Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန့်ဘလူမြို့တွင် တည်သီးများ စတင်ရောင်းချလျက်ရှိ

         စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ရှိ မြို့မဈေးနှင့် အသီးမျိုးစုံရောင်းချနေသည့်ဆိုင်များတွင် တည်သီးများကို စတင်ရောင်းချနေကြောင်း သိရသည်။ တည်သီးများ ကိုမန္တလေးမြို့ရှိ သစ်သီးပွဲရုံများမှမှာယူရောင်းချလျက်ရှိ‌ကြောင်း သိရသည်။

        တည်သီးသည် လိမ္မော်ရောင်တောက်တောက်လေးနဲ့ အညှာတံစိမ်းစိမ်းလေး သို့မဟုတ် ခပ်ညိုညိုအရောင်လေးကြောင့်  မျက်စိထဲမှာစွဲဆောင်မှုရှိပြီး ခန္ဓာကိုယ်အတွက် အထောက်အကူပြုကာ ချိုချိုကြွပ်ကြွပ်လေးနဲ့ အရသာလေးလေးပင်ပင်ရှိသောကြောင့် လူကြိုက်များပြီး သရေစာအဖြစ် လူကြီးလူငယ် မရွေးဝယ်ယူစားသုံးကြကြောင်း၊ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်အတွင်း ရောင်းချနေသော တည်သီးဈေးနှုန်းမှာ တည်သီး(၁)လုံးလျှင်(၂၀၀၀)ကျပ်နှင့် တည်သီး (၅)လုံးလျှင်(၁၀၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့တွင်ရောင်းချလျက်ရှိသော သစ်သီးဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)       

ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသော ခိုင်ရွှေဝါပန်း၊ နှင်းဆီပန်းနှင့်ဇော်စိမ်းပန်း(ခေါ်) ကျောက်စိမ်းပန်းဈေးနှုန်းများ

           ကန့်ဘလူမြို့၊ မြို့မဈေးအတွင်းတွင် ဘုရားပန်းမျိုးစုံဖြစ်သည့် သပြေပန်း၊ နှင်းပန်း၊ ဂန္ဓမာပန်း၊ ဇွန်ပန်း၊ စံပယ်ပန်း၊ စကားဝါပန်း၊ စကားဖြူပန်း၊ ရွှေပန်း၊ ငွေပန်း၊ ပန်းတိမ်ငိုပန်း၊ နှင်းဆီပန်း၊ ခိုင်ရွှေဝါပန်းနှင့် ဇော်စိမ်းပန်း(ခေါ်)ကျောက်စိမ်းပန်းများ ရောင်းချလျက်ရှိရာ လူကြိုက် များသော ခိုင်ရွှေဝါပန်း၊ နှင်းဆီပန်းများနှင့် ဇော်စိမ်းပန်း(ခေါ်)ကျောက်စိမ်းပန်းများကို ကန့်ဘလူမြို့ပေါ်နှင့် ဒေသအနီးတစ်ဝိုက်ရှိကျေးရွာများမှ တစ်နိုင်တစ်ပိုင်စိုက်ပျိုး ရောင်းချလျက်ရှိသလို နှင်းဆီ ပန်းများကို ပြင်ဦးလွင်မြို့မှလည်း မှာယူရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ လူကြိုက်များသော နှင်းဆီပန်းများမှာ ဘုရားပန်းအတွက် သာမက လက်ဆောင်ပေးရာ၌လည်း အဓိကထားအသုံးပြုကြ ကြောင်း၊ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်အတွင်း ခိုင်ရွှေဝါပန်း(၁) စည်းလျှင် (၅၀၀)ကျပ်၊ နှင်းဆီပန်းအကြီး(၁)ပွင့်လျှင် (၇၀၀)ကျပ်၊ အသေး(၁)ပွင့်လျှင် (၅၀၀)ကျပ်နှင့် ဇော်စိမ်းပန်း(ခေါ်) ကျောက်စိမ်းပန်း(၃)ခက်ပါ(၁)စည်းလျှင် (၁၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ဘုရားပန်းမျိုး စုံရောင်းဝယ်ရေးလုပ်ငန်းရှင်ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော ကန်စွန်းရွက်၊ကင်ပွန်းချဉ်ရွက်နှင့်ချဉ်ပေါင်ရွက်ဈေးနှုန်းများ

