Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မျှင် ပုဇွန်ခြောက် ဈေးနှုန်း ဈေးကွက်အခြေအနေများ

    မအူပင်မြို့နယ် အခွန်လွတ််ဈေးအတွင်း မျှင်ပုဇွန်ခြောက်အသေးများကို ရောင်းချလျက်ရှိကြောင်း သိရသည်။ မျှင် ပုဇွန်ခြောက်များသည် ဖျာပုံမြို့နယ် ဘက်မှ ထွက်ရှိသော ကုန်စည်များဖြစ်သည်။ ပုဇွန်ခြောက် အသေးများသည် ယခုကာလ ၂၀၂၅ ၊ စက်တင်ဘာလများတွင် ဈေးနှုန်း အသင့်အတင့်ဖြင့်သာ ရောင်းချရသည်။

    ရောင်းချနေသော မျှင်ပုဇွန်ခြောက် ဈေးနှုန်းများမှ  နိုးဆီ ၁ဗူးလျင် ၁၅၀၀ကျပ်၊ ၂၀၀၀ကျပ်၊ ၂၅၀၀ကျပ် ဖြင့် ရောင်းချလျက်ရှိကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ မိုးအေးသော ကာလဖြစ်၍ ဈေးကြီးမြင့်ခြင်း မရှိဟု ရောင်းချသူထံမှ သိရသည်။ ယခင်ဈေးဖြင့် နှိုင်းယှဉ်ပါက ဈေးနှုန်း ၅၀၀ကျပ် ကျဆင်းလျက်ရှိသည်ဟု သိရပါသည်။

DOCA(ဧရာဝတီ)

ငါးနီတူခြောက် ဈေးနှုန်း ဈေးကွက်

     ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်သည် ပင်လယ်နှင့်နီသော ဖျာပုံမြို့နယ်ဒေသထွက် ပင်လယ်ငါးခြောက်များ ရောင်းချလျက်ရှိသည်။ ငါးခြောက်ရောင်းချသော ဆိုင် ၂၀ ခန့်ရှိပြီး ဖျာပုံဒေသထွက် ပင်လယ်ငါးခြောက်များကို မှာယူရောင်းချလျက်ရှိပါသည်။

     ရောင်းချသော ငါးနီတူခြောက်များ၏ ဈေးနှုန်းများမှာ ရှယ် ၁ပိဿာလျှင် လက်ကားဈေး ၃၈၀၀၀ကျပ်၊ အလတ် ၃၅၀၀၀ကျပ်၊ အညံ ၁ပိဿာ ၂၅၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ငါးနီတူခြောက်များ ယခုအချိန်တွင် မိုးအေးသဖြင့် ဈေးအနည်းငယ်ကျဆင်းနေပြီး၊ ပွင်းလင်းရာသီများတွင် ဈေးပိုမိုကောင်းကြောင်း ငါးခြောက်ရောင်းချသူမှ ပြောပြသည်။ ဖျာပုံပင်ရင်းဒိုင်များမှ မှာယူရောင်းချရသဖြင့် အကျိူးအမြတ်ကြံရှိကြောင်း ယခင်ဈေးနှုန်းဖြင့် နှိုင်းယှဉ်ပါက ငွေကျပ် ၄၀၀၀-၅၀၀၀ကျပ်နီးပါး ကျဆင်းကြောင်း သိရသည်။

DOCA(ဧရာဝတီ)

မအူပင်ဈေးကွက်အတွင်း ရောင်းချနေသော ထိုင်ဝမ် ကျောက်စိမ်း ဖရဲသီး ဈေးကွက်

     ဧရာဝတီတိုင်းဒေသကြီး၊  မအူပင်မြို့တွင် မန္တလေးတိုင်း၊ ကျောက်ဆယ်မြို့နယ် ထွက် သဲတောမြို့နယ်နှင့် ဝမ်းတွင်းမြို့နယ်များမှ ထွက်ရှိသော ထိုင်ဝမ်ကျောက်စိမ်းဖရဲသီးများအား မအူပင်မြို့နယ်တွင် သုံးဘီးဆိုင်ကယ်ဖြင့် တစ်ဆင့်ဝယ်ယူရောင်းချသူများ အဆင်ပြေလျက်ရှိ ကြောင်း ဖရဲသီးရောင်းချသူ ဈေးသည်တစ်ဦးထံမှ သိရသည်။

