Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

လားရှိုးမြို့မှ မန်ကျည်းသီးမှည့် ဈေးကွက်

      ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ အမှတ်(၉)ရပ်ကွက်၊ ဘူတာဈေးတွင် အသား၊ ငါး၊ အသီးအရွက်များ၊ ဒေသထွက်သီးနှံများကို ရောင်းချလျက်ရှိရာ  မန်ကျည်းသီးအမှည့်များကိုလည်း ရောင်းချလျက်ရှိကြောင်း တွေ့ရှိရပါသည်။

     မန်ကျည်းသီးအမှည့်ဈေးနှုန်းများမှာ မန်ကျဉ်းသီးမှည့်အစေ့လွတ် (၁) ပိဿာလျှင် (၇၀၀၀) ကျပ် မှ (၈၀၀၀) ကျပ်အထိရှိပြီး၊ မန်ကျဉ်းသီးမှည့်အစေ့ပါ(၁) ပိဿာလျှင် (၅၀၀၀) ကျပ်မှ(၆၀၀၀) ကျပ် အထိ ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

လားရှိုးမြို့မှ ခရမ်းသီးဈေးနှုန်းများ

    ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ မြို့မဈေးနှင့် ရပ်ကွက်ဈေးများတွင် ဒေသထွက် သီးနှံမျိုးစုံရောင်းချလျက်ရှိရာ  ခရမ်းသီးများကိုလည်း ပေါများစွာရောင်းချလျက်ရှိကြောင်း တွေ့ရှိ ရပါသည်။ ခရမ်းသီးသည် နှလုံး၊ ဦးနှောက်၊ အရေပြားနှင့် အရိုးကို များစွာအကျိုးပြုစေသည့်အပြင် အစာချေစနစ်ကိုကောင်းမွန်စေပြီး အမျိုးအစား (၂) ဆီးချိုရောဂါကိုပါထိန်းချုပ်နိုင်စွမ်းရှိကြောင်း သိရသည်။

     ခရမ်းသီးကို ကြော်ချက်ပြီးစားနိုင်သလို၊ မီးဖုတ်ပြီးသုပ်၍လည်းကောင်း၊ ခရမ်းသီးနှပ် အဖြစ်လည်းကောင်း၊ သီးစုံအချဉ်ရည်ဟင်းထဲတွင်ရော၍လည်းကောင်း မျိုးစုံပြုလုပ်စားသုံးနိုင်သည်။ ခရမ်းသီးဈေးနှုန်းမှာ တစ်လုံးလျှင် အကြီးအသေးပေါ်မူတည်၍ (၅၀၀) ကျပ်မှ (၁၀၀၀) ကျပ်အထိ ရောင်းချကြကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

ရှမ်းမြောက် လားရှိုးမြို့မှ ရာသီစာ မန်ကျည်းသီးအစိမ်း ဈေးကွက်

     ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ အမှတ်(၉)ရပ်ကွက်၊ ဘူတာဈေးတွင် အသား၊ ငါး၊ အသီးအရွက်များ၊ ဒေသထွက်သီးနှံများကို ရောင်းချလျက်ရှိရာ  ရာသီစာမန်ကျည်းသီးအစိမ်းများကို ရောင်းချလျက်ရှိကြောင်း တွေ့ရှိရပါသည်။

     မန်ကျည်းသီးအစိမ်းဈေးနှုန်းများမှာ  စတင်ထွက်ပေါ်သည့် အချိန်တွင် နို့ဆီဘူး (၁) ဘူးလျှင် (၃၀၀၀)ကျပ်မှ(၄၀၀၀)ကျပ်အထိ ရှိခဲ့ပြီး၊ ယခု စက်တင်ဘာလ ပထမပတ်တွင် မန်ကျည်းအစိမ်းများ လှိုင်လှိုင်ထွက်ပေါ်လာသည့်အတွက် နို့ဆီဘူး(၁)ဘူးလျှင် (၁၅၀၀)ကျပ်မှ(၂၀၀၀)ကျပ်ဖြင့် ဈေးကွက် အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

