Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

သနပ္ပင်မြို့နယ်အတွင်း အသားတိုးကြက်မွေးမြူရေးလုပ်ငန်းများ တွက်ခြေကိုက်

ဈေးကွက်အတွင်း ကြက်သားနှင့် ကြက်ဥဈေးနှုန်းများကောင်းနေသောကြောင့် ပဲခူးတိုင်းဒေသကြီး၊ သနပွင်မြို့နယ်အတွင်း အသားတိုးကြက်နှင့် ဥစားကြက်မွေးမြူရေးလုပ်ငန်းများကို ပိုမိုတိုးချဲ့လုပ်ကိုင်လာကြကြောင်းသိရှိရသည်။ ထိုသို့ ကြက်မွေးမြူရေးခြံများ ပိုမိုများပြားလာသည့်အနက် အသားတိုးကြက်မွေးမြူရေးလုပ်ငန်းသည် အချိန်တိုအတွင်း အကျိုးအမြတ်ရရှိနိုင်သောကြောင့် ဥစားကြက်မွေးမြူရေးလုပ်ငန်းထက် ပိုမိုတွင်ကျယ်စွာလုပ်ကိုင်လာကြကြောင်း သိရှိရသည်။ မွေးမြူသူများအနေဖြင့်လည်း အသားတိုးကြက်မွေးမြူရာတွင် တစ်နိုင်တစ်ပိုင် အကောင်ရေ (၅၀၀/၁၀၀၀) မွေးမြူသူများရှိပြီး အကောင်ရေ (၃၀၀၀/၅၀၀၀/၁၀၀၀၀) ထိ စီးပွားဖြစ်မွေးမြူသူများလည်းရှိကြောင်းသိရှိရပါသည်။ အသားတိုးကြက်အနေဖြင့် သားပေါက်မှ ရောင်းချရသည့်အထိ ၄၅ရက်သာ ကြာမြင့်သောကြောင့် အချိန်တိုတိုနှင့် အမြတ်အစွန်းများများရရှိကြောင်း၊ ၄၅ရက်သား ကြက်တစ်ကောင်လျှင် ပိဿာချိန် ၁ပိဿာ ၅၀ကျပ်သားခန့်ရရှိပြီး ထုတ်လုပ်မှုကုန်ကျစရိတ်အနေဖြင့် အစားအစာ၊ ဆေးဝါး၊ လုပ်သားခအပါအဝင် ၉၀၀၀ကျပ်ခန့်ကုန်ကျကြောင်းသိရှိရသည်။ လက်ရှိပေါက်ဈေးအနေဖြင့် ကြက်သားဈေးကောင်းရရှိနေ၍ ၁ပိဿာလျှင် ၁၂၀၀၀ကျပ်ခန့်ရရှိနေပြီး အချိန်တိုအတွင်း အကျိုးအမြတ်ရရှိသော လုပ်ငန်းဖြစ်ကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)

ပေါင်မြို့နယ်၌ တိုင်ထောင် ပဲတောင့်ရှည်များ ဈေးကောင်းရရှိ၍ စီးပွားဖြစ် စိုက်ပျိုးလာ

    မွန်ပြည်နယ် ပေါင်မြို့နယ်အနီး ဝန်းကျင်နှင့်ကျေးလက်ဒေသများတွင် တိုင်ထောင် ပဲတောင့်ရှည်စိုက်တောင်သူများ ဈေးကောင်းရရှိသဖြင့် မိသားစုတစ်ပိုင်တစ်နိုင် စိုက်ပျိုးရာမှ စီးပွားဖြစ် တိုးချဲ့စိုက်ပျိုးလာကြကြောင်း သိရသည်။

