Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မအူပင်မြို့နယ် ဈေးကွက်အတွင်းရောင်းချနေသော ခရမ်းချဉ်သီးဈေးနှုန်း အခြေအနေ

         မအူပင်မြို့နယ် ဈေးကွက်အတွင်းတွင် ရန်ကုန်သီရိမင်္ဂလာဈေးမှ ခရမ်းချဉ်သီးများ မအူပင်မြို့နယ်သို့ လှိုင်လှိုင်ဝင်ရောင်လျက်ရှိပြီး ခရမ်းချဉ်းသီး ခြင်းပြတ်ဈေးနှုန်းမှာ ၁ပိဿာလျှင် ၂၀၀၀၀ကျပ်ဖြင့် ဝယ်ယူကြောင်း ချရမ်းချဉ်ရောင်းချသူများထံမှ သိရသည်။ မအူပင် ဈေးကွက်အတွင်း၌ ရောင်းချနေသော ဈေးနှုန်းမှာ ၁ပိဿာလျှင် ကျပ် ၃,၀၀၀၀ မှ ၂,၈၀၀၀ ဝန်းကျင်အထိ ရရှိနေသောကြောင့် သယ်ယူစရိတ်နှင့် လုပ်အားခ နှုတ်ပြီးသည့်တိုင် ခြင်းဖြတ်ဈေးထက် ပိုမိုအကျိုးအမြတ် ရနေခြင်းဖြစ်သည်။ ခရမ်းချဉ်သီးများကို လက်ကားရောင်းချမှုမှာ တစ်နေ့လျှင် ပိဿာချိန် ၂၀၀၀-၃၀၀၀အထိ ရောင်းချရကြောင်းနှင့် ဈေးကွက်အတွင်း ရောင်းချသူများ အကျိုးအမြတ်ရရှိ၍ အဆင်ပြေလျက်ရှိကြောင်းနှင့် ယခင် စက်တင်ဘာလ ဈေးဖြင့်နှိုင်းယှဉ်ပါက ဈေးနှုန်းကျဆင်းလာကြောင်း စက်တင်ဘာလက ဈေးကွက်အတွင်းတွင် ခရမ်းချဉ်သီးဈေးမှာ ၁ပိဿာလျှင် ၃၂၀၀၀-၃၅၀၀၀ကျပ်အထိ ဈေးမြင့်တက်ခဲ့ပြီး ယခုလတွင် ဈေးအနည်းငယ်ကျဆင်းလာကြောင်း ကုန်စိမ်းရောင်းချသူများထံမှ သိရှိရပါသည်။

DOCA (ဧရာဝတီ)

သံလမ်းဈေးတွင် ရောင်းချနေသော ဂေါ်ရခါးသီးနှင့် ဂေါ်ရခါးညွှန့်ဈေးနှုန်း

    မုံရွာမြို့၊ သံလမ်းဈေးတွင် ဂေါ်ရခါးသီးများ ရောင်းချလျက်ရှိရာ ဂေါ်ရခါးသီးသည် ရှမ်းပြည်နယ် တောင်ကြီး၊ အောင်ပန်း၊ ကလောနှင့် ရွာငံ၊ ရေဦးဒေသများမှ အဓိက ဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။

    ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ဒုတိယပတ်တွင်  သံလမ်းဈေးတွင် ဖြစ်ပေါ်နေသော ဂေါ်ရခါးသီဈေးနှုန်းများကို ဂေါ်ရခါးသီးအသေး(၁)လုံးလျှင် (၅၀၀)ကျပ်၊ ဂေါ်ရခါးသီးအလတ် (၁)လုံး လျှင် (၆၀၀) ဂေါ်ရခါးသီးအကြီး(၁)လုံးလျှင် (၈၀၀)ကျပ်နှင့် ဂေါ်ရခါးညွှန့်ဈေးနှုန်း (၂၅၀)ကျပ်မှ (၃၅၀)ကျပ်ဖြင့်  ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

သာစည်ဈေးတွင် ရောင်းချနေသော ခါကြက်ဥနှင့် သခွားသီးဈေးနှုန်း

     မုံရွာမြို့၊ သာစည်ဈေးတွင် ရောင်းချနေသော ဟင်းသီးဟင်းရွက်ဈေးတန်းများတွင် ခါကြက်ဥ၊  သခွားသီးများလည်း ရောင်းချလျက်ရှိပါသည်။ ခါကြက်ဥနှင့် သခွားသီးများကို အိမ်ရှင်မများက အိမ်သုံးချက်ပြုတ်ရန်အတွက် ဝယ်ယူကြပြီး  စားသောက်ဆိုင်များမှလည်း  စီးပွားဖြစ် အသုံးပြန်ရန် အဓိကဝယ်ယူကြောင်း သိရှိရပါသည်။

   ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ဒုတိယပတ်တွင်   ခါကြက်ဥဈေးနှုန်းမှာ ခါကြက်ဥ ဥကြီး တစ်ပိဿာလျှင်(၃၉၀၀)ကျပ်၊ ခါကြက်ဥ ဥသေး တစ်ပိဿာလျှင် (၃၄၀၀) ကျပ်၊ သခွားသီး ဈေးနှုန်းအနေဖြင့် အသေးတစ်လုံးလျှင် (၃၀၀)ကျပ်၊ အကြီးတစ်လုံးလျှင် (၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း ကုန်စိမ်းသီးနှံရောင်းချသူများထံမှ သိရသည်။

DOCA(စစ်ကိုင်း)

သာစည်ဈေးတွင် ရောင်းချနေသော ခဝဲသီးနှင့် ကြောင်လျှာသီးဈေးနှုန်း

        စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များ တွင် စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်စားသောက်ကြရာမှ စားဖိုဆောင်သီးနှံဖြစ်သည့် ခဝဲသီး များနှင့် ကြောင်လျှာသီးပင်များကိုလည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးလျက်ရှိပြီး မုံရွာမြို့၊ သာစည် ဈေးတွင် လာရောက်ရောင်းချလျက်ရှိကြောင်း သိရပါသည်။

          ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ဒုတိယပတ်တွင် မုံရွာမြို့၊ သာစည်ဈေးတွင် ခဝဲသီး ဈေးနှုန်းများမှာ လက်ကား တစ်ပိဿာလျှင် (၂၆၀၀/-) ကျပ်၊ လက်လီတစ်ပိဿာလျှင် (၂၈၀၀/-) ကျပ်တို့ဖြင့်လည်းကောင်း၊  ကြောင်လျှာသီးအကြီး တစ်တောင့်လျှင် (၁၄၀၀)ကျပ်၊ ကြောင်လျှာသီး အသေးတစ်တောင့်လျှင် (၈၀၀)ကျပ်နှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းရောင်းသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုမြို့ရှိ ဈေးများတွင် ရောင်းချလျက်ရှိသည့် ခရမ်းသီး၊ ပဲတောင့်ရှည်(ခေါ်)တိုင်ထောင်ပဲသီးနှင့် ရုံးပတေသီးဈေးနှုန်း

   ရွှေဘိုမြို့ရှိဈေးများတွင် အသီးအနှံမျိုးစုံရောင်းချလျက်ရှိရာ ခရမ်းသီး၊ ပဲတောင့်ရှည်(ခေါ်) တိုင်ထောင်ပဲသီးနှင့် ရုံးပတေသီးနှုန်းများကို ရောင်းချလျက်ရှိကြောင်း၊ ခရမ်းသီး(၁)ပိဿာလျှင် (၄၀၀ဝိ/-)ကျပ်၊ ပဲတောင့်ရှည်(ခေါ်)တိုင်ထောင်ပဲသီး(၈)ပင်ပါ (၁)စည်းလျှင် (၆၀ဝိ/-)ကျပ်၊ ရုံးပ တေသီး (၁)ပိဿာလျှင် (၃၈၀ဝိ/-)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ အသီးအနှံများကို ရွှေဘိုမြို့အပြင် အခြားရွာများမှလည်း လာရောက်ဝယ်ယူကြကြောင်း၊ ဆိုင်ကယ်ဖြင့်ရောင်းချသည့် ဈေးသည်များမှ ပြန်လည်ဝယ်ယူကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

မြို့မဈေးတွင် အရောင်းအဝယ်ဖြစ်နေသည့် ကန်ဇွန်းဥနှင့် မုန်လာဥဖြူ

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြရာ အိမ်ခြံဝင်းများနှင့် ယာကွက်များတွင် ကန်ဇွန်းဥနှင့် မုန်လာဥဖြူတို့ကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြပြီး ကန့်ဘလူမြို့မဈေးတွင် ရောင်းချရကြောင်း၊ ကန်စွန်းဥကို အစိမ်းစားတာ၊ ပြုတ်စားတာနှင့် ကန်စွန်းဥပူတင်း စသည်ဖြင့် အမျိုးမျိုးပြုလုပ်စားသုံးကြကြောင်း၊ မုန်လာဥဖြူကို  စားသောက်ဆိုင်၊ ထမင်းဆိုင်နှင့် အိမ်ရှင်မများက ဝယ်ယူလျက်ရှိကြောင်း သိရသည်။

       ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ဒုတိယပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသော  ကန်ဇွန်းဥဈေးနှုန်းမှာ လက်လီ(၁)ပိဿာလျှင် (၄၃၀၀)ကျပ် လက်က္ကား(၁)ပိဿာလျှင် (၄၀၀၀)ကျပ် နှင့်(၂၅)ကျပ်သားလျှင် (၁၀၀၀)ကျပ်ဈေးနှုန်းဖြင့်လည်းကောင်း၊ မုန်လာဥဖြူအကြီး(၃)ဥလျှင် (၆၀၀) ကျပ်၊ မုန်လာဥဖြူ(အသေး)(၃)ဥလျှင် (၅၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိရာ ယခင်အောက် တိုဘာလ၏ ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ကန်စွန်းဥ(၁)ပိဿာလျှင် (၃၀၀)ကျပ် ဈေးနှုန်းမြင့်တက်လာကြောင်း ဈေးသည်များထံမှ သိရသည်။

DOCA(စစ်ကိုင်း)

 

ဈေးနှုန်းအနည်းငယ်မြင့်တက်လာသည့် ကြက်ကင်၊ငါးကင်နှင့်အကင်စုံ

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ဟင်းသီးဟင်းရွက်များ၊ အသား၊ ငါးမျိုးစုံ ရောင်းချလျက်ရှိရာ တစ်နိုင်တစ်ပိုင် အသေးစားစီးပွားရေး လုပ်ငန်းအနေဖြင့် ကြက်ကင်၊ ငါးကင်နှင့် အခြားအကင်မျိုးစုံ စသည်ဖြင့် ရောင်းချနေကြောင်း၊ ကြက်သားနှင့် ငါးတို့ကို ကန့်ဘလူ မြို့မဈေးမှ ဝယ်ယူရကြောင်း သိရှိရသည်။

   ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ ဒုတိယပတ်အတွင်း ကန့်ဘလူမြို့တွင် ရောင်းချနေသော အကင်ဈေး နှုန်းများမှာ အရွယ်အစားနှင့် အမျိုးအစားပေါ်မူတည်၍ ကွာခြားမှုရှိပြီး ငါးကင်အသေး တစ်ကောင် လျှင်(၃၅၀၀မှ ၅၀၀၀)ကျပ်၊ အကြီးတစ်ကောင်လျှင် (၈၀၀၀မှ ၁၂၀၀၀)ကျပ်၊ ကြက်ပေါင်(၁)ကင် လျှင်(၆၀၀၀)ကျပ်၊ ကြက်ရင်ပုံ(၁)ကင်လျှင် (၈၅၀၀)ကျပ်၊ ကြက်သဲမြစ်(၁)ချောင်း (၅၀၀)ကျပ်၊ ကြက်ခြေထောက်(၃)ချောင်း(၂၀၀၀)ကျပ်၊ ရုံးပတီသီး(၁)ကင်(၅၀၀)ကျပ်နှင့် အသားတုကင်(၁၀) ချောင်း (၁၂၀၀)ကျပ်ဖြင့်ရောင်းချလျက်ရှိပြီး ယခုနိုဝင်ဘာလ ပထမပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါ ကဒုတိယပတ်အတွင်း ကြက်ပေါင်(၁)ချောင်းလျှင်(၅၀၀)ကျပ် ဈေးနှုန်းမြင့်တက်လာကြောင်း  အကင်မျိုးစုံရောင်းချသည့်ဆိုင်မှ သိရသည်။

DOCA(စစ်ကိုင်း)

မြို့မဈေးတွင် အရောင်းအဝယ်ဖြစ်သည့် မုန့်ညှင်းရွက်နှင့် မုန့်ညှင်းချဉ်

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိ ရာစားဖိုဆောင်သီးနှံများကို ရာသီချိန်အလိုက် စိုက်ပျိုးကြကြောင်း၊ မုန့်ညှင်းရွက်ကို မြို့ပေါ်ရပ်ကွက် များတွင်သာမက ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများတွင်လည်း မိမိတို့နေအိမ်ခြံဝင်းများ၊ ယာကွက်များတွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြကြောင်း သိရှိရသည်။

     ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ဒုတိယပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် မုန့်ညှင်းချဉ်(၁) ပန်းကန်လျှင်(၃၀၀)ကျပ်၊ (၂)ပန်းကန်လျှင် (၅၀၀)ကျပ်ဖြင့်လည်းကောင်း၊ မုန့်ညှင်းစိမ်းလက်လီ(၁) စီးလျှင်(၅၀၀)ကျပ်၊ လက္ကား(၅)စီးလျှင်(၂၃၀၀)ကျပ် ရောင်းချလျက်ရှိရာ ယခုနိုဝင်ဘာလ ပထမပတ် ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ဒုတိယပတ်အတွင်း  မုန့်ညှင်းစိမ်းရွက်(၁)စီးလျှင် (၂၀၀)ကျပ်ဈေးနှုန်း မြင့်တက်လာကြောင်း ဟင်းသီးဟင်းရွက်ရောင်းချသူများထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