   ကျောက်စိမ်းဖရဲသီးများကို ဝယ်ယူရာတွင် အလုံးအကြီးအသေးအလိုက် ဈေးနှုန်း မတူညီပဲ လက်ကားဈေး ဖရဲသီးရှယ်အလုံးကြီး ၁လုံး ၄၀၀၀ကျပ်၊ အလတ်၊ ၃၀၀၀ကျပ် ဖြင့် အရောင်းအဝယ် ဖြစ်နေပြီး၊  ရောင်းချသည့်အခါ အသီးတစ်လုံးတွင် အမြတ်ငွေ(၅၀၀)ကျပ်မှ (၁၀၀၀) ကျပ်အထိ ရရှိသဖြင့် ဖရဲသီးဝယ်ယူရောင်းချရာတွင် အဆင်ပြေလျက်ရှိကြောင်း နှစ်စဉ် ဆက်တိုက် ထိုင်ဝမ်ကျောက်စိမ်းဖရဲသီးရောင်းချသူမှ ပြောပြ၍ သိရသည်။ ပွင်းလင်းရာသီသို့ရောက်ရှိလာပါက ဒေသစိုက်ပျိုးသော ဖရဲသီးများနှင့် ယှဉ်ရောင်းချရသဖြင့် ဈေးကျဆင်းကြောင်း၊ ဒေသစိုက် ဖရဲသီး မပေါ်ခင်တွင် ဈေးကောင်းကြောင်း ဖရဲသီးရောင်းချသူမှ ရှင်းပြ၍ သိရသည်။

DOCA(ဧရာဝတီ)

မအူပင်မြို့နယ်တွင် ရောင်းချနေသော ဩဇာသီး ဈေးနှုန်း

      မအူပင်ခရိုင်၊ မအူပင်မြို့နယ် ဈေးကွက်အတွင်းတွင် ပြည်ဒေသထွက် ဩဇာသီးများ ဝင်ရောက်လျက်ရှိပြီး ဈေးအတွင်း ရောင်းချနေကြောင်း တွေ့ရှိရသည်။ ဩဇာသီးပေါ်ချိန်တွင် အရောင်းအဝယ်သွက်လျက်ရှိသည်။ ဩဇာသီးများကို ရန်ကုန်သီရိမင်္ဂလာဈေးမှ မှာယူရောင်းချကြောင်း သိရသည်။

       ရောင်းချသော ဈေးနှုန်း အနေဖြင့် ဩဇာသီး ၁လုံးလျှင် ၈၀၀-၁၀၀၀ ကျပ်ဖြင့် ရောင်းချနေကြောင်း ဈေးကွက်အတါင်းမှ သိရှိရပြီး၊ ရန်ကုန်မှ ဩဇာသီး ရာခြင်းဈေး ၈၀၀၀၀- ၁၀၀၀၀၀ကျပ်ဖြင့် ဝယ်ယူရပြီး အကြီးအသေးပေါ်မူတည်၍ ဈေးကွဲပြားစွာ ရောင်းချရကြောင်း ၊ တစ်နေ့လျှင် ဩဇာသီး ရောင်းချသော ဆိုင်များမှ အလုံးရေ ၃၀၀၀ကျော်ရောင်းချရကြောင်း၊ ယခင်ဈေးဖြင့် နှိုင်းယှဉ်ပါက ဈေးနှုန်း အနည်းငယ်ကျဆင်းပြီး ကြောင်း သိရသည်။  ဩဇာသီးပေါ်ချိန်တွင် မအူပင်ဈေးကွက်အတွင်း ၁လုံး ၁၅၀၀ကျပ်ထိ ရောင်းချရကြောင်း သိရသည်။

DOCA(ဧရာဝတီ)

မုံရွာမြို့တွင် ရောင်းချနေသော မာလကာသီး နှင့် ဩဇာသီးဈေးနှုန်း

          စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကန်သာယာဈေးအတွင်းတွင် ရာသီစာ အသီးအနှံ မာလကာသီးနှင့်ဩဇာသီးများ ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။ မာလကာသီးနှင့် ဩဇာသီးသည် အသီးတင်သာမက အရွက်ရော အခေါက်ပါဆေးဖက်ဝင်သော အပင်ဖြစ် သည်။ မာလကာသီး နှင့် ဩဇာသီးပင်များ မိမိတို့၏နေအိမ်ခြံဝင်းများနှင့် ယာတောများတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြပြီး လာရောက်ရောင်းချကြောင်း သိရှိရပါသည်။