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ရာသီပေါ်သီးနှံများကို စိုက်ပျိုးရောင်းချလျက်ရှိရာ ယခုအခါ ကန်စွန်းရွက်၊ကင်ပွန်းချဉ်ရွက်နှင့် ချဉ်ပေါင်ရွက်များကို  နေအိမ်ခြံဝင်းများတွင်လည်းကောင်း၊ ယာတော၊ လယ်တောများတွင်လည်းကောင်း တစ်နိုင်တစ်ပိုင်စိုက်ပျိုး၍ ရောင်းချလျက်ရှိကြောင်းသိရသည်။  

        ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ကုန်စိမ်းရောင်းချ သူတစ်ဦး၏ ပြောပြချက်အရ ကန်စွန်းရွက်၊ကင်ပွန်းချဉ်ရွက်နှင့် ချဉ်ပေါင်ရွက်များကို ကန့်ဘလူမြို့ ပေါ်နှင့်နတ်ပေးကျေးရွာ၊ နတ်အင်းကျေးရွာများမှလည်းကောင်း ဝယ်ယူရောင်းချလျက်ရှိကြောင်း ကန်စွန်းရွက်များကို အစည်းလေးများစည်း၍ ရောင်းချရာ()စည်းလျှင် (၁၀၀)ကျပ်၊ ()စည်းလျှင် (၂၀၀)ကျပ်၊ ကင်ပွန်းချဉ်ရွက်()စည်းလျှင် (၂၀၀)ကျပ်၊ ()စည်းလျှင်( ၅၀၀)ကျပ်နှင့် ချဉ်ပေါင်ရွက် ()ပိဿာလျှင် (၁၃၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၇၀၀)ကျပ်၊ ()ပုံလျှင်(၂၀၀)ကျပ်ဖြင့်ရောင်းချလျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသည့် ခါကြက်ဥဈေးနှုန်း

           စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ကုန်စိမ်းသီးနှံများဖြစ်သော ခဝဲသီး၊ ရွှေဖရုံသီး၊ ဘူသီး၊ မုန်လာထုပ်၊ ပန်းမုံလာပွင့်၊ ရွှေပဲသီး၊ ခရမ်းချဉ်သီး၊မုံညှင်းထုပ်၊ ပြောင်းဖူးများ ရောင်းချလျက်ရှိရာ ယခုအခါ ခါကြက်ဥများကို  ကန့်ဘလူမြို့မဈေးတွင်ရောင်းချ လျက်ရှိပါသည်။ ခါကြက်ဥတွင်ခါကြက်ဥရိုးရိုး(ဗမာ)ဥနှင့် ခါကြက်ဥ(တရုတ်)ဥဟူ၍နှစ်မျိုးရှိကြောင်း၊ ခါကြက်ဥများကို မန္တလေးမြို့မှ မှာယူရောင်းချလျက်ရှိကြောင်း သိရသည်။

       ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်၌ ကန့်ဘလူမြို့မဈေးတွင် ခါကြက်ဥ(ဗမာ)(၁)ပိ ဿာလျှင်(၁၀၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၅၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၂၅၀၀)ကျပ်နှင့် ခါကြက်ဥ(တရုတ်)(၁)ပိဿာလျှင်(၂၄၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၂၀၀၀)ကျပ်၊ (၂၅)ကျပ်သား လျှင်(၆၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကန်စွန်းဥနှင့်ပိန်းဥစျေးနှုန်းစျေးကွက်