   တိုင်ထောင်ပဲတောင့်ရှည်ပင်များကို မစိုက်မီမြောင်းပေါင်ကို အရင်ဆုံးပြုပြင်ရပြီး စိုက်ပေါင်များအတွင်း မြေခံကြက်ချေး သို့မဟုတ် နွားချေးနှင့် ဆန်စက်မှရရှိသည့် ဖွဲမှုန့်များကို ရောစပ်ထည့်ပေးရကြောင်း၊ ပဲမျိုးစေ့များကို အစေ့ချစနစ်ဖြင့် စိုက်ပျိုးကာ တစ်ပင်နှင့်တစ်ပင် တစ်တောင်ခြား စိုက်ပျိုးရကြောင်း၊ အပင်ကြီးထွားမှုနှင့် လေဝင်လေထွက်ကောင်းရန် ဂရုစိုက်ရပြီး ရက် (၄၀) ခန့်အကြာတွင် စတင်အသီးသီးကာ ရက် (၅၀) ကြာလျှင် အသီးလှိုင်လှိုင် ထွက်ရှိကြောင်းနှင့် နှစ်ရက်ခြားတစ်ခါခူး၍ ရောင်းချရပြီး နှစ်လကြာအထိ ခူးဆွတ်ရောင်းချရပြီး တိုင်ထောင်ပဲတောင့်ရှည်ပင်များကို ရာသီမရွေး စိုက်ပျိုးရကြောင်း၊ ဒေသပေါက်စျေး တစ်ပိဿာလျှင် (၅၀၀၀) ဆယ်တောင့်တစ်စည်းလျှင် ငွေကျပ် (၅၀၀) ရရှိကြောင်း တောင်သူတစ်ဦးထံမှ သိရသည်။

DOCA(မွန်)

ဈေးနှုန်းမြင့်တက်လာသော မော်လမြိုင်မြို့ရှိ ကြက်ဥဘဲဥ ဈေးကွက်ဈေးနှုန်း

    မော်လမြိုင်မြို့ ဈေးကွက်အတွင်း၌ အောက်တိုဘာလ (တတိယပတ်)တွင် ကြက်ဥဘဲဥ ဈေးနှုန်းမြင့်တက်လာသည်။  ယခင် (စက်တင်ဘာလ)တွင် ကြက်ဥတစ်လုံး ၃၂၀ ကျပ်၊ ဘဲဥတစ်လုံး ၄၅၀ ကျပ်ဖြစ်ခဲ့ရာမှ  ယခုလ အောက်တိုဘာလ(တတိယပတ်) တွင် ကြက်ဥတစ်လုံး ၃၅၀မှ ၄၀၀ကျပ် ၊ ဘဲဥတစ်လုံး ၅၂၀မှ ၅၅၀ကျပ် ဖြစ်ပေါ်နေသည်။ ထို့ကြောင့် မော်လမြိုင်ဒေသ၏ ကြက်ဥဘဲဥဈေးနှုန်းမှာ  တစ်လုံးဈေးနှုန်းအရ ကြက်ဥဈေး ၃၀ ကျပ်နှင့် ဘဲဥဈေး  ၁၀၀ ကျပ်  ဈေးနှုန်းမြင့်တက်မှုရှိကြောင်း  ကြက်ဥဘဲဥ အရောင်းဆိုင်များမှ သိရှိရပါသည်။

     အောက်တိုဘာလအတွင်း အရောင်းအဝယ်အနေဖြင့် ကြက်ဥဘဲဥကို နေ့စဉ် စားသုံးမှု လျော့နည်းမှုမရှိဘဲ ပုံမှန်အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။ ကြက်ဥဘဲဥစားသုံးခြင်းဖြင့်  ပရိုတိန်းဓာတ်၊ အမိုင်နိုအက်ဆစ်ဓာတ်နှင့် အာဟာရဓာတ်များစွာ ရရှိနိုင်ပါသည်။

DOCA(မွန်)

