Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

စက်တင်ဘာလ(ဒုတိယပတ်)၌ မော်လမြိုင်ငါးဒိုင်မှ ငါးဈေးနှုန်းအခြေအနေ

  မွန်ပြည်နယ်သည် မြစ်ဝကျွန်းပေါ်ဒေသ၊ ကမ်းရိုးတန်းဖြစ်သောကြောင့် ပင်လယ်ငါး၊ ရေချို၊ ရေငံငါးများ ပေါများသည်။ ပင်လယ်ကမ်းဝေးကမ်းနီး စက်လှေနှင့် တစ်နိုင် လုပ်ကိုင်ကြသောငါးလှေတို့မှ ရရှိသည့်ငါးများကို မော်လမြိုင်မြို့ပေါ်ရှိ ငါးဒိုင်များသို့ ရောင်းချကာ အဆိုပါငါးဒိုင်များမှတစ်ဆင့် ငါးမျိုးစုံကို လက်လီ/လက်ကား ရောင်းချကြသည်။

          ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (ဒုတိယပတ်)တွင် ငါး ဈေးနှုန်းအခြေအနေမှာ ငါးတန် တစ်ပိဿာလျှင် ကျပ် ၈၅၀၀၊ ငါးခုံးမ တစ်ပိဿာလျှင် ကျပ် ၇၃၀၀၊ ငါးကြင်း တစ်ပိဿာလျှင် ကျပ် ၁၀၅၀၀၊ ပါကူး တစ်ပိဿာလျှင် ကျပ် ၈၇၀၀၊ တီလားပီးယား တစ်ပိဿာလျှင် ကျပ် ၁၅၀၀၀၊ ငါးပူတင်း တစ်ပိဿာလျှင် ကျပ် ၉၀၀၀ ဖြစ်ကြောင်း ငါးဒိုင်မှ သိရှိရသည်။

DOCA (မွန်)

မွန်ပြည်နယ်၏ စက်တင်ဘာလ ဒုတိယပတ်တွင် ကွမ်းသီးဈေးနှုန်းကျဆင်း

 မွန်ပြည်နယ်၊ မော်လမြိုင်နှင့် ရေးမြို့နယ်မှ အထွက်များသော ကွမ်းသီးဈေးနှုန်းများ မှာ စက်တင်ဘာလ ဒုတိယပတ်တွင် မော်လမြိုင် အညိုသီး (အသန့်) တစ်ပိဿာလျှင် ၁၉၅၀၀ ကျပ်၊ မော်လမြိုင် ပါးပုတ်သီး (အသန့်) တစ်ပိဿာလျှင် ၂၀၅၀၀ ကျပ်၊ ရေးသီး (အသန့်) တစ်ပိဿာလျှင် ၂၂၅၀၀ ကျပ်ဖြစ်သည်။

          ယခင် ဩဂုတ်လနောက်ဆုံးပတ်တွင် မော်လမြိုင် အညိုသီး (အသန့်) တစ်ပိဿာလျှင် ၂၂၀၀၀ ကျပ်၊ မော်လမြိုင် ပါးပုတ်သီး (အသန့်) တစ်ပိဿာလျှင် ၂၃၀၀၀ ကျပ်၊ ရေးသီး (အသန့်) တစ်ပိဿာလျှင် ၂၅၀၀၀ ကျပ် ဖြစ်ပေါ်လျက်ရှိရာ ယခင်လနှင့် နှိုင်းယှဉ်လျှင် ဈေးနှုန်းကျဆင်းလာကြောင်း ကွမ်းသီးရောင်းဝယ်သူများထံမှ သိရှိရပါသည်။

DOCA(မွန်)

အထက်မင်းလှမြို့၌ ကြက်ဥဈေးနှုန်းမြင့်တက်

  မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၌ ဥစားကြက်မွေးမြူရေးလုပ်ငန်း မရှိသည့်အတွက် မန္တလေးမြို့၊ မင်းဘူးမြို့နှင့် မကွေးမြို့တို့မှ မှာယူရောင်းချကြောင်း သိရသည်။ 

