Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

လက်ပံတန်းမြို့ဖွဲ့နုဈေးကွက်အခြေအနေ

   ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊ လက်ပံတန်းမြို့တွင်ရှိသော ငါးမွေးကန်များ၏ အဓိက အစားအစာသည် ဖွဲနုများဖြစ်သည်။သာယာဝတီခရိုင်အတွင်းရှိဆန်စက်များကြိတ်ခွဲ ထုတ်လုပ်ရာမှ ထွက်ရှိသောဆန်ထွက်ပစ္စည်းဖွဲနုများကို ဒေသတွင်းတိရိစ္ဆာန်အစားအစာအဖြစ် အသုံးပြုလျက်ရှိ ကြောင်း နှင့် အခြားသောတိုင်းနှင့်ပြည်နယ်များသို့လည်း တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရပါ သည်။စက်တင်ဘာလနောက်ဆုံးပတ်တွင် ဖွဲနုတစ်ပေါင်လျှင် ၄၅၀/ ကျပ်ဖြစ်ပြီး၊ဖွဲနု ၆၅ ပေါင် တစ်အိတ် လျှင် ၂၉၂၅၀/ ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊ ယခု အောက်တို ဘာလနောက်ဆုံးပတ် တွင်လည်း ဖွဲနုတစ်ပေါင် ၄၅၀ ကျပ်ပေါက်ဈေး ရှိနေကြောင်း၊ဖွဲနု ၆၅ ပေါင် တစ်အိတ်လျှင် ၂၆၆၅၀ ကျပ် ဈေးဖြင့်လက်လီရောင်းချရကြောင်း၊ ဖွဲနုဈေးကွက်အနေဖြင့် ယခင်လ နှင့်ယခုလ ဈေးနှုန်း နှိုင်းယှဉ်ပါ ကဒေသလိုအပ်ချက်အရ ဈေးအနည်း ငယ်ကျဆင်း နေကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

မြို့မဈေးရှိ ပဲငပိအစိုနှင့် ပဲငပိအခြောက်ဈေးနှုန်း အနည်းငယ်မြင့်တက်

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးရှိ ကုန်စုံဆိုင်များတွင် လူသုံးကုန် ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများနှင့် မီးဖိုချောင်သုံးပစ္စည်းဖြစ်သည့် ငပိ၊ ဆား၊ ဟင်းချိုမှုန့် တို့အပြင်၊ ပဲငပိအစိုနှင့် ပဲငပိအခြောက်များကို ကန့်ဘလူမြို့နယ် ကာဘိုးကျေးရွာ၊ ရွှေဘိုမြို့နှင့် ရေဦးမြို့မှ ဝယ်ယူရောင်းချလျက်ရှိ ကြောင်း သိရှိရပါသည်။

        ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ပထမပတ်အတွင်း ကန့်ဘလူ“မြို့မဈေး”ရှိ ကုန်စုံဆိုင်များ တွင်ရောင်းချလျှက်ရှိသော ပဲငပိအစိုဈေးနှုန်းမှာ ကာဘိုးကျေးရွာထွက် ပဲငပိအစို လက်လီ()ပိဿာ လျှင်(၉၀၀၀)ကျပ်၊  လက္ကား()ပိဿာလျှင် (၈၅၀၀)ကျပ်၊ ပဲငပိခြောက်()ပိဿာလျှင် (၂၀၀၀၀) ကျပ်၊ ရေဦးပဲငပိအစို()ပိဿာလျှင် (၈၀၀၀)ကျပ်၊ ပဲငပိခြောက်()ပိဿာလျှင် (၁၈၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း ယခင်အပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုပတ် အတွင်း ပဲငပိအစိုနှင့် ပဲငပိအခြောက်ဈေးနှုန်းများ အနည်းငယ်မြင့်တက်လာကြောင်း လုပ်ငန်းရှင်များ ထံမှသိရသည်။

DOCA (စစ်ကိုင်း)

