Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ထားဝယ်မြို့ရှိ သခွားသီးဈေးနှုန်း  

      ထားဝယ်မြို့ရှိ ပတ်ဝန်းကျင်ကျေးရွာများမှ ပြည်သူများသည် မိမိတို့နေအိမ်ခြံဝင်းများနှင့် တောင်ယာများတွင် သီးပင်၊စားပင်များကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားလျက်ရှိရာ  သခွားသီးပင် များကိုလည်း စိုက်ပျိုးထားပါသည်။ သခွားပင်များသည် ဘူး၊ဖရုံပင်လိုမျိုး နွယ်ပင်အမျိုးအစား တစ်မျိုးဖြစ်ပြီး ပူနွေးသောရာသီတွင် ပိုမိုဖြစ်ထွန်းပြီး ဆီးနှင်းဒဏ်ကိုခံနိုင်ရည်မရှိပေ။ ထို့ကြောင့်နေ ရောင်ခြည်ကောင်းစွာရရှိပြီး စိုထိုင်းဆနည်းသောအရပ်ဒေသများတွင် သခွားပင်စိုက်ပျိုးရန်သင့် တော်သည်။ သခွားသီးများကို စိုက်ပျိုးပြီး (၄၅)ရက်အကြာတွင် စတင်ဆွတ်ခူးနိုင်ပြီး သခွားသီး မှည့်ပါက အောက်ခြေရှိအညှာအက်ကွဲလာကြောင်းသိရပါသည်။

              ယခုအချိန်သည် သီးပင်၊ စားပင်များရောင်းကောင်းလျက်ရှိပြီး ထားဝယ်မြို့တွင် သခွားသီးဈေးနှုန်းမှာ အကြီးတစ်လုံးလျှင်(၇၀၀)ကျပ် နှင့် အသေးတစ်လုံးလျှင်(၅၀၀)ကျပ်ရှိပြီး ဈေးသည်များ တွက်ချေကိုက်လျက်ရှိကြောင်း သိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့ ပဲပင်ပေါက်စျေးနှုန်း

          ပဲပင်ပေါက်သည်စျေးသက်သာပြီးအလွယ်တကူ ဝယ်ယူရရှိနိုင်၍ ကျန်းမာရေးအတွက် အထောက်အကူများစွာပြုနိုင်သောအစားအစာတစ်ခုဖြစ်သည်။ ပဲပင်ပေါက်သည် အာဟာရဓါတ် ကြွယ်ဝပြီး ဗီတာမင်A,Cနှင့်သတ္တုဓါတ်များ ကြွယ်ဝစွာ ပါဝင်နေသောကြောင့်ခန္ဓာကိုယ်ကို ကိုယ်ခံ အားကောင်းစေပြီး ရောဂါပိုးကူးစက်မှုကို ထိရောက်စွာကာကွယ်ပေးနိုင်ပါသည်။  ဓာတ်တိုးဆန့်ကျင် အာနိသင်ပါဝင်နေသောကြောင့် ခန္ဓာကိုယ်ကိုကျန်းမာစေပြီ ဇိဝကမ္မလုပ်ငန်းစဉ်များကို အကောင်းဆုံးလည်ပတ်စေနိုင်ပါသည်။ ဗီတာမင်A ပါဝင်နေသောကြောင့် ခန္ဓာကိုယ်ကိုလည်း အကောင်းဆုံး ထောက်ပံ့ပေးပါသည်။

      ပဲပင်ပေါက် ကိုစီးပွားအဖြစ် ဖောက်၍ရောင်းချကြပြီး ပဲပင်ပေါက် ဖောက်ရာတွင် ပဲတီစိမ်း၊ မတ်ပဲတို့ကို အများဆုံးအသုံး ပြုကြသည်။ များသောအားဖြင့်ဇကာထဲတွင် ထည့်ဖောက်လေ့ရှိပြီး အပင်ပေါက်ချိန်သည် ၄ ရက်မှ ၅ ရက်ခန့်ကြာပါသည်။ ပဲစေ့များမှတဆင့်  အပင်ဖောက်၍ ရရှိလာသောအပင်များကို အထုပ်ငယ်များဖြင့် တစ်ထုပ်လျှင် (၁၀၀၀)ကျပ်နှုန်းဖြင့် စည်ပင်သာယာဈေးကြီးနှင့် ရပ်ကွက်ဈေးငယ်များတွင် ရောင်းချကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 ထားဝယ်မြို့ရှိ ပြောင်းဖူးဈေးနှုန်း အခြေအနေ

    ပြောင်းဖူးကို မြန်မာနိုင်ငံအလယ်ပိုင်း ရှမ်းပြည်နယ်တောင်ပိုင်းနှင့်မြောက်ပိုင်း တို့တွင် အများဆုံးစိုက်ပျိုးကြသည်ကို တွေ့ရသည်။ ပြောင်းဖူးသည်ပြည်ပသို့အဓိကတင်ပို့သည့် သီးနှံ ဖြစ်သည်။  ပြည်ပပို့ကုန်အဖြစ် သာမကပြည်တွင်း၌ပါ စားသုံးသူစျေးကွက်အခိုင်အမာရှိသာ ပြောင်းဖူးကို တိုးမြင့်စိုက်ပျိုးသင့်ကြောင်း သိရှိရပါသည်။ ပြောင်းဖူးကို သကြားပြောင်း၊ ထောပတ်ပြောင်း၊ အနီရောင်ရှမ်းပြောင်းဟူ၍ အမျိုးမျိုးရှိသည်။ ယေဘုယျအားဖြင့် သကြား ပြောင်းမှာ လူကြိုက်များသော ပြောင်းဖြစ်သည်။ အစေ့ထုတ်ပြောင်းကို မိုးရာသီနှင့် ဆောင်းရာသီတွင် စိုက်ပျိုးကြပြီး ပြည်ပသို့ အဓိကတင်ပို့သည့်သီးနှံဖြစ်သည်။ ပြောင်းဖူးကို သားရေစာ အဖြစ်လည်း မျိုးစုံလုပ်စားကြသည်။ ထို့ပြင် ပြောင်းဖူးသည် အာဟာရဓာတ်ကြွယ်ဝ ပြီးကျန်းမာရေးနှင့်လည်း အထူးညီညွတ်ပါသည်။

    တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ စည်ပင်သာယာဈေးနှင့် ရက်ကွက်ဈေးငယ်များ တွင် ပြောင်းဖူးတစ်ဖူးလျှင်(၁၅၀၀ မှ ၂၀၀၀)ကျပ် ရှိကြောင်းဈေးသည်များထံမှ သိရှိရပါသည်။ DOCA(တနင်္သာရီ)

ထားဝယ်ဒေသထွက် ကြက်ဟင်းခါးသီးဈေးနှုန်းအခြေအနေ  

    ထားဝယ်မြို့ရှိ ပတ်ဝန်းကျင်ကျေးရွာများမှ ပြည်သူများသည် မိမိတို့နေအိမ်ခြံဝင်းနှင့် လယ်မြေများတွင် သီးပင်၊စားပင်းများစိုက်ပျိုးထားလျက်ရှိရာ ကြက်ဟင်းခါးပင်များကိုလည်း စိုက် ပျိုးထားပါသည်။  ကြက်ဟင်းခါးကို မြေဆီလွှာအမျိုးမျိုးတွင် စိုက်ပျိုးနိုင်ပြီး စိုက်ပျိုးပြီး အချိန်မှ စ၍ (၇၅)ရက်ခန့်တွင် စတင်ဆွတ်ခူးနိုင်ပါသည်။ ဆွတ်ခူးပြီးသောအသီးများကို စည်ပင်သာယာဈေးကြီး အတွင်း ရောင်းချကြပါ သည်။

  ကြက်ဟင်းခါးသီးတစ်လုံးလျှင်(၇၀၀ မှ ၁၀၀၀)ကျပ်ရှိပြီး ယခင်နှစ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းမြင့်တက်လျက်ရှိပြီး တောင်သူများတွက်ချေကိုက်လျက်ရှိကြောင်းသိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့အတွင်းရှိ ကြောင်လျှာသီး ဈေးနှုန်းအခြေအနေ 

     ကြောင်လျှာသီးပင်သည် သဘာဝအလေ့ကျပေါက်သော အပင်ဖြစ်၍ အပွင့်၊အသီး ၊အခေါက် နှင့်ရွက်များကလည်း ဆေးဖက်ဝင်သောကြောင့်ဈေးကွက်ဝင်သောအပင်ဖြစ်သည်။ နှစ်စဉ်မိုးရေ ကောင်းစွာရရှိသော အပူပိုင်းဒေသရာသီဥတုကိုကြိုက်နှစ်သက်သည်။

        ယခုအခါ ထားဝယ်မြို့၊ကျေးလက်ဒေသတောရွာများတွင် စီးပွားဖြစ်စိုက်ပျိုးကြပြီး ထိုမှတစ်ဆင့် ထားဝယ်မြို့ပေါ်ရှိ စည်ပင်သာယာဈေးကြီးနှင့်ရက်ကွက်ဈေးငယ်များတွင် လာရောက် ရောင်းချလျက်ရှိပြီး ကြောင်လျှာသီးတစ်တောင့်လျှင်(၁၅၀၀မှ ၂၀၀၀)ကျပ်ရှိ ကြောင်း သိရှိရပါသည်။

 DOCA(တနင်္သာရီ)

 

ထားဝယ်မြို့ရှိ နံနံပင်စျေးနှုန်း

      ထားဝယ်မြို့အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်လျက် ရှိရာ စားဖိုဆောင်သီးနှံဖြစ်သည့် နံနံပင်၊ ပူစီနံပင်၊ ချဉ်ပေါင်ရွက်၊ ဆူးပုတ်ရွက်၊ ကန်ဇွန်းရွက်၊ ပဲတောင့်ရှည်သီး၊ ရုံးပတီသီး၊ ခရမ်းသီးနှင့်  ခဝဲသီးများကို စိုက်ပျိုးလျက်ရှိပါ သည်။  စိုက်ပျိုးထွက်ရှိ သော သီးနှံများမှ ပူစီနံပင်များနှင့် နံနံပင်များကို  ထားဝယ်မြို့၊ စည်ပင်သာယာဈေးနှင့် ကမ်းနား စျေးများတွင်  လာရောက်ရောင်းချ လျက်ရှိကြောင်း သိရှိရပါသည်။ နံနံပင်နှင့်ပူစီနံ သည်  မြန်မာဟင်း များတွင် သာမက မုန့်ဟင်းခါး အသုပ်စုံတို့တွင်လည်း တွဲဖက်စားသုံးကြပါသည်။

             ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ တတိယပတ်တွင် စည်ပင်သာယာဈေးတွင်  ရောင်းချနေသော နံနံပင်ဈေးနှုန်းမှာ တစ်စည်းလျှင်(၇၀၀)ကျပ်၊ (၃)စည်းလျှင်(၂၀၀၀) ကျပ်ဖြင့်ရောင်းချလျက်ရှိ ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

ထားဝယ်မြို့ရှိ သလဲသီးစျေးနှုန်း

 

          တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ သလဲသီးများ အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။  သလဲသီးများကို ထားဝယ်မြို့ရှိ သစ်သီးအ‌ရောင်းဆိုင်များတွင် ရောင်းချလျက်ရှိပါ သည်။

          ထားဝယ်မြို့ရှိ သစ်သီးအ‌ရောင်းဆိုင်များတွင်  ဖြစ်ပေါ်နေသော   သလဲသီးအကြီး(၁)လုံးလျှင် (၆၀၀၀) ကျပ်၊ အသေး (၁)လုံး လျှင်(၄၀၀၀)ကျပ် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

မန္တလေးစျေးကွက်တွင် ကိုက်လံဟင်းရွက်များအရောင်းသွက်

              မန္တလေးစျေးကွက်အတွင်း နတ်တော်လဆန်းပိုင်းတွင် ကိုက်လံဟင်းရွက်ကုန်စိမ်းများ ဝင်ရောက်မှုများလျက်ရှိပြီး၊အရောင်းသွက်လျက်ကြောင်း သိရှိရပါသည်။ ၂၀၂၅ ခုနှစ် နိုဝင်ဘာ လတတိယပတ်အတွင်း ကိုက်လံဟင်းရွက်စျေးအနေဖြင့် လက္ကားစျေး (၁၀စီးပါ) တစ်စည်း လျှင် ၅၅၀၀ကျပ်နှင့် ၆၅၀၀ကျပ်၊ လက်လီစျေးတစ်စည်းလျှင် ၇၀၀ကျပ် နှင့် ၉၀၀ကျပ်အသီးသီးဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ မန္တလေးမြို့၊သီရိမာလာစျေးအတွင်း နေ့စဉ်ကုန်စိမ်းသီးနှံ ဝင်ရောက်မှုမှာ ကုန်စည်အမျိုးအစားအလိုက် Canter ၁၂ဘီးနှင့် ၆ ဘီး) ယာဉ်(၄၀)စီး နှင့်(၆၀)စီး အကြား ဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

နိုဝင်ဘာလတတိယပတ်ရှိမန္တလေးဂေါ်ဖီထုပ်စျေး

                 တန်ဆောင်မုန်းလအခါသမယ ကုန်စိမ်းစျေးကွက်သို့မန္တလေးတိုင်းဒေသကြီးရှိ အမရပူရ ခရိုင်၊ပြင်ဦးလွင်ခရိုင်၊ကျောက်ဆည်ခရိုင်နှင့်မိတ္တီလာခရိုင်တို့မှ ထွက်သည့်ကုန်စိမ်းများ၊ စစ်ကိုင်း တိုင်း ဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ ထွက်သည့်ပန်းဂေါ်ဖီထုပ်များ ဝင်ရောက်မှုများပြားလျက်ရှိပြီး၊ စျေးအနည်းငယ်လျော့ကျကာ အရောင်းသွက်လျက်ရှိကြောင်း  သိရှိရပါသည်။ ၂၀၂၅ ခုနှစ်နိုဝင်ဘာ လတတိယပတ်အတွင်း ဖြစ်ပေါ်သည့်စျေးနှုန်းများမှာ ပန်းဂေါ်ဖီထုပ် ၁ ခုလျှင် အပွင့်(ကြီး) ၁၆၀၀ ကျပ်နှင့် ၁၈၀၀ကျပ်၊အပွင့်(သေး) ၁၀၀၀ ကျပ်နှင့်၁၅၀၀ ကျပ် စျေးတို့ဖြင့် ရောင်းချပြီး၊ အလုံးအရွယ် အစားအပေါ်မူတည်၍ စျေးကွာခြားမှုရှိကြောင်းသိရှိရပါသည်။ မန္တလေးမြို့၊သီရိမာလာစျေးအတွင်း နေ့စဉ် ကုန်စိမ်းသီးနှံဝင်ရောက်မှုမှာ ကုန်စည် အမျိုးအစားအလိုက် Canter ၁၂ဘီးနှင့် ၆ ဘီး) ယာဉ်(၄၀) စီးနှင့်(၆၀)စီးအကြားဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ထားဝယ်မြို့ရှိကျွဲကောသီးစျေးနှုန်း

    ကျွဲကောသီးလေးများသည် ရှောက်၊ သံပုရာ၊ လိမ္မော်တို့နှင့်အတူ ရှောက်မျိုးနွယ်ထဲတွင် ပါဝင်ပါသည်။  ကျွဲကောသီးလေးများကို မိုးရာသီတွင်ပေါများစွာတွေ့ရှိရမှာဖြစ်ပါသည်။ ကျွဲကောသီး တွင် အာဟာရ ဓါတ်များစွာ ပါဝင်ပြီး အရည်ရွှမ်းတဲ့ အသီးတစ်မျိုး ဖြစ်တဲ့အပြင် ပိုတက်ဆီယမ်ဓါတ် ပါဝင်သောကြောင့် သွေးဖိအားကိုပုံမှန်ဖြစ်စေ၍ သွေးတိုးသမားများ စားသင့်သော အသီးတစ်မျိုး ဖြစ်ပါသည်။  အမျှင်ဓါတ်တွေကြွယ်ဝစွာပါဝင်၍ အစာချေစနစ်ကို ကောင်းမွန်စေခြင်းကြောင့် ဝမ်းချုပ် စေခြင်းကိုလည်းကာကွယ်ပေးပါသည်။ 

    ကျွဲကောသီးရဲ့အရသာလေးသည်ချိုချဉ်လေးရှိသောကြောင့် ထမင်းစားပြီး အအီပြေစား၍ သင့်သော အသီးတစ်မျိုးထဲတွင် ပါဝင်ပါသည်။ကျွဲကောသီး အလုံးပေါ်မူတည်၍ တစ်လုံးလျှင် ၃၀၀၀ကျပ်မှ ၄၀၀၀ကျပ် အထိရောင်းချပြီး ၃လုံးအထက်ဝယ်ယူပါကဈေးနှုန်းသက်သာပါကြောင်း ထားဝယ်မြို့ရှိ အသီးဆိုင်များ၏ပြောကြားချက်အရသိရှိရပါသည်။

DOCA(တနင်္သာရီ)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း