 

ဈေးနှုန်းတည်ငြိမ်လျက်ရှိသော မြန်အောင်မြို့၏ ဘိလပ်မြေဈေးကွက်

    ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်တွင် ဆောက်လုပ်ရေးလုပ်ငန်းသုံး  ဘိလပ်မြေနှင့် အိမ်ဆောက်ပစ္စည်းများအား စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးရုံးမှ  ဒု-ဦးစီးမှူး ဒေါ်ယဉ်ယဉ်ထွန်းသည် (၈.၉.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)အချိန်တွင် မြန်အောင်မြို့နယ် အတွင်းရှိ ဘိလပ်မြေရောင်းချသည့်  အိမ်ဆောက်ပစ္စည်းဆိုင်များသို့ ကွင်းဆင်းလေ့လာခြင်းကို ဆောင် ရွက်ခဲ့ပါသည်။

      ထိုသို့ကွင်းဆင်းလေ့လာရာတွင် စက်တင်ဘာလ ပထမပတ်အတွင်း ဖြစ်ပေါ်နေသော ဘိလပ်မြေ ဈေးနှုန်းများမှာ Apache တစ်အိတ်လျှင် (၂၂၅၀၀/-) ကျပ်နှင့် Alpha တစ်အိတ်လျှင် (၂၂၅၀၀/-)ကျပ် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်တစ်ပတ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ကြည့်လျှင် ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။ အခြား အိမ်ဆောက်ပစ္စည်းများအနေဖြင့် သံ ၁ တန်လျှင် ၁၅၀၀၀၀၀/- ကျပ်၊ ကျောက်တစ်ကျင်းလျှင် ၁ သိန်းကျပ်၊ သဲတစ်ကျင်းလျှင် ၃၀၀၀၀/-ကျပ်နှင့် အုတ်တစ်လုံးလျှင် ၃၅၀/- ကျပ်ဖြင့် ဒေသတွင်း အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များထံမှ သိရှိရပါသည်။

 (DOCA ဧရာဝတီ)

ရာသီစာ ဆေးဘက်ဝင်မာလကာနှင့် ကျွဲကောသီးများ အရောင်းအဝယ်ဖြစ်လျက်ရှိ

     လူသားများ နေ့စဉ်စားသုံးနေကြသော အစားအစာများထဲတွင် ဆေးဘက်ဝင်အသီးအနှံများ၊  စိမ်းစိုလတ်ဆတ်သော အသီးများသာမက အရည်ရွှမ်းသောအသီးများသည်လည်း လူသားများ၏ ကျန်းမာရေးကိုအကျိုးပြုပါသည်။ အသီးတစ်မျိုးစီတိုင်းတွင် မတူညီကွဲပြားသောအကျိုးအာနိသင်များ များစွာပါရှိပြီး အကျိုးရှိစွာမှီဝဲသုံးဆောင်ပါက လူသားတိုင်းအတွက်များစွာအကျိုးဖြစ်ထွန်းလှပါသည်။ ဆေးဘက်ဝင်သောအသီးအနှံများ များစွာရှိသည့်အနက် ကျန်းမာရေးကို ဘက်ပေါင်းစုံမှ အကျိုးပြု သော မာလကာသီးနှင့် ကျွဲကောသီးများအား ရာသီစာအဖြစ် ဒေသတွင်း အရောင်းအဝယ်သွက်လျက်ရှိ ကြောင်း သိရှိရပါသည်။  

