Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ထားဝယ်မြို့၏ မုန်ညင်းထုပ်စျေးနှုန်း

    မုန်ညင်းထုပ်သည် မြန်မာနိုင်ငံနှင့်အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်၊ ဂျပန်နှင့် အာရှတိုက် တစ်ဝန်းလုံးစိုက်ပျိုးကြပြီး  မြန်မာနိုင်ငံတွင်လည်း  ဒေသမရွေး စိုက်ပျိုးနိုင်သော သီးနှံဖြစ်သည်။                        ဒေသမရွေးစိုက်ပျိုးနိုင်သော်လည်း သင့်တင့်သောရာသီဥတုရှိသည့် ရှမ်းပြည်နယ်၌ ပိုမိုဖြစ်ထွန်း သည်။ အေးသောရာသီဥတုကို ကြိုက်နှစ်သက်ပြီး အမျိုးအစားတွင် အရှည်နှင့်အပုဟူ၍ နှစ်မျိူးရှိ သည်။ မုန်ညင်းထုပ်များသည် တစ်နှစ်ပတ်လုံး စိုက်ပျိုးစားသုံးနိုင်သောသီးနှံတစ်မျိုး ဖြစ်သည့် အတွက် စိုက်ပျိုးသူတောင်သူများအနေဖြင့် တစ်နိုင်တစ်ပိုင်စိုက်ပျိုးရောင်းချနိုင်ပြီး ဝင်ငွေကောင်းသောသီးနှံပင်တစ်မျိုးလည်း ဖြစ်ပါသည်။

          ထားဝယ်မြို့ပေါ်ရှိ မြို့မဈေးကြီးနှင့်ရပ်ကွက်ဈေးများတွင် မေးမြန်းသိရှိရသောဈေးနှုန်းများ အရ မုန်ညင်းထုပ်တစ်ထုပ်လျှင် (၂၀၀၀)ကျပ်မှ(၂၅၀၀)ကျပ်ခန့် ရရှိကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့၏ ဂေါ်ဖီထုပ်စျေးနှုန်း

      ဂေါ်ဖီထုပ်သည် မြန်မာနိုင်ငံနှင့်အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်၊ ဂျပန်နှင့် အာရှတိုက် တစ်ဝန်းလုံးစိုက်ပျိုးကြပြီး  မြန်မာနိုင်ငံတွင်လည်း  ဒေသမရွေး စိုက်ပျိုးနိုင်သော သီးနှံဖြစ်သည်။ ဒေသမရွေးစိုက်ပျိုးနိုင်သော်လည်း သင့်တင့်သောရာသီဥတုရှိသည့် ရှမ်းပြည်နယ်၌ ပိုမိုဖြစ်ထွန်း သည်။ ဂေါ်ဖီထုပ်များသည် တစ်နှစ်ပတ်လုံး စိုက်ပျိုးစားသုံးနိုင်သောသီးနှံတစ်မျိုး ဖြစ်သည့်အတွက် စိုက်ပျိုးသူတောင်သူများအနေဖြင့် တစ်နိုင်တစ်ပိုင်စိုက်ပျိုးရောင်းချနိုင်ပြီး ဝင်ငွေကောင်းသော သီးနှံ တစ်မျိုးလည်း ဖြစ်ပါသည်။

          ထားဝယ်မြို့ပေါ်ရှိ မြို့မဈေးကြီးနှင့်ရပ်ကွက်ဈေးများတွင် မေးမြန်းသိရှိရသောဈေးနှုန်းများ အရ ဂေါ်ဖီထုပ်တစ်လုံးလျှင် (၅၀၀၀)ကျပ်အထိ စျေးကောင်းရရှိနေသဖြင့် မိသားစုအပိုဝင်ငွေများ ရရှိ ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