     ကမ်းနားလမ်းစျေးနှင့် သီရိမာကုန်စိမ်းစျေးအတွင်း ပိုမိုဝင်ရောက် လျက်ရှိ‌ကြောင်းသိရှိရပါသည်။   ၂၀၂၅ ခုနှစ်  စက်တင်ဘာလဒုတိ ယပတ်အတွင်း  ကန်စွန်းဥနှင့် ပိန်းဥ တစ်တစ်ပိဿာလျှင် လက္ကားစျေး ၂၅၀ဝိ/- နှင့် ၃၀၀ဝိ/- ကျပ်၊ လက်လီစျေး  ၃၅၀ဝိ/- နှင့် ၄၀၀ဝိ/-စျေး ဖြင့် ရောင်းချလျက်ရှိပြီး အရောင်းသွက် လျက်ရှိ ကြောင်း ကုန်စိမ်းရောင်းချသူတစ်ဦး၏ပြောပြချက်အရ  သိရှိရပါသည်။

DOCA(မန္တလေး)

ခရမ်းသီးစျေးအနည်းငယ်ကျဆင်းလျက်ရှိ

    မန္တလေးမြို့ ၄၁လမ်းစျေးနှင့် သီရိမာလာစျေးအတွင်းသို့ ကုန်စိမ်းမျိုးစုံ ဝင်ရောက်လျက်ရှိပြီး၊ ခရမ်းသီးမှာ ဝင်ရောက်မှုများပြားသည့်သီးနှံအမယ်ဖြစ်ကြောင်း  သိပါသည်။ ခရမ်းသီးမှာ   မန္တလေး တိုင်း‌ဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်မှ ဝင်ရောက်လျက်ရှိပြီး၊ မိုးရာသီချိန်ဖြစ်၍ ဝင်ရောက်မှုများသည့်အတွက် စျေးအနည်းငယ်ကျဆင်းသွားကြောင်း သိရှိရပါသည်။   ၂၀၂၅ ခုနှစ်  စက်တင်ဘာလဒုတိယပတ်အတွင်း  ခရမ်းသီးတစ်ပိဿာလျှင် လက္ကားစျေး ၁၃၀ဝိ/- နှင့် ၁၅၀ဝိ/- ကျပ်၊လက်လီစျေး  ၁၈၀ဝိ/- နှင့် ၂၀၀ဝိ/-စျေး ဖြင့် ရောင်းချလျက်ရှိပြီး အရောင်းသွက် လျက်ရှိ ကြောင်း ကုန်စိမ်းရောင်းချသူတစ်ဦး၏ပြောပြချက်အရ  သိရှိရပါသည်။

DOCA(မန္တလေး)

 

      မုန့်ညင်းဖြူစျေးအနည်းငယ်ကျ

    မန္တလေးမြို့ ၄၁လမ်းစျေးနှင့် သီရိမာလာစျေးအတွင်းသို့ ကုန်စိမ်းမျိုးစုံ ဝင်ရောက် လျက်ရှိပြီး၊မုန့်ညင်းဖြူဟင်းရွက်မှာ ဝင်ရောက်မှုများပြားသည့် သီးနှံအမယ်ဖြစ်ကြောင်း   သိရပါသည်။ မုန်ညင်းဖြူမှာ မန္တလေးတိုင်း‌ဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်မှ ဝင်ရောက်လျက်ရှိပြီး၊ မိုးရာသီချိန်ဖြစ်၍ ဝင်ရောက်မှုများသည့်အတွက် စျေးအနည်းငယ်ကျဆင်း သွားကြောင်း သိရှိရပါသည်။  ၂၀၂၅ ခုနှစ်  စက်တင်ဘာလဒုတိယပတ်အတွင်း  မုန်ညင်းဖြူ တစ်ပိဿာလျှင် လက္ကားစျေး ၂၅၀ဝိ/- နှင့် ၃၀၀ဝိ/- ကျပ်၊လက်လီစျေး  ၃၅၀ဝိ/- နှင့် ၄၀၀ဝိ/-စျေး ဖြင့် ရောင်းချလျက်ရှိပြီး အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။  

DOCA(မန္တလေး)