   ဈေးနှုန်းများ အနေဖြင့်၂၀၂၅ခုနှစ်၊  စက်တင်ဘာလ(ဒုတိယပတ်)တွင် ကြက်ဥဈေးနှုန်း မြင့်တက် ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိရာ ကြက်ဥအလုံးအကြီးအသေးမူတည်၍ ကြက်ဥ(၁၀)လုံးလျှင် ကျပ် (၄၂၀၀-၄၅၀၀)ဖြင့် ရောင်းချလျက်ရှိပြီး ယခင်ဩဂုတ်လ(ဒုတိယပတ်)တွင် ကျပ်(၄၀၀၀-၄၃၀၀)ဖြင့် ရောင်းချခဲ့ရာ ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ကျပ်(၂၀၀)ခန့် ဈေးတက်ကြောင်း သိရသည်။ မွေးမြူးရေးကြက်ခြံများ၌ ကြက်စာဈေးနှုန်းကြီးမားခြင်းနှင့် ရာသီဥတုပူ၍ ဥနှုန်းကျဆင်းလာသည့် အတွက်ကြောင့် ကြက်ဥဈေးနှုန်းမှာမြင့်တက်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

DOCA(မကွေး)

အထက်မင်းလှမြို့၏ သံပုရာသီးဈေးနှုန်းအခြေအနေ

  မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ သံပုရာသီးကို မြို့ပေါ်ရပ်ကွက်များနှင့် မြို့အနီးတစ်ဝိုက်ရှိ ပန်းတော်ပြင်၊ ဥယျာဉ်၊ ရွာတော်၊ မယ်ဇလီတော စသည့် ကျေးရွာများမှ အိမ်ခြံဝိုင်းများအတွင်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးပြီး ရောင်းချကြသလို မင်းဘူး၊ မကွေး၊ တောင်တွင်းကြီးနှင့် သရက်မြို့တို့မှလည်း မှာယူရောင်းချကြောင်း သိရသည်။

   သံပုရာပင်သည် နှစ်ရှည်ပင်ဖြစ်ပြီး အသီးသီးချိန်၌ တစ်ပင်လျှင်ပျမ်းမျှအလုံးရေ(၈၀-၁၀၀)အထိ ထွက်ရှိကြောင်း သိရသည်။ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ(ဒုတိယပတ်)တွင် သံပုရာသီး(၁၀)လုံးလျှင် (အလုံးအကြီး၊ အသေး)ပေါ်မူတည်၍  ကျပ်(၅၀၀-၈၀၀)ဖြင့် ရောင်းချလျက်ရှိပြီး ယခင်ဩဂုတ်လ (ဒုတိယပတ်)တွင် ကျပ်(၇၀၀-၁၀၀၀)ဖြင့် ရောင်းချခဲ့ရာ ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ကျပ်(၂၀၀)ဈေးနှုန်းကျဆင်းပြီး အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။ မင်းလှမြို့နယ်အတွင်းရှိ ကျေးရွာများမှ သံပုရာသီးများ လှိုင်လှိုင်ထွက်ရှိလာသည့်အတွက် ဈေးနှုန်းမှာကျဆင်းလာပြီး ကျောင်းဖွင့် ရာသီဖြစ်သည့်အတွက် ဖျော်ရည်ဆိုင်များ၊ အသုပ်ဆိုင်များမှလည်း ဝယ်ယူမှုများလျက်ရှိသည့်အတွက် အရောင်းအဝယ်မှာသွက်လျက်ရှိကြောင်း သိရှိရသည်။

DOCA(မကွေး)

