Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော အုန်းသီး ဈေးနှုန်း

     ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများ နှင့် ကျွန်းလှမြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေး လုပ်ငန်းများကို လုပ်ကိုင်စားသောက်ကြရာမှာ နှစ်ရှည်သီးနှံ ဖြစ်သည့် သရက်သီးပင်၊ နဂါးမောက်သီးပင်၊ ပိန္နဲသီးပင်၊ အုန်းသီးပင်၊ မန်ကျည်းသီးပင် နှင့် မာလကာသီးပင်များကိုလည်း မိမိတို့ နေအိမ် ခြံစည်းရိုး များနှင့် တောင်ယာများထဲတွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိပြီး အုန်းသီးများကို ကျွန်းလှမြို့နယ် အတွင်းရှိကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များမှ ကျွန်းလှမြို့ပေါ်ရပ်ကွက်ဈေးများနှင့် မိမိတို့ကျေးရွာများ တွင်  ရောင်းချလျက်ရှိကြောင်းသိရသည်။

             ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ပထမပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ ဒေသထွက် အုန်းသီး ဈေးနှုန်းများမှာ အုန်းသီးစိမ်း တစ်လုံးလျှင်(၃၀၀၀)ကျပ်၊ အုန်းသီး အရင့် အလုံးအကြီး အသေးပေါ်မူတည်၍ တစ်လုံးလျှင်(၂၅၀၀ / ၃၀၀၀)အထိ ဈေးနှုန်း အသီးသီးတို့ဖြင့် ရောင်းချလျက်ရှိကြောင်း ရန်ကုန်မှ မှာယူရောင်းချသော အုန်းသီးအရင့် တစ်လုံးလျှင်(၅၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်ရာမြိုင်ဈေး၌ အုန်းသီး  ရောင်းချနေသော ဈေးသည်ထံမှ သိရသည်။

Doca(စစ်ကိုင်း) 

သစ်ရာမြိုင်ဈေးတွင် ရောင်းချနေသော ဟင်းသီးဟင်းရွက် ဈေးနှုန်း

      စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ဟင်းသီးဟင်းရွက် အမျိုးမျိုးဖြစ်သော  ရုံးပတီသီး၊ မုံလာထုတ်(ခေါ်)ဂေါ်ဖီထုတ်၊ ပန်းဂေါ်ဖီ၊ ဂေါ်ရခါးသီး၊ ခါကြက်ဥ၊ ဘိုစားပဲသီး၊ ရွှေပဲသီး၊ ပဲသီးတောင့်ရှည်၊ ကြက်ဟင်းခါးသီး၊ ကင်းမုံသီး ၊ မျှစ်စိမ်း၊ မျှစ်ပြုတ်၊ ရွှေဖရုံသီး၊ ဘူးသီး၊ ကန်ဇွန်းရွက်၊ ချဉ်ပေါင်ရွက် နှင့် ပဲလင်းမြွေသီး(ခေါ်)ဗုံလုံသီး တို့ကို ရောင်းချနေကြောင်း သိရှိရပါသည်။

          ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ(ပထမပတ်)တွင် ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေး၌ ရောင်းချနေသော ဟင်းသီးဟင်းရွက်အမျိုးမျိုး၏ ဈေးနှုန်းများမှာ ဂေါ်ရခါးသီး တစ်လုံးလျှင်(၈၀၀/၇၀၀)ကျပ်၊ မုံလာထုတ် တစ်ထုတ်လျှင်(၃၀၀၀/၃၅၀၀)ကျပ်၊ ပန်းဂေါ်ဖီ တစ်ပွင့်လျှင်(၃၅၀၀)ကျပ်၊ ခါကြက်ဥ(ဗမာ) တစ်ပိဿာ လျှင်(၁၀၀၀၀)ကျပ်၊ ချဉ်ပေါင်ရွက် တစ်ပိဿာ(၁၀၀၀)ကျပ်၊ ကန်ဇွန်းရွက် တစ်စီးလျှင်(၂၀၀)ကျပ်၊ ကြက်ဟင်းခါးသီး တစ်ပြည်လျှင်(၄၀၀၀)ကျပ်၊ ကြက်ဟင်းခါးသီး  ထိုင်ဝမ် တစ်ပိဿာလျှင်(၄၀၀၀)ကျပ်၊ ရွှေဖရုံသီး တစ်ပိဿာလျှင်(၃၀၀၀)ကျပ်၊ ဘူးသီး တစ်လုံးလျှင် (၂၀၀၀)ကျပ် ကင်းမုံသီး တစ်ပြည် လျှင်(၄၅၀၀)ကျပ်၊ ပဲလင်းမြွေသီး တစ်တောင့်လျှင်(၇၀၀/၈၀၀/၅၀၀)ကျပ်၊ မုံညှင်းထုတ် တစ်ပိဿာ လျှင်(၁၀၀၀၀)ကျပ်၊ ခရမ်းသီး တစ်ပိဿာလျှင်(၂၀၀၀)ကျပ်၊ ရုံးပတီသီး တစ်ပိဿာလျှင်(၂၀၀၀)ကျပ်၊ ပဲသီးတောင့်ရှည်(၅)တောင့်ပါ တစ်စည်းလျှင်(၅၀၀)ကျပ်၊ မျှစ်စိမ်း တစ်ပိဿာလျှင်(၂၀၀၀)ကျပ်၊ မျှစ်ပြုတ် တစ်ပိဿာလျှင်(၃၀၀၀)ကျပ်၊ ငရုပ်သီးစိမ်း တစ်ပိဿာလျှင်(၃၅၀၀)ကျပ်၊ ကုလားအော် ငရုပ်သီးစိမ်း တစ်ပြည်လျှင်(၁၀၀၀၀)ကျပ်၊ ရိုးရိုးဗမာပြောင်းဖူး တစ်ဖူးလျှင်(၂၅၀/၃၀၀)ကျပ်နှင့် ဘိုစားပဲ သီး တစ်ပိဿာလျှင်(၁၂၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

Doca(စစ်ကိုင်း)       

ကန့်ဘလူမြို့သစ်သီးဈေးကွက်ရှိ ရွှေသခွားမွှေးသီးနှင့် ကျောက်သခွားမွှေးသီး ဈေးနှုန်း

         စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့မဈေးရှိ သစ်သီးဈေးကွက်တွင် စပျစ်သီး၊ လိမ္မော်သီး၊ ပန်းသီး၊ ဖရဲသီး၊ ပန်းသစ်တော်သီးများနှင့် သခွားမွှေးသီးများ ရောင်းချလျက်ရှိပြီး ရွှေသခွားမွှေးသီးနှင့် ကျောက်သခွားမွှေးသီးများကို မန္တလေးမြို့သစ်သီးပွဲရုံများမှ ဝယ်ယူရောင်းချ လျက်ရှိကြောင်း သိရသည်။

        ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်အတွင်း ကန့်ဘလူမြို့ သစ်သီးဈေးကွက်တွင် ရွှေသခွားမွှေးသီးအကြီးတစ်လုံးလျှင် (၁၀၀၀၀)ကျပ်၊ အလတ်တစ်လုံးလျှင်(၇၀၀၀)ကျပ်နှင့် အသေး တစ်လုံးလျှင်(၅၀၀၀)ကျပ်နှင့် ကျောက်သခွားမွှေးသီး အကြီးတစ်လုံးလျှင် (၅၀၀၀)ကျပ်နှင့် အသေး တစ်လုံးလျှင် (၃၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း သစ်သီးရောင်းချသူများထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

 ကျွန်းလှမြို့ သဖန်းဆိပ်ဆည်မှ ထွက်ရှိသည့် ရေချို ပုဇွန်ဆိတ် နှင့် ပုဇွန်ခြောက် ဈေးနှုန်း

      ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်း ငါးဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိရာမှ သဖန်းဆိတ်ဆည်မှ ထွက်ရှိသည့် ရေချို ပုဇွန်ဆိတ် ဈေးနှုန်းသည်လည်း ဈေးကောင်းဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