     ဧရာဝတီတိုင်း‌ဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ရာသီစာ မာလကာသီးနှင့် ကျွဲကောသီးများကို ဒေသတွင်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြသည့်အပြင် ပဲခူး၊ ပြည်၊ မော်လမြိုင် နှင့် ရန်ကုန် သီရိမင်္ဂလာဈေးမှ တစ်ဆင့် ဝယ်ယူရောင်းချလျက်ရှိပါသည်။  မာလကာသီး အကြီးတစ်လုံးလျှင် ၁၀၀၀/-ကျပ်၊ အသေးတစ်လုံးလျှင် (၅၀၀-၇၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး  ကီလိုဂရမ်ဖြင့် (1kg လျှင် ၅၀၀၀- ၅၅၀၀)ကျပ် ဖြင့် ရောင်းချကြောင်း သိရှိရပါသည်။ ရာသီစာ ကျွဲကောသီးသည် အရည်ရွှမ်းပြီး အချဉ်ဓါတ် အပြင် အခါးဓါတ်ပါဝင်ခြင်းကြောင့် ကျန်းမာရေးအတွက် များစွာအထောက်အကူပြုပါသည်။ ဈေးနှုန်းအနေဖြင့် ကျွဲကောသီး အကြီးတစ်လုံးလျှင်(၅၀၀၀ ကျပ်မှ ၆၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး၊ အလတ်တစ်လုံးလျှင် (၃၅၀၀ ကျပ်မှ ၄၀၀၀ ကျပ်)ထိ အရောင်းအဝယ်ဖြစ်လျက်ကြောင်း သိရှိရပါသည်။

 (DOCA ဧရာဝတီ)

ကောက်စောပေါ်ချိန် ဆန်ဈေး အနည်းငယ်ကျဆင်း

     ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်တွင် စက်တင်ဘာလ တတိယသီတင်းပတ်မှ စ၍ ရက်ကိုးဆယ်၊ ပခန်း၊ အေဒင်၊ ဆာဘိုးသာ၊ GW-11 စသော သက်ငယ်ကောက်စော စပါးများ စတင် ထွက်ရှိလာ၍ ဈေးကွက်ဝင်ရောက်လာခါ စပါးအစို (၅၅)ပေါင်တစ်တင်းလျှင် ၁၀ သိန်းကျပ် ဈေးဖြင့် အရောင်းအဝယ်ဖြစ်ပြီး၊ အစိုဓာတ်(၁၄) ရာနှုန်း၊ ပေါင်(၅၀) စပါးတစ်တင်း လျှင် ၉ သိန်းခွဲဝန်းကျင်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ဩဂုတ်လ ပထမပတ်က (၁၀၈)ပေါင်တစ်အိတ်လျှင် ၆၇၀၀၀ ကျပ်ဈေးရှိသော  ဧည့်မထ(၁၅)မှတ် ဆန်သည် စက်တင်ဘာလ ဒုတိယပတ်တွင် ၆၅၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ကာ ယခင် သီတင်းပတ်ထက် ၂၀၀၀ ကျပ်ကျဆင်းခဲ့ပါသည်။ ဆန်ကွဲ(2,3,4) ၁၀၈ပေါင်တစ်အိတ်လျှင် ၄၃၅၀၀ ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်ပြီး၊ ဖွဲနုပေါင် (၇၀) တစ်အိတ်လျှင် ၃၃၀၀၀ ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။ ဒေသတွင်း ဆန်နှင့် ဆန်ထွက် ပစ္စည်းများသည် ကောက်စောစပါးပေါ်ချိန်တွင် ဈေးအေးပြီး အနည်းငယ်ကျ ဆင်းလာကြောင်း တွေ့ရှိ ရပါသည်။

(DOCA ဧရာဝတီ)

စက်တင်ဘာလ ပထမပတ်တွင် ကြက်ဥ၊ဘဲဥ ဈေးနှုန်းတည်ငြိမ်လျက်ရှိ

     ဧရာဝတီတိုင်း‌ဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် စားသုံးသူကာကွယ်ရေး လုပ်ငန်းများကို ပုံမှန်ဆောင်ရွက်လျက်ရှိပြီး စားသုံးသူများနေ့စဉ် ဝယ်ယူသုံးစွဲလျက်ရှိသည့် အခြေခံစား သောက်ကုန်များ၏ ဈေးနှုန်း၊ဈေးကွက် အခြေအနေများကိုလည်း စဉ်ဆက်မပြတ် လေ့လာဆောင်ရွက် လျက်ရှိပါသည်။

