Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကျွန်းလှမြို့နယ်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲနီနှင့် ထောပတ်ပဲ

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး၊ ကျွန်းလှမြို့နယ် ကျီကုန်းကျေးရွာ၊ စံပြကျေးရွာနှင့် အခြားသောကျေးရွာများတွင် ပဲမျိုးစုံစိုက်ပျိုးကြောင်း သိရှိရသည်။

     ၂၀၂၅ ခုနှစ် နိုဝင်ဘာလ စတုတ္ထပတ်အတွင်း ပဲနီ(၁)တင်းလျှင် (၈၃၀၀၀)ကျပ်၊ အကွဲအနာပါ (၁)တင်းလျှင် (၈၂၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခုနိုဝင်ဘာလ စတုတ္ထပတ်အတွင်း ထောပတ်ပဲတစ်တင်းလျှင် (၁၃၁၀၀၀)ကျပ်၊ အကွဲအနာပါ(၁)တင်းလျှင် (၁၃၅၀၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခုပတ်အတွင်း ထောပတ်ပဲသီးနှံဈေးနှုန်း အနည်းငယ်ကျဆင်းကြောင်း၊ စွန်တာနီ(၁)တင်းလျှင် (၅၀၀)ကျပ်မြင့်တက်လာကြောင်း၊ ပဲနီနှင့်ထောပတ်ပဲများကို ရွှေဘိုမြို့နှင့် မန္တလေးမြို့ရှိပွဲရုံများသို့ တင်ပို့ရောင်းချကြောင်း၊ သီးနှံရောင်းဝယ်ရေးလုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့နယ်၌ ဈေးနှုန်းကျဆင်း၍ အရောင်းအဝယ်ဖြစ်လျက်ရှိသည့် ပဲလွန်းဖြူသီးနှံ

       စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်သည် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ကြောင်း၊ စိုက်ပျိုးတောင်သူများသည် ပဲလွန်းဖြူသီးနှံကိုလည်း စိုက်ပျိုးကြောင်း သိရသည်။

    ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ စတုတ္ထပတ်အတွင်း ဈေးနှုန်းများမှာ ပဲလွန်းဖြူတစ်တင်းလျှင် (၈၁၅၀၀)ကျပ်၊ အကွဲအနာပါတစ်တင်းလျှင်(၈၁၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခုနိုဝင်ဘာလ တတိယပတ်၏ ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါ စတုတ္ထပတ်အတွင်း ပဲလွန်းဖြူ(၁)တင်း လျှင်(၅၀၀၀)ကျပ် ဈေးနှုန်းကျဆင်းသွားကြောင်း၊ ဈေးကွက်အနေဖြင့် ကျွန်းလှမြို့နယ်မှထွက်ရှိသော ပဲလွန်းဖြူသီးနှံများကို မန္တလေးမြို့ရှိပွဲရုံများ၊ ကုန်စည်ဒိုင်များသို့ တင်ပို့ရောင်းချကြောင်း သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ငါန်းဇွန်မြို့၏  ငါးအမျိုးမျိုးဈေးနှုန်းများ

               မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့သည် မြစ်ကမ်းဘေးတည်ရှိပြီး စိုက်ပျိုးရေးကို အခြေခံ သော မြို့လေးတစ်မြို့ဖြစ်ပြီး တံငါလုပ်ငန်းလုပ်ကိုင်သူများလည်း ရှိကြပါသည်။ အချို့သည် မြို့ပေါ်ရှိ ငါးဒိုင်များသို့ လာရောက်ရောင်းချပြီး အချို့မှာ ကိုယ်တိုင်လာရောက် ရောင်းချကြောင်း သိရသည်။ငါန်းဇွန်မြို့နယ်တစ်ဝှမ်းရှိ ကျေးရွာများသည် ငါန်းဇွန်မြို့ပေါ်သို့ ငါးချဉ်များ လွန်စွာမှကြိုက်နှစ်သက်ကြ၍ လူကြုံမှာယူ စားသောက်ကြပါသည်။ ငါန်းဇွန်မြို့ရှိ မြို့မစည်ပင် သာယာဈေး သည် နံနက်ခင်းဈေးဖြစ်ပြီး ကုန်စိမ်း၊ သားငါး၊ ကုန်ခြောက်၊ ဆန်၊ ဆီ၊အဝတ်အထည် စသည့်ဖြင့် အစုံအလင်ရောင်းချသောဈေး ဖြစ်ပါသည်။ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ တတိယပတ်တွင် ဖြစ်ပေါ်နေသော ငါးဈေးနှုန်းများမှာ ငါးရံ့ တစ်ပိဿာလျှင် (၂၂၀၀၀)ကျပ်၊ ငါးတန် တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ငါးဘတ်တစ်ပိဿာလျှင် (၃၀၀၀၀)ကျပ်၊ ငါးဖယ် (ကောင်) တစ်ပိဿာလျှင် (၃၀၀၀၀)ကျပ်နှင့် ငါးချဉ် တစ်ပိဿာလျှင် (၇၀၀၀)ကျပ်ဖြင့်  ရောင်းချလျက်ရှိကြောင်း ငါးရောင်းချသူထံမှ သိရသည်။

DOCA(မန္တလေး)

 

   ငါန်းဇွန်မြို့  မြို့မစည်ပင်သာယာဈေးရှိ မီးဖိုချောင်သုံးသီးနှံဈေးနှုန်းများ

        မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့သည် မြစ်ကမ်းဘေးတည်ရှိပြီး စိုက်ပျိုးရေးကို အခြေခံ သော မြို့လေးတစ်မြို့ဖြစ်သည်။ ငါန်းဇွန်မြို့ရှိ မြို့မစည်ပင်သာယာဈေး သည် နံနက်ခင်းဈေးဖြစ်ပြီး ကုန်စိမ်း၊ သားငါး၊ ကုန်ခြောက်၊ ဆန်၊ ဆီ၊အဝတ်အထည် စသည့်ဖြင့် အစုံအလင်ရောင်းချသောဈေး ဖြစ်ပါသည်။ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ တတိယပတ်တွင် ဖြစ်ပေါ်နေသော မီးဖိုချောင်သုံး သီးနှံဈေးနှုန်းများမှာ ကြက်သွန်နီ တစ်ပိဿာလျှင် (၁၀၀၀/၁၂၀၀)ကျပ်၊ ကြက်သွန်ဖြူ တစ်ပိဿာလျှင် ( ၇၀၀၀)ကျပ်၊ ငရုတ်သီးခြောက် (ရှည်) တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ ငရုတ်ပု တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်နှင့် ဂျင်း တစ်ပိဿာလျှင် (၄၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ကုန်ခြောက်ရောင်းချသူထံမှ သိရသည်။ DOCA(မန္တလေး)

 

ကျွန်းလှမြို့နယ်၌ ပဲဇီးကွက်သီးနှံဈေးနှုန်း ဆက်လက်ကျဆင်း

           စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် စပါးနှင့် ဆီထွက်သီးနှံများအပြင် ပဲမျိုးစုံကိုလည်းစိုက်ပျိုးကြောင်း၊ ပဲဇီးကွက်သီးနှံများကို ကျွန်းလှမြို့နယ် ကျီကုန်းကျေးရွာ၊ စံပြကျေးရွာနှင့် အခြားသောကျေးရွာများမှ ဝင်ရောက်လျက်ရှိကြောင်း သိရသည်။

         ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ စတုတ္ထပတ်အတွင်း ဈေးနှုန်းများမှာ ပဲဇီးကွက်တစ်တင်းလျှင် (၉၁၅၀၀)ကျပ်၊ အကွဲအနာပါလျှင်(၉၁၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခုပတ်အတွင်း ပဲဇီးကွက်တစ်တင်းလျှင် (၂၅၀၀)ကျပ်ဈေးနှုန်းကျဆင်းသွားကြောင်း၊ ဈေးကွက်အနေဖြင့် ကျွန်းလှမြို့နယ်မှထွက်ရှိသော ပဲဇီးကွက်သီးနှံများကို ရွှေဘိုမြို့နှင့် မန္တလေးမြို့ရှိပွဲရုံများ၊ ကုန်စည်ဒိုင်များသို့ တင်ပို့လျက်ရှိကြောင်း သီးနှံရောင်းဝယ်ရေးလုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့နယ်၌ အရောင်းအဝယ်ဖြစ်နေသော ပဲစဉ်းငုံဈေးနှုန်းကျဆင်းလျက်ရှိ

       စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၌  မိုးသီးနှံစိုက်ပျိုးရာတွင် ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ စားဖိုဆောင်သီးနှံနှင့် အခြားသီးနှံမျိုးစုံစိုက်ပျိုးကြရာ ပဲစဉ်ငုံသီးနှံကိုလည်း အများဆုံးစိုက်ပျိုးကြကြောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

       ကျွန်းလှမြို့နယ်တွင် ပဲစဉ်းငုံမျိုးအနေဖြင့် အစေ့အနီရောင်မျိုးနှင့် အစေ့အဖြူရောင်မျိုးတို့ကို စိုက်ပျိုးကြောင်း ဈေးနှုန်းအနေဖြင့် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ စတုတ္ထပတ်အတွင်း ပဲစဉ်းငုံနီ(၁)တင်း လျှင်(၇၁၅၀၀)ကျပ် ၊ ပဲစဉ်းငုံဖြူ(၁)တင်းလျှင် (၆၅၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊ ယခုနိုဝင်ဘာလပတ်အတွင်း ပဲစဉ်းငုံ(၁)တင်းလျှင်(၂၀၀၀)ကျပ် ဈေးနှုန်းကျဆင်းသွားကြောင်း၊ ထွက်ရှိသည့် ပဲစဉ်းငုံများကို ရွှေဘိုမြို့ရှိပွဲရုံများ၊ မန္တလေးမြို့ရှိပွဲရုံများသို့ ရောင်းချကြောင်း ဒေသတွင်း သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ငါန်းဇွန်မြို့  မြို့မစည်ပင်သာယာဈေးရှိ ပဲလက်လီအရောင်းဈေးနှုန်းများ

            မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့သည် မြစ်ကမ်းဘေးတည်ရှိပြီး စိုက်ပျိုးရေးကို အခြေခံ သော မြို့လေးတစ်မြို့ဖြစ်ပြီး စပါးကို ဒေသတွင်းစားသုံးရန်အတွက် စိုက်ပျိုးကြောင်း၊ဆီထွက် သီးနှံ ဖြစ်သော မြေပဲ၊ နှမ်း၊ နေကြာများကိုလည်း စိုက်ပျိုးကြောင်း သိရသည်။ ငါန်းဇွန်မြို့ရှိ မြို့မစည် ပင်သာယာဈေး သည် နံနက်ခင်းဈေးဖြစ်ပြီး ကုန်စိမ်း၊ သားငါး၊ ကုန်ခြောက်၊ ဆန်၊ ဆီ၊အဝတ်အထည် စသည့်ဖြင့် အစုံအလင်ရောင်းချသောဈေး ဖြစ်ပါသည်။ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ တတိယပတ်တွင် ဖြစ်ပေါ်နေသော ပဲဈေးနှုန်းများမှာ ကုလားပဲ တစ်ပိဿာလျှင် (၈၅၀၀)ကျပ်၊ မတ်ပဲ တစ်ပိဿာလျှင် (၅၀၀၀)ကျပ်၊ ပဲနီလေး တစ်ပိဿာလျှင် (၇၀၀၀)ကျပ်၊ ပဲဝါလေး တစ်ပိဿာလျှင် (၈၀၀၀)ကျပ်နှင့် မြေပဲဆံ တစ်ပိဿာလျှင် (၉၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း  ပဲရောင်းချသူဆိုင်မှ သိရသည်။

DOCA(မန္တလေး)

                  

မြင်းခြံမြို့ အေးမြသီတာဈေးရှိ ငွေနှင်းမှိုဈေးနှုန်း

             ငွေနှင်းမှိုသည် အအေးဓာတ်ကို ကြိုက်နှစ်သက်သောမှိုဖြစ်ပြီး ယခင်က ပြင်ဦးလွင်ဒေသတွင် အများဆုံးစိုက်ပျိုးကြပြီး ယခုအခါ ဒေသစုံစိုက်ပျိုးလာကြောင်း သိရသည်။ငွေနှင်းမှိုသည် နွေရာသီတွင် အထွက်နှုန်းကောင်းပြီး ဆောင်းရာသီတွက် လူများလိုပင် ချမ်း၍ ကွေးနေသလိုပဲ အထွက်နှုန်း နည်းကြောင်း သိရသည်။ သန့်ရှင်းသော ပတ်ဝန်းကျင်တွင် ထားရှိရပြီး မှိုခူးရာတွင်လည်း သန့်ရှင်းစွာ ခူးရသည်။ မြင်းခြံမြို့၊ မြို့သစ်ရပ်တွင် အများဆုံးစိုက်ပျိုးပြီး ဒေသတွင်းဖြန့်ဖြူးရောင်းချလျက်ရှိပြီး သဘာဝထွက် မှိုများမပေါ်သောအချိန်တွင် ဈေးကွက်ဝယ် လိုအားကောင်းသဖြင့် မန္တလေးဈေးကွက်မှ ဝင်ယူရောင်းချကြောင်းသိရသည်။ ငွေနှင်းမှို ကို ငရုတ်သီးစိမ်းနှင့် အရည်ချို ချက်ပြုတ်၍လည်းကောင်း၊ မှိုနှင့်ကန်စွန်းရွက်ရော၍ ကြော်ချက်၍လည်းကောင်း စသည့်ဖြင့် ချက်ပြုတ်စားသောက်မှုများပြားကြသောကြောင့် ပုံမှန်ရောင်းအားကောင်းကြောင်း သိရသည်။ မြင်းခြံမြို့ အေးမြသီတာဈေး၊ မြို့မစည်ပင်သာယာဈေးနှင့် စံပြဈေးတို့တွင် သီးနှံများစုံလင်စွာရောင်းချလျက်ရှိရာ ငွေနှင်းမှိုမှာလည်းတစ်ခု အပါအဝင်ဖြစ်ပါသည်။ အေးမြသီတာ ဈေးရှိ ငွေနှင်းမှိုဈေးနှုန်းမှာ (၁၀) ကျပ်သားလျှင် (၁၅၀၀/၂၀၀၀)ကျပ်နှင့် တစ်ပိဿာလျှင် (၁၅၀၀၀/၁၈၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ရာသီအလိုက်မှိုထွက် နှုန်းကောင်းချိန်မကောင်းချိန်နှင့် သဘာဝမှိုများ ပေါ်ထွက်ချိန်တို့အလိုက် ဈေးနှုန်းအတက်အကျရှိကြောင်း သီးနှံရောင်းချသူတစ်ဦးထံမှသိရသည်။

DOCA(မန္တလေး)

မြင်းခြံမြို့၏ အရောင်းအဝယ်ဖြစ်သော သီးနှံဈေးနှုန်းများ

               မြင်းခြံမြို့သည် စိုက်ပျိုးရေးကို အခြေခံသောမြို့နယ်တစ်ခုဖြစ်ပြီး နှမ်း၊ မြေပဲ၊ နေကြာ၊ ပဲစဉ်းငုံ၊ ဝါ၊ ပဲတီစိမ်း၊  ပဲပုတ်၊ ကုလားပဲ စသည့်ဖြင့် သီးနှံမျိုးစုံစိုက်ပျိုးကြရာ ယခုအခါ နိုဝင်ဘာလ ပထမပတ်တွင် အများဆုံးအရောင်းအဝယ် ဖြစ်သော သီးနှံမှာ မြေပဲသည်သာ အများဆုံးဖြစ်ကြောင်းသိရပါသည်။ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ဒုတိယပတ်တွင် ဖြစ်ပေါ်နေသော ဈေးနှုန်းများမှာ ပဲစဉ်းငုံ တစ်ပိဿာလျှင် (၃၉၀၀)ကျပ်၊ ကုလားပဲ (V2) တစ်ပိဿာလျှင် (၄၁၀၀) ကျပ်၊ ပဲဇီးကွက် တစ်ပိဿာလျှင် (၅၈၀၀  မှ  ၆၀၀၀)ကျပ် ၊ ပဲပုတ် တစ်ပိဿာလျှင် (၆၄၀၀ မှ ၆၄၅၀) ကျပ်၊ မြေပဲလုံးဆံ တစ်ပိဿာလျှင် (၇၈၀၀ မှ ၈၀၀၀ ) ကျပ်၊ ပြန့်လုံးဆံ တစ်ပိဿာလျှင်( ၈၁၀၀၀ မှ ၈၁၀၀ ) ကျပ်၊ ဒေသအခေါ် တပေါက်ကျ တစ်ပိဿာလျှင် (၇၇၀၀ မှ ၇၈၀၀ )ကျပ်၊ ဆီဆံ တစ်ပိဿာလျှင် (၇၅၀၀ မှ ၇၆၀၀ ) ကျပ်၊ နှမ်းညို တစ်ပိဿာလျှင် ( ၅၈၀၀ မှ ၅၉၀၀) ကျပ် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပြီး  ပထမပတ်တွင် ဖြစ်ပေါ်နေ သော သီးနှံဈေးနှုန်းများ၏ ပဲစဉ်းငုံ တစ်ပိဿာလျှင် (၁၀၀)ကျပ်၊ ကုလားပဲ (V2) တစ်ပိဿာလျှင် (၅၀) ကျပ်ဈေးနှုန်းကျဆင်းပြီး ပဲဇီးကွက် တစ်ပိဿာလျှင် (၃၀၀  မှ ၂၀၀)ကျပ် ၊ ပဲပုတ် တစ်ပိဿာလျှင် (၅၀) ကျပ်၊ မြေပဲလုံးဆံ တစ်ပိဿာလျှင် (၂၀၀) ကျပ်၊ ပြန့်လုံးဆံ တစ်ပိဿာလျှင်( ၁၀၀) ကျပ်၊ ဒေသအခေါ် တပေါက်ကျ တစ်ပိဿာလျှင် (၅၀)ကျပ်၊ ဆီဆံ တစ်ပိဿာလျှင် (၁၀၀) ကျပ်၊ နှမ်းညို တစ်ပိဿာလျှင် ( ၂၀၀) ကျပ် ကျဆင်းခဲ့ကြောင်း သိရပါသည်။

DOCA(မန္တလေး)

မြင်းခြံမြို့ အေးမြသီတာဈေးရှိ ဟင်းသီးဟင်းရွက် ဈေးနှုန်းများ

              မြင်းခြံမြို့ အေးမြသီတာဈေးတွင် ရောင်းချလျက်ရှိသော ခရမ်းချဉ်သီး၊ ခရမ်းသီး၊ ဘိုစားပဲသီး၊ရွှေပဲသီး၊ အာလူးသီး၊ပန်းမုံလာ၊ ငရုတ်သီးစိမ်းစသည့် ဟင်းသီးဟင်းရွက် အသီးအနှံများ ကို အောင်ပန်း၊ ပြင်ဦးလွင်၊ မန္တလေးမြို့တို့မှ ဝယ်ယူရောင်းချကြောင်း သိရှိရသည်။ နိုဝင်ဘာလ တတိယပတ် တွင် ဖြစ်ပေါ်နေသော ဈေးနှုန်းများမှာ ခရမ်းချဉ်သီး တစ်ပိဿာလျှင် (၂၅၀၀)ကျပ်၊ ခရမ်းသီး (၂၅)ကျပ်သား (၈၀၀)ကျပ်၊ တစ်ပိဿာလျှင် (၂၅၀၀/၃၀၀၀)ကျပ်၊ ဘိုစားပဲသီး(၂၅) ကျပ်သား(၂၀၀၀)ကျပ်၊  တစ်ပိဿာလျှင် (၈၀၀၀)ကျပ်၊ ရွှေပဲသီး (၂၅)ကျပ် (၁၅၀၀) ကျပ်၊ တစ်ပိဿာလျှင်(၅၀၀၀)ကျပ်၊ အာလူးသီး(၂၅)ကျပ်သား(၂၀၀၀)ကျပ်၊ တစ်ပိဿာလျှင် (၇၀၀၀) ကျပ်နှင့်ငရုတ်သီးစိမ်း (၂၅)ကျပ်သား(၂၀၀၀)ကျပ်၊တစ်ပိဿာလျှင် (၇၀၀၀)ကျပ်၊ ပန်းမုံလာတစ် ပွင့်လျှင်(၁၅၀၀/၂၀၀၀)ကျပ် ဈေးများဖြင့်အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ ထမင်းဆိုင်၊ စားသောက်ဆိုင်များ ပေါများလှသောမြို့ဖြစ်သောကြောင့် အရောင်းအဝယ်သွက်ကြောင်း သိရှိရသည်။

DOCA(မန္တလေး)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း