Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မုံရွာမြို့၊ မြသလ္လာဈေးနှင့် ချင်းတွင်းရတနာဈေးတွင်ရောင်းချနေသော ပိန်းဥနှင့် ပီလောပီနံဥ ဈေးနှုန်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များ တွင်  စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြရာ မိမိပိုင် အိမ်ခြံဝင်းများနှင့် ယာကွက်များ တွင်  ပိန်းဥနှင့် ပီလောပီနံဥကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိကြောင်း သိရှိရပါသည်။ ပိန်းဥ နှင့် ပီလောပီနံဥကို  ပြုတ်၍သော်လည်းကောင်း၊ ပေါင်း၍သော်လည်းကောင်း သရေစာအဖြစ် ပြုလုပ်စားသုံးကြပါသည်။

          ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ  ဒုတိယပတ်တွင် မုံရွာမြို့၊ မြသလ္လာဈေးနှင့် ချင်းတွင်း ရတနာဈေးတို့တွင်   ရောင်းချနေသော  ပိန်းဥဈေးနှုန်းမှာ လက္ကားဈေး (၁)ပိဿာလျှင် (၂၅၀၀) ကျပ်၊ လက်လီ(၁)ပိဿာလျှင်(၂၇၀၀)ကျပ်နှင့် ပီလောပီနံဥဈေးနှုန်းမှာ လက္ကားဈေး (၁)ပိဿာ လျှင်(၃၀၀၀)ကျပ်၊ လက်လီ(၁)ပိဿာလျှင် (၃၂၀၀)ကျပ်နှင့်ဖြင့် ရောင်းဝယ်လျက်ကြောင်း  သိရှိ ရပါသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့မဈေးတွင် ရောင်းချလျက်ရှိသော ကန်ဇွန်းဥ ဈေးနှုန်းမြင့်တက်

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြရာ ကန်ဇွန်းဥကို တစ်ပိုင်တစ်နိုင် အိမ်ခြံဝင်းများနှင့် မိမိယာ ကွက်များတွင် စိုက်ပျိုးကြပြီး ကန့်ဘလူမြို့မဈေးတွင် လာရောက်ရောင်းချကြောင်း၊ ကန်စွန်းဥကို အစိမ်းစားတာ၊ ပြုတ်စားတာနှင့် ကန်စွန်းဥပူတင်း စသည်ဖြင့် အမျိုးမျိုးပြုလုပ်စားသုံးကြကြောင်း၊ ကန်စွန်းဥကို  စားသုံးသူများနှင့် မုန့်လုပ်သူများက ဝယ်ယူလျက်ရှိကြောင်း သိရသည်။

    ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသော  ကန်ဇွန်းဥဈေးနှုန်းမှာ လက္ကားဈေး(၁)ပိဿာလျှင် (၄၀၀၀)ကျပ်၊ လက်လီ(၁)ပိဿာလျှင် (၄၅၀၀)ကျပ် နှင့်(၂၅)ကျပ်သားလျှင် (၁၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း  ယခင်အပတ်ဈေးနှုန်းများ နှင့်နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ကန်စွန်းဥဈေးနှုန်း မြင့်တက်လာကြောင်း ကန်စွန်းဥရောင်းချသူများထံမှ သိရှိရပါသည်

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့သစ်သီးဈေးကွက်ရှိ ဖရဲသီးဈေးနှုန်း အနည်းငယ်မြင့်တက်

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့မဈေးရှိ သစ်သီးဈေးကွက်တွင် ပန်းသီး၊ နာနတ်သီး၊ ပန်းသစ်တော်သီး၊ သခွားမွှေးသီးနှင့် ဖရဲသီးများရောင်းချလျက်ရှိပြီး ဖရဲသီးများကို မန္တလေးမြို့သစ်သီးပွဲရုံများမှ ဝယ်ယူရောင်းချလျက်ရှိကြောင်း သိရသည်။