ညောင်တုန်းမြို့နယ်မှ ထွက်ရှိသော ဆန်နှင့် ဆန်ကွဲများ ရန်ကုန်တင်ပို့မှု အခြေအနေ

           ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အနေဖြင့် မြို့နယ်များအပါအဝင် ၁၅တန်နှင့်အထက် ဆန်စက်အလုံးရေ (၄၈)လုံး ရှိပြီး စပါးကြိတ်ခွဲထွက်ရှိမှုမှ ဆန်များကို ရန်ကုန်တိုင်းဒေသကြီးသို့ အဓိကထား၍ စီးထွက်လျက်ရှိပြီး  ရန်ကုန်မှတဆင့် အခြားဒေသများသို့ နေ့စဉ် ပုံမှန် (စီးထွက်) လျက်ရှိကြောင်း သိရသည်။

          ညောင်တုန်းမြို့နယ် ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၁လအတွင်း ဆန်တင်ပို့မှုအနေဖြင့်  ၁၁၈၅၀၀ အိတ်၊ တန်အားဖြင့် ၅၉၂၅ တန်နှင့်  ဆန်ကွဲအနေဖြင့် ၄၁၀၂၀ အိတ်၊ တန်အားဖြင့်၂၀၅၁ တန် တင်ပို့နိုင်ခဲ့ပြီး ယခင်လနှင့် တင်ပို့မှု အနေဖြင့် ဆန် ၁၃၆၅၅၀  အိတ် နှင့် တန်အားဖြင့်  ၆၈၂၇ တန်ကိုလည်းကောင်း၊ ဆန်ကွဲ ၄၂၂၉၂  အိတ်နှင့် တန်အားဖြင့် ၂၁၁၀ တန် တင်ပို့ခဲ့ကြောင်း ယခုလအနေဖြင့် ဆန်အိတ် ၁၈၀၅၀အိတ် လျော့နဉ်း တင်ပိုခဲ့ကြောင်းနှင့်  ဆန်ကွဲ ၁၂၇၂ အိတ် လျော့နည်း တင်ပို့နိုင်ခဲ့ကြောင်း ပန်းတိုင်စစ်ဆေးရေးဂိတ်စာရင်းများအရ သိရသည်။

           ဆန်များကို ရန်ကုန် သီလဝါ ဆိပ်ကမ်း၊ သံလျင်မြို့၊ ဆူးလေဆိပ်ကမ်း၊ ရွှေပြည်သာမြို့၊ ကျိုက်ဝိုင်းဈေး မရမ်းကုန်းမြို့၊ ကားကြီးဝန်း ဘုရင့်နောင်မြို့၊ ဇုန်-၃ လှိုင်သာယာမြို့ တို့သို့ လည်းကောင်း ဆန်ကွဲများကို စက်မှုဇုန်လုပ်ငန်းများသို့လည်းကောင်း နေ့စဉ်တင်ပို့လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ကန့်ဘလူမြို့မဈေးတွင်  အရောင်းအဝယ်ဖြစ်နေသည့် ဆီတို့ဟူးဈေးနှုန်း

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးတွင်  ရောင်းချလျှက်ရှိသော ဆီတို့ဟူးများကို ကချင်ပြည်နယ် ဟိုပင်မြို့နှင့် မိုးညှင်းမြို့တို့မှ ဝယ်ယူရောင်းချကြောင်း၊ ဆီတို့ဟူးကို ကြက်သွန်နီပါးပါးလှီးကာ ဆီစိမ်းဆမ်းပြီး သုပ်စားကြသလို၊ တစ်ချို့ကကြော်ချက်၍ စားသုံးကြ ကြောင်း၊ ဆီတို့ဟူးသည် ခံတွင်းမြိန်စေသည့် အရန်ဟင်းတခွက်ဖြစ်ပြီး ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

     ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ဒုတိယပတ်အတွင်း ဆီတို့ဟူးလက်လီ(၁)သေတ္တာလျှင် (၄၀၀၀) ကျပ်၊ လက္ကား(၁)သေတ္တာလျှင် (၃၉၀၀)ကျပ်၊ (၁၀)ကျပ်သားလျှင်(၁၀၀၀)ကျပ်နှင့် (၁)ထုပ်လျှင် (၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ယခုနိုဝင်ဘာလ ပထမပတ် ဈေးနှုန်းများနှင့်နှိုင်းယှဉ် ပါက ဒုတိယပတ်အတွင်း ဆီတို့ဟူး(၁)သေတ္တာလျှင် (၂၀၀)ကျပ် ဈေးနှုန်းကျဆင်းသွားကြောင်း လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း