Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ရာသီပေါ်ရွှေဖရုံညွှန့်ဈေးနှုန်း၊ဈေးကွက်

     မြင်းခြံမြို့နယ်အတွင်းရှိ ကျေးရွာများဖြစ်သော လေးအိမ်တန်း၊ ဘောလုံး၊ လှိုင်းတက်၊ အနိမ့်နှင့် နဘူးအိုင်ကျေးရွာများမှ တောင်သူများက မိသားစုစားဝတ်နေရေးအတွက် အပိုဝင်ငွေရရှိရန်  ဥယျာဥ်ခြံမြေများ စိုက်ပျိုးလျက်ရှိရာ စိုက်ခင်းများမှထွက်ရှိသော ရွှေဖရုံညွှန့်များကို တောင်သူများကိုယ်တိုင် အေးမြသီတာဈေးသို့ လာရောက်‌ရောင်းချကြောင်း၊ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလဒုတိယပတ်တွင် ရောင်းချနေသော ရွှေဖရုံညွှန့် (၂၅) ကျပ်သားလျှင် (၁၅၀၀) ကျပ် ပေါက်ဈေးများရှိကြောင်း၊ ယခုမိုးရာသီအချိန်တွင် ရာသီပေါ် ရွှေဖရုံညွှန့်များ လှိုင်လှိုင်ထွက်ပေါ်ချိန်ဖြစ်သောကြောင့် ပေါပေါများများရရှိနိုင်ကြောင်း၊ လူကြိုက်များသော ရွှေဖရုံညွှန့်များ စားသုံးမှုများ၍  အရောင်းအဝယ်ဖြစ်လျက်ရှိပြီး တောင်သူများအနေဖြင့် အပိုဝင်ငွေရရှိကြောင်း သိရှိရသည်။  ကျန်းမာရေးအကျိုး ကျေးဇူးအနေဖြင့် ရွှေဖရုံညွှန့်သည် အမျှင်ဓာတ်ကြွယ်ဝသဖြင့် အစာခြေစနစ်ကို ကောင်းမွန်စေပြီး ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးကြောင်း ပိုတက်ဆီယမ် ပါဝင်သောကြောင့် သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီး နှလုံးရောဂါကိုလျော့ချပေးကြောင်း၊ ဗီတာမင်အေ၊ စီပါဝင်သောကြောင့် ကိုယ်ခံအားကိုမြှင့်တင်ပေး၍ အရွယ်တင်နုပျိုစေကြောင်း သိရှိရသည်။ 

DOCA(မန္တလေး)

ရွှေဘိုဈေးကွက်တွင်  ရောင်းချသည့် ပုဂံပဲနှင့် ပဲတီဆံဈေး

       စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် စပါးကိုအဓိကစိုက်ပျိုးကြပြီး ပဲမျိုးစုံသီးနှံများကို အနည်းငယ်သာစိုက်ပျိုးသော်လည်း သက်ဆိုင်ရာဌာန၏ ၂၀၂၄-၂၀၂၅ခုနှစ် ရွှေဘိုခရိုင် ဆောင်းသီးနှံ စိုက်ပျိုးမှုစာရင်းများအရ ပုဂံပဲစိုက်ပျိုးမှုမရှိဘဲ ပဲတီစိမ်း(၁၀၆၃၄)ဧက စိုက်ပျိုးကြောင်း သိရှိရပါသည်။ ပဲမျိုးစုံအသစ်များမှာ ဒီဇင်ဘာလမှစတင်၍ ဈေးကွက်အတွင်းသို့ ဝင်ရောက်ခဲ့ပြီး ရွှေဘိုမြို့တွင် ရောင်းချသည့် ပုဂံပဲနှင့် ပဲတီဆံများကို ရွှေဘိုမြို့ရှိ ပွဲရုံများမှဝယ်ယူရောင်းချကြောင်း သိရှိရပါသည်။

