Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဘူးသီးဘူးညွှန့်ဈေးနှုန်းများ

      မြင်းခြံမြို့ပေါ်ရှိ ဘူးသီးဘူးညွှန့်များသည် စားသုံးသူများပြားသည့် သီးနှံဖြစ်သည်။ ရာသီပေါ်သီးနှံဖြစ်သည့် ဘူးသီးများကို ခရမ်းချဉ်သီးနှင့် ချဉ်ရည်ဟင်းချက်ပြုတ်၍ စားသောက်ခြင်း၊ ဘူးသီးနှင့် ပဲ၊ပုဇွန်ခြောက်၊ ဘူးသီးနှင့် ကြက်သားတို့ရောပြီး ကြက်ဘူးသီးဟင်းကိုနှစ်သက်စွာ ချက်စားကြသည်။အကြော်ဆိုင်များတွင်လည်း ဘူးသီးကြော်များ ရောင်းချကြ၍ ဝယ်ယူမှုများ သောကြောင့် စိုက်ပျိုးရောင်းချသူများအတွက်လည်း ဝင်ငွေရရှိစေပါသည်။ ဘူးပင်မှရရှိသောဘူးညွှန့်များကိုလည်း ကြော်ချက်၍ စားကြသလို တို့စရာအဖြစ်လည်း စားသုံးကြပါသည်။ ယခုအခါ ဘူးသီးများကို အလုံးအကြီးအသေးပေါ်မူတည်၍ ၃၀၀၀/၄၀၀၀ ကျပ်၊ ဘူးသီးအနုမှာ (၁၂၀၀)ကျပ်၊ ဘူးညွှန့်တစ်စည်းလျှင် (၂၀၀)ကျပ်နှင့် (၃)စည်းလျှင် (၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ရှိနေကြောင်း သိရသည်။

DOCA(မန္တလေး)

သရက်မြို့၏ ငှက်ပျောသီး ဈေးနှုန်းအခြေအနေ

         မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်ရှိ ထီးရိုး၊ ရွှေပန်းကိုင်းကျေးရွာနှင့် မင်းတုန်းမြို့နယ်ရှိ ယော၊ သမ္ဗူလ၊ မြို့ဟောင်း၊ အလယ်ချောင်းကျေးရွာများမှ ထွက်ရှိသည့် ဖီးကြမ်း ငှက်ပျောနှင့် ရခိုင်ငှက်ပျောသီးများမှာ သရက်မြို့ပေါ်ရှိ ငှက်ပျောသီးဆိုင်များသို့ အများဆုံးဝင် ရောက်လျက်ရှိကြောင်း သိရသည်။

     ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ(စတုတ္ထပတ်)တွင် ငှက်ပျောသီး တစ်ဖီးဈေးနှုန်းအနေဖြင့် ဖီးကြမ်း ကျပ်(၃၀၀၀-၃၅၀၀)၊ ရခိုင်ငှက်ပျောသီး ကျပ်(၁၃၀၀-၁၅၀၀)ဖြင့် ရောင်းချကြောင်း၊ ယခင် (တတိယပတ်)နှင့် နှိုင်းယှဉ်ပါက ပြောင်းလဲမှုမရှိဘဲ ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ငှက် ပျောသီးရောင်းချသည့် ဈေးသည်များထံမှ သိရှိရပါသည်။

DOCA(မကွေး)

