Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မုံရွာမြို့တွင် ရောင်းချနေသော မာလကာသီး နှင့် ဩဇာသီးဈေးနှုန်း

          စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကန်သာယာဈေးအတွင်းတွင် ရာသီစာ အသီးအနှံ မာလကာသီးနှင့်ဩဇာသီးများ ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။ မာလကာသီးနှင့် ဩဇာသီးသည် အသီးတင်သာမက အရွက်ရော အခေါက်ပါဆေးဖက်ဝင်သော အပင်ဖြစ် သည်။ မာလကာသီး နှင့် ဩဇာသီးပင်များ မိမိတို့၏နေအိမ်ခြံဝင်းများနှင့် ယာတောများတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြပြီး လာရောက်ရောင်းချကြောင်း သိရှိရပါသည်။

                      ၂၀၂၅ ခုနှစ် ၊ စက်တင်ဘာလ ဒုတိယအပတ်အတွင်း မုံရွာမြို့ ကန်သာယာဈေးရှိ  သစ်သီးဆိုင်များတွင်မာလကာသီး အကြီး(၁)လုံးလျှင်(၈၀၀)ကျပ်၊ အသေး (၁)လုံးလျှင် (၅၀၀)ကျပ်၊  ဩဇာသီး အကြီး(၁)လုံးလျှင်(၅၀၀)ကျပ်နှင့် အသေး(၁)လုံးလျှင် (၃၀၀)ကျပ်၊ (၄)လုံးလျှင် (၁၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိရာ လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်သည့် အတွက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

မုံရွာမြို့ရှိ ဩဇာသီး၊ ဂွေးသီးနှင့် မာလကာသီးဈေးနှုန်း

          စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများ နှင့် မြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေး လုပ်ငန်းများကို လုပ်ကိုင်စားသောက်ကြရာမှ နှစ်ရှည်သီးနှံဖြစ်သည့် ဂွေးပင်၊ မာလကာသီးပင်၊ ဩဇာသီးပင်၊ သရက်သီးပင်၊ နဂါးမောက်သီးပင်၊ ပိန္နဲသီးပင်နှင့် မန်ကျည်းသီးပင် များကိုလည်း မိမိတို့ နေအိမ်ခြံစည်းရိုးများနှင့် တောင်ယာများထဲတွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိ ကြပါ သည်။ စိုက်ပျိုးရရှိသော သီးနှံများထဲမှ  ဩဇာသီး၊ ဂွေးသီးနှင့် မာလကာသီးမျာကို မုံရွာမြို့၊ ချင်းတွင်းရတနာဈေး၊ သံလမ်းဈေးနှင့် ဈေးဟောင်းတို့တွင်  လာရောက်ရောင်းချလျက်ရှိ ကြောင်း သိရှိရပါသည်။

          ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်တွင် ဩဇာသီးဈေးနှုန်းများမှာ အရွယ်အစား အလိုက်ဈေးအမျိုးမျိုးရှိပြီး အရွယ်ကြီးအလုံးလှ(၁)လုံးလျှင် (၇၀၀)ကျပ်၊ အရွယ်သေး အလုံးသေး (၁)လုံးလျှင်(၆၀၀)ကျပ်ဖြင့်လည်းကောင်း၊  ဂွေးချိုသီး ဈေးနှုန်းမှာ ဂွေးချိုသီး (၁၄)လုံးပါ တစ်ထုပ်လျှင် (၆၀၀)ကျပ်ဖြင့် လည်းကောင်း၊ ကီလိုမာလကာသီးဈေးနှုန်းများ အနေဖြင့် အကြီးတစ်လုံးလျှင် (၇၀၀)ကျပ်၊ အသေးတစ်လုံးလျှင် (၆၀၀) ကျပ်ဖြစ်ပြီး အကြီးအသေး ပေါ်မူတည်ပြီး ရောင်းချလျက်ရှိကြောင်း သိရပါသည်။

DOCA(စစ်ကိုင်း)

သံလမ်းဈေး၊ ချင်းတွင်းရတနာဈေးနှင့် မြသလ္လာဈေးတို့တွင်ရောင်းချနေသော ဟင်းသီးဟင်းရွက်ဈေးနှုန်းများ

         ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်တွင် မုံရွာမြို့ရှိ သံလမ်းဈေး၊ ချင်းတွင်းရတနာ ဈေးနှင့် မြသလ္လာဈေးတို့တွင် ရောင်းချလျက်ရှိသော ဟင်းသီးဟင်းရွက်ဈေးနှုန်းများမှာ  နံနံပင် (၁)စည်းလျှင် (၁၅၀)ကျပ်၊ နံနံပင်(၂)စည်းလျှင် (၃၀၀)ကျပ်၊ မုံလာဥဖြူ (၃)လုံးပါ တစ်တွဲလျှင် (၇၀၀)ကျပ်၊ (၂)တွဲလျှင် (၁၃၀၀)ကျပ်၊  ချဉ်ပေါင်ရွက် (၁)စည်းလျှင် (၁၀၀)ကျပ်၊ (၃)စည်း လျှင်  (၂၀၀)ကျပ်၊ မုန်ညှင်းရွက်(၁)စည်းလျှင် (၃၀၀)ကျပ် (၂)စည်းလျှင် (၅၀၀)ကျပ်၊ ပင်စိမ်း (၁)စည်းလျှင် (၁၅၀)ကျပ်မှ (၂၀၀)ကျပ်ဖြင့် ရောင်းချက်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

ရှောက်သီးနှင့် သံပုရာသီးဈေးနှုန်း

        စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြသလ္လာဈေးနှင့် သံလမ်းဈေးတို့တွင် မုံရွာမြို့နယ် အတွင်းရှိ ကျေးရွာများ၊ မြို့ပေါ်ရပ်ကွက်များနှင့် ဒေသအသီးသီးမှ သံပုရာသီးများ လာရောက် ရောင်းချသည့်အတွက် ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

        သံပုရာသီးသည် ကျန်းမာရေးအတွက် ကောင်းမွန်ပြီး သံပုရာယို၊ သံပုရာ ဖျော်ရည်နှင့် အသုပ် များတွင် ထည့်သွင်းစားသုံးရပြီး ရှောက်သီးမှာ ဆေးဖော်စပ်ရာတွင်လည်း အသုံးပြုကြသည့် အတွက် အသုံးဝင်းသော အသီးပင်ဖြစ်ပါသည်။

          စက်တင်ဘာလ ဒုတိယပတ်တွင် မုံရွာမြို့ မြသလ္လာဈေး၊ သံလမ်းဈေးနှင့် ရပ်ကွက်ဈေး တို့၌ သံပုရာသီးဈေးနှုန်းမှာ အရွယ်အစား အကြီး/အသေး အပေါ်မူတည်၍ တစ်လုံးလျှင် (၁၀ဝိ/-) ကျပ်မှ (၁၂)လုံးလျှင် (၁၀၀၀) ကျပ်ဖြင့်လည်းကောင်း ၊ ရှောက်သီး(အသေး) (၁)လုံး လျှင် (၂၅၀)ကျပ်နှင့် ရှောက်သီး(အကြီး)(၁)လုံးလျှင်(၃၀၀) ကျပ်ထိ ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းရောင်းသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့တွင် ရောင်းချနေသော ရှောက်ပန်းသီးနှင့် သင်္ဘောသီး ဈေးနှုန်း

                         စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မန်ကျည်းပင်ဈေးအတွင်းတွင် ရှောက်ပန်းသီးနှင့် သင်္ဘောသီးများ ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။ ကုန်စိမ်းသီးနှံမျိုးစုံကို ရောင်းချ သည့်အလုပ်ဖြင့် အသက်မွေးဝမ်းကြောင်းပြုရာမှ ရှောက်ပန်းသီးနှင့် သင်္ဘောသီးကို မိမိတို့‌ ဒေသတွင်း ထွက်ရှိသည့်သီးနှံများကို ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ 

                    ၂၀၂၅ ခုနှစ် ၊ စက်တင်ဘာလ ဒုတိယအပတ်အတွင်း မုံရွာမြို့ မန်ကျည်းပင်ဈေးရှိ  သစ်သီးဆိုင်များတွင် ရှောက်ပန်းသီးဈေးနှုန်းမှာ တစ်လုံးလျှင် (၂၀၀၀) ကျပ် ၊  သင်္ဘောသီး ဈေးနှုန်းမှာ တစ်လုံးလျှင် (၂၀၀၀) ကျပ် နှုန်းဖြင့်  ရောင်းချလျက်ရှိရာ လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်သည့်အတွက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

