိပြီး နေ့စဉ်တစ်နေ့လျှင် အိတ်ရေ(၃၅၀-၄၀၀)ခန့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

မကွေးမြို့၊ ဘူတာရပ်ကွက်တွင် မကွေးတိုင်းဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ စားအုန်းဆီ ရောင်းချပေးနေမှုအား ကွင်းဆင်းကြီးကြပ်ခြင်း

              စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် စားသုံးဆီတင်သွင်း၊သိုလှောင်၊ ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီကို ဖွဲ့စည်းပြီး ပြည်ပမှ တင်သွင်းလာသည့် စားသုံးဆီများ သတ်မှတ်အရည်အသွေး ၊ စံချိန်စံညွှန်းများနှင့် ပြည့်မှီစေရေး၊ စားသုံးသူပြည်သူများ ကျန်းမာရေး နှင့်ညီညွှတ်သော စားသုံးဆီများကို သုံးစွဲနိုင်ရေး၊ စျေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူစားသုံးနိုင်ရေး ၊ စားအုန်းဆီ ကမ္ဘာ့စျေးနှုန်း ဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် စျေးနှုန်းများဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျှက်ရှိရာ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် မကွေးခရိုင်ဦးစီးမှူးတို့၏ လမ်းညွှန်မှုဖြင့် (၁၈.၇.၂၀၂၂)ရက်နေ့ (၁၆:၃၀) နာရီတွင် မကွေးမြို့၊ ဘူတာရပ်ကွက်၌ မကွေးတိုင်းဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း အနေဖြင့် Ayeyar Hinthar Trading Co;Ltd မှ ဝယ်ယူရရှိသော စားအုန်းဆီများအား စားသုံးသူလက်ဝယ်အရောက် ဈေးကားဖြင့် စားအုန်းဆီ တစ်ပိဿာလျှင်(၃၉၀ဝိ/-)နှုန်းဖြင့် စားသုံးသူပြည်သူများ သက်သာသောစျေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေး ရောင်းချပေးနေမှုအား မကွေးခရိုင် ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး၊ ဦးမျိုးဝင်းနှင့် ဝန်ထမ်းများမှ သွားရောက်စစ်ဆေးကြပ်မတ် ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးကြီးကြပ်ရာ၌ စားသုံးသူပြည်သူများ အဆင်ပြေချောမွေ့စွာ ဝယ်ယူနိုင်ရေး စားအုန်းဆီစျေးနှုန်းများ မှန်ကန်စေရေး အလေးချိန်ပြည့်ဝမှန်ကန်မှုရှိစေရေး၊ စားအုန်းဆီဝယ်ယူရာတွင် တန်းစီစနစ်ဖြင့် စနစ်တကျရှိစေရေး ကြပ်မတ်ဆောင်ရွက်ခဲ့ပြီး သက်သာ သော စျေးနှုန်းဖြင့် စားအုန်းဆီရောင်းချပေးသော မကွေးတိုင်းဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းကိုလည်း စားသုံးသူပြည်သူများ သက်သာချောင်ချိစေရေးအတွက် မိမိတို့တတ်နိုင်သည့်ဘက်မှ ကူညီဆောင်ရွက်ပေးမှုအပေါ် အသိအမှတ်ပြုပါကြောင်းနှင့် အထူးပင်ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါသည်။

DOCA(မကွေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း