Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ရွှေဘိုမြို့တွင်ရောင်းချနေသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ

     ၂၀၂၅ခုနှစ် အောက်တိုဘာလ နောက်ဆုံးပတ်အတွင်း ရွှေဘိုမြို့နယ်တွင် အခြေခံစားကုန်များ ဖြစ်သော ရွှေဘိုပေါ်ဆန်း တစ်ပြည် (၆၈၀၀)ကျပ်၊  ဧရာမင်းဆန် တစ်ပြည်လျှင် (၅၆၀၀)ကျပ်၊ ရွှေဝါထွန်း တစ်ပြည် (၄၂၀၀)ကျပ်၊မဂျမ်းတော တစ်ပြည် (၄၅၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။

    စားသုံးဆီ ဈေးနှုန်းများမှာ ပဲဆီသန့် တစ်ပိဿာလျှင် ၁၆၀၀၀ကျပ်၊  စားအုန်းဆီ တစ်ပိဿာလျှင် ၇၉၀၀ကျပ်နှင့် နှမ်းဆီ တစ်ပိဿာလျှင် ၁၆၅၀၀ကျပ်၊ နေကြာဆီ တစ်ပိဿာလျှင် ၁၅၅၀၀ကျပ်ဖြင့် အရောင်း အဝယ် ဖြစ်နေကြောင်း သိရသည်။

      ကြက်သွန်နီ တစ်ပိဿာလျင် ၁၂၀၀ကျပ်မှ ၁၅၀၀ကျပ်ထိ အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ရှမ်း ကြက်သွန်ဖြူ တစ်ပိဿာ ၁၄၀၀၀ကျပ်မှ ၁၇၀၀၀ကျပ်ထိ ၊ (ကြူကုပ်) တစ်ပိဿာ ၁၅၀၀၀ကျပ်မှ ၁၈၀၀၀ကျပ်ထိ၊ ကြက်သွန်ဖြူ(အသစ်) (ဗမာ) တစ်ပိဿာလျှင် ၁၀၀၀၀ကျပ်မှ ၁၂၀၀၀)ကျပ်၊ ချင်းတစ်ပိဿာ ၆၀၀၀ကျပ်၊ ငရုတ်သီးခြောက် အမျိုးအစားအလိုက် ၁၄၀၀၀ကျပ် မှ ၁၆၀၀၀ကျပ်ထိ အာလူး တစ်ပိဿာ ၄၅၀၀ကျပ်မှ ၅၅၀၀ကျပ်ထိ ၊ကုလားပဲ တစ်ပိဿာ ၈၅၀၀ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာ၃၀၀၀ကျပ်မှ  ၃၅၀၀ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်နေပါသည်။

   ကြက်ဥ လက်လီဈေးနှုန်းမှာ (ကြီး)တစ်လုံး ၅၀၀ကျပ်၊ (သေး) တစ်လုံး ၄၃၀ကျပ် ၊ ဘဲဥ (ကြီး) တစ်လုံး (၇၀၀)ကျပ်၊ (သေး)တစ်လုံး (၆၀၀)ကျပ်ရှိသည်။ ရွှေဘိုမြို့၏ အသား/ငါး ဈေးနှုန်းများမှာ ကြက်သား(CP)  တစ်ပိဿာ ၂၆၀၀၀ကျပ်မှ ၃၂၀၀၀ကျပ်ထိ၊ကြက်သား (ဗမာ) ဒေသကြက်တစ်ပိဿာ ၃၂၀၀၀ ကျပ်မှ ၃၅၀၀၀ကျပ်ထိ၊  ဝက်သား တစ်ပိဿာ ၃၆၀၀၀ကျပ်မှ ၄၄၀၀၀ကျပ်ထိ၊ အမဲသားတစ်ပိဿာ ၂၄၀၀၀ကျပ်မှ ၂၈၀၀၀ကျပ်ထိ၊ဆိတ်သား တစ်ပိဿာလျှင် ၃၆၀၀၀ကျပ်မှ ၄၅၀၀၀ကျပ်ထိ၊ ငါးမုတ် တစ်ပိဿာ ၁၀၀၀၀ကျပ်၊ ငါးမြစ်ချင်း တစ်ပိဿာ ၁၅၀၀၀ကျပ်၊ ငါးကြင်း တစ်ပိဿာ ၁၅၀၀၀ကျပ်ဖြင့် ရောင်းဝယ်နေကြောင်း သိရသည်။

