Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မုံရွာမြို့တွင် ရောင်းချနေသော မုန့်ညှင်းရွက် နှင့် အိုးမုန့်ညှင်းရွက် ဈေးနှုန်း

  စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မန်ကျည်းပင်ဈေးအတွင်း မုန့်ညှင်းရွက်နှင့် အိုးမုန့်ညှင်းရွက်များ အများအပြား ရောင်းချလျက်ရှိကြပါသည်။ မုန့်ညှင်းပင်နှင့်အိုးမုန့်ညှင်းကို ဟင်းသီးဟင်းရွက်အဖြစ် လူသိများကြပြီး မြန်မာပြည်တွင် ဒေသမရွေး စိုက်ပျိုးနိုင်သည်။‌ အေးသောဒေသကိုပို၍ နှစ်သက်သည်။ မုန့်ညှင်းပင်နှင့်အိုးမုန့်ညှင်းကို ကြော်၊ လှော်၊ ချက်၊ ပြုတ်ရာတွင် အခြားသော အသားငါး၊ အသီးအရွက်တို့နှင့်ရော၍လည်း စားသုံးနိုင်သည်။ မုန့်ညှင်းချဥ်သည်  မြန်မာလူမျိုးများတို့ အထူးနှစ်သက်သော တို့စရာထဲတွင်ပါဝင်သည်။

            ၂၀၂၅ ခုနှစ် ၊ စက်တင်ဘာလ ဒုတိယအပတ်အတွင်း မုံရွာမြို့ မန်ကျည်းပင်ဈေးရှိ  မုန်ညှင်းရွက်ဈေးနှုန်းမှာ (၃၀၀-၅၀၀) ကျပ်၊ အိုးမုန်ညှင်းရွက်ဈေးနှုန်းမှာ (၃၀၀-၇၀၀) ကျပ်ထိ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

သာပေါင်းမြို့နယ်တွင် အငြိမ်းစားဝန်ထမ်းများနှင့် အစိုးရဝန်ထမ်းများအား စားအုန်းဆီနှင့် ကြက်ဥများရောင်းချပေးခြင်း

  ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ (၅.၉.၂၅) ရက်နေ့တွင် မြန်မာ့စီးပွားရေးဘဏ်ရှေ့တွင် ပင်စင်စားဝန်ထမ်းများအား ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ စားသုံးဆီ (၁) ပိဿာလျှင် (၇၀၀၀) ကျပ်ဖြင့် (၂၂၀) ပိဿာနှင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ကြက်ဥ (၃၀၀) လုံးအား (၁) လုံးလျှင် (၄၀၀) ကျပ်နှုန်းဖြင့် ရောင်းချခဲ့ပြီး မြို့ပေါ်ဌာနဆိုင်ရာ (၃၄) ခုမှ ဝန်ထမ်းများ၊ လုံခြုံရေးတပ်ဖွဲ့များ၊ မြို့ပေါ်ပြည်သူ့စစ်၊ ဧရာဝတီဘဏ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်း များ၊ နယ်ပညာရေးဝန်ထမ်းများအာ ပထမအသုတ်၊ ဒုတိယ အသုတ် (၂) ကြိမ်ခွဲ၍ ရောင်းချမည် ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဓနုဖြူမြို့နယ်တွင် စိုက်ပျိုးနေသော ကြက်ဟင်းခါးသီး

   မအူပင်ခရိုင် ထုံးဖိုကျေးရွာ၊ တလိုင်းစု တွင် တောင်သူ ဦးအောင်မိုးက လယ်မြေပေါ်တွင် ကြက်ဟင်းခါးသီးနှံ စိုက်ပျိုးလျှက်ရှိကြောင်း သိရသည်။ စိုက်ပျိုးမှု ဧကမှာ ဧကဝက် စိုက်ပျိုးလျက်ရှိသည်။