                      ၂၀၂၅ ခုနှစ် ၊ စက်တင်ဘာလ ဒုတိယအပတ်အတွင်း မုံရွာမြို့ ကန်သာယာဈေးရှိ  သစ်သီးဆိုင်များတွင်မာလကာသီး အကြီး(၁)လုံးလျှင်(၈၀၀)ကျပ်၊ အသေး (၁)လုံးလျှင် (၅၀၀)ကျပ်၊  ဩဇာသီး အကြီး(၁)လုံးလျှင်(၅၀၀)ကျပ်နှင့် အသေး(၁)လုံးလျှင် (၃၀၀)ကျပ်၊ (၄)လုံးလျှင် (၁၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိရာ လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်သည့် အတွက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

မုံရွာမြို့ရှိ ဩဇာသီး၊ ဂွေးသီးနှင့် မာလကာသီးဈေးနှုန်း

          စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများ နှင့် မြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေး လုပ်ငန်းများကို လုပ်ကိုင်စားသောက်ကြရာမှ နှစ်ရှည်သီးနှံဖြစ်သည့် ဂွေးပင်၊ မာလကာသီးပင်၊ ဩဇာသီးပင်၊ သရက်သီးပင်၊ နဂါးမောက်သီးပင်၊ ပိန္နဲသီးပင်နှင့် မန်ကျည်းသီးပင် များကိုလည်း မိမိတို့ နေအိမ်ခြံစည်းရိုးများနှင့် တောင်ယာများထဲတွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိ ကြပါ သည်။ စိုက်ပျိုးရရှိသော သီးနှံများထဲမှ  ဩဇာသီး၊ ဂွေးသီးနှင့် မာလကာသီးမျာကို မုံရွာမြို့၊ ချင်းတွင်းရတနာဈေး၊ သံလမ်းဈေးနှင့် ဈေးဟောင်းတို့တွင်  လာရောက်ရောင်းချလျက်ရှိ ကြောင်း သိရှိရပါသည်။

          ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်တွင် ဩဇာသီးဈေးနှုန်းများမှာ အရွယ်အစား အလိုက်ဈေးအမျိုးမျိုးရှိပြီး အရွယ်ကြီးအလုံးလှ(၁)လုံးလျှင် (၇၀၀)ကျပ်၊ အရွယ်သေး အလုံးသေး (၁)လုံးလျှင်(၆၀၀)ကျပ်ဖြင့်လည်းကောင်း၊  ဂွေးချိုသီး ဈေးနှုန်းမှာ ဂွေးချိုသီး (၁၄)လုံးပါ တစ်ထုပ်လျှင် (၆၀၀)ကျပ်ဖြင့် လည်းကောင်း၊ ကီလိုမာလကာသီးဈေးနှုန်းများ အနေဖြင့် အကြီးတစ်လုံးလျှင် (၇၀၀)ကျပ်၊ အသေးတစ်လုံးလျှင် (၆၀၀) ကျပ်ဖြစ်ပြီး အကြီးအသေး ပေါ်မူတည်ပြီး ရောင်းချလျက်ရှိကြောင်း သိရပါသည်။

DOCA(စစ်ကိုင်း)

သံလမ်းဈေး၊ ချင်းတွင်းရတနာဈေးနှင့် မြသလ္လာဈေးတို့တွင်ရောင်းချနေသော ဟင်းသီးဟင်းရွက်ဈေးနှုန်းများ

         ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်တွင် မုံရွာမြို့ရှိ သံလမ်းဈေး၊ ချင်းတွင်းရတနာ ဈေးနှင့် မြသလ္လာဈေးတို့တွင် ရောင်းချလျက်ရှိသော ဟင်းသီးဟင်းရွက်ဈေးနှုန်းများမှာ  နံနံပင် (၁)စည်းလျှင် (၁၅၀)ကျပ်၊ နံနံပင်(၂)စည်းလျှင် (၃၀၀)ကျပ်၊ မုံလာဥဖြူ (၃)လုံးပါ တစ်တွဲလျှင် (၇၀၀)ကျပ်၊ (၂)တွဲလျှင် (၁၃၀၀)ကျပ်၊  ချဉ်ပေါင်ရွက် (၁)စည်းလျှင် (၁၀၀)ကျပ်၊ (၃)စည်း လျှင်  (၂၀၀)ကျပ်၊ မုန်ညှင်းရွက်(၁)စည်းလျှင် (၃၀၀)ကျပ် (၂)စည်းလျှင် (၅၀၀)ကျပ်၊ ပင်စိမ်း (၁)စည်းလျှင် (၁၅၀)ကျပ်မှ (၂၀၀)ကျပ်ဖြင့် ရောင်းချက်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