      ယခင်အပတ်နှင့်နှိုင်းယှဉ်ကြည့်ပါက စားသုံးဆီဈေးနှုန်းများနှင့် အသားငါး ဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိပြီး ၊ကျန်သီးနှံဈေးနှုန်းများမှာ ယခင်ပတ်နည်းတူ ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့၏ ရာသီစာ ကောက်ညှင်းပြား(ခေါ်)ခေါစီဈေးနှုန်း

     မြန်မာနိုင်ငံတွင် နွေရာသီ၊ မိုးရာသီနှင့် ဆောင်းရာသီဆိုပြီး ရာသီဥတု(၃)မျိုးရှိရာ ရာသီဥတု အလိုက် ဒေသအစားအစာများ ပြုလုပ်ရောင်းချလျက်ရှိကြသည်။ ယခုအခါ စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူမြို့တွင် ရာသီအစားအစာတစ်မျိုးဖြစ်သည့်  ကောက်ညှင်းပြား(ခေါ်)ခေါစီများ  ရောင်းချလျက်ရှိကြောင်း သိရသည်။

          ကောက်ညှင်းပြား(ခေါ်)ခေါစီပြုလုပ်ရာတွင် အသုံးပြုသည့် ကုန်ကြမ်း ကောက်ညှင်းဆန်ကို ဒေသတွင်းတောင်သူများထံမှ ဝယ်ယူရရှိသလို မိုးညှင်းဒေသမှလည်းမှာယူပြီး အသုံးပြုလျက်ရှိ ကြောင်း၊ ကောက်ညှင်းဆန်အနက်ရောင်နှင့် ကောက်ညှင်းဆန်အဖြူရောင်ဆိုပြီး (၂)မျိုးရှိကြောင်း၊ စားသုံးသူများအနေဖြင့် ကောက်ညှင်းဆန်အနက်ဖြင့် ပြုလုပ်သည်ကို ပိုမိုကြိုက်ကြကြောင်း၊ ကောက်ညှင်းဆန်ကို ကောက်ညှင်းပြားအပြင် ခေါပြင်နှင့် ပေါင်းသင်းတို့ပြုလုပ်၍လည်း ရောင်းချကြောင်း၊ ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ နောက်ဆုံးအပတ်အတွင်း ရောင်းချလျက်ရှိသောကောက် ညှင်းပြား(ခေါ်)ခေါစီဈေးနှုန်းများမှာ ကောက်ညှင်းပြားအကြီး(၅)ပြားလျှင် ၁၀၀၀ကျပ်၊ ကောက် ညှင်းပြားအသေး(၁၀)ပြားလျှင် ၁၀၀၀ကျပ် ၊ ခေါပြင် ၁တုံးလျှင် ၂၀၀ကျပ်ဖြင့်ရောင်းချကြောင်း၊ဈေး ကွက်နေဖြင့်မြို့ပေါ်နေပြည်သူများ၊ ခရီးသွားပြည်သူများနှင့် အသိမိတ်ဆွေများထံ လက်ဆောင် ပစ္စည်းအဖြစ် ဝယ်ယူပေးပို့ကြသောကြောင့် နေ့စဉ်ဝင်ငွေရရှိကာ မိသားစုအဆင်ပြေလျက်ရှိကြောင်း ကောက်ညှင်းပြား(ခေါ်)ခေါစီ ပြုလုပ်ရောင်းချသူထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

                                               

