Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကျွန်းလှမြို့မှ ထွက်ရှိသည့် ရေချို ပုဇွန်ဆိတ် နှင့် ပုဇွန်ခြောက် ဈေးနှုန်း

     ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်း ငါးဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိရာမှ သဖန်းဆိတ်ဆည်မှ ထွက်ရှိသည့် ရေချို ပုဇွန်ဆိတ် ဈေးနှုန်းသည်လည်း ဈေးကောင်းဖြင့် ရောင်းချ လျက်ရှိကြောင်း သိရှိရပါသည်။

     ၂၀၂၅ ခုနှစ် ၊ နိုဝင်ဘာလ တတိယပတ်အတွင်း ကျွန်းလှမြို့၌ ရောင်းချနေသော ပုဇွန်ဆိတ် ဈေးနှုန်းများမှာ ဆကာတင် အကောင်ကြီး လက်လီဈေး တစ်ပိဿာ(၂၃၀၀၀)ကျပ်နှင့် အလတ်စ လက်လီဈေး(၁၈၀၀၀)ကျပ်နှင့် အကောင်သေး လက်လီ တစ်ပိဿာ လျှင်(၁၅၀၀၀)ကျပ်ဈေးနှုန်း အသီးသီးတို့ဖြင့် လည်းကောင်း၊ ပုဇွန်ခြောက် ဈေးနှုန်းများမှာ ပုဇွန်ခြောက် အကြီး တစ်ပြည်လျှင်(၅၅၀၀၀)ကျပ်၊ နို့ဆီ(၁)ဘူးလျှင်(၇၀၀၀)ကျပ်၊ ပုဇွန်ခြောက် အလတ် တစ်ပြည်လျှင်(၄၀၀၀၀)ကျပ်၊  အလတ် နို့ဆီ(၁)ဘူးလျှင်(၅၀၀၀) ကျပ် နှင့် ပုဇွန်ခြောက်  အသေး တစ်ပြည်လျှင်(၃၂၀၀၀)ကျပ်၊ နို့ဆီ(၁)ဘူးလျှင်(၄၀၀၀)ကျပ် ဈေးနှုန်း အသီးသီးတို့ဖြင့် ရောင်းချ လျက်ရှိကြောင်း နှင့် ကျွန်းလှမြို့ သဖန်းဆိပ်ဆည်မှ ထွက်ရှိသည့် ရေချို ပုဇွန်ဆိတ် နှင့် ပုဇွန်ခြောက်သည် အကောင်သေးပြီး အရမ်းချိုကာ အသားကျစ်လစ်သည့်အတွက် လူကြိုက်များပြီး  အရောင်းသွက်ကာ ဈေးကောင်းရရှိလျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင်  ရောင်းချလျက်ရှိသော  ရှင်မတောင် သနပ်ခါးတုံး ဈေးနှုန်း

    ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့ရှိ ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များ နှင့် ဈေးများတွင် ရှင်မတောင်သနပ်ခါးတုံးများကို ရွှေဘိုမြို့နှင့်မုံရွာမြို့တို့မှ မှာယူရောင်ချလျက်ရှိကြောင်း သိရသည်။

     ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ တတိယပတ်အတွင်း ကျွန်းလှမြို့တွင် ရောင်းချနေသော မြန်မာ့ရိုးရာ ရှင်မတောင်သနပ်ခါးဈေးနှုန်းမှာ ရှင်မတောင်သနပ်ခါးတုံး အကြီးအသေးပေါ်မူတည်၍ အတုံးကြီး()တုံးလျှင်(၄၀၀၀)ကျပ်၊ အလတ်()တုံးလျှင်(၃၅၀၀ မှ ၃၀၀၀)ကျပ်ဈေးနှင့် အသေး ()တုံးလျှင်(၂၅၀၀မှ၂၀၀၀)ကျပ်ထိ နှင့် သနပ်ခါးတုံးအမြစ်တုံးကလေးများသည်(၇၀၀ မှ ၁၀၀၀) ကျပ်ထိဈေးနှုန်းအသီးသီးတိုဖြင့်  အရွယ်အစား အမျိုးအစားပေါ်မူတည်၍ အရောင်းအဝယ် ဖြစ် လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