သာပေါင်းမြို့နယ်တွင် ဓာတ်မြေဩဇာများ တိုက်ရိုက်ဖြန့်ဖြူးရေးဆောင်ရွက်ခြင်း

  ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ (၂၀၂၅-၂၀၂၆) ခုနှစ်၊ မိုးစပါးရာသီ၌ နိုင်ငံစီးပွား မြှင့်တင်ရေး ရန်ပုံငွေရယူခြင်းမရှိသော တောင်သူများလက်ဝယ်သို့ ယူရီးယားဓာတ်မြေဩဇာများ၊ ကွန်ပေါင်း မြေဩဇာများ၊ စနစ်တကျဝယ်ယူဖြန့်ဖြူးရောင်းချနိုင်ရေးတို့အတွက် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့နှင့် ဌာနဆိုင်ရာစုစုပေါင်း (၁၅) ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး ကျေးရွာအုပ်စု (၄၂) အုပ်စုအတွက် နယ်မြေ (၃) နေရာခွဲဝေသတ်မှတ်ပြီး သက်ဆိုင်ရာဌာနများမှ ရပ်ကွက်၊ ကျေးရွာတောင်သူများထံ တိုက်ရိုက်ဖြန့်ဖြူးရောင်းချနိုင်ရေးအတွက် လုပ်ငန်းတာဝန်များ အဆင့်ဆင့် ဆောင်ရွက်နိုင်ရေး ဖွဲ့စည်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မုံရွာမြို့တွင် ရောင်းချနေသော မုန့်ညှင်းရွက် နှင့် အိုးမုန့်ညှင်းရွက် ဈေးနှုန်း

  စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မန်ကျည်းပင်ဈေးအတွင်း မုန့်ညှင်းရွက်နှင့် အိုးမုန့်ညှင်းရွက်များ အများအပြား ရောင်းချလျက်ရှိကြပါသည်။ မုန့်ညှင်းပင်နှင့်အိုးမုန့်ညှင်းကို ဟင်းသီးဟင်းရွက်အဖြစ် လူသိများကြပြီး မြန်မာပြည်တွင် ဒေသမရွေး စိုက်ပျိုးနိုင်သည်။‌ အေးသောဒေသကိုပို၍ နှစ်သက်သည်။ မုန့်ညှင်းပင်နှင့်အိုးမုန့်ညှင်းကို ကြော်၊ လှော်၊ ချက်၊ ပြုတ်ရာတွင် အခြားသော အသားငါး၊ အသီးအရွက်တို့နှင့်ရော၍လည်း စားသုံးနိုင်သည်။ မုန့်ညှင်းချဥ်သည်  မြန်မာလူမျိုးများတို့ အထူးနှစ်သက်သော တို့စရာထဲတွင်ပါဝင်သည်။

            ၂၀၂၅ ခုနှစ် ၊ စက်တင်ဘာလ ဒုတိယအပတ်အတွင်း မုံရွာမြို့ မန်ကျည်းပင်ဈေးရှိ  မုန်ညှင်းရွက်ဈေးနှုန်းမှာ (၃၀၀-၅၀၀) ကျပ်၊ အိုးမုန်ညှင်းရွက်ဈေးနှုန်းမှာ (၃၀၀-၇၀၀) ကျပ်ထိ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

သာပေါင်းမြို့နယ်တွင် အငြိမ်းစားဝန်ထမ်းများနှင့် အစိုးရဝန်ထမ်းများအား စားအုန်းဆီနှင့် ကြက်ဥများရောင်းချပေးခြင်း

  ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ (၅.၉.၂၅) ရက်နေ့တွင် မြန်မာ့စီးပွားရေးဘဏ်ရှေ့တွင် ပင်စင်စားဝန်ထမ်းများအား ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ စားသုံးဆီ (၁) ပိဿာလျှင် (၇၀၀၀) ကျပ်ဖြင့် (၂၂၀) ပိဿာနှင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ကြက်ဥ (၃၀၀) လုံးအား (၁) လုံးလျှင် (၄၀၀) ကျပ်နှုန်းဖြင့် ရောင်းချခဲ့ပြီး မြို့ပေါ်ဌာနဆိုင်ရာ (၃၄) ခုမှ ဝန်ထမ်းများ၊ လုံခြုံရေးတပ်ဖွဲ့များ၊ မြို့ပေါ်ပြည်သူ့စစ်၊ ဧရာဝတီဘဏ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်း များ၊ နယ်ပညာရေးဝန်ထမ်းများအာ ပထမအသုတ်၊ ဒုတိယ အသုတ် (၂) ကြိမ်ခွဲ၍ ရောင်းချမည် ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဓနုဖြူမြို့နယ်တွင် စိုက်ပျိုးနေသော ကြက်ဟင်းခါးသီး

