Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပုသိမ်မြို့နယ်ရှိဝါးပိုးဝါးပင်မှထွက်ရှိသည့်ဝါးပိုးဝါးမျှစ်ချဉ်

     ဝါးပင်ပေါက်ကလေးများပေါများစွာထွက်ရှိသည့် ဒေသဖြစ်ပါသည်။တောထဲတွင် ပေါက်ရောက်သော ဝါးပိုးဝါး၊ ကြက်သောင်းဝါး၊ ဝါးဟောင်းဝါး၊ ထီးတန်းဝါး စသည်တို့မှ မျှစ်များစုံလင်စွာ ရရှိပါသည်။ဝါးပိုးဝါးမှရသော မျှစ်များကို မျှစ်အစိမ်းအဖြစ်သုံး၍ ရနိုင်သလို မျှစ်ချဉ်အဖြစ်လည်း ပြုလုပ်ပြီး ရာသီမရွေးစားသုံး၍ရပါသည်။ဝါးပိုးပင်မှရရှိသည့် ဝါးပိုးမျှစ်များကို လတ်လတ်ဆတ်ဆတ်စားသောက်ရန်အတွက် အခွံနွှာ၍ ပါးပါးလှီးပြီး ရေသန့်တွင် သေချာစွာဆေးပြီးလျှင် မျှစ်အစိမ်းအဖြစ်စားသောက်၍ ရနိုင်ပါသည်။

   ထို့အပြင် ဝါးပိုးမျှစ်ချဉ်ပြုလုပ်ရာတွင် ရေသန့်သန့်တွင် စိမ်ထားသော မျှစ်များကို နှစ်ရက်လျှင် တစ်ကြိမ် ရေအသစ်လဲလှယ်ပေးရပါသည်။ရေသုံးလေးကြိမ်လဲပြီးလျှင် ဆန်ကွဲ၊ ဆား တို့ဖြင့် မျှစ်ဖတ်များကို ရောနှောထားပြီး လေလုံသော အိုးများတွင် အပြည့်သိပ်ထားပြီး အပေါ်ဖတ်မှ ဆားရည်လောင်းထည့်ပေး၍ထားရပါသည်။ နှစ်ပတ်လည်ကြာအောင်ထားပြီးလျှင် အသင့်စားနိုင်သည့် မျှစ်ချဉ်များရရှိလာပါသည်။

   မျှစ်ချဉ်များကို (၂၅)ကျပ်သားလျှင် (၂၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၄၀၀၀)ကျပ်ဖြစ်ပြီး ဈေးကွက်အတွင်း ရောင်းချပြီး ထွက်ရှိလာသော မျှစ်ချည်များကို မြို့မဈေးသို့ ပို့ဆောင်ရောင်းချကြောင်း သိရှိရပါသည်။      

(DOCA ဧရာဝတီ)

ဂွေးတောက်ရွက် ဈေးနှုန်း

    ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိရာ စားဖိုဆောင်သီးနှံဖြစ်သည့် ပဲတောင့်ရှည်သီး၊ ချဉ်ပေါင်ရွက်၊ ဆူးပုတ်ရွက်၊ ရုံးပတီသီး၊ ခရမ်းသီး နှင့်  ကန်ဇွန်းရွက်များကို စိုက်ပျိုးလျက်ရှိသည့်အနက် ကန်ဇွန်းရွက်ကိုလည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိ ပြီး ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးသို့ လာရောက် ပို့ဆောင်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။  

          ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ပထမပတ်အတွင်း ပုသိမ်မြို့၊ ကမ်းနားဈေးတွင် ဖြစ်ပေါ်နေသော ကန်ဇွန်းရွက် ဈေးနှုန်းများမှာ ကန်ဇွန်းရွက် လက္ကားဈေး တစ်စီးလျှင်(၅၀၀)ကျပ်၊ ကန်ဇွန်းရွက် လက်လီ ဈေး တစ်စီးလျှင်(၆၀၀)ကျပ်ဖြင့်လည်းကောင်း၊ ဂွေးတောက်ရွက်ဈေးနှုန်းမှာ လက္ကား()ပိဿာလျှင် (၂၅၀၀)ကျပ်၊ လက်လီ()ပိဿာ လျှင်(၂၇၀၀)ကျပ်ဈေးနှုန်းဖြင့် ‌အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

 

 

 

(DOCA ဧရာဝတီ)

 