          ကြက်ဟင်းခါး မျိုးမှာ တြိဂံ အမှတ်တစ်ဆိပ်မျိုးဖြစ်ပြီး ဖြစ်ပြီး မျိုးတစ်ထုတ်လျှင် ၂၀၀၀၀ကျပ်ဖြင့် ဝယ်ယူရပြီး စိုက်ဧကတွင် မျိုး ၁၀ထု တ်စိုက်ပျိုးကြောင်း သိရသည်။ ကြက်ဟင်းခါးသီးနှံကို ဇူလိုင်လက စတင်စိုက်ပျိုးပြီး ၄၅ရက်အကြာတွင် ထွက်ရှိပြီး  စိုက်ပျိုးမှု ကုန်ကျစရိတ်မှာ ဧကဝက်တွင် ၅သိန်းကုန်ကျကြောင်း၊ ထွက်ရှိမှုအနေဖြင့် ပိဿာချိန် ၅၀၀ခန့်ထွက်ရှိကြောင်း သိရသည်။ ကြက်ဟင်းခါး သီး ၁ပိဿာလျှင် လက်ကားဈေး ၁၈၀၀ကျပ် ရောင်းချရပြီး လက်လီဈေးမှာ ၁ပိဿာလျှင် ၂၀၀၀ကျပ်ဖြင့် ရောင်းချ ကြသည်။ အကျိုးအမြတ်အနေဖြင့် ငွေကျပ် ၄၀၀၀၀၀ ကျန်ရှိကြောင်း စိုက်ပျိုးသူများက အပိုဝင်ငွေရရှိ၍ နှစ်စဉ် ရာသီမရွး စိုက်ပျိုးကြကြောင်း သိရသည်။

DOCA (ဧရာဝတီ)

ဈေးနှုန်းမြင့်တက် အာလူးဈေးကွက်

     ရှမ်းပြည်နယ်တောင်းပိုင်း အောင်ပန်းမြို့တွင် အာလူးအသစ်များထွက်ရှိနေသောကြောင့် အာလူးဈေးများ အနည်းငယ်မြင့်တက်နေကြောင်းသိရှိရပါသည်။

    ရှမ်းပြည်နယ်တောင်ပိုင်းတွင် အာလူးအဓိကစိုက်ပျိုးသောဒေသများမှာ ပင်လောင်း၊ပင်းတယ၊နောင်တရား၊ တီကျစ် နှင့်အောင်ပန်းဒေသများဖြစ်ပြီး ယခုစက်တင်ဘာလ(ပထမ)အပတ်တွင် နောင်တရားနှင့် တီကျစ်ဒေသများမှ အာလူးများအသစ်ထွက်ရှိနေသောကြောင့် အာလူးဈေးများမှာ ယခင်လထက် ဈေးအနည်းငယ်မြင့်တက်လာကြောင်းသိရှိရပါသည်။ ယခင်လမားကစ်S-2/S-3 တစ်ပိဿာ ၅၀၀၀ကျပ်၊ မျက်နီS-2/S-1 တစ်ပိဿာ၄၅၀၀ကျပ်၊ ဒေသA-1 တစ်ပိဿာ၃၀၀၀ကျပ်နှင့် ဂေါ်လီဆိုဒ်၂၀၀၀ကျပ်ရှိပြီး ယခုလ(ပထမ)အပတ်တွင် မားကစ်S-2/S-3တစ်ပိဿာ ၆၅၀၀ကျပ်၊ မျက်နီS-2/S-1တစ်ပိဿာ ၆၀၀၀ကျပ်၊ ဒေသA-1တစ်ပိဿာ၄၀၀၀ကျပ်နှင့်ဂေါ်လီဆိုဒ် တစ်ပိဿာ ၂၅၀၀ကျပ် အထိမြင့်တက်လာကြောင်းဈေးကွက်အတွင်းမှ လေ့လာသိရှိရပါသည်။

DOCA(ရှမ်း)