ကန့်ဘလူမြို့မဈေးရှိ ငါးရံ့၊ ငါးဘတ်နှင့် တီလားဗီးယားငါးဈေးနှုန်းမြင့်တက်

           စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသလို   စားသုံးသူများ နေ့စဉ်ဝယ်ယူသုံးစွဲလျက်ရှိသည့် အခြေခံစားသောက်ကုန် များ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေများကို လေ့လာ၍ အပတ်စဉ်၊ လစဉ် အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

    ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ပထမပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် တီလားဗီးယားငါး အကြီး(၁)ပိဿာလျှင် (၂၄၀၀၀)ကျပ်၊  အသေး(၁)ပိဿာလျှင် (၂၀၀၀၀)ကျပ်နှင့် (၂၅)ကျပ်သား လျှင်(၅၀၀၀)ကျပ်၊ ငါးဘတ်(၁)ပိဿာလျှင် (၂၇၀၀၀)ကျပ်၊  ငါးရံ့(၁)ပိဿာ (၂၅၀၀၀)ကျပ်ဈေးနှုန်း ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ယခင်အောက်တိုဘာလဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါကယခုပတ်အတွင်းတီလားဗီးယားငါး(၁)ပိဿာလျှင် (၅၀၀၀)ကျပ်နှင့် ငါးရံ့(၁)ပိဿာလျှင် (၁၀၀၀)ကျပ် ဈေးနှုန်းမြင့်တက်လာကြောင်း ငါးရောင်းဝယ်ရေးဒိုင်များထံမှ သိရသည်။

DOCA (စစ်ကိုင်း)

မုံရွာမြို့တွင် ‌ရောင်းချနေသော ဩဇာသီးနှင့်မာလကာသီးဈေးနှုန်း

               စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများ နှင့် မြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေး လုပ်ငန်းများကို လုပ်ကိုင်စားသောက်ကြရာမှ နှစ်ရှည်သီးနှံဖြစ်သည့် မာလကာသီးပင်၊ ဩဇာသီးပင်၊ ဂွေးပင်၊ သရက်သီးပင်၊ နဂါးမောက်သီးပင်၊ ပိန္နဲသီးပင်နှင့် မန်ကျည်းသီးပင် များကိုလည်း မိမိတို့ နေအိမ်ခြံစည်းရိုးများနှင့် တောင်ယာများထဲတွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုး လျက်ရှိ ကြပါသည်။ စိုက်ပျိုးရရှိသော သီနှံများထဲမှ  ဩဇာသီးနှင့် မာလကာသီးမျာကို မုံရွာ မြို့၊ ချင်းတွင်းရတနာဈေး၊ သံလမ်းဈေးနှင့် ဈေးဟောင်းတို့တွင်  လာရောက်ရောင်းချ လျက်ရှိ ကြောင်း သိရှိရပါသည်။

          ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ပထမပတ်တွင် ဩဇာသီးဈေးနှုန်းများမှာ အရွယ်အစား အလိုက်ဈေးအမျိုးမျိုးရှိပြီး အရွယ်ကြီးအလုံးလှ(၁)လုံးလျှင် (၉၀၀)ကျပ်၊ အရွယ်သေး အလုံးသေး (၁)လုံးလျှင်(၇၀၀)ကျပ်ဖြင့်လည်းကောင်း၊ကီလိုမာလကာသီးဈေးနှုန်းများအနေဖြင့်အကြီးတစ်လုံးလျှင် (၈၀၀)ကျပ်၊ အသေးတစ်လုံးလျှင် (၅၀၀) ကျပ်ဖြစ်ပြီးအကြီးအသေးပေါ်မူတည်ပြီး ရောင်းချလျက်ရှိကြောင်း သိရပါသည်။

DOCA (စစ်ကိုင်း)  