       ကျွန်းလှမြို့နယ် အတွင်းရှိ သဖန်းဆိပ်ဆည်အတွင်းမှ ရရှိသည့် ရေချို ပုဇွန်ဆိတ်ဖြစ်ပြီး ပုဇွန်ဆိတ်ကို ဆကာဖြင့် အကောင်အကြီး/အသေး ခွဲခြားပြီး အကောင်အကြီး အသေးပေါ် မူတည်၍ ဈေးများလဲကွာခြားသွားပါသည်။ စက်တင်ဘာလ ပထမပတ်အတွင်း ကျွန်းလှမြို့၌ ရောင်းချလျက်ရှိသော ပုဇွန်ဆိတ် ဈေးနှုန်းများမှာ ဆကာတင် အကောင်ကြီး လက်လီဈေး တစ်ပိဿာ(၂၃၀၀၀)ကျပ်နှင့် ပုဇွန်ဆိတ် အလတ်စ လက်လီဈေး(၁၈၀၀၀)ကျပ်နှင့် ပုဇွန်ဆိတ် ဆကာကျ အကောင်သေး လက်လီ တစ်ပိဿာလျှင်(၁၅၀၀၀)ကျပ်ဈေးနှုန်း အသီးသီးတို့ဖြင့် လည်းကောင်း၊ ပုဇွန်ခြောက် ဈေးနှုန်းများအနေဖြင့် ပုဇွန်ခြောက် အကြီး တစ်ပြည်လျှင်(၅၅၀၀၀)ကျပ်၊ ပုဇွန်ခြောက် အကြီး နို့ဆီ(၁)ဘူးလျှင်(၇၀၀၀ ကျပ်၊ ပုဇွန်ခြောက် အလတ် တစ်ပြည်လျှင်(၄၀၀၀၀)ကျပ်၊ ပုဇွန်ခြောက်  အလတ် နို့ဆီ(၁)ဘူးလျှင်(၅၀၀၀)ကျပ် နှင့် ပုဇွန်ခြောက်  အသေး တစ်ပြည်လျှင်(၃၂၀၀၀)ကျပ်၊ နို့ဆီ (၁)ဘူးလျှင်(၄၀၀၀)ကျပ် ဈေးနှုန်းအသီးသီးတို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

Doca(စစ်ကိုင်း)       

ကန့်ဘလူမြို့၌ ရောင်းချနေသော ကျောက်ဖရုံယိုနှင့်မြေပဲပွကြော်ဈေးနှုန်း

         စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အနေဖြင့်ဒေသ တွင်းစိုက်ပျိုးထွက်ရှိသည့် သီးနှံဈေးနှုန်းများ၊ ရာသီပေါ်အစားအစာများ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေတို့အား ရေးသားတင်ပြလျက်ရှိရာ ယခုအခါ ကန့်ဘလူမြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင် ရောင်းချလျက်ရှိသည့် ကျောက်ဖရုံယိုနှင့် မြေပဲပွကြော်တို့ကို  ရွှေဘိုမြို့ရှိ လက္ကားဆိုင်များမှ ဝယ်ယူရောင်းချကြောင်း သိရသည်။

       ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ပထမပတ်တွင် ရောင်းချနေသော ကျောက်ဖရုံယိုနှင့်မြေပဲပွ ကြော်ဈေးနှုန်းတို့မှာ ကျောက်ဖရုံယို(၁)ပိဿာလျှင် (၁၁၅၀၀)ကျပ်၊ ကျောက်ဖရုံယို (၅၀)ကျပ် သားလျှင် (၆၀၀၀)ကျပ်၊ ကျောက်ဖရုံယို(၂၅)ကျပ်သားလျှင် (၃၀၀၀)ကျပ်နှင့် မြေပဲပွကြော်(၁) ပြည်လျှင်(၆၅၀၀)ကျပ်နှင့် (၁)ဘူးလျှင်(၈၅၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။