ကြံစိုက်ပျိုး ထွက်ရှိ၍ တောင်သူအကျိုးအမြတ်ရ

   ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၌ ကြံစိုက်ပျိုးမှု (၇၈)ဧက စိုက်ပျိုးထားရှိပြီး စျေးကောင်းရရှိနေကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

   မအူပင်မြို့နယ်အနေဖြင့် လုပ်လပ်အနောက်ကျေးရွာတွင် ၁ဧကတွင် K-9584 ကြံဝါ၊ ကြံညို မျိုးများကို စိုက်ပျိုးကြသည်။ စိုက်ပျိုးမှု ၁ဧကတွင် ကြံဝါ ၃၆၀၀၊ ကြံညို ၂၅၀၀ ပင်စိုက်ပျိုး နိုင်သည်။ မျိုးအနေဖြင့် ၃ဆစ်မျိုးဟုခေါ် ပြီး ၁ပင်ကို ၃၀၀ ကျပ်ဖြင့် ဝယ်ယူစိုက်ပျိုးရသည်။ စိုက်နည်းစနစ်မှန်ကန်စေရေး၊ မြေသြဇာစနစ်တကျ ကျွေးရပြီး စိုက်ပျိုး မြေအနေအထားအရ တစ်ဧကလျှင် ကြံတန်ချိန်အထွက်နှုန်းမှာ (၃၀)တန်ထွက်ရှိမှု လျာထား သတ်မှတ်ခဲ့ရာ (၄၀)တန်ထွက်မည် ဖြစ်ကြောင်း ပျမ်းမျှ ခန့်မှန်းတွက်ချက်ရသည်။  

   ကြံဝါ၊ ကြံညိုကို စိုက်ပျိုးရာတွင် ပထမစိုက်မြောင်းထပ်တိုးခြင်းလုပ်ငန်း လုပ်ဆောင်ရခြင်း၊ ဒုတိယအကြိမ် အပင်ပေါက်အလွှာထိုး အစာလိုက်ပေးရခြင်း၊ တတိယ အစားထိုး စိုက်မြောင်းလုပ်ဆောင် ပေးရခြင်း တို့ကို လုပ်ဆောင်ရပြီး မိုးရာသီတွင် ရေလိုက်ပေးရန်မလိုကြောင်း၊ ၂၀၂၅ခုနှစ်  ဧပြီလကုန်တွင် စတင်စိုက်ပျိုးပြီး ၈-၉ လအကြာတွင် ရောင်းတမ်းဝင်မည်ဖြစ်သည်။ စိုက်ပျိုးမှု ကုန်ကျစရိတ် မျိုး၊ သွင်းအားစု၊ လုပ်သားခ၊ ရေတင်ခ၊ အနေဖြင့် ကြံဝါ ၂၅သိန်းကျပ်၊ ကြံညို ၂၀သိန်း ကုန်ကျကြောင်း သိရသည်။  ကြံချောင်း တစ်ချောင်းကို ၁၀၀၀ ကျပ်ရရှိခဲ့ပြီး ယခုနှစ်တွင် ကြံထွက်ရှိသူများက ကြံတစ်ချောင်းလျှင်  ၁၀၀-၁၀၀ ကျပ်အထိ ရရှိကြောင်းသိရသည်၊၊ စိုက်ပျိုးမှု အပင် ကြံဝါ ၃၆၀၀ပင်တွင် အထွက်နှုန်းအနေဖြင့်  ၀၀၀ ပင်အထိထွက်ရှိကြောင်း၊ ကြံညိုအထွက်နှုန်း ၄၀၀၀ထွက်ရှိ ကြောင်း သိရသည်။ အကျိုးအမြတ် အနေဖြင့် ငွေကျပ် ၀၀ ၀၀၀ ရရှိကြောင်း သိရသည်။