ရှောက်သီးနှင့် သံပုရာသီးဈေးနှုန်း

        စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြသလ္လာဈေးနှင့် သံလမ်းဈေးတို့တွင် မုံရွာမြို့နယ် အတွင်းရှိ ကျေးရွာများ၊ မြို့ပေါ်ရပ်ကွက်များနှင့် ဒေသအသီးသီးမှ သံပုရာသီးများ လာရောက် ရောင်းချသည့်အတွက် ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

        သံပုရာသီးသည် ကျန်းမာရေးအတွက် ကောင်းမွန်ပြီး သံပုရာယို၊ သံပုရာ ဖျော်ရည်နှင့် အသုပ် များတွင် ထည့်သွင်းစားသုံးရပြီး ရှောက်သီးမှာ ဆေးဖော်စပ်ရာတွင်လည်း အသုံးပြုကြသည့် အတွက် အသုံးဝင်းသော အသီးပင်ဖြစ်ပါသည်။

          စက်တင်ဘာလ ဒုတိယပတ်တွင် မုံရွာမြို့ မြသလ္လာဈေး၊ သံလမ်းဈေးနှင့် ရပ်ကွက်ဈေး တို့၌ သံပုရာသီးဈေးနှုန်းမှာ အရွယ်အစား အကြီး/အသေး အပေါ်မူတည်၍ တစ်လုံးလျှင် (၁၀ဝိ/-) ကျပ်မှ (၁၂)လုံးလျှင် (၁၀၀၀) ကျပ်ဖြင့်လည်းကောင်း ၊ ရှောက်သီး(အသေး) (၁)လုံး လျှင် (၂၅၀)ကျပ်နှင့် ရှောက်သီး(အကြီး)(၁)လုံးလျှင်(၃၀၀) ကျပ်ထိ ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းရောင်းသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့တွင် ရောင်းချနေသော ရှောက်ပန်းသီးနှင့် သင်္ဘောသီး ဈေးနှုန်း

                         စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မန်ကျည်းပင်ဈေးအတွင်းတွင် ရှောက်ပန်းသီးနှင့် သင်္ဘောသီးများ ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။ ကုန်စိမ်းသီးနှံမျိုးစုံကို ရောင်းချ သည့်အလုပ်ဖြင့် အသက်မွေးဝမ်းကြောင်းပြုရာမှ ရှောက်ပန်းသီးနှင့် သင်္ဘောသီးကို မိမိတို့‌ ဒေသတွင်း ထွက်ရှိသည့်သီးနှံများကို ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ 

                    ၂၀၂၅ ခုနှစ် ၊ စက်တင်ဘာလ ဒုတိယအပတ်အတွင်း မုံရွာမြို့ မန်ကျည်းပင်ဈေးရှိ  သစ်သီးဆိုင်များတွင် ရှောက်ပန်းသီးဈေးနှုန်းမှာ တစ်လုံးလျှင် (၂၀၀၀) ကျပ် ၊  သင်္ဘောသီး ဈေးနှုန်းမှာ တစ်လုံးလျှင် (၂၀၀၀) ကျပ် နှုန်းဖြင့်  ရောင်းချလျက်ရှိရာ လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်သည့်အတွက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

သာပေါင်းမြို့နယ်တွင် ဓာတ်မြေဩဇာများ တိုက်ရိုက်ဖြန့်ဖြူးရေးဆောင်ရွက်ခြင်း

  ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ (၂၀၂၅-၂၀၂၆) ခုနှစ်၊ မိုးစပါးရာသီ၌ နိုင်ငံစီးပွား မြှင့်တင်ရေး ရန်ပုံငွေရယူခြင်းမရှိသော တောင်သူများလက်ဝယ်သို့ ယူရီးယားဓာတ်မြေဩဇာများ၊ ကွန်ပေါင်း မြေဩဇာများ၊ စနစ်တကျဝယ်ယူဖြန့်ဖြူးရောင်းချနိုင်ရေးတို့အတွက် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့နှင့် ဌာနဆိုင်ရာစုစုပေါင်း (၁၅) ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး ကျေးရွာအုပ်စု (၄၂) အုပ်စုအတွက် နယ်မြေ (၃) နေရာခွဲဝေသတ်မှတ်ပြီး သက်ဆိုင်ရာဌာနများမှ ရပ်ကွက်၊ ကျေးရွာတောင်သူများထံ တိုက်ရိုက်ဖြန့်ဖြူးရောင်းချနိုင်ရေးအတွက် လုပ်ငန်းတာဝန်များ အဆင့်ဆင့် ဆောင်ရွက်နိုင်ရေး ဖွဲ့စည်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း