Doca(စစ်ကိုင်း)       

မြို့မဈေးတွင် အရောင်းအဝယ်ဖြစ်သည့် မုန့်ညှင်းရွက်နှင့် မုန့်ညှင်းချဉ်ဈေးနှုန်း

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိ ရာစားဖိုဆောင်သီးနှံများကို ရာသီချိန်အလိုက် စိုက်ပျိုးကြကြောင်း၊ မုန့်ညှင်းရွက်ကို မြို့ပေါ်ရပ်ကွက်များတွင်သာမက ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများတွင်လည်း မိမိတို့နေအိမ်ခြံဝင်းများ၊ ယာကွက်များတွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးလျက်ရှိကြောင်း သိရှိရသည်။

           ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် မုန့်ညှင်းချဉ် (၁)ပန်းကန်လျှင် (၃၀၀)ကျပ်၊ (၂)ပန်းကန်လျှင် (၅၀၀)ကျပ်ဖြင့်လည်းကောင်း၊ စက်တင်ဘာလ ဒုတိယပတ်အတွင်း မုန့်ညှင်းရွက်လက်လီ (၁)စီးလျှင်(၃၀၀)ကျပ်၊  လက္ကား(၄)စီးလျှင် (၁၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်ရောင်းချလျက်ရှိကြောင်း ဟင်းသီးဟင်းရွက် ရောင်းချသူများထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့သစ်သီးဈေးကွက်ရှိ ပန်းသစ်တော်သီး ဈေးနှုန်း

           စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့မဈေးရှိ သစ်သီးဈေးကွက်တွင် စပျစ်သီး၊ လိမ္မော်သီး၊ ပန်းသီး၊ ဖရဲသီး၊ သခွားမွှေးသီးနှင့် ပန်းသစ်တော်သီးများ ရောင်းချလျက်ရှိပြီး ပန်းသစ်တော်သီးများကို မန္တလေးမြို့သစ်သီးပွဲရုံများမှ ဝယ်ယူရောင်းချလျက်ရှိကြောင်း သိရသည်။

         ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်အတွင်း ကန့်ဘလူမြို့ သစ်သီးဈေးကွက်တွင် ပန်းသစ်တော်သီး အကြီးတစ်လုံးလျှင် (၃၀၀၀)ကျပ်၊ အလတ်တစ်လုံးလျှင် (၂၀၀၀)ကျပ်နှင့် အသေး တစ်လုံးလျှင်(၁၅၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း သစ်သီးရောင်းချသူများထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော တောကြက်ဟင်းခါးသီးနှင့်ခဆော့သီးဈေးနှုန်းများ

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ရာသီပေါ်သီးနှံများကို စိုက်ပျိုး ရောင်းချလျက်ရှိရာ ယခုအခါ ကြက်ဟင်းခါးပင်နှင့်ခဆော့ပင်များကို  နေအိမ်ခြံဝင်းများတွင်လည်းကောင်း၊ယာတော၊ လယ်တောများတွင်လည်းကောင်း တစ်နိုင်တစ်ပိုင်စိုက်ပျိုး၍ ရောင်းချလျက်ရှိ ကြောင်းသိရသည်။  

        ၂၀၂၅ခုနှစ်၊စက်တင်ဘာလ ပထမပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ကုန်စိမ်းရောင်းချသူ တစ်ဦး၏ပြောပြချက်အရ တောကြက်ဟင်းခါးသီးနှင့် ခဆော့သီးများကို ကန့်ဘလူမြို့ပေါ်နှင့် နတ်ပေးကျေးရွာ၊ နတ်အင်းကျေးရွာများမှ ဝယ်ယူရောင်းချလျက်ရှိကြောင်း၊ တောကြက်ဟင်းခါးသီး ဈေးနှုန်းများမှာ တောကြက်ဟင်းခါးသီး(၁)ပြည်လျှင် (၃၈၀၀)ကျပ်၊ နို့ဆီဘူး(၁)ဘူးလျှင် (၅၀၀) ကျပ်နှင့် ခဆော့သီး(၁)ပြည်လျှင် (၃၈၀၀)ကျပ်၊ နို့ဆီ(၁)ဘူးလျှင် (၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိ ကြောင်းသတင်းရရှိပါသည်။