ငါန်းဇွန်မြို့နယ်တွင် စက်သုံးဆီရောင်းချမှု အခြေအနေ

           ငါန်းဇွန်မြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်(၁၀)ဆိုင်မှ စက်သုံးဆီများကို နေ့စဉ်ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိရာ ၂၀၂၅ခုနှစ်၊စက်တင်ဘာလ(၅)ရက်နေ့ စက်သုံးဆီတစ်လီတာ အရောင်းဈေးနှုန်းများအနေဖြင့် 92 Octance(၃၂၀၀)ကျပ်၊ 95 Octance(၃၃၀၀)ကျပ်၊ ရိုးရိုးဒီဇယ် (၂၈၀၀)ကျပ်၊ ပရီမီယမ် ဒီဇယ်(၃၄၀၀)ကျပ်ဝန်းကျင်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။

          စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ၅.၉.၂၀၂၅ ရက်နေ့တွင် ထုတ်ပြန်ထားသည့် စက်သုံးဆီတစ်လီတာ၏ သတ်မှတ်ရည်ညွှန်းဈေးများမှာ 92 Octance (၃၀၅၅)ကျပ်၊ 95 Octance(၃၁၂၀)ကျပ်၊ ရိုးရိုးဒီဇယ်(၂၆၇၅)ကျပ်၊ ပရီမီယမ်ဒီဇယ် (၃၂၈၀)ကျပ် ဖြစ်ကြောင်း  သိရှိရသည်။ သတ်မှတ်ရည်ညွှန်းဈေးများသည် ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက တစ်လီတာလျှင် 92 Octanceတွင်(၅)ကျပ်၊ ရိုးရိုးဒီဇယ်တွင်(၂၅)ကျပ်၊ ပရီမီယမ်ဒီဇယ်တွင်(၃၀)ကျပ် ဈေးနှုန်းမြင့်တက်ခဲ့ပြီး 95 Octanceတွင်(၂၀)ကျပ် ဈေးနှုန်းကျဆင်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

အထက်မင်းလှမြို့၌ အာလူးဈေးအနည်းငယ်မြင့်တက်

  မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေးရှိ ကုန်စိမ်းသီးနှံ ဈေးကွက်သို့ ရှမ်းပြည်နယ် တောင်ကြီး၊ အောင်ပန်းမြို့ဒေသထွက် အာလူးများဝင်ရောက်အရောင်း အဝယ်ဖြစ်လျက်ရှိပါသည်။

     ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ(ဒုတိယပတ်)တွင် အာလူးအလုံးအရွယ်အစားနှင့် အရည်အသွေး လိုက်၍ အာလူး(အလုံးကြီး) တစ်ပိဿာလျှင် ကျပ်(၆၀၀၀)၊ (အလုံးသေး) တစ်ပိဿာလျှင် ကျပ် (၅၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်(ပထမပတ်)တွင် အာလူး(အလုံးကြီး) တစ် ပိဿာလျှင် ကျပ်(၅၅၀၀)၊ (အလုံးသေး)တစ်ပိဿာလျှင် ကျပ်(၄၅၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်၍ ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် အာလူးတစ်ပိဿာလျှင် ကျပ်(၅၀၀)ခန့် ဈေးတက်ပြီး အရောင်း အဝယ်ဖြစ်ကြောင်း၊ မင်းလှမြို့နယ်အတွင်း ကုလားပဲ၊ နှမ်း၊ ပဲစဉ်းငုံ၊ ကြက်သွန်နီနှင့် အခြားစားဖိုဆောင်သုံးသီးနှံများ စိုက်ပျိုးမှုရှိသော်လည်း အာလူးသီးနှံမှာ စိုက်ပျိုးမှုမရှိသည့်အတွက် အာလူးစိုက်ပျိုး ထွက်ရှိရာ စလင်း(ဆင်ဖြူကျွန်း)နှင့် ရှမ်းပြည်နယ်မှ မှာယူရောင်းချရပြီး ဒေသတွင်းထွက်ရှိချိန် မဟုတ်သည့်အပြင် ရှမ်းပြည်နယ်တွင်လည်း စိုက်ပျိုးချိန်ဖြစ်၍ ဈေးကွက်အတွင်းသို့ ဝင်ရောက်မှုမရှိ သည့်အတွက် အာလူးဈေးနှုန်းမှာ အနည်းငယ်မြင့်တက်လာကြောင်း သိရသည်။