အရောင်းသွက်သည့်ကင်းပုံသီး

       မန္တလေးမြို့ ၄၁လမ်းစျေးနှင့် သီရိမာလာစျေးအတွင်းသို့ ကုန်စိမ်းမျိုးစုံ ဝင်ရောက်လျက်ရှိပြီး၊ ကင်းပုံသီးမှာ ဝင်ရောက်မှုများပြားသည့် သီးနှံအမယ်ဖြစ်ကြောင်း   သိရပါသည်။      ကင်းပုံသီးမှာ အချိုမျိုး နှင့် အခါး မျိုးနှစ်မျိုးရှိပြီး၊အချိုမျိုးသည် အသီးနှင့်အရွက် နှစ်မျိုးစလုံးစားသုံး နိုင်ကြောင်း သိရပါသည်။   ၂၀၂၅ ခုနှစ်  စက်တင်ဘာလဒုတိယပတ်အတွင်း  ကင်းပုံသီးအချိုသီး  (၂၅) လုံးလျှင် ၂၅၀၀ ကျပ်နှင့်၃၀၀၀ ကျပ်၊အခါးသီး (၂၅)လုံးလျှင် ၁၃၀၀ကျပ်နှင့် ၁၅၀၀ကျပ်၊အခါးမျိုး(အလုံးသေး) စျေးမှာ တစ်ပိဿာလျှင်၂၅၀၀ကျပ်နှင့် ၃၀၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။  

DOCA(မန္တလေး)

စကားဝါပန်းများအရောင်းသွက်လျက်ရှိ

    မန္တလေးမြို့၊ထနောင်းပင်စျေးတွင်‌ မိုးရာသီဖြစ်၍ စကားဝါပန်းကုံးများ ဝင်ရောက်မှုများ ပြား ပြီး၊အရောင်းသွက်လျက်ရှိကြောင်း သိရပါသည်။ မန္တလေးစျေးကွက်အတွင်းသို့ ပြင်ဦးလွင်မြို့နယ်၊ ကျောက်ပန်းတောင်းမြို့နယ် (ပုပ္ပားဒေသ) တို့မှထွက်ရှိသည့် ပန်းများနှင့် ရှမ်းပြည်နယ်တို့မှ ထွက် သည့်စကားဝါပန်းနှင့်စကားဖြူပန်းများ ဝင်ရောက်မှုများပြားကြောင်း သိရှိရပါသည်။ ၂၀၂၅ခုနှစ်  စက်တင်ဘာလဒုတိယပတ်အတွင်း စျေးနှုန်းများမှာ  စကားဝါပန်းနှင့် စကားဖြူပန်း ၁၀ ကုံးလျှင် လက္ကားစျေး၂၀၀ဝိ/-နှင့် ၂၅၀ဝိ/- ၊လက်လီစျေး ၃၀၀၀ ကျပ် နှင့် ၃၂၀၀ကျပ်စျေးတို့ဖြင့် အရောင်း သွက်လျက်ရှိကြောင်း သိရှိရသည်။

DOCA(မန္တလေး)

                                                                              

သခွားမွှေးသီးစျေးအနည်းငယ်တက်

      သခွားမွှေးသီးမှာ စျေးကွက်အတွင်း ဝင်ရောက်မှုလျော့နည်းလာသည့်အတွက် စျေးအနည်းငယ်တက်သွားကြောင်း သိရှိရပါသည်။ သခွားသီးသီးနှံမှာ ပြည်ပသို့တင်ပို့သည့် သစ်သီးဖြစ်ပြီး၊ ၂၀၂၄-၂၀၂၅ခုနှစ် မန္တလေးတိုင်း ဒေသကြီးအတွင်း သခွားမွှေးသီးစိုက်ပျိုးမှု (၁၃၀၀) ဧက ကျော် ဖြစ်ကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ် စက်တင်ဘာလဒုတိယပတ်အတွင်း သခွားမွှေးသီး‌ စျေးမှာ တစ်လုံးလျှင် အလုံးဝိုင်း(ကြီး) ၄၀၀၀ ကျပ်နှင့် ၅၀၀၀ ကျပ်၊အလုံး(ရှည်) ၃၀၀၀ကျပ်နှင့်  ၄၀၀၀ ကျပ်စျေးဖြစ်ပြီး၊မန္တလေးစျေးကွက်တွင် သခွားမွှေးသီးများ အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း