မုံရွာမြို့ ကျောက္ကာလမ်းဘေးတစ်လျောက်ရှိ အုန်းသီးနှင့်ရှောက်ပန်းသီးဈေးနှုန်း

           မုံရွာမြို့၊ ကျောက္ကာလမ်းဘေးတစ်လျောက်တွင် တွင်းမဒေသထွက် အုန်းသီးများ အဓိက ဝင်ရောက်လျက်ရှိပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။  အုန်းပင်ကို  အရွက်အလက်မှစ၍ အုန်းမြစ်အထိ လူသုံးကုန်ပစ္စည်းအမျိုးမျိုးလည်း ပြုလုပ်နိုင်ပါသည်။ အုန်းသီးအသားကို စားသောက်ကုန်အမျိုးမျိုး အသုံးပြုနေကြပြီး အုန်းစိမ်းရည်ကို ကျန်းမာရေး အရ ဆေးဖက်ဝင်အဖြစ် သောက်သုံးနေကြပြီးလည်း ဖြစ်ပါသည်။

              မုံရွာမြို့၊ ကျောက္ကာလမ်းဘေးတွင် နိုဝင်ဘာလ ပထမပတ်၌ ဖြစ်ပေါ်နေသော အုန်းသီးဈေးနှုန်းများမှာ အုန်းစိမ်းရေသောက် အုန်းသီး အနု/အရင့်၊  အကြီး/ အသေးပေါ်      မူတည်၍  အုန်းသီးတစ်လုံးလျှင် (၂၅၀၀)ကျပ်မှ (၃၂၀၀)ကျပ်အထိလည်း‌ကောင်း၊ ရှောက်ပန်းသီး တစ်လုံးလျှင် (၂၄၀၀)ကျပ်မှ (၂၇၀၀)ကျပ်ဖြင့်လည်းကောင်း မုံရွာမြို့၊ ကျောက္ကာလမ်း‌ဘေး တစ်လျောက်တွင်  ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA (စစ်ကိုင်း)  

ရွှေဘိုခရိုင်တွင် ရောင်းချနေသော စားတော်ပဲနှင့် စားတော်ပဲလုံးရေစိမ်ဈေးနှုန်း

         စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် စပါးကိုအဓိကစိုက်ပျိုးကြပြီး ပဲမျိုးစုံသီးနှံများကို အနည်းငယ်သာစိုက်ပျိုးသော်လည်း သက်ဆိုင်ရာဌာန၏ ၂၀၂၄-၂၀၂၅ခုနှစ် ရွှေဘိုခရိုင် ဆောင်းသီးနှံ စိုက်ပျိုးမှုစာရင်းများအရ စားတော်ပဲ(၇၆)ဧကသာ စိုက်ပျိုးကြောင်းသိရှိရပါသည်။ ပဲမျိုးစုံအသစ်များမှာ ဒီဇင်ဘာလမှစတင်၍ ဈေးကွက်အတွင်းသို့ ဝင်ရောက်ခဲ့ပြီး ရွှေဘိုမြို့တွင်ရောင်းချသည့် စားတော်ပဲများကို အခြားဒေသများမှ မှာယူရောင်းချခြင်းမရှိဘဲ သယ်ယူခကုန်ကျစရိတ်များ သက်သာစေရန်  ဒေသတွင်းရှိ ပွဲရုံများမှ ဝယ်ယူရောင်းချကြပါသည်။

         ရွှေဘိုမြို့ ဈေးကွက်အတွင်း နိုဝင်ဘာလ၊ ပထမအပတ်တွင်ရောင်းချသည့် စားတော်ပဲဈေးနှုန်းမှာ ()ပြည်လျှင်(၈၈၀ဝိ/-)ကျပ်နှင့်တစ်တင်းလျှင်(၁၄၀၈၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့်ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ စားတော်ပဲ(၁)ပြည်လျှင် (၈၈၀ဝိ/-)ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့်ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတူညီကြောင်း၊  ဈေးကွက်အနေဖြင့် ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည်ရောင်းချမည့်သူများ၊ ပဲပြုတ်ရောင်းချသည့်သူများ၊ လ္ဘက်ရည်ဆိုင်၊ အကြော်ဆိုင်များ၊ အလှူမင်္ဂလာပွဲလမ်း ဆောင်ရွက်မည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

