Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကော့သောင်းမြို့ ပေါ်ရှိ ကြက်သွန်နီ စျေးနှုန်း/စျေးကွက်

     တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့တွင် မီးဖိုချောင်သုံးသီးနှံဖြစ်သည့် ကြက်သွန်နီကိုနေရာအနှံ့အပြားတွင် ရောင်းချကြပါသည်။ ကော့သောင်းမြို့ဈေးကွက်အတွင်း အပတ်စဉ်ဝင် ရောက်လျက်ရှိပြီး ဒေသတွင်း လက်လီ/ လက်ကားဝယ်ယူသူများ၊ မြို့နယ်များမှတစ်ဆင့် ပြန်လည်ရောင်းချသူများ ပုံမှန်ရောင်းဝယ်နေကြောင်း သိရှိရပါသည်။ ကော့သောင်းမြို့နယ်ရှိ ယခင်အောက်တိုဘာလ ကြက်သွန်နီ တစ်ပိဿာ လျှင်(၂၅၀၀ိ/-)ကျပ်ရှိပြီး၊ ယခုလ နိုဝင်ဘာလ တွင် ကြက်သွန်နီ တစ်ပိဿာလျှင် (၂၅၀၀ိ/-)ကျပ်ရှိပြီး ယခင်လနှင့် စျေးနှုန်းနှိုင်းယှဉ်ပါက ကြက်သွန်နီစျေးနှုန်းမှာ စျေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ကုန်ဝင်နည်း၍ ဈေးတက်လာသော မုန်ညှင်း

       ၂၀၂၅ခုနှစ် အောက်တိုဘာလ နှင့် နိုဝင်ဘာလ(ဒုတိယပတ်)တွင် မုန်ညှင်းဈေးနှုန်းမှာ ပုံမှန် ဈေးနှုန်းဖြင့်သာ ဈေးကွက်အတွင်း၌ ဈေးငြိမ်လျက်ရှိကြောင်းသိရှိရပါသည်။ရှမ်းပြည်နယ်(တောင် ပိုင်း) အောင်ပန်းဒေသတွင် မုန်ညှင်းစိုက်ပျိုုးချိန်ဖြစ်၍ ဈေးကွက်ဝင်ရောက်သော ကုန်ချိန်နည်းပါးနေ မှုကြောင့် ဈေးတက်လာရခြင်းဖြစ်ကြောင်း သိရှိရပါသည်။

          မုန်ညှင်းတစ်ပိဿာလျှင်(၁၃၀၀-၁၇၀၀)ကျပ် ဈေးရှိခဲ့ရာမှ ယခုကာလတွင် တစ်ပိဿာလျှင် (၃၅၀၀-၄၀၀၀)ကျပ်ထိဈေးတက်လျက်ရှိပါသည်။နောင်လာမည့် ဒီဇင်ဘာလတွင် အရည်အသွေး ကောင်းသော  မုန်ညှင်းများ ထွက်ရှိမည့် ကာလဖြစ်သဖြင့် ဈေးကျဆင်းလာနိုင်ကြောင်း လေ့လာသုံး သပ်၍ ရေးသားတင်ပြအပ်ပါသည်။

DOCA(ရှမ်း)

ရှမ်းတောင်ကြက်သွန်ဖြူနှင့်ချင်း(ဂျင်း) ဈေးကွက်

       ရှမ်းတောင်ကြက်သွန်ဖြူမှာလည်း တရုတ်ကြက်သွန်ဖြူ(ကြူကုတ်) ခပ်ပါးပါးအဝင်ရှိသော်လည်း ၁၁၀၀၀ကျပ်ဈေးဖြင့် ဈေးမြှင့်လျက်ရှိပါသည်။ ရှမ်းတောင်ကြက်သွန်ဖြူမှာအ ရည်အသွေးကောင်းသဖြင့် ယမန်နှစ်ကလောက်ဈေးမကောင်းသော်လည်း ထူး၁ (၃၀၀၀) ထူး၂ (၄၀၀၀)၊ ထူး၃(၅၅၀၀)၊ ထူး၄ (၇၀၀၀)ကျပ် ၊ ထူး၅ (၇၀၀၀) နှင့် ထူးလွန် ၈၅၀၀ကျပ်ထိ ဈေးပေါက်နေပါသည်။ပွင့်လင်းရာသီ ကုန်စည်အဝင်များသော်လည်း ဈေးငြိမ်လျက်ရှိပါသည်။ ပွင့်လင်းရာသီ အလှူအတန်းပွဲများကြောင့် ကြက်သွန်ဖြူအသုံးများလာပြီး ကုန်စည်ပါးချိန် ဈေးမြင့်လာဖွယ်ရှိပါသည်။ ဒေါင်းဥတလုံးဈေးမှာ တပိဿာ ၁၅၀၀၀ဈေးပေါက်နေကြောင်း သိရပါသည်။