   မအူပင်မြို့နယ်မှ ထွက်ရှိလာသော ကြံများကို ရန်ကုန်သကြားစက်သို့ တင်ပို့ရောင်းချရ ကြောင်း ယခင်နှစ်ကထက်ပို၍ စျေးကောင်းရရှိကြောင်းနှင့် ဒေသတွင်း ကြံရည် ရောင်းချသူများ ကလည်း လာရောက်ဝယ်ယူကြကြောင်း ကြံဝါသည် အကျိုးအမြတ်ပေးနိုင်လို့ စီးပွားဖြစ်စိုက်ပျိုးထုတ် လုပ်သင့်တဲ့သီးနှံတစ်ခုဖြစ်ပြီး ကြံညိုကိုလည်း ပွင့်လင်းရာသီတွင် စီးပွားဖြစ် သီးနှံအဖြစ် ရောင်းချပြီး နှစ်စဉ် နှစ်စဉ်စိုက်ပျိုးလျှက်ရှိကြောင်း သိရသည်။

DOCA (ဧရာဝတီ)

မအူပင် ငါးခုံးမချဉ် ဈေးနှုန်းစျေးကွက်

   ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့တွင် ဒေသထွက်ကုန်အနေဖြင့် ငါးချဉ်နှင့် ငါးခုံးမချဉ် လုပ်ငန်းအား တစ်နိုင်တစ်ပိုင် လုပ်ကိုင်လျက်ရှိပြီး မအူပင်မြို့အခြေပြု စီးပွားဖြစ် ထုတ်လုပ် ရောင်းချ လျက်ရှိသည်။ ငါးဖယ်ချဉ်၊ ပုစွန်ချဉ်များကို အမှတ်တံဆိပ်အသီးသီးဖြင့် ထုတ်လုပ် ရောင်းချ လျက်ရှိပြီး လုပ်ငန်းပေါင်း ၁၂ခုရှိကြောင်းသိရသည်။ ငါးဖယ်ချဉ်၊ ပုစွန်ချဉ်ပြုလုပ်သလို ငါးခုံးမချဉ် ကိုလည်း ပြုလုပ်ကြောင်း၊ ငါးခုံးမချဉ် ပြုလုပ်သူ ကျေးရွာများမှ ၂၀ဦးခန့်ရှိကြောင်း၊ မအူပင် ငါးခုံးမ ချဉ်သည် သန့်ရှင်းလပ်ဆပ်ပြီး ဈေးအတွင်း ဝယ်ယူသူများကို  အချိန်ဖြင့် ရောင်းချခြင်းများ သာဖြစ် ကြောင်း သိရ သည်။

          ငါးခုံးမချဉ်ပြုလုပ်ရာတွင် အဓိကအသုံးပြုသည့် ငါးခုံးမအကောင်သေးအမျိုးအစား ဖြစ်ပြီး မအူပင် တိုးမြစ်အတွင်းမှ ဖမ်းစီးရမိသော ငါးခုံးမငါးကလေးများကိုသာ ကုန်ကြမ်းအဖြစ် အသုံးပြူပြီး ငါးများကို မအူပင်မြို့ရှိ မြစ်ငါး သီးသန့်ရောင်းချသူ များထံမှ ပိဿာလိုက်ဝယ်ယူအသုံးပြုလျက်ရှိကြောင်း၊  ငါးခုံးမချဉ်ထုပ်ပိုးရာတွင် သန့်ရှင်းသော ငှက်ပျောဖတ်ဖြင့် ထုတ်ပြီးအပေါ်မှ ဖျင်ပါးပိတ်စသန့်သန့်ဖြင့် အချဉ် ၃ရက်မှ ၅ရက်ထိ အချဉ်ခံထားသိပ်ပြီး အချိန်ဖြင့် လှီးဖြတ်ရောင်းချကြောင်း သိရသည်။