         ရွှေဘိုမြို့ဈေးကွက်အတွင်း နိုဝင်ဘာလ၊ ပထမအပတ်တွင်ရောင်းချသည့် စားတော်ပဲလုံး ရေစိမ်ဈေးနှုန်းမှာ ()ပြည်လျှင်(၅၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊  ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ စားတော်ပဲလုံးရေစိမ်()ပြည်လျှင်(၅၀၀ဝိ/-) ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတူညီ ကြောင်း၊  နေ့စဉ်စားတော်ပဲလုံး(၈)ပြည်ခန့်ရေစိမ်ရပြီး ဈေးကွက်အနေဖြင့် လ္ဘက်ရည်ဆိုင်၊ အကြော်ဆိုင်များ၊ ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည် ရောင်းချမည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

မြန်မာရိုးရာအစားအစာမုန့်လက်ကောက်ကွင်း

   မြန်မာလူမျိုးတို့သည် မြန်မာရိုးရာအစားအစာများကို အများဆုံးနှစ်သက်ကြပါသည်။ရိုးရာ အစားအစာဖြစ်သောမုန့်လက်ကောက်ကွင်း ရောင်းချနေသူတစ်ဦးထံမှလေ့လာသိရှိမှုအရ မုန့်လက် ကောက်ကွင်းပြုလုပ်မည်ဆိုလျှင် ထန်လျက်(၅၀)ကျပ်သား၊ ကောက်ညှင်းဆန်(၅)လုံးခွဲ၊ ဘိုကိတ်ပဲ နို့ဆီဘူးတဝက်၊ဆီ(၅၀) ကျပ်သားအပွမှုန့်၊ဆော်တာအနည်းငယ်တို့ ပါဝင်ပါသည့် အချိုးအတိုင်း မုန့်လက်ကောက်ကွင်းပြုလုပ်ရပါသည်။မုန့်လက်ကောက်ကွင်း ပြုလုပ်ပုံအဆင့်ဆင့်မှာ ကောက် ညှင်းဆန်နှင့်ဘိုကိတ်ပဲတို့ကို ရေစိမ်ပြီးမုန့်ကြိတ်စက်နှင့်ကြိတ်ပြီး ပိတ်ပါးနှင့်စစ်ထားရပါသည်။ ရလာသောမုန့်နှစ်များကို ဆော်တာအနည်းငယ်၊ အပွမုန့်တို့ကိုရောနှောပြီး နှဲ့ရပါသည်။ပြီးလျှင် ရောင်းတန်ဝင် မုန့်လက်ကောက်ကွင်းများကို ကွင်းထားရပါသည်။ထန်းလျက်ကိုကျိုပြီး အအေးခံ ထားရပါသည်။ကွင်းထားသော မုန့်လက်ကောက်ကွင်းများကို ဒယ်အိုးထဲသို့ဆီထည့်ပြီး ကြော်ရပါ သည်။ကြော်၍ရလာသော မုန့်လက်ကောက်ကွင်းများကို အအေးခံထားသော ထန်းလျက်ရည်ထဲသို့ ထည့်ပြီးရောင်းချရပါသည်။ရောင်းချသောဈေးနှုန်းများမှာ တစ်ကွင်းလျှင် ၃၅၀ ကျပ်၊သုံးကွင်းဝယ် ယူလျှင် ၁၀၀၀ ကျပ်ဖြင့် ရောင်းချနေကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ကျွန်းလှမြို့တွင် အပတ်စဉ် ပြောင်းလဲနေသော စက်သုံးဆီ ဈေးနှုန်း

          မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း/သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအနေဖြင့် တိုင်းဒေသကြီး/ပြည်နယ်အလိုက် မြို့ကြီးများ၏ ရည်ညွှန်းလက်ကားဈေးနှုန်းများအား နေ့စဉ် သတ်မှတ်ထုတ်ပြန် ပေးလျက်ရှိပါသည်။