မြို့မဈေးတွင် ရောင်းချလျက်ရှိသော ဟင်းသီးဟင်းရွက်ဈေးနှုန်းများ

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းများ ဖြစ်သည့် စပါး၊ပဲမျိုးစုံနှင့် ဆီထွက်သီးနှံတို့ကို အဓိကစိုက်ပျိုးသည့်အပြင် ရာသီစာသီးနှံများနှင့် စားဖိုဆောင်သီးနှံများကိုလည်း စိုက်ပျိုးကြသည်။

       ယခုအခါ ကန့်ဘလူမြို့ပေါ်၊ နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာများတွင် ဟင်းသီး ဟင်းရွက်အပင်များကိုစိုက်ပျိုးကြကြောင်း၊ ထိုဟင်းသီးဟင်းရွက်များကို ကန့်ဘလူမြို့မဈေးတွင် ရောင်းချကြောင်း၊ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ နောက်ဆုံးအပတ်အတွင်း နံနံပင်(၁)စည်းလျှင် (၃၀၀)ကျပ်၊ နံနံပင်(၂)စည်းလျှင် (၅၀၀)ကျပ်နှင့် နံနံပင်(၄)စည်းလျှင် (၁၀၀၀)ကျပ်ဖြင့်ရောင်းချ ကြောင်း၊ နောက်ဆုံးအပတ်အတွင်း ပင်စိမ်းရွက် (၁)စည်းလျှင် (၃၀၀)ကျပ်၊ ပင်စိမ်းရွက်(၂)စည်း လျှင်(၅၀၀)ကျပ်နှင့် ပင်စိမ်းရွက်(၅)စည်းလျှင် (၁၂၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ နောက်ဆုံးအ ပတ်အတွင်း ဖက်ဖယ်ရွက်(၁)စည်းလျှင် (၃၀၀)ကျပ်နှင့် ပူစီနံနံရွက်(၁)စည်းလျှင် (၂၀၀)ကျပ်၊ (၃) စည်းလျှင် (၅၀၀)ကျပ်ဖြင့်ရောင်းချကြောင်း မြို့မဈေးရှိ ကုန်စိမ်းရောင်းချသူတစ်ဦးထံမှ သိရှိရ ပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုမြို့ ကုန်းဘောင်ဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

      ရွှေဘိုမြို့ အမှတ်(၁၀)ရပ်ကွက်ရှိ ကုန်းဘောင်ဈေးတွင် အောက်တိုဘာလ နောက်ဆုံးပတ် တွင် ဖြစ်ပေါ်ခဲ့သော သစ်သီးဝလံ ပန်းသီးတစ်လုံးလျှင် (၂၅၀၀)ကျပ်မှ (၃၀၀၀)ကျပ်ထိ၊ ပန်းသစ်တော်သီး တစ်ပိဿာလျှင် (၃၀၀၀)ကျပ်၊ ဆားတောင်မြို့ နှင့် ရွှေပန်းကုန်းရွာမှ ထွက်ရှိသည့် ငှက်ပျောသီး ဖီးကြမ်း တစ်ဖီးလျှင်(၁၈၀၀)ကျပ်မှ (၂၅၀၀)ကျပ်၊သီးမွှေး ငှက်ပျောသီး တစ်ဖီးလျှင် (၂၅၀၀)ကျပ်မှ (၄၀၀၀)ကျပ်ထိ၊ ဖရဲသီး(ကျောက်စိမ်း) တစ်လုံးလျင် (၃၀၀၀)ကျပ်မှ (၅၅၀၀)ကျပ်ထိ၊  မာလကာသီး တစ်လုံးလျှင်(၃၀၀)ကျပ်မှ (၅၀၀)ကျပ်ထိ၊ နဂါးမောက်သီး တစ်လုံးလျှင် (၁၀၀၀)ကျပ်မှ (၁၅၀၀)ကျပ်ထိ၊ ထောပတ်သီး တစ်လုံးလျှင် (၈၀၀)ကျပ်မှ (၁၅၀၀)ကျပ်ထိ ၊ထောပတ်သီး (Hass) (1kg)လျှင် (၆၀၀၀)ကျပ်မှ (၈၀၀၀)ကျပ်ထိ၊ စပျစ်သီး အစေ့လွတ် တစ်ပိဿာလျှင် (၃၆၀၀၀)ကျပ်၊တည်သီး တစ်လုံးလျှင် (၅၀၀)ကျပ်မှ (၈၀၀)ကျပ်ထိ၊ အသီးသီး အရောင်းအဝယ် ဖြစ်နေကြောင်း ကုန်းဘောင်ဈေးအတွင်း ရောင်းချသော သစ်သီးဆိုင်များမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော သစ္စာပန်း ဈေးနှုန်း

      ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ဘုရားပန်း အမျိုးမျိုးဖြစ်သော ဂန္ဓာမာပန်း၊ သစ္စာပန်း၊ စိန်လည်တုံ၊ နှင်းဆီ၊ ဇွန်ပန်း၊ ရှင်မွေးလွန်း၊ မေမြို့ပန်း(အက်စတာ)၊ မြေမြို့ပန်း (ကြက်လည်ဆံ) သပြေပန်း (အောင်သပြေ) အငုတ်၊ အောင်သပြေ အခက်များနှင့် အာစီယံသပြေ တို့ကို မိမိတို့ ဒေသထွက်နှင့် မန္တလေးမြို့၊ ပြင်ဦးလွင်မြို့၊ တောင်ကြီးမြို့တို့မှ မှာယူရောင်းချကြောင်း သိရှိရပါသည်။

       သစ္စာပန်းသည် မျိုးကွဲပေါင်းများစွာ အရောင်းအသွေးပေါင်းများစွာရှိပြီး လူအများ ကြိုက်နှစ်သက် သောပန်းဖြစ်ပြီး ဩဂုတ်လဆန်းပိုင်းတွင် စတင်ဖူးပွင့်လေ့ရှိကြောင်းသိရသည်။ သစ္စာပန်း၏ အဓိပ္ပါယ် ကတော့ ရိုးသားခြင်း၊ အရူးအမူးစွဲလမ်းခြင်း၊ သတိရခြင်း၊ သစ္စာရှိခြင်း၊ ဘယ်တော့မှအရှုံးမပေးနဲ့ဆိုသည့် အဓိပ္ပါယ်ကိုဆောင်ပါသည်။ သစ္စာပန်းသည် အရောင်အလိုက် ကိုယ်စားပြုသော အဓိပ္ပါယ်ရှိပြီး အဖြူ ရောင်ကတော့ ဖြူစင်ခြင်းကို ကိုယ်စားပြုခြင်း၊ အဝါရောင်းကတော့ ပျော်ရွင်မှု Friend Ship တွေကို ကိုယ်စားပြုခြင်း၊ အနီရောင်းကတော့ အချစ်ကို ကိုယ်စားပြုခြင်းဖြစ်သလို ခရမ်းရောင်ကတော့ ကျက် သရေရှိခြင်း နှင့် လျှို့ဝှက်ဆန်းကြယ်ခြင်းကို ကိုယ်စားပြုတာဖြစ်ပါသည်။ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (နောက်ဆုံးပတ်)တွင် ကျွန်းလှမြို့နယ်အတွင်း ဖြစ်ပေါ်နေသော သစ္စာပန်း ဈေးနှုန်းအနေဖြင့် သစ္စာပန်း (ဟော်လန်)အပွင့်ကြီး(၅)ခက်ပါ တစ်စီးလျှင်(၃၅၀၀)ကျပ်၊ သစ္စာပန်း အပွင့်သေး စာကလေးပန်း (၅)ခက် ပါ တစ်စီးလျှင်(၂၅၀၀)ကျပ်၊ ဈေးနှုန်းတို့ဖြင့် ရောင်းချခဲ့ပြီး ယခင်အပတ်ထက် သစ္စာပန်း တစ်စီးလျှင် (၅၀၀)ကျပ် ဈေးနှုန်း မြင့်တက်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော မယ်ဇလီဖူးပြုတ်  ဈေးနှုန်း

       ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် မိုးဦးရာသီ နှင့် တန်ဆောင်မုန်းလပြည့်နေ့များတွင် ဆေးဘက် ဝင်သည်ဟု အဆိုရှိ၍ အများဆုံးစားသုံးလေ့ရှိသော မယ်ဇလီဖူးများကို  ပြုတ်၍ ဈေးထဲတွင် ရောင်းချ လျက်ရှိကြောင်း သိရသည်။ မယ်ဇလီပင်များကို အရိပ်ရစေရန်အတွက် မိမိတို့ နေအိမ် မျက်နှသာ လမ်းဘေးများတွင် စိုက်ပျိုးထားလျက်ရှိကြပြီး မယ်ဇလီဖူးကို သူ့ရာသီချိန်တွင် ခူးဆွတ်ရောင်းချလျက်ရှိ ကာ မယ်ဇလီဖူးကို အားလူး၊ ကြာဆံ၊ မြေပဲဆံထောင်း နှင့် ကြက်သွန်ဖြူဆီကျက်တို့ဖြင့် အရန်ဟင်း တစ်ခွက်အဖြစ် စားသုံးကြသလို ရေနွေးကြမ်းနှင့်တွဲဖက်၍ သရေစာတစ်မျိုးအဖြစ်လည်း စားသောက် အသုံးပြုကြပါသည်။  

      ၂၀၂၅ ခုနှစ်၊  အောက်တိုဘာလ နောက်ဆုံးပတ်အတွင်း ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ရောင်းချ နေသော မယ်ဇလီဖူးပြုတ် ဈေးနှုန်းအနေဖြင့်  မယ်ဇလီဖူးပြုတ် တစ်ပြည်လျှင်(၃၈၀၀)ကျပ်၊ နို့ဆီဘူး (၄)ဘူးလျှင်(၂၀၀၀)ကျပ်၊ နို့ဆီဘူး တစ်ဘူးလျှင်(၅၀၀)ကျပ်၊  ဈေးနှုန်းတို့ဖြင့် အ‌ရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း တန်ဆောင်တိုင်အခါနားနီး၍ ယခင်အပတ်ထက် မယ်ဇလီဖူး တစ်ပြည်လျှင်(၁၀၀၀) ကျပ် ဈေးနှုန်းမြင့်တက်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကြည့်မြင်တိုင်မြို့နယ် KIP ဆိပ်ကမ်းတွင် စားအုန်းဆီ သင်္ဘောဝင်ရောက်ခြင်း

        စားအုန်းဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီသည် စားအုန်းဆီများ သတ်မှတ်အရည်အသွေး၊ စံချိန်စံညွှန်းများနှင့်အညီ စားသုံးသူပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီများသုံးစွဲနိုင်ရေး၊ ဈေးနှုန်းတည်ငြိမ်စွာ ဝယ်ယူစားသောက်နိုင်ရေး ကြီးကြပ်ထိန်းကျောင်း၍ သက်ဆိုင်ရာ ကုမ္ပဏီများက စားအုန်းဆီများပြည်ပမှ တင်သွင်းလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး သီလဝါဆိပ်ကမ်း၊ ဗားရာ (သဲကွင်း) ဆိပ်ကမ်း၊ ကြည့်မြင်တိုင်မြို့နယ် ကမ်းနားဈေးဆိပ်ကမ်း၊ KIP ဆိပ်ကမ်းသို့ ဆီသင်္ဘောများ ဆိုက်ကပ်ပြီး၊ ၃၀.၁၀.၂၀၂၅ ရက်နေ့ ကြည့်မြင်တိုင်မြို့နယ် KIP ဆိပ်ကမ်းတွင် MT . BAUHINIA  V.09/25OP သင်္ဘောဖြင့် Star (3) ဆီကန် သို့   2900 MT၊ Star (4) ဆီကန်သို့ 2400 MT စုစုပေါင်းတန်ချိန် 5300 MT ဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