     ကန့်ဘလူမြို့သစ်သီးဈေးကွက်တွင် ၂၀၂၅ ခုနှစ် ၊ စက်တင်ဘာလ ဒုတိယပတ်အတွင်း ဖရဲသီးအကြီး(၁)လုံးလျှင် (၈၀၀၀)ကျပ်၊ အလတ်(၁)လုံးလျှင် (၆၀၀၀)ကျပ်၊ အသေး(၁)လုံးလျှင် (၅၀၀၀)ကျပ်နှင့် တစ်စိတ်လျှင် (၈၀၀)ကျပ်ဖြင့်ရောင်းချလျက်ရှိကြောင်း၊ ယခင်ပထမပတ် ဈေးနှုန်း နှင့်နှိုင်းယှဉ်ပါက ယခုဒုတိယပတ်အတွင်း ဖရဲသီး(၁)လုံးလျှင်(၁၀၀၀)ကျပ် ဈေးနှုန်းမြင့်တက်လာကြောင်း သစ်သီးဆိုင်များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့မဈေးရှိ ရာသီပေါ်ခဝဲသီးဈေးနှုန်း ဆက်လက်ကျဆင်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးတွင် ရာသီပေါ် ခဝဲသီး၊ ရုံးပတီ သီး၊ ခရမ်းသီး၊ ဒန့်ဒလွန်သီး၊ ဘူးညွှန့်၊ မုန့်ညှင်းရွက်စသည်ဖြင့် ရောင်းချလျက်ရှိရာ  ပေါ်ရပ်ကွက်များနှင့် ကန့်ဘလူမြို့နယ် နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာများမှ ဒေသထွက်ခဝဲသီးများ ရောင်းချလျက်ရှိကြောင်း သိရသည်။

     ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်အတွင်း ဒေသထွက် ခဝဲသီးဈေးနှုန်းများမှာ လက္ကား(၁) ပိဿာလျှင်(၁၅၀၀)ကျပ်၊ လက်လီ(၁)ပိဿာ (၁၈၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင် (၄၀၀) ကျပ်တို့ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ယခင်ပထမပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုဒုတိယ ပတ်အတွင်း ခဝဲသီး(၁)ပိဿာလျှင် (၁၀၀၀)ကျပ်ဈေးနှုန်းကျဆင်းလာကြောင်း၊ ခဝဲသီးရောင်းချသူများထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့မဈေးတွင်  ခရမ်းချဉ်သီးဈေးနှုန်း ဆက်လက်ကျဆင်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသလို   စားသုံးသူများ နေ့စဉ်ဝယ်ယူသုံးစွဲလျက်ရှိသည့် အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေများကို လေ့လာ၍ အပတ်စဉ်၊ လစဉ် အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

     ကန့်ဘလူမြို့မဈေးတွင် ရောင်းချလျက်ရှိသည့် ခရမ်းချဉ်သီးများကို မန္တလေးမြို့မှ ဝယ်ယူရကြောင်း၊ ၂၀၂၅ ခုနှစ် ၊ စက်တင်ဘာလ ဒုတိယပတ်အတွင်း ခရမ်းချဉ်သီးဈေးနှုန်းများမှာ အင်းသီး အလုံးကြီး(၁)ပိဿာလျှင် (၃၅၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၈၀၀)ကျပ်နှင့် (၁၀)ကျပ်သားလျှင် (၃၅၀)ကျပ်ဖြင့်ရောင်းချကြောင်း ယခင်ပထမပတ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ယခုဒုတိယပတ်အတွင်း  ခရမ်းချဉ်သီး(၁)ပိဿာလျှင် (၅၀၀)ကျပ်ဈေးနှုန်းကျဆင်းလာကြောင်း ရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသည့် CPကြက်နှင့် ဗမာကြက်သားဈေးနှုန်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသလို   ကန့်ဘလူခရိုင်အတွင်း ဖြစ်ပေါ်လျက်ရှိသော အခြေခံစားသောက်ကုန် များ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေများကို လေ့လာ၍ အပတ်စဉ်၊ လစဉ် အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်း၊ ကန့်ဘလူ“မြို့မဈေး”တွင် ရောင်းချလျက်ရှိသည့် CPကြက်သား များကို ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှမြို့နယ်အတွင်းမှ ဝင်ရောက်လျက်ရှိကြောင်း သိရသည်။