          စစ်ကိုင်းတိုင်းဒသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စက်သုံးဆီဆိုင်()ဆိုင် ပုံမှန်ဖွင့်လှစ် ရောင်းချလျက်ရှိကာ စက်သုံးဆီ ပြတ်လတ်မှုမရှဘဲ (PPRD) စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ  နေ့စဉ် သတ်မှတ်ထုတ်ပြန်ထားသော စက်သုံးဆီ ရည်ညွှန်းဈေးနှုန်းအတိုင်းရောင်းချပြီး အချိန်အတွယ်နှင့် အလေးချိန်မှန်ကန်စွာ ရောင်းချလျက်ရှိကြောင်း အောက်တိုဘာလ နောက်ဆုံးပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ Octane(92) တစ်လီတာလျှင်(၂၈၉၃)ကျပ်၊ ဓါတ် ဆီOctane(95)တစ်လီတာလျှင်(၂၉၈၉)ကျပ်၊ ဒီဇယ်(ရိုးရိုး)HSD တစ်လီတာလျှင် (၂၆၄၁)ကျပ် နှင့် ဒီဇယ် (ပရီမီယမ်)PHSDတစ်လီတာလျှင်(၃၁၇၆)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိခဲ့ပြီး ယခု နိုဝင်ဘာလ ပထမပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ Octane(92) တစ်လီတာလျှင်(၂၈၀၀)ကျပ်၊ ဓါတ်ဆီ Octane(95)တစ်လီတာလျှင်(၂၈၇၈)ကျပ်၊ ဒီဇယ်(ရိုးရိုး)HSD တစ်လီတာလျှင် (၂၆၉၁)ကျပ် နှင့် ဒီဇယ် (ပရီမီယမ်)PHSDတစ်လီတာလျှင်(၃၂၃၁)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက် ရှိသောကြောင့် ယခင် အပတ်နှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက စက်သုံးဆီဈေး 92တစ် လီတာလျှင်(၉၃)ကျပ်၊ 95 တစ်လီတာ လျှင်(၁၁၁)ကျပ် ဈေးနှုန်းကျဆင်းလျက်ရှိပြီး ဒီဇယ်(ရိုးရိုး)HSD တစ်လီတာလျှင်(၅၀)ကျပ် နှင့် ဒီဇယ် (ပရီမီယမ်)PHSD တစ်လီတာလျှင်(၅၅)ကျပ် ဈေးနှုန်းမြင့်တက်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုမြို့တွင် ရောင်းချနေသော ကုလားပဲဆံနှင့် ကုလာပဲလုံးဈေး

       စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် စပါးကိုအဓိကစိုက်ပျိုးကြပြီး ပဲမျိုးစုံသီးနှံများကို အနည်းငယ်သာစိုက်ပျိုးသော်လည်း သက်ဆိုင်ရာဌာန၏ ၂၀၂၄-၂၀၂၅ခုနှစ် ရွှေဘိုခရိုင် ဆောင်းသီးနှံ စိုက်ပျိုးမှုစာရင်းများအရ ကုလားပဲ(၃၀၁၄၃)ဧကစိုက်ပျိုးကြောင်း သိရှိရပါသည်။ ပဲမျိုးစုံအသစ်များမှာ ဒီဇင်ဘာလမှစတင်၍ ဈေးကွက်အတွင်းသို့ ဝင်ရောက်ခဲ့ပြီး ရွှေဘိုခရိုင်အနေဖြင့် ကုလားပဲစိုက်ပျိုးမှု ရှိသော်လည်း ထွက်ရှိသည့်ကုလားပဲများကို ကုန်ကြမ်းအဖြစ်သာရောင်းချပြီး ပဲခွဲစက်ဖြင့်ခွဲ၍ ကုလားပဲဆံ များထုတ်လုပ်ရောင်းချမှုမရှိသည့်အတွက် ရွှေဘိုမြို့တွင်ရောင်းချသည့် ကုလားပဲဆံများကို မန္တလေးမြို့မှ ဝယ်ယူရောင်းချပြီး ကုလားပဲလုံးများကို အခြားဒေသများမှ မှာယူရောင်းချခြင်းမရှိဘဲ သယ်ယူခ ကုန်ကျစရိတ်များ သက်သာစေရန်  ဒေသတွင်းရှိ ပွဲရုံများမှဝယ်ယူရောင်းချကြပါသည်။ 