ဖရဲသီးစားသုံးခြင်း၏ကောင်းကျိုးများနှင့်ဈေးနှုန်းဈေးကွက်

              ဖရဲသီးတွင် ရေဓာတ်၉၂%ပါဝင်သောကြောင့် ရင်ကိုအေးမြစေပြီး ရေငတ်ပြေစေကာ ခန္ဓာကိုယ် အတွင်းရှိ အပူရှိန်ကိုလည်းလျှော့ချပေးနိုင်ပါသည်။ ဖရဲသီးတွင်အဆီနှင့် ကိုလက်စထရော လုံးဝမပါရှိဘဲ ရေဓာတ် ၉၂ ရာခိုင်နှုန်းပါဝင်ခြင်းက ထူးခြားလှပါသည်။ အမျှင်ဓာတ်၊ ဗီတာမင်အေ၊ ဗီတာမင်ဘီ နှင့်ဗီတာမင်စီဓာတ်ပေါများစွာပါဝင်ပြီး ကယ်လ်လိုရီအလွန်နည်းသောကြောင့်အာဟာရ လည်းဖြစ်စေ ပါသည်။ ဖရဲသီးကိုစားသုံးပေးခြင်းဖြင့် ရရှိနိုင်သောကျန်းမာရေး ကောင်းကျိုးများမှာ နှလုံးကျန်းမာရေး ကောင်းမွန်ခြင်း၊ ကျောက်ကပ်ကျန်းမာခြင်း၊ အမြင်အာရုံတိုးတက်ကောင်းမွန်ခြင်း၊ သွေးတိုးရောဂါကို သက်သာစေခြင်း၊ အသားအရေဝင်းပစေခြင်း၊ အရိုးကျန်းမာသန်စွမ်းခြင်း၊ ကြွက်သားများနာကျင်မှုကို ခုခံပေးခြင်းနှင့် ပန်းနာရောဂါကိုတိုက်ဖျတ်ပေးခြင်းစသည့်အကျိုးကျေးဇူးများစွာကိုရရှိစေနိုင်ပါသည်။ဖရဲသီးတွင်ဗီတာမင်စီများစွာပါဝင်သဖြင့် ကိုယ်ခံစွမ်းအား ကိုလည်းမြှင့်တင်ပေးကာ အနာများကိုလည်း လျှင်မြန်စွာကျက်စေနိုင်ပါသည်။ သွားနှင့်ခံတွင်း ကိုလည်းကျန်းမာစေပါသည်။ ဖရဲသီးထဲရှိ အချိုဓာတ် သည် အင်ဆူလင်ကိုထိန်းညှိပေးပြီး သွေးထဲရှိသကြားပမာဏကိုကျစေသဖြင့် ဆီးချိုရောဂါရှိသူများ အနေဖြင့်လည်း စားသုံးပေးသင့်ပါသည်။ ဖရဲသီးတွင်ရေဓာတ်ကြွယ်ဝစွာ ပါဝင်သဖြင့် ဖရဲသီးစားသုံး ပေးခြင်းဖြင့် မကြာခဏ ဆီးသွားစေပြီး ကျောက်ကပ်ကိုသန့်စင်စေကာ ဆီးကျောက်တည်ခြင်း မှလည်း ကာကွယ်ပေးပါသည်။ ဗီတာမင်အေပါဝင်ခြင်းကြောင့် ကြက်မျက်သင့်ရောဂါ၊ မျက်စိအတွင်းတိမ်ဖြစ် ခြင်းစသည့် မျက်စိရောဂါအမျိုးမျိုးအပြင်ဖရဲသီးတွင်ပါဝင်သော ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်ဓာတ်များ ကြောင့် သွေးတိုးရောဂါကိုလည်းသက်သာစေနိုင်ပါသည်။ ဘေးထွက်ဆိုးကျိုးမရှိဘဲ  ကျန်းမာရေးအ တွက်ကောင်းကျိုးများစွာပြုသော ဖရဲသီးမှာတစ်လုံးလုံးအသုံးဝင်ပါသည်။ဖရဲသီးအသားကိုလူသားတို့စားသားကြသည်သာမက ဖရဲစေ့ကိုလည်(ကွာစေ့) ပြုလုပ်၍စားသုံးကြပါသည်။ ထို့အပြင် ဖရဲသီး အခွံများကိုလည်း နွားများကြိုက်နှစ်သက်ပြီး တိရစ္ဆာန်အစာအဖြစ်လည်းအသုံးဝင်ပါသည်။ကျန်းမာရေးအတွက်အကျိုးပြုရုံသာမကတစ်လုံးလုံးအသုံးဝင်သောဖရဲသီးကိုမြင်းခြံမြို့ရှိသစ်သီးဆိုင်များနှင့်အေးမြသီတာဈေးထဲတွင် တစ်လုံးလျှင် (၃၀၀၀ -၄၀၀၀ -၅၀၀၀) ကျပ်ဖြင့်အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။         

DOCA(မန္တလေး)       

မန္တလေးစျေးကွက်တွင်ခရမ်းသီးစျေးအနည်းငယ်ကျ

         မန္တလေးမြို့ ၄၁လမ်းစျေးနှင့် သီရိမာလာစျေးအတွင်းသို့ ကုန်စိမ်းမျိုးစုံ ဝင်ရောက်လျက်ရှိပြီး၊ ခရမ်းသီးမှာ ဝင်ရောက်မှုများပြားသည့်သီးနှံအမယ်ဖြစ်ကြောင်း  သိပါသည်။ ခရမ်းသီးမှာ မန္တလေး တိုင်း‌ဒေသကြီး၊စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်မှ ဝင်ရောက်လျက်ရှိပြီး၊ တန်ဆောင်မုန်းလ ရာသီချိန်ဖြစ်၍ ဝင်ရောက်မှုများသည့်အတွက် စျေးအနည်းငယ်ကျဆင်းသွားကြောင်း သိရှိရပါသည်။ ၂၀၂၅ ခုနှစ် နိုဝင်ဘာလပထမပတ်အတွင်း  ခရမ်းသီးတစ်ပိဿာလျှင်  လက္ကားစျေး ၁၃၀ဝိ/- နှင့် ၁၅၀ဝိ/- ၊ လက်လီစျေး ၁၈၀ဝိ/- နှင့် ၂၀၀ဝိ/-တို့ဖြင့် ရောင်းချလျက်ရှိပြီး၊ အရောင်းသွက်လျက် ရှိ ကြောင်း ကုန်စိမ်းရောင်းချသူတစ်ဦး၏ပြောပြချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)      