Doca(စစ်ကိုင်း)                                                          

မြို့မဈေးတွင် ဈေးနှုန်းကျဆင်းနေသည့် ဂေါ်ဖီထုပ်နှင့် ပန်းဂေါ်ဖီဈေးနှုန်း

           စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးရှိ ဟင်းသီးဟင်းရွက်ဈေးတန်း၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော ဂေါ်ဖီထုပ်နှင့် ပန်းဂေါ်ဖီများကို အိမ်ရှင်မများက အိမ်သုံးအတွက် ဝယ်ယူကြသလို ထမင်းဆိုင်နှင့် စားသောက်ဆိုင်များမှ အဓိကဝယ်ယူကြောင်း သိရှိရသည်။

          ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်အတွင်း ဂေါ်ဖီထုပ်အကြီး(၁)ထုပ်လျှင် (၃၀၀၀) ကျပ်၊ အသေး(၁)ထုပ်လျှင် (၂၀၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ ပန်းဂေါ်ဖီတစ်ပွင့်လျှင် (၃၅၀၀)ကျပ် ဖြင့်ရောင်းချလျက်ရှိကြောင်း၊ ယခင်အပတ် ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ဂေါ်ဖီထုပ်(၁)ထုပ်လျှင် (၁၀၀၀)ကျပ်နှင့် ပန်းဂေါ်ဖီ(၁)ပွင့်လျှင် (၁၀၀၀)ကျပ် ဈေးနှုန်းဆက်လက် ကျဆင်းနေကြောင်း၊ ဂေါ်ဖီထုပ်နှင့် ပန်းဂေါ်ဖီများကို မန္တလေးမြို့မှ ဝယ်ယူရောင်းချလျက်ရှိကြောင်း၊ ကုန်စိမ်းရောင်းချသည့် လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသည့် ဂွေးသီး၊ စောင်းလျားသီး ဈေးနှုန်းများ

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ရာသီပေါ်သီးနှံများကို စိုက်ပျိုး ရောင်းချလျက်ရှိရာ ယခုအခါ ဂွေးသီး၊စောင်းလျားသီးနှင့် သီးသီးပင်များကို  နေအိမ်ခြံဝင်းများတွင် လည်းကောင်း၊ ယာတော၊ လယ်တောများတွင်လည်းကောင်း တစ်နိုင်တစ်ပိုင်စိုက်ပျိုး၍ရောင်းချ လျက်ရှိကြောင်းသိရသည်။  

     ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ပထမပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ကုန်စိမ်းရောင်းချသူ တစ်ဦး၏ ပြောပြချက်အရ ဂွေးသီး၊စောင်းလျားသီးနှင့် သီးသီးများကို ကန့်ဘလူမြို့ပေါ် နှင့်နတ်ပေး ကျေးရွာ၊ နတ်အင်းကျေးရွာများမှလည်းကောင်း ဝယ်ယူရောင်းချလျက်ရှိကြောင်း ဂွေးသီး()လုံး လျှင်(၁၀၀)ကျပ်၊ စောင်းလျားသီး()လုံးလျှင် (၅၀)ကျပ်၊ ()လုံးလျှင်(၂၀၀)ကျပ်၊ သီးသီး()လုံး လျှင်(၁၀၀)ကျပ်၊()လုံးလျှင် (၂၀၀)ကျပ်ဖြင့်ရောင်းချလျက်ရှိကြောင်း ဂွေးသီး၊ စောင်းလျားသီးနှင့် သီးသီးများကို အချဉ်ပေါင်းရောင်းချသူများမှ အများဆုံးဝယ်ယူကြသဖြင့် အရောင်းအဝယ်သွက် လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သိရပါသည်။

Doca(စစ်ကိုင်း)     

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း