Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

 သာယာဝတီခရိုင်အတွင်းမတ်ပဲဈေးနှုန်းနှင့်စီးထွက်မှု့

               ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်များတွင် မတ်ပဲဈေးနှုန်းမှာ စက်တင်ဘာလ အတွင်းတွင် ပိဿာ (၂၀)တစ်တင်းလျှင် အနိမ့်ဆုံး (၉၂၅၀၀) ကျပ်မှ အမြင့်ဆုံး (၉၄၈၀၀) ကျပ်ထိရှိပြီး ယခုအောက်တိုဘာလ  နောက်ဆုံးသီတင်းပတ်အထိ  ဈေးနှုန်းများမှာ အနိမ့်ဆုံး (၈၅၃၀၀) ကျပ်မှ အမြင့်ဆုံး (၉၂၅၀၀) ကျပ်ထိရှိပါသည်။စီးထွက်မှု့အနေဖြင့် စက်တင်ဘာလ တစ်လလုံးတွင် ရန်ကုန်မြို့သို့ (၁၅၂၅၀၀) အိတ်တင်ပို့နိုင်ခဲ့ပါသည်။ ယခု အောက်တိုဘာလ နောက်ဆုံးသီတင်းပတ်ထိ တင်ပို့မှု့အနေဖြင့် (၁၆၅၅၁၀) အိတ်ခန့်တင်ပို့ နိုင်ခဲ့ ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော မုန့်တီဖတ် နှင့် မုန့်ဟင်းခါးဖတ်

  စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့ပေါ်ရပ်ကွက်များတွင် မိသားစုစားဝတ်နေရေးအတွက် မုန့်တီစိမ်း လုပ်ငန်းကိုလုပ်ကိုင် ရောင်းချလျက်ရှိရာ ကျွန်းလှမြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများသို့   ရောင်းချလျက်ရှိကြောင်းသိရသည်။

           ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ နောက်ဆုံးပတ်အတွင်း ကျွန်းလှမြို့ဈေးကွက်၌ ဖြစ်ပေါ်နေသော မုန့်တီစိမ်း ဈေးနှုန်းမှာ မုန့်တီစိမ်း လက်လီ တစ်ပိဿာလျှင်(၂၅၀၀)ကျပ်၊ မုန့်တီစိမ်း(၅၀)ကျပ်သားလျှင် (၁၃၀၀)ကျပ် နှင့် မုန့်တီစိမ်း(၂၅)ကျပ်သားလျှင်(၇၀၀)ကျပ် ရောင်းချသောကြောင့် ယခင်အပတ်ထက် မုန့်တီစိမ်း တစ်ပိဿာလျှင်(၅၀၀)ကျပ် ဈေးနှုန်းကျဆင်းလျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ဈေးနှုန်းမြင့်တက်လျက်ရှိသော မျှစ်စိမ်း နှင့် မျှစ်ပြုတ်

  ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဒေသထွက် ပေါ်ဦးပေါ်ဖျား မျှစ်စိမ်းများကို  ရှာဖွေ၍ ဈေးကွက်အတွင်းသို့ ရောင်းချကာ မျှစ်များ လှိုင်လှိုင်ပေါလာသည့်အတွက် ဈေးနှုန်း ကျဆင်းပြီး ယခုအချိန်တွင် အနည်းငယ်ရှားပါးလာသည့်အတွက် ဈေးအနည်းငယ်မြင့်တက်လျက်ရှိကြောင်း သိရသည်။

    အောက်တိုဘာလ နောက်ဆုံးပတ်တွင် ရောင်းချနေသော မျှစ်စိမ်း တစ်ပိဿာလျှင်(၅၀၀၀)ကျပ်၊ မျှစ်စိမ်း (၅၀)ကျပ် သားလျှင်(၂၅၀၀)ကျပ်နှင့် မျှစ်ပြုတ် တစ်ပိဿာလျှင်(၆၀၀၀)ကျပ်၊ (၅၀)ကျပ် သားလျှင် (၃၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၁၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချ လျက်ရှိကြောင်း  သိရပါသည်။