မိတ္ထီလာမြို့ ကြက်ဥ၊ဘဲဥ၊ငုံးဥ ဈေးနှုန်း၊ဈေးကွက်

          မိတ္ထီလာမြို့နယ်၌ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများအပြင် တစ်ပိုင်တနိုင်မွေးမြူရေးလုပ်ငန်း များကိုလည်းလုပ်ကိုင်ကြပါသည်။ မွေးမြူရေးလုပ်ငန်းများမှ အသားစား CP ကြက်မွေးမြူသူများပြီး ဥစားကြက်မွေးမြူသူအနည်းငယ်သာရှိ၍ ဒေသတွင်းစာသုံးမှုအတွက် ကြက်ဥ၊ငုံးဥများကို တောင်ကြီး နှင့်ဘဲဥကိုမန္တလေးမြို့များမှ ဝယ်ယူရောင်းချရကြောင်းသိရှိရပါသည်။

          မိတ္ထီလာဈေးကွက်၌ နိုဝင်ဘာလတတိယပတ်တွင် လက်လီ၊လက္ကားကြက်ဥ ၊ဘဲဥအရောင်းဆိုင် ကြီးများတွင် လက္ကားကြက်ဥတစ်ပိဿာလျှင်(၉၈၅၀)ကျပ်၊ လက်လီကြက်ဥတစ်လုံးလျှင်(အသေး) (၃၅၀)ကျပ်၊ အလတ်(၄၀၀-၄၅၀)ကျပ်၊အကြီး(၅၀၀)ကျပ်၊ဘဲဥတစ်လုံးလျှင်(၅၈၀)ကျပ်၊ ငုံးဥ(၁၀)လုံး လျှင်(  )ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ယခင်လနှင့်ကာလတူနှိုင်းယှဉ်လျှင် ဈေးနှုန်းတည်ငြိမ်နေကြောင်း သိရှိရပါသည်။

DOCA(မန္တ‌လေး)              

မိတ္ထီလာမြို့ ငှက်ပျောဈေးကွက်

            မိတ္ထီလာမြို့ခရိုင်၌ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများမှ သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ဆန်စပါး ၊ဆီထွက်သီးနှံ၊ပဲမျိုးစုံ၊ငရုတ်၊ကြက်သွန်၊ဝါစသည့်သီးနှံများကို အဓိကစိုက်ပျိုးကြပြီး သစ်သီးဝလံဖြစ်သည် ငှက်ပျောကို စိုက်ပျိုးမှုမှာအနည်းငယ်သာရှိကြောင်း၊ ၂၀၂၅-၂၀၂၆ ခုနှစ် ၊ငှက်ပျောစိုက် ဧက(၅၀၂)ဧကသာရှိကြောင်း ကြေးတိုင်နှင့်မြေစာရင်းဦီးစီးဌာနစာရင်းအရသိရှိရပါသည်။ 

     မိတ္ထီလာဈေးကွက်သို့ ကျောက်ဆည်၊ တောင်ငူ၊ လွိုင်ကော်မြို့များမှ ငှက်ပျောများ အဝင်များ ကြောင်းသိရှိရပါသည်။ ယခုနိုဝင်ဘာလတတိယပတ်တွင် ငှက်ပျောဖီးကြမ်း တစ်ဖီးလျှင်  (၄၅၀၀-၅၀၀၀)ကျပ်၊ ရခိုင်ငှက်ပျောတစ်ဖီးလျှင်(၂၅၀၀-၃၀၀၀)ကျပ်၊ သီးမွေးငှက်ပျောတစ်ဖီးလျှင် (၅၀၀၀-၆၀၀၀)ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ယခင်လနှင့်ကာလတူနှိုင်းယှဉ်လျှင် အလှူပွဲများကုန်ချိန်ဖြစ်၍ ငှက်ပျောတစ်ဖီးလျှင်(၅၀၀)ကျပ်ခန့် ဈေးနှုန်းအနည်းငယ်ကျဆင်းလာ ကြောင်း သိရှိရပါသည်။

DOCA(မန္တ‌လေး)              