ပုဂံပဲ

         ရွှေဘိုမြို့ဈေးကွက်အတွင်း စက်တင်ဘာလ၊ ပထမအပတ်တွင်ရောင်းချသည့် ပုဂံပဲဈေးနှုန်းမှာ ()ပြည်လျှင်(၉၅၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၁၅၂၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခု အပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ ပုဂံပဲ(၁)ပြည်လျှင် (၉၅၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်နှင့် ယခင်အပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတူညီကြောင်း၊  ဈေးကွက်အနေဖြင့် ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည် ရောင်းချမည့် သူများ၊ ပဲပြုတ်ရောင်းချသည့်သူများ၊ အလှူမင်္ဂလာပွဲလမ်းဆောင်ရွက်မည့်သူများမှ ဝယ်ယူကြကြောင်း၊ ဈေးကွက်အတွင်း ပုဂံပဲကို နိုင်လွန်ပဲဟုလည်းခေါ်ကြကြောင်း  ပဲမျိုးစုံရောင်းချသည့် ဆိုင်များမှ သတင်းရရှိပါသည်။

ပဲတီဆံ

         ရွှေဘိုမြို့ဈေးကွက်အတွင်း စက်တင်ဘာလ၊ ပထမအပတ်တွင်ရောင်းချသည့် ပဲတီဆံဈေးနှုန်းမှာ ()ပြည်လျှင်(၉၅၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၁၅၂၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့်ယခုအပတ် တို့၏ အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်အပတ်၌ ပဲတီဆံ(၁)ပြည်လျှင်(၉၅၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်နှင့် ယခင်အပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတူညီပြီး ဈေးငြိမ်နေကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည် ရောင်းချမည့် သူများ၊ အလှူမင်္ဂလာပွဲလမ်းဆောင်ရွက်မည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့် ဆိုင်များမှ သတင်းရရှိပါသည်။

 DOCA (စစ်ကိုင်း)

 

မုံရွာမြို့နန္ဒဝန်ဈေးတွင်ဖြစ်ပေါ်နေသော ‌ဂေါ်ဖီထုပ်နှင့် ပဲတောင့်ရှည်စျေးနှုန်း

           စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ပေါ်ရှိ နန္ဒဝန်စျေးတွင် စားဖိုဆောင်သီးနှံများ၊ အသားမျိုးစုံ၊ အကြော်စုံနှင့် အသုတ်စုံဆိုင်များ စုံလင်စွာ‌ရောင်းချလျက်ရှိရာ ဂေါ်ဖီထုပ်နှင့် ပဲတောင့်ရှည်များကိုလည်း ရောင်းချလျက်ရှိကြောင်း သိရပါသည်။ ၂၀၂၅ ခုနစ်၊ စက်တင်ဘာလ ဒုတိယပတ်တွင် ရောင်းချလျက်ရှိသော ဂေါ်ဖီထုပ်ဈေးနှုန်းမှာ အထုပ်ကြီး (၁) ထုပ်လျှင် (၂၀၀၀) ကျပ်ဖြင့် လည်ကောင်း၊ အထုပ်သေး (၁) ထုပ်လျှင် (၁၀၀၀-၁၅၀၀) ကျပ်ဖြင့်လည်ကောင်း ရောင်းချလျက်ရှိပြီး၊  ပဲတောင့်ရှည် (၁) စည်းလျှင် (၈၀၀) ကျပ်ဖြင့်လည်းကောင်း၊ (၃) စည်း (၂၄၀၀) ကျပ်ဖြင့်လည်းကောင်း ရောင်းချလျက်ရှိကြောင်း အသီးအရွက်ရောင်းချ သူများထံမှသိရပါသည်။

DOCA(စစ်ကိုင်း)