DOCA(မကွေး)

ကျောက်ပန်းတောင်းမြို့နယ်တွင် စက်သုံးဆီရောင်းချမှု အခြေအနေ

           ကျောက်ပန်းတောင်းမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်(၃၁)ဆိုင်မှ စက်သုံးဆီများကို နေ့စဉ်ပုံမှန်ဖွင့်လှစ် ရောင်းချလျက်ရှိရာ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ(၅)ရက်နေ့ စက်သုံးဆီ တစ်လီတာ အရောင်းဈေးနှုန်းများအနေဖြင့် 92 Octance(၃၀၈၅)ကျပ်၊ 95 Octance(၃၁၇၀)ကျပ်၊ ရိုးရိုးဒီဇယ် (၂၇၁၀)ကျပ်၊ ပရီမီယမ် ဒီဇယ်(၃၃၁၀)ကျပ်ဝန်းကျင်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။

          စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ၅.၉.၂၀၂၅ရက်နေ့တွင် ထုတ်ပြန်ထားသည့် စက်သုံးဆီတစ်လီတာ၏ သတ်မှတ်ရည်ညွှန်းဈေးများမှာ 92 Octance (၃၀၅၅)ကျပ်၊ 95 Octance(၃၁၂၀)ကျပ်၊ ရိုးရိုးဒီဇယ်(၂၆၇၅)ကျပ်၊ ပရီမီယမ်ဒီဇယ် (၃၂၈၀)ကျပ် ဖြစ်ကြောင်း  သိရှိရသည်။ သတ်မှတ်ရည်ညွှန်းဈေးများသည် ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက တစ်လီတာလျှင် 92 Octanceတွင်(၅)ကျပ်၊ ရိုးရိုးဒီဇယ်တွင်(၂၅)ကျပ်၊ ပရီမီယမ်ဒီဇယ်တွင်(၃၀)ကျပ် ဈေးနှုန်းမြင့်တက်ခဲ့ပြီး 95 Octanceတွင်(၂၀)ကျပ် ဈေးနှုန်းကျဆင်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ညောင်ဦးမြို့နယ်တွင် စက်သုံးဆီရောင်းချမှု အခြေအနေ

          စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ၅.၉.၂၀၂၅ရက်နေ့တွင် ထုတ်ပြန်ထားသည့် စက်သုံးဆီတစ်လီတာ၏ သတ်မှတ်ရည်ညွှန်းဈေးများမှာ 92 Octance (၃၀၅၅)ကျပ်၊ 95 Octance(၃၁၂၀)ကျပ်၊ ရိုးရိုးဒီဇယ်(၂၆၇၅)ကျပ်၊ ပရီမီယမ်ဒီဇယ် (၃၂၈၀)ကျပ် ဖြစ်ကြောင်း  သိရှိရသည်။

           ညောင်ဦးမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်(၁၇)ဆိုင်မှ စက်သုံးဆီများကို နေ့စဉ်ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိရာ ၂၀၂၅ခုနှစ်၊စက်တင်ဘာလ(၅)ရက်နေ့ စက်သုံးဆီတစ်လီတာ အရောင်းဈေးနှုန်းများအနေဖြင့် 92 Octance(၃၀၉၀)ကျပ်၊ 95 Octance(၃၂၀၅)ကျပ်၊ ရိုးရိုးဒီဇယ် (၂၇၁၅)ကျပ်၊ ပရီမီယမ် ဒီဇယ်(၃၃၃၅)ကျပ်နှုန်း ဝန်းကျင်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။ သတ်မှတ်ရည်ညွှန်းဈေးများသည် ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက တစ်လီတာလျှင် 92 Octance တွင်(၅)ကျပ်၊ ရိုးရိုးဒီဇယ်တွင်(၂၅)ကျပ်၊ ပရီမီယမ်ဒီဇယ်တွင်(၃၀)ကျပ် ဈေးနှုန်းမြင့်တက်ခဲ့ပြီး 95 Octanceတွင်(၂၀)ကျပ် ဈေးနှုန်းကျဆင်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

