Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန့်ဘလူမြို့ဆီထွက်သီးနှံဈေးကွက်ရှိ နှမ်းနက်၊နှမ်းဖြူဈေးနှုန်းမြင့်တက်

     ကန့်ဘလူခရိုင်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်သော ဒေသ တစ်ခုဖြစ်ပြီး ဒေသတွင်းစားသုံးဆီဖူလုံစေရေးအတွက် ကန့်ဘလူမြို့နယ် တောက္ကရှပ်ကျေးရွာ၊ မြေထူးကျေးရွာ၊ နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာများတွင် ဆောင်းနှမ်းကိုအဓိက စိုက်ပျိုး ကြောင်း၊ နှမ်းသီးနှံကို ဒေသတွင်း၌ဆီကြိတ်သော်လည်း ပိုလျှံသောသီးနှံများကို ရွှေဘိုမြို့နှင့် မန္တလေးမြို့ရှိပွဲရုံများသို့ အဓိကတင်ပို့ကြောင်း သိရသည်။

    ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ စတုတ္ထပတ်အတွင်း နှမ်းနက်(စမုံ)တစ်တင်းလျှင် (၂၃၁၀၀၀) ကျပ်၊ နှမ်းဖြူ(ဂျပန်)တစ်တင်းလျှင် (၁၀၄၀၀၀)ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ  ယခင်စက်တင်ဘာလ စတုတ္ထပတ် ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက ယခုလ စတုတ္ထပတ်အတွင်း နှမ်းနက် တစ်တင်းလျှင် (၉၀၀၀)ကျပ်ဈေးနှုန်းမြင့်တက်လာကြောင်း ဒေသတွင်းသီးနှံပွဲရုံများထံမှ သတင်းရရှိ သည်။

DOCA(စစ်ကိုင်း) 

ကန့်ဘလူမြို့နယ်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော ထောပတ်ပဲဈေးနှုန်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် လယ်ယာစိုက်ပျိုးရေးလုပ် ငန်းများကိုလုပ်ကိုင်ကြပြီးသီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ထောပတ်ပဲသီးနှံကို စိုက်ပျိုးထားရှိ ကြောင်း၊ ထောပတ်ပဲသီးနှံကို ကန့်ဘလူမြို့နယ် တောက္ကရှပ်ကျေးရွာ၊ နတ်ပေးကျေးရွာနှင့် အခြား သောကျေးရွာများတွင် စိုက်ပျိုးကြပြီး ကန့်ဘလူမြို့ပေါ်ရှိ  ပွဲရုံများသို့ရောင်းချကြောင်း သိရသည်။

          ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ စတုတ္ထပတ်အတွင်း ထောပတ်ပဲတစ်တင်းလျှင် (၁၂၃၀၀၀) ကျပ်၊အကွဲအနာပါတစ်တင်းလျှင် (၁၂၂၅၀၀)ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင် စက်တင်ဘာလ စတုတ္ထပတ် ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ထောပတ်ပဲ တစ်တင်းလျှင်(၂၀၀၀)ကျပ် ဈေးနှုန်းဆက်လက်ကျဆင်းနေကြောင်း၊ ထောပတ်ပဲသီးနှံကို မန္တလေး မြို့ရှိပွဲရုံများသို့ တင်ပို့ရောင်းချကြောင်း သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သတင်းရရှိပါ သည်။

DOCA(စစ်ကိုင်း) 