    ၂၀၂၅ ခုနှစ်၊ စက်တင်လာလ ဒုတိယပတ် မြို့မဈေးတွင်ရောင်းချနေသော CPကြက် ကောင်လုံးဈေး (၁)ပိဿာလျှင် (၂၄၀၀၀)ကျပ်၊ ကြက်ရင်ပုံသားသန့် (၅၀)ကျပ်သားလျှင် (၁၄၀၀၀) ကျပ်နှင့် (၂၅) ကျပ်သားလျှင် (၇၀၀၀)ကျပ်၊  ဒေသကြက်(၁)ပိဿာလျှင် (၃၃၀၀၀)ကျပ်ဖြင့် ရောင်း ချလျက်ရှိ ကြောင်း၊ ယခင်အပတ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ဈေးနှုန်းအနည်းငယ်ကျဆင်းနေကြောင်း  ကြက်သားရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့မဈေးတွင် ငါးရံ့၊ ငါးဘတ်ဈေးငြိမ်ပြီး တီလားဗီးယားငါးဈေးနှုန်းကျဆင်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသလို   စားသုံးသူများ နေ့စဉ်ဝယ်ယူသုံးစွဲလျက်ရှိသည့် အခြေခံစားသောက်ကုန် များ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေများကို လေ့လာ၍ အပတ်စဉ်၊ လစဉ် တင်ပြဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် တီလားဗီးယားငါး အကြီး()ပိဿာလျှင် (၁၄၀၀၀)ကျပ်၊  အသေး()ပိဿာလျှင် (၁၀၀၀၀)ကျပ်နှင့် (၂၅)ကျပ်သားလျှင်(၄၀၀၀)ကျပ်၊ ငါးဘတ်()ပိဿာလျှင် (၂၇၀၀၀)ကျပ်၊  ငါးရံ့()ပိဿာ (၂၅၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်အပတ် ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက တီလားဗီးယားငါး ()ပိဿာလျှင် (၁၀၀၀)ကျပ် ဈေးနှုန်းဆက်လက်ကျဆင်းနေကြောင်း ငါးရောင်းဝယ်ရေးလုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ပန်းတနော်မြို့နယ်တွင် ပိန်းဥ တစ်ပိုင်တစ်နိုင်စိုက်ပျိုးလျက်ရှိ

   ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့တွင်  ပိန်းဥဈေးကောင်းရရှိသဖြင့် ဒေသခံအများစုက တနိုင်တစ်ပိုင် ဥစားပိန်းကို စိုက်ပျိုးသူများရှိကြောင်း သိရသည်။

   ပိန်းဥသည် ကျန်းမာရေးနှင့်ညီညွတ်သည့် အဟာရဓာတ်ပြည့်ဝသောအစားအစာဖြစ်ပြီး ဈေးကွက် တွင် နေ့စဉ်ရောင်းအားကောင်းလျက်ရှိသဖြင့် စိုက်ပျိုးလာခြင်းကို ပိန်းပင်ကို ပထမမျိုး ပွားရန် အနည်းအကျဉ်းစိုက်ပျိုးပြီးတော့ ၎င်းကရရှိတဲ့ ဥမှတစ်ဆင့်  ချဲ့ထွင်စိုက်ပျိုးလာတာပေါ့။ ပိန်းဥကတော့အရင်တည်းက လူတိုင်းကြိုက် နှစ်သက်တဲ့ အစားအစာတစ်ခုဖြစ်ပါတယ်။ သူ့ရဲ့ရိုးတံကို ပါ ဘက်စုံချက်ပြုတ်စားသောက်လို့ရတဲ့အတွက် လူတော်တော်များက မိမိတို့ အိမ်ဘေးပတ်ဝန်း ကျင်မှာစိုက်ပျိုးကြတယ်တွေ့ရတယ်။  ဥဈေးကောင်းလာတော့ စနစ် တကျ ဘောင်ခံပြီး စိုက်ပျိုးကာ ရရှိတဲ့ ပိန်းဥကို မိမိတို့ရပ်ကွက်၊ ကျေးရွာရွာမှာဘဲရောင်းချကြောင်း၊ ပိန်းဥတစ်ပိဿာကို (၄၀၀၀)ကျပ် ရရှိပြီး ထိုရရှိတဲ့ဝင်ငွေတွေနဲ့ မိသားစုစားဝတ်နေရေး လုပ်ဆောင် နေရတာပေါ့ ဟု ပိန်းစိုက်ပျိုး သူတစ်ဦးထံမှ သိရသည်။

DOCA(ဧရာဝတီ)