ပုသိမ်မြို့တွင်ရောင်းချနေသော သင်္ဘောသီးစိမ်းနှင့် ရွှေဖရုံသီးဈေးနှုန်းများ

    ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေးလုပ်ငန်းများကို အများအပြားလုပ်ကိုင်ကြကြောင်း သိရပါသည်။ စိုက်ပျိုးသီးနှံများဖြစ်သည့် သခွားသီး၊ခရမ်းသီး၊ ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက်၊ ကင်ပွန်းချဉ် ရွက်၊ ရုံးပတီသီး၊ ဘူးသီး၊ ငရုတ်သီး စသည့်သီးနှံများကို စိုက်ပျိုးကြသည့်အပြင် သင်္ဘောသီးစိမ်း နှင့်ရွှေဖရုံသီးများကိုလည်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြပြီး ကန့်ဘလူမြို့မဈေးသို့ လာရောက်ရောင်းချကြကြောင်း သိရှိရသည်။

     ၂၀၂၅ခုနှစ်၊စက်တင်ဘာလ ပထမထပတ်အတွင်း ရောင်းချလျက်ရှိသော သင်္ဘောသီးစိမ်းဈေးနှုန်း မှာသင်္ဘောသီးစိမ်း()ပိဿာလျှင် (၁၅၀၀)ကျပ်၊ (၅၀)ကျပ်သား လျှင်(၈၀၀)ကျပ်နှင့် ရွှေဖရုံသီး()ပိ ဿာလျှင် (၃၀၀၀)ကျပ်၊ ရွှေဖရုံသီး()စိတ်လျှင် (၁၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သိရှိရပါသည်။

 

(DOCA ဧရာဝတီ)

ပန်းတနော်မြို့နယ်တွင် ရောင်းချနေသော ဂျင်းဈေးနှုန်း တည်ငြိမ်လျက်ရှိ

     ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသည့် ဂျင်း(ချင်း)တက်များကို ရန်ကုန်မြို့မှမှာယူရောင်းချလျက်ရှိသည်၊  ဂျင်း(ချင်း)တက်ကို အစားအသောက်များတွင် အရသာပိုမိုကောင်းမွန်ရန်အတွက် အသုံးပြုကြသလို၊ ဂျင်းပေါက်ပြုလုပ်သည့် လုပ်ငန်းရှင်များကလည်း ဝယ်ယူကြောင်း သိရသည်။ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ အတွင်း ပန်းတနော် မြို့မဈေးရှိ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချနေသည့်  ဂျင်း(ချင်း)တက်ဈေးနှုန်းများမှာ လက္ကား(၁)ပိဿာလျှင်(၄၅၀၀)ကျပ်၊ လက်လီ (၁)ပိဿာလျှင်(၅၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ဂျင်း(ချင်း)တက်ရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

မျှင် ပုဇွန်ခြောက် ဈေးနှုန်း ဈေးကွက်အခြေအနေများ

    မအူပင်မြို့နယ် အခွန်လွတ််ဈေးအတွင်း မျှင်ပုဇွန်ခြောက်အသေးများကို ရောင်းချလျက်ရှိကြောင်း သိရသည်။ မျှင် ပုဇွန်ခြောက်များသည် ဖျာပုံမြို့နယ် ဘက်မှ ထွက်ရှိသော ကုန်စည်များဖြစ်သည်။ ပုဇွန်ခြောက် အသေးများသည် ယခုကာလ ၂၀၂၅ ၊ စက်တင်ဘာလများတွင် ဈေးနှုန်း အသင့်အတင့်ဖြင့်သာ ရောင်းချရသည်။

    ရောင်းချနေသော မျှင်ပုဇွန်ခြောက် ဈေးနှုန်းများမှ  နိုးဆီ ၁ဗူးလျင် ၁၅၀၀ကျပ်၊ ၂၀၀၀ကျပ်၊ ၂၅၀၀ကျပ် ဖြင့် ရောင်းချလျက်ရှိကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ မိုးအေးသော ကာလဖြစ်၍ ဈေးကြီးမြင့်ခြင်း မရှိဟု ရောင်းချသူထံမှ သိရသည်။ ယခင်ဈေးဖြင့် နှိုင်းယှဉ်ပါက ဈေးနှုန်း ၅၀၀ကျပ် ကျဆင်းလျက်ရှိသည်ဟု သိရပါသည်။

DOCA(ဧရာဝတီ)

ငါးနီတူခြောက် ဈေးနှုန်း ဈေးကွက်

     ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်သည် ပင်လယ်နှင့်နီသော ဖျာပုံမြို့နယ်ဒေသထွက် ပင်လယ်ငါးခြောက်များ ရောင်းချလျက်ရှိသည်။ ငါးခြောက်ရောင်းချသော ဆိုင် ၂၀ ခန့်ရှိပြီး ဖျာပုံဒေသထွက် ပင်လယ်ငါးခြောက်များကို မှာယူရောင်းချလျက်ရှိပါသည်။