အရောင်းသွက်သည့်မုန့်ညင်းဖြူ

             မန္တလေးမြို့ ၄၁လမ်းစျေးနှင့် သီရိမာလာစျေးအတွင်းသို့ ကုန်စိမ်းမျိုးစုံ ဝင်ရောက်လျက်ရှိပြီး၊ မုန့်ညင်းဖြူဟင်းရွက်မှာ တန်ဆောင်မုန်းလရာသီချိန်အတွင်း   ဝင်ရောက်မှုများပြား သည့်အတွက် စျေးအနည်းငယ်ကျဆင်းသွားကြောင်း သိရှိရပါသည်။ မုန်ညင်းဖြူမှာမန္တလေးတိုင်း‌ဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်မှ ဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။ ၂၀၂၅ ခုနှစ်  နိုဝင်ဘာလပထမပတ်အတွင်း  မုန်ညင်းဖြူတစ်ပိဿာလျှင် လက္ကားစျေး ၂၅၀ဝိ/- နှင့် ၃၀၀ဝိ/- ကျပ်၊ လက် လီစျေး  ၃၅၀ဝိ/- နှင့် ၄၀၀ဝိ/-စျေးဖြင့်ရောင်းချလျက်ရှိပြီး အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။  

DOCA(မန္တလေး)      

တန်ဆောင်မုန်းလသခွားမွှေးသီးစျေးကွက်

            တန်ဆောင်မုန်းလရာသီချိန်ဖြစ်သည့်အတွက် သခွားမွှေးသီးမှာစျေးကွက်အတွင်း ဝင်ရောက် မှု လျော့နည်းလာသည့်အတွက် စျေးအနည်းငယ်တက်သွားကြောင်း သိရှိရပါသည်။ သခွားသီး သီးနှံမှာ ပြည်ပ သို့တင်ပို့သည့် သစ်သီးဖြစ်ပြီး၊ ၂၀၂၄-၂၀၂၅ခုနှစ် မန္တလေးတိုင်းဒေသကြီးအတွင်း သခွားမွှေးသီး စိုက်ပျိုးမှု(၁၃၀၀)ဧကကျော် ဖြစ်ကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ပထမပတ် အတွင်း သခွားမွှေးသီး‌စျေးမှာ တစ်လုံးလျှင် အလုံးဝိုင်း(ကြီး) ၄၀၀၀ ကျပ်နှင့် ၅၀၀၀ ကျပ်၊ အလုံး (ရှည်) ၃၀၀၀ကျပ်နှင့်  ၄၀၀၀ ကျပ်စျေးဖြစ်ပြီး၊ တန်ဆောင်မုန်းကာလ အခါသမယ အတွင်း မန္တလေး စျေးကွက်တွင် သခွားမွှေးသီးများ အရောင်း သွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)      