DOCA(စစ်ကိုင်း)

ဈေးနှုန်း ကျဆင်းနေရှိသော ဒေသထွက် ဖရဲသီး နှင့် ကျွဲကောသီး

   ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများ နှင့် ကျွန်းလှမြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေး လုပ်ငန်းများကို လုပ်ကိုင်စားသောက်ကြရာမှာ နှစ်ရှည်သီးနှံဖြစ်သည့် သရက်သီးပင်၊ နဂါးမောက်သီးပင်၊ ပိန္နဲသီးပင်၊ မန်ကျည်းသီးပင်၊ ကျွဲကောသီးပင် နှင့် မာလကာသီးပင်များကိုလည်း စိုက်ပျိုးကြသလို  မိမိတို့ တောင်ယာများထဲတွင် တစ်ပိုင်တစ်နိုင် အနေဖြင့် ရာသီပေါ်သီးနှံဖြစ်သည့် ဖရဲသီးများကို မန်ကျည်းအင်း ကျေးရွာ၊ သံဘိုကျေးရွာ၊ ရှမ်းစုကျေးရွာနှင့် မြို့ပေါ်ရပ်ကွက်များမှ ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးသို့ လာရောက် ပို့ဆောင်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။

    ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ နောက်ဆုံးပတ်အတွင်း ရောင်းချနေသော ဖရဲသီး ဈေးနှုန်းများမှာ ဖရဲသီးအကြီး တစ်လုံးလျှင်(၃၀၀၀)ကျပ်၊  အသေး တစ်လုံးလျှင်(၂၅၀၀)ကျပ် နှင့် ဖရဲသီးစိတ် တစ်စိတ် လျှင်(၂၅၀)ကျပ်၊  ကျွဲကောသီး ဈေးနှုန်းများမှာ ကျွဲကောသီး အကြီး တစ်လုံးလျှင်(၃၅၀၀)ကျပ်၊ အသေး တစ်လုံးလျှင် (၂၅၀၀)ကျပ်တို့ဖြင့်  အရောင်းအဝယ်ဖြစ်လျက်ရှိပြီး  ယခင် အပတ်နှင့် နှိုင်းယှဉ်ပါက ဈေးအနည်းငယ်ကျဆင်းလျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချနေသော ပုဇွန်ထုတ် ဈေးနှုန်း

  ကျွန်းလှမြို့နယ်တွင် ကုန်ဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိရာမှ အသား/ငါး ဈေးနှုန်း များထဲမှ ပုဇွန်ထုတ် ဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိရာ  ပုဇွန်ထုတ်များကို  ဧရာဝတီတိုင်းဒေသ ကြီး၊ မွန်ပြည်နယ် မော်လမြိုင်မြို့နှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ  တစ်ဆင့်ဝယ်ယူရောင်းချကာ ထမင်း ဆိုင်များ၊ စားသောက်ဆိုင်များ နှင့် စားဖွယ်စုံရောင်းချသည့် ဆိုင်မျာမှ ဝယ်ယူအသုံးပြုနေသည့်အတွက် ဈေးကောင်းရရှိနေကြောင်း သိရသည်။

   ယခု အောက်တိုဘာလ နောက်ဆုံးပတ်တွင် ပုဇွန်ထုတ် ဈေးနှုန်းများမှာ ပုဇွန်ထုတ် လက္ကားဈေး()ပိဿာလျှင်(၆၈၀၀၀)ကျပ်၊ လက်လီဈေး()ပိဿာလျှင်(၇၀၀၀၀) ကျပ်၊ (၅၀)ကျပ် သားလျှင်(၃၅၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၁၈၀၀၀)ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိ ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် စိုက်ပျိုးရောင်းချလျက်ရှိသော ပြောင်းချို ဈေးနှုန်း

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ် တာ ဝန်ခံရုံးအနေဖြင့်  စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုး တိုးတက် ရေးလုပ်ငန်းများကိုပါဆောင်ရွက်လျက်ရှိရာ ကျွန်းလှမြို့နယ်၊ ရှမ်းစုကျေးရွာတွင် တစ်ပိုင် တစ်နိုင် အနေ ဖြင့် ပြောင်းချိုပင်များ စိုက်ပျိုးလျက်ရှိကြောင်းသိရသည်။

   ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ နောက်ဆုံးပတ် ကျွန်းလှမြို့တွင် ရောင်းချနေသော ပြောင်းချိုဖူး ဈေးနှုန်းများမှာ ပြောင်းချို အဖူးကြီး တစ်ဖူးလျှင်(၇၀၀)ကျပ်၊ အဖူးသေး တစ်ဖူးလျှင်(၅၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ဈေးနှုန်းမြင့်တက်လာသော ပန်းဂေါ်ဖီ နှင့် ဂေါ်ဖီထုတ် ဈေးနှုန်း

  သစ်ရာမြိုင်ဈေးအတွင်းတွင် ကုန်စိမ်းသီးနှံအစုံဖြစ်သည် ပန်ဂေါ်ဖီ၊ ‌ဂေါ်ဖီထုတ်၊ ‌ရွှေပဲသီး၊ မုံညှင်းထုတ်၊ ပန်းငရုပ်ပွသီး၊ တိုင်ထောင်ဘိုစားပဲသီး၊ ရွှေပဲသီး၊ ဂေါ်ရခါးသီး နှင့် ခါကြက်ဥတို့ကို ရောင်းချလျက်ရှိရာ ပန်းဂေါ်ဖီကို မန္တလေးမြို့ နှင့် ရှမ်းပြည်နယ်တို့မှ မှာယူရောင်းချ ကြောင်း သိရသည်။

    ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ နောက်ဆုံးပတ်အတွင်း ရောင်းချနေသော ပန်း‌ဂေါ်ဖီ ဈေးနှုန်းမှာ ပန်းဂေါ်ဖီ အကြီး တစ်ပွင့်လျှင်(၅၀၀၀)ကျပ် နှင့် အသေး တစ်ပွင့်လျှင်(၄၀၀၀)ကျပ် နှင့် ဒေသထွက် ပန်းပွင့် တစ်ပွင့်လျှင်(၃၅၀၀)ကျပ် ဈေးနှုန်း တို့ဖြင့် လည်းကောင်း၊  ဂေါ်ဖီထုတ် အကြီး တစ်ထုတ်လျှင်(၅၀၀၀)ကျပ်၊ အသေးတစ်ထုတ်လျှင်(၃၅၀၀) ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပြီး ဈေးအနည်းငယ်မြင့်တက်လျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့၌ ရောင်းချလျက်ရှိသော ‌ပန်းငရုတ်ပွသီး ဈေးနှုန်း

   ကျွန်းလှမြို့တွင် စိုက်ပျိုးရေးလုပ်ငန်းကို တစ်ပိုင်တစ်နိုင်အနေဖြင့် စိုက်ပျိုးကြရာတွင် စားဖိုဆောင်သီးနှံဖြစ်သည့် ပန်းဂေါ်ဖီ၊ ‌ဂေါ်ဖီထုတ်၊ ‌ရွှေပဲသီး၊ မုံညှင်းထုတ်၊ ပန်းငရုတ်ပွသီး၊ ဂျူးမြစ်၊ ကန်ဇွန်းဥ၊ ခရမ်းချဉ်သီး၊ ငရုပ်သီးစိမ်း၊ ပြောင်းဖူး၊ တိုင်ထောင်ဘိုစားပဲသီး၊ ဂေါ်ရခါးသီး၊ ခါကြက်ဥ နှင့် ပန်းငရုပ်ပွသီးတို့ကိုပါ စိုက်ပျိုးရောင်းချကြောင်း သိရသည်။

    ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ နောက်ဆုံးအပတ် သစ်ရာမြိုင်ဈေးအတွင်းရှိ ပန်းငရုတ်ပွသီး ဈေးနှုန်းမှာ ပန်းငရုတ်ပွသီး လက္ကား တစ်ပိဿာလျှင်(၁၃၀၀၀)ကျပ်၊ လက်လီ တစ်ပိဿာ လျှင်(၁၅၀၀၀)ကျပ်၊ ၅၀ကျပ်သားလျှင်(၇၅၀၀)ကျပ်၊ ပန်းငရုတ်ပွသီး (၁၀)ကျပ်သားလျှင်(၁၅၀၀)ကျပ် ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ပန်းငရုတ်ပွသီးကို စားသောက်ဆိုင်များ ထမင်းဆိုင်များမှ အသုံးပြုသည့်အတွက် ရောင်းအားကောင်းလျက်ရှိကြောင်း ကုန်စိမ်းသီးနှံမျိုးစုံ ရောင်းချသူထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ဈေးတည်ငြိမ်နေသော နာနတ်သီး နှင့် ထောပတ်သီး

   ကျွန်းလှမြို့တွင် သစ်သီးမျိုးစုံဖြစ်သည့် နာနတ်သီး၊ နဂါးမောက်သီး၊ သရက်သီး၊ ငှက်ပျောသီး၊ စပျစ်သီး၊ သင်္ဘောသီး၊ ဖရဲသီး၊ ဩဇာသီး၊ သခွားမွှေးသီး၊ ကျောက်သခွားမွှေးသီး၊ ပန်းသီး၊ ပန်းသစ်တော်သီး၊ မင်းဂွတ်သီး၊  ဒညှင်းသီး  နှင့် ဖရဲသီးများကို  ရောင်းချလျက်ရှိကြောင်းသိရ သည်။

          ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ နောက်ဆုံးပတ်အတွင်း ရောင်းချနေသော နာနတ်သီ ဈေးနှုန်းများမှာ နာနတ်သီး အကြီး(၁)လုံးလျှင်(၇၅၀၀)ကျပ်၊ အသေး(၁)လုံးလျှင်(၇၀၀၀)ကျပ်ဈေးနှုန်း တို့ဖြင့်လည်းကောင်း၊ အလားတူပင် ထောပတ်သီး ဈေးနှုန်းများမှာ ထောပတ်သီး အကြီး(၁)လုံးလျှင် (၁၀၀၀)ကျပ် နှင့် အသေး(၁)လုံးလျှင်(၈၀၀)ကျပ်ဈေးနှုန်းတို့ဖြင့်‌ တည်ငြိမ်ပြီး အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း  သစ်ရာမြိုင်ဈေး တိုက်တန်းတွင် သစ်သီးမျိုးစုံ ရောင်းချနေသော ဈေးသည်ထံမှ သိရသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် နွားနို့၊ နွားနို့ခဲ နှင့် ဒိန်ချဉ်များ ဈေးနှုန်းမြင့်တက်လျက်ရှိ

    ကျွန်းလှမြို့ရှိ စိုက်ပျိုးရေး နှင့် မွေးမြူရေး လုပ်ငန်းများကို လုပ်ကိုင်စားသောက်ကြရာ ဗမာနွားများနှင့် မေထုံခေါ် နို့စားနွား မွေးမြူရေးလုပ်ငန်းကိုလည်း တစ်ပိုင် တစ်နိုင် မွေးမြူလျက်ရှိပြီး နွားနို့ နှင့် ဒိန်ချဉ်များကို ကျွန်းလှမြို့ ဈေးကွက် အတွင်းသို့ ရောင်းချ လျက်ရှိကြောင်းသိရသည်။

          ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ နောက်ဆုံးပတ်အတွင်း ရောင်းချနေသော ကျွန်းလှမြို့၏ နွားနို့ ဈေးနှုန်းများမှာ နွားနို့(၁)လီတာ တစ်ဘူးလျှင်(၂၅၀၀)ကျပ်၊ နွားနို့ခဲတစ်ပိဿာလျှင်(၁၅၀၀၀)ကျပ်၊ (၅၀) ကျပ်သားလျှင်(၇၅၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၄၀၀၀)ကျပ်၊ (၁၀)ကျပ်သားလျှင်(၁၅၀၀)ကျပ် နှင့် ဒိန်ချဉ်(၁)လီတာ တစ်ဘူးလျှင်(၅၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်  အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

 DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း