   မအူပင်ခရိုင် ထုံးဖိုကျေးရွာ၊ တလိုင်းစု တွင် တောင်သူ ဦးအောင်မိုးက လယ်မြေပေါ်တွင် ကြက်ဟင်းခါးသီးနှံ စိုက်ပျိုးလျှက်ရှိကြောင်း သိရသည်။ စိုက်ပျိုးမှု ဧကမှာ ဧကဝက် စိုက်ပျိုးလျက်ရှိသည်။

          ကြက်ဟင်းခါး မျိုးမှာ တြိဂံ အမှတ်တစ်ဆိပ်မျိုးဖြစ်ပြီး ဖြစ်ပြီး မျိုးတစ်ထုတ်လျှင် ၂၀၀၀၀ကျပ်ဖြင့် ဝယ်ယူရပြီး စိုက်ဧကတွင် မျိုး ၁၀ထု တ်စိုက်ပျိုးကြောင်း သိရသည်။ ကြက်ဟင်းခါးသီးနှံကို ဇူလိုင်လက စတင်စိုက်ပျိုးပြီး ၄၅ရက်အကြာတွင် ထွက်ရှိပြီး  စိုက်ပျိုးမှု ကုန်ကျစရိတ်မှာ ဧကဝက်တွင် ၅သိန်းကုန်ကျကြောင်း၊ ထွက်ရှိမှုအနေဖြင့် ပိဿာချိန် ၅၀၀ခန့်ထွက်ရှိကြောင်း သိရသည်။ ကြက်ဟင်းခါး သီး ၁ပိဿာလျှင် လက်ကားဈေး ၁၈၀၀ကျပ် ရောင်းချရပြီး လက်လီဈေးမှာ ၁ပိဿာလျှင် ၂၀၀၀ကျပ်ဖြင့် ရောင်းချ ကြသည်။ အကျိုးအမြတ်အနေဖြင့် ငွေကျပ် ၄၀၀၀၀၀ ကျန်ရှိကြောင်း စိုက်ပျိုးသူများက အပိုဝင်ငွေရရှိ၍ နှစ်စဉ် ရာသီမရွး စိုက်ပျိုးကြကြောင်း သိရသည်။

DOCA (ဧရာဝတီ)

ဈေးနှုန်းမြင့်တက် အာလူးဈေးကွက်

     ရှမ်းပြည်နယ်တောင်းပိုင်း အောင်ပန်းမြို့တွင် အာလူးအသစ်များထွက်ရှိနေသောကြောင့် အာလူးဈေးများ အနည်းငယ်မြင့်တက်နေကြောင်းသိရှိရပါသည်။

    ရှမ်းပြည်နယ်တောင်ပိုင်းတွင် အာလူးအဓိကစိုက်ပျိုးသောဒေသများမှာ ပင်လောင်း၊ပင်းတယ၊နောင်တရား၊ တီကျစ် နှင့်အောင်ပန်းဒေသများဖြစ်ပြီး ယခုစက်တင်ဘာလ(ပထမ)အပတ်တွင် နောင်တရားနှင့် တီကျစ်ဒေသများမှ အာလူးများအသစ်ထွက်ရှိနေသောကြောင့် အာလူးဈေးများမှာ ယခင်လထက် ဈေးအနည်းငယ်မြင့်တက်လာကြောင်းသိရှိရပါသည်။ ယခင်လမားကစ်S-2/S-3 တစ်ပိဿာ ၅၀၀၀ကျပ်၊ မျက်နီS-2/S-1 တစ်ပိဿာ၄၅၀၀ကျပ်၊ ဒေသA-1 တစ်ပိဿာ၃၀၀၀ကျပ်နှင့် ဂေါ်လီဆိုဒ်၂၀၀၀ကျပ်ရှိပြီး ယခုလ(ပထမ)အပတ်တွင် မားကစ်S-2/S-3တစ်ပိဿာ ၆၅၀၀ကျပ်၊ မျက်နီS-2/S-1တစ်ပိဿာ ၆၀၀၀ကျပ်၊ ဒေသA-1တစ်ပိဿာ၄၀၀၀ကျပ်နှင့်ဂေါ်လီဆိုဒ် တစ်ပိဿာ ၂၅၀၀ကျပ် အထိမြင့်တက်လာကြောင်းဈေးကွက်အတွင်းမှ လေ့လာသိရှိရပါသည်။

DOCA(ရှမ်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း