  တန်ဆောင်မုန်းလသစ်သီးမျိုးစုံအရောင်းသွက်

           တန်ဆောင်မုန်းလအခါသမယတွင် မန္တလေးစျေးကွက်အတွင်း သစ်သီးမျိုးစုံအရောင်းသွက် လျက်ရှိကြောင်းသိရပါသည်။ မန္တလေးမြို့၊စျေးချိုစျေး၊ ၂၉လမ်း နှင့်၃၁လမ်းကြား၊ ၈၄လမ်းရှိ သစ်သီး ပွဲရုံများသို့ သစ်သီးမျိုးစုံဝင်ရောက်လျက်ရှိပြီး၊ ၂၀၂၅ ခုနှစ်နိုဝင်ဘာလပထမပတ်အတွင်း သစ်သီး စျေးများအနေဖြင့် တစ်ပိဿာလျှင် စပျစ်သီး ၁၃၀၀ဝိ/-နှင့် ၁၈၀၀ဝိ/-၊ လိမေ္မာ်သီးအပွ(အလုံးကြီး)  ၂၅၀၀ဝိ/နှင့်၃၀၀၀ဝိ/-၊ပျားလိမ္မော်နှင့်ရွှေလိမ္မော်၁၂၀၀ဝိ/-နှင့်၁၅၀၀ဝိ/-စျေး၊ထောပတ်သီး(Hassမျိုး) ၁၀၀၀ဝိ/- နှင့်၁၃၀၀ဝိ/-စျေးတို့နှင့် အလုံးအရေအတွက်ဖြင့် ရောင်းချသည့်သစ်သီးတစ်လုံးစျေးတို့မှာနဂါးမောက်သီး(ခရမ်းရောင်) ၁၂၀ဝိ/-နှင့်၁၅၀ဝိ/-၊နဂါ်းမောက်သီး(အဖြူ) ၁၅၀ဝိ/- နှင့် ၁၈၀ဝိ/-၊ကျွဲကောသီး(မော်လမြိုင်သီး)၃၀၀ဝိ/-နှင့်၅၀၀ဝိ/-၊ပန်းသီးအလုံးကြီး(အကျွတ်သီး) ၂၅၀ဝိ/- နှင့်၃၅၀ဝိ/-၊ဆန်းကစ်သီး၂၅၀ဝိ/နှင့်၃၀၀ဝိ/၊ ပန်းသစ်တော်သီး(အလုံးကြီး) ၃၀၀ဝိ/နှင့်၄၀၀ဝိ/-  စျေး၊ သခွားသီး ၃၅၀ဝိ/- နှင့် ၅၀၀ဝိ/-၊ တည်သီးတစ်လုံးလျှင် ၁၅၀ဝိ/-နှင့် ၁၈၀ဝိ/- စျေးတို့ဖြင့် အသီးသီး ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)      

အရောင်းသွက်သည့်သီးမွှေးငှက်ပျောသီး

            မန္တလေးစျေးကွက်တွင် တန်ဆောင်မုန်းလအတွင်းရာသီစာသီးမွှေးငှက်‌ပျောသီးများ အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ် ငှက်ပျော သီးစိုက်ပျိုးမှု ၁၃၂၃၀ ဧက၊ ရိတ်သိမ်းမှု ၁၂၈၃၅ ဧက၊အထွက်နှုန်း ၁၀၅၅.၈၂ နှင့် အထွက်တင်း ၁၃၅၅၁၄၄၀တင်းဖြစ်ကြောင်း သိရှိရပါသည်။ ဖီးကြမ်း၊ သီးမွှေး၊ရခိုင်၊ငှက်ပျောချဉ်နှင့် ရွှေနီငှက်ပျော သီးတို့မှာ စျေးကွက်အတွင်း အများဆုံးတွေ့ရှိရပါသည်။ မတ္တရာမြို့နယ်တွင်စိုက်ပျိုးသည့် ငှက်ပျော သီးမှာအခွံထူပြီး၊အရသာမှာ အချိုဓါတ်အနည်းငယ်လျော့ကြောင်းနှင့် ကျောက်ဆည်မြို့ နယ်တွင် စိုက်ပျိုးသည့်ငှက်ပျောသီးမှာ အခွံပါးပြီး၊ အချိုဓါတ်များကြောင်း သိရှိရပါသည်။ ဖီးကြမ်း၊ သီးမွှေး နှင့်ရခိုင်ငှက်ပျောသီးများကိုဘုရားပွဲနှင့်မိရိုးဖလာပွဲများတွင် သုံးစွဲမှုများပြီး၊ ကန်တော့ပွဲတစ်ပွဲ တွင် အုန်းသီးတစ်လုံးနှင့်သုံးစွဲသည့် ငှက်ပျောခိုင်အရေအတွက်အလိုက်၊ အလုံးအရွယ်အစား အလိုက် စျေးနှုန်းအမျိုးမျိုးရောင်းချကြောင်သိရှိရပါသည်။ ၂၀၂၅ခုနှစ်နိုဝင်ဘာလပထမပတ်အတွင်း ငှက်ပျော ဖီးစျေးနှုန်းများအနေဖြင့် တစ်ဖီးလှျင် ဖီးကြမ်း (အစိမ်း) ၂၀၀ဝိ/- နှင့် ၃၅၀ဝိ/- ၊ဖီးကြမ်း (အမှည့်) ၁၅၀ဝိ/- နှင့် ၃၀၀ဝိ/-၊ သီးမွှေးငှက်ပျောသီးမှာ ၁၅၀ဝိ/-နှင့် ၂၅၀ဝိ/-၊ (တောင်ငူသီး) ၄၀၀ဝိ/-နှင့် ၅၅၀ဝိ/-၊ ရခိုင်ငှက်ပျောသီးနှင့် ငှက်ပျောချဉ်သီးမှာ ၁၅၀ဝ/- နှင့်၂၀၀ဝိ/-၊ ရွှေနီငှက်ပျောသီး (တောင်ငူသီး)မှာ ၅၀၀ဝိ/- နှင့် ၈၀၀ဝိ/- စျေးတို့ဖြင့် ရောင်းချလျှက်ရှိကြောင်းသိရှိရပါသည်။ သီးမွှေးငှက်ပျောသီး(တောင်ငူသီး)မှာ အရောင်လှ၍   အနံ့မွှေးသည့်အတွက် အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)      