Online  ပေါ်တွင်နာမည်ကြီးနေသော ယာကွန်ဥ(ခေါ်)ရေကန်စွန်းဥ

      ယာကွန်ဥများကို ရှမ်းပြည်နယ်တောင်ကြီးမြို့တွင် အများဆုံးစိုက်ပျိုး၍ အခြားမြို့များသို့ တင်ပို့ရောင်းချကြကြောင်း သိရှိရပါသည်။ ယာကွန်ဥသည် အရည်ရွှမ်းကြွပ်ရွ၍ ချိုသော အရသာရှိကာ ပန်းသစ်တော်သီးအရသာနှင့်တူပြီး အလွန်ပင်စားကောင်းသော အသီးတစ်မျိုးဖြစ်သည်။ ယာကွန်ဥသည် အခွံခွာပြီး အသင့်စားသုံးနိုင်သော အသီးတစ်မျိုးဖြစ်သည်။ ယာကွန်ဥစား ပေးခြင်းဖြင့် နှလုံးသွေးကြောကို ကောင်းမွန်ခြင်း၊ ကိုယ်အလေးချိန်ကိုထိန်းပေးခြင်း၊ အစာအိမ်ကို ကောင်းမွန် ခြင်းနှင့် ဆီးချို၊သွေးချိုဝေဒနာရှင်များအတွက် အလွန်ပင်ကောင်းမွန်ပြီး အန္တရာယ်မရှိသောကြောင့် အလွန်ပင်စားသုံးသင့်သောအသီးတစ်မျိုးဖြစ်သည်။

       ယခု၂၀၂၅ခုနှစ်အောက်တိုဘာလတွင် မြိတ်မြို့ပေါ်တွင် ရောင်းချနေသော ယာကွန်ဥဈေး နှုန်းမှာ အကြီးတစ်ပိဿာလျှင် (၁၁၀၀၀)ကျပ်၊ အလတ်အသေးရောတစ်ပိဿာလျှင် (၆၀၀၀) ကျပ်ရှိကြောင်း ယာကွန်ဥများ ရောင်းချနေသူများထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

 

 

တနင်္သာရီတိုင်း၊ မြိတ်မြို့ပေါ်ရှိရောင်းချနေသော ဇွန်စိမ်းပန်းဈေးနှုန်း

          မြိတ်မြို့၊ ဆိပ်ငယ်ဈေးကြီးအတွင်းတွင် ဘုရားပန်းမျိုးစုံဖြစ်သည့် သပြေပန်း၊ နှင်းပန်း၊ ဂန္ဓမာ ပန်း၊ ဇွန်ပန်း၊ စံပယ်ပန်း၊ စကားဝါပန်း၊ စကားဖြူပန်း၊ ရွှေပန်း၊ ငွေပန်း၊ ပန်းတိမ်ငိုပန်း၊ နှင်းဆီပန်း၊ ခိုင်ရွှေဝါပန်းနှင့် ဇော်စိမ်းပန်း(ခေါ်)ကျောက်စိမ်းပန်းများ ရောင်းချလျက်ရှိရာ လူကြိုက် များသော ခိုင်ရွှေဝါပန်း၊ နှင်းဆီပန်းများနှင့် ဇော်စိမ်းပန်း(ခေါ်)ကျောက်စိမ်းပန်းများကို မြိတ်မြို့ပေါ်နှင့် ဒေသ အနီးတစ်ဝိုက်ရှိကျေးရွာများမှ တစ်နိုင်တစ်ပိုင်စိုက်ပျိုး ရောင်းချလျက်ရှိ ကြောင်း သိရှိရပါသည်။

       ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ စတုတ္ထပတ်အတွင်း ဇော်စိမ်းပန်း(ခေါ်) ကျောက်စိမ်းပန်း (၃)ခက် ပါ(၁)စည်းလျှင် (၁၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ဘုရားပန်းမျိုးစုံ ရောင်းဝယ်ရေးလုပ်ငန်းရှင်ထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ပေါ်ရှိ ကုန်စိမ်းဈေးနှုန်း/ဈေးကွက်

       တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့ပေါ်တွင် ဆိပ်ငယ်ဈေးကြီးနှင့် စမ်းချောင်း ကုန်စိမ်းဈေးများတွင် ခရမ်းသီး၊ ဂေါ်ဖီထုတ်၊ ကန်စွန်းရွက်၊ ခဝဲသီး၊ မုန်လာထုပ်၊ ပြောင်းဖူး၊ ထိုင်ဝမ်မုန်ညင်း၊ ရွှေဖရုံသီး၊ ဆလပ်ရွက်၊ ဘိုစားပဲ၊ ပဲရှည်သီး၊ ပဲပင်ပေါက်အစရှိသည့် ကုန်စိမ်း များကို ရန်ကုန်မြို့ကုန်စည်ဒိုင်များမှဝယ်ယူ၍ ပြန်လည်ရောင်းချကြကြောင်း သိရှိရပါသည်။