မာလကာသီးဈေးနှုန်းဈေးကွက်

      မြင်းခြံမြို့နယ်ရှိ အေးမြသီတာဈေးတွင် ရာသီပေါ်ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံမျိုးစုံ ရောင်းချ လျက်ရှိရာ ပုပ္ပါးမြို့မှထွက်ရှိသော မာလကာသီးများကိုလည်း မှာယူရောင်းချကြောင်း သိရှိရသည်။ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်တွင် မာလကာသီး ၅၀ ကျပ်သားလျှင် (၂၀၀၀)ကျပ်၊ တစ်ပိဿာလျှင် (၄၀၀၀) ကျပ်ပေါက်ဈေးများဖြင့်ရောင်းချကြောင်း၊ အရွယ်အစားအနေဖြင့် အလုံးလတ်များကိုသာရောင်းချကြောင်း၊ ပုပ္ပါးမာလကာသီးမှာလတ်ဆတ်ပြီး အရည်အသွေး ကောင်း၍ချိုမြသောကြောင့် ကောင်း၍ ချိုမြသောကြောင့် စားသုံးမှုများပြားပြီး ဈေးကွက်     တွင် အ‌ရောင်းအဝယ်သွက်လျက်ရှိကြောင်း၊ နေ့စဉ်ရောင်းချမှုအနေဖြင့် မာလကာသီး (၁၅-၂၅) ပိဿာခန့်ရောင်းချရကြောင်း မာလကာသီးရောင်းချသူ၏ပြောပြချက်အရ သိရှိရသည်။ မာလကာသီးသည် အသားမာသောအသာအသီးဖြစ်သောကြောင့် စားသုံးလျှင်ကြေညက်စွာ စားသုံးပါကအစာခြေစနစ်ကို အားကောင်းစေပြီး ဗီတာမင်စီကြွယ်ဝ၍ အရေပြားကိုနုပျိုစေကြောင်း၊ အမျှင်ဓာတ်များပြီး ကိုယ်ခံအားစနစ်ကို ကောင်းစေသလို နှလုံးကျန်းမာ‌ရေးကို အထောက်အကူပြုသောကြောင့် မာလကာသီးကို တစ်နေ့တစ်လုံး စားသုံးသင့်ပါကြောင်း လေ့လာသိရှိရသည်။

DOCA(မန္တလေး)

 

 