          ငါးခုံးမချဉ် ပြုလုပ်ရာတွင် ငါးခုံးမ ပိသာချိန် ၁၀ ကို ဆန် ၁ပြည်နှင့် ဆား ၁ပိသာသုံးရကြောင်း၊ ငါးခုံးမချဉ်ထုတ်လုပ်သည့် လုပ်ငန်းငယ်တစ်ခုတွင် တစ်ရက်လျှင် ငါးပိဿာချိန် ၁၀ မှ ၅၀ အထိ အသုံးပြု၍ထုတ်လုပ်သည်။ ငါးပိဿာချိန် ၁၀ လျှင် ငါးခုံးမချဉ် ၇ပိဿာ ခန့် ထွက်ရှိကြောင်း၊ ငါးပိဿာချိန် ၁၀ လျှင် ငါးခုံးမချဉ်ထုတ်လုပ်မှုကုန်ကျစရိတ် ၅၅၀၀၀ ခန့်သာ ကုန်ကျကြောင်း၊ စျေးနှုန်းအနေဖြင့် ငါးခုံးမချဉ် ၁၀ ကျပ် ငွေကျပ် ၁၅၀၀  နှုန်းဖြင့် ရောင်းချ လျက်ရှိကြောင်း၊ တစ်ရက်လျှင် ငါးပိဿာချိန် ၁၀ အသုံးပြုရပြီး ငါးချဉ် ထုတ်လုပ်နိုင်ပါက ငွေကျပ် ၅၀၀၀၀ နှင့် ငါးပိဿာချိန် ၅၀ အသုံးပြုရပြီး ငါးချဉ်ထုတ်လုပ်နိုင်ပါက ငွေကျပ် ၂၅၀၀၀၀ အကျိုးအမြတ် ရရှိကြောင်း၊စျေးကွက်အနေဖြင့် ဒေသတွင်းရှိဈေးများ ၊ကျိုတ်လတ်၊ ဖျာပုံ၊ မော်ကျွန်း၊ မြောင်းမြ၊ အိမ်မဲနှင့် ရန်ကုန်မြို့မှ မှာယူပါကလည်း တစ်ပါတ်လျှင် အချိန်၁၀ပါ ငါးခုံးမချဉ်  အချိန် ၃၀ တင်ပို့ပြီး တစ်လလျှင် ၁၂၀ ပိဿာ တင်ပို့ပေးရကြောင်း၊ ငါးခုံမ ပေါပေါ များများ ထွက်ရှိချိန်တွင်  ရန်ကုန်သို့ ပိဿာ ၂၀၀ နီးပါးမှာယူ၍ တင်ပို့ရပြီး ဝယ်ယူသုံးစွဲမှု မြင့်တက် လျက်ရှိကြောင်း သိရသည်။ DOCA (ဧရာဝတီ)

မအူပင် မြို့နယ် မင်းဘောကျေးရွာတွင် မာလကာသီး စိုက်ပျိုး ဖြစ်ထွန်းနေမှု အခြေအနေ

          မအူပင်မြို့နယ်၊ မင်းဘောကျေးရွာတွင် မာလကာသီး သီးနှံ စိုက်ပျိုးလျှက်ရှိသည်။ မင်းဘော ကျေးရွာသည် စပါးကို အဓိကထား စိုက်ပျိုးနေပြီး ပဲမျိုးစုံ စိုက်ပျိုးသည့်အပြင် လုပ်ငန်းရှင်များက အုန်းသီး၊ ကွမ်းသီး၊ နှင့် မာလကာသီးနှံများကို မြေဧက ၁၇ ဧကပေါ်တွင် ၁ဧက စီးပွားဖြစ် စိုက်ပျိုးလျက် ရှိကြောင်း သိရှိရသည်။