ထားဝယ်မြို့ရှိ ကန်စွန်းရွက်စျေးနှုန်းအခြေအနေ

    ကန်စွန်းရွက်သည် တစ်နိုင်တစ်ပိုင်ခြံစိုက်ပျိုးသူများနှင့် စီးပွား‌ရေးလုပ်ငန်းလုပ်ကိုင်နေသူများ အတွက် ရောင်းအားကောင်းလျက်ရှိပြီး ဝင်ငွေများရရှိလျက်ရှိပါသည်။ အိမ်ရှင်မများအတွက် ချက်ပြုတ်စားသောက်ရန်လွယ်ကူပြီး အာဟာရလည်းများစွာကြွယ်ဝသလို စျေးနှုန်းအားဖြင့်လည်း အဆင်ပြေချောမွေ့သဖြင့် မိသားစုထမင်းဝိုင်းများတွင် အလွန်တွေ့ရတက်သော ဟင်းလျာတစ်မျိုးဖြစ် သည်။

     ထားဝယ်မြို့ ကမ်းနားပျံကျစျေး၊ ညနေစျေးများတွင် ရောင်းချနေသော စျေးသည်များတွင် ကန်စွန်းရွက်တစ်စည်းလျှင် (၃၅၀) ကျပ်ခန့်ရှိပါသည်။

DOCA(တနင်္သာရီ)

 

ထားဝယ်စျေးကွက်အတွင်း သကြားစျေးနှုန်း

   သကြားသည် များသောအားဖြင့် အစားအသောက်များ၊ လက်ဖက်ရည်များ၊ ကော်ဖီများနှင့် မြန်မာအစားအစာများနှင့်အလွယ်တကူတွဲဖက် စားသုံးနိုင်သည့် အရာတစ်မျိုးဖြစ်သည်။ ဟင်းလျာများ၊ သစ်သီးဖျော်ရည်များတွင် ထည့်သွင်းစားသုံးနိုင်သဖြင့် အိမ်ရှင်မများအတွက်လည်း အလွန် အသုံးဝင်ပါသည်။ သကြားကို အလွန်အကျွံစားသုံးမိလျှင်   ခန္ဓာကိုယ်အတွက်မလိုအပ်သော ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါစသဖြင့် ကျန်းမာရေးဆိုးကျိုးများရရှိနိုင်သဖြင့် အလွန်အကျွံသုံးစွဲရန် မသင့်ပါ။

     ထားဝယ်မြို့ စည်ပင်သာယာစျေးများ၊ ရပ်ကွက်စျေးများနှင့် ကုန်စုံဆိုင်များတွင် ရောင်းချနေ သောစျေးနှုန်းများအရ သကြားတစ်ပိဿာလျှင် (၅၅၀၀)ကျပ် ခန့်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

ထားဝယ်မြို့အတွင်းရှိ အာလူးဈေးနှုန်း/ဈေးကွက်

    အာလူးသည် အပူပိုင်းဒေသဖြစ်သည့် မြန်မာနိုင်ငံအလယ်ပိုင်းတွင်လည်း ပိုမိုဖြစ်ထွန်းလျက်ရှိပါသည်။ စားသုံးသူ အိမ်ရှင်မတို့၏ မီးဖိုချောင်၌ အမြဲနေရာယူထားသော ကုန်စည်ဖြစ်ပြီး အလွယ်တကူချက်ပြုတ်စားသောက်၍ရသော စားဖိုဆောင်သုံးသီးနှံဖြစ်သည်နှင့်အညီ စျေးကွက်တွင် ရောင်းအားကောင်းလျက်ရှိသော ကုန်စည်တစ်မျိူးဖြစ်သည်။ ထားဝယ်ဈေးကွက်၌ အာလူး တစ်ပိဿာလျှင်  (၇၀၀၀) ကျပ်ရှိခန့်ရှိကြောင်း သိရှိရပါသည်။

 

DOCA(တနင်္သာရီ)