ရွှေဘိုမြို့တွင် အစေ့ထုတ်ပြောင်းဈေးငြိမ်နေ

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင် ဦးစီးမှူးရုံးအနေဖြင့် ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှုတင်း/ တန်စာရင်းတို့ကို အပတ်စဉ်၊ လစဉ်တင်ပြလျက်ရာ အောက်တိုဘာလ၊ ပထမအပတ်အတွင်း အရောင်းအဝယ်ဖြစ်သည့် သီးနှံနှင့်ဈေးနှုန်းအခြေအနေများကို ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့်ဆက်သွယ်မေးမြန်းခဲ့ပါသည်။ အစေ့ထုတ်ပြောင်းမှာ စက်တင်ဘာလ၊ ဒုတိယအပတ်မှစတင်၍ ရွှေဘိုဈေးကွက်သို့ စတင်ဝင်ရောက်ခဲ့ပြီး အောက်တိုဘာလ၊ တတိယအပတ်တွင် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းမှာ အစေ့ထုတ်ပြောင်းတစ်တင်းလျှင် (၂၃၅၀ဝိ/-)ကျပ်ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်း အရောင်းအဝယ်ဖြစ်မှုမှာ (၆၃၀၀)တင်း/ (၁၅၇)တန်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ အစေ့ထုတ်ပြောင်းတစ်တင်းလျှင် (၂၃၅၀ဝိ/-)ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်နှင့် ယခင်အပတ်အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတူညီပြီး ဈေးငြိမ်နေကြောင်း၊ ယခင်နှစ်ကာလတူနှင့် အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်နှစ်ကာလတူ၌ အစေ့ထုတ်ပြောင်းတစ်တင်းလျှင် (၁၆၃၀ဝိ/-)ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခုနှစ်တွင် ယခင်နှစ်ကာလတူထက် အစေ့ထုတ်ပြောင်းတစ်တင်းလျှင် (၇၂၀ဝိ/-)ကျပ်ဈေးပိုမိုရရှိခဲ့ကြောင်း၊ ရွှေဘိုဈေးကွက်သို့ အစေ့ထုတ်ပြောင်းများ ဝင်ရောက်သမျှ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)

အောက်တိုဘာလအတွင်း မော်လမြိုင်မြို့သို့ ကြက်သွန်နီ စီးဝင်စီးထွက်မှုနှင့် ဈေးနှုန်းအခြေအနေ

     မွန်ပြည်နယ် မော်လမြိုင်မြို့သို့ အောက်တိုဘာလ (တတိယပတ်)ထိ ကြက်သွန်နီ စီးဝင်မှုမှာ(မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး) တို့မှ စီးဝင်မှု  စုစုပေါင်း ( ၈၂၆၃၂) အိတ် ပိဿာအားဖြင့် ( ၈၂၆၃၂၀ ပိဿာ)စီးဝင်ခဲ့ပြီး ယင်းမှ မော်လမြိုင်မြို့မှ စီးထွက်မှုမှာ စုစုပေါင်း ( ၅၂၆၃၂) အိတ် ပိဿာအားဖြင့်  ( ၅၂၆၃၂၀ ပိဿာ)စီးထွက်ခဲ့ပြီး ကရင်ပြည်နယ်၊ ဘားအံမြို့၊ ကြာအင်းဆိပ်ကြီးမြို့နှင့်  မုဒုံမြို့၊ ကျိုက်ခမီ၊ ရေး၊ သံဖြူဇရပ်မြို့များသို့ စီးထွက်ခဲ့ကြောင်း မော်လမြိုင် ကြက်သွန်နီပွဲရုံနှင့် ကုန်စည်ဒိုင်မှ သိရသည်။

      ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (တတိယပတ်)တွင် ကြက်သွန်နီ ဈေးနှုန်း အခြေအနေမှာ မလှိုင်ကြက်သွန်နီ(အကြီး) တစ်ပိဿာလျှင် ကျပ် ၃၀၀၀၊ မလှိုင်ကြက် သွန်နီ(အလတ်)တစ်ပိဿာလျှင် ကျပ်၂၉၀၀၊ မလှိုင်ကြက်သွန်နီ(အငယ်)တစ်ပိဿာလျှင် ကျပ်၂၄၀၀၊ မုံရွာသွန်နီ(အကြီး)တစ်ပိဿာလျှင် ကျပ်၃၁၀၀၊ မုံရွာကြက်သွန်နီ(အလတ်) တစ်ပိဿာလျှင် ကျပ် ၃၀၀၀၊ မုံရွာကြက်သွန်နီ (အငယ်) တစ်ပိဿာလျှင် ကျပ်၂၅၀၀ ဖြစ်သည်။ အဆိုပါ ကြက်သွန်နီဈေးနှုန်းမှာ ယခင်စက်တင်ဘာလ(တတိယပတ်)နှင့် နှိုင်းယှဉ်ပါက ယခုလ(တတိယပတ်)ထိ တစ်ပိဿာလျှင် ကျပ် ၄၀၀မှ ၇၀၀ကျပ်ခန့် ဈေးနှုန်းမြင့်တတ်လာကြောင်း သိရှိရပါသည်။