ကျွန်းလှမြို့တွင် ရောင်းချနေသော ရွှေသခွားမွှေးသီး၊ ကျောက်သခွားမွှေးသီး နှင့် စပျစ်သီး ဈေးနှုန်း

       ကျွန်းလှမြို့တွင် သစ်သီးမျိုးစုံဖြစ်သည့် နာနတ်သီး၊ နဂါးမောက်သီး၊ သရက်သီး၊ ငှက်ပျောသီး၊ စပျစ်သီး၊ သင်္ဘောသီး၊ ဖရဲသီး၊ ဩဇာသီး၊ သခွားမွှေးသီး၊ ကျောက်သခွားမွှေးသီး၊ ပန်းသီး၊ ပန်းသစ်တော်သီး၊ မင်းဂွတ်သီး၊  ဒညှင်းသီး  နှင့် ဖရဲသီးများကို  ရောင်းချလျက်ရှိကြောင်းသိရ သည်။

          ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ တတိယပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ ရွှေသခွားမွှေးသီး၊ ကျောက်သခွားမွှေးသီး နှင့် စပျစ်သီး ဈေးနှုန်းများမှာ ရွှေသခွားမွှေးသီး တစ်လုံးလျှင်(၁၀၀၀၀)ကျပ်၊ ကျောက်သခွားမွှေးသီး(၁)လုံးလျှင်(၈၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့်လည်းကောင်း၊စပျစ်သီးထိုင်ဝမ်အစေ့ လွတ် တစ်ပိဿာ(၄၀၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၂၀၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၁၀၀၀၀)ကျပ် နှင့် စပျစ်သီး အလုံးသေး တစ်ပိဿာလျှင်(၃၀၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၅၀၀၀)ကျပ် နှင့် (၂၅)ကျပ် သားလျှင်(၈၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့်‌ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်ရာမြိုင် ဈေးတိုက်တန်း တွင် သစ်သီးမျိုးစုံ ရောင်းချနေသော ဈေးသည်ထံမှ သိရသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော ‌ရွှေဖရုံသီး နှင့် ဘူးသီး ဈေးနှုန်း

    ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများမှ စိုက်ပျိုးကြသော ရွှေဖရုံသီးများကို ဈေးကွက်အတွင်းသို့ ရောင်းချလျက်ရှိပြီး ရာသီချိန်မဟုတ်သည့် ကာလများတွင် ရွှေဖရုံသီးများကို မန္တလေးမြို့တို့မှ မှာယူ ရောင်းချရကြောင်း သိရှိရပါ သည်။

         ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ တတိယအပတ်တွင် ကျွန်းလှမြို့၊ သစ်ရာမြိုင်‌ဈေးကွက်အတွင်းရှိ ရွှေဖရုံသီး ဈေးနှုန်းအနေဖြင့် ရွှေဖရုံသီး တစ်ပိဿာလျှင်(၃၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၅၀၀)ကျပ် နှင့် ရွှေဖရုံသီး တစ်စိတ်လျှင်(၁၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် လည်းကောင်း၊ ဘူးသီး ဈေးနှုန်း အနေဖြင့် ဘူးသီး(အကြီး)တစ်လုံးလျှင်(၃၀၀၀)ကျပ်ထိ ၊ ဘူးသီး(အသေး)တစ်လုံးလျှင်(၂၀၀၀/၂၅၀၀)ကျပ် နှင့် ဘူးသီး တစ်စိတ်လျှင်(၅၀၀)ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူ ထံမှသိရပါသည်။

DOCA(စစ်ကိုင်း)

မိတ္ထီလာဈေးကွက်တွင် နေကြာဈေးနှုန်းမြင့်တက်လျက်ရှိ

   မန္တလေးတိုင်းဒေသကြီး ၊မိတ္ထီလာခရိုင်တွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများမှ သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာမှ ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့် မိုးနေကြာများကိုမြို့နယ်(၄)မြို့နယ်လုံး စိုက်ပျိုး ကြကြောင်း၊  မိတ္ထီလာခရိုင်တွင် ၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးနေကြာစိုက်ဧက  ( ၁၅၄၇) ဧက စိုက်ပျိုး နိုင်ခဲ့ ကြောင်း ကြေးတိုင်နှင့်မြေစာရင်းဦီးစီးဌာနစာရင်းအရသိရှိရပါသည်။