      ယခု၂၀၂၅ခုနှစ်၊ အောက်တိုဘာလတတိယပတ်တွင် မြိတ်မြို့ပေါ်တွင် ရောင်းချနေသော ကုန် စိမ်းဈေးများမှာကန်စွန်းရွက်တစ်စည်းလျှင်(၉၀၀)ကျပ်၊ ခဝဲသီးတစ်လုံးလျှင်(၁၅၀၀)ကျပ်၊ ထိုင်ဝမ်မုန် ညင်းတစ်စည်းလျှင်(၁၀၀၀)ကျပ်၊ ရွှေဖရုံသီးတစ်လုံးလျှင်(၇၀၀၀)ကျပ်၊ ဆလပ်ရွက် တစ်စည်းလျှင် (၁၅၀၀)ကျပ်၊ ကြက်သွန်မိတ်တစ်စည်းလျှင်(၆၀၀)ကျပ်၊ ချဥ်ပေါင်ရွက်တစ်စည်း လျှင်(၅၀၀)ကျပ်၊ ပူစီနံတစ်စည်းလျှင်(၅၀၀)ကျပ်၊ ပဲတောင့်ရှည်တစ်စည်းလျှင်(၈၀၀)ကျပ်၊ ဘူးသီးတစ်လုံးလျှင် (၅၀၀၀) ကျပ်၊ ဒညင်းသီး(၁၀)လုံးလျှင် (၁၄၀၀)ကျပ်၊ ရုံးပတီသီးတစ်တောင့် လျှင် (၂၀၀)ကျပ်ဖြင့် ဈေးများတွင် အသီးသီးရောင်းချနေကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

ကန့်ဘလူမြို့ပဲဈေးကွက်၌ စွန်တာနီ(ပဲနီ)ဈေးနှုန်း ဆက်လက်ကျဆင်း

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် သီးနှံမျိုးစုံစိုက်ပျိုးလျက် ရှိရာ စွန်တာနီ(ပဲနီ)သီးနှံများကို ကန့်ဘလူမြို့နယ် ကံကြီးကုန်းကျေးရွာ၊ တောက္ကရှပ်ကျေးရွာနှင့် အခြားသောကျေးရွာများတွင် စိုက်ပျိုးလျက်ရှိပြီး မိုးသီးနှံ စွန်တာနီ(ပဲနီ)(၂၂၀၀)ဧကကျော် စိုက်ပျိုး ထားကြောင်း စိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းများအရ သိရှိရသည်။

       ၂၀၂၅ ခုနှစ် အောက်တိုဘာလ စတုတ္ထပတ်အတွင်း စွန်တာနီ(ပဲနီ)တစ်တင်းလျှင် (၉၂၅၀၀) ကျပ်၊ အကွဲအနာပါတစ်တင်းလျှင် (၉၂၀၀၀)ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ၊ ယခင် စက်တင်ဘာလ စတုတ္ထပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုလ စတုတ္ထပတ်အတွင်း စွန်တာနီ (ပဲနီ)တစ်တင်းလျှင် (၆၀၀၀)ကျပ် ဈေးနှုန်းဆက်လက်ကျဆင်းနေကြောင်း ပွဲရုံလုပ်ငန်းရှင်များထံမှ သိရသည်။

DOCA(စစ်ကိုင်း) 