DOCA(မွန်)

ကန့်ဘလူမြို့နယ်တွင် ကြက်သွန်နီဈေးနှုန်းများ မြင့်တက်လျက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းများဖြစ်သည့် စပါး၊ပဲမျိုးစုံနှင့် ဆီထွက်သီးနှံတို့ကို အဓိကစိုက်ပျိုးလျက်ရှိပြီး ရာသီပေါ်သီးနှံများနှင့် စားဖိုဆောင်သီးနှံများကိုလည်းစိုက်ပျိုးကြသည်။
ယခုအခါ ကန့်ဘလူမြို့နယ်အတွင်းရှိ ကာဘိုးကျေးရွာနှင့် အနီးကျေးရွာများရှိ ကြက်သွန်စိုက်တောင်သူများထံမှ ဈေးကွက်အတွင်း ဝင်ရောက်လျက်ရှိကြောင်း သိရသည်။ ၂၀၂၄ခုနှစ်၊ အောက်တို ဘာလ ဒုတိယပတ်အတွင်း၌ ကြက်သွန်နီတစ်ပိဿာလျှင် ငွေကျပ် ၂၀၀၀-၂၂၀၀ ရှိခဲ့ရာ ယခုလ စတုတ္ထပတ်တွင် ကြက်သွန်နီတစ်ပိဿာလျှင် ငွေကျပ် ၂၈၀၀-၃၀၀၀ ဖြင့်ရောင်းချကြောင်း၊ ကြက်သွန်နီတစ်ပိဿာလျင် ငွေကျပ်၈၀၀ခန့်မြင့်တက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကန့်ဘလူ မြို့မဈေးရှိ ကြက်သွန်နီနှင့် ကုန်မျိုးစုံရောင်းဝယ်ရေးလုပ်ငန်းရှင်ထံမှသိရပါသည်။
DOCA(စစ်ကိုင်း)

မွန်ပြည်နယ်၏ ကွမ်းသီးဈေးနှုန်း အောက်တိုဘာလတွင် ဈေးကောင်းရ

     မွန်ပြည်နယ် အတွင်း ကွမ်းသီးဈေးနှုန်းကို ယခင်လထက် မြင့်တက်ဖြစ်ပေါ်နေ သည်။ မွန်ပြည်နယ်ရှိ မော်လမြိုင်နှင့်ရေးမြို့နယ်မှ အထွက်များသော ကွမ်းသီးဈေးနှုန်းမှာ မော်လမြိုင် အညိုသီး (အသန့်)၊ (၁)ပိဿာလျှင် ၇၇၀၀ ကျပ်၊ မော်လမြိုင် ပါးပုတ်သီး (အသန့်)၊ (၁)ပိဿာလျှင် ၈၁၀၀ ကျပ်၊ ရေးသီး (အသန့်) ၊ (၁)ပိဿာလျှင် ၈၉၀၀ ကျပ်ဖြစ်သည်။

    အဆိုပါ ကွမ်းသီးဈေးနှုန်းများမှာ ယခင် (စက်တင်ဘာလ)တွင်  မော်လမြိုင် အညိုသီး (အသန့်) ၊ (၁)ပိဿာလျှင် ၃၀၀၀ ကျပ် ဖြစ်ခဲ့ရာမှ ယခုလ (အောက်တိုဘာလ)တွင် သိသိသာသာ ဈေးနှုန်းမြင့်တက်လာကြောင်း  ကွမ်းသီးရောင်းဝယ်သူများမှ သိရှိရပါသည်။