          မိုးနေကြာကို ဇွန်၊ ဇူလိုင်လများတွင် စိုက်ပျိုးကြပြီး စက်တင်ဘာ၊ အောက်တိုဘာလ များတွင်ရိတ်သိမ်းကြကြောင်း၊ မိုးနေကြာသီးနှံကိုသီးသန့်စိုက်ပျိုးကြကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် မျိုး၊ မြေပြုပြင်ခ၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကစုစုပေါင်း ငွေကျပ်( ၂ )သိန်းကျော် ကုန်ကျကြောင်း၊ ယခုနှစ် မိုးနေကြာများရိတ်သိမ်းပြီးဖြစ်၍ အထွက်နှုန်းအနေဖြင့်တစ်ဧကလျှင် (၁၄) တင်းခန့်ထွက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့်ဒေသတွင်းသီးနှံပွဲရုံများ နှင့် ဆီကြိတ်စက်များသို့ အဓိကတင်ပို့ရောင်းချကြကြောင်း၊ နေကြာစိုက်တောင်သူများထံမှသိရပါသည်။

     ဈေးနှုန်းအနေဖြင့် ယခုနိုဝင်ဘာလတတိယပတ်တွင် နေကြာစေ့တစ်ပိဿာလျှင်(၇၅၀၀)ကျပ် ၊နေကြာဆီတစ်ပိဿာလျှင်(၁၉၀၀၀)ကျပ်၊ နေကြာဖတ်တစ်ပိဿာလျှင် (၃၂၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်လနှင့်ကာလတူနှိုင်းယှဉ်လျှင် နေကြာစေ့တစ်ပိသာလျှင်(၁၅၀၀) ကျပ်ခန့်၊ နေကြာဆီတစ်ပိဿာလျှင်(၁၀၀၀)ကျပ်၊ နေကြာဖတ်တစ်ပိဿာလျှင်( ၄၀၀ )ကျပ်ခန့် ဈေးနှုန်းမြင့်တက်လာကြောင်း၊ ဈေးနှုန်းမြင့်တက်လာရခြင်းမှာ တိရိစ္ဆာန်အစာဈေးမြင့်တက်လာ၍ ကုန်ကြမ်း၊ ကုန်ချောဈေးများမြင့်တက်လာရခြင်းဖြစ်ကြောင်း၊ ဆီစက်လုပ်ငန်းရှင်တစ်ဦီးထံမှ သိရပါ သည်။

DOCA(မန္တ‌လေး)              

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော မုန့်တီဖတ်နှင့် မုန့်ဟင်းခါးဖတ် ဈေးနှုန်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့ပေါ်ရပ်ကွက်များတွင် မိသားစုစားဝတ်နေ ရေးအတွက် မုန့်တီစိမ်း လုပ်ငန်းကိုလုပ်ကိုင် ရောင်းချလျက်ရှိရာ ကျွန်းလှမြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများသို့   ရောင်းချလျက်ရှိကြောင်း သိရသည်။

    ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ တတိယပတ်အတွင်း ကျွန်းလှမြို့ဈေးကွက်၌ ရောင်းချနေသော မုန့်တီစိမ်း ဈေးနှုန်းမှာ လက်လီ တစ်ပိဿာလျှင်(၃၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၅၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင်(၈၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချနေသော  ပဲငပိအစို နှင့် ပဲငပိခြောက် ဈေးနှုန်း

     ကျွန်းလှမြို့ရှိ ရပ်ကွက်ဈေးများအတွင်းရှိ ဈေးဆိုင်များတွင် ပဲပုတ် ပဲငပိများကို မိမိတို့ဒေသထွက် ကိုယ်တိုင်လုပ်ရောင်းခြင်းနှင့် ကာဘိုးကျေးရွာတို့ မှ မှာယူရောင်းချ လျက်ရှိကြောင်း သိရှိရပါသည်။

       ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ တတိယပတ်အတွင်း ဈေးဆိုင် များတွင် ရောင်းချနေ‌သော ပဲပုတ် ပဲငပိအစို ဈေးနှုန်းများမှာ ပဲပုတ်၊ ပဲငပိအစို လက်လီ တစ်ပိဿာလျှင် (၈၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၄၀၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင်(၂၀၀၀)ကျပ် နှင့် ပဲပုတ်ပဲငပိ ခြောက် တစ်ပိဿာလျှင်(၂၀၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၀၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၅၀၀၀)ကျပ် နှင့် ပဲပုတ် ပဲငပိခြောက်(၁၀)ကျပ် သားလျှင်(၂၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း ပဲပုတ်ပဲငပိအစိုကိုတော့ ယခုရာသီတွင် ခရမ်းသီးပြုတ် ၊ ရုံးပတီသီး၊ သခွားသီး တို့စရာအစုံပေါ သည့်အတွက် ရောင်းအားပိုကောင်းကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့နယ် ၊ ရှမ်းစုကျေးရွာတွင် တစ်နိုင်တစ်ပိုင်အနေဖြင့် ပြောင်းချို စိုက်ပျိုးဝင်ငွေတိုး

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ် တာဝန်ခံရုံးအနေဖြင့်  စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများကိုပါ ဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကျွန်းလှမြို့နယ်၊ ရှမ်းစုကျေးရွာတွင် တစ်ပိုင်တစ်နိုင် အနေဖြင့် ပြောင်းချိုပင်ကို စိုက်ပျိုးကြပါသည်။

    ပြောင်းချိုပင်စိုက်ပျိုးသည့်မျိုးမှာ နှင်းဆီရွှေ မျိုးဖြစ်ပြီး မျိုးစေ့တိုက်ရိုက်ချစနစ်ဖြင့်ပျိုးထားပြီး မြေကျင်းဖွဲ့စိုက်ပျိုးသည့် စနစ်ကို အသုံးပြု၍ စိုက်ပျိုးထားပါသည်။ ပြောင်းချိုပင်ကို တစ်ကျင်းလျှင် ()စေ့ခန့် စိုက်ပျိုးပြီး စိုက်ဧကအနေဖြင့် ဧကဝက် အပင်ရေ(၈၀၀၀)ခန့် စိုက်ပျိုးထားရှိပါကြောင်း၊ စိုက်ပျိုးပြီး တစ်ကြိမ်ရေသွင်းခြင်း၊ သွင်းအားစု ထည့်ခြင်းများ ‌ဆောင်ရွက်ရပြီး မျိူး‌စေ့ဖိုးအပါအဝင် စိုက်ပျိုးမြေပြုပြင်ခြင်း၊ ရေပေးသွင်းခြင်းနှင့်အလုပ်သမားငှားရမ်းခြင်း စုစုပေါင်းကုန်ကျစရိတ်အ‌နေဖြင့် (၁၀)သိန်း ခန့်ကုန်ကျပါကြောင်း၊ အပင်အ‌ရေအတွက်(၈၀၀၀)ဖြစ်သည့်အတွက် ပြောင်းချိုအဖူးအနည်းဆုံး (၆၀၀၀)ဖူးထွက်ရှိမည်ဖြစ်ပြီး ပြောင်းချို(၁)ဖူးလျှင် (၅၀၀)ကျပ်နှုန်းဖြင့် ရောင်းချရလျှင် သိန်း(၃၀) ခန့်ရရှိမည်ဖြစ်၍ အကျိုးအမြတ်အနေဖြင့်  ပြောင်းချိုပင် ဧကဝက်စိုက်လျှင် ငွေကျပ်သိန်း(၂၀) အကျိုး အမြတ်ရရှိကြောင်း သိရသည်။

      ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ တတိယပတ် ကျွန်းလှမြို့တွင် ရောင်းချနေသော ပြောင်းချိုဖူး ဈေးနှုန်းများမှာ ပြောင်းချို အဖူးကြီး တစ်ဖူးလျှင်(၈၀၀)ကျပ်၊ အဖူးလတ် တစ်ဖူးလျှင်(၇၀၀)ကျပ် နှင့် အဖူးသေး တစ်ဖူးလျှင်(၆၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အ‌ရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း