စက်သုံးဆီဈေးနှုန်း အပတ်စဉ်ပြောင်းလဲမှုအခြေအနေ

               သောကြာနေ့တိုင်း တစ်ပတ်တစ်ကြိမ် စက်သုံးဆီဈေးနှုန်းများ ပြောင်းလဲလျက်ရှိရာ ယခု တစ်ပတ် (၃၁.၁၀.၂၀၂၅) ရက်နေ့တွင် ဒီဇယ်(ရိုးရိုး) (အဆင့်မြင့်)၊ ဓါတ်ဆီ(ရိုးရိုး) (အဆင့်မြင့်) တို့၏ ဈေးနှုန်းပြောင်းလဲမှုမှာ 95 Octance ဓါတ်ဆီ(အဆင့်မြင့်) ဈေးနှုန်းတစ်လီတာမှာ ၂၈၀၀ ကျပ်၊ 92 Octance ဓါတ်ဆီ (ရိုးရိုး) ဈေးနှုန်းတစ်လီတာမှာ ၂၇၀၅ ကျပ်၊ ဒီဇယ်(ရိုးရိုး) ဈေးနှုန်းတစ်လီတာမှာ ၂၄၅၅ ကျပ်၊ ဒီဇယ် (အဆင့်မြင့်) ဈေးနှုန်းတစ်လီတာမှာ ၂၉၉၀ ကျပ်ဖြစ်ကြောင်း သိရှိရပါသည်။ ယခင်တစ်ပတ် သောကြာနေ့ စက်သုံးဆီဈေးနှုန်းမှာ 95 Octance ဓါတ်ဆီ (အဆင့်မြင့်) ဈေးနှုန်း တစ်လီတာမှာ ၂၇၆၀ ကျပ်၊ 92 Octance ရိုးရိုး ဓါတ်ဆီဈေးနှုန်း တစ်လီတာမှာ ၂၆၇၀ ကျပ်၊ ဒီဇယ် (ရိုးရိုး) ဈေးနှုန်းတစ်လီတာမှာ ၂၃၈၀ ကျပ်၊ ဒီဇယ်(အဆင့်မြင့်) ဈေးနှုန်း တစ်လီတာမှာ ၂၉၉၀ ကျပ် ဖြစ်ကြောင်း၊ ယခုတစ်ပတ်သောကြာနေ့တွင် စက်သုံးဆီဈေးနှုန်းများမှာ ယခင်တစ်ပတ်ထက် ယခုတစ်ပတ်တွင် ဒီဇယ်(အဆင့်မြင့်)မှာ ၉၀ ကျပ် တက်ပြီး  ဒီဇယ်(ရိုးရိုး) မှာ ၇၅ ကျပ် တက်ပါကြောင်း၊  ဓါတ်ဆီ (အဆင့်မြင့်)မှာ ၀ ကျပ်တက်ပြီး  ဓါတ်ဆီ(ရိုးရိုး)မှာ ၅ ကျပ် တက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

၃၁.၁၀.၂၀၂၅ ရက်နေ့တွင် လှိုင်မြို့နယ် သီရိမင်္ဂလာဈေးကြီးတွင် ကုန်စိမ်း၊ ပန်းနှင့် သစ်သီးများ ဝင်ရောက်မှုအခြေအနေ

        ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်  သီရိမင်္ဂလာဈေးအတွင်းသို့ နေ့စဉ်အနယ်နယ်အရပ်ရပ်မှ သစ်သီးများ၊ ပန်းနှင့် ကုန်စိမ်းများ ဝင်ရောက်လျက်ရှိရာ အောင်ပန်း၊ တောင်ကြီး၊ ကလော၊ ဟဲဟိုး၊ အင်းလေး၊ မှော်ဘီ၊ တိုက်ကြီး၊ တွံတေး၊ ကျောင်းကုန်း၊ ရွှေညောင်၊ ညောင်နှစ်ပင်၊ ခရမ်း၊ သုံးခွ၊ ဝါးနက်ချောင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်းတို့မှ ၃၁.၁၀.၂၀၂၅ ရက်နေ့တွင် ကုန်စိမ်းကုန်ချိန် ပိဿာချိန်ပေါင်း (၇၉၄၀၀၀) ကား (၁၀၀) စီးဝင်ရောက်လျက်ရှိကြောင်း၊ ပြင်ဦးလွင်၊ ကလော၊ မိုးကုတ်၊ တောင်ကြီး၊ အောင်ပန်း၊ ဘီးလင်း၊ တပ်ကုန်း၊ ရဲမွန်၊ ရေး၊ အင်းမ၊ မှော်ဘီ၊ တိုက်ကြီး၊ မန္တလေး၊ သီပေါ၊ ကျိုက်ကော်၊ မော်လမြိုင်၊ ပုပ္ပါး၊ ကျောက်ဆည်၊ တောင်ငူ၊ တွံတေး၊ ထားဝယ်၊ ကြံခင်း၊ ခရမ်းတို့မှ သစ်သီးများ ကုန်ချိန်ပိဿာချိန်ပေါင်း (၁၇၅၀၀၀) ကား (၂၅) စီးဝင်ရောက်ပြီး  ကလော၊ ဟဲဟိုး၊ တောင်ကြီး၊ ပြင်ဦးလွင်၊ ရွှေတောင်၊ ငွေတောင်၊ လှည်းကူး၊ ကျွန်းကလေး၊ ဇီးဖြူကုန်း၊ တွံတေး၊ ကော့မှူး၊ ညောင်တုန်းတို့မှ ပန်းများ ကုန်ချိန်ပိဿာပေါင်း (၅၆၇၅၀)  ကား (၃၂) စီးဝင်ရောက်ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ညောင်တုန်းမြို့နယ်မှ မွေးမြူထွက်ရှိသော ငါးတန် ဈေးနှုန်း ဈေးကွက်

         ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ညောင်တုန်းမြို့နယ်တွင် ငါးတန်များအရောင်းအဝယ်ကောင်းမွန်နေကြောင်း ညောင်တုန်းမြို့နယ် ငါးရောင်းဝယ်ရေးဒိုင် ဒေါ်အမာထံ သိရသည်။ ညောင်တုန်းမြို့နယ်မှ ငါးတန်များ စက်တင်ဘာလ ဒုတိယပတ်မှ အောက်တိုဘာလ ၃၀ ရက်နေ့ထိ ဝယ်ယူမှုအားကောင်းလာပြီး အရောင်းအဝယ် ကောင်းမွန်နေ ကြောင်းသိရသည်။

       အဆိုပါဒေသတွင် နေ့စဉ် ငါးတန်ပိဿာချိန် ၃၀၀၀ ထိ အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။ ညောင်တုန်းမြို့နယ်ကနေထွက်တဲ့ ငါးတန်တွေကို ရန်ကုန်ဈေးကွက်သို့ တင်ပို့မှုများပြားလျက်ရှိသည်။  ညောင်တုန်းမြို့နယ်တွင် ငါးရောင်းဝယ်ရေး ပွဲရုံပိုင်ရှင်များက ဒေသထွက်ငါးတန်များကိုဝယ်ယူပြီး ရောင်းတမ်းဝင် သည့် အနေအထားထိ ထုတ်လုပ်ကာ ဖြန့်ဖြူးရောင်းချနေကြောင်း၊ အဆိုပါဒေသမှ ငါးတန်တစ်ပိဿာလျှင် ငွေကျပ် ၁၈၅၀၀ ကျပ်ဖြင့် ပေါက်ဈေးရှိကြောင်း၊ မြစ်ငါးတန် ၁ပိဿာဈေးအနေဖြင့် ၁ပိဿာ ၂၂၀၀၀ကျပ်ဖြင့် ဈေ0းကွက်အတွင်းအရောင်းအဝယ်ဖြစ်လျက်ရှိသည်။  ရန်ကုန်သို့ တစ်နေ့လျှင် ငါးတန်ပိဿာချိန် ၅၅၀၀ တင်ပို့နေကြောင်း တစ်လလျှင် ပျမ်းမျှ ငါးတန် ပိဿာချိန် ၁၂၀၀၀၀ခန့် တင်ပို့နိုင်ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း