DOCA(မွန်)

ကန့်ဘလူခရိုင်တွင် အာလူးသီးနှင့်ခရမ်းချဉ်သီးများ ဈေးနှုန်းမြင့်တက်လျက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး စားသုံးသူများ နေ့စဉ်ဝယ်ယူသုံးစွဲလျက်ရှိသည့် အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်း၊ ဈေးကွက်အခြေအနေများကိုလေ့လာ၍ အပတ်စဉ်၊ လစဉ် အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
စားသုံးသူများ နေ့စဉ်ဝယ်ယူအသုံးပြုလျက်ရှိသည့် အာလူးသီးနှင့် ခရမ်းချဉ်သီးများကို ရှမ်းပြည်နယ်၊ အောင်ပန်းမြို့မှတစ်ဆင့် ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့နှင့် ကန့်ဘလူမြို့များရှိ လက္ကားကုန်သည်များမှတစ်ဆင့် ကန့်ဘလူခရိုင်အတွင်းရှိ လက်လီအရောင်းဆိုင်များသို့ ဖြန့်ဖြူးပေးလျက်ရှိသည်။
၂၀၂၄ခုနှစ်၊ အောက်တိုဘာလ စတုတ္ထပတ်အတွင်း ကန့်ဘလူမြို့မဈေးရှိ အာလူးသီးနှင့် ခရမ်းချဉ်သီးဈေးနှုန်းများမှာ အာလူးသီး(၁)ပိဿာလျှင် ငွေကျပ်(၆၀၀၀)၊ အလုံးလှ(၁)ပိဿာလျှင် ကျပ်(၇၀၀၀)နှင့် ခရမ်းချဉ်သီး(၁)ပိဿာလျှင် ငွေကျပ်(၆၅၀၀)ဖြင့်ရောင်းချကြောင်း၊ အာလူးသီးနှင့် ခရမ်းချဉ်သီးများ ဈေးနှုန်းမြင့်တက်နေသော်လည်း ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရပါသည်။
DOCA(စစ်ကိုင်း)

ရွှေဘိုဈေးကွက်တွင် မြေပဲလုံးဆန်ဈေး အနည်းငယ်အေး

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု တင်း/ တန်စာရင်းတို့ကို အပတ်စဉ်၊ လစဉ်တင်ပြလျက်ရှိရာ ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ၊ တတိယအပတ်တွင် အရောင်းအဝယ်ဖြစ်သည့် သီးနှံဈေးနှုန်းအခြေအနေများကို ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့်ဆက်သွယ်မေးမြန်းခဲ့ပါသည်။ ဆက်သွယ်မေးမြန်းမှုအရ မြေပဲလုံးဆန်များမှာ စက်တင်ဘာလ၊ ဒုတိယအပတ်မှစတင်၍ ရွှေဘိုဈေးကွက်သို့ ဝင်ရောက်ခဲ့ကြောင်း၊ အောက်တိုဘာလ၊ တတိယအပတ်တွင် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းမှာ မြေပဲလုံးဆန်တစ်တင်းလျှင် (၁၁၆၈၀ဝိ/-)ကျပ်ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်း အရောင်းအဝယ်ဖြစ်မှုမှာ (၄၇၀၀)တင်း/ (၁၀၇)တန်ဖြစ်ကြောင်း၊ ‌ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ မြေပဲလုံးဆန်တစ်တင်းလျှင် (၁၂၀၀၀ဝိ/-)ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်တွင် ယခင်အပတ်အောက် မြေပဲလုံးဆန်တစ်တင်းလျှင် (၃၂၀ဝိ/-)ကျပ်ဈေးလျော့နည်းခဲ့ကြောင်း၊ ယခင်နှစ်ကာလတူနှင့် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်နှစ်ကာလတူ၌ မြေပဲလုံးဆန်တစ်တင်းလျှင် (၈၈၀၀ဝိ/-)ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခုနှစ်တွင် ယခင်နှစ်ကာလတူထက် မြေပဲလုံးဆန်တစ်တင်းလျှင် (၂၈၈၀ဝိ/-)ကျပ်ဈေးပိုမိုရရှိခဲ့ကြောင်း၊ ယခုအပတ်တွင် ယခင်အပတ်ထက် မြေပဲလုံးဆန်များ အဝင်များ၍ ဈေးအနည်းငယ်ကျပြီး ရွှေဘိုဈေးကွက်သို့ ဝင်ရောက်လာသည့် မြေပဲလုံးဆန်များအား ဒေသတွင်းဆီကြိတ်ခွဲထုတ်လုပ်သည့် ဆီစက်များနှင့် စားသုံးရန်အတွက် ဆီကြိတ်ခွဲရန်ဝယ်ယူသူများရှိသဖြင့် ဝင်ရောက်သမျှ အရောင်းအဝယ်ဖြစ်လျက်ရှိ‌ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)