          မာလကာသီးနှံ စိုက်ပျိုးမှု အနေဖြင့် ကီလိုမာလကာ၊ သုံးရောင်ချယ်၊ ပန်းမာလကာ၊ အစေ့လွတ် သီးနှံများကို မြေ၁ဧကပေါ်တွင် စိုက်ပျိုးနေကြောင်းသိရသည်။ မာလကာသီး အပင်ပေါင်း ၅၀၀ ခန့်ရှိပြီး မျိုးတစ်ပင်ကို ၂၅၀၀ ကျပ်ဖြင့် ဝယ်ယူပြီး ယခု မာလကာသီးနှံ နှစ်သား ရှိပြီဖြစ်ကြောင်း မာလကာသီး ၁နှစ်သားတွင် အသီးစတင်သီးပြီး မာလကာပင်ကို အစားကြွေး ၊ မြေဩဇာကျွေး၊ လုပ်သားခနှင့် ၁ဧက ရင်းနှီမှု တန်ဖိုး ၂၀၀၀၀၀/-ကျပ် ကုန်ကြပြီး အထွက်နှုန်း အနေဖြင့် ၁ဧကလျှင် ပျမ်းမျှ ၁၀၀၀ခန့် ထွက်ရှိကြောင်း သိရသည်။ မာလကာသီး ထွက်ရှိမှု ကာလမှာ တစ်နှစ်အတွင်း ၆လအတွင်း ခူးယူရောင်းချရကြောင်း သိရသည်။

မာလကာသီး လက်ကားဈေးနှုန်းအနေဖြင့် အလုံး ၁၀၀ကို ယခုအခါ ၀၀၀၀/-ကျပ်၊ အနိမ့်ဈေး ၀၀၀၀/-ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ မာလကာသီးနှံ စိုက်ပျိုးသူ အနေဖြင့် ၁ဧကလျှင် ငွေကျပ် ,၀၀,၀၀၀ နှစ်တစ်ပါတ်လည် အကျိုးအမြတ် ရရှိကြောင်း၊   ဈေးကွက်အနေဖြင့် ကျိုတ်လတ် သစ်သီးဒိုင်နှင့် မအူပင်၊ မော်ကျွန်း၊ ဖျာပုံ သစ်သီးရောင်းချသူ များမှ လာရောက်ဝယ်ယူပြီး ပန်းတနော်မြို့ဘက်သို့ ရောင်းချကြောင်း၊ ရန်ကုန်မြို့ သစ်သီးအရောင်းအဝယ်ဒိုင်များသို့ အဓိကတင်ပို့လျှက် ရှိကြောင်း သိရှိရသည်။

DOCA (ဧရာဝတီ)

ထားဝယ်မြို့ရှိ စျေးကွက်အတွင်း စက်သုံးဆီစျေးနှုန်းမြင့်တက်

   ထားဝယ်မြို့တွင်စက်သုံးဆီအရောင်းဆိုင်များမှာ(၁၂)ဆိုင်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး စက်သုံး ဆီလက်လီစျေးနှုန်းများမှာ ယခင် စက်တင်ဘာလ ပထမပတ်အတွင်း ဒီဇယ်ရိုးရီုး တစ်လီတာကို (၂၆၇၀) ကျပ်၊ ဒီဇယ်ပရီမီယမ် တစ်လီတာကို (၃၂၇၅)ကျပ်၊ ဓါတ်ဆီ 92 တစ်လီတာကို (၃၀၇၀) ကျပ်နှင့် ဓါတ်ဆီ 95 တစ်လီတာကို (၃၁၆၀) ကျပ် တို့ဖြင့်ရောင်းချလျက်ရှိပြီး ယခုလ  ဒုတိယပတ်နှင့် နှိုင်းယှဉ်ကြည့်ပါက ဒီဇယ်ရိုးရိုး (၂၅) ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာကို (၃၀) ကျပ်၊ ဓါတ်ဆီ 92 တစ်လီတာကို (၁၀) ကျပ်နှင့် ဓါတ်ဆီ 95 တစ်လီတာကို (၉၅) ကျပ်အထိ စျေးနှုန်းများ တက်လာကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