တနင်္သာရီတိုင်း၊မြိတ်မြို့ပေါ်ရှိ နာနတ်သီးဈေးနှုန်း

     တနင်္သာရီမြို့နယ်မှ ထွက်ရှိသောနာနတ်သီးများကို ကားလမ်းဖြင့် သယ်ယူလာ၍ မြိတ်မြို့ ပေါ်ရှိ ဈေးများတွင် ရောင်းချကြပါသည်။ နာနတ်သီးသည် မိုးရာသီတွင် အများအပြားထွက်ရှိပါသည်။ နာနတ်သီးစားသုံးခြင်းဖြင့် ခန္ဓာကိုယ်ခွန်အားကို တိုးမြှင့်ပေးပြီး ရေဓါတ်ဖြည်တင်းပေးခြင်း သွေးလည် ပတ်မှုကောင်းစေခြင်း၊ နာပိတ်ခြင်းကိုသက်သာစေခြင်း၊ ခန္ဓာကိုယ်ရောင်ရမ်းခြင်းမှ ကာကွယ်ပေး ခြင်း၊ ဗီတာမင်ဘီကြွယ်ဝစေခြင်း၊ အရိုးအကြောသန်မာခြင်းစသည့် အကျိုးကျေးဇူးများရရှိခြင်း ကြောင့် စားသုံးသူများ ကြိုက်နှစ်သက်သောအသီးဖြစ်ပါသည်။

      အောက်တိုဘာလတတိယပတ်တွင် ရောင်းချနေသော မြိတ်မြို့နယ်ရှိ နာနတ်သီးအသေး တစ်လုံးလျှင် (၅၀၀၀)ကျပ်၊ အကြီးတစ်လုံးလျှင် (၈၀၀၀)ကျပ်ခန့် ဈေးရရှိကြောင်း ကုန်စိမ်း ရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

 

 

 

ကန့်ဘလူမြို့သီးနှံဈေးကွက်ရှိ ကြက်ဆူစေ့ဈေးနှုန်း အနည်းငယ်ကျဆင်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ယာကွက်လွတ်များ၌လည်းကောင်း၊ ယာခင်းဘေးပတ်လည်၌လည်းကောင်း၊ ကြဲပက်စနစ်နှင့် တန်းစိုက်စနစ်တို့ဖြင့် ကြက်ဆူသီးနှံကိုစိုက်ပျိုးကြောင်း၊ ကြက်ဆူသီးနှံသည် ကန့်ဘလူမြို့နယ် ကံကြီးကုန်းကျေးရွာ၊တောက္ကရှပ်ကျေးရွာနှင့် အခြားသောကျေးရွာများတွင် စိုက်ပျိုးပြီး ကန့်ဘလူမြို့ ပေါ်သို့ လာရောက်ရောင်းချကြောင်း သိရသည်။

        ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ စတုတ္ထပတ်အတွင်း  ကြက်ဆူစေ့တစ်တင်းလျှင် (၄၈၀၀၀) ကျပ်၊ ကြက်ဆူစေ့ညံ့လျှင်(၄၇၅၀၀)ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင် စက်တင်ဘာလ စတုတ္ထပတ် ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ယခုလ စတုတ္ထပတ်အတွင်း ကြက်ဆူစေ့ (၁)တင်းလျှင် (၂၀၀၀)ကျပ် ဈေးနှုန်းကျဆင်းလျက်ရှိကြောင်း၊ ကြက်ဆူစေ့များကို မန္တလေးမြို့ရှိပွဲရုံ  များ၊ ကုန်စည်ဒိုင်များသို့ တင်ပို့ရောင်းချကြောင်း ဒေသတွင်းလုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း) 

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ပေါ်ရှိ နဂါးမောက်သီးနှင့် မာလကာသီးဈေးနှုန်း

     တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့တွင် နဂါးမောက်သီးနှင့် မာလကာသီးများကို ရန်ကုန်နှင့် အခြားမြို့များမှ အဓိကမှာယူရောင်းချလျက်ရှိပြီး ဒေသတွင်းတစ်နိုင်တစ်ပိုင်စိုက်ပျိုး လျက်ရှိကြပါသည်။ ၎င်းနဂါးမောက်သီးနှင့် မာလကာသီးကို  မြိတ်မြို့ရှိဈေးကြီးများနှင့် လမ်းဘေး သစ်သီးဆိုင်များတွင်အများဆုံး ရောင်းချနေကြောင်း သိရှိရပါသည်။ နဂါးမောက်သီးတွင် ခရမ်းရောင် အသီးနှင့် အဖြူရောင်းအသီးအဖြစ်နှစ်မျိုးရှိသည်။ အနီရောင်နဂါးမောက်သီးနှင့် အဖြူရောင် နဂါး မောက်သီးတွင် အနီရောင်နဂါးမောက်သီးမှာ ပို၍လူကြိုက်များလျက်ရှိပြီး စျေးနှုန်းအရ အနီရောင် နဂါးမောက်သီးမှာ စျေးကောင်းရရှိကြောင်း သိရှိရပါသည်။