     ရောင်းချသော ငါးနီတူခြောက်များ၏ ဈေးနှုန်းများမှာ ရှယ် ၁ပိဿာလျှင် လက်ကားဈေး ၃၈၀၀၀ကျပ်၊ အလတ် ၃၅၀၀၀ကျပ်၊ အညံ ၁ပိဿာ ၂၅၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ငါးနီတူခြောက်များ ယခုအချိန်တွင် မိုးအေးသဖြင့် ဈေးအနည်းငယ်ကျဆင်းနေပြီး၊ ပွင်းလင်းရာသီများတွင် ဈေးပိုမိုကောင်းကြောင်း ငါးခြောက်ရောင်းချသူမှ ပြောပြသည်။ ဖျာပုံပင်ရင်းဒိုင်များမှ မှာယူရောင်းချရသဖြင့် အကျိူးအမြတ်ကြံရှိကြောင်း ယခင်ဈေးနှုန်းဖြင့် နှိုင်းယှဉ်ပါက ငွေကျပ် ၄၀၀၀-၅၀၀၀ကျပ်နီးပါး ကျဆင်းကြောင်း သိရသည်။

DOCA(ဧရာဝတီ)

မအူပင်ဈေးကွက်အတွင်း ရောင်းချနေသော ထိုင်ဝမ် ကျောက်စိမ်း ဖရဲသီး ဈေးကွက်

     ဧရာဝတီတိုင်းဒေသကြီး၊  မအူပင်မြို့တွင် မန္တလေးတိုင်း၊ ကျောက်ဆယ်မြို့နယ် ထွက် သဲတောမြို့နယ်နှင့် ဝမ်းတွင်းမြို့နယ်များမှ ထွက်ရှိသော ထိုင်ဝမ်ကျောက်စိမ်းဖရဲသီးများအား မအူပင်မြို့နယ်တွင် သုံးဘီးဆိုင်ကယ်ဖြင့် တစ်ဆင့်ဝယ်ယူရောင်းချသူများ အဆင်ပြေလျက်ရှိ ကြောင်း ဖရဲသီးရောင်းချသူ ဈေးသည်တစ်ဦးထံမှ သိရသည်။

   ကျောက်စိမ်းဖရဲသီးများကို ဝယ်ယူရာတွင် အလုံးအကြီးအသေးအလိုက် ဈေးနှုန်း မတူညီပဲ လက်ကားဈေး ဖရဲသီးရှယ်အလုံးကြီး ၁လုံး ၄၀၀၀ကျပ်၊ အလတ်၊ ၃၀၀၀ကျပ် ဖြင့် အရောင်းအဝယ် ဖြစ်နေပြီး၊  ရောင်းချသည့်အခါ အသီးတစ်လုံးတွင် အမြတ်ငွေ(၅၀၀)ကျပ်မှ (၁၀၀၀) ကျပ်အထိ ရရှိသဖြင့် ဖရဲသီးဝယ်ယူရောင်းချရာတွင် အဆင်ပြေလျက်ရှိကြောင်း နှစ်စဉ် ဆက်တိုက် ထိုင်ဝမ်ကျောက်စိမ်းဖရဲသီးရောင်းချသူမှ ပြောပြ၍ သိရသည်။ ပွင်းလင်းရာသီသို့ရောက်ရှိလာပါက ဒေသစိုက်ပျိုးသော ဖရဲသီးများနှင့် ယှဉ်ရောင်းချရသဖြင့် ဈေးကျဆင်းကြောင်း၊ ဒေသစိုက် ဖရဲသီး မပေါ်ခင်တွင် ဈေးကောင်းကြောင်း ဖရဲသီးရောင်းချသူမှ ရှင်းပြ၍ သိရသည်။

DOCA(ဧရာဝတီ)

မအူပင်မြို့နယ်တွင် ရောင်းချနေသော ဩဇာသီး ဈေးနှုန်း

      မအူပင်ခရိုင်၊ မအူပင်မြို့နယ် ဈေးကွက်အတွင်းတွင် ပြည်ဒေသထွက် ဩဇာသီးများ ဝင်ရောက်လျက်ရှိပြီး ဈေးအတွင်း ရောင်းချနေကြောင်း တွေ့ရှိရသည်။ ဩဇာသီးပေါ်ချိန်တွင် အရောင်းအဝယ်သွက်လျက်ရှိသည်။ ဩဇာသီးများကို ရန်ကုန်သီရိမင်္ဂလာဈေးမှ မှာယူရောင်းချကြောင်း သိရသည်။