၂၀၂၅-၂၀၂၆ခုနှစ်၊မိုးအစေ့ထုတ်ပြောင်းစိုက်ပျိုးထားရှိမှုအခြေအနေ

      ဧရာဝတီမြစ်၏ အရှေ့ဘက်ကမ်းတွင်တည်ရှိသော မြင်းခြံမြို့နယ်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများလုပ်ကိုင်ကြပြီး မိုးအစေ့ထုတ်ပြောင်းသီးနှံကိုလည်း စိုက်ပျိုးထားကြောင်း၊ မိုးအ စေ့ထုတ်ပြောင်းကို ဩဂုတ်လမှစ၍ စက်တင်ဘာလအထိစိုက်ပျိုးပြီး၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလ တို့တွင်ရိတ်သိမ်းထွက်ပေါ်ကြောင်း၊ စိုက်ပျိုးချိန်မှရိတ်သိမ်းချိန်အထိ လေးလကျော်ကြာမြင့်ကြောင်း  သိရှိရသည်။ ဓါးကျွန်းကျေးရွာ၊ လေးအိမ်တန်းကျေးရွာ၊ ဂေါင်းကွဲရွာ၊ ပတ္တာကျေးရွာ၊ အနိမ့်၊ တလုပ်ကျေးရွာနှင့် တောပုကျေးရွာစသည်တို့တွင် စိုက်ပျိုးထားကြောင်းသိရှိရသည်။ ၂၀၂၅-၂၀၂၆ခုနှစ်တွင် မိုးအစေ့ထုတ်ပြောင်းစိုက်ပျိုးထားရှိမှု (၉၃၇) ဧကစိုက်ပျိုးထားကြောင်းမြို့နယ် ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရသိရှိရပြီး၊ စိုက်ပျိုးရန်ကျန်ရှိသောဧကများကို စက်တင်ဘာလအတွင်း အပြီးစိုက်ပျိုးမည်ဖြစ်ကြောင်း၊ ယခုစိုက်ပျိုးထားရှိသော မိုးအစေ့ထုတ် ပြောင်းများကို ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလနောက်ဆုံးပတ်တွင် ရိတ်သိမ်းမည်ဖြစ်ကြောင်း၊ ကာလတူနှိုင်းယှဉ်ပါက ယခုနှစ်သည် ယခင်နှစ်ထက်မိုးအစေ့ထုတ်ပြောင်း စိုက်ဧကများပိုမိုစိုက်ပျိုး ထားကြောင်း၊ မိုးရွာသွန်းမှုကောင်းမွန်ပါက အထွက်နှုန်းကောင်းနိုင်ကြောင်းနှင့် မိုးနည်းပါက မြေအောက်ရေသွင်းစနစ်ဖြင့် စိုက်ပျိုးရမည်ဖြစ်ကြောင်း ပြောင်းစိုက်တောင်သူ၏ ပြောပြချက်အရ သိရှိရသည်။ ယခင်နှစ်တစ်ဧကအထွက်နှုန်းအနေဖြင့်  (၈၅)တင်းခန့်ထွက်ရှိခဲ့ကြောင်း၊ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလဒုတိယပတ်တွင် ဆောင်းအစေ့ထုတ်ပြောင်းတစ်တင်းလျှင် (၂၆၅၀၀) ကျပ်ပေါက် ဈေးများရှိကြောင်း၊ တင်ပို့မှုအနေဖြင့် တစ်ပတ်လျှင် ရန်ကုန်မြို့ဘုရင့်နောင်သို့ (၃၀၀)အိတ်ခန့် တင်ပို့ကြောင်း ကုန်သည်၏ပြောပြချက်အရ သိရှိရသည်။

DOCA(မန္တလေး)

 

         

ဝင်ငွေရစီးပွားဖြစ်သောငွေပန်းဈေးနှုန်းများ

     မြင်းခြံမြို့နယ် သဲဖြူဝကျေးရွာ၊ လေးအိမ်တန်းကျေးရွာ၊ လှိုင်းတက်၊ ဘောလုံးနှင့် ဓါးကျွန်းကျေးရွာများတွင် ငွေပန်းပင်များကိုခြံဝန်းများအတွင်း၌ စီးပွားဖြစ်စိုက်ပျိုးထားရှိကြောင်း သိရှိရသည်။ အေးမြသီတာဈေး၌ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလဒုတိယပတ်တွင်  ရောင်း ချနေသော ငွေပန်းကုံး (၁၀) ကုံးလျှင် (၅၀၀) ကျပ်၊ ငွေပန်းကုံးတစ်ကုံးလျှင် (၃)ပွင့်ပါ တစ်ကုံးသီ ကုံးထားကြောင်း၊ တစ်ပွင့်ချင်းဈေးမှာ ငွေပန်းတစ်ပွင့်လျှင် (၁၂) ကျပ်ပေါက်ဈေးများဖြင့်ရောင်း ချကြောင်း၊ ငွေပန်းများကို နေ့စဉ်မိမိတို့အိမ်၏ဘုရား၌လှူခြင်း၊  ဘုရားစေတီပုထိုး များတွင် လည်းလှူဒါန်းသူများခြင်း၊ ဘာသာရေးပွဲများတွင်လည်း ကန်တော့ပွဲထိုးခြင်း၊ နတ်ပန်းလှူခြင်းများနှင့် လာဘ်ရွှင်သောပန်းအဖြစ်မြန်မာလူမျိုးများ အသုံးပြုကြသောကြောင့် နေ့စဉ်အရောင်း အဝယ်ကောင်းကြောင်း၊ ပန်းဖောက်သည်များလည်း ပေးရကြောင်း၊  ငွေပန်းကုံးအရောင်းအဝယ် ဖြစ်မှုအနေဖြင့် နေ့စဉ် (၁၀၀၀-၁၅၀၀) ကုံးခန့်ရောင်းချရကြောင်း၊ နေ့စဉ်ဝင်ငွေရသော ပန်းဖြစ်သောကြောင့် စီးပွားဖြစ်စိုက်ပျိုးသင့်သောပန်းဖြစ်ကြောင်း ငွေပန်းရောင်းချသူ၏ ပြောပြချက် အရသိရှိရသည်။