မန္တလေးသံပုရာသီးပေါက်စျေးအနည်းငယ်ကျ

         မန္တလေးစျေးကွက်သို့  မန္တလေးတိုင်းဒေသကြီး ၊ စစ်ကိုင်းတိုင်းဒေသကြီး နှင့်ရှမ်းပြည်နယ် တို့မှ သံပုရာသီးနှင့် သံပုယိုသီးများ  တန်ဆောင်မုန်းလရာသီအချိန်တွင်  ဝင်ရောက်မှုများပြားလျက် ရှိပြီး စျေးအနည်းငယ်ကျဆင်းကာ အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။၂၀၂၅ ခုနှစ်  နိုဝင် ဘာလပထမပတ်အတွင်း   ဖြစ်ပေါ်သည့်စျေးနှုန်းများမှာ သံပုရာသီး ၁၀ လုံး လျှင် ၁၂၀၀ ကျပ်နှင့် ၁၅၀၀ကျပ်၊သံပုယိုသီး ၁၀ လုံးလျှင် ၈၀၀ ကျပ်နှင့် ၁၀၀၀ ကျပ်စျေး တို့ ဖြစ်ပေါ်လျက်ရှိပြီး၊ အလုံး အရွယ်အစားပေါ်မူတည်၍ စျေးအနည်းငယ် ပြောင်းလဲမှုရှိကြောင်း သိရပါ သည်။ တန်ဆောင်မုန်း ရာသီအချိန်အတွင်း သံပုရာသီးနှင့် သံပုယိုသီးမှာ  ဝင်ရောက်မှုများပြားသည့်အတွက် စျေးအနည်း ငယ်လျော့ကျသွားကြောင်း သိရှိရပါသည်။ 

DOCA(မန္တလေး)      

                                                                                             

  အောက်တိုဘာလနောက်ဆုံးပတ်သစ်အယ်သီးစျေး

             စျေးကွက်အတွင်းသို့ မန္တလေးတိုင်းဒေသကြီး၊မိုးကုတ်မြို့နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း တို့မှထွက်သည့် သစ်အယ်သီးများ အောက်တိုဘာလနောက်ဆုံးပတ်အတွင်း ဝင်ရောက်မှုများပြား လျက်ရှိပြီး၊ အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။ စျေးကွက်အတွင်း သစ်အယ်သီးအား အစိမ်း အတိုင်း ပြည်ချိန် (သို့မဟုတ်)ကီလိုဂရမ်ချိန်၍ ရောင်းချခြင်း၊ လှော်၍ အသင့်စားအစာအဖြစ် ရောင်းချခြင်းတို့တွေ့ ရှိရပါသည်။ မန္တလေးစျေးကွက်တွင် ၂၀၂၅ ခုနှစ်အောက်တိုဘာလနောက်ဆုံး ပတ်အတွင်း သစ်အယ်သီးလက်လီစျေးနှုန်းများမှာ ၁ ပြည်လျှင် (လုံးကြီး) ၃၀၀၀၀ ကျပ်နှင့် ၄၀၀၀၀ ကျပ်၊ (လုံးလတ်) ၂၅၀၀၀ ကျပ်နှင့်၂၈၀၀၀ကျပ်၊(လုံးသေး) ၂၀၀၀၀ကျပ်နှင့် ၂၃၀၀၀ကျပ်စျေးဖြင့် ရောင်းချလျှက်ရှိကြောင်း သိရှိရပါသည်။ မန္တလေးမြို့၊ရှမ်းစျေးရှိစျေးသည်တစ်ဦး၏ပြောပြချက်အရ ယခင်နှစ် ပေါက်စျေးနှင့်နှိုင်းယှဉ် ပါက သစ်အယ်သီး ၁ ပြည်လျှင် ၅၀၀၀ ကျပ်နှင့် ၈၀၀၀ ကျပ်အထိ စျေးနှုန်း မြှင့်တက်သွားကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)      

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း