          ရွှေဘိုမြို့ ဈေးကွက်အတွင်း နိုဝင်ဘာလ၊ ပထမအပတ်တွင်ရောင်းချသည့် ကုလားပဲဆံဈေးနှုန်းမှာ ()ပြည်လျှင်(၈၂၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၁၃၁၂၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့်ယခုအပတ် တို့၏အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ ကုလားပဲဆံ (၁)ပြည်လျှင် (၈၂၀ဝိ/-)ကျပ်ပေါက်ဈေးရှိခဲ့သဖြင့်  ယခင်အပတ်နှင့်ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတူညီကြောင်း၊  ဈေးကွက်အနေဖြင့် တစ်ဆင့်ပြန်လည်ရောင်းချမည့်သူများ၊ ကိုယ်တိုင်ကြော်သည့် ကုလားပဲဆံကြော်ဖိုများ၊ အလှူမင်္ဂလာပွဲလမ်း ဆောင်ရွက်မည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံ ရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

           ရွှေဘိုမြို့ ဈေးကွက်အတွင်း နိုဝင်ဘာလ၊ ပထမအပတ်တွင်ရောင်းချသည့် ကုလားပဲလုံး ဈေးနှုန်းမှာ ()ပြည်လျှင်(၆၀၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၉၆၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ကုလားပဲလုံးမှာ အဖြူရောင်နှင့် အဝါရောင်နှစ်မျိုးရှိပြီး ရောင်းချရသည့်ဈေးနှုန်းမှာလည်းတူညီကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ ကုလားပဲလုံး (၁)ပြည်လျှင် (၆၀၀ဝိ/-)ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့်ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတူညီကြောင်း၊  ဧပြီလ၊ စတုတ္ထအပတ်မှစတင်၍ ယခုအချိန်ထိ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်း တူညီပြီးဈေးငြိမ်နေကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည် ရောင်းချမည့်သူများ၊ ကုလားပဲသုတ်ရောင်းချသူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

သာစည်ဈေးတွင် ရောင်းချနေသော ဟင်းသီးဟင်းရွက်ဈေးနှုန်း

            ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ပထမပတ်တွင် မုံရွာမြို့၊ သာစည်ဈေးတွင် ရောင်းချနေသော ဟင်းသီးဟင်းရွက်ဈေးနှုန်းများမှာ ရှောက်ရွက်အညွှန့်(၅)ညွှန့်ပါ (၁)စည်းလျှင်(၂၀၀) ကျပ်၊ (၃)စည်းလျှင်(၅၀၀)ကျပ်၊ ဖက်ဖယ်ရွက်(၁)စည်းလျှင် (၂၀၀/၄၀၀)ကျပ်၊ မြင်းခွာရွက်တစ်ပုံ လျှင်(၃၀၀/၅၀၀)ကျပ်၊ မုန့်ညှင်းရွက်တစ်စီးလျှင် (၃၀၀)ကျပ်၊ မုန့်ညှင်းရွက်(၂)စီးလျှင်  (၅၀၀) ကျပ်၊  ကန်ဇွန်းရွက်တစ်စီးလျှင် (၂၀၀)ကျပ်၊ (၃)စည်းလျှင် (၅၀၀)ကျပ်၊ ဂွေးတောက်ရွက် ပိဿာလျှင်(၂၅၀၀/၃၂၀၀)ကျပ်၊ ဖရုံညွန့်တစ်စည်းလျှင် (၂၀၀/၄၀၀)ကျပ်၊ ဘူးညွန်းတစ်စည်း လျှင် (၂၅၀/၃၀၀)ကျပ် ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA (စစ်ကိုင်း)  

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း