နွားထိုးကြီးမြို့နယ်တွင် စက်သုံးဆီရောင်းချမှု အခြေအနေ

          နွားထိုးကြီးမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်(၁၀)ဆိုင်မှ စက်သုံးဆီများကို နေ့စဉ်ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိရာ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ(၅)ရက်နေ့ စက်သုံးဆီတစ်လီတာ အရောင်းဈေးနှုန်းများအနေဖြင့် 92 Octance (၃၀၅၅)ကျပ်၊ 95 Octance(၃၁၂၀)ကျပ်၊ ရိုးရိုးဒီဇယ် (၂၆၇၅) ကျပ်၊ ပရီမီယမ်ဒီဇယ် (၃၂၈၀)ကျပ်ဖြင့် ရည်ညွှန်းဈေးအတိုင်းရောင်းချလျက်ရှိကြောင်း သိရှိရသည်။

          စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ၅-၉-၂၀၂၅ရက်နေ့တွင် ထုတ်ပြန်ထားသည့် စက်သုံးဆီတစ်လီတာ၏ သတ်မှတ်ရည်ညွှန်းဈေးများမှာ 92 Octance (၃၀၅၅)ကျပ်၊ 95 Octance(၃၁၂၀)ကျပ်၊ ရိုးရိုးဒီဇယ်(၂၆၇၅)ကျပ်၊ ပရီမီယမ်ဒီဇယ် (၃၂၈၀)ကျပ် ဖြစ်ကြောင်း  သိရှိရသည်။ သတ်မှတ်ရည်ညွှန်းဈေးများသည် ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက တစ်လီတာလျှင် 92 Octanceတွင်(၅)ကျပ်၊ ရိုးရိုးဒီဇယ်တွင်(၂၅)ကျပ်၊ ပရီမီယမ်ဒီဇယ်တွင်(၃၀)ကျပ် ဈေးနှုန်းမြင့်တက်ခဲ့ပြီး 95 Octanceတွင်(၂၀)ကျပ် ဈေးနှုန်းကျဆင်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

တောင်သာမြို့နယ်တွင် စက်သုံးဆီရောင်းချမှု အခြေအနေ

           တောင်သာမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်(၁၃)ဆိုင်မှ စက်သုံးဆီများကို နေ့စဉ်ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိရာ ၂၀၂၅ခုနှစ်၊စက်တင်ဘာလ(၅)ရက်နေ့ စက်သုံးဆီတစ်လီတာ အရောင်းဈေးနှုန်းများအနေဖြင့် 92 Octance(၃၁၀၀)ကျပ်၊ 95 Octance(၃၁၇၀)ကျပ်၊ ရိုးရိုးဒီဇယ် (၂၇၅၀) ကျပ်၊ ပရီမီယမ် ဒီဇယ်(၃၃၀၀)ကျပ်ဝန်းကျင်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။

           စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ၅-၉-၂၀၂၅ရက်နေ့တွင် ထုတ်ပြန်ထားသည့် စက်သုံးဆီတစ်လီတာ၏ သတ်မှတ်ရည်ညွှန်းဈေးများမှာ 92 Octance (၃၀၅၅)ကျပ်၊ 95 Octance(၃၁၂၀)ကျပ်၊ ရိုးရိုးဒီဇယ်(၂၆၇၅)ကျပ်၊ ပရီမီယမ်ဒီဇယ် (၃၂၈၀)ကျပ် ဖြစ်ကြောင်း  သိရှိရသည်။ သတ်မှတ်ရည်ညွှန်းဈေးများသည် ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက တစ်လီတာလျှင် 92 Octanceတွင်(၅)ကျပ်၊ ရိုးရိုးဒီဇယ်တွင်(၂၅)ကျပ်၊ ပရီမီယမ်ဒီဇယ်တွင်(၃၀)ကျပ် ဈေးနှုန်းမြင့်တက်ခဲ့ပြီး 95 Octanceတွင်(၂၀)ကျပ် ဈေးနှုန်းကျဆင်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း