ရွှေဘိုမြို့၏ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများ

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ အခြေခံစားသောက်ကုန်ဈေးနှုန်းများ၊ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများအား အပတ်စဉ်တင်ပြလျက်ရှိပါသည်။
အောက်တိုဘာလ၊ တတိယအပတ်တွင် ရွှေဘိုမြို့၌ရောင်းချလျက်ရှိသော ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများမှာ ဇာမဏီတံဆိပ်(၁၃:၅:၇) ကွန်ပေါင်းဓာတ်မြေဩဇာ 50kg တစ်အိတ်လျှင် (၉၇၀၀ဝိ/-)ကျပ်၊ အာမို၊ ပုလဲတံဆိပ် ကွန်ပေါင်းဓာတ်မြေဩဇာတစ်အိတ်လျှင် (၁၁၀၀၀ဝိ/-)ကျပ်နှင့် ဒီမွန် 1.8 တံဆိပ် ထိသေ/ စားသေ (အဆိပ်ငွေ့) 500cc တစ်ဘူးလျှင် (၂၀၀၀ဝိ/-)ကျပ်၊ ငှက်ကြီးတောင်တံဆိပ် ထိသေ/ စားသေ(အဆိပ်ငွေ့) 100cc တစ်ဘူးလျှင် (၃၇၅၀ဝိ/-)ကျပ်၊ ဇိုင်ကလုံးတံဆိပ် ပင်လုံးပြန့်ပိုးသတ်ဆေး 500cc တစ်ဘူးလျှင် (၄၄၀၀ဝိ/-)ကျပ်ဖြင့်ရောင်းချလျက်ရှိပြီး အာမို၊ ကျွဲနက်တံဆိပ် (၁၅:၁၅:၁၅)ကွန်ပေါင်း ဓာတ်မြေဩဇာ၊ ပန်းဖူးတံဆိပ်ဓာတ်မြေဩဇာ၊ MC တံဆိပ်(၁၅:၁၅:၁၅) ကွန်ပေါင်းဓာတ်မြေဩဇာနှင့် ရှောင်လင်တံဆိပ် ထိသေ/ စားသေ(အဆိပ်ငွေ့)ပိုးသတ်ဆေးများမှာ ဈေးကွက်အတွင်း ပစ္စည်းပြတ်လျက်ရှိကြောင်း၊ စက်တင်ဘာလ၊ တတိယအပတ်မှ အောက်တိုဘာလ၊ တတိယအပတ်ထိ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများမှာ အတက်အကျမရှိဘဲ ဈေးငြိမ်နေကြောင်း၊ ယခုအပတ်တွင် ရွှေဘိုမြို့၌ မိုးစပါးများစိုက်ပျိုးထားချိန်ဖြစ်၍ ပုံမှန်ထက် ပိုမိုအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးအရောင်းဆိုင်များမှ တာဝန်ရှိသူများနှင့်ဆက်သွယ်မေးမြန်းမှုအရ သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း