ထားဝယ်မြို့ ဓါတ်မြေသြဇာနှင့်ပိုးသတ်ဆေး စျေးနှုန်းအခြေအနေများ

      တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ပေါ်ရှိ စိုက်ပျိုးရေးသုံးပစ္စည်းအရောင်းဆိုင်ကြီးများမှ ရောင်းချလျက်ရှိသော ဓါတ်မြေသြဇာစျေးနှုန်းများမှာ စက်တင်ဘာလဒုတိယပတ်အတွင်း မြင်းပျံ၊ အာမို၊ သြဘာအမှတ်တံဆိပ် ယူရီးယား ၅၀ ကီလိုဂရမ် တစ်အိတ်လျှင် (၁၂၀၀၀၀) ကျပ်၊ သံကွင်း တီစူပါ ၅၀ ကီလိုဂရမ် တစ်အိတ်လျှင် (၁၆၈၀၀၀)ကျပ်၊ တိုတာ၊ ဂျာမနီ အမှတ်တံဆိပ် ပိုတက်ရှ်  ၅၀ ကီလိုဂရမ် တစ်အိတ်လျှင် (၁၄၄၉၀၀) ကျပ်အသီးသီးရှိပြီး ယခင်ပထမအပတ်စျေးနှုန်းများနှင့် နှိုင်း ယှဥ်ပါက တည်ငြိမ်လျက်ရှိပြီး မြန်မာ့သြဘာ သန်ဒါး ၁၀၀ စီစီ ပိုးသတ်ဆေး တစ်ဘူးလျှင် (၁၁၄၀၀)ကျပ်ဖြင့် စက်တင်ဘာလ ပထမအပတ်အတွင်း ရောင်းချလက်ရှိပြီး ယခု ဒုတိယပတ် စျေးနှုန်းများနှင့် နှိုင်းယှဥ်ပါက စျေးနှုန်းအနည်းငယ်တည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့၏ မုန်ညင်းထုပ်စျေးနှုန်း

    မုန်ညင်းထုပ်သည် မြန်မာနိုင်ငံနှင့်အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်၊ ဂျပန်နှင့် အာရှတိုက် တစ်ဝန်းလုံးစိုက်ပျိုးကြပြီး  မြန်မာနိုင်ငံတွင်လည်း  ဒေသမရွေး စိုက်ပျိုးနိုင်သော သီးနှံဖြစ်သည်။                        ဒေသမရွေးစိုက်ပျိုးနိုင်သော်လည်း သင့်တင့်သောရာသီဥတုရှိသည့် ရှမ်းပြည်နယ်၌ ပိုမိုဖြစ်ထွန်း သည်။ အေးသောရာသီဥတုကို ကြိုက်နှစ်သက်ပြီး အမျိုးအစားတွင် အရှည်နှင့်အပုဟူ၍ နှစ်မျိူးရှိ သည်။ မုန်ညင်းထုပ်များသည် တစ်နှစ်ပတ်လုံး စိုက်ပျိုးစားသုံးနိုင်သောသီးနှံတစ်မျိုး ဖြစ်သည့် အတွက် စိုက်ပျိုးသူတောင်သူများအနေဖြင့် တစ်နိုင်တစ်ပိုင်စိုက်ပျိုးရောင်းချနိုင်ပြီး ဝင်ငွေကောင်းသောသီးနှံပင်တစ်မျိုးလည်း ဖြစ်ပါသည်။

          ထားဝယ်မြို့ပေါ်ရှိ မြို့မဈေးကြီးနှင့်ရပ်ကွက်ဈေးများတွင် မေးမြန်းသိရှိရသောဈေးနှုန်းများ အရ မုန်ညင်းထုပ်တစ်ထုပ်လျှင် (၂၀၀၀)ကျပ်မှ(၂၅၀၀)ကျပ်ခန့် ရရှိကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း