DOCA(မန္တလေး)

 

                   

ရွှေဘိုဈေးကွက်ရှိ တရုတ်ပဲကြီးနှင့် ဘိုပဲဈေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် စပါးကိုအဓိကစိုက်ပျိုးကြပြီး ပဲမျိုးစုံသီးနှံများကို အနည်းငယ်သာစိုက်ပျိုးသော်လည်း သက်ဆိုင်ရာဌာန၏ ၂၀၂၄-၂၀၂၅ခုနှစ် ရွှေဘိုခရိုင် ဆောင်းသီးနှံ စိုက်ပျိုးမှုစာရင်းများအရ တရုတ်ပဲကြီးနှင့် ဘိုပဲစိုက်ပျိုးမှုမရှိကြောင်း သိရှိရပါသည်။ ပဲမျိုးစုံအသစ်များမှာ ဒီဇင်ဘာလမှစတင်၍ ဈေးကွက်အတွင်းသို့ ဝင်ရောက်ခဲ့ပြီး ရွှေဘိုမြို့တွင်ရောင်းချသည့် တရုတ်ပဲကြီးနှင့် ဘိုပဲများကို ဒေသတွင်းရှိပွဲရုံများမှ ဝယ်ယူရောင်းချကြပါသည်။

တရုတ်ပဲကြီး

       ရွှေဘိုမြို့ဈေးကွက်အတွင်း စက်တင်ဘာလ၊ ပထမအပတ်တွင်ရောင်းချသည့် တရုတ်ပဲကြီး ဈေးနှုန်းမှာ ()ပြည်လျှင်(၉၅၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင် (၁၅၂၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ် နှင့်ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါ ယခင်အပတ်၌ တရုတ်ပဲကြီး (၁)ပြည်လျှင်(၉၅၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ် ဖြစ်သည့် ဈေးတူညီကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည် ရောင်းချမည့်သူများ၊ ကိုယ်တိုင်ကြော်ရောင်းသည့် ပဲကြော်ဖိုများ၊ အလှူမင်္ဂလာပွဲလမ်း ဆောင်ရွက်မည့် သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့် ဆိုင်များမှ သတင်းရရှိပါသည်။

ဘိုပဲ

    ရွှေဘိုမြို့ဈေးကွက်အတွင်း စက်တင်ဘာလ၊ ပထမအပတ်တွင် ရောင်းချသည့် ဘိုပဲဈေးနှုန်းမှာ ()ပြည်လျှင်(၁၃၅၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၂၁၆၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ ဘိုပဲ(၁)ပြည် လျှင်(၁၃၅၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတူညီပြီး ဈေးငြိမ်နေကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းရှိ စားသုံးသူများ၊ တစ်ဆင့်ပြန်လည် ရောင်းချမည့်သူများ၊ အလှူမင်္ဂလာပွဲလမ်းဆောင်ရွက်မည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချ သည့်ဆိုင်များမှ သတင်းရရှိပါသည်။

 DOCA (စစ်ကိုင်း)