  ချင်း(ဂျင်း) ဈေးကွက်မှာမူ ပြည်ပဈေးကွက်အေးနေသဖြင့် အဆွဲပါး၍ ဈေးအေးနေပါ သည်။လက်ရှိဈေးကွက်ပေါက်ဈေးအရ အလတ်စ ၂၅၀၀ နှင့် ရှယ်စ ၃၀၀၀ခန့်ဖြင့် ရောင်း ဝယ်နေကြပြီး ပြည်ပဝယ်လက်ကို စောင့်မျှော်နေရကြောင်း သိရပါသည်။

DOCA(ရှမ်း)

“ရှမ်းတောင်ဒေသထွက် ကုန်စိမ်းဈေးကွက်”

     ယခုအပတ် နိုဝင်ဘာလပိုင်းတွင် ရှမ်းတောင်‌ဒေသထွက် ကုန်စိမ်းဈေးနှုန်းများ အတက်အကျ ပုံမှန်မဟုတ်ပဲ ဈေးနှုန်းကစားလျက်ရှိပါသည်။ ဂေါ်ဖီဈေးနှုန်းမှာ၉၀၀ ကျပ်မှ ၁၃၀၀ ကျပ်ခန့် အကျဖက် ဖြစ်လာ၍ ပန်းမုံလာမှာယခင်လ ၁၈၀၀ ကျပ်မှ ၃၀၀၀ ကျပ်ခန့်ရှိပြီး ယခုလတွင် ၁၀၀၀ကျပ်မှ ၁၃၀၀ ကျပ်ထိ ဈေးကျလာပါသည်။မုန်ညှင်းရွက်ဈေးနှုန်းမှာ ၁၃၀၀ ကျပ်မှ ၁၇၀၀ ကျပ် ထိ ဈေးတက်လာသည်။ ခရမ်းချဉ်သီးဈေးနှုန်းမှာ ယခင်လ၈၀၀ ကျပ်မှ ၁၃၀၀ ကျပ်ခန့် ထိရှိသော်လည်း ယခုလမှာ ၁၃၀၀ ကျပ် မှ ၁၅၀၀ ကျပ် ထိဈေးတက်လာသည်။ မုန်လာဥနီဈေးနှုန်းမှာ ၃၅၀၀ ကျပ်မှ ၄၀၀၀ ခန့် ဈေးငြိမ်နေပြီး ဘိုစားပဲ ယခင်လ ၂၅၀၀ ကျပ်မှ ၃၀၀၀ ကျပ်ခန့် ဈေးကျရာမှ ယခုလ ၅၀၀၀ ကျပ်နှင့်၅၅၀၀ကျပ်ထိ ဈေးမြင့်တက်လာပါသည်။

     ပွင့်လင်းရာသီဖြစ်သဖြင့် ရာသီဥတုကောင်းမွန်ခြင်း၊ ကုန်ထုတ်လမ်းများ ကောင်းမွန်လာခြင်းတို့ ကြောင့် ကုန်စည်အဝင်များလာပြီး နိုဝင်ဘာလ၊ ဒီဇင်ဘာလများတွင် ကုန်စိမ်းဈေးများ ကျတတ်သော် လည်း ယခုနှစ်အညာ‌ဒေသနှင့် မြန်မာနိုင်ငံအလယ်ပိုင်းတို့တွင် ကုန်စိမ်းစိုက်ပျိုးထွက်ရှိမှု နည်းပါးနိုင်    သဖြင့် ရှမ်းတောင်ကုန်စိမ်းများ ဈေးနှုန်းခိုင်မာပြီး ဈေးကွက်ဝေစုပိုလာနိုင်ကြောင်း လေ့လာ သုံးသပ် တင်ပြရပေသည်။

DOCA(ရှမ်း)

ရှမ်းပြည်နယ်(တောင်ပိုင်း)မှ ဆီထွက်သီးနှံ ပန်းနှမ်း စိုက်ပျိုးထုတ်လုပ်မှုနှင့် ဈေးနှုန်း ဈေးကွက် အခြေအနေ

        ပန်းနှမ်းပင်သည် သမပိုင်းသီးနှံအမျိုးအစားဖြစ်ပြီး ရေကြမ်း၊ မြေကြမ်း၊ ရာသီဥတုဒဏ် ခံနိုင်သော ဆီထွက်သီးနှံတစ်မျိုးဖြစ်သည်။ ရေငတ်ဒဏ်ခံနိုင်သဖြင့် အပူပိုင်းဒေသများ၊ မြေပြန့်ဒေသ များတွင် စိုက်ပျိုးနိုင်သလို တောင်ပေါ်ဒေသများတွင်လည်း စိုက်ပျိုးဖြစ်ထွန်းနိုင်သည့်  ဆီထွက်သီးနှံ  အမျိုးအစားဖြစ်သည်။ ပြည်တွင်းဒေသအနှံ့အပြား၌ စိုက်ပျိုးနိုင်သော်လည်း ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် အဓိကစိုက်ပျိုးကြောင်း လေ့လာသိရှိရပါသည်။ ပန်းနှမ်းသည် အလင်းရောင်တုံ့ပြန်သောမျိုးများဖြစ်၍ စိုက်ပျိုးချိန်နောက်ကျပါက ပန်းပွင့်နည်းခြင်း၊ အပင်ကြီးထွားမှု ထိခိုက်နိုင်သည်။  ရှမ်းပြည်နယ် (တောင်ပိုင်း)တွင်  တောင်ကြီး၊ ညောင်ရွှေ၊ ဟိုပုံး၊ ကလော၊ ဟဲဟိုး၊ အောင်ပန်း၊ ပင်းတယ၊ ဆီဆိုင်နှင့် နမ့်စန် မြို့များတွင် အများဆုံး စိုက်ပျိုးထွက်ရှိကြောင်းသိရှိရပါသည်။ ပန်းနှမ်း တစ်ဧကလျှင် (၇)တင်းမှ (၁၂) တင်းခန့် အထိ ထွက်ရှိ၍ အစေ့တစ်တင်းလျှင် ဆီ(၅ ပိဿာခွဲ မှ ၆ ပိဿာခန့်) ကြိတ်ခွဲရရှိနိုင်ပါသည်။ တစ်ဧက စိုက်ပျိုးလျှင် ဆီ(၄၀)ပိဿာခန့် ထုတ်လုပ်ရရှိနိုင်ကြောင်း လေ့လာသိရှိရပါသည်။ လက်ရှိကာလတွင် ဒေသတွင်းဈေးကွက်၌ ဖြစ်ပေါ်နေသော ပန်းနှမ်းရောင်းဝယ်မှုအခြေအနေမှာ ပန်းနှမ်းစေ့ တစ်ပိဿာ   လျှင် ၅၆၀၀ ကျပ်နှင့် ပန်းနှမ်းဆီ တစ်ပိဿာလျှင် ၁၇၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေ ကြောင်း စုံစမ်းသိရှိရပါသည်။

DOCA(ရှမ်း)

ထောပတ်သီးထွက်ရှိသည့်ကာလဖြစ်သောကြောင့် ဝယ်လိုအားရောင်းလိုအားများမြင့်တက်လျက်ရှိ

     ရှမ်းပြည်နယ်‌(တောင်ကြီး) မြို့တွင် ထောပတ်သီးများ ထွက်ပေါ်သည့်ကာလဖြစ်သဖြင့်  ဒေသသီးများကို ကြီး/ငယ် အရွယ်အစား ပေါ်မူတည်၍ ကျပ်( ၅၀ဝိ/-၁၀၀ဝိ/) ခန့် ကျပ်အတွင်း၌ လည်းကောင်း ၊  လူကြိုက်များသော Hass ထောပတ်သီးအနေဖြင့် အရွယ်အစားနှင့် မျိုးကောင်းမှုပေါ်မူတည်၍ တစ်ကီလိုလျှင်ပွဲရုံလက္ကားဈေး ကျပ် (၂၀၀ဝိ-၂၅၀ဝိ-၃၀၀ဝိ) ကျပ်များအတွင်း၌လည်းကောင်း ၊လက်လီဈေး ကျပ်(၄၀၀၀-၇၀၀၀-၈၀၀၀) အသီးသီးဈေးကွက်ပေါက်ဈေးရှိနေပါသည်။

    ယခုအချိန်ကာလသည် ဆောင်းရာသီကာလဖြစ်သောကြောင့် အသီးများပိုမိုရင့် မှည့်လာပြီဖြစ်သောကြောင့်ယခင်ပေါ်ခါစရာသီဈေးနှုန်းများထက် အနည်းငယ်လျော့ကျလာပြီး အသီးအရသာများပိုမိုကောင်းမွန်လာသောကြောင့် ဈေးကွက်အတွင်းအရောင်းအဝယ်သွက်လျက်ရှိနေကြောင်းနှင့် ရှမ်းပြည်နယ် (တောင်ပိုင်း)မှ ထွက်ရှိသော ထောပတ်သီးများကို ဒေသတွင်းတွင်သာမက မြန်မာပြည်အနှံ့အပြားသို့ ပို့ဆောင်ရောင်းချလျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(ရှမ်း)

ထားဝယ်ဒေသထွက် ဗုံလုံသီး(ပဲလင်းမြွေသီး)ဈေးနှုန်းမြင့်တက်လျက်ရှိ

      ထားဝယ်တွင် ဗုံလုံသီး (ပဲလင်းမြွေသီး)များ စတင်ပေါ်ထွက်လာပြီ ဖြစ်ပါသည်။ ဗုံလုံသီးသည် သခွား၊ ဗူး၊ ဖရုံတို့လို အနွယ်ပင်ဖြစ်၍ မိုးရာသီတွင်ထွက်ပေါ်လေ့ရှိပြီး ယခုအခါ ရေလောင်း၍ စိုက်ပျိုးကြသည်။ ထားဝယ်မြို့အနီးဝိုက်ရှိ ခြံများတွင်စိုက်ပျိုးကြပြီး နီးစပ်ရာ ဈေးများသို့ လာရောက် ရောင်းချကြပါသည်။ ထိုအသီးသည် အပေါ်ယံ အလွှာကို ဓားနှင့်ခြစ်ပြီး အရွယ်တော်အတုံးလေး များတုံး၍ အလယ်အူတိုင်ကိုထုတ်ပြီး ကြက်သား (သို့) ပုစွန်ခြောက်ကို ထောင်းပြီး အစာသွပ်ချက်စားလျှင် အလွန်ကောင်းသည့် ဟင်းလျာတစ်မျိုး ဖြစ်ပါသည်။ ဗုံလုံသီးတွင် ဗီတာမင်နှင့် သတ္တုဓါတ်များပါသဖြင့် စားသုံးပေးသင့်သော သီးနှံတစ်မျိုးဖြစ်ပါသည်။ 

              ဗုံလုံသီး(ပဲလင်းမြွေသီး)ကို တစ်တောင့်လျှင် ၁၀၀၀ ကျပ်ဖြင့် ဈေးကွက်တွင် ရောင်းချလျက်ရှိပြီး ဈေးနှုန်းအနည်းငယ်ကျဆင်းလျက်ရှိကြောင်း သိရပါသည်။

DOCA(တနင်္သာရီ)

 

ထားဝယ်မြို့ရှိ ထိုင်ဝမ်ခရမ်းချဉ်သီးဈေးနှုန်း အနည်းငယ်တက်

 

          ထားဝယ်မြို့၊ နိုဝင်ဘာလတတိယပတ်တွင် ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော ခရမ်းချဉ်သီးများကို ရန်ကုန်၊ မန္တလေးပွဲရုံများမှယူ၍ ထားဝယ်မြို့ကမ်းနားပျံကျဈေးနှင့် စည်ပင် သာယာဈေးကြီးတို့တွင် ရောင်းချကြသည်။

       ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ(တတိယပတ်)တွင် ထိုင်ဝမ်ခရမ်းချဉ်သီး ()ပိဿာလျှင် ကျပ်(၄၀၀၀) ဖြင့် ရောင်းချလျက်ရှိပြီး နိုဝင်ဘာလ(ဒုတိယပတ်)တွင် ကျပ်(၃၅၀၀)ဖြင့် ရောင်းချခဲ့ရာ ဈေးနှုန်း နှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် (၅၀၀)ကျပ် ဈေးနှုန်းမြင့်တက်လာကြောင်း သိရသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့ နိုဝင်ဘာလတတိယပတ်အတွင်း စက်သုံးဆီစျေးနှုန်းများ ကျဆင်း

    တနင်္သာရီတိုင်းဒေသကြီးအတွင်း မြို့နယ်များတွင် စက်သုံးဆီအရောင်းဆိုင်များ၊ ကုမ္ပဏီများ ဖွင့်လှစ်၍ ရောင်းချလျှက်ရှိရာ စက်သုံးဆီဈေးနှုန်းအနေဖြင့် နိုဝင်ဘာလဒုတိယပတ်တွင် စက်သုံးဆီ တစ်လီတာလျှင် ပရီမီယံဒီဇယ် (၃၁၈၀)ကျပ်၊ ရိုးရိုးဒီဇယ် (၂၆၄၅)ကျပ်၊ ဓာတ်ဆီ 92 (၂၇၄၅)ကျပ်၊ ဓာတ်ဆီ 95 (၂၈၂၀)ကျပ် အသီးသီးဖြစ်ခဲ့ပြီး ယခု နိုဝင်ဘာလဒုတိယပတ်တွင် ပရီမီယံ ဒီဇယ် (၃၂၂၀)ကျပ်၊ ရိုးရိုးဒီဇယ် (၂၆၇၅)ကျပ်၊ ဓာတ်ဆီ 92 (၂၇၂၀)ကျပ် ၊ ဓာတ်ဆီ 95 (၂၇၉၅)ကျပ် အသီးသီးဖြစ်ပေါ်ခဲ့ရာမှ တစ်လီတာလျှင် ပရီမီယံဒီဇယ် (၄၀)ကျပ်၊ ရိုးရိုးဒီဇယ် (၃၀)ကျပ် မြင့်တက် သွားပြီး ဓာတ်ဆီ 92 (၂၅)ကျပ်၊ ဓာတ်ဆီ 95 (၂၅)ကျပ် အသီးသီး ဈေးနှုန်းကျဆင်းခဲ့ကြောင်း လေ့လာ သိရှိခဲ့ရပါသည်။ စက်သုံးဆီများအား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာ နိုင်ငံ စက်သုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချရေးအသင်းတို့ ပူးပေါင်းအစီအစဉ်ဖြင့် သက်သာသော အထူးဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ခြင်းကြောင့် ယခုကဲ့သို့ စက်သုံးဆီ ဈေးနှုန်းများ ကျဆင်းလာခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့ ထောပတ်သီးစျေးနှုန်း/စျေးကွက်

    ထောပတ်သီးကို အဓိကစိုက်ပျိုးရာဒေသများမှာ မက်ဆီကိုတောင်ပိုင်းဒေသမှ မူလအရင်း တည်ဟုဆိုပြီး ရီယိုဂရန်းမှ ပီရူးအလယ်ပိုင်းသို့ ရောက်ရှိကာဉရောပသို့ ရောက်ရှိဖြစ်ထွန်း ခဲ့သည်။ ထောပတ်ပင်မှာ အပင်ကြီးမျိုးဖြစ်ပြီး အသီးများသည် အခိုင်လိုက်သီးတတ်ပါသည်။ အသီးသည် ခပ်ဝိုင်းဝိုင်းအရွယ်အစားများရှိသကဲ့သို့ ရှည်မျောမျောပုံစံများလည်း ထောပတ်ပင်များသည် နှစ်ရှည်သီးနှံပင်များဖြစ်သောကြောင့် စတင်စိုက်ပျိုးပြီး အချိန်(၃)နှစ်ကြာမှ စတင် အသီးသီးပါသည်။ ထောပတ်သီးသည် အောက်တိုဘာလတွင် အသီးများစတင်ထွက်ရှိပြီး ဇန်နဝါရီလအလယ်တွင် အသီးကုန်သည်။

     ထားဝယ်မြို့အတွင်းရှိ စည်ပင်သာယာစျေးနှင့် အသီးဆိုင်များတွင် ထောပတ်သီးအသေး တစ်ကီလိုလျှင်(၇၀၀၀)ကျပ်မှ(၈၀၀၀)ထိရှိပြီး အကြီးတစ်ကီလိုလျှင် (၁၀၀၀၀) ကျပ်မှ(၁၂၀၀၀) ထိရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း