ထားဝယ်မြို့အတွင်းရှိ မန်ကျည်းသီးဈေးနှုန်း/ဈေးကွက်

      မန်ကျည်းပင်သည် သစ်မာပင်အမျိုးအစားဖြစ်ပြီး အပူပိုင်းဒေသဖြစ်သည့် မြန်မာနိုင်ငံ အလယ်ပိုင်းတွင်လည်း ပိုမိုပေါက်လျက်ရှိသည်။ စားသုံးသူများအတွက် တစ်ပင်လုံးအသုံးဝင်သော ဆေးဖက်ဝင်တန်ဖိုးရှိသည့် အပင်တစ်မျိုးဖြစ်သည်။ အိမ်ရှင်မတို့၏ မီးဖိုချောင်၌ အမြဲနေရာယူထား သောအသီးဖြစ်ပြီး အစိမ်းပေါ်ချိန်၌ အစိမ်းစားကြသကဲ့သို့ မှည့်သည့်အချိန်တွင်လည်း အစေ့ထုတ်ကာ နှစ်ရှည်ခံအောင် သိမ်းထား၍ရသော အသီးဖြစ်သည်။ ထားဝယ်ဈေးကွက်၌ မန်ကျည်းသီး အစိမ်းတစ်ဘူးလျှင် (၂၅၀၀)ကျပ်၊ အမှည့်တစ်ပိဿာလျှင် (၈၀၀၀) ကျပ်ရှိကြောင်း သိရှိရပါသည်။

 

DOCA(တနင်္သာရီ)

 

“ (၁.၉.၂၀၂၅)ရက်နေ့ မှ (၆.၉.၂၀၂၅) ရက်နေ့ထိ တစ်ပတ်အတွင်းစားအုန်းဆီ ထုတ်ပေးမှုအခြေအနေ ”

         ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် သန်လျင်မြို့နယ်  သီလဝါစက်မှုဇုန်အတွင်းရှိ Wilmar ဆီကန်မှထုတ်လုပ်ပေးလျက်ရှိသော စားအုန်းဆီများကို ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်များနှင့် အခြားတိုင်းဒေသကြီးပြည်နယ်များရှိ ဆီကိုယ်စားလှယ်များသို့ စားအုန်းဆီ နေ့စဉ်ထုတ်ပေးလျက်ရှိကြောင်း သိရှိရသည်။

          ထိုသို့ ထုတ်ပေးလျှက်ရှိသော စားအုန်းဆီများအား  ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားအုန်းဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ အပတ်စဉ် တနင်္လာနေ့တိုင်း ထုတ်ပြန်ထားသော အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းအပေါ် လက်ကား ပြန်လည်ဖြန့်ဖြူး  ရောင်းချသူများအနေဖြင့် ဒေသအရောက် ဈေးနှုန်းများအပေါ် (၂)ရာခိုင်နှုန်း အမြတ်ထက်မပိုသော ဈေးနှုန်းဖြင့်သာ ဈေးကွက်အတွင်းသို့ ပြန်လည်ဖြန့်ဖြူး ရောင်းချစေရေးနှင့် ဈေးနှုန်းအဆမတန် မြှင့်တင်ရောင်းချခြင်းများ မပြုလုပ်စေရေး၊ စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူသုံးစွဲရာတွင် ဘေးအန္တရာယ်ကင်းရှင်းသော စားသုံးဆီများကို သင့်တင့်မျှတသော ဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်စေရေးတို့အတွက်လည်း တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှဝန်ထမ်းများက ကွင်းဆင်းကြပ်မတ် ဆောင်ရွက်လျက်ရှိရာ (..၂၀၂၅)ရက်နေ့ မှ (..၂၀၂၅)ရက်နေ့အထိ ဆီကုမ္ပဏီ (၁၆)ခုနှင့် စားအုန်းဆီ တန်ချိန် (၂၈၄၉.၂၀၅)တန်ကို ထုတ်ပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ထားဝယ်မြို့ ကြက်သွန်ဖြူစျေးနှုန်း/စျေးကွက်