    ဟင်္သာတမြို့ ပဒေသာဈေးနှင့် ဌေးဝင်းဈေးအတွင်းရောင်းချသော  ကြက်ဥ၊ ဘဲဥ ဈေးနှုန်းများ တည်ငြိမ်လျက်ရှိပြီး ၊ ဈေးကွက်အတွင်း အရောင်းအဝယ် သွက်လျက်ရှိပါသည်။ ကြက်ဥများကို ဒေသတွင်း မွေးမြုရေးခြံများမှ အဓိက ဝယ်ယူရောင်းချလျက်ရှိပြီး ညောင်တုန်းမြို့နှင့်ကြိမ်ပင်ဆယ် မြို့တို့မှလည်း  မှာယူရောင်းချရကြောင်း၊ ဘဲဥများကို ကျိုက်လတ်ဒေသနှင့် မြောင်းမြ၊ လပ္ပတ္တာဒေသ များမှ မှာယူရောင်းချလျက်ရှိပြီး ဈးနှုန်းကြီးမြင့်စွာ ရောင်းချမှုမရှိကြောင်း သိရှိရပါသည်။ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ (ပထမပတ်)တွင် ကြက်ဥအလုံးကြီး(၁၀)လုံးလျှင် (၃၈၀၀ ကျပ်)၊ ကြက်ဥ အလုံး အသေး (၁၀)လုံးလျှင် ကျပ်(၃၆၀၀ ကျပ်)၊ ဘဲဥ(၁၀)လုံးလျှင် ကျပ်(၄၆၀၀ မှ ၄၈၀၀)ကျပ် ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး၊ ယခင် (ပထမပတ်)နှင့်နှိုင်းယှဉ်ပါက ဈေးနှုန်းတည်ငြိမ် လျက်ကြောင်း ကြက်ဥ၊ဘဲဥ ရောင်းချသူ ကုန်စုံဆိုင်များမှ သိရှိရပါသည်။

(DOCA ဧရာဝတီ)

မျှင်ငပိ ဈေးနှုန်း ဈေးကွက်

     ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့တွင် ပင်လယ်ဒေသထွက် မျှင်ငပိ ရောင်းဝယ်ရေး လုပ်ငန်း များရှိသည်။ မျှင်ငပိသည် ဟင်းချက်ရာတွင် အခတ်အနေဖြင့်လည်းကောင်း၊ ငပိထောင်း အနေဖြင့် လည်းကောင်း၊ မျှင်ငပိ ဆီကျော်အနေဖြင့်လည်းကောင်း အိမ်ရှင်မများက ချက်ပြုတ်စားသောက်ကြသည်။

   မျှင်ငပိ ဈေးနှုန်း အနေဖြင့် ၂၀၂၅ခုနှစ် စက်တင်ဘာလ ပထမပတ်က ၁ပိဿာလျှင် ၆၀၀၀ကျပ်၊ ၆၅၀၀ကျပ် ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိသည်။ လက်ကားဈေးအနေဖြင့်  ၁ပိဿာလျှင် ၅၅၀၀ကျပ်၊ ၆၀၀၀ ကျပ်ဖြင့် ရောင်းချကြောင်း မျှင်ငပိဈေးနှုန်း ကျဆင်းလျက်ရှိကြောင်း ယခင် ဧပြီလ ဈေးနှုန်းမှာ ၁ပိဿာလျှင် ၇၀၀၀၊ ၈၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။

Doca(ဧရာဝတီ)

