Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကျွန်းလှမြို့နယ်အတွင်း ‌ရောင်းချလျက်ရှိသော  အမဲသား ဈေးနှုန်း

      ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် အသား/ငါးနှင့် အခြားစား‌သောက် ကုန်ပစ္စည်းများ၊ လူသုံး ကုန်ပစ္စည်းများကို ဒေသတွင်းနှင့် အခြားဒေသများမှ ဝယ်ယူရောင်းချလျက်ရှိရာ ယခုအခါ တွင် လမ်းပန်း ဆက်သွယ်ရေး အခက်ခဲများကြောင့်  ကုန်ဈေးနှုန်းများ အနည်းငယ် မြင့်တက်လျက်ရှိရာမှ အသား/ငါး ဈေးနှုန်းများထဲမှ အမဲသားဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိပါသည်။

         အမဲသားများကို ကျွန်းလှမြို့ ဒေသတွင်းဟင်းစလေများမှ လက်လီ/လက္ကား ရောင်းချလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်၏ အမဲသား ဈေးနှုန်းများ အနေဖြင့် အမဲသားရှယ်(တစ်တုံး ထဲသား)လက္ကားတစ်ပိဿာလျှင်(၂၈၀၀၀)ကျပ်၊အမဲသားရှယ်(တစ်တုံးထဲသား)လက်လီ တစ်ပိဿာလျှင် (၃၀၀၀၀)ကျပ်၊ အမဲသားရိုးရိုး(အသားပြွန်း) လက္ကား တစ်ပိဿာလျှင်(၂၆၀၀၀)ကျပ်၊ အမဲသားရိုးရိုး (အသားပြွန်း) လက်လီ တစ်ပိဿာလျှင်(၂၈၀၀၀)ကျပ်၊ အမဲပုဆိုးကြမ်း တစ်ပိဿာလျှင်(၁၄၀၀၀)ကျပ်၊ အမဲသား အတိုအစ တစ်ပိဿာ(၈၀၀၀)ကျပ်၊ အမဲသွေးခဲ တစ်ပိဿာလျှင်(၄၀၀၀)ကျပ်၊ အမဲအူ တစ်ပိဿာလျှင်(၆၀၀၀)ကျပ် နှင့် အမဲရိုး တစ်ပိဿာ(၆၀၀၀)ကျပ် ဈေးနှုန်းများဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း အမဲသားသည် ထံမှ သိရပါသည်။

DOCA (စစ်ကိုင်း) 

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော ရာသီစာ အင်ဥ(ခေါ်)မှိုစေ့ ဈေးနှုန်း

        ကျွန်းလှမြို့တွင် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများကို လုပ်ကိုင် လျက်ရှိရာ ယခု အချိန်တွင် သဘာဝအရပေါက်ရောက်သည့် အင်ဥ(ခေါ်)မှိုစေ့ကို ဈေးကွက်အတွင်းသို့  ရောင်းချ လျက်ရှိကြောင်း သိရသည်။

            ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်အတွင်း ကျွန်းလှမြို့၌ ဖြစ်ပေါ်လျက်ရှိသော  အင်ဥ(ခေါ်) မှိုစေ့ ဈေးနှုန်းအနေဖြင့် အင်ဥ(ခေါ်)မှိုစေ့ တစ်ပြည်လျှင်(၂၃၀၀၀)ကျပ်၊ နို့ဆီ(၄)ဘူး လျှင်(၁၂၀၀၀)ကျပ် နှင့် နို့ဆီဘူး(၁)ဘူးလျှင်(၃၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ် ဖြစ်လျက် ရှိကြောင်း  သိရသည်။

DOCA (စစ်ကိုင်း) 

ကျွန်းလှမြို့တွင် ဈေးကောင်းရရှိနေသော သပြေပန်း ဈေးနှုန်း

             စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့တွင် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများကို လုပ်ကိုင် ပြီး အသက်မွေးဝမ်းကြောင်းပြုကြသူများရှိသလို တောတောင်ကို အမှီပြုပြီး သပြေပန်းချိုးရောင်း ခြင်း၊ မျှစ်ချိုရောင်းခြင်း၊ မှိုရှာရောင်းခြင်း၊ အသီးအရွက်ခူးရောင်းခြင်း၊ အင်ဖက်ခူးရောင်းခြင်းနှင် ပျားရှာသည့်လုပ်ငန်းတို့ကိုလည်း လုပ်ကိုင်ပြီး မိသားစုစားဝတ်နေရေးတွက် အသက်မွေးဝမ်းကြောင်း ပြုသူများရှိသည့်အနက် သပြေပန်းကိုလည်းချိုးပြီး ကျွန်းလှမြို့သစ်ရာမြိုင်ဈေးတွင် လာရောက် ရောင်းချလျက်ရှိကြောင်း သိရသည်။

        သပြေပန်းကို ဘုရားပန်းကပ်လှူရန်အတွက်လည်းကောင်း၊ လှူပွဲ မင်္ဂလာပွဲ အခမ်းအနားများ တွင် အောင်ပန်းအဖြစ်လည်းကောင်း   အသုံးပြုကြပြီး  ယခု ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ဒုတိယပတ် အတွင်း သပြေပန်းခက် တစ်စည်းလျှင်(၁၀၀)ကျပ်၊ သပြေပန်း အငုတ်ကြီး(၁)ငုတ်လျှင် (၃၀၀၀/၄၅၀၀)ကျပ် နှင့် သပြေပန်း အငုတ်သေး(၁)ငုတ်လျှင်(၁၅၀၀/၂၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိပြီး လူကြိုက်များသော ပန်းဖြစ်သည့်အတွက် ဈေးကောင်းရရှိပြီး အရောင်းအဝယ် သွက်လျက် ရှိကြောင်း ပန်းရောင်းချသူ များထံမှ သိရသည်။

DOCA (စစ်ကိုင်း) 

သစ်ရာမြိုင်ဈေးတွင်  ရောင်းချလျက်ရှိသော  ရှင်မတောင် သနပ်ခါးတုံး ဈေးနှုန်း

           ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့ရှိ ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များ နှင့် ဈေးများတွင် ရှင်မတောင်သနပ်ခါးတုံးများကို ရွှေဘိုမြို့နှင့်မုံရွာမြို့တို့မှ မှာယူရောင်ချလျက်ရှိကြောင်း သိရသည်။

               ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်အတွင်း ကျွန်းလှမြို့တွင် ရောင်းချနေသော မြန်မာ့ရိုးရာ ရှင်မတောင်သနပ်ခါးဈေးနှုန်းမှာ ရှင်မတောင်သနပ်ခါးတုံး အကြီးအသေးပေါ်မူတည်၍ အတုံးကြီး()တုံးလျှင်(၄၀၀၀မှ ၄၅၀၀)ကျပ်၊ အလတ်()တုံးလျှင်(၃၅၀၀ မှ ၃၀၀၀)ကျပ်ဈေးနှင့် အသေး()တုံးလျှင်(၂၅၀၀ မှ၂၀၀၀) ကျပ်ထိ နှင့် သနပ်ခါးတုံးအမြစ်တုံးကလေးများသည်(၇၀၀ မှ ၁၀၀၀)ကျပ်ထိဈေးနှုန်းအသီးသီးတိုဖြင့်  အရွယ်အစား အမျိုးအစားပေါ်မူတည်၍ အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA (စစ်ကိုင်း) 

 ကျွန်းလှမြို့မှ ငရုပ်သီးခြောက် ဈေးနှုန်း

         ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ငရုပ်သီးခြောက်၊ အာလူး၊ ကြက်သွန်နီ နှင့် ကြက်သွန်ဖြူ တို့ကို ကန့်ဘလူဒေသထွက်နှင့် ရှမ်းပြည်နယ် အောင်ပန်းမြို့၊ မန္တလေးတိုင်းဒေသကြီးတို့မှ အများဆုံးမှာယူ ရောင်းချလျက်ရှိကြောင်း သိရှိရပါ သည်။

           ၂၀၂၅ ခုနှစ်၊ ယခု စက်တင်ဘာလ ဒုတိယပတ်၌ ကျွန်းလှမြို့၊ သစ်ရာမြိုင်ရပ်ကွက်ဈေးအတွင်း ရောင်းချနေသော ငရုပ်သီးခြောက်ဈေးနှုန်းအနေဖြင့် ငရုပ်သီးခြောက်(အရှည်)လက္ကား တစ်ပိဿာလျှင် (၁၇၀၀၀)ကျပ်၊ ငရုပ်သီးခြောက် (အရှည်) လက်လီ တစ်ပိဿာလျှင်(၁၈၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၉၀၀၀)ကျပ်၊ (၁၀)ကျပ်သားလျင်(၁၈၀၀)ကျပ် နှင့် ငရုပ်သီးလှော်ကြော်(၁၀)ကျပ်သားလျှင်(၂၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သစ်ရာမြိုင်ဈေးတွင် ငရုပ်သီးခြောက်၊ ကြက်သွန်ဖြူ /နီ နှင့် အာလူး အရောင်းအဝယ် လုပ်နေသည့် လုပ်ငန်းရှင်များထံမှ သိရှိရပါ သည်။

DOCA (စစ်ကိုင်း) 

သရေစာ မုန့်ပြားသလက် နှင့် မုန့်လင်မယား ဈေးနှုန်း

                        ကျွန်းလှမြို့တွင် ရိုးရာအစားအစာဖြစ်သည့် မုန့်ပြားသလက် နှင့် မုန့်လင်မယားကို ပြုလုပ် ရောင်းချလျက်ရှိပါသည်။

              ၂၀၂၅ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးပတ် ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော မုန့်ပြားသလက် အဖြူဈေးနှုန်းမှာ(၁)ခုလျှင်(၂၅၀)ကျပ်၊ မုန့်ပြားသက်အနီဈေးနှုန်းမှာ(၁)ခုလျှင်(၃၀၀)ကျပ်နှင့်ကြက်ဥ မုန့်ပြားသလက် ဈေးနှုန်းမှာ (၁)ခုလျှင်(၈၀၀)ကျပ်ဈေးနှုန်းတို့ဖြင့်လည်းကောင်း မုန့်လင်မယား ဈေး နှုန်းအနေဖြင့် မုန့်လင်မယား(၁)ခုလျှင်(၁၀၀)ကျပ်၊ ငွေကျပ်(၁၀၀၀)ဖိုးလျှင်(၁၁)ခုတို့ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA (စစ်ကိုင်း)                

ကျွန်းလှမြို့တွင် စိုက်ပျိုးရောင်းချနေသော မုံလာဥဖြူ ဈေးနှုန်း

          ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြရာမှ စားဖို ဆောင်သီးနှံဖြစ်သည့် မုံလာဥဖြူကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြပြီး သစ်ရာမြိုင်ဈေးကွက် အတွင်းသို့ လာရောက် ပို့ဆောင်ရောင်းချကြပါသည်။

           ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ဒုတိယအပတ် ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးအတွင်း ဖြစ်ပေါ် နေသော  မုံလာဥဖြူ ဈေးနှုန်းမှာ မုံလာဥဖြူ အလုံးအကြီး(၃/၄)လုံးပါ တစ်တွဲလျှင်(၈၀၀)ကျပ်၊ (၂)တွဲလျှင် (၁၅၀၀)ကျပ် နှင့် မုံလာဥဖြူ(၃/၄)လုံးပါ(၁၀)တွဲလျှင်(၇၅၀၀)ကျပ်၊ မုံလာဥဖြူ အလုံးသေး(၄/၅)လုံးပါ တစ်တွဲလျှင်(၅၀၀)ကျပ်(၁၀)တွဲလျှင်(၄၅၀၀)ကျပ် ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါသည်။

DOCA (စစ်ကိုင်း) 

ကျွန်းလှမြို့တွင် ရောင်းချနေသော မြေပဲလုံးဆံ၊ မြေပဲပတ် နှင့် မြေပဲဆီ ဈေးနှုန်း

               ကျွန်းလှမြို့ရှိ  ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များ နှင့် ဆီသန့်စက်များတွင် မြေပဲလုံးဆံများကို ဒေသ တွင်း ထွက်ရှိသည်များနှင့် မန္တလေးမြို့မှ မှာယူရောင်းချ လျက်ရှိကြောင်း သိရှိရပါသည်။

            ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်အတွင်း ကျွန်းလှမြို့ ကုန်မျိုးစုံရောင်းချသည့် ဆိုင်များတွင် ဖြစ်ပေါ်နေ‌သော မြေပဲလုံးဆံ ဈေးနှုန်း အနေဖြင့် မြေပဲလုံးဆံ တစ်ပြည့်လျှင်(၁၂၀၀၀)ကျပ်၊ နို့ဆီဘူး (၄)ဘူးလျှင်(၆၀၀၀)ကျပ် နှင့် နို့ဆီ(၁)ဘူးလျှင်(၁၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် လည်းကောင်း မြေပဲဆီ ဈေးနှုန်းအနေဖြင့် မြေပဲဆီ တစ်ပိဿာလျှင်(၁၉၀၀၀)ကျပ်၊ မြေပဲဆီ(၁၀)ပိဿာ တစ်ပုံးလျှင်(၁၈၅၀၀၀) ကျပ် ဈေးနှုန်းတို့ဖြင့် လည်းကောင်း မြေပဲပတ် ဈေးနှုန်းအနေဖြင့် မြေပဲပတ် တစ်ပိဿာလျှင်(၄၀၀၀)ကျပ် ဈေးနှုန်း ရှိပြီး မြေပဲပတ်ကို မိမိတို့ ဒေသတွင်း ဝက်စာ၊ ကြက်စာ အပြင်ပိုလျှံသည့်ပဲပတ်များကို  မန္တလေးမြို့သို့ ပို့ဆောင် ရောင်းချလျက် ရှိကြောင်း ဆီစက်လုပ်ငန်းရှင်ထံမှ သတင်းရရှိပါသည်။

DOCA (စစ်ကိုင်း) 

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော မယ်ဇလီဖူးပြုတ်  ဈေးနှုန်း

      ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် မိုးဦးရာသီ နှင့် တန်ဆောင်မုန်းလပြည့်နေ့များတွင် ဆေးဘက် ဝင်သည်ဟု အဆိုရှိ၍ အများဆုံးစားသုံးလေ့ရှိသော မယ်ဇလီဖူးများကို  ပြုတ်၍ ဈေးထဲတွင် ရောင်းချ လျက်ရှိကြောင်း သိရသည်။ မယ်ဇလီပင်များကို အရိပ်ရစေရန်အတွက် မိမိတို့ နေအိမ် မျက်နှသာ လမ်းဘေးများတွင် စိုက်ပျိုးထားလျက်ရှိကြပြီး မယ်ဇလီဖူးကို သူ့ရာသီချိန်တွင် ခူးဆွတ်ရောင်းချလျက်ရှိ ကြောင်း သိရသည်။

       ၂၀၂၅ ခုနှစ်၊  စက်တင်ဘာလ ဒုတိယပတ်အတွင်း ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ရောင်းချ နေသော မယ်ဇလီဖူးပြုတ် ဈေးနှုန်းအနေဖြင့်  မယ်ဇလီဖူးပြုတ် တစ်ပြည်လျှင်(၃၀၀၀)ကျပ်၊ နို့ဆီဘူး (၄)ဘူးလျှင်(၁၅၀၀)ကျပ်၊ နို့ဆီဘူး တစ်ဘူးလျှင်(၄၀၀)ကျပ်၊  ဈေးနှုန်းတို့ဖြင့် အ‌ရောင်းအဝယ် ဖြစ်လျက် ရှိကြောင်း သတင်းရရှိပါသည်။

DOCA (စစ်ကိုင်း) 

 

ကျွန်းလှမြို့တွင် ရောင်းချနေသော မုန့်မျိုးစုံ  ဈေးနှုန်း

            ကျွန်းလှမြို့၊သစ်ရာမြိုင်ဈေးတွင် စားသောက်ကုန် ပစ္စည်းမျိုးစုံရောင်းချသည့် ဆိုင်များတွင် ခါကြာ မုန့်များကို ကန့်ဘလူမြို့မှ မှာယူ ရောင်းချလျက်ရှိကြောင်း လဖက်ရည်ဆိုင်များတွင် မနက်အစောစာ လဖက်ရည်နှင့်တွဲဖက်စားသုံးနိုင်သည့် မုန့်မျိုးစုံ ရောင်းချကြောင်း သိရှိရပါသည်။

           ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်အတွင်း ကျွန်းလှမြို့ သစ်ရာမြိုင်ဈေးတွင် စားသောက်ကုန် ပစ္စည်းမျိုးစုံ နှင့် လဖက်ရည်ဆိုင်များတွင် ရောင်းချနေသည့် ခါကြာမုန့် ၊ ပေါက်ဆီ၊ ပေါက်ဆီကြော်၊ ထပ်တစ်ရာ၊ ပလာတာ၊ အီကြာကွေး၊ မုန့်တီ၊ မုန့်ဟင်းခါး၊ ရှမ်းခေါက်ဆွဲ နှင့် စမူစာကြော် ဈေးနှုန်းများအနေဖြင့် ခါကြာမုန့် တစ်ခုလျှင်(၇၀၀)ကျပ်၊ ခါကြာမုန့်(၃)ခုလျှင်(၂၀၀၀)ကျပ် နှင့် စမူစာ တစ်ခုလျှင်(၅၀၀)ကျပ်၊ အုန်းသကြား ပေါက်ဆီ (၁)လုံးလျှင်(၅၀၀)ကျပ်၊ ကြက်သား/ဝက်သား ပေါက်ဆီ (၁)လုံးလျှင်(၁၅၀၀)ကျပ် နှင့် ပေါက်ဆီကြော်(၁)လုံးလျှင်(၇၀၀)ကျပ်(၃)လုံးလျှင်(၂၀၀၀)ကျပ်၊ ပဲ ထပ်တစ် ရာ/ပလာတာ၊ သကြား ထပ်တစ်ရာ/ပလာတာ တစ်ခုလျှင် (၁၀၀၀)ကျပ်၊ ပဲအီကြာ တစ်ချောင်းလျှင် (၁၀၀၀)ကျပ်၊ နို့အီကြာ တစ်ချောင်းလျှင်(၁၂၀၀)ကျပ် နှင့် မုန့်တီ/မုန့်ဟင်းခါး/ရှမ်းခေါက်ဆွဲ တစ်ပွဲလျှင် (၁၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရပါသည်။

DOCA (စစ်ကိုင်း) 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း