       ရောင်းချသော ဈေးနှုန်း အနေဖြင့် ဩဇာသီး ၁လုံးလျှင် ၈၀၀-၁၀၀၀ ကျပ်ဖြင့် ရောင်းချနေကြောင်း ဈေးကွက်အတါင်းမှ သိရှိရပြီး၊ ရန်ကုန်မှ ဩဇာသီး ရာခြင်းဈေး ၈၀၀၀၀- ၁၀၀၀၀၀ကျပ်ဖြင့် ဝယ်ယူရပြီး အကြီးအသေးပေါ်မူတည်၍ ဈေးကွဲပြားစွာ ရောင်းချရကြောင်း ၊ တစ်နေ့လျှင် ဩဇာသီး ရောင်းချသော ဆိုင်များမှ အလုံးရေ ၃၀၀၀ကျော်ရောင်းချရကြောင်း၊ ယခင်ဈေးဖြင့် နှိုင်းယှဉ်ပါက ဈေးနှုန်း အနည်းငယ်ကျဆင်းပြီး ကြောင်း သိရသည်။  ဩဇာသီးပေါ်ချိန်တွင် မအူပင်ဈေးကွက်အတွင်း ၁လုံး ၁၅၀၀ကျပ်ထိ ရောင်းချရကြောင်း သိရသည်။

DOCA(ဧရာဝတီ)

မုံရွာမြို့တွင် ရောင်းချနေသော မာလကာသီး နှင့် ဩဇာသီးဈေးနှုန်း

          စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကန်သာယာဈေးအတွင်းတွင် ရာသီစာ အသီးအနှံ မာလကာသီးနှင့်ဩဇာသီးများ ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။ မာလကာသီးနှင့် ဩဇာသီးသည် အသီးတင်သာမက အရွက်ရော အခေါက်ပါဆေးဖက်ဝင်သော အပင်ဖြစ် သည်။ မာလကာသီး နှင့် ဩဇာသီးပင်များ မိမိတို့၏နေအိမ်ခြံဝင်းများနှင့် ယာတောများတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြပြီး လာရောက်ရောင်းချကြောင်း သိရှိရပါသည်။

                      ၂၀၂၅ ခုနှစ် ၊ စက်တင်ဘာလ ဒုတိယအပတ်အတွင်း မုံရွာမြို့ ကန်သာယာဈေးရှိ  သစ်သီးဆိုင်များတွင်မာလကာသီး အကြီး(၁)လုံးလျှင်(၈၀၀)ကျပ်၊ အသေး (၁)လုံးလျှင် (၅၀၀)ကျပ်၊  ဩဇာသီး အကြီး(၁)လုံးလျှင်(၅၀၀)ကျပ်နှင့် အသေး(၁)လုံးလျှင် (၃၀၀)ကျပ်၊ (၄)လုံးလျှင် (၁၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိရာ လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်သည့် အတွက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

မုံရွာမြို့ရှိ ဩဇာသီး၊ ဂွေးသီးနှင့် မာလကာသီးဈေးနှုန်း

          စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများ နှင့် မြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေး လုပ်ငန်းများကို လုပ်ကိုင်စားသောက်ကြရာမှ နှစ်ရှည်သီးနှံဖြစ်သည့် ဂွေးပင်၊ မာလကာသီးပင်၊ ဩဇာသီးပင်၊ သရက်သီးပင်၊ နဂါးမောက်သီးပင်၊ ပိန္နဲသီးပင်နှင့် မန်ကျည်းသီးပင် များကိုလည်း မိမိတို့ နေအိမ်ခြံစည်းရိုးများနှင့် တောင်ယာများထဲတွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိ ကြပါ သည်။ စိုက်ပျိုးရရှိသော သီးနှံများထဲမှ  ဩဇာသီး၊ ဂွေးသီးနှင့် မာလကာသီးမျာကို မုံရွာမြို့၊ ချင်းတွင်းရတနာဈေး၊ သံလမ်းဈေးနှင့် ဈေးဟောင်းတို့တွင်  လာရောက်ရောင်းချလျက်ရှိ ကြောင်း သိရှိရပါသည်။

          ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်တွင် ဩဇာသီးဈေးနှုန်းများမှာ အရွယ်အစား အလိုက်ဈေးအမျိုးမျိုးရှိပြီး အရွယ်ကြီးအလုံးလှ(၁)လုံးလျှင် (၇၀၀)ကျပ်၊ အရွယ်သေး အလုံးသေး (၁)လုံးလျှင်(၆၀၀)ကျပ်ဖြင့်လည်းကောင်း၊  ဂွေးချိုသီး ဈေးနှုန်းမှာ ဂွေးချိုသီး (၁၄)လုံးပါ တစ်ထုပ်လျှင် (၆၀၀)ကျပ်ဖြင့် လည်းကောင်း၊ ကီလိုမာလကာသီးဈေးနှုန်းများ အနေဖြင့် အကြီးတစ်လုံးလျှင် (၇၀၀)ကျပ်၊ အသေးတစ်လုံးလျှင် (၆၀၀) ကျပ်ဖြစ်ပြီး အကြီးအသေး ပေါ်မူတည်ပြီး ရောင်းချလျက်ရှိကြောင်း သိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း