ရောင်းချနေသောရှမ်းကြက်သွန်ဖြူဈေးနှုန်းများ

     မြင်းခြံမြို့နယ်အတွင်းရှိ တလုပ်ရွာ၊ တောပုရွာ၊ ‌ဂေါင်းကွဲရွာနှင့် ပတ္တာရွာများတွင် ဗမာကြက်သွန်ဖြူများကို ဆောင်းရာသီတစ်ရာသီသာ စိုက်ပျိုးလေ့ရှိကြောင်း၊ နွေရာသီနှင့် မိုးရာသီများ၌ ကြက်သွန်ဖြူစိုက်ပျိုး ဖြစ်ထွန်းမှုမရှိကြောင်း၊ ယခုအချိန်တွင် ဒေသထွက်ကြက်သွန်ဖြူများ ထွက် ပေါ် ကုန်ဆုံးပြီဖြစ်သောကြောင့် မြို့နယ်အတွင်းသို့ လိုအပ်သောကြက်သွန်ဖြူများကို ရှမ်းပြည်နယ် တောင်ပိုင်း အောင်ပန်းမြို့နှင့် မန္တလေးမြို့တို့မှ တင်သွင်းရောင်းချကြောင်း သိရှိရသည်။  ၂၀၂၅ခုနှစ်၊ စက်တင်ဘာလဒုတိယပတ်တွင် ရှမ်းကြက်သွန်ဖြူ ထူး ၁ တစ်ပိဿာလျှင်(၅၀၀၀) ကျပ်၊ ထူး ၂ တစ်ပိဿာလျှင် (၆၀၀၀) ကျပ်၊ ထူး ၃ တစ်ပိဿာလျှင် (၇၀၀၀) ကျပ်၊ ထူး(၄) တစ်ပိဿာ (၈၀၀၀) ကျပ်၊  ထူး ၅ တစ်ပိဿာ(၉၀၀၀)ကျပ်၊ ထူးရှယ်စ တစ်ပိဿာ (၁၀၀၀၀-၁၂၀၀၀) ကျပ်နှင့် ဥတစ်လုံးကြက်သွန်ဖြူတစ်ပိဿာလျှင် (၂၀၀၀၀-၂၅၀၀၀) ကျပ်ပေါက်ဈေး များဖြင့် ရောင်းချကြောင်း၊ ကြက်သွန်ဖြူသည် စားသောက်ကုန်အမျိုးမျိုးတွင် ထည့်သွင်း စားသုံးကြသလို၊ ဟင်းလျာ များ၌နေ့စဉ်စားသုံးကြကြောင်း၊ ဥတစ်လုံးကြက်သွန်ဖြူများကို ဆေး ဖော်စပ်ရာတွင် အသုံးပြုကြောင်း၊ အရောင်းအဝယ်ဖြစ်မှုအနေဖြင့် နေ့စဉ်ကုန်ချိန် (၁၀၀-၁၅၀) ပိဿာခန့်ဒေသအတွင်း ရောင်းချရကြောင်း၊ စာသုံးမှုများ၍ အရောင်းအဝယ်ကောင်းကြောင်း၊ ပွဲရုံလုပ်ငန်းလုပ်ကိုင်သူတစ်ဦး ၏ပြောပြချက်အရ သိရှိရသည်။

DOCA(မန္တလေး)

 

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော ဇီးဖြူသီးစိမ်း ဈေးနှုန်း

         ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများ နှင့် ကျွန်းလှမြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေး လုပ်ငန်းများကို လုပ်ကိုင်လျက်ရှိရာ နှစ်ရှည်သီးနှံပင်ဖြစ်သည့် သရက်သီးပင်၊ ဇီးဖြူသီးပင်၊ သီးသီးပင်၊ နဂါးမောက်သီးပင်၊ ပိန္နဲသီးပင်၊ ဂွေးသီးပင်၊ စောင်းလျှားသီးပင်၊ မန်ကျည်းသီးပင်၊ အုန်းသီးပင် နှင့် မာလကာသီးပင်များကို လည်းစိုက်ပျိုးကြသည့်အနက် ဇီးဖြူသီးပင်များကိုလည်း စိုက်ပျိုးလျက်ရှိ ကြောင်း သိရသည်။

          ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ပထမပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ ဇီးဖြူသီး  ဈေးနှုန်း အနေဖြင့် ဇီးဖြူသီး တစ်ပြည်လျှင်(၄၀၀၀)ကျပ်၊ နို့ဆီဘူး(၄)ဘူးလျှင်(၂၀၀၀)ကျပ် နှင့် နို့ဆီဘူး တစ်လုံးလျှင်(၅၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိပြီး ဇီးဖြူသီးကို အချဉ်ပေါင်းသည် နှင့် အိမ်ရှင်မများ မှ အရန်ဟင်းတစ်ခွက်အဖြစ် အသုံးပြုစားသောက်သည့်အတွက် ရောင်းအားကောင်းလျက် ရှိကြောင်းသိရသည်။

 DOCA (စစ်ကိုင်း)

MSME လုပ်ငန်းဖြစ်သောနနွင်းမှုန့်၊အရောင်တင်မှုန့်နှင့် ငရုတ်ခွဲကြမ်းဈေးနှုန်းများ

    မြင်းခြံမြို့ရှိရပ်ကွက်နှင့် ကျေးရွာများတွင် မိသားစုတစ်နိုင်တစ်ပိုင် စားဝတ်နေရေးအတွက် MSME လုပ်ငန်းဖြစ်သော အမှုံကြိတ်စက်များဖြင့် အမှုံအမျိုးမျိုးကြိတ်ခွဲထုတ်လုပ် ရောင်းချလျက်ရှိကြောင်း၊ ၂၀၂၅ခုနှစ် စက်တင်ဘာလလဒုတိယပတ်တွင်နနွင်းမှုံ တစ်ပိဿာလျှင် (၁၆၀၀၀)ကျပ်၊ အရောင်တင်မှုံတစ်ပိဿာလျှင် (၁၈၀၀၀) ကျပ်၊ ငရုတ်ခွဲကြမ်း တစ်ပိဿာလျှင် (၁၆၅၀၀) ကျပ်ပေါက်ဈေး များဖြင့် ရောင်းချလျက်ရှိကြောင်း သိရရှိသည်။ အရည်အသွေးအမျိုးအစား ပေါ်မှုတည်၍ ဈေးနှုန်းများအနည်းငယ်ကွာခြားကြောင်း၊ နနွင်းမှုန့်၊ အရောင်တင်မှုန်နှင့် ငရုတ်ခွဲကြမ်းများကို ဟင်းလျာများချက်ပြုတ်ရာ၌ နေ့စဉ်ဟင်းလျာများချက်ပြုတ်ရာတွင် အသုံးပြုသောကြောင့် အရောင်းအဝယ်ကောင်းကြောင်း၊ တစ်လလျှင် (၁၅-၂၀) ရက်ကြိတ်ခွဲ ထုတ်လုပ်ရကြောင်း၊ သုံးစွဲမှုအနေဖြင့် မြို့‌ပေါ်ရှိရပ်ကွက်များနှင့် ကျေးရွာများအပါအဝင်  တောင်သာမြို့နှင့် နွားထိုးကြီး မြို့သို့ တင်ပို့ရောင်းချကြောင်း သိရှိရသည်။ အမှုန့်ကြိတ်ခွဲ  ထုတ်လုပ်ရန်အတွက် ကုန်ကြမ်းသီးနှံဖြစ်သော နနွင်းတက်များကို ကျောက်ဆည်မြို့မှဝယ်ယူကြောင်း၊ ငရုတ်သီးခြောက်အတောင့်များကို  တောင်သာမြို့၊ နွားထိုးကြီးမြို့နှင့် ပခုက္ကူမြို့တို့မှ မှာယူတင်သွင်း ရောင်းချကြောင်း သိရှိရသည်။

DOCA(မန္တလေး)

 

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း