မအူပင်တွင်ရောင်းချနေသော အုန်းထောပါတ် က‌ရေကရာ မုန့်

      မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် အညာဒေသမှ ပြုလုပ်သော အုန်းထောပတ် ကရေကရာမုန့် ရောင်းချသူများ ရှိသည်ဟူ သိရသည်။ အညာ‌ဒေသထွက် အုန်းမလိုင်မုန့်များကို  ထောပတ်ကရေကရာ မုန့်များကို  ပုဂံညောင်ဦးဘက် ပင်ရင်းဆိုင်များမှ မှာယူပြီး မအူပင်မြို့နယ်အတွင်းရောင်းချလျက်ရှိပါသည်။

     အုန်းမလိုင်မုန့်များကို  ထောပတ်ကရေကရာ မုန့်များကို မအူပင်မှ အများပြည်သူများ ကြိက်နှစ်သက်၍ အချိုတည်းစာရာမှနန့် တစ်ခုအဖြစ် ဝယ်ယူစားသောက်ကြသည်။ ဈေးနှုန်း အနေဖြင့် ၁ဗူးလျှင် ၆၀၀၀ကျပ်ဖြင့် ရောင်းချလျက်ရှိသည်။ ပုဂံညောင်ဦး ဘက်မှ မုန့်များကို တစ်ခါမှာယူပါက အရင်းအနှီး ၁၀သိန်းနီးပါး မုန့်မျိုးစုံ မှာယူရောင်းချကြောင်းနှင့် အကျိုးအမြတ်အနေဖြင့် ၅၀၀၀၀-၈၀၀၀၀ကျပ် ကျန်ရှိကြောင်း မုန့်များကို ရောင်းချပါက ၄လအတွင်း ရောင်းအား မြန်ကြောင်း ရောင်းချသူ ကစ်ကစ် အညာဒေသထွက် မုန့်ရောင်းချသူထံမှ သိရသည်။

Doca(ဧရာဝတီ)

ပုသိမ်မြို့အတွင်း ဂေါ်ဖီထုပ် ဈေးနှုန်းအနည်းငယ်ကျဆင်း

      ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့အတွင်း ဂေါ်ဖီထုပ်ဈေးနှုန်းများ သိသိသာသာ ကျဆင်းလျက် ရှိကြောင်း ပုသိမ်မြို့မှ ဟင်းသီးဟင်းရွက် ရောင်းချသူများထံမှ သိရသည်။ ဂေါ်ဖီထုပ်များကို ရှမ်းပြည်နယ် မှ အဓိက တင်သွင်းရောင်းချလျက်ရှိပြီး ယခင်ရက်များက တစ်ပိဿာလျှင် ကျပ် (၇၀၀၀) ဝန်းကျင်အထိ ဈေးနှုန်းရှိခဲ့သော်လည်း ယခုရက်ပိုင်းအတွင်း တစ်ပိဿာလျှင် ကျပ် (၄၀၀၀) မှ (၅၀၀၀) ဝန်းကျင်အထိသာ ဈေးနှုန်းရှိကြောင်း သိရသည်။

    "ရှမ်းပြည်နယ်က ဂေါ်ဖီထုပ်တွေ အများကြီးဝင်လာတော့ ဈေးကွက်ထဲမှာ ဂေါ်ဖီထုပ်တွေ ပေါနေတယ်။ အရင်က တစ်လုံးကို ၅၅၀၀ ကျပ် ဝန်းကျင် လောက်ထိ ရောင်းရတယ်။ အခုတော့ ၄၀၀၀ ကနေ ၅၀၀၀ လောက်ပဲ ရောင်းရတော့တယ်" ဟု ပုသိမ်မြို့မှ ဟင်းသီးဟင်းရွက် ရောင်းချသူ တစ်ဦးက ပြောသည်။ ဂေါ်ဖီထုပ် ဈေးနှုန်းကျဆင်းမှုကြောင့် ဝယ်ယူစားသုံးသူများအတွက် အဆင်ပြေစေသော်လည်း ရောင်းချသူများအတွက် အရှုံးပေါ်ကာ အခက်အခဲများ ဖြစ်ပေါ်နေကြောင်း သိရသည်။

ဧရာဝတီ(DOCA)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း