     စားဖိုဆောင်သီးနှံ တစ်မျိုးဖြစ်သည့် ကြက်သွန်ဖြူကို ဟင်းလျာများတွင် အသုံးပြုပြီး ပြည်နယ်အတွင်းတွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးလျက်ရှိကြပြီး အောင်ပန်း၊ ကလောတို့မှသယ်ယူ ရောင်းချလျက်ရှိပါသည်။ လက်ရှိစျေးကွက်အတွင်းဖြစ်ပေါ်နေသော ကြက်သွန်ဖြူ‌ စျေးနှုန်းမှာ ယခု စက်တင်ဘာလအတွင်း ကြက်သွန်ဖြူ (ရှမ်းစ) တစ်ပိသာလျှင် (၁၅၀၀၀)ကျပ်နှင့်၊ (ကြူဂုတ်) တစ်ပိသာလျှင် (၂၄၀၀၀)ကျပ် ဖြစ်သွားကြောင်း  ထားဝယ်မြို့ စည်ပင်သာယာစျေးအတွင်းရှိ စားဖို ဆောင်သုံး ပစ္စည်းများရောင်းချနေသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့ ကြက်သွန်နီစျေးနှုန်း/စျေးကွက်

     ကြက်သွန်နီသည် နေ့စဥ်စားသုံးနေသော အစားအစာတို့တွင် မပါမဖြစ် အလွန်အရေးပါသော စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည်။ ကြက်သွန်နီသည် ရေအလွန်လိုအပ်သော သီးနှံဖြစ်သည့်အပြင် မြေအစိုဓာတ်ရှိသော မြေတွင်သာ စိုက်ပျိုးနိုင်ပါသည်။ အလွန်ချဥ်သောမြေကို မနှစ်သက်သောကြောင့် အောက်မြန်မာပြည်တွင်စိုက်ပျိုးမှုနည်းပါးပြီး အပူအအေးသင့်တင့်သော ရာသီဥတုကို ကြိုက်နှစ်သက်ပါသည်။ မြေပြန့်ဒေသတွင် ကြက်သွန်နီကို အောက်တိုဘာလနှင့် နိုဝင်ဘာလအထိ စိုက်ပျိုးပြီး တောင်ပေါ်ဒေသတွင် မတ်လနှင့် ဇွန်လအထိသာစိုက်ပျိုးကြောင်းသိရှိရပါသည်။ ယခု ထားဝယ်စျေးကွက်တွင် ကြက်သွန်နီစျေးနှုန်းမှာ တစ်ပိဿာလျှင် (၂၅၀၀)ကျပ်မှ ယခုပတ်(၃၅၀၀) ကျပ်သို့ စျေးနှုန်းအနည်းငယ်တက်လာကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

ထားဝယ်မြို့နယ်အတွင်း ဟင်းသီးဟင်းရွက်ရောင်းချနေသော စျေးကွက်စျေးနှုန်းအခြေအနေ

      တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်တွင် ရာသီဥတုမျှတပြီး ရေထွက်ပစ္စည်း ပေါများသော်လည်း ဟင်းသီးဟင်းရွက်များလည်းပေါများသောမြို့နယ်ဖြစ်ပါသည်။ ယခုအခါ တောင်သူများ သည် ဒေသတွင်းလိုအပ်သော ဟင်းသီးဟင်းရွက်များကို မြို့နယ်အတွင်းရှိ အနီးနားပတ်ဝန်းကျင် ကျေးရွာ များတွင်စိုက်ပျိုးလာကြပါသည်။နွေရာသီတွင် မြေအောက်ရေများစုပ်ယူပြီး စိုက်ပျိုးကြသော်လည်း ဒေသတွင်း ဖြစ်ထွန်းနေသော ဂေါ်ဖီပွင့်၊ ခရမ်းချဉ်သီး၊ ငရုပ်သီးစိမ်း၊ ပဲတောင့်ရှည်သီး၊ ကျောက်ဖရုံသီးတို့ကို စိုက်ပျိုးရောင်းချနေကြောင်း သိရပါသည်။ ယခုရက် သတ္တပတ်အတွင်း ဂေါ်ဖီပွင့် (တစ်ပွင့်) ကျပ် ၅၀၀၀၊ ခရမ်းချဉ်သီး (တစ်ပိဿာ) ကျပ်- ၆၀၀၀ ၊ ငရုပ်သီးစိမ်း(တစ်ဗူး) ကျပ်-၃၀၀၀၊ ပဲတောင့်ရှည်သီး (တစ်စည်းလျှင်) ကျပ်-၂၀၀၀ ဈေးနှုန်းများဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရပါသည်။

DOCA(တနင်္သာရီ)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း