ကလောဥ ဈေးကွက်

 ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် ဈေးအတွင်း ကလောဥများ တစ်နေ့လျှင် အိတ်ရေ ၃၀၀၀ခန့် ဝင်ရောက်လျက်ရှိပြီး မအူပင်ဈေးကြီး ၅ ဈေးနှင့် ရပ်ကွက်ဈေး ၇ ခုသို့ ဝင်ရောက်လျက်ရှိသည်။ ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ်နှင့် ငပုတောမြို့နယ်၌ ပီလောပီနံကို အများအပြားစိုက်ပျိုးပြီး မအူပင်သို့ ဝင်ရောက်ခြင်းများလည်းရှိသည်ဟုသိရသည်။ အဆိုပါဒေသများ၌   ပီလောပီနံကို   မိုးရောဆောင်းပါစိုက်ပျိုးလေ့ရှိကြသည်။  

 မအူပင်ဈေးကွက်အတွင်း ပိလောပီနံခေါ် ကလောဥကို  လက်လီဈေး ၁ပိဿာလျှင် ၂၀၀၀၀ ကျပ်ဖြင့် ရောင်းချနေပြီး ၊ လက်ကားဈေးအနေဖြင့် ငွေကျပ် ၁၈၀၀၀ ကျပ်ဝယ်ယူရောင်းချရသည်။ ယခင်နှစ် ဈေးဖြင့် နှိုင်းယှဥ်ပါက ငွေကျပ် ၅၀၀၀ကျပ်ကွာခြားကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ ယခုနှစ် ကလောဥဈေး ၅၀၀၀ကျပ် မြင့်တက်လာသည်။ ကလောဥသည် မအူပင်သို့ ၂၀၂၅ခုနှစ် ဩဂုတ်လ စက်တင်ဘာလ များတွင် လှိုင်လှိုင်ဝင် ရောက်လျက်ရှိသည်။

DOCA(ဧရာဝတီ)

ကုလားပဲ ဈေးနှုန်း ဈေးကွက်

   ကုလားပဲများကို ဒေသတွင်းတွင် စားသုံးမှုများခြင်းနှင့် ဒေသတွင်းမုန့်ထုတ်လုပ်သူများ အများအပြားဝယ်ယူအသုံးပြုသော ပဲတစ်မျိုးဖြစ်သည်။  မအူပင်မြို့နယ်တွင်  ကုလားပဲ ရောင်းချမှု ဈေးနှုန်း အနေဖြင့် ၁ပိဿာလျှင် ၆၅၀၀ကျပ် နှင့် ရောင်းချလျက်ရှိသည်။ ကုလားပဲကို ရန်ကုန်ပဲပွဲရုံများမှ မှာယူရောင်းချပြီး ၁လလျှင် ပဲပိဿာ ၃၀အိတ်  ၁၀၀ခန့် မှာယူပြီး ကုလားပဲအိတ် ၁ပတ်လျှင် ပိဿာ ၄၀အိတ် ၁၀ခန့်  ရောင်းချရကြောင်း ပဲဈေးနှုန်းများ ဇူလိုင်လက ဈေးနှုန်းဖြင့် နှိုင်းယှဉ်ပါက ကျဆင်းလာပြီး ဇူလိုင်လ ကုလားပဲ ၁ပိဿာဈေးနှုန်းမှာ ၈၅၀၀ ကျပ်ဖြစ်ခဲ့ကြောင်း သိရသည်။ ကုလားပဲဈေးနှုန်း ကျဆင်းလာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

ကုလားပဲ ပဲမျိုးများမှာ ရေဆင်း-၈၊ ရေဆင်း-၁၁၊ ရေဆင်း-၆၊ ရွှေနီလုံးကြီး၊ မြကြေး၊ ကရာချိ၊ ကုလားပဲဖြူလုံးကြီး (V2, V3, V7, V9, 929, ထိုင်ဝမ်)၊ စသည်တို့ ဖြစ်ကြပြီး ရောင်းဝယ်ရာတွင် ကုလားပဲ ဝါ၊ ကုလားပဲဖြူ၊ ကုလားပဲဖြူလုံးကြီး၊ AQ, SQ စသည်ဖြင့် လည်းကောင်း၊ အလုံးလိုက်နှင့် အခွံချွတ် အခြမ်းအဖြစ် လည်းကောင်း ရောင်းဝယ်ကြသည်။ ကုလားပဲ အစိမ်းမှုန့်၊ အကျက်မှုန့်များအဖြစ် ပြုပြင်ထုတ်လုပ် ရောင်းဝယ်ကြ သည်လည်း ရှိကြောင်း သိရသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း