Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန့်ဘလူမြို့မဈေးတွင် အရောင်းအဝယ်ဖြစ်နေသည့် ဆီတို့ဟူးဈေးနှုန်း

           စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးတွင်  ရောင်းချလျက်ရှိသော ဆီတို့ဟူးများကို ကချင်ပြည်နယ် ဟိုပင်မြို့နှင့် မိုးညှင်းမြို့တို့မှ ဝယ်ယူရောင်းချကြောင်း၊ ဆီတို့ဟူးကို ကြက်သွန်နီပါးပါးလှီးကာ ဆီစိမ်းဆမ်းပြီး သုပ်စားကြသလို၊ တစ်ချို့ကကြော်ချက်၍ စားသုံးကြကြောင်း၊ ဆီတို့ဟူးသည် ခံတွင်းမြိန်စေသည့် အရန်ဟင်းတခွက်ဖြစ်ပြီး ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ တတိယပတ်အတွင်း ဆီတို့ဟူးလက်လီ (၁)သေတ္တာလျှင် (၄၀၀၀)ကျပ်၊ လက္ကား(၁)သေတ္တာလျှင် (၃၈၀၀)ကျပ်၊ (၁၀)ကျပ်သားလျှင် (၁၀၀၀)ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်အပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ဆီတို့ဟူး(၁)သေတ္တာလျှင် (၂၀၀)ကျပ်ဈေးနှုန်းကျဆင်းနေကြောင်း လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မြို့မဈေးတွင် ဂျင်း(ချင်း)တက်နှင့် ဂျင်းပေါက်များ အရောင်းအဝယ်ဖြစ်လျက်ရှိ

         စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသည့် ဂျင်း(ချင်း)တက်များကို ရှမ်းပြည်နယ် အောင်ပန်းမြို့မှလည်းကောင်း၊ မန္တလေးမြို့မှလည်းကောင်း ဝယ်ယူရကြောင်း၊ ဂျင်း(ချင်း)တက်ကို အစားအသောက်များတွင် အရသာပိုမိုကောင်းမွန်ရန်အတွက် အသုံးပြုကြသလို၊ ဂျင်းပေါက်ပြုလုပ်သည့် လုပ်ငန်းရှင်များကလည်း ဝယ်ယူကြောင်း သိရသည်။

           ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ တတိယပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသည့်  ဂျင်း(ချင်း)တက်ဈေးနှုန်းများမှာ လက်လီ(၁)ပိဿာလျှင်(၇၀၀၀)ကျပ်၊ လက္ကား(၁)ပိဿာလျှင် (၆၅၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ ကန့်ဘလူမြို့နယ်အတွင်း တစ်နိုင်တစ်ပိုင် ဂျင်းပေါက်လုပ်ငန်းများလုပ်ကိုင်လျက်ရှိရာ ဂျင်းပေါက်လက်လီ(၁)ပိဿာလျှင် (၅၅၀၀)ကျပ်နှင့် လက္ကားတစ်ပိဿာ လျှင် (၅၀၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ စက်တင်ဘာလ ဒုတိယပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုတတိယပတ်အတွင်း ဂျင်းပေါက်(၁)ပိဿာလျှင် (၅၀၀)ကျပ်ဈေးနှုန်းကျဆင်းသွားကြောင်း လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့မဈေးရှိ ရာသီပေါ်ခဝဲသီးဈေးနှုန်း အနည်းငယ်ကျဆင်း

         စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးတွင် ရာသီပေါ် ခဝဲသီး၊ ရုံးပတီသီး၊ ခရမ်းသီး၊ ဒန့်ဒလွန်သီး၊ ဘူးညွှန့်၊ မုန့်ညှင်းရွက်စသည်ဖြင့် ရောင်းချလျက်ရှိရာ  ပေါ်ရပ်ကွက်များနှင့် ကန့်ဘလူမြို့နယ် နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာများမှ ဒေသထွက်ခဝဲသီးများ ရောင်းချလျက်ရှိကြောင်း သိရသည်။

      ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ တတိယပတ်အတွင်း ဒေသထွက်ခဝဲသီးဈေးနှုန်းများမှာ လက်လီ(၁) ပိဿာလျှင်(၃၀၀၀)ကျပ်၊ လက္ကား(၁)ပိဿာ (၂၈၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင် (၇၅၀) ကျပ်နှင့် အတောင့်ကြီး(၁)တောင့်လျှင် (၇၀၀)ကျပ်၊ အသေး(၁)တောင့်လျှင် (၅၀၀)ကျပ်ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း၊ ယခင်အပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက စက်တင်ဘာ တတိယပတ်အတွင်း ခဝဲသီးဈေးနှုန်းအနည်းငယ်ကျဆင်းသွားကြောင်း ဟင်းသီးဟင်းရွက်ရောင်းချသူများထံမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့မဈေးတွင် ခရမ်းချဉ်သီးဈေးနှုန်း ဆက်လက်ကျဆင်း

         စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းမျာ ဆောင်ရွက်လျက်ရှိသလို   စားသုံးသူများ နေ့စဉ်ဝယ်ယူသုံးစွဲလျက်ရှိသည့် အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်း၊ ဈေးကွက်အခြေအနေများကို လေ့လာ၍ အပတ်စဉ်၊ လစဉ် အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

        ခရမ်းချဉ်သီးများကို မန္တလေးမြို့မှ ဝယ်ယူရောင်းချလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ တတိယပတ်အတွင်း ခရမ်းချဉ်သီးဈေးနှုန်းများမှာ အင်းသီးအလုံးကြီး(၁)ပိဿာလျှင် (၃၅၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၈၀၀)ကျပ်နှင့် (၁၀)ကျပ်သားလျှင် (၄၀၀)ကျပ်ဈေးနှုန်းဖြင့်ရောင်းချကြောင်း၊ အောင်ပန်းသီး(၁)ပိဿာလျှင် (၃၀၀၀)ကျပ်နှင့် (၅၀)ကျပ်သားလျှင် (၁၅၀၀)ကျပ်ဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိရာ ယခင်အပတ်ဈေးနှုန်းများဖြင့် နှိုင်းယှဉ်ပါက စက်တင်ဘာလ တတိယပတ်အတွင်း ခရမ်းချဉ်သီး(၁)ပိဿာလျှင် (၅၀၀)ကျပ် ဈေးနှုန်းကျဆင်းသွားကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့မဈေးရှိ ကြက်ဥ၊ ဘဲဥ၊ ငုံးဥဈေးနှုန်း/ ဈေးကွက်

         စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးတွင် ရာသီပေါ်ဟင်းသီးဟင်းရွက်များအပြင်  ကြက်ဥ၊ ဘဲဥနှင့် ငုံးဥများ ရောင်းချလျက်ရှိရာ ကန့်ဘလူမြို့နယ်အတွင်းရှိ ကြက်ခြံများနှင့် မန္တလေးမြို့မှ ဝင်ရောက်လျက်ရှိကြောင်း သိရသည်။

          ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ တတိယပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ကြက်ဥအကြီး (၁)လုံးလျှင် (၅၅၀)ကျပ်၊ လက်ကား(၁၀)လုံးလျှင် (၅၀၀)ကျပ်နှင့် အသေး(၁)လုံးလျှင် (၅၀၀)ကျပ်၊ စက်တင်ဘာလ တတိယပတ်အတွင်း ဘဲဥ(၁)လုံးလျှင် (၇၀၀)ကျပ်နှင့် ငုံးဥ(၆)လုံးလျှင် (၁၀၀၀) ကျပ်ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း စက်တင်ဘာဒုတိယပတ် ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ကြက်ဥဈေးနှုန်းအနည်းငယ်ကျဆင်းလာကြောင်း ကြက်ဥလက်လီ/လက္ကားရောင်းချသည့် လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်၌ ကြက်သွန်ဖြူဈေးနှုန်း အနည်းငယ်ကျဆင်း

        စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်အတွင်းရှိ မြို့နယ်များနှင့် အခြားကျေးရွာများသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများအပြင် စားဖိုဆောင်သီးနှံများဖြစ်သည့် ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့ကိုလည်း မိသားစုစားသုံးရန်နှင့် ပိုလျှံသည်များကို ရောင်းချရန်အတွက် တစ်နိုင်တစ်ပိုင် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

        ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ  တတိယပတ်အတွင်း ကန့်ဘလူမြို့နယ်၌ ကြက်သွန်ဖြူရှမ်းဥ အလုံးကြီး(၁)ပိဿာလျှင် (၁၃၀၀၀)ကျပ်၊ ဗမာဖြူ(၁)ပိဿာလျှင်(၇၅၀၀)ကျပ်နှင့် ဗမာဖြူ(၁၀) ကျပ်သားလျှင် (၈၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ အစားအသောက်ချက်ပြုတ်ရာတွင် အနံ့အရသာအတွက် ကြက်သွန်ဖြူကိုအသုံးပြုကြသည့်အတွက် စားသောက်ဆိုင်များနှင့် အိမ်ရှင်မများအတွက် မရှိမဖြစ်လိုအပ်ကြောင်း၊ ကျန်းမာရေးဓာတ်စာအဖြစ် စားသုံးကြသည့်အတွက် ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

မြေအောက်ရေတင်စနစ်ဖြင့် ကျောက်ဖရုံသီးစိုက်ပျိုးသူများ အဆင်ပြေလျက်ရှိ

         စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ် နတ်အင်းကျေးရွာတွင် ကျောက်ဖရုံပင်များ စိုက်ပျိုးရောင်းချပြီး မိသားစုဝင်ငွေရရှိနေကြောင်း၊ ကျောက်ဖရုံပင် စိုက်ပျိုးရာတွင် စင်တင်စနစ်ဖြင့်စိုက်ပျိုးခြင်း၊ မြေလွှတ်စိုက်ပျိုးခြင်း စသည်ဖြင့်ရှိပြီး စင်တင်စနစ်ဖြင့် အများဆုံးစိုက်ပျိုးကြောင်း၊ ကျောက်ဖရုံပင် စိုက်ပျိုးသူဦးဝင်းအောင်၏ ပြောပြချက်အရ သိရသည်။

          ကျောက်ဖရုံပင်သည် မျိုးစေ့ချပြီး (၅)လခန့်အကြာတွင် စတင်၍ခူးဆွတ်နိုင်ကြောင်း၊ မျိုးစေ့ထုတ်ယူလိုပါက ပန်းပွင့်ပြီး (၆၅)ရက်ကျော်မှ ခူးဆွတ်သင့်ကြောင်း၊ ကျောက်ဖရုံသီးသည် တာရှည်အထားခံသည့်အပြင် ဆေးဘက်ဝင်အသီးဖြစ်သည့်အတွက် အိမ်များ၌ဆောင်ထားလေ့ရှိကြောင်း၊ အပင်အမျိုးအစားနှင့် ပြုစုခြင်းပေါ်မူတည်၍ အသီးထွက်နှုန်း ကွာခြားလေ့ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ကျောက်ဖရုံသီးများကို ကန့်ဘလူမြို့မဈေးတွင် ရောင်းချလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ တတိယပတ်အတွင်း အကြီးတစ်လုံးလျှင် (၄၀၀၀)ကျပ်၊ အလတ်တစ်လုံးလျှင် (၃၀၀၀)ကျပ်၊ အသေးတစ်လုံးလျှင် (၂၀၀၀)ကျပ်နှင့် (၁)စိတ်လျှင် (၁၀၀၀)ကျပ်ဖြင့် ရောင်းချရသည့် အတွက် မိသားစုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ဖြစ်ပေါ်လျက်ရှိသော ပဲထောပတ်ဈေးနှုန်းအခြေအနေ

     မကွေးတိုင်ဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့ပတ်ဝန်းကျင်ရှိ ပန်းတော်ပြင်၊ ဥယျာဉ်၊ မယ်ဇလီတော၊ ရွာတော်၊ ညောင်ပင်သာ စသည့်ကျေးရွာများတွင် ကုလားပဲ၊ နှမ်း၊ ပဲစဉ်းငုံ၊ ပဲတီစိမ်း သီးနှံတို့ကိုသာစိုက်ပျိုးမှုများပြီး ပဲထောပတ်(ကတ္ထီပါ၊ အနီ၊ အဖြူ)သီးနှံကို ဆင်ပေါင်ဝဲမြို့နှင့် မင်းဘူး၊ မကွေး၊ တောင်တွင်းကြီးမြို့တို့ရှိ ပွဲရုံများမှ အဓိကမှာယူရောင်းချကြောင်း သိရသည်။

    ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ(ဒုတိယပတ်)တွင် ပဲထောပတ်(ကတ္ထီပါ)()ပြည်လျှင် ကျပ် (၁၀၀၀၀)၊ ပဲထောပတ်(အနီ) ()ပြည်လျှင် ကျပ်(၈၀၀၀)၊ ပဲထောပတ်(အဖြူ) ()ပြည်လျှင် ကျပ် (၇၅၀၀)ဖြင့် ရောင်းချလျက်ရှိပြီး ယခင်(ပထမပတ်)တွင် ပဲထောပတ်(ကတ္ထီပါ) ()ပြည်လျှင် ကျပ် (၉၀၀၀)၊ ပဲထောပတ်(အဖြူ) ()ပြည်လျှင် ကျပ်(၇၀၀၀)ဖြင့် ရောင်းချခဲ့ရာ ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ပဲထောပတ်(ကတ္ထီပါ) ကျပ်(၁၀၀၀)   ပဲထောပတ် (အဖြူကျပ်(၅၀၀)ဈေးနှုန်းမြင့် တက်ခဲ့ကြောင်း သိရသည်။ ယခုအချိန်တွင် ပဲထောပတ်စိုက်ပျိုးရာဒေသများ၌ စိုက်ပျိုးဆဲကာလဖြစ်၍ ပဲအသစ် ထွက်ရှိမှုမရှိသောကြောင့် ဈေးနှုန်းမှာအနည်းငယ်မြင့်တက်ရခြင်းဖြစ်ကြောင်း သိရသည်။

DOCA(မကွေး)

 

မြို့မဈေးတွင် ဈေးနှုန်းကျဆင်းနေသည့် ဂေါ်ဖီထုပ်နှင့် ပန်းဂေါ်ဖီဈေးနှုန်း

        စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးရှိ ဟင်းသီးဟင်းရွက်ဈေးတန်း၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော ဂေါ်ဖီထုပ်နှင့် ပန်းဂေါ်ဖီများကို မန္တလေးမြို့မှ ဝယ်ယူရောင်းချလျက်ရှိရာ အိမ်ရှင်မများက အိမ်သုံးအတွက်ဝယ်ယူကြသလို ထမင်းဆိုင်နှင့် စားသောက်ဆိုင်များမှ အဓိကဝယ်ယူကြောင်း သိရှိရသည်။

        ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ တတိယပတ်အတွင်း ဂေါ်ဖီထုပ်အကြီး(၁)ထုပ်လျှင် (၄၅၀၀) ကျပ်၊ အသေး(၁)ထုပ်လျှင် (၃၀၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ ပန်းဂေါ်ဖီတစ်ပွင့်လျှင် (၄၀၀၀)ကျပ် ဖြင့်ရောင်းချလျက်ရှိရာ ယခင်အပတ် ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက စက်တင်ဘာလ ယခုပတ်အတွင်း ဂေါ်ဖီထုပ်(၁)ထုပ်လျှင် (၁၀၀၀)ကျပ်နှင့် ပန်းဂေါ်ဖီ(၁)ပွင့်လျှင် (၅၀၀)ကျပ်ဈေးနှုန်းမြင့်တက်လာကြောင်း ကုန်စိမ်းရောင်းချသည့် လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ ပန်းဂေါ်ဖီဈေးနှုန်းမြင့်တက်

     မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ ပန်းဂေါ်ဖီကို မင်းဘူး၊ မကွေး၊ သရက်၊ တောင်တွင်းကြီးမြို့နှင့် ရှမ်းပြည်နယ် အောင်ပန်းမြို့တို့မှ မှာယူရောင်းချကြောင်း သိရသည်။

          ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ(ဒုတိယပတ်)တွင် ပန်းဂေါ်ဖီ()ပွင့်လျှင် (အပွင့်အကြီးအသေးပေါ် မူတည်၍) ကျပ်(၅၅၀၀-၆၀၀၀)ဖြင့်ရောင်းချလျက်ရှိပြီး ယခင်ဩဂုတ်လ(ဒုတိယပတ်)တွင် ကျပ် (၄၅၀၀- ၅၀၀၀)ဖြင့်ရောင်းချခဲ့ရာ ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ကျပ်(၁၀၀၀)ဈေး နှုန်းမြင့် တက်ခဲ့ကြောင်း သိရသည်။ အထက်မင်းလှမြို့နယ်အတွင်း ပန်းဂေါ်ဖီစိုက်ပျိုးမှုမရှိဘဲ အခြားဒေသများမှ မှာယူရောင်းချရပြီး ယခုအချိန်တွင် ဒေသတွင်းစိုက်ပျိုးထွက်ရှိခြင်းမရှိသည့်အပြင် ရှမ်းပြည်မှ မှာယူ ရောင်းချရသည့်အတွက် သယ်ယူစရိတ်မှာလည်း အနည်းငယ်မြင့်မားလာ၍ ပန်းဂေါ်ဖီဈေးနှုန်းမှာ မြင့်တက်ရခြင်းဖြစ်ကြောင်း သိရှိရသည်။

DOCA(မကွေး)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း