Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော ‌ရွှေဖရုံသီး နှင့် ဘူးသီး ဈေးနှုန်း

    ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများမှ စိုက်ပျိုးကြသော ရွှေဖရုံသီးများကို ဈေးကွက်အတွင်းသို့ ရောင်းချလျက်ရှိပြီး ရာသီချိန်မဟုတ်သည့် ကာလများတွင် ရွှေဖရုံသီးများကို မန္တလေးမြို့တို့မှ မှာယူ ရောင်းချရကြောင်း သိရှိရပါ သည်။

         ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ တတိယအပတ်တွင် ကျွန်းလှမြို့၊ သစ်ရာမြိုင်‌ဈေးကွက်အတွင်းရှိ ရွှေဖရုံသီး ဈေးနှုန်းအနေဖြင့် ရွှေဖရုံသီး တစ်ပိဿာလျှင်(၃၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၅၀၀)ကျပ် နှင့် ရွှေဖရုံသီး တစ်စိတ်လျှင်(၁၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် လည်းကောင်း၊ ဘူးသီး ဈေးနှုန်း အနေဖြင့် ဘူးသီး(အကြီး)တစ်လုံးလျှင်(၃၀၀၀)ကျပ်ထိ ၊ ဘူးသီး(အသေး)တစ်လုံးလျှင်(၂၀၀၀/၂၅၀၀)ကျပ် နှင့် ဘူးသီး တစ်စိတ်လျှင်(၅၀၀)ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူ ထံမှသိရပါသည်။

DOCA(စစ်ကိုင်း)

မိတ္ထီလာဈေးကွက်တွင် နေကြာဈေးနှုန်းမြင့်တက်လျက်ရှိ

   မန္တလေးတိုင်းဒေသကြီး ၊မိတ္ထီလာခရိုင်တွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများမှ သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာမှ ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့် မိုးနေကြာများကိုမြို့နယ်(၄)မြို့နယ်လုံး စိုက်ပျိုး ကြကြောင်း၊  မိတ္ထီလာခရိုင်တွင် ၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးနေကြာစိုက်ဧက  ( ၁၅၄၇) ဧက စိုက်ပျိုး နိုင်ခဲ့ ကြောင်း ကြေးတိုင်နှင့်မြေစာရင်းဦီးစီးဌာနစာရင်းအရသိရှိရပါသည်။

          မိုးနေကြာကို ဇွန်၊ ဇူလိုင်လများတွင် စိုက်ပျိုးကြပြီး စက်တင်ဘာ၊ အောက်တိုဘာလ များတွင်ရိတ်သိမ်းကြကြောင်း၊ မိုးနေကြာသီးနှံကိုသီးသန့်စိုက်ပျိုးကြကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် မျိုး၊ မြေပြုပြင်ခ၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကစုစုပေါင်း ငွေကျပ်( ၂ )သိန်းကျော် ကုန်ကျကြောင်း၊ ယခုနှစ် မိုးနေကြာများရိတ်သိမ်းပြီးဖြစ်၍ အထွက်နှုန်းအနေဖြင့်တစ်ဧကလျှင် (၁၄) တင်းခန့်ထွက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့်ဒေသတွင်းသီးနှံပွဲရုံများ နှင့် ဆီကြိတ်စက်များသို့ အဓိကတင်ပို့ရောင်းချကြကြောင်း၊ နေကြာစိုက်တောင်သူများထံမှသိရပါသည်။

     ဈေးနှုန်းအနေဖြင့် ယခုနိုဝင်ဘာလတတိယပတ်တွင် နေကြာစေ့တစ်ပိဿာလျှင်(၇၅၀၀)ကျပ် ၊နေကြာဆီတစ်ပိဿာလျှင်(၁၉၀၀၀)ကျပ်၊ နေကြာဖတ်တစ်ပိဿာလျှင် (၃၂၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်လနှင့်ကာလတူနှိုင်းယှဉ်လျှင် နေကြာစေ့တစ်ပိသာလျှင်(၁၅၀၀) ကျပ်ခန့်၊ နေကြာဆီတစ်ပိဿာလျှင်(၁၀၀၀)ကျပ်၊ နေကြာဖတ်တစ်ပိဿာလျှင်( ၄၀၀ )ကျပ်ခန့် ဈေးနှုန်းမြင့်တက်လာကြောင်း၊ ဈေးနှုန်းမြင့်တက်လာရခြင်းမှာ တိရိစ္ဆာန်အစာဈေးမြင့်တက်လာ၍ ကုန်ကြမ်း၊ ကုန်ချောဈေးများမြင့်တက်လာရခြင်းဖြစ်ကြောင်း၊ ဆီစက်လုပ်ငန်းရှင်တစ်ဦီးထံမှ သိရပါ သည်။

DOCA(မန္တ‌လေး)              

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော မုန့်တီဖတ်နှင့် မုန့်ဟင်းခါးဖတ် ဈေးနှုန်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့ပေါ်ရပ်ကွက်များတွင် မိသားစုစားဝတ်နေ ရေးအတွက် မုန့်တီစိမ်း လုပ်ငန်းကိုလုပ်ကိုင် ရောင်းချလျက်ရှိရာ ကျွန်းလှမြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများသို့   ရောင်းချလျက်ရှိကြောင်း သိရသည်။

    ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ တတိယပတ်အတွင်း ကျွန်းလှမြို့ဈေးကွက်၌ ရောင်းချနေသော မုန့်တီစိမ်း ဈေးနှုန်းမှာ လက်လီ တစ်ပိဿာလျှင်(၃၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၅၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင်(၈၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချနေသော  ပဲငပိအစို နှင့် ပဲငပိခြောက် ဈေးနှုန်း

     ကျွန်းလှမြို့ရှိ ရပ်ကွက်ဈေးများအတွင်းရှိ ဈေးဆိုင်များတွင် ပဲပုတ် ပဲငပိများကို မိမိတို့ဒေသထွက် ကိုယ်တိုင်လုပ်ရောင်းခြင်းနှင့် ကာဘိုးကျေးရွာတို့ မှ မှာယူရောင်းချ လျက်ရှိကြောင်း သိရှိရပါသည်။

       ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ တတိယပတ်အတွင်း ဈေးဆိုင် များတွင် ရောင်းချနေ‌သော ပဲပုတ် ပဲငပိအစို ဈေးနှုန်းများမှာ ပဲပုတ်၊ ပဲငပိအစို လက်လီ တစ်ပိဿာလျှင် (၈၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၄၀၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင်(၂၀၀၀)ကျပ် နှင့် ပဲပုတ်ပဲငပိ ခြောက် တစ်ပိဿာလျှင်(၂၀၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၀၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၅၀၀၀)ကျပ် နှင့် ပဲပုတ် ပဲငပိခြောက်(၁၀)ကျပ် သားလျှင်(၂၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း ပဲပုတ်ပဲငပိအစိုကိုတော့ ယခုရာသီတွင် ခရမ်းသီးပြုတ် ၊ ရုံးပတီသီး၊ သခွားသီး တို့စရာအစုံပေါ သည့်အတွက် ရောင်းအားပိုကောင်းကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့နယ် ၊ ရှမ်းစုကျေးရွာတွင် တစ်နိုင်တစ်ပိုင်အနေဖြင့် ပြောင်းချို စိုက်ပျိုးဝင်ငွေတိုး

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ် တာဝန်ခံရုံးအနေဖြင့်  စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများကိုပါ ဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကျွန်းလှမြို့နယ်၊ ရှမ်းစုကျေးရွာတွင် တစ်ပိုင်တစ်နိုင် အနေဖြင့် ပြောင်းချိုပင်ကို စိုက်ပျိုးကြပါသည်။

    ပြောင်းချိုပင်စိုက်ပျိုးသည့်မျိုးမှာ နှင်းဆီရွှေ မျိုးဖြစ်ပြီး မျိုးစေ့တိုက်ရိုက်ချစနစ်ဖြင့်ပျိုးထားပြီး မြေကျင်းဖွဲ့စိုက်ပျိုးသည့် စနစ်ကို အသုံးပြု၍ စိုက်ပျိုးထားပါသည်။ ပြောင်းချိုပင်ကို တစ်ကျင်းလျှင် ()စေ့ခန့် စိုက်ပျိုးပြီး စိုက်ဧကအနေဖြင့် ဧကဝက် အပင်ရေ(၈၀၀၀)ခန့် စိုက်ပျိုးထားရှိပါကြောင်း၊ စိုက်ပျိုးပြီး တစ်ကြိမ်ရေသွင်းခြင်း၊ သွင်းအားစု ထည့်ခြင်းများ ‌ဆောင်ရွက်ရပြီး မျိူး‌စေ့ဖိုးအပါအဝင် စိုက်ပျိုးမြေပြုပြင်ခြင်း၊ ရေပေးသွင်းခြင်းနှင့်အလုပ်သမားငှားရမ်းခြင်း စုစုပေါင်းကုန်ကျစရိတ်အ‌နေဖြင့် (၁၀)သိန်း ခန့်ကုန်ကျပါကြောင်း၊ အပင်အ‌ရေအတွက်(၈၀၀၀)ဖြစ်သည့်အတွက် ပြောင်းချိုအဖူးအနည်းဆုံး (၆၀၀၀)ဖူးထွက်ရှိမည်ဖြစ်ပြီး ပြောင်းချို(၁)ဖူးလျှင် (၅၀၀)ကျပ်နှုန်းဖြင့် ရောင်းချရလျှင် သိန်း(၃၀) ခန့်ရရှိမည်ဖြစ်၍ အကျိုးအမြတ်အနေဖြင့်  ပြောင်းချိုပင် ဧကဝက်စိုက်လျှင် ငွေကျပ်သိန်း(၂၀) အကျိုး အမြတ်ရရှိကြောင်း သိရသည်။

      ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ တတိယပတ် ကျွန်းလှမြို့တွင် ရောင်းချနေသော ပြောင်းချိုဖူး ဈေးနှုန်းများမှာ ပြောင်းချို အဖူးကြီး တစ်ဖူးလျှင်(၈၀၀)ကျပ်၊ အဖူးလတ် တစ်ဖူးလျှင်(၇၀၀)ကျပ် နှင့် အဖူးသေး တစ်ဖူးလျှင်(၆၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အ‌ရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

မိတ္ထီလာဈေးထဲရှိအရောင်းသွက်သောရာသီစာချဉ်ပေါင်သီး

           မိတ္ထီလာမြို့နှင့် အနီးတဝိုက်ကျေးရွာများတွင် ဟင်းသီးဟင်းရွက်မျိုးစုံ စိုက်ပျိုးကြပြီး ချဉ်ပေါင်ပင် များကိုလည်း တနိုင်တပိုင်မှ ယခုအခါ စီးပွားဖြစ်စိုက်ပျိုးလျက်ရှိကြသည်။ ချဉ်ပေါင်ပင် စိုက်ပျိုးခြင်းသည် ချဉ်ပေါင်ရွက်များကို တနှစ်ပတ်လုံးရောင်းချနိုင်သကဲ့သို့ ချဉ်ပေါင်သီး(ခေါ်) ဘိလပ်သီးသည်လည်း တနှစ်လျှင် တစ်ကြိမ်မျှသာသီးသောကြောင့် ချဉ်ပေါင်သီး(ခေါ်)ဘိလပ်သီး ပေါ်ချိန်တွင်လည်း ဈေးကောင်း ရခြင်းဖြင့် အကျိုးမြတ်ရရှိကြောင်းသိရသည်။ ယခုနိုဝင်ဘာလတွင် ချဉ်ပေါင်သီး (ခေါ်) ဘိလပ်သီး ပေါ်ချိန်ဖြစ်၍ ဈေးနှုန်းမှာ (၁၀)ကျပ်သားလျှင် ၁၅၀၀ ကျပ်နှင့် (၁)ပိဿာလျှင် (၁၀၀၀၀)ကျပ် ဈေးနှုန်းဖြင့် ရောင်းချနေကြောင်း သိရှိရပါသည်။ ချဉ်ပေါင်သီး (ခေါ်) ဘိလပ်သီးသည် ယခုအခါ ရာသီစာဖြစ်၍ လူအများဝယ်ယူ၍ ယခုအခါ အရောင်းသွက်နေကြောင်း ဈေးရောင်းသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(မန္တ‌လေး)

ကျွန်းလှမြို့ တွင် ရောင်းချလျက်ရှိသော ပန်းသစ်တော်သီး၊ ဇီးပန်းသီး နှင့် ပန်းသီး ဈေးနှုန်း

     ကျွန်းလှမြို့တွင် သစ်သီးမျိုးစုံဖြစ်သည့် နာနတ်သီး၊ နဂါးမောက်သီး၊ သရက်သီး၊ ငှက်ပျောသီး၊ စပျစ်သီး၊ သင်္ဘောသီး၊ ဖရဲသီး၊ ဩဇာသီး၊ သခွားမွှေးသီး၊ ကျောက်သခွားမွှေးသီး၊ ပန်းသီး၊ ပန်းသစ်တော်သီး၊ မင်းဂွတ်သီး၊  ဒညှင်းသီး နှင့် ဖရဲသီးများကို  ရောင်းချလျက်ရှိကြောင်း သိရသည်။

          ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ တတိယပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ ပန်းသစ် တော်သီး ဈေးနှုန်းများမှာ ပန်းသစ်တော်သီး အကြီး(၁)လုံးလျှင်(၇၀၀၀)ကျပ်၊ အသေး (၁)လုံးလျှင်(၅၀၀၀)ကျပ်၊ ဈေးနှုန်းတို့ဖြင့်လည်းကောင်း၊ ဇီးပန်းသီး ဈေးနှုန်းများမှာ ဇီးပန်းသီး တစ်ပိဿာလျှင်(၂၀၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၀၀၀၀)ကျပ် နှင့် (၂၅) ကျပ်သားလျှင်(၅၀၀၀)ကျပ်၊ ပန်းသီး ဈေးနှုန်းများမှာ ပန်းသီး အကြီး(၁)လုံးလျှင်(၂၅၀၀)ကျပ်၊ အလတ်(၁)လုံးလျှင်(၂၀၀၀)ကျပ်၊ အသေး (၁)လုံးလျှင် (၁၇၀၀)ကျပ်ဈေးနှုန်း တို့ဖြင့်‌ အရောင်းအဝယ် ဖြစ်လျက် ရှိကြောင်း သီးနှံမျိုးစုံထဲမှ ဖရဲသီး၊ ဩဇာသီး၊ ငှက်ပျောသီး နှင့် မာလကာသီးတို့ကို မိမိတို့ ဒေသထွက်နှင့် အခြားသစ်သီးများကိုမူ မြစ်ကြီးနားမြို့၊ မန္တလေးမြို့တို့မှ မှာယူရောင်းချလျက်ရှိကြောင်း သစ်ရာမြိုင်ဈေး တိုက်တန်းတွင် သစ်သီးမျိုးစုံ ရောင်းချနေသော ဈေးသည်ထံမှ သိရသည်။

DOCA(စစ်ကိုင်း)

မိတ္ထီလာဈေးထဲရှိကွမ်းသီး၊ ကွမ်းရွက်ဈေးကွက်

          မိတ္ထီလာဈေးကွက်တွင် ကွမ်းရွက်များကို ကျောက်ဆည်၊ ရေဝန်း၊ တံတားဦးမြို့များမှ ဝင်ရောက်လျက်ရှိပြီး ကွမ်းသီးများကို မော်လမြိုင်၊ ဘိတ်၊ ထားဝယ်တို့မှ ဝင်ရောက်လျက်ရှိကြောင်း သိရပါသည်။ မိတ္ထီလာမြို့ ဈေးကြီးထဲရှိ ကွမ်းသီး၊ ကွမ်းရွက်အရောင်းဆိုင်များတွင် ကွမ်းရွက်နု (ယာကွမ်း) များကို (၁)ပိဿာလျှင် (၁၄၀၀၀)ကျပ်၊ ကွမ်းရွက်ကြီး(၁)ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ ကွမ်းသီးရှယ် (၁)ပိဿာလျှင် (၂၅၀၀၀)ကျပ်၊ ကွမ်းသီးရိုးရိုး (၁)ပိဿာလျှင် (၂၀၀၀၀)ကျပ် စသဖြင့် အရောင်းအဝယ် ဖြစ်လျှက်ရှိကြောင်း သိရပါသည်။

DOCA(မန္တ‌လေး)

 

ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီဝင်ရောက်ရာ အရပ်ဒေသများနှင့် ဈေးနှုန်းများအခြေအနေ

          ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ(၂၀) ရက်နေ့တွင် ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီ ဝင်ရောက်ရာဒေသများဖြစ်သည့် ဆိပ်ဖြူ၊ မြင်းခြံ၊ မုံရွာ၊ ပခုက္ကူဒေသတို့မှ ကြက်သွန်နီ (၉၉၀၀၀၀) ပိဿာ ဝင်ရောက်ခဲ့ပြီး (၆၀) ရာခိုင်နှုန်းခန့် ပြန်လည်စီးထွက်မှုရှိကြောင်း သိရှိရပါသည်။ ထို့ကြောင့် ကြက်သွန်နီ လက်ကျန်မှာ (၃၉၆၀၀၀) ကျန်ရှိကြောင်း ကုန်စည်ဒိုင်တင်း အရသိရှိရသည်။ ဆိပ်ဖြူကြက်သွန်နီ (အသစ်) အချောတစ်ပိဿာ ကျပ် ၃၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၇၅၀၊ အကြီးမှာ ကျပ် ၁၃၀၀၊ ရှယ်မှာ ကျပ် ၁၅၅၀၊ မုံရွာ ကြက်သွန်နီ (အသစ်) အချော တစ်ပိဿာ ကျပ် ၄၅၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၇၅၀၊ အကြီးမှာ ကျပ် ၁၂၅၀၊ ရှယ် မှာ ကျပ် ၁၇၀၀၊ မြင်းခြံ ကြက်သွန် နီ(အသစ်) အချော တစ်ပိဿာ ကျပ် ၂၅၀၊ အသန့်မှာ တစ် ပိဿာ ကျပ် ၅၅၀၊ အကြီးမှာ ကျပ် ၉၀၀၊ ရှယ်မှာ ကျပ် ၁၃၀၀၊ ပခုက္ကူ ကြက်သွန်နီ (အသစ်) အချော တစ်ပိဿာ ကျပ် ၄၅၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၈၀၀ ၊ အကြီးမှာ ကျပ် ၁၃၀ ဈေး တို့အသီးသီး ရှိကြောင်း စုံစမ်းသိရှိရပါသည်။

          ယခုတစ်ပတ်တွင်  ဆိပ်ဖြူ၊ မုံရွာ၊ ပခုက္ကူကြက်သွန်နီဈေးနှုန်းများမှာ ယခင်အပတ်ကထက် ဈေးအနည်းငယ်ကျသွားကြောင်း  သိရှိရပါသည်။

DOCA(ရန်ကုန်)

မိတ္ထီလာမြို့ရှိ သစ်သီးဆိုင်များတွင်ရောင်းချနေသော ရာသီစာယာကွန်ဥ

             ယာကွန်ဥ(ခေါ်)ရေကန်စွန်းဥသည် မိုးကုန်ဆောင်းကူးကာလ ရှမ်းပြည်ဒေသတွင် ပေါ်ဦးပေါ်ဖျား ရာသီစာ သီးနှံတစ်မျိုးဖြစ်သည်။ ယာကွန်ဥ၏အရသာမှာ ပန်းသီးကဲ့သို့ အရည်ရွှမ်းပြီး ချိုသောအရသာ ရှိသောကြောင့် ခလေး၊လူကြီးမရွေး ကြိုက်နှစ်သက်ကြသည်။  ယာကွန်ဥသည် ရေဓာတ်ခမ်းခြောက်မှုကို ကာကွယ်ပေးပြီး နှလုံးကျန်းမာရေးအတွက် အထူးသင့်တော်သော ရာသီစာသီးနှံတစ်မျိုးဖြစ်သည်။ ယခု နိုဝင်ယာလသည် ယာကွန်ဥ  ပေါ်ပေါက်သောကာလဖြစ်၍ မိတ္ထီလာမြို့ရှိ သစ်သီးဆိုင်များတွင်  ယာကွန်ဥ များစတင်ရောင်းချနေကြောင်းတွေ့ရှိရသည်။ ယာကွန်ဥများကို အလုံးကြီး (၁)ပိဿာလျှင် ၈၀၀၀ ကျပ်၊ (၅၀)ကျပ်သားလျှင် ၄၀၀၀ ကျပ် ၊ အလုံးအသေး (၁)ပိဿာလျှင် ၄၀၀၀ ကျပ်၊ (၅၀)ကျပ်သားလျှင် ၂၀၀၀ ကျပ် စသဖြင့်ရောင်းချနေပြီး ယခုသစ်သီးဆိုင်တွင် ရောင်းအားကောင်းသော အသီးဖြစ်ကြောင်း သစ်သီးရောင်းသူတစ်ဦးထံမှ သိရှိရပါသည်။ DOCA(မန္တ‌လေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း