     ၂၀၂၅ခုနှစ် အောက်တိုဘာလ တတိယပတ်တွင် မြိတ်မြို့ပေါ်ရှိ ဈေးနှုန်းမှာ နဂါးမောက်သီး (အဖြူ)ဈေးနှုန်း တစ်လုံးလျှင် (၂၅၀၀)ကျပ်၊ နဂါးမောက်သီး(အနီ)ဈေးနှုန်း တစ်လုံးလျှင်(၃၀၀၀) ကျပ်ရှိပြီး မာလကာသီးတစ်လုံးလျှင် (၁၅၀၀)ကျပ် မှ (၂၀၀၀)ကျပ်ရှိ ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

 

 

 

ကန့်ဘလူခရိုင်၏ အပတ်စဉ် စက်သုံးဆီပြောင်းလဲမှုအခြေအနေ

         မြန်မာနိုင်ငံစက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီက သောကြာနေ့တိုင်း တစ်ပတ်တစ်ခါ စက်သုံးဆီဈေးနှုန်းများ ပြောင်းလဲလျှက်ရှိရာ ယခုတစ်ပတ် (၁၇.၁၀.၂၀၂၅)ရက်နေ့တွင် ဓာတ်ဆီ(92)၊ ဓာတ်ဆီ(95) ဒီဇယ်နှင့် အဆင့်မြင့်ဒီဇယ်တို့၏ ဈေးနှုန်း ပြောင်းလဲမှုမှာ 92 Octance ဓါတ်ဆီ ဈေးနှုန်းတစ်လီတာမှာ ၂၈၅၅ကျပ်၊ 95 Octance ဓါတ်ဆီ ဈေးနှုန်းတစ်လီတာမှာ ၂၉၄၅ကျပ်၊ ဒီဇယ်ရိုးရိုး ဈေးနှုန်းတစ်လီတာမှာ ၂၆၁၅ကျပ်၊ ဒီဇယ် (အဆင့်မြင့်) ဈေးနှုန်းတစ်လီ တာမှာ ၃၁၅၅ကျပ်ဖြစ်ကြောင်း သိရှိရပါသည်။

      ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ စတုတ္ထပတ်အတွင်း ကန့်ဘလူမြို့နယ်အတွင်းရှိ စက်သုံးဆီ အရောင်းဆိုင်များတွင် 92 Octance ဓါတ်ဆီ ဈေးနှုန်းတစ်လီတာမှာ (၃၀၃၀)ကျပ်၊ 95 Octance ဓါတ်ဆီဈေး နှုန်းတစ်လီတာမှာ (၃၁၂၅)ကျပ်၊ ဒီဇယ်ရိုးရိုး ဈေးနှုန်းတစ်လီတာမှာ (၂၇၆၀)ကျပ်၊ ဒီဇယ်(အဆင့်မြင့်)ဈေးနှုန်း တစ်လီတာမှာ (၃၃၆၀)ကျပ်ဖြင့် ရောင်းချလျှက်ရှိရာ  ယခင်အပတ် ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုလ စတုတ္ထပတ်အတွင်း 92 Octance နှင့် 95 Octance ၊ဒီဇယ်ရိုးရိုးနှင့် ဒီဇယ်ပရီမီယံ စက်သုံးဆီဈေးနှုန်းများ ဆက်လက်ကျဆင်းနေကြောင်း စက်သုံးဆီ အရောင်းဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)   

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း