Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မျှစ်ခြောက် လှိုင်လှိုင်ဝင်‌ရောက်၍ အရောင်းသွက်နေ

        ရွှေဘိုမြို့တွင် ဩဂုတ်လ လဆန်းပိုင်းမှစ၍ ဒေသထွက် မျှစ်ခြောက်များအပြင် ကန့်ဘလူမြို့၊ ကောလင်းမြို့များမှမျှစ်ခြောက်များ ဈေးကွက်အတွင်း စတင်ဝင်ရောက်လာပြီး၊ ယခု စက်တင်ဘာလ ဒုတိယပတ်တွင် မျှစ်ခြောက်များ လှိုင်လှိုင်ဝင်ရောက်လာကာ လက်လီ တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်ဖြင့်၊လက္ကား တစ်ပိဿာလျှင် (၁၈၀၀၀)ကျပ်ဖြင့်  အရောင်းသွက်လျက်ရှိကြောင်း ရွှေဘိုမြို့ စည်ပင်သာယာဈေးရှိ ဒေသထွက် စားသောက်ကုန် ရောင်းချသူတစ်ဦးထံမှ သိရသည်။

          မျှစ်ခြောက်သည် နုနယ်ပြီး နှစ်ပေါက် အထားခံသည့် စားသောက်ကုန်ဖြစ်သဖြင့် ကုန်သည်လှောင်လက်များပြီး၊ ဝင်ရောက်လာသော မျှစ်ခြောက်များကို   မုံရွာ၊ မန္တလေး၊ နေပြည်တော်၊ ရန်ကုန်မြို့များသို့  တင်ပို့ရောင်းချသည့်အပြင် ရွှေဘိုမြို့ပေါ်ရှိ ဈေးကြီးများမှတစ်ဆင့် ပြန်လည်၍ ဖောက်သည်ဝယ်ယူရောင်းချကြသူများ၊ စားသောက်ဆိုင်များမှ ဝယ်ယူသူများဖြင့်  ဝင်ရောက်သမျှ အရောင်းသွက်လျက်ရှိကြောင်း သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

 ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော  ငါးကြင်း နှင့် ငါးမြင်း  ဈေးနှုန်း

         ကျွန်းလှမြို့နယ်အတွင်း စားသောက်ကုန်၊ လူသုံးကုန်ဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက် ရှိရာမှ အသားငါး ဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိပြီး သဖန်းဆိပ်ဆည်အတွင်းမှ ထွက်ရှိသည့် ဒေသထွက်ရေချိုငါးများကို   ဝယ်ယူရောင်းချကာ ဈေးကောင်းရရှိ၍ အရောင်းအဝယ် ဖြစ်လျက်ရှိ ကြောင်း သိရသည်။

         ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ဒုတိယအပတ်တွင် ကျွန်းလှမြို့၏ ငါးကြင်း ဈေးနှုန်းများ အနေဖြင့် ငါးကြင်း(အကောင်အကြီး)လက်လီဈေး()ပိဿာလျှင်(၁၆၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၈၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၄၀၀၀)ကျပ် နှင့် ငါးကြင်းခုတ်သား လက်လီ()ပိဿာလျှင်(၂၅၀၀၀) ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၃၀၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင်(၆၅၀၀)ကျပ် ဈေးနှုန်းဖြင့် လည်း ကောင်း၊ အလားတူပင် ငါးမြင်း()ပိဿာလျှင်(၂၀၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၀၀၀၀)ကျပ်  ဈေးနှုန်း တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ငါးအရောင်းအဝယ် လုပ်ကိုင်သူထံမှ သိရပါသည်။

DOCA (စစ်ကိုင်း)

 

နန္ဒဝန်ဈေးသစ်ရှိ ပဲလိပ်ပြာဈေးနှုန်း

            မုံရွာမြို့ရှိ နန္ဒဝန်ဈေးသစ်တွင် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများအပြင် ဒေသထွက် ပဲလိပ်ပြာများ ရောက်ရောင်းချလျက်ရှိပါသည်။ ပဲလိပ်ပြာသည် ချိုဆိမ့်အရသာ ရှိပြီး ပဲဟင်းရည်ချက်စားရာတွင်လည်းကောင်း ခရမ်းချဉ်သီးကို အနှစ်ပြုလုပ်ပြီး ရော၍ချက်စားလျှင်လည်း အရသာကောင်းမွန်သဖြင့် လူကြိုက်များ၍ ရောင်းအားကောင်းကြောင်း သိရပါသည်။

          ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ် နန္နဝန်ဈေးသစ်တွင် ဖြစ်ပေါ်နေသော ပဲလိပ်ပြာဈေးနှုန်းမှာ ပဲလိပ်ပြာ(၂၅)ကျပ်သားလျှင် (၂၅၀၀)ကျပ်၊ တစ်ပိဿာလျှင် (၁၀၀၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့၊ နန္ဒဝန်ဈေးသစ်ရှိ ပူစီနံနှင့် နံနံပင်ဈေးနှုန်း

          မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်လျက်ရှိရာ စားဖိုဆောင်သီးနှံဖြစ်သည့် နံနံပင်၊ ပူစီနံပင်၊ ချဉ်ပေါင်ရွက်၊ ဆူးပုတ်ရွက်၊ ကန်ဇွန်းရွက်၊ ပဲတောင့်ရှည်သီး၊ ရုံးပတီသီး၊ ခရမ်းသီးနှင့်  ခဝဲသီးများကို စိုက်ပျိုးလျက်ရှိပါသည်။  စိုက်ပျိုးထွက်ရှိသော သီးနှံများမှ ပူစီနံပင်များနှင့် နံနံပင်များကို  မုံရွာမြို့၊ နန္ဒဝန်ဈေးသစ်တွင် လာရောက်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ နံနံပင်နှင့်ပူစီနံသည်  မြန်မာဟင်းများတွင်သာမက မုန့်ဟင်းခါးအသုပ်စုံတို့တွင်လည်း တွဲဖက်စားသုံးကြပါသည်။

          ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်တွင် နန္ဒဝန်ဈေးသစ်တွင်  ရောင်းချနေသော နံနံပင်ဈေးနှုန်းမှာ တစ်စည်းလျှင်(၁၅၀)ကျပ်၊ (၂)စည်းလျှင်(၃၀၀)ကျပ်ဖြစ်ပြီး ပူစီနံ ဈေးနှုန်း မှာ တစ်စည်းလျှင် (၃၀၀)ကျပ်၊ (၂)စည်းလျှင် (၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

တနင်္သာရီတိုင်း၊ မြိတ်မြို့ပေါ်ရှိ စပါးလင်ဈေးနှုန်း/ဈေးကွက်

       စပါးလင်သည် မြက်ပင်မျိုးနွယ်ဝင် အပင်တစ်မျိုးဖြစ်ပြီး တစ်ပင်နှင့်တစ်ပင် စုပြုံပေါက် လေ့ရှိပါသည်။ စပါးလင်ကို အထူးတလည်ဂရုစိုက်ရန် မလိုပဲ ပေါင်းမြက် ရှင်းလင်းပေးရန်သာ လို အပ်ပါသည်။ အပင်တစ်အုံလုံးကို တူးဖော်ရောင်းချပြီး တစ်နှစ်တစ်ခါမိုးရာသီတွင် ပြန်လည်စိုက် ပျိုးကြပါသည်။ စပါးလင်ပင်သည် ဆေးဘက်ဝင်ပြီး အများအားဖြင့် ဟင်းလျာများတွင် အနံ့ ကောင်းစေရန် အသုံးပြုကြပါသည်။

          မြိတ်မြို့ဒေသအတွင်းရှိ ကျေးရွာအချို့များတွင် စပါးလင်ကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြ သလို ခြံစိုက်တောင်သူ အချို့မှာ မာလကာပင်များအကြားတွင် ကြားသီးနှံအဖြစ် စိုက်ပျိုးကြပါ သည်။ ဈေးနှုန်းအနေဖြင့် ယခုစက်တင်ဘာလတတိယတွင် မြိတ်မြို့ပေါ်တွင် ခြံပေါက်ဈေး အပင် (၁၀၀)လျှင် (၆၀၀၀)ကျပ်ဖြစ် တင်သွင်းကြောင်း စပါးလင်စိုက်တောင်သူများထံမှသိရှိရပြီး ဈေး ကွက်အတွင်းတွင် ရောင်းချနေသော စပါးလင်ပင် သုံးပင်ပါတစ်စီးလျှင် (၇၀၀)ကျပ်ဖြင့် ရောင်းချ နေကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

မြိတ်မြိုနယ်စည်ပင်သာယာဈေးကြီးအတွင်း ရောင်းချလျက်ရှိသော သစ်သီးဝလံဈေးနှုန်းများ

  မြိတ်မြို့၊ စည်ပင်သာယာဈေးကြီးတွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ရန်ကုန်မြို့ နှင့် ကော့ သောင်း မြို့မှ အသီးသီးဝင်ရောက်လျက်ရှိသော သစ်သီးဝလံများရှိကြောင်း သိရှိရပါသည်။

          စက်တင်ဘာလ ဒုတိယအပတ်တွင်ဖြစ်ပေါ်လျက်ရှိသော သစ်သီးဝလံဈေးနှုန်းများမှာ ထောပတ်သီးတစ်လုံးလျှင် ကျပ် ၃၅၀၀၊နဂါးမောက်သီးတစ်လုံးလျှင် ကျပ် ၅၀၀၀၊ပန်းသီးတစ်လုံး လျှင် ကျပ် ၃၀၀၀၊ပန်းသီးစိမ်းတစ်လုံးလျှင် ကျပ် ၂၀၀၀၊စပျစ်သီးတစ်ကီလိုလျှင် ကျပ် ၁၅၀၀၀၊    မာလကာသီးတစ်လုံးလျှင် ကျပ် ၂၀၀၀၊လိမ္မော်သီးတစ်လုံးလျှင် ကျပ် ၂၀၀၀၊လိုင်ချီးသီး နို့ဆီဗူး တစ်ဗူးလျှင် ကျပ်၂၀၀၀၊သရက်သီး(ယိုးဒယားသီး)တစ်လုံးလျှင် ကျပ် ၂၅၀၀၊ပန်းသစ်တော်သီး တစ်လုံးလျှင် ကျပ် ၃၀၀၀ နှင့် ရှောက်ချိုသီးတစ်လုံးလျှင် ကျပ် ၃၅၀၀ ဖြင့် အသီးသီး အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း မြိတ်မြို့နယ် စည်ပင်သာယာဈေးကြီးတွင်ရောင်းချလျက်ရှိသော သစ်သီးဆိုင်များထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်းဒေသ၊မြိတ်မြို့ပေါ်ရှိ ခရမ်းသီးဈေးနှုန်း

    တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်အတွင်းရှိကျေးရွာများနှင့် မြိတ်မြို့ပေါ် ရပ်ကွက်များတွင် ရာသီပေါ်သီးနှံများကို စိုက်ပျိုးလုပ်ကိုင်စားသောက်ကြပြီး ရာသီပေါ်သီးနှံဖြစ် သည့် ခရမ်းသီး၊ ဘူးသီး၊ ငရုတ်သီး၊ ရုံးပတီသီး၊ ပဲသီး၊ သခွားသီးများကို စိုက်ပျိုးကြပါသည်။ ရာသီ ပေါ်သီးနှံဖြစ်သည့် ခရမ်းသီးများကိုလည်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးလျက်ရှိပြီး စမ်းချောင်းကုန်စိမ်း ဈေးနှင့် ရပ်ကွက်ဈေးငယ်များတွင် ရောင်းချကြလျက်ရှိပါသည်။

       ယခု၂၀၂၅ခုနှစ် စက်တင်ဘာလတတိယပတ်တွင် ဖြစ်ပေါ်နေသည့် မြိတ်မြို့ပေါ်ရှိ ခရမ်း သီးဈေးနှုန်းမှာ တစ်လုံးလျှင် (၁၅၀၀)ကျပ်ခန့်ရှိပြီး ယခင်လတွေထက်ဈေးနှုန်းတက်လာကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်း၊ မြိတ်မြို့ပေါ်ရှိ ပန်းတိမ်ငိုဘုရားပန်းဈေးနှုန်း/ဈေးကွက်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့ပေါ်အနီးတစ်ဝိုက်ကျေးရွာများ၌ စီးပွားဖြစ် ဘုရားပန်းများ စိုက်ပျိုးရောင်းချလျက်ရှိပြီး လူကြိုက်များသော ပန်းတိမ်ငိုပန်းများနှင့် အခြားသော  ဘုရားပန်းများကို ရန်ကုန်နှင့် မော်လမြိုင်တို့ဘက်မှ အများဆုံးတင်သွင်း‌ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ပန်းတိမ်ငိုဘုရားပန်းသည် အထားခံပြီး ကျက်သရေရှိသည့်အတွက် ဈေးကောင်းရရှိ ကြောင်းလည်း သိရှိရပါသည်။

          ၂၀၂၅ခုနှစ် စက်တင်ဘာလတတိယပတ်တွင် မြိတ်မြို့ပေါ်တွင် ရောင်းချနေသော ပန်းတိမ် ငိုဘုရားပန်းဈေးနှုန်းမှာ (၁၀)ပွင့်လျှင် (၆၀၀၀)ကျပ်ရှိကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ပေါ်ရှိ ပန်းသစ်တော်သီးဈေးနှုန်း

  တနင်္သာရီတိုင်း‌ဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်တွင် ပန်းသစ်တော်သီး အများအပြား ရောင်းချလျက်ရှိကြောင်း ပန်းသစ်တော်သီးများကို တခြားဒေသများနှင့် သစ်သီးပွဲရုံများမှ မှာယူ ရောင်းချလျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရှိရပါသည်။ ပန်းသစ်တော်သီးသည် အရည်ရွှမ်း သော အသီးဖြစ်သည့်အတွက် လူကြိုက်များကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါ သည်။

    ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလတတိယပတ်တွင် မြိတ်မြို့ပေါ်ရှိ သစ်သီးဆိုင်များတွင် ရောင်း ချနေသော ပန်းသစ်တော်သီးဈေးနှုန်းများမှာ အကြီးတစ်လုံးလျှင်(၃၀၀၀)ကျပ်နှင့် အငယ်တစ်လုံး လျှင် (၂၅၀၀)ကျပ်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်း၊ မြိတ်မြို့ပေါ်ရှိ ကန်စွန်းဥဈေးကွက်

   မြိတ်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြရာမှ စားဖို ဆောင်သီးနှံတစ်မျိုးဖြစ်သည့် ကန်စွန်းဥများကိုလည်းတစ်နိုင်တစ်ပိုင်စိုက်ပျိုးကြကြောင်း တွေ့ရှိ ရပါသည်။

   ကန်စွန်းဥကို ပြုတ်စားတာဖြစ်ဖြစ်၊ ကြော်စားတာြဖစ်ဖြစ်၊ မုန့်လုပ်စားတာဖြစ်ဖြစ် စားသုံးလိုရပြီး အလွန်ပင် စား‌ကောင်းရုံသာမက ကျန်းမာရေးအတွက်လည်း အလွန်ပင်အထောက်အကူ ပြုသော သီးနှံတစ်မျိုးဖြစ်သည်။ ကန်စွန်းဥမှာ အဟာရဓာတ်များစွာပါဝင်သည့်အတွက် ကိုယ်ခံ အားကောင်းမွန်စေခြင်း၊ အမြင်အာရုံ‌ကောင်းမွန်စေခြင်း၊ ဦးနှောက်လုပ်ဆောင်မှုကို ကောင်းမွန် စေခြင်းနှင့် ကိုယ်အလေးချိန်ကိုကျစေခြင်း စသည့်အကျိုးကျေးဇူးတွေရရှိနိုင်သည့်အတွက် ကန်စွန်း ဥကို စားသုံးသင့်ကြောင်း သိရပါသည်။ ယခုစက်တင်ဘာလတတိယပတ်တွင် မြိတ်မြို့ပေါ် တွင်ရောင်းချနေသာ ကန်စွန်းဥဈေးနှုန်းမှာ ကန်စွန်းဥအကြီးစားတစ်ပိဿာ လျှင် (၅၅၀၀)ကျပ်နှင့် အသေးစားတစ်ပိဿာလျှင